【 ဆောင်းပါး 】 “နည်းပညာ၊ အရက်သေစာနှင့် သက်ငယ်မုဒိမ်း”

【 ဆောင်းပါး 】 “နည်းပညာ၊ အရက်သေစာနှင့် သက်ငယ်မုဒိမ်း”

ယခုတလော သတင်းစာဖတ်တိုင်း အမြဲတမ်းနီးပါးတွေ့နေရသည့်သတင်းမှာ နိုင်ငံရေးသတင်းလည်းမဟုတ်၊ စစ်ရေးသတင်းလည်းမဟုတ်၊ အားကစားသတင်းလည်းမဟုတ်။မကြားဝံ့မနာသာ သက်ငယ်မုဒိမ်းမှု သတင်းများပင်ဖြစ်သည်။ ဒီသတင်းတွေက တချို့သတင်းစာများ၏နောက်ကျောတွင် မျက်နှာဖုံးအဖြစ် ခဏခဏတွေ့လာရသည့်အခါ မြန်မာနိုင်ငံမှာ ဒီလောက်တောင် သက်ငယ်မုဒိမ်းမှုတွေ အဖြစ်များလှချည်လားဟု ဘုရားတမိသည်။ ပြီးခဲ့သည့်နှစ်က အထက်ဘက်က ကျောင်းတစ်ကျောင်းတွင် ကျောင်းစောင့်က အသက် ၁၀ နှစ်ကျော်ကာစ ကျောင်းသူတစ်ဦးကို အဓမ္မကျင့်သည့်သတင်း၊ ကျောင်းဆရာမ ယောကျ်ားက အိမ်လာသည့် ကျောင်းသူကို အဓမ္မကျင့်သည့်သတင်းများ ကြားလိုက်မြင်လိုက် ဖတ်လိုက်ရတော့ ပညာရေးအသိုင်း အဝိုင်းမှာပင် ဒီလိုကိစ္စတွေဖြစ်လာပြီဆိုတော့ အရပ်ထဲ သက်ငယ်မုဒိမ်းတွေများလာတာ မဆန်းဟု ကောက်ချက်ချမိသည်။ မကြာမီက အသက် ၈၀ ကျော် လေဖြတ်နေသည့် အဘွားအိုတစ်ဦး မုဒိမ်းကျင့်ခံရကာမှ သေဆုံးသည့်အထိ ဖြစ်ခဲ့သည်။ မကြာခင်က လိင်အမြတ်ထုတ်မှုနှင့် ရဲမှူးချုပ်အဆင့်ရှိသူတစ်ဦးက ရဲမေ ၁၈ ဦးကို ရာထူးတိုးအကြောင်းပြကာ လိင်အမြတ်ထုတ်ခဲ့သည်။ မင်းသားတစ်ယောက်က အိမ်ဖော်ကလေးငယ်တစ်ဦးကို ကျူးလွန်ခဲ့သဖြင့် လက်ရှိတွင်အမှုရင်ဆိုင်နေရတုန်း။ စသဖြင့် စသဖြင့်။ အိပ်နေသည့် ကလေးငယ်ကို ဘူတာဂုံးတံတားအောက် အတင်းပွေ့မလာကာ အဓမ္မကျင့်ပြီးသတ်ခဲ့သည့် မကြားဝံ့သည့် မုဒိမ်းမှုတွေလည်းရှိသည်။

 

စိတ်ဝင်စားဖွယ်ကောင်းသည့်က စမတ်ဖုန်းသုံးစွဲမှုနှုန်းကို သတင်းစာတစ်စောင်တွင် ဖော်ပြရာ၌ ရန်ကုန်တိုင်းအတွင်း စမတ်ဖုန်းသုံးစွဲမှုနှုန်းက အများဆုံးဖြစ်နေခြင်းကိုပင် ဖြစ်သည်။ စမတ်ဖုန်းကို အများပြည်သူတွေ ဘယ်နေရာမှာ သုံးကြသနည်း။ ပညာရေးလောကသားဖြစ်သည့် ကျွန်တော့အတွက် ကျူရှင်တွင် စာမသင်ခင် ကလေးတွေ ဖုန်းတစ်လုံးနှင့် ဘာလုပ်ကြသနည်းဟု မသိမသာအကဲခတ်မိသည်။မြင်သမျှတော့ Facebook သုံးရင် သုံး၊Messenger ကနေ တစ်တောက်တောက်လုပ်ရင် လုပ်၊ မလုပ်ရင် ဖုန်းဂိမ်းတွေ ကစားနေကြခြင်းဖြစ်သည်။တချို့ကတော့ ရုပ်ရှင်တွေကို ကြည့်နေကြသည်။ စမတ်ဖုန်းဆိုသည်ကို ဘယ်လိုအဓိပ္ပါယ်နှင့် ခေါ်သည်တော့မသိ။ကျွန်တော်ဖတ်ဖူးတဲ့ ကြေငြာမှာတော့ သင့်ရဲ့စိတ်ကူးယဉ်ကမ္ဘာသစ်ဟု ကဗျာဆန်ဆန်ပေးထားတာကို တွေ့ဘူးသည်။သူတို့ကြေငြာထားတာ တစ်ကယ်ကိုဘဲ လက်တွေ့အဖြစ်နှင့် နီးစပ်လွန်းသည်။ညဘက် ကျွန်တော် ဖုန်းကိုခဏလောက် ဘာတွေများထူးသလဲဆိုပြီးကြည့်လျှင် အနည်းဆုံးတော့ နာရီဝက် တစ်နာရီခန့် ကြာသည်။ဒီအချိန်က ပြောတော့သာကြာသည်။ တစ်ကယ်က ခဏလေး။ လဘက်ရည်ဆိုင်မှာ နာရီဝက် တစ်နာရီ တစ်ယောက်တည်းထိုင်ရမည်ဆိုလျှင် ကြာသည်ဟု ထင်ဖွယ်ရှိသော်လည်း ဖုန်းနှင့်သာဆို ဒီအချိန်က ခဏလေး။ဒါဆို ဖုန်းထဲတွင် ဘာတွေရှိသနည်း။လူမှုကွန်ရက်တွင် ဘာတွေရှိသနည်း။သတင်း၊ အတင်းအဖျင်း၊ နိုင်ငံတကာဖြစ်ရပ်တွေ၊ ရုပ်ရှင်တွေ နောက်ဆုံး ဖိုမကားတွေကအစ တွေ့ရသည်။ဝါသနာပါသူတွေမပြောနှင့်။

