【 ဆောင်းပါး 】 “ဒို့ခေတ်ရောက်မှ ညံ့ကြပြီလား”

【 ဆောင်းပါး 】 “ဒို့ခေတ်ရောက်မှ ညံ့ကြပြီလား”

၂၀၁၆ တွင် အင်အယ်ဒီအစိုးရ တက်လာသောအခါ ပညာရေးနှင့်ပတ်သက်၍ ကြီးမားသော ပြုပြင်ပြောင်းလဲမှုများကို အမြန်ဆုံးလုပ်ဆောင်လိမ့်မည်ဟု လူထုကမျှော်လင့်ခဲ့ကြပါသည်။တိုင်းပြည်၏ အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေများကို အတိုက်အခံပါတီဘဝဖြင့် ကာလကြာရှည် မြင်တွေ့သိရှိနေသော အင်အယ်လ်ဒီပါတီ အစိုးရသည် ပြောင်းလဲသင့်သည်များကိုမြန်ဆန်စွာ၊ အချိန်ယူပြောင်းလဲသင့်သည့် အရာများအား အချိန်ယူပြောင်းလဲပေးလိမ့်မည်ဟု ထင်မှတ်ခဲ့ကြပါသည်။

လက်တွေ့တွင်မူ အင်အယ်လ်ဒီအစိုးရ၏ လုပ်ငန်းစဉ်အများစု ဖော်ဆောင်ပုံသည် နှေးကွေးလေးလံလှပါသည်။ထို့ပြင် ပွင့်လင်းမြင်သာမှု အားနည်းလှပါသည်။ရံဖန်ရံခါ အင်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တချို့၊ အင်အယ်လ်ဒီပါတီမှ တာဝန်ရှိသူတချို့နှင့် ဆုံဖြစ်ပါက အစိုးရ၏ လုပ်ငန်းစဉ်များ ယေဘုယျအားဖြင့် အဘယ်ကြောင့် ပွင့်လင်းမြင်သာမှုလည်းမရှိ၊ လျင်မြန်သွက်လက်မှုလည်း မရှိရပါသနည်း မေးမိလျှင်၊ သူတို့ထံမှ ပြန်ကြားရသည့်အဖြေက တိကျရေရာသည့် အဖြေနှင့်မတူဘဲ ဆင်ခြေပေးအကြောင်းပြသည့် အဖြေများသာဖြစ်ကြပါသည်။

ဥပမာ - ဝန်ကြီးဌာနများတွင် မိုးကျရွှေကိုယ်များက သူတို့၏ အမာခံဝန်ထမ်းများနှင့် ချိတ်ဆက်လျက် အစိုးရနောက်ကျောကို ဓားနှင့်ထိုးနေကြသည်ဆိုသည့် အဖြေမျိုး၊ သတင်းပေါက်ကြားမှုများ ဖြစ်ပေါ်မလာစေရန် သတိထားနေရ၍ ပွင့်လင်းမြင်သာမှု အားနည်းခြင်းဖြစ်သည်ဆိုသည့် အဖြေမျိုး၊ အင်အယ်လ်ဒီအစိုးရအား ဖျက်လိုဖျက်ဆီး လုပ်လိုသူများက ပညာရေးနယ်ပယ်ကို အဓိကခြေကုပ်ယူထား၍ ပညာရေးနှင့် ပတ်သက်လာလျှင် သတိထား၍ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေရသည်ဆိုသည့် အဖြေမျိုးကိုသာ ပြန်ဖြေတတ်ကြပါသည်။ထိုမျှမက အင်အယ်လ်ဒီအကျိုးကို လိုလားဝေဖန်သည့် ဆောင်းပါးများကို အင်အယ်လ်ဒီ၏ ပျော့ကွက်ဟာကွက်များအား စေတနာဖြင့်ထောက်ပြသည်ဟု မမြင်ဘဲ၊ အင်အယ်လ်ဒီကို တိုက်ခိုက်ရေးသားနေသည်ဟု မြင်နေကြကြောင်း အံ့ဩဖွယ်တွေ့ရှိရပါသည်။

အတိုက်အခံပါတီ ဘဝတုန်းက အင်အယ်လ်ဒီပါတီ၏ တိုင်းပြည်နှင့် လူထုအတွက် ပြတ်ပြတ်သားသားဆောင်ရွက်ကြ ဆိုသော လူထုအလွန်အားထားခဲ့သည့် ဆောင်ပုဒ်သည်ပင် လေထဲတွင် ပျောက်ကွယ်လေပြီလားဟု တွေးရသည့် အဖြစ်မျိုးများကိုလည်း မြင်တွေ့လာရပါတော့သည်။ရဲရင့်ပြတ်သားစွာ ရင်ဆိုင်လုပ်ကိုင်ရဲသည့် အစိုးရတာဝန်ရှိသူများ၊ လိုအပ်ပါက အချိန်နှင့်တပြေးညီ ပြည်သူကို ချပြအသိပေးမှု၊ မဖြစ်သင့်သည့် သတင်းမှားထုတ်ပြန်ပေးမှုများအပေါ် အစိုးရ၏ လျင်မြန်သည့် တုန့်ပြန်ဆောင်ရွက်မှု စသည်တို့ကို မမြင်တွေ့ရသလောက်ပင် ဖြစ်လာပါသည်။

ရံဖန်ရံခါ အစိုးရ၏ ဆောင်ရွက်နိုင်မှုစွမ်းရည်နှင့် ခိုင်မာပြတ်သားသည့် ရပ်တည်မှုအားနည်းပုံများကို နားမလည်နိုင် ဖြစ်ရသည်များလည်း ရှိလာပါသည်။အထင်ရှားဆုံးဖြစ်ရပ်ကား နှစ်တစ်ရာပြည့်တော့မည့် ရန်ကုန်တက္ကသိုလ်အတွင်း ဖောက်မည်ဆိုသော ပတ်လမ်းပြဿနာ ဖြစ်ပါသည်။ရန်ကုန်တက္ကသိုလ် ပရဝဏ်ကို အင်္ဂလိပ်တို့က အလွန်စနစ်ကျနစွာ ဖော်ဆောင်ပေးထားခဲ့ပါသည်။ဘွဲ့နှင်းသဘင်တည်ရှိရာဘက်ခြမ်းရှိ ရန်ကုန်တက္ကသိုလ်ဝင်းထဲသို့ ဝင်ထွက်ရန် ပင်မဝင်ထွက်ပေါက် ၁၀ ပေါက်ထက်မနည်း ဖေါက်လုပ်ပေးထားပါသည်။
တက္ကသိုလ်ရိပ်သာလမ်းဘက်မှ အဓိပတိလမ်းသို့ ဝင်ပေါက်ဖောက်ပေးထားသည့်နည်းတူ၊ ဘွဲ့နှင်းသဘင် နောက်ဘက်တွင် အင်းလျားလမ်းမှတဆင့် တက္ကသိုလ်ထဲသို့ ဝင်ထွက်နိုင်သည့် ဝင်ထွက်ပေါက် ပါရှိပါသည်။

စစ်ကိုင်းလမ်း ဝင်ထွက်ပေါက်၊ အင်းလျားဆောင်ဘေးမှ ဝင်ထွက်ပေါက်၊ ဂျပ်ဆင်ဘုရားရှိခိုးကျောင်း ဝင်ထွက်ပေါက်နှင့်အပြိုင် သီရိဆောင် (အင်္ဂလိပ်ခေတ်အခေါ်  ဘင်တန်ဆောင်) ဘက် ဝင်ထွက်ပေါက်၊ ရမညဆောင်၊ အမရဆောင်၊ မာလာဆောင်၊ တောင်ငူဆောင်ဘက်သို့ ပြည်လမ်းမှ ဝင်ထွက်ပေါက်၊ ပုဂံလမ်း ဝင်ထွက်ပေါက်၊ လှေလှော်ရွက်တိုက်အသင်းရှိရာ နေရာနှင့် မျက်နှာချင်းဆိုင် ဝင်ထွက်ပေါက်၊ စီးပွားရေးတက္ကသိုလ်သို့ အင်းလျားလမ်းဘက်မှ မျက်နှာစာဝင်ထွက်ပေါက်နှင့် ပြည်လမ်းဘက်မှ ဝင်ထွက်ပေါက်၊ သထုံလမ်း ဝင်ထွက်ပေါက် စသဖြင့် ဝင်ထွက်ပေါက် ၁၀ ပေါက်ကျော် ဖောက်လုပ်ပေးထားပါသည်။စာရေးသူတို့ တက္ကသိုလ်ကျောင်းသူ ဘဝတလျောက်လုံး အဆိုပါဝင်ထွက်ပေါက်အားလုံးကို ဖွင့်ပေးထားသည့် အနေအထားဖြင့် ကျောင်းတက်ခဲ့ရပါသည်။

တက္ကသိုလ်ဆေးရုံရှိရာဘက်ခြမ်း တစ်ခုလုံးသည်လည်း ရန်ကုန်တက္ကသိုလ်ပိုင်မြေများ ဖြစ်ကြပါသည်။ရန်ကုန်တက္ကသိုလ်ကို မဟာဌာနများဖြင့် စုဖွဲ့ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တစ်ခုအဖြစ် အင်္ဂလိပ်အစိုးရက တည်ထောင်ပေးခဲ့ပါသည်။မဟာဌာန (Faculty) များဖြင့် စုဖွဲ့ထားသည့် ရန်ကုန်တက္ကသိုလ်တွင် ယခုစီးပွားရေးတက္ကသိုလ်သည် ယခင်က လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Science) ဖြစ်ပါသည်။တက္ကသိုလ်ဆေးရုံတည်ရှိရာဘက်ခြမ်းတွင် တက္ကသိုလ်ဆေးရုံ၊ တက္ကသိုလ်စာတိုက်၊ တက္ကသိုလ်စာအုပ်ဆိုင်၊ ရေကူးကန်၊ တင်းနစ်ရိုက်ကွင်း၊ တက္ကသိုလ်ပုံနှိပ်တိုက်၊ ပညာရေးမဟာဌာန၊ ဆေးသိပ္ပံမဟာဌာန၊ အင်ဂျင်နီယာသိပ္ပံမဟာဌာန စသည်တို့ ပါဝင်ဖွဲ့စည်ပေးထားပါသည်။အဆိုပါ ရန်ကုန်တက္ကသိုလ် နယ်မြေတစ်ခုလုံးကို ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းတို့က ဝန်းပတ်ထားပါသည်။ဘွဲ့နှင်းသဘင်ရှိရာဘက်ခြမ်းမှ တက္ကသိုလ်ဆေးရုံရှိရာဘက်ခြမ်းသို့ လူ၊ မော်တော်ကား စသည်တို့ ကူးရန်အလို့ငှာ တက္ကသိုလ်ရိပ်သာလမ်းကို ကန့်လန့်ဖြတ်သွားလာနိုင်သည့် သထုံလမ်း ဝင်ထွက်ပေါက်၊ ပုဂံလမ်း ဝင်ထွက်ပေါက်နှင့် စာတိုက်ရှေ့ ဝင်ထွက်ပေါက်၊ တက္ကသိုလ်စာအုပ်ဆိုင်ရှေ့ ဝင်ထွက်ပေါက် (၄) ပေါက် ထည့်သွင်းပေးထားပါသည်။ဤဝင်ထွက်ပေါက်များအပြင် တခြားဝင်ထွက်ပေါက်များ ရှိပါသေးသည်။အတိုပြောရလျှင် တက္ကသိုလ်ထဲသို့ အချိန်တိုအတွင်း လွယ်ကူစွာဝင်ထွက်သွားလာနိင်စေရန် ဝင်ထွက်၍ရသော တံခါးပေါက်များစွာကို စနစ်တကျဖောက်ပေးထားပါသည်။ရာမညပေါက်နှင့် အမရပေါက်ဆိုလျှင် ခဲတပစ်မျှသာဝေးပါသည်။တခြား ဝင်ပေါက် ထွက်ပေါက်များလည်း ထိုနည်းတူနီးစပ်ကြပါသည်။တမျှော်တခေါ် လမ်းမလျှောက်ရစေရန်၊ ကားဖြင့် မောင်းမဝင်ရစေရန် စီမံပေးထားပါသည်။

ထိုမျှများပြားသော ဝင်ထွက်ပေါက်များကို အင်္ဂလိပ်ခေတ်မှ ၁၉၈၈ မတိုင်မီထိ နေ့နေ့ညည ဖွင့်ပေးထားခဲ့ပါသည်။၁၉၈၈ အရေးတော်ပုံအပြီးတွင် အဓိပတိလမ်း ဝင်ထွက်ပေါက် တစ်ခုတည်းကိုသာ ဖွင့်ပေးထားပြီး ထိုဝင်ထွက်ပေါက်ကိုပင် တပ်ဂိတ်ပေါက် တံခါးဝများကဲ့သို့ မောင်းတံများတပ်ဆင်လျက် တစ်ခြမ်းသာဖွင့်ပေးသည့် အနေအထားဖြင့် နှစ်အတန်ကြာ ရန်ကုန်တက္ကသိုလ် ထောင်ချခံခဲ့ရပါသည်။ယခုလက်ရှိတွင် အဓိပတိလမ်း၊ ဂျပ်ဆင်ပေါက် ၂ပေါက်၊ စီးပွားရေးတက္ကသိုလ် အင်းလျားဘက် ဝင်ထွက်ပေါက်၊ ပုဂံလမ်းပေါက် ၄ ပေါက်သာ ဖွင့်ပေးထားပြီး ကျန်တံခါးပေါက်အားလုံး သံကြိုးတန်းလန်း ချည်နှောင်ခံနေရဆဲဖြစ်ပါသည်။

အချိန်ကုန်သက်သာစွာ လွယ်ကူစွာဝင်ထွက်သွားလာနိုင်စေရန် လုပ်ပေးခဲ့သည့် အင်္ဂလိပ်တို့ကို မျက်နှာပူချင်စရာ လူထုတင်မြှောက်သည့် လူထုအစိုးရခေတ်တွင်ပင် တက္ကသိုလ်တံခါးပေါက်အားလုံးကို မဖွင့်ရဲသည့် မြန်မာတို့အဖြစ်ကား ဒို့ခေတ်ရောက်မှ ညံ့ကြပြီလား မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။၂၀၁၆ အစိုးရသစ်လက်ထက်တွင် ဒေါက်တာသာလှ လို ပြတ်သားရဲဝံ့သည့် ပါမောက္ခချုပ်မျိုးရှိခဲ့ပါက သည်ပိတ်ထားသည့် တံခါးပေါက်များ ပရဝဏ်တွင်းတွင် အပိုင်းပိုင်းအဖြတ်ဖြတ် ကာရံထားသည့် ခြံစည်းရိုးများ၊ အကာအရံများအားလုံးကို ပြုတ်ပြီးဖြုတ်ပြီးလောက်ပြီဟု ဆရာကြီး ဒေါက်တာသာလှ ကို လွမ်းတမိပါသည်။

ရည်းစားကိုပေးရန် ကံ့ကော်ပန်းခူးသည့် ကျောင်းသားကို ပန်းမခူးရဟု တားမြစ်ပြီး ဝယ်ပေးစေသည့် ဆရာကြီး ဒေါက်တာသာလှ၊ ကျောင်းသားများကို မြို့တော်ခန်းမရှေ့တွင် ကားအမိုးပေါ်တက် မတ်တတ်ရပ်လျက် တရားဟောခဲ့သည့် ဆရာကြီး ဒေါက်တာသာလှ လို ပုဂ္ဂိုလ်မျိုး ခေတ္တမျှပြန်လည်ရှင်သန်လာလျှင် အဘယ်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဟု လွမ်းတမိပါသည်။

သည်မျှ ပြီးပြည့်စုံသည့် ဝင်ပေါက်ထွက်ပေါက်များကို လမ်းကျယ်ချဲ့ လမ်းကောင်းကောင်းခင်းလျက် လမ်းဘေးဝဲယာတွင် ဇီဇဝါပန်း၊ စံပယ်ပန်း၊ ဇွန်ပန်း၊ မြတ်လေးပန်း စသည့် သက်တမ်းတိုအတွင်း ပွင့်ကြမည့် မြန်မာပန်းများကို စနစ်တကျစိုက်ပျိုးမည်ဆိုပါက ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံး ရာသီအလိုက်ဖူးပွင့်ကြမည့် မြန်မာပန်းများဖြင့် မွှေးရနံ့သင်းသည့် ရန်ကုန်တက္ကသိုလ်မြေ ဖြစ်လာပါမည်။

ကျောင်းသား ကျောင်းသူလေးများအတွက် လမ်းတိုလေးများရှိ အုတ်ခုံကို ခွာညိုခွာဖြူခွာဝါ ပန်း‌ပေါင်းမိုးများ စိုက်ပေးခြင်းဖြင့်  (ဥပမာ - ဝိဇ္ဇာခန်းမဘက်ခြမ်းသို့ ဘွဲ့နှင်းသဘင်ဘက်မှ ဆက်ထားသည့် လမ်းတိုလေးရှိ အုတ်ခုံများ) ရနံ့လည်းသင်း မျက်စိပသာဒလည်း ဖြစ်စေမည်သာမက၊ ရန်ကုန်သူ ရန်ကုန်သားတို့ မသိတော့သည့် မြန်မာပန်းမျိုးစုံကို ပြန်လည်အသက်သွင်းရာလည်းကျမည်ဖြစ်ပါသည်။ဤသို့ ငွေကုန်ကြေးကျနည်းပါးပြီး အမျိုးသားပန်းယဉ်ကျေးမှုကို ပြန်ဖော်ဆောင်ရာကျသည့် စီမံခန့်ခွဲမှုပြုလုပ်ပါက ပတ်လမ်းအတွက် လက်ရှိလျာထားသည့် ကျပ်သန်း ၁၄၁၉ ကို တခြားအကျိုးရှိရာရှိကြောင်း ပညာရေးဆိုင်ရာနေရာများတွင် သုံးစွဲနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် တက္ကသိုလ်ရာပြည့်အတွက် ဖော်ဆောင်မည့် ပတ်လမ်းကို အဘယ်ကြောင့် ကြိုတင်အသိပေး မချပြနိုင်ခဲ့ပါသနည်း။နိုင်ငံတော်လျှို့ဝှက်အဆင့် စီမံချက်များ ဖြစ်နေလေရော့သလား။သစ်ပင်အလစ်ဝင်ခုတ်၍ ကျောင်းသားများ ထအော်ရုံဖြင့် နောက်ဆုတ်ပေးလိုက်ပြန်ပါသည်။အဘယ်မျှ ရှက်ဖွယ်ကောင်းလှပါသနည်း။မိမိစမည့် အလုပ်ကို လူသိမခံရဲသည့်အဖြစ် လူမသိသူမသိ စပြန်ပါသော်လည်း ဆူညံပူညံသံထွက်လာပြန်တော့ တာဝန်ယူခေါင်းခံဖြေရှင်းပေးမည့် ဦးဆောင်ဦးစီး ထွက်မလာသည့်အဖြစ်ကား၊ တက္ကသိုလ်သက်တမ်းတလျောက် ပထမဆုံးအကြိမ် ကြုံရပေခြင်းလေများလား။

အနည်းငယ်မွမ်းမံလျှင် ပြီးပြည့်စုံမည့် ရန်ကုန်တက္ကသိုလ်အလှကို ဉာဏ်ကွန့်မြူးနိုင်မှု ကင်းပလျက် အရံသင့်ရှိပြီးသား တံခါးပေါက်များကို ပိတ်မြဲပိတ်ကာ ပတ်လမ်းဖောက်မည်ဆိုသည့် မဟာအစီအမံကိုလည်း အံ့ဩမိပါသည်။အင်္ဂလိပ်ကျွန်ဘဝတွင်ပင် လွတ်လပ်စွာဝင်ထွက်ခွင့်ရခဲ့သည့် တက္ကသိုလ်ပရဝဏ်အား ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်နှင့် မဆလအစိုးရခေတ်လက်ထက်အလွန် မည်သည့်အာဏာရှင်အစိုးရ၊ မည်သည့်ဒီမိုကရေစီအစိုးရ လက်ထက်တွင်မျှ အင်္ဂလိပ်စံချိန်မီ တံခါးပေါက်မဖွင့်ရဲသည့် ရွှေမြန်မာတို့အဖြစ်ကား ဒို့ခေတ်ရောက်မှ ညံ့ကုန်ကြပြီတကားဟုသာ ညည်းညူမိပါသည်။

ခင်နှင်းဦး
နို၀င်ဘာ - ၂၁

( Zawgyi )

၂၀၁၆ တြင္ အင္အယ္ဒီအစိုးရ တက္လာေသာအခါ ပညာေရးႏွင့္ပတ္သက္၍ ႀကီးမားေသာ ျပဳျပင္ေျပာင္းလဲမႈမ်ားကို အျမန္ဆုံးလုပ္ေဆာင္လိမ့္မည္ဟု လူထုကေမွ်ာ္လင့္ခဲ့ၾကပါသည္။တိုင္းျပည္၏ အဘက္ဘက္မွ ယိုယြင္းေနေသာ အေျခအေနမ်ားကို အတိုက္အခံပါတီဘဝျဖင့္ ကာလၾကာရွည္ ျမင္ေတြ႕သိရွိေနေသာ အင္အယ္လ္ဒီပါတီ အစိုးရသည္ ေျပာင္းလဲသင့္သည္မ်ားကိုျမန္ဆန္စြာ၊ အခ်ိန္ယူေျပာင္းလဲသင့္သည့္ အရာမ်ားအား အခ်ိန္ယူေျပာင္းလဲေပးလိမ့္မည္ဟု ထင္မွတ္ခဲ့ၾကပါသည္။

လက္ေတြ႕တြင္မူ အင္အယ္လ္ဒီအစိုးရ၏ လုပ္ငန္းစဥ္အမ်ားစု ေဖာ္ေဆာင္ပုံသည္ ေႏွးေကြးေလးလံလွပါသည္။ထို႔ျပင္ ပြင့္လင္းျမင္သာမႈ အားနည္းလွပါသည္။ရံဖန္ရံခါ အင္အယ္လ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕၊ အင္အယ္လ္ဒီပါတီမွ တာဝန္ရွိသူတခ်ိဳ႕ႏွင့္ ဆုံျဖစ္ပါက အစိုးရ၏ လုပ္ငန္းစဥ္မ်ား ေယဘုယ်အားျဖင့္ အဘယ္ေၾကာင့္ ပြင့္လင္းျမင္သာမႈလည္းမရွိ၊ လ်င္ျမန္သြက္လက္မႈလည္း မရွိရပါသနည္း ေမးမိလွ်င္၊ သူတို႔ထံမွ ျပန္ၾကားရသည့္အေျဖက တိက်ေရရာသည့္ အေျဖႏွင့္မတူဘဲ ဆင္ေျခေပးအေၾကာင္းျပသည့္ အေျဖမ်ားသာျဖစ္ၾကပါသည္။

ဥပမာ - ဝန္ႀကီးဌာနမ်ားတြင္ မိုးက်ေ႐ႊကိုယ္မ်ားက သူတို႔၏ အမာခံဝန္ထမ္းမ်ားႏွင့္ ခ်ိတ္ဆက္လ်က္ အစိုးရေနာက္ေက်ာကို ဓားႏွင့္ထိုးေနၾကသည္ဆိုသည့္ အေျဖမ်ိဳး၊ သတင္းေပါက္ၾကားမႈမ်ား ျဖစ္ေပၚမလာေစရန္ သတိထားေနရ၍ ပြင့္လင္းျမင္သာမႈ အားနည္းျခင္းျဖစ္သည္ဆိုသည့္ အေျဖမ်ိဳး၊ အင္အယ္လ္ဒီအစိုးရအား ဖ်က္လိုဖ်က္ဆီး လုပ္လိုသူမ်ားက ပညာေရးနယ္ပယ္ကို အဓိကေျခကုပ္ယူထား၍ ပညာေရးႏွင့္ ပတ္သက္လာလွ်င္ သတိထား၍ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ေနရသည္ဆိုသည့္ အေျဖမ်ိဳးကိုသာ ျပန္ေျဖတတ္ၾကပါသည္။ထိုမွ်မက အင္အယ္လ္ဒီအက်ိဳးကို လိုလားေဝဖန္သည့္ ေဆာင္းပါးမ်ားကို အင္အယ္လ္ဒီ၏ ေပ်ာ့ကြက္ဟာကြက္မ်ားအား ေစတနာျဖင့္ေထာက္ျပသည္ဟု မျမင္ဘဲ၊ အင္အယ္လ္ဒီကို တိုက္ခိုက္ေရးသားေနသည္ဟု ျမင္ေနၾကေၾကာင္း အံ့ဩဖြယ္ေတြ႕ရွိရပါသည္။

အတိုက္အခံပါတီ ဘဝတုန္းက အင္အယ္လ္ဒီပါတီ၏ တိုင္းျပည္ႏွင့္ လူထုအတြက္ ျပတ္ျပတ္သားသားေဆာင္႐ြက္ၾက ဆိုေသာ လူထုအလြန္အားထားခဲ့သည့္ ေဆာင္ပုဒ္သည္ပင္ ေလထဲတြင္ ေပ်ာက္ကြယ္ေလၿပီလားဟု ေတြးရသည့္ အျဖစ္မ်ိဳးမ်ားကိုလည္း ျမင္ေတြ႕လာရပါေတာ့သည္။ရဲရင့္ျပတ္သားစြာ ရင္ဆိုင္လုပ္ကိုင္ရဲသည့္ အစိုးရတာဝန္ရွိသူမ်ား၊ လိုအပ္ပါက အခ်ိန္ႏွင့္တေျပးညီ ျပည္သူကို ခ်ျပအသိေပးမႈ၊ မျဖစ္သင့္သည့္ သတင္းမွားထုတ္ျပန္ေပးမႈမ်ားအေပၚ အစိုးရ၏ လ်င္ျမန္သည့္ တုန႔္ျပန္ေဆာင္႐ြက္မႈ စသည္တို႔ကို မျမင္ေတြ႕ရသေလာက္ပင္ ျဖစ္လာပါသည္။

ရံဖန္ရံခါ အစိုးရ၏ ေဆာင္႐ြက္ႏိုင္မႈစြမ္းရည္ႏွင့္ ခိုင္မာျပတ္သားသည့္ ရပ္တည္မႈအားနည္းပုံမ်ားကို နားမလည္ႏိုင္ ျဖစ္ရသည္မ်ားလည္း ရွိလာပါသည္။အထင္ရွားဆုံးျဖစ္ရပ္ကား ႏွစ္တစ္ရာျပည့္ေတာ့မည့္ ရန္ကုန္တကၠသိုလ္အတြင္း ေဖာက္မည္ဆိုေသာ ပတ္လမ္းျပႆနာ ျဖစ္ပါသည္။ရန္ကုန္တကၠသိုလ္ ပရဝဏ္ကို အဂၤလိပ္တို႔က အလြန္စနစ္က်နစြာ ေဖာ္ေဆာင္ေပးထားခဲ့ပါသည္။ဘြဲ႕ႏွင္းသဘင္တည္ရွိရာဘက္ျခမ္းရွိ ရန္ကုန္တကၠသိုလ္ဝင္းထဲသို႔ ဝင္ထြက္ရန္ ပင္မဝင္ထြက္ေပါက္ ၁၀ ေပါက္ထက္မနည္း ေဖါက္လုပ္ေပးထားပါသည္။
တကၠသိုလ္ရိပ္သာလမ္းဘက္မွ အဓိပတိလမ္းသို႔ ဝင္ေပါက္ေဖာက္ေပးထားသည့္နည္းတူ၊ ဘြဲ႕ႏွင္းသဘင္ ေနာက္ဘက္တြင္ အင္းလ်ားလမ္းမွတဆင့္ တကၠသိုလ္ထဲသို႔ ဝင္ထြက္ႏိုင္သည့္ ဝင္ထြက္ေပါက္ ပါရွိပါသည္။

စစ္ကိုင္းလမ္း ဝင္ထြက္ေပါက္၊ အင္းလ်ားေဆာင္ေဘးမွ ဝင္ထြက္ေပါက္၊ ဂ်ပ္ဆင္ဘုရားရွိခိုးေက်ာင္း ဝင္ထြက္ေပါက္ႏွင့္အၿပိဳင္ သီရိေဆာင္ (အဂၤလိပ္ေခတ္အေခၚ  ဘင္တန္ေဆာင္) ဘက္ ဝင္ထြက္ေပါက္၊ ရမညေဆာင္၊ အမရေဆာင္၊ မာလာေဆာင္၊ ေတာင္ငူေဆာင္ဘက္သို႔ ျပည္လမ္းမွ ဝင္ထြက္ေပါက္၊ ပုဂံလမ္း ဝင္ထြက္ေပါက္၊ ေလွေလွာ္႐ြက္တိုက္အသင္းရွိရာ ေနရာႏွင့္ မ်က္ႏွာခ်င္းဆိုင္ ဝင္ထြက္ေပါက္၊ စီးပြားေရးတကၠသိုလ္သို႔ အင္းလ်ားလမ္းဘက္မွ မ်က္ႏွာစာဝင္ထြက္ေပါက္ႏွင့္ ျပည္လမ္းဘက္မွ ဝင္ထြက္ေပါက္၊ သထုံလမ္း ဝင္ထြက္ေပါက္ စသျဖင့္ ဝင္ထြက္ေပါက္ ၁၀ ေပါက္ေက်ာ္ ေဖာက္လုပ္ေပးထားပါသည္။စာေရးသူတို႔ တကၠသိုလ္ေက်ာင္းသူ ဘဝတေလ်ာက္လုံး အဆိုပါဝင္ထြက္ေပါက္အားလုံးကို ဖြင့္ေပးထားသည့္ အေနအထားျဖင့္ ေက်ာင္းတက္ခဲ့ရပါသည္။

တကၠသိုလ္ေဆး႐ုံရွိရာဘက္ျခမ္း တစ္ခုလုံးသည္လည္း ရန္ကုန္တကၠသိုလ္ပိုင္ေျမမ်ား ျဖစ္ၾကပါသည္။ရန္ကုန္တကၠသိုလ္ကို မဟာဌာနမ်ားျဖင့္ စုဖြဲ႕ထားသည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တကၠသိုလ္တစ္ခုအျဖစ္ အဂၤလိပ္အစိုးရက တည္ေထာင္ေပးခဲ့ပါသည္။မဟာဌာန (Faculty) မ်ားျဖင့္ စုဖြဲ႕ထားသည့္ ရန္ကုန္တကၠသိုလ္တြင္ ယခုစီးပြားေရးတကၠသိုလ္သည္ ယခင္က လူမႈေရးသိပၸံမဟာဌာန (Faculty of Social Science) ျဖစ္ပါသည္။တကၠသိုလ္ေဆး႐ုံတည္ရွိရာဘက္ျခမ္းတြင္ တကၠသိုလ္ေဆး႐ုံ၊ တကၠသိုလ္စာတိုက္၊ တကၠသိုလ္စာအုပ္ဆိုင္၊ ေရကူးကန္၊ တင္းနစ္႐ိုက္ကြင္း၊ တကၠသိုလ္ပုံႏွိပ္တိုက္၊ ပညာေရးမဟာဌာန၊ ေဆးသိပၸံမဟာဌာန၊ အင္ဂ်င္နီယာသိပၸံမဟာဌာန စသည္တို႔ ပါဝင္ဖြဲ႕စည္ေပးထားပါသည္။အဆိုပါ ရန္ကုန္တကၠသိုလ္ နယ္ေျမတစ္ခုလုံးကို ျပည္လမ္း၊ တကၠသိုလ္ရိပ္သာလမ္းႏွင့္ အင္းလ်ားလမ္းတို႔က ဝန္းပတ္ထားပါသည္။ဘြဲ႕ႏွင္းသဘင္ရွိရာဘက္ျခမ္းမွ တကၠသိုလ္ေဆး႐ုံရွိရာဘက္ျခမ္းသို႔ လူ၊ ေမာ္ေတာ္ကား စသည္တို႔ ကူးရန္အလို႔ငွာ တကