【 ဆောင်းပါး 】 “နားရွက်လေးကို ဖုံးထားနော်”

【 ဆောင်းပါး 】 “နားရွက်လေးကို ဖုံးထားနော်”

“ဒါက ဘယ်လိုဖြစ်တာလဲ။တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာမဟုတ်လား”

“ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး”

“ဒါဖြင့်၊ မင်းနှုတ်ခမ်းက ဘာလို့ကွဲနေတာလဲ။ချော်လဲတာတော့ မဖြစ်နိုင်ဘူး။တစ်ခုခုနဲ့ဆောင့်မိတာလည်း မဖြစ်နိုင်ဘူး။တစ်ယောက်ယောက်က လက်သီးနဲ့ထိုးလိုက်တာပဲ ဖြစ်ရမယ်။ဟေ့ကောင် - ငါ့ကိုမညာနဲ့နော်။ငါ့အကြောင်းသိတယ် မဟုတ်လား”

“ဟို---- ဟို--“

“ဟေ့ကောင်၊ မြန်မြန်ပြောစမ်း။အမှန်အတိုင်းပြောနော်”

“ကျောင်းက သူငယ်ချင်းတစ်ယောက် ထိုးလိုက်တာပါ။တစ်ချက်တည်းပါ”

“ဘယ်နှစ်ချက်ဖြစ်ဖြစ်ပေါ့ကွ။သူများကထိုးတာကို မင်းက ဒီအတိုင်းငုံ့ခံလာရလား”

“မနာပါဘူး အဖေရာ။ပြီးတော့ - သားက၊ သူ့အရုပ်အသစ်လေးကို သူမသိဘဲ ယူဆော့လိုက်တာ ပျက်သွားလို့”

“ဘာဖြစ်ဖြစ်ပေါ့ကွ။ပါးစပ်နဲ့ပြောရင်ရသားနဲ့၊ သူက ဘာလို့လက်ပါရတာလဲ”

“ဟာ - အဖေကလည်း၊ သားကမှားတဲ့ဥစ္စာ။သူထိုးတာလည်း သားမနာပါဘူးဆိုမှ”

“မရဘူး။လာ - လိုက်ခဲ့။အဲဒီကောင်ကိုပြန်ထိုး။ငါရှိတယ်၊ ဘယ်သူ့ကိုမှကြောက်စရာမလိုဘူး”

“သားက၊ ကြောက်လို့ခံခဲ့တာမှ မဟုတ်တာ။သူက သားသူငယ်ချင်းပါ။သူ့အရုပ်လေးက အသစ်လေး။သားကြောင့်ပျက်သွားလို့ အမှတ်တမဲ့ စိတ်ဆိုးပြီး ထိုးလိုက်တာပါ။သူက ခါတိုင်းဒီလိုမဟုတ်ပါဘူး”

“သူစိတ်ဆိုးတိုင်း ထိုးရမှာလားကွ။ဘယ်သူလုပ်တာမှ မခံခဲ့ရဘူးလို့ မင်းကိုမှာထားတယ်မဟုတ်လား။လာခဲ့။အဲဒီကောင်ဆီသွားမယ်”

လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေစဉ် ဖြစ်ပါသည်။သားအဖနှစ်ယောက် ပြောနေကြခြင်းပါ။သားက ကျောင်းကားပေါ်မှဆင်းလာပြီး လက်ဖက်ရည်ဆိုင်မှာ လာကြိုနေသော အဖေဖြစ်သူဆီ ပြေးလာစဉ် အဖေက သူ့သား နှုတ်ခမ်းပေါက်ထားသည်ကိုမြင်၍ မကျေမနပ်နှင့် ပြောနေခြင်းဖြစ်၏။နောက်ဆုံးတော့ ဒေါသကြီးနေသော အဖေဖြစ်သူ၏ ဆွဲခေါ်ရာသို့ မလိုက်ချင်ဘဲ လိုက်သွားရရှာသည့် သားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိပါသည်။

ဆတ်ဆတ်ထိမခံသော အဖေက သားဖြစ်သူ ရှင်းပြနေသည့်စကားများ သူ့နားထဲ မရောက်တာလား၊ နားထဲရောက်သော်လည်း သဘောမပေါက်တာလားမသိ။သေချာတာကတော့ သားအတွက် အရှည်ကိုမတွေးခဲ့ခြင်းပင်ဖြစ်၏။တကယ်ဆိုလျှင် သားဖြစ်သူက ရန်လိုသည့်တိုင် အဖေက တားဆီးရမည်၊ နှစ်သိမ့်ရမည်ဖြစ်၏။
အဖြစ်မှန်ကို စုံစမ်း၍ မိဘချင်းဖြစ်စေ၊ ဆရာ၊ ဆရာမများနှင့်ဖြစ်စေ ဆွေးနွေးညှိနှိုင်းသင့်ပေသည်။

ယခုဖြစ်ရပ်မှာ သားဖြစ်သူက သူမှားကြောင်း ဝန်ခံထားသည်။အကယ်၍ သားက ကြောက်လန့်ပြီး စကားနည်းရန်စဲ ပြောလာသည်ဟု သံသယရှိလျှင်လည်း အေးအေးဆေးဆေး အိမ်ပြန်ခေါ်သွားပြီး နောက်တစ်ရက်မှ ကျောင်းကိုလိုက်သွား၍ ဆရာ၊ ဆရာမများထံ စုံစမ်းမေးမြန်းသင့်ပေသည်။ကြီးသည့်အမှုကို သေးအောင်၊ သေးသည့်အမှုကို ပပျောက်အောင် မကြိုးစားဘဲ ပြဿနာမဖြစ်ဖြစ်အောင် မကြီးကြီးအောင် ဖန်တီးနေ၏။

အချို့လူကြီးများသည် အရှည်ကို မတွေးတတ်ကြပေ။အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်ကို ဝေဖန်ဆန်းစစ်ခြင်းမရှိဘဲ သွေးပူပူနှင့် အလွယ်တကူ ဆုံးဖြတ်တတ်ကြ၏။သူတို့ကိုယ်တိုင် ကောင်းတာလုပ်နေသည်လား၊ မကောင်းတာလုပ်နေသည်လားဆိုတာကို မဝေဖန်နိုင်ကြပေ။ထိုသို့ မဝေဖန်နိုင်သောကြောင့်လည်း သားသမီးအပေါ်ထားရှိသည့် သူတို့စေတနာ၏ အမှန်အမှားကို သေသေချာချာ မခွဲခြားနိုင်ခြင်းဖြစ်၏။

မိဘက သားသမီးကို ချစ်သည်မှာ အထူးအဆန်းမဟုတ်ပါ။အသိဉာဏ်မရှိဟု သတ်မှတ်ထားသော တိရစ္ဆာန်များသည်ပင် သူတို့၏ သားသမီးကို ချစ်ကြပါသည်။သို့သော် ချစ်တာတစ်ခုတည်းနှင့်တော့ ပြီးပြည့်စုံခြင်း မရှိနိုင်ပါ။ချစ်ခြင်း၏ရှေ့မှာ အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှားကို ခွဲခြားနိုင်သည့် အသိပညာရှိမှ ဖြစ်ပေမည်။သို့မှသာ ချစ်ခြင်း၏ရလဒ်က မှန်ကန်ကောင်းမွန်ပေလိမ့်မည်။

မိဘများသည် ကိုယ်တိုင်က ခေတ်ပညာမတတ်သော်လည်း သားသမီးကို ခေတ်ပညာတတ်များ ဖြစ်စေချင်ကြသည်။ကိုယ်တိုင်က အရက်၊ လောင်းကစား၊ အပျော်အပါးလိုက်စားခြင်းကို ကျူးလွန်နေသော်လည်း သားသမီးကိုတော့ အရက်မသောက်ရန်၊ လောင်းကစားမပြုရန်၊ အပျော်အပါးမလိုက်စားရန် ချော့၍တစ်မျိုး၊ ခြောက်၍တစ်မျိုး တားဆီးထိန်းသိမ်းကြသည်။ကိုယ်တိုင်က ဝါသနာစရိုက်အရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ အပေါင်းအသင်း အဖွဲ့အစည်းကြောင့်ဖြစ်စေ မကောင်းမှုနယ်ပယ်မှ ရုန်းမထွက်နိုင်သော်လည်း သားသမီးကိုတော့ ထိုမကောင်းမှုနယ်ပယ်သို့ အရောက်မခံကြပေ။သားသမီးတွေ လမ်းကြောင်းလွဲသွားမှာ၊ အမှားကျူးလွန်မိမှာကို စိုးရိမ်တတ်ကြသည်။
အထူးသတိထားကြသည်။ကိုယ်မှားသလို သားသမီးများ လိုက်မှားမှာကို ပူပန်ကြသည်။ကိုယ်မလုပ်ခဲ့ဖူးသည့် ကုသိုလ်ကောင်းမှုများကို သားသမီးများ လုပ်စေချင်ကြသည်။

ယခုခေတ်ကာလတွင် ဗုဒ္ဓသာသနာကလည်း ပွင့်လင်းနေရာ မြန်မာပြည်အနှံ့အပြားမှာ ဝိပဿနာတရားစခန်းတွေ အတော်များများရှိနေပါသည်။မိဘအများစုက စီးပွားရေးကိစ္စ၊ အိမ်ထောင်ထိန်းသိမ်းမှုကိစ္စများကြောင့် အချိန်မရ၍ဖြစ်စေ၊ နေအိမ်ကိုခွဲခွာပြီး တရားစခန်းမှာ တစ်ပတ်၊ ဆယ်ရက် သွားမနေနိုင်၍ဖြစ်စေ၊ တရားထိုင်ရမှာ ဝန်လေး၍ဖြစ်စေ ကိုယ်တိုင်မသွားဖြစ်သည့်တိုင် သားသမီးများကို တရားစခန်းဝင်ရန် တိုက်တွန်းကြသည်။လိုအပ်သည့်ပံ့ပိုးမှုများ ပြုလုပ်ပေး၍ တရားစခန်း ဝင်စေသည်။ကိုယ်တိုင်က ကောင်းတာမလုပ်နိုင်သေးသော်လည်း သားသမီးများ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ အခြားအပျော်အပါးများ လုပ်ခွင့်မရှိစေရန်၊ ဘာသာရေး အကျင့်ကောင်းများ ရလာစေရန် စသည်ဖြင့် သားသမီး၏ အကျိုးကျေးဇူးအတွက် ရည်ရွယ်စေတနာထားကြသည်။မိဘတချို့ကတော့ သားသမီးနှင့် အရက်အတူသောက်သည်။လောင်းကစားအတူလုပ်သည်။အတူမသောက်၊အတူမကစားသည့်တိုင် ကိုယ်လည်း သောက်ချင်သည့်နေရာမှာ သောက်သည်။ကစားချင်သည့်နေရာမှာ ကစားသည်။သားသမီးများ သောက်ခြင်း၊ ကစားခြင်းကိုလည်း မတားဆီးဘဲ ပံ့ပိုးအားပေးကြသည်။

“ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူး။ဖြစ်လာသမျှ ကိစ္စအ၀၀ကို အဖေတို့ အမေတို့ လိုက်ရှင်းမယ်” ဟု သားသမီးများကို မြှောက်စားထားကြသည်။အလိုလိုက်ထားကြးသည်။

ငယ်စဉ်က သိပ်မသိသာသော်လည်း တဖြည်းဖြည်းနှင့် အရွယ်ရောက်လာသောအခါ ငယ်ကျင့်က စွဲမြဲလာသည်။လွှင့်ပစ်ရမည့် စရိုက်ဆိုးကို မြတ်မြတ်နိုးနိုး ချစ်သွားကြလေပြီ။မကောင်းမှုကို မတားမြစ်သည့်အပြင် အားပေးအားမြှောက်ပြုကြသော မိဘများကြောင့် သားသမီးများ၏ စိတ်အလှတွေ ပျက်စီးရသည်။ဘဝအလှတွေ ပျက်စီးရသည်။

‘သားသမီးကို ငယ်ကမဆုံးမက မိဘတလည် ရန်သူမည်၏’ ဟု ရှေးလူကြီးများ ဆုံးမထားပါသည်။အားလုံးကြားဖူးနေသည့် ပုံပြင်လေးတစ်ပုဒ်ကို မှတ်မှတ်ရရ ရေးပြချင်ပါသည်။အမေ့နားရွက် ကိုက်ဖြတ်သည့် ပုံပြင်လေးဖြစ်ပါသည်။

တစ်ခါက ရွာတစ်ရွာမှာ သားအမိနှစ်ယောက်ရှိသည်။သားဖြစ်သူသည် ငယ်စဉ်ကပင် ကျောင်းအပြန်တွင် သူငယ်ချင်းများ၏ ခဲတံ၊ ပေတံ စသော ပစ္စည်းတစ်ခုခုကို ခိုးယူလာတတ်သည်။အမေဖြစ်သူက တားဆီးဆုံးမခြင်း မပြုသည့်အပြင် ကျေကျေနပ်နပ် လက်ခံထားသည်။

တစ်နေ့တစ်ရက်မက၊ တစ်လနှစ်လ၊ တစ်နှစ် နှစ်နှစ်မက အချိန်တွေကြာလာတော့ သူတစ်ပါး၏ပစ္စည်းကို ခိုးယူတတ်သည့် သား၏အကျင့်က ခိုင်မာလာသည်။ကြီးထွားလာသည်။ကျောင်းစာမှာ အာရုံမရှိတော့ဘဲ ခိုးဖို့ဝှက်ဖို့ပဲ အာရုံဝင်စားနေတော့၏။မခိုးရလျှင် မနေနိုင်တော့ပေ။အမေကလည်း မခိုးမဝှက်ရန် ဆိုဆုံးမခြင်းမပြုသည့်အပြင် ခိုးရာပါပစ္စည်းများကို ဝမ်းသာအားရ လက်ခံလိုက်သေး၏။

အရွယ်ရောက်လာသောအခါ သူခိုးသေးသေးလေး မဟုတ်တော့ဘဲ သူခိုးအကြီးစားဖြစ်လာသည်။ခဲတံ၊ ပေတံလို ပစ္စည်းအသေးလေးတွေကို မခိုးတော့။ရွှေထုပ် ငွေထုပ်တွေ ခိုးလာသည်။ဆင်းရဲသားငွေထုပ်လည်း ပါသည်။သူဌေးငွေထုပ်လည်း ပါသည်။ဝန်ကြီး၊ စစ်သူကြီး၊ မင်းသား၊ မင်းသမီး၊ ဘုရင်၊ မိဖုရားတို့၏ ငွေထုပ်၊ ရွှေထုပ်၊ ကျောက်သံပတ္တမြားထုပ်တွေ ပါလာသည်။တိုင်းပြည်၏ အတွင်းသူခိုးကြီး ဖြစ်လာသည်။

ဘုရင်ကိုယ်တိုင် အာရုံစိုက်လောက်အောင် အနှောင့်အယှက်ပေးသော သူခိုးကြီးဖြစ်လာသဖြင့် ဖမ်းဆီးပေးသူအား ဆုတော်ငွေ အများအပြားပေးမည်ဟု ကြေငြာရသည်အထိ ဖြစ်လာသည်။အမှုထမ်း၊ အရာထမ်းတွေကိုလည်း သူခိုးဖမ်းမိရေးအတွက် အမိန့်အာဏာတွေ ထုတ်ပြန်ရတော့သည်။

နောက်ဆုံးတွင် သူခိုးကြီးကို လက်ရဖမ်းမိသောအခါ သုသာန်ထုတ်၍ ဓားခုတ်သတ်ရန် ဘုရင်ကြီးက အမိန့်ချမှတ်လိုက်သည်။သုသာန်ရောက်ပြီး သတ်ခါနီးအချိန်၌ လိုသောဆုကို တောင်းစေသည်။ထိုအခါ သူခိုးကြီးက အမေဖြစ်သူကို တွေ့လိုကြောင်း တောင်းဆိုသည်။အမေရောက်လာသောအခါ သူ့ခြေ၊ လက်များကို ကြိုးတုပ်ထား၍ နှစ်ကိုယ်ကြား တိုးတိုးလေးမှာရန် အမေ့ကို သူ့အနားသို့လာစေသည်။အမေ သူ့အနားရောက်လာ၍ အမေ့နားရွက် သူ့ပါးစပ်နား ကပ်လာသောအခါ “ငယ်ငယ်က အမေ မဆုံးမခဲ့လို့ အခုလိုဖြစ်တာ” ဟု ဆိုကာ အမေ့နားရွက်ကို ကိုက်ဖြတ်ခဲ့သည်။

‘လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ’ ဆိုသည့်အတိုင်း သားသမီးများ၏ ပထမဆုံးဆရာသည် မိခင်နှင့် ဖခင်တို့ ဖြစ်လေသည်။‘ချိုမိုင်မိုင်’ မှ အစပြု၍ အပြောအဆို၊ အမူအရာ၊ လှုပ်ရှားမှုများကို အဖေနှင့် အမေက သင်ပေးခဲ့သည်။တမင်တကာ မသင်သော်လည်း မိဘများ၏ နေ့စဉ်လှုပ်ရှား ပြောဆိုသမျှသည် သားသမီးကို သင်ပြနေတာနှင့် အတူတူပင်ဖြစ်လေသည်။သားသမီး ပြောသမျှ လုပ်သမျှကို မပြုပြင်ဘဲ ကြည့်နေခြင်း၊ ခွင့်ပြုထားခြင်း၊ လျစ်လျူရှုထားခြင်းသည်လည်း ထိုသို့ပြောဆိုပြုမူရန် သင်ပေးနေခြင်းဖြစ်၏။

အချို့မိဘများသည် ငွေကြေးပစ္စည်းဥစ္စာ ကြီးပွားရေးကို နံပါတ်တစ် ဦးစားပေးကြသည်။ရလေလိုလေဖြစ်ကာ လောဘကို အတောမသတ်နိုင်ကြပေ။လက်အောက်ငယ်သား အလုပ်သမားများကိုလည်း ကိုယ့်အပေါ် မှီခိုနေရသူတွေဟု မထောက်မညှာဘဲ အတ္တကို ရှေ့တန်းတင်ကြသည်။မောက်မောက်မာမာ ဆက်ဆံကြသည်။မညှာမတာ ခိုင်းစေကြသည်။
အချိန်ကိုလည်း ခေါင်းပုံဖြတ်၏။လုပ်အားကိုလည်း ခေါင်းပုံဖြတ်၏။လုပ်အားခကျတော့ မဖြစ်စလောက်ပေးပြီး မဟာကျေးဇူးရှင်ကြီးအဖြစ် ခံယူကာ ပီတိဖြစ်နေကြ၏။သားသမီး၊ တပည့်များကိုပင် လက်မထောင်ကာ “ငါ့လိုဖြစ်ချင် ငါ့လိုကြိုးစား” ဟု မာန်တက်လျက် သူတို့လိုတွေး၊ သူတို့လိုကျင့်၊ သူတို့လို ပြုလုပ်စေသည်။

အချို့က လက်နက်အားကိုး၊ အသိုင်းအဝိုင်းအားကိုးနှင့် သူတို့ထက် အင်အားနည်းသောသူများအပေါ် အနိုင်ကျင့်ကြ၏။လုယက်၏။သတ်ဖြတ်၏။စီးပွားပျက်စေ၏။ကိုယ်လက်အင်္ဂါ ချို့တဲ့စေ၏။မိသားစုသိုက်မြုံတွေ ပြိုကွဲပျက်စီးစေ၏။သူတို့လုပ်ရပ်များ မှန်သည်၊ မှားသည် မဆင်ခြင်ဘဲ သူတို့လုပ်ချင်သမျှ ဖြစ်နေတာကို အမှန်တရားဟု ထင်နေကြ၏။သူတို့အမှန်ဟု ထင်နေသော ထိုအမှားများကို သားသမီးများအား ဆိုးမွေပေးနေကြ၏။

အချို့သော အာဏာရှင်များကျတော့ ပိုင်ဆိုင်ထားသော ရာထူးအာဏာအပေါ် ယစ်မူးသာယာနေကြ၏။အာဏာလက်ဝယ်ရှိသဖြင့် ငွေဆိုတာလည်း အလိုလိုရနေကြ၏။ထို့ကြောင့်လည်း ထိုင်နေသည့် ပုလ္လင်ပေါ်က ဆင်းရမှာကို အဝီစိငရဲသို့ သွားရမည်ထက် ပို၍ကြောက်ကြ၏။တွေ့သမျှလူများကို လူကောင်း လူဆိုး၊ မိတ်ဆွေ ရန်သူ မခွဲခြားနိုင်တော့ဘဲ ပုလ္လင်ကို လုယူမည့်သူများ၊ ပုလ္လင်ပေါ်မှ ဆွဲချမည့်သူများဟု တစ်ထစ်ချယူဆကာ ရိပ်ခနဲမြင်တာနှင့် ဖမ်းဆီးပြီးသား၊ ချုပ်နှောင်ပြီးသား၊ အပြစ်ပေးပြီးသား ဖြစ်နေ၏။သားသမီးများကို ပွဲထုတ်၍ သူတို့နှင့်အတူ အရိုအသေခံစေလျက် စင်မြင့်မှာတင်ကြ၏။သူတို့၏ အမွေဆိုးများကို သားသမီးတို့အား တိုက်ရိုက်ပေးနေကြ၏။

ထို ငွေကြေးမာန်၊ လက်နက်မာန်၊ အာဏာမာန် တက်သူများအနေနှင့် သားသမီးတပည့်များက မိမိတို့၏ အပြောအဆို၊ အမူအရာ၊ အတွေးအခေါ် အကျင့်ဆိုး၊ စရိုက်ဆိုးများကို တွေ့ရှိပြီး မိမိတို့၏ ခြေရာအတိုင်း ဆက်လျှောက်၍ မိမိတို့လို လူဆိုးတွေဖြစ်လာမည်လား။မိမိတို့၏ အမှားများကိုမြင်၍ အရှက်ရကာ မျက်နှာငယ်နေကြမည်လား၊ မိမိတို့ကို အထင်သေးသွားကြမည်လား၊ စိတ်မထိန်းနိုင်ဘဲ မိမိတို့၏ နားရွက်ကို ကိုက်ဖြတ်ချင်နေမည်လားဟု မစဉ်းစားမိကြပေ။

အများအကျိုးအတွက် အသက်စွန့်ခဲ့သော မိကောင်းဖကောင်းများ၏ သားသမီးများသည် မိဘ၏ ‘အေးရိပ်’ ကြောင့် လောကအလယ်မှာ ထည်ထည်ဝါဝါနှင့် ခေါင်းမော့၍နေရပုံ၊ အများကိုဒုက္ခပေးသော မိဆိုးဖဆိုးများ၏ သားသမီးများသည် မိဘ၏ ‘အပူရိပ်’ ကြောင့် လောကအလယ်မှာ ညှိုးညှိုးငယ်ငယ်နှင့် ခေါင်းငုံ့၍နေရပုံတို့ကို ပတ်ဝန်းကျင်တွင် အထင်အရှား မြင်တွေ့နိုင်ပါသည်။

ဤသည်ကို သတိမထား၊ မသိဆိုးဝါးကာ မိမိတို့၏ အတ္တအတွက် သက်သက်ယစ်မူး သာယာနေကြဦးမည်ဆိုလျှင်တော့ Please cover your ears. ကျေးဇူးပြု၍ နားရွက်လေးတွေ ဖုံးထားကြပါဟု။

ရိုက်မောင်း
နို၀င်ဘာ - ၂

( Zawgyi )

“ဒါက ဘယ္လိုျဖစ္တာလဲ။တစ္ေယာက္ေယာက္နဲ႔ ရန္ျဖစ္လာတာမဟုတ္လား”

“ဘယ္သူနဲ႔မွ ရန္မျဖစ္ပါဘူး”

“ဒါျဖင့္၊ မင္းႏႈတ္ခမ္းက ဘာလို႔ကြဲေနတာလဲ။ေခ်ာ္လဲတာေတာ့ မျဖစ္ႏိုင္ဘူး။တစ္ခုခုနဲ႔ေဆာင့္မိတာလည္း မျဖစ္ႏိုင္ဘူး။တစ္ေယာက္ေယာက္က လက္သီးနဲ႔ထိုးလိုက္တာပဲ ျဖစ္ရမယ္။ေဟ့ေကာင္ - ငါ့ကိုမညာနဲ႔ေနာ္။ငါ့အေၾကာင္းသိတယ္ မဟုတ္လား”

“ဟို---- ဟို--“

“ေဟ့ေကာင္၊ ျမန္ျမန္ေျပာစမ္း။အမွန္အတိုင္းေျပာေနာ္”

“ေက်ာင္းက သူငယ္ခ်င္းတစ္ေယာက္ ထိုးလိုက္တာပါ။တစ္ခ်က္တည္းပါ”

“ဘယ္ႏွစ္ခ်က္ျဖစ္ျဖစ္ေပါ့ကြ။သူမ်ားကထိုးတာကို မင္းက ဒီအတိုင္းငုံ႔ခံလာရလား”

“မနာပါဘူး အေဖရာ။ၿပီးေတာ့ - သားက၊ သူ႔အ႐ုပ္အသစ္ေလးကို သူမသိဘဲ ယူေဆာ့လိုက္တာ ပ်က္သြားလို႔”

“ဘာျဖစ္ျဖစ္ေပါ့ကြ။ပါးစပ္နဲ႔ေျပာရင္ရသားနဲ႔၊ သူက ဘာလို႔လက္ပါရတာလဲ”

“ဟာ - အေဖကလည္း၊ သားကမွားတဲ့ဥစၥာ။သူထိုးတာလည္း သားမနာပါဘူးဆိုမွ”

“မရဘူး။လာ - လိုက္ခဲ့။အဲဒီေကာင္ကိုျပန္ထိုး။ငါရွိတယ္၊ ဘယ္သူ႔ကိုမွေၾကာက္စရာမလိုဘူး”

“သားက၊ ေၾကာက္လို႔ခံခဲ့တာမွ မဟုတ္တာ။သူက သားသူငယ္ခ်င္းပါ။သူ႔အ႐ုပ္ေလးက အသစ္ေလး။သားေၾကာင့္ပ်က္သြားလို႔ အမွတ္တမဲ့ စိတ္ဆိုးၿပီး ထိုးလိုက္တာပါ။သူက ခါတိုင္းဒီလိုမဟုတ္ပါဘူး”

“သူစိတ္ဆိုးတိုင္း ထိုးရမွာလားကြ။ဘယ္သူလုပ္တာမွ မခံခဲ့ရဘူးလို႔ မင္းကိုမွာထားတယ္မဟုတ္လား။လာခဲ့။အဲဒီေကာင္ဆီသြားမယ္”

လမ္းထိပ္က လက္ဖက္ရည္ဆိုင္မွာ လက္ဖက္ရည္ထိုင္ေသာက္ေနစဥ္ ျဖစ္ပါသည္။သားအဖႏွစ္ေယာက္ ေျပာေနၾကျခင္းပါ။သားက ေက်ာင္းကားေပၚမွဆင္းလာၿပီး လက္ဖက္ရည္ဆိုင္မွာ လာႀကိဳေနေသာ အေဖျဖစ္သူဆီ ေျပးလာစဥ္ အေဖက သူ႔သား ႏႈတ္ခမ္းေပါက္ထားသည္ကိုျမင္၍ မေက်မနပ္ႏွင့္ ေျပာေနျခင္းျဖစ္၏။ေနာက္ဆုံးေတာ့ ေဒါသႀကီးေနေသာ အေဖျဖစ္သူ၏ ဆြဲေခၚရာသို႔ မလိုက္ခ်င္ဘဲ လိုက္သြားရရွာသည့္ သားျဖစ္သူကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိပါသည္။

ဆတ္ဆတ္ထိမခံေသာ အေဖက သားျဖစ္သူ ရွင္းျပေနသည့္စကားမ်ား သူ႔နားထဲ မေရာက္တာလား၊ နားထဲေရာက္ေသာ္လည္း သေဘာမေပါက္တာလားမသိ။ေသခ်ာတာကေတာ့ သားအတြက္ အရွည္ကိုမေတြးခဲ့ျခင္းပင္ျဖစ္၏။တကယ္ဆိုလွ်င္ သားျဖစ္သူက ရန္လိုသည့္တိုင္ အေဖက တားဆီးရမည္၊ ႏွစ္သိမ့္ရမည္ျဖစ္၏။
အျဖစ္မွန္ကို စုံစမ္း၍ မိဘခ်င္းျဖစ္ေစ၊ ဆရာ၊ ဆရာမမ်ားႏွင့္ျဖစ္ေစ ေဆြးေႏြးညႇိႏႈိင္းသင့္ေပသည္။

ယခုျဖစ္ရပ္မွာ သားျဖစ္သူက သူမွားေၾကာင္း ဝန္ခံထားသည္။အကယ္၍ သားက ေၾကာက္လန႔္ၿပီး စကားနည္းရန္စဲ ေျပာလာသည္ဟု သံသယရွိလွ်င္လည္း ေအးေအးေဆးေဆး အိမ္ျပန္ေခၚသြားၿပီး ေနာက္တစ္ရက္မွ ေက်ာင္းကိုလိုက္သြား၍ ဆရာ၊ ဆရာမမ်ားထံ စုံစမ္းေမးျမန္းသင့္ေပသည္။ႀကီးသည့္အမႈကို ေသးေအာင္၊ ေသးသည့္အမႈကို ပေပ်ာက္ေအာင္ မႀကိဳးစားဘဲ ျပႆနာမျဖစ္ျဖစ္ေအာင္ မႀကီးႀကီးေအာင္ ဖန္တီးေန၏။

အခ်ိဳ႕လူႀကီးမ်ားသည္ အရွည္ကို မေတြးတတ္ၾကေပ။အေကာင္းႏွင့္အဆိုး၊ အက်ိဳးႏွင့္အျပစ္ကို ေဝဖန္ဆန္းစစ္ျခင္းမရွိဘဲ ေသြးပူပူႏွင့္ အလြယ္တကူ ဆုံးျဖတ္တတ္ၾက၏။သူတို႔ကိုယ္တိုင္ ေကာင္းတာလုပ္ေနသည္လား၊ မေကာင္းတာလုပ္ေနသည္လားဆိုတာကို မေဝဖန္ႏိုင္ၾကေပ။ထိုသို႔ မေဝဖန္ႏိုင္ေသာေၾကာင့္လည္း သားသမီးအေပၚထားရွိသည့္ သူတို႔ေစတနာ၏ အမွန္အမွားကို ေသေသခ်ာခ်ာ မခြဲျခားႏိုင္ျခင္းျဖစ္၏။

မိဘက သားသမီးကို ခ်စ္သည္မွာ အထူးအဆန္းမဟုတ္ပါ။အသိဉာဏ္မရွိဟု သတ္မွတ္ထားေသာ တိရစာၦန္မ်ားသည္ပင္ သူတို႔၏ သားသမီးကို ခ်စ္ၾကပါသည္။သို႔ေသာ္ ခ်စ္တာတစ္ခုတည္းႏွင့္ေတာ့ ၿပီးျပည့္စုံျခင္း မရွိႏိုင္ပါ။ခ်စ္ျခင္း၏ေရွ႕မွာ အေကာင္းႏွင့္အဆိုး၊ အမွန္ႏွင့္အမွားကို ခြဲျခားႏိုင္သည့္ အသိပညာရွိမွ ျဖစ္ေပမည္။သို႔မွသာ ခ်စ္ျခင္း၏ရလဒ္က မွန္ကန္ေကာင္းမြန္ေပလိမ့္မည္။

မိဘမ်ားသည္ ကိုယ္တိုင္က ေခတ္ပညာမတတ္ေသာ္လည္း သားသမီးကို ေခတ္ပညာတတ္မ်ား ျဖစ္ေစခ်င္ၾကသည္။ကိုယ္တိုင္က အရက္၊ ေလာင္းကစား၊ အေပ်ာ္အပါးလိုက္စားျခင္းကို က်ဴးလြန္ေနေသာ္လည္း သားသမီးကိုေတာ့ အရက္မေသာက္ရန္၊ ေလာင္းကစားမျပဳရန္၊ အေပ်ာ္အပါးမလိုက္စားရန္ ေခ်ာ့၍တစ္မ်ိဳး၊ ေျခာက္၍တစ္မ်ိဳး တားဆီးထိန္းသိမ္းၾကသည္။ကိုယ္တိုင္က ဝါသနာစ႐ိုက္အရျဖစ္ေစ၊ စီးပြားေရးအရျဖစ္ေစ၊ အေပါင္းအသင္း အဖြဲ႕အစည္းေၾကာင့္ျဖစ္ေစ မေကာင္းမႈနယ္ပယ္မွ ႐ုန္းမထြက္ႏိုင္ေသာ္လည္း သားသမီးကိုေတာ့ ထိုမေကာင္းမႈနယ္ပယ္သို႔ အေရာက္မခံၾကေပ။သားသမီးေတြ လမ္းေၾကာင္းလြဲသြားမွာ၊ အမွားက်ဴးလြန္မိမွာကို စိုးရိမ္တတ္ၾကသည္။
အထူးသတိထားၾကသည္။ကိုယ္မွားသလို သားသမီးမ်ား လိုက္မွားမွာကို ပူပန္ၾကသည္။ကိုယ္မလုပ္ခဲ့ဖူးသည့္ ကုသိုလ္ေကာင္းမႈမ်ားကို သားသမီးမ်ား လုပ္ေစခ်င္ၾကသည္။

ယခုေခတ္ကာလတြင္ ဗုဒၶသာသနာကလည္း ပြင့္လင္းေနရာ ျမန္မာျပည္အႏွံ႔အျပားမွာ ဝိပႆနာတရားစခန္းေတြ အေတာ္မ်ားမ်ားရွိေနပါသည္။မိဘအမ်ားစုက စီးပြားေရးကိစၥ၊ အိမ္ေထာင္ထိန္းသိမ္းမႈကိစၥမ်ားေၾကာင့္ အခ်ိန္မရ၍ျဖစ္ေစ၊ ေနအိမ္ကိုခြဲခြာၿပီး တရားစခန္းမွာ တစ္ပတ္၊ ဆယ္ရက္ သြားမေနႏိုင္၍ျဖစ္ေစ၊ တရားထိုင္ရမွာ ဝန္ေလး၍ျဖစ္ေစ ကိုယ္တိုင္မသြားျဖစ္သည့္တိုင္ သားသမီးမ်ားကို တရားစခန္းဝင္ရန္ တိုက္တြန္းၾကသည္။လိုအပ္သည့္ပံ့ပိုးမႈမ်ား ျပဳလုပ္ေပး၍ တရားစခန္း ဝင္ေစသည္။ကိုယ္တိုင္က ေကာင္းတာမလုပ္ႏိုင္ေသးေသာ္လည္း သားသမီးမ်ား အက်င့္စာရိတၱေကာင္းမြန္ေစရန္၊ အျခားအေပ်ာ္အပါးမ်ား လုပ္ခြင့္မရွိေစရန္၊ ဘာသာေရး အက်င့္ေကာင္းမ်ား ရလာေစရန္ စသည္ျဖင့္ သားသမီး၏ အက်ိဳးေက်းဇူးအတြက္ ရည္႐ြယ္ေစတနာထားၾကသည္။မိဘတခ်ိဳ႕ကေတာ့ သားသမီးႏွင့္ အရက္အတူေသာက္သည္။ေလာင္းကစားအတူလုပ္သည္။အတူမေသာက္၊အတူမကစားသည့္တိုင္ ကိုယ္လည္း ေသာက္ခ်င္သည့္ေနရာမွာ ေသာက္သည္။ကစားခ်င္သည့္ေနရာမွာ ကစားသည္။သားသမီးမ်ား ေသာက္ျခင္း၊ ကစားျခင္းကိုလည္း မတားဆီးဘဲ ပံ့ပိုးအားေပးၾကသည္။

“ဘယ္သူ႔မွ ဂ႐ုစိုက္စရာမလိုဘူး။ျဖစ္လာသမွ် ကိစၥအ၀၀ကို အေဖတို႔ အေမတို႔ လိုက္ရွင္းမယ္” ဟု သားသမီးမ်ားကို ေျမႇာက္စားထားၾကသည္။အလိုလိုက္ထားၾကးသည္။

ငယ္စဥ္က သိပ္မသိသာေသာ္လည္း တျဖည္းျဖည္းႏွင့္ အ႐ြယ္ေရာက္လာေသာအခါ ငယ္က်င့္က စြဲၿမဲလာသည္။လႊင့္ပစ္ရမည့္ စ႐ိုက္ဆိုးကို ျမတ္ျမတ္ႏိုးႏိုး ခ်စ္သြားၾကေလၿပီ။မေကာင္းမႈကို မတားျမစ္သည့္အျပင္ အားေပးအားေျမႇာက္ျပဳၾကေသာ မိဘမ်ားေၾကာင့္ သားသမီးမ်ား၏ စိတ္အလွေတြ ပ်က္စီးရသည္။ဘဝအလွေတြ ပ်က္စီးရသည္။

‘သားသမီးကို ငယ္ကမဆုံးမက မိဘတလည္ ရန္သူမည္၏’ ဟု ေရွးလူႀကီးမ်ား ဆုံးမထားပါသည္။အားလုံးၾကားဖူးေနသည့္ ပုံျပင္ေလးတစ္ပုဒ္ကို မွတ္မွတ္ရရ ေရးျပခ်င္ပါသည္။အေမ့နား႐ြက္ ကိုက္ျဖတ္သည့္ ပုံျပင္ေလးျဖစ္ပါသည္။

တစ္ခါက ႐ြာတစ္႐ြာမွာ သားအမိႏွစ္ေယာက္ရွိသည္။သားျဖစ္သူသည္ ငယ္စဥ္ကပင္ ေက်ာင္းအျပန္တြင္ သူငယ္ခ်င္းမ်ား၏ ခဲတံ၊ ေပတံ စေသာ ပစၥည္းတစ္ခုခုကို ခိုးယူလာတတ္သည္။အေမျဖစ္သူက တားဆီးဆုံးမျခင္း မျပဳသည့္အျပင္ ေက်ေက်နပ္နပ္ လက္ခံထားသည္။

တစ္ေန႔တစ္ရက္မက၊ တစ္လႏွစ္လ၊ တစ္ႏွစ္ ႏွစ္ႏွစ္မက အခ်ိန္ေတြၾကာလာေတာ့ သူတစ္ပါး၏ပစၥည္းကို ခိုးယူတတ္သည့္ သား၏အက်င့္က ခိုင္မာလာသည္။ႀကီးထြားလာသည္။ေက်ာင္းစာမွာ အာ႐ုံမရွိေတာ့ဘဲ ခိုးဖို႔ဝွက္ဖို႔ပဲ အာ႐ုံဝင္စားေနေတာ့၏။မခိုးရလွ်င္ မေနႏိုင္ေတာ့ေပ။အေမကလည္း မခိုးမဝွက္ရန္ ဆိုဆုံးမျခင္းမျပဳသည့္အျပင္ ခိုးရာပါပစၥည္းမ်ားကို ဝမ္းသာအားရ လက္ခံလိုက္ေသး၏။

အ႐ြယ္ေရာက္လာေသာအခါ သူခိုးေသးေသးေလး မဟုတ္ေတာ့ဘဲ သူခိုးအႀကီးစားျဖစ္လာသည္။ခဲတံ၊ ေပတံလို ပစၥည္းအေသးေလးေတြကို မခိုးေတာ့။ေ႐ႊထုပ္ ေငြထုပ္ေတြ ခိုးလာသည္။ဆင္းရဲသားေငြထုပ္လည္း ပါသည္။သူေဌးေငြထုပ္လည္း ပါသည္။ဝန္ႀကီး၊ စစ္သူႀကီး၊ မင္းသား၊ မင္းသမီး၊ ဘုရင္၊ မိဖုရားတို႔၏ ေငြထုပ္၊ ေ႐ႊထုပ္၊ ေက်ာက္သံပတၱျမားထုပ္ေတြ ပါလာသည္။တိုင္းျပည္၏ အတြင္းသူခိုးႀကီး ျဖစ္လာသည္။

ဘုရင္ကိုယ္တိုင္ အာ႐ုံစိုက္ေလာက္ေအာင္ အေႏွာင့္အယွက္ေပးေသာ သူခိုးႀကီးျဖစ္လာသျဖင့္ ဖမ္းဆီးေပးသူအား ဆုေတာ္ေငြ အမ်ားအျပားေပးမည္ဟု ေၾကျငာရသည္အထိ ျဖစ္လာသည္။အမႈထမ္း၊ အရာထမ္းေတြကိုလည္း သူခိုးဖမ္းမိေရးအတြက္ အမိန႔္အာဏာေတြ ထုတ္ျပန္ရေတာ့သည္။

ေနာက္ဆုံးတြင္ သူခိုးႀကီးကို လက္ရဖမ္းမိေသာအခါ သုသာန္ထုတ္၍ ဓားခုတ္သတ္ရန္ ဘုရင္ႀကီးက အမိန႔္ခ်မွတ္လိုက္သည္။သုသာန္ေရာက္ၿပီး သတ္ခါနီးအခ်ိန္၌ လိုေသာဆုကို ေတာင္းေစသည္။ထိုအခါ သူခိုးႀကီးက အေမျဖစ္သူကို ေတြ႕လိုေၾကာင္း ေတာင္းဆိုသည္။အေမေရာက္လာေသာအခါ သူ႔ေျခ၊ လက္မ်ားကို ႀကိဳးတုပ္ထား၍ ႏွစ္ကိုယ္ၾကား တိုးတိုးေလးမွာရန္ အေမ့ကို သူ႔အနားသို႔လာေစသည္။အေမ သူ႔အနားေရာက္လာ၍ အေမ့နား႐ြက္ သူ႔ပါးစပ္နား ကပ္လာေသာအခါ “ငယ္ငယ္က အေမ မဆုံးမခဲ့လို႔ အခုလိုျဖစ္တာ” ဟု ဆိုကာ အေမ့နား႐ြက္ကို ကိုက္ျဖတ္ခဲ့သည္။

‘လက္ဦးဆရာ မည္ထိုက္စြာ ပုဗၺာစရိယ မိႏွင့္ဘ’ ဆိုသည့္အတိုင္း သားသမီးမ်ား၏ ပထမဆုံးဆရာသည္ မိခင္ႏွင့္ ဖခင္တို႔ ျဖစ္ေလသည္။‘ခ်ိဳမိုင္မိုင္’ မွ အစျပဳ၍ အေျပာအဆို၊ အမူအရာ၊ လႈပ္ရွားမႈမ်ားကို အေဖႏွင့္ အေမက သင္ေပးခဲ့သည္။တမင္တကာ မသင္ေသာ္လည္း မိဘမ်ား၏ ေန႔စဥ္လႈပ္ရွား ေျပာဆိုသမွ်သည္ သားသမီးကို သင္ျပေနတာႏွင့္ အတူတူပင္ျဖစ္ေလသည္။သားသမီး ေျပာသမွ် လုပ္သမွ်ကို မျပဳျပင္ဘဲ ၾကည့္ေနျခင္း၊ ခြင့္ျပဳထားျခင္း၊ လ်စ္လ်ဴရႈထားျခင္းသည္လည္း ထိုသို႔ေျပာဆိုျပဳမူရန္ သင္ေပးေနျခင္းျဖစ္၏။

အခ်ိဳ႕မိဘမ်ားသည္ ေငြေၾကးပစၥည္းဥစၥာ ႀကီးပြားေရးကို နံပါတ္တစ္ ဦးစားေပးၾကသည္။ရေလလိုေလျဖစ္ကာ ေလာဘကို အေတာမသတ္ႏိုင္ၾကေပ။လက္ေအာက္ငယ္သား အလုပ္သမားမ်ားကိုလည္း ကိုယ့္အေပၚ မွီခိုေနရသူေတြဟု မေထာက္မညႇာဘဲ အတၱကို ေရွ႕တန္းတင္ၾကသည္။ေမာက္ေမာက္မာမာ ဆက္ဆံၾကသည္။မညႇာမတာ ခိုင္းေစၾကသည္။
အခ်ိန္ကိုလည္း ေခါင္းပုံျဖတ္၏။လုပ္အားကိုလည္း ေခါင္းပုံျဖတ္၏။လုပ္အားခက်ေတာ့ မျဖစ္စေလာက္ေပးၿပီး မဟာေက်းဇူးရွင္ႀကီးအျဖစ္ ခံယူကာ ပီတိျဖစ္ေနၾက၏။သားသမီး၊ တပည့္မ်ားကိုပင္ လက္မေထာင္ကာ “ငါ့လိုျဖစ္ခ်င္ ငါ့လိုႀကိဳးစား” ဟု မာန္တက္လ်က္ သူတို႔လိုေတြး၊ သူတို႔လိုက်င့္၊ သူတို႔လို ျပဳလုပ္ေစသည္။

အခ်ိဳ႕က လက္နက္အားကိုး၊ အသိုင္းအဝိုင္းအားကိုးႏွင့္ သူတို႔ထက္ အင္အားနည္းေသာသူမ်ားအေပၚ အႏိုင္က်င့္ၾက၏။လုယက္၏။သတ္ျဖတ္၏။စီးပြားပ်က္ေစ၏။ကိုယ္လက္အဂၤါ ခ်ိဳ႕တဲ့ေစ၏။မိသားစုသိုက္ၿမဳံေတြ ၿပိဳကြဲပ်က္စီးေစ၏။သူတို႔လုပ္ရပ္မ်ား မွန္သည္၊ မွားသည္ မဆင္ျခင္ဘဲ သူတို႔လုပ္ခ်င္သမွ် ျဖစ္ေနတာကို အမွန္တရားဟု ထင္ေနၾက၏။သူတို႔အမွန္ဟု ထင္ေနေသာ ထိုအမွားမ်ားကို သားသမီးမ်ားအား ဆိုးေမြေပးေနၾက၏။

အခ်ိဳ႕ေသာ အာဏာရွင္မ်ားက်ေတာ့ ပိုင္ဆိုင္ထားေသာ ရာထူးအာဏာအေပၚ ယစ္မူးသာယာေနၾက၏။အာဏာလက္ဝယ္ရွိသျဖင့္ ေငြဆိုတာလည္း အလိုလိုရေနၾက၏။ထို႔ေၾကာင့္လည္း ထိုင္ေနသည့္ ပုလႅင္ေပၚက ဆင္းရမွာကို အဝီစိငရဲသို႔ သြားရမည္ထက္ ပို၍ေၾကာက္ၾက၏။ေတြ႕သမွ်လူမ်ားကို လူေကာင္း လူဆိုး၊ မိတ္ေဆြ ရန္သူ မခြဲျခားႏိုင္ေတာ့ဘဲ ပုလႅင္ကို လုယူမည့္သူမ်ား၊ ပုလႅင္ေပၚမွ ဆြဲခ်မည့္သူမ်ားဟု တစ္ထစ္ခ်ယူဆကာ ရိပ္ခနဲျမင္တာႏွင့္ ဖမ္းဆီးၿပီးသား၊ ခ်ဳပ္ေႏွာင္ၿပီးသား၊ အျပစ္ေပးၿပီးသား ျဖစ္ေန၏။သားသမီးမ်ားကို ပြဲထုတ္၍ သူတို႔ႏွင့္အတူ အ႐ိုအေသခံေစလ်က္ စင္ျမင့္မွာတင္ၾက၏။သူတို႔၏ အေမြဆိုးမ်ားကို သားသမီးတို႔အား တိုက္႐ိုက္ေပးေနၾက၏။

ထို ေငြေၾကးမာန္၊ လက္နက္မာန္၊ အာဏာမာန္ တက္သူမ်ားအေနႏွင့္ သားသမီးတပည့္မ်ားက မိမိတို႔၏ အေျပာအဆို၊ အမူအရာ၊ အေတြးအေခၚ အက်င့္ဆိုး၊ စ႐ိုက္ဆိုးမ်ားကို ေတြ႕ရွိၿပီး မိမိတို႔၏ ေျခရာအတိုင္း ဆက္ေလွ်ာက္၍ မိမိတို႔လို လူဆိုးေတြျဖစ္လာမည္လား။မိမိတို႔၏ အမွားမ်ားကိုျမင္၍ အရွက္ရကာ မ်က္ႏွာငယ္ေနၾကမည္လား၊ မိမိတို႔ကို အထင္ေသးသြားၾကမည္လား၊ စိတ္မထိန္းႏိုင္ဘဲ မိမိတို႔၏ နား႐ြက္ကို ကိုက္ျဖတ္ခ်င္ေနမည္လားဟု မစဥ္းစားမိၾကေပ။

အမ်ားအက်ိဳးအတြက္ အသက္စြန႔္ခဲ့ေသာ မိေကာင္းဖေကာင္းမ်ား၏ သားသမီးမ်ားသည္ မိဘ၏ ‘ေအးရိပ္’ ေၾကာင့္ ေလာကအလယ္မွာ ထည္ထည္ဝါဝါႏွင့္ ေခါင္းေမာ့၍ေနရပုံ၊ အမ်ားကိုဒုကၡေပးေသာ မိဆိုးဖဆိုးမ်ား၏ သားသမီးမ်ားသည္ မိဘ၏ ‘အပူရိပ္’ ေၾကာင့္ ေလာကအလယ္မွာ ညႇိဳးညႇိဳးငယ္ငယ္ႏွင့္ ေခါင္းငုံ႔၍ေနရပုံတို႔ကို ပတ္ဝန္းက်င္တြင္ အထင္အရွား ျမင္ေတြ႕ႏိုင္ပါသည္။

ဤသည္ကို သတိမထား၊ မသိဆိုးဝါးကာ မိမိတို႔၏ အတၱအတြက္ သက္သက္ယစ္မူး သာယာေနၾကဦးမည္ဆိုလွ်င္ေတာ့ Please cover your ears. ေက်းဇူးျပဳ၍ နား႐ြက္ေလးေတြ ဖုံးထားၾကပါဟု။

႐ိုက္ေမာင္း
ႏို၀င္ဘာ - ၂