 

သာမန်ကြည့်မိသည့်သူတွေတောင် ဒီလို အပြာ Page တွေက ခဏခဏတက်လာတာကို တွေ့ရသည်။ကိုယ်လည်း ဘာမှမလုပ်ရဘဲနှင့် ပုံမှန်တက်နေတော့ ကလေးတွေဆို စဉ်းစားကြည့်။ ကျွန်တော်ဆိုလိုချင်သည်မှာ ဒါကိုပဲဖြစ်သည်။ယနေ့ လမ်းဘေးကလူတောင် စမတ်ဖုန်းကိုင်နေကြသည်ကို တွေ့လာရသည်။ဒီတော့ ဖုန်းထဲတွင်ထည့်ထားသည့် လူမှုကွန်ရက်မှ လိင်နှင့်ပတ်သက်သည့် လှုံ့ဆော်တဲ့ပုံတွေ စာတွေ တရစပ်မြင်ရတွေ့ရ ဖတ်နေရသည်။ဘယ်သူမှ တားနေသည်ကိုလည်း မတွေ့ရ။ကိုယ်လဲမကြည့်ပါဘဲနှင့် ကိုယ့်ဆီမှာလာပေါ်နေသည်။ဒါတွေက လွယ်လင့်တကူဖြစ်လာတော့ ဘာပြောရမှန်းကိုမသိတော့။ဒါတွေ လွယ်လွယ်ကူကူဖြစ်နေတာကို လူငယ်တွေ၊ လူရွယ်တွေ၊ တဏှာလွန်ကဲသူတွေကို လောင်စာမပြတ်ထိုး ပေးနေသလို ဖြစ်သည်။ ရှက်ရှက်နှင့်ပြောရလျှင် ကျွန်တော်တို့ခေတ်က လူငယ်တွေ အပြာစာအုပ်ကိုလိုချင်လျှင် ပန်းဆိုးတန်း အောက်ဘလောက်ကို သွားရသည်။ထိုနေရာတွင် စာအုပ်ကို ဗြောင်မရောင်း။လိုချင်သူရှိမှ လှေကားထစ်ပေါ် ပြေးတက်ပြီး သွားယူပေးသည်။ ဝယ်ရတာလည်း ဘိန်းဖြူဝယ်သလိုဝယ်ရသည်။ဒီစာအုပ်ဝယ်သူတွေကိုတွေ့လျှင် ရဲကဖမ်းသည်။တွေ့သည့်သူကလည်း အထင်သေးသည်။ဘယ်သူမှ အထင်မကြီး။ဒီစာအုပ်ဖတ်တဲ့သူတွေကို တဏှာကြီးသူ၊ စိတ်မူမမှန်သူအဖြစ် သဘောထားကြသည်။

 

အပြာကားပြသည့် ဗီဒီယို ရုပ်ရှင်ဆိုလျှင်တော့ မပြောနှင့်။ကြည်သူကိုမိလျှင် ခေါင်းကိုကတုံး တုံးရင်တုံး၊ မတုံးလျှင် လေးကွက်ကြားရိပ်သည်။ဒါမှမဟုတ် ရဲစခန်းအတွင်း ဆိုင်ကယ်စီးသည့်ပုံစံဖြင့် နာရီအတော်ကြာအောင်နေရသလို ပါးစပ်ကလည်း ဆိုင်ကယ်သံ အော်ပေးရသေးသည်။ဒီတော့ အပြာစာအုပ်၊ အပြာစာပေ၊အပြာရုပ်ရှင် ဇာတ်ကားတွေဆိုတာ လူတွေကစက်ဆုပ်ရွံရှာကြသည်။ဝါသနာပါသူတွေ တောင် ဘိန်းရှုသလို ခိုးရှုရသည့်ခေတ်။ယခုတော့ ဒီလိုလိင်ကိစ္စနဲ့ပတ်သက်သည့် စာပေ၊ရုပ်ရှင် စတာတွေကို စမတ်ဖုန်းကိုင်သူတွေ အားလုံးနီးပါးထံတွင် လိုချင်ပါက လွယ်လင့် တကူရနေပြီဖြစ်သည်။ အသိ ဆရာမတစ်ယောက်ပြောသလို ပြောရရင် သူတို့ကို တားဖို့နေနေသာသာ ကိုယ့်လက်တည့်စမ်းမသွားတာတောင် ကျေးဇူးတင်နေရတာဟု။ဒီတော့ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ ဘာတွေမှားနေသနည်း။ ဒီထဲမှာ တစ်ခုသတိထားမိသည်မှာ ရပ်ကွက်ထဲ ပိုများပြားလာသည့် အရက်ဆိုင်တွေ၊ လစ်ကာဟောက်စ်လို့ခေါ်သည့် အရက်စတိုးဆိုင်တွေ၊ ၂၄ နာရီ ချိန်းစတိုးတွေမှာ အရက်ရောင်းချမှုတွေကိုပင်။ကိုယ့်မှာရှိသည့်ငွေက တစ်ရာရှိရင် အရက်ဖြူ၊ တစ်ထောင်ရှိရင် ပုလင်း၊ ဒီထက်များရင်များသလို ယမကာကို ယခင်ကထက်လွယ်ကူစွာ ၂၄ နာရီ ဝယ်လို့ရနေတာကဖြစ်သည်။

 

ဒီလိုလွယ်လင့်တကူရနေသည့် အရက်ယမကာတွေက မလာသေးသည့် ဒုစရိုက်မှုများကို လက်ယပ်ခေါ်နေသလိုဖြစ် သည်။ဒီထဲမှာ မုဒိမ်းမှုတွေ သက်ငယ်မုဒိမ်းမှုတွေက ထိပ်ဆုံးမှာ။ မကြာသေးလက ပြည်ပမှ အရက်ဖျော်ယမကာ တွေ တင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းတွေ ထွက်လာသည်။ဒီတော့ ပြည်တွင်းက ဓာတုဗေဒ ဖျော်စပ်အရက်တွေ ထုတ်သူတွေဘက်က အသံတွေထွက်လာသည်။ထိုသတင်းတွေဖတ်ရတော့ လမ်းထဲကအသိက “ဆရာရယ် .. ဘယ်ကျေနပ်ပါ့မလဲ။ အရက်ထုတ်တဲ့လုပ်ငန်းက ရွှေတူးတာထက်တောင် တွက်ချေကိုက်တာ။ဘယ်မှာ အရက်က သဘာဝကျကျချင်လို့ ဒီလောက်ထွက်ပါ့မလဲ။ ၈၀ ရာခိုင်နှုန်းလောက်က ဓာတုဗေဒတွေ။ဒီတော့ အရက်က ဓာတုဗေဒနဲ့ ရေကို လိုသလောက်ရောစပ် ထုတ်နေတော့ ရေက ငွေဖြစ်နေတာ။ရေသန့်ထုတ်တာကမှ ပြဿနာတက်နေဦးမယ်။အရက်ထုတ်တာက ဘာပြဿနာမှမရှိဘူး။ဒါကြောင့် အခုပြည်ပက အရည်အသွေးမီ ဝင်မယ်ဆိုတော့ ရေရှည်မှာ သူတို့စားပေါက်ပိတ်မှာလေ။ဒါကြောင့် သဘောမကျတာလို့” ပြောခဲ့သည်။ ဒီတော့ ကျွန်တော်စဉ်းစားမိသည်။ဒီဆိုးကျိုးကို ဘယ်သူခံစားရသနည်း။ကျွန်တော်စာသင်သည့်နေရာတွေက မြို့နယ်စုံသည်။လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တာမွေ၊ ဒဂုံတောင်မြောက်။ဒီတော့ အခြေခံ လူတန်းစားတွေ နေရာအတော်များများကို သွားရသည်။တစ်ပတ်ကို အနည်းဆုံးနှစ်ရက် အချိန်ဝင်ပေးရသည်။အခုချိန်ဆို စာမေးပွဲအတွက် အရေးကြီးသည့်အချိန်။နေရာအတော်များများက မရှိဘူးဆို ၄/၅ နှစ်ကျော်ပြီ။စာပြလာ တာ။ဒီတော့ တပည့်ဟောင်းတွေ အတော်များများရှိနေသဖြင့် လမ်းတွေ ရပ်ကွက်တွေက ကိုယ့်ရပ်ကိုယ့်ရွာလိုဖြစ်နေပြီ။သို့သော် စိတ်မကောင်းတာက ကိုယ့်တပည့်ဟောင်းတွေအချို့ကို ငယ်ငယ်ရွယ်ရွယ်နှင့် အရက်သမား အဖြစ် မြင်ရတာ။တချို့က ကိုယ့်တွေ့တာနှင့် အရက်ဆိုင်ထဲကထလာပြီး အရက်ဖိုးတောင်းသူ၊ အရက်အတင်းတိုက်သူနှင့်။ကိုယ့်ကိုချစ်လို့ခင်လို့ဆိုသော်လည်း တစ်ခါတစ်လေတော့ စိတ်ပျက်သလို စိတ်ဓာတ်လည်းကျမိသည်။

 

ဒီလိုမိဘတွေကနေ မွေးလာတဲ့ ကလေးတွေကို ဘယ်သူကကာကွယ်ပေးမှာလဲလို့ တစ်ဆက်တည်းတွေးမိသည်။ ဆင်းရဲလို့အရက်သောက်၊ အရက်သောက်လို့ အလုပ်အကိုင်အဆင်မပြေ။မအေက တစ်ယောက်တည်းရှာ။ဖအေက ငယ်ငယ်ရွယ်ရွယ်နှင့် အရက်သေစာကြောင့်သေ။ကလေးတွေက တစ်ကွဲတစ်ပြား။ဟိုလူကစော်ကား ဒီလူကအနိုင်ကျင့်နှင့်။ဒီလိုနေရာတွေသွားတိုင်း စာသင်ရတာထက် ဒါတွေကိုမြင်ရတာ စိတ်နှလုံးပင်ပမ်းလှသည်။ငါတို့လူမျိုးတွေ ဘယ်တော့မှများ ဒီနွံကနေ ရုန်းထတော့ မှာလည်းဟု။ဘယ်သူသေသေ ငတေမာတွေ၊လျစ်လျူရှုသူတွေ လက်ထဲက လွတ်ပါ့မလဲဟု။ ယခုလိုအဖြစ်တွေ ကျွန်တော်တို့ ဘယ်လောက်တောင် မြင်ရ၊ ကြားရ၊ သိနေရဦးမည်လဲ။ဘယ်နေ့ ကိုယ့်အဝန်းအဝိုင်းထဲ ဖြစ်လာမည်နည်း။ဘယ်တော့များ ကိုယ့်ရင်သွေးကိုယ် မကာကွယ်နိုင်သည့်နေ့ကို ရောက်လာမည်နည်း။

 

ဒါတွေကိုတွေးပြီး သမီးရှိသော မိဘပီပီ ညဘက် ညဘက်တွေဆို အိပ်မရ။စာသွားသင်နေရသော်လည်း ဘာသံကြားရမလဲဟု စိတ်ကတထင့်ထင့်။ဥပဒေက မပြင်၊အရက်သေစာက မထိန်းချုပ်၊ နည်းပညာက တစ်နေ့ထက်တစ်နေ့ တိုးတက်လာ။ လိင်နှင့်ပက်သက်ပြီး မထိန်းချုပ်။ဒီကြားထဲ နိုင်ငံရေးမှာ ပါဝါအားပြိုင်မှု၊ အာဏာအားပြိုင်မှုတွေကဖြစ်။ကျွဲနှစ်ကောင် မြေစာခတ်သည့်ကြားထဲ အခြေခံလူတန်းစားတွေ ကျွန်တော်တို့ဘဝတွေက တစ်ရက်ထက်တစ်ရက် စားဝတ်နေရေးကျပ်တည်းလာရုံ သာမက အသက်လုံခြုံမှု၊ အဓမ္မကျင့်ခံရမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို ခေါင်းငုံ့ခံရ လည်စင်းခံရနှင့် နေ့စဉ်ဖြတ်သန်းနေရပြီ။ ယနေ့လို တောရိုင်းဝါဒ ထွန်းကားလာသည့်ခေတ်ထဲ အကာအကွယ်မဲ့ ရင်သွေးငယ်တွေ နောင်ဘယ်လောက်ထိ တဖြုတ်ဖြုတ်ကြွေမည်လဲ ဆိုတာကို………..။

မောင်ဦးလွင်

ဇွန် - ၂၇

( Zawgyi )

 ယခုတေလာ သတင္းစာဖတ္တိုင္း အၿမဲတမ္းနီးပါးေတြ႕ေနရသည့္သတင္းမွာ ႏိုင္ငံေရးသတင္းလည္းမဟုတ္၊ စစ္ေရးသတင္းလည္းမဟုတ္၊ အားကစားသတင္းလည္းမဟုတ္။မၾကားဝံ့မနာသာ သက္ငယ္မုဒိမ္းမႈ သတင္းမ်ားပင္ျဖစ္သည္။ ဒီသတင္းေတြက တခ်ိဳ႕သတင္းစာမ်ား၏ေနာက္ေက်ာတြင္ မ်က္ႏွာဖုံးအျဖစ္ ခဏခဏေတြ႕လာရသည့္အခါ ျမန္မာႏိုင္ငံမွာ ဒီေလာက္ေတာင္ သက္ငယ္မုဒိမ္းမႈေတြ အျဖစ္မ်ားလွခ်ည္လားဟု ဘုရားတမိသည္။ ၿပီးခဲ့သည့္ႏွစ္က အထက္ဘက္က ေက်ာင္းတစ္ေက်ာင္းတြင္ ေက်ာင္းေစာင့္က အသက္ ၁၀ ႏွစ္ေက်ာ္ကာစ ေက်ာင္းသူတစ္ဦးကို အဓမၼက်င့္သည့္သတင္း၊ ေက်ာင္းဆရာမ ေယာက်္ားက အိမ္လာသည့္ ေက်ာင္းသူကို အဓမၼက်င့္သည့္သတင္းမ်ား ၾကားလိုက္ျမင္လိုက္ ဖတ္လိုက္ရေတာ့ ပညာေရးအသိုင္း အဝိုင္းမွာပင္ ဒီလိုကိစၥေတြျဖစ္လာၿပီဆိုေတာ့ အရပ္ထဲ သက္ငယ္မုဒိမ္းေတြမ်ားလာတာ မဆန္းဟု ေကာက္ခ်က္ခ်မိသည္။ မၾကာမီက အသက္ ၈၀ ေက်ာ္ ေလျဖတ္ေနသည့္ အဘြားအိုတစ္ဦး မုဒိမ္းက်င့္ခံရကာမွ ေသဆုံးသည့္အထိ ျဖစ္ခဲ့သည္။ မၾကာခင္က လိင္အျမတ္ထုတ္မႈႏွင့္ ရဲမႉးခ်ဳပ္အဆင့္ရွိသူတစ္ဦးက ရဲေမ ၁၈ ဦးကို ရာထူးတိုးအေၾကာင္းျပကာ လိင္အျမတ္ထုတ္ခဲ့သည္။ မင္းသားတစ္ေယာက္က အိမ္ေဖာ္ကေလးငယ္တစ္ဦးကို က်ဴးလြန္ခဲ့သျဖင့္ လက္ရွိတြင္အမႈရင္ဆိုင္ေနရတုန္း။ စသျဖင့္ စသျဖင့္။ အိပ္ေနသည့္ ကေလးငယ္ကို ဘူတာဂုံးတံတားေအာက္ အတင္းေပြ႕မလာကာ အဓမၼက်င့္ၿပီးသတ္ခဲ့သည့္ မၾကားဝံ့သည့္ မုဒိမ္းမႈေတြလည္းရွိသည္။

စိတ္ဝင္စားဖြယ္ေကာင္းသည့္က စမတ္ဖုန္းသုံးစြဲမႈႏႈန္းကို သတင္းစာတစ္ေစာင္တြင္ ေဖာ္ျပရာ၌ ရန္ကုန္တိုင္းအတြင္း စမတ္ဖုန္းသုံးစြဲမႈႏႈန္းက အမ်ားဆုံးျဖစ္ေနျခင္းကိုပင္ ျဖစ္သည္။ စမတ္ဖုန္းကို အမ်ားျပည္သူေတြ ဘယ္ေနရာမွာ သုံးၾကသနည္း။ ပညာေရးေလာကသားျဖစ္သည့္ ကြၽန္ေတာ့အတြက္ က်ဴရွင္တြင္ စာမသင္ခင္ ကေလးေတြ ဖုန္းတစ္လုံးႏွင့္ ဘာလုပ္ၾကသနည္းဟု မသိမသာအကဲခတ္မိသည္။ျမင္သမွ်ေတာ့ Facebook သုံးရင္ သုံး၊Messenger ကေန တစ္ေတာက္ေတာက္လုပ္ရင္ လုပ္၊ မလုပ္ရင္ ဖုန္းဂိမ္းေတြ ကစားေနၾကျခင္းျဖစ္သည္။တခ်ိဳ႕ကေတာ့ ႐ုပ္ရွင္ေတြကို ၾကည့္ေနၾကသည္။ စမတ္ဖုန္းဆိုသည္ကို ဘယ္လိုအဓိပၸါယ္ႏွင့္ ေခၚသည္ေတာ့မသိ။ကြၽန္ေတာ္ဖတ္ဖူးတဲ့ ေၾကျငာမွာေတာ့ သင့္ရဲ႕စိတ္ကူးယဥ္ကမာၻသစ္ဟု ကဗ်ာဆန္ဆန္ေပးထားတာကို ေတြ႕ဘူးသည္။သူတို႔ေၾကျငာထားတာ တစ္ကယ္ကိုဘဲ လက္ေတြ႕အျဖစ္ႏွင့္ နီးစပ္လြန္းသည္။ညဘက္ ကြၽန္ေတာ္ ဖုန္းကိုခဏေလာက္ ဘာေတြမ်ားထူးသလဲဆိုၿပီးၾကည့္လွ်င္ အနည္းဆုံးေတာ့ နာရီဝက္ တစ္နာရီခန႔္ ၾကာသည္။ဒီအခ်ိန္က ေျပာေတာ့သာၾကာသည္။ တစ္ကယ္က ခဏေလး။ လဘက္ရည္ဆိုင္မွာ နာရီဝက္ တစ္နာရီ တစ္ေယာက္တည္းထိုင္ရမည္ဆိုလွ်င္ ၾကာသည္ဟု ထင္ဖြယ္ရွိေသာ္လည္း ဖုန္းႏွင့္သာဆို ဒီအခ်ိန္က ခဏေလး။ဒါဆို ဖုန္းထဲတြင္ ဘာေတြရွိသနည္း။လူမႈကြန္ရက္တြင္ ဘာေတြရွိသနည္း။သတင္း၊ အတင္းအဖ်င္း၊ ႏိုင္ငံတကာျဖစ္ရပ္ေတြ၊ ႐ုပ္ရွင္ေတြ ေနာက္ဆုံး ဖိုမကားေတြကအစ ေတြ႕ရသည္။ဝါသနာပါသူေတြမေျပာႏွင့္။

သာမန္ၾကည့္မိသည့္သူေတြေတာင္ ဒီလို အျပာ Page ေတြက ခဏခဏတက္လာတာကို ေတြ႕ရသည္။ကိုယ္လည္း ဘာမွမလုပ္ရဘဲႏွင့္ ပုံမွန္တက္ေနေတာ့ ကေလးေတြဆို စဥ္းစားၾကည့္။ ကြၽန္ေတာ္ဆိုလိုခ်င္သည္မွာ ဒါကိုပဲျဖစ္သည္။ယေန႔ လမ္းေဘးကလူေတာင္ စမတ္ဖုန္းကိုင္ေနၾကသည္ကို ေတြ႕လာရသည္။ဒီေတာ့ ဖုန္းထဲတြင္ထည့္ထားသည့္ လူမႈကြန္ရက္မွ လိင္ႏွင့္ပတ္သက္သည့္ လႈံ႕ေဆာ္တဲ့ပုံေတြ စာေတြ တရစပ္ျမင္ရေတြ႕ရ ဖတ္ေနရသည္။ဘယ္သူမွ တားေနသည္ကိုလည္း မေတြ႕ရ။ကိုယ္လဲမၾကည့္ပါဘဲႏွင့္ ကိုယ့္ဆီမွာလာေပၚေနသည္။ဒါေတြက လြယ္လင့္တကူျဖစ္လာေတာ့ ဘာေျပာရမွန္းကိုမသိေတာ့။ဒါေတြ လြယ္လြယ္ကူကူျဖစ္ေနတာကို လူငယ္ေတြ၊ လူ႐ြယ္ေတြ၊ တဏွာလြန္ကဲသူေတြကို ေလာင္စာမျပတ္ထိုး ေပးေနသလို ျဖစ္သည္။ ရွက္ရွက္ႏွင့္ေျပာရလွ်င္ ကြၽန္ေတာ္တို႔ေခတ္က လူငယ္ေတြ အျပာစာအုပ္ကိုလိုခ်င္လွ်င္ ပန္းဆိုးတန္း ေအာက္ဘေလာက္ကို သြားရသည္။ထိုေနရာတြင္ စာအုပ္ကို ေျဗာင္မေရာင္း။လိုခ်င္သူရွိမွ ေလွကားထစ္ေပၚ ေျပးတက္ၿပီး သြားယူေပးသည္။ ဝယ္ရတာလည္း ဘိန္းျဖဴဝယ္သလိုဝယ္ရသည္။ဒီစာအုပ္ဝယ္သူေတြကိုေတြ႕လွ်င္ ရဲကဖမ္းသည္။ေတြ႕သည့္သူကလည္း အထင္ေသးသည္။ဘယ္သူမွ အထင္မႀကီး။ဒီစာအုပ္ဖတ္တဲ့သူေတြကို တဏွာႀကီးသူ၊ စိတ္မူမမွန္သူအျဖစ္ သေဘာထားၾကသည္။

အျပာကားျပသည့္ ဗီဒီယို ႐ုပ္ရွင္ဆိုလွ်င္ေတာ့ မေျပာႏွင့္။ၾကည္သူကိုမိလွ်င္ ေခါင္းကိုကတုံး တုံးရင္တုံး၊ မတုံးလွ်င္ ေလးကြက္ၾကားရိပ္သည္။ဒါမွမဟုတ္ ရဲစခန္းအတြင္း ဆိုင္ကယ္စီးသည့္ပုံစံျဖင့္ နာရီအေတာ္ၾကာေအာင္ေနရသလို ပါးစပ္ကလည္း ဆိုင္ကယ္သံ ေအာ္ေပးရေသးသည္။ဒီေတာ့ အျပာစာအုပ္၊ အျပာစာေပ၊အျပာ႐ုပ္ရွင္ ဇာတ္ကားေတြဆိုတာ လူေတြကစက္ဆုပ္႐ြံရွာၾကသည္။ဝါသနာပါသူေတြ ေတာင္ ဘိန္းရႈသလို ခိုးရႈရသည့္ေခတ္။ယခုေတာ့ ဒီလိုလိင္ကိစၥနဲ႔ပတ္သက္သည့္ စာေပ၊႐ုပ္ရွင္ စတာေတြကို စမတ္ဖုန္းကိုင္သူေတြ အားလုံးနီးပါးထံတြင္ လိုခ်င္ပါက လြယ္လင့္ တကူရေနၿပီျဖစ္သည္။ အသိ ဆရာမတစ္ေယာက္ေျပာသလို ေျပာရရင္ သူတို႔ကို တားဖို႔ေနေနသာသာ ကိုယ့္လက္တည့္စမ္းမသြားတာေတာင္ ေက်းဇူးတင္ေနရတာဟု။ဒီေတာ့ ကြၽန္ေတာ္တို႔ ဒီဘက္ေခတ္မွာ ဘာေတြမွားေနသနည္း။ ဒီထဲမွာ တစ္ခုသတိထားမိသည္မွာ ရပ္ကြက္ထဲ ပိုမ်ားျပားလာသည့္ အရက္ဆိုင္ေတြ၊ လစ္ကာေဟာက္စ္လို႔ေခၚသည့္ အရက္စတိုးဆိုင္ေတြ၊ ၂၄ နာရီ ခ်ိန္းစတိုးေတြမွာ အရက္ေရာင္းခ်မႈေတြကိုပင္။ကိုယ့္မွာရွိသည့္ေငြက တစ္ရာရွိရင္ အရက္ျဖဴ၊ တစ္ေထာင္ရွိရင္ ပုလင္း၊ ဒီထက္မ်ားရင္မ်ားသလို ယမကာကို ယခင္ကထက္လြယ္ကူစြာ ၂၄ နာရီ ဝယ္လို႔ရေနတာကျဖစ္သည္။

ဒီလိုလြယ္လင့္တကူရေနသည့္ အရက္ယမကာေတြက မလာေသးသည့္ ဒုစ႐ိုက္မႈမ်ားကို လက္ယပ္ေခၚေနသလိုျဖစ္ သည္။ဒီထဲမွာ မုဒိမ္းမႈေတြ သက္ငယ္မုဒိမ္းမႈေတြက ထိပ္ဆုံးမွာ။ မၾကာေသးလက ျပည္ပမွ အရက္ေဖ်ာ္ယမကာ ေတြ တင္သြင္းခြင့္ျပဳမည္ဆိုသည့္ သတင္းေတြ ထြက္လာသည္။ဒီေတာ့ ျပည္တြင္းက ဓာတုေဗဒ ေဖ်ာ္စပ္အရက္ေတြ ထုတ္သူေတြဘက္က အသံေတြထြက္လာသည္။ထိုသတင္းေတြဖတ္ရေတာ့ လမ္းထဲကအသိက “ဆရာရယ္ .. ဘယ္ေက်နပ္ပါ့မလဲ။ အရက္ထုတ္တဲ့လုပ္ငန္းက ေ႐ႊတူးတာထက္ေတာင္ တြက္ေခ်ကိုက္တာ။ဘယ္မွာ အရက္က သဘာဝက်က်ခ်င္လို႔ ဒီေလာက္ထြက္ပါ့မလဲ။ ၈၀ ရာခိုင္ႏႈန္းေလာက္က ဓာတုေဗဒေတြ။ဒီေတာ့ အရက္က ဓာတုေဗဒနဲ႔ ေရကို လိုသေလာက္ေရာစပ္ ထုတ္ေနေတာ့ ေရက ေငြျဖစ္ေနတာ။ေရသန႔္ထုတ္တာကမွ ျပႆနာတက္ေနဦးမယ္။အရက္ထုတ္တာက ဘာျပႆနာမွမရွိဘူး။ဒါေၾကာင့္ အခုျပည္ပက အရည္အေသြးမီ ဝင္မယ္ဆိုေတာ့ ေရရွည္မွာ သူတို႔စားေပါက္ပိတ္မွာေလ။ဒါေၾကာင့္ သေဘာမက်တာလို႔” ေျပာခဲ့သည္။ ဒီေတာ့ ကြၽန္ေတာ္စဥ္းစားမိသည္။ဒီဆိုးက်ိဳးကို ဘယ္သူခံစားရသနည္း။ကြၽန္ေတာ္စာသင္သည့္ေနရာေတြက ၿမိဳ႕နယ္စုံသည္။လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ အင္းစိန္၊ တာေမြ၊ ဒဂုံေတာင္ေျမာက္။ဒီေတာ့ အေျခခံ လူတန္းစားေတြ ေနရာအေတာ္မ်ားမ်ားကို သြားရသည္။တစ္ပတ္ကို အနည္းဆုံးႏွစ္ရက္ အခ်ိန္ဝင္ေပးရသည္။အခုခ်ိန္ဆို စာေမးပြဲအတြက္ အေရးႀကီးသည့္အခ်ိန္။ေနရာအေတာ္မ်ားမ်ားက မရွိဘူးဆို ၄/၅ ႏွစ္ေက်ာ္ၿပီ။စာျပလာ တာ။ဒီေတာ့ တပည့္ေဟာင္းေတြ အေတာ္မ်ားမ်ားရွိေနသျဖင့္ လမ္းေတြ ရပ္ကြက္ေတြက ကိုယ့္ရပ္ကိုယ့္႐ြာလိုျဖစ္ေနၿပီ။သို႔ေသာ္ စိတ္မေကာင္းတာက ကိုယ့္တပည့္ေဟာင္းေတြအခ်ိဳ႕ကို ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အရက္သမား အျဖစ္ ျမင္ရတာ။တခ်ိဳ႕က ကိုယ့္ေတြ႕တာႏွင့္ အရက္ဆိုင္ထဲကထလာၿပီး အရက္ဖိုးေတာင္းသူ၊ အရက္အတင္းတိုက္သူႏွင့္။ကိုယ့္ကိုခ်စ္လို႔ခင္လို႔ဆိုေသာ္လည္း တစ္ခါတစ္ေလေတာ့ စိတ္ပ်က္သလို စိတ္ဓာတ္လည္းက်မိသည္။

ဒီလိုမိဘေတြကေန ေမြးလာတဲ့ ကေလးေတြကို ဘယ္သူကကာကြယ္ေပးမွာလဲလို႔ တစ္ဆက္တည္းေတြးမိသည္။ ဆင္းရဲလို႔အရက္ေသာက္၊ အရက္ေသာက္လို႔ အလုပ္အကိုင္အဆင္မေျပ။မေအက တစ္ေယာက္တည္းရွာ။ဖေအက ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ အရက္ေသစာေၾကာင့္ေသ။ကေလးေတြက တစ္ကြဲတစ္ျပား။ဟိုလူကေစာ္ကား ဒီလူကအႏိုင္က်င့္ႏွင့္။ဒီလိုေနရာေတြသြားတိုင္း စာသင္ရတာထက္ ဒါေတြကိုျမင္ရတာ စိတ္ႏွလုံးပင္ပမ္းလွသည္။ငါတို႔လူမ်ိဳးေတြ ဘယ္ေတာ့မွမ်ား ဒီႏြံကေန ႐ုန္းထေတာ့ မွာလည္းဟု။ဘယ္သူေသေသ ငေတမာေတြ၊လ်စ္လ်ဴရႈသူေတြ လက္ထဲက လြတ္ပါ့မလဲဟု။ ယခုလိုအျဖစ္ေတြ ကြၽန္ေတာ္တို႔ ဘယ္ေလာက္ေတာင္ ျမင္ရ၊ ၾကားရ၊ သိေနရဦးမည္လဲ။ဘယ္ေန႔ ကိုယ့္အဝန္းအဝိုင္းထဲ ျဖစ္လာမည္နည္း။ဘယ္ေတာ့မ်ား ကိုယ့္ရင္ေသြးကိုယ္ မကာကြယ္ႏိုင္သည့္ေန႔ကို ေရာက္လာမည္နည္း။

ဒါေတြကိုေတြးၿပီး သမီးရွိေသာ မိဘပီပီ ညဘက္ ညဘက္ေတြဆို အိပ္မရ။စာသြားသင္ေနရေသာ္လည္း ဘာသံၾကားရမလဲဟု စိတ္ကတထင့္ထင့္။ဥပေဒက မျပင္၊အရက္ေသစာက မထိန္းခ်ဳပ္၊ နည္းပညာက တစ္ေန႔ထက္တစ္ေန႔ တိုးတက္လာ။ လိင္ႏွင့္ပက္သက္ၿပီး မထိန္းခ်ဳပ္။ဒီၾကားထဲ ႏိုင္ငံေရးမွာ ပါဝါအားၿပိဳင္မႈ၊ အာဏာအားၿပိဳင္မႈေတြကျဖစ္။ကြၽဲႏွစ္ေကာင္ ေျမစာခတ္သည့္ၾကားထဲ အေျခခံလူတန္းစားေတြ ကြၽန္ေတာ္တို႔ဘဝေတြက တစ္ရက္ထက္တစ္ရက္ စားဝတ္ေနေရးက်ပ္တည္းလာ႐ုံ သာမက အသက္လုံၿခဳံမႈ၊ အဓမၼက်င့္ခံရမႈ၊ အႏိုင္က်င့္ဗိုလ္က်မႈေတြကို ေခါင္းငုံ႔ခံရ လည္စင္းခံရႏွင့္ ေန႔စဥ္ျဖတ္သန္းေနရၿပီ။ ယေန႔လို ေတာ႐ိုင္းဝါဒ ထြန္းကားလာသည့္ေခတ္ထဲ အကာအကြယ္မဲ့ ရင္ေသြးငယ္ေတြ ေနာင္ဘယ္ေလာက္ထိ တျဖဳတ္ျဖဳတ္ေႂကြမည္လဲ ဆိုတာကို………..။

ေမာင္ဦးလြင္

ဇြန္ - ၂၇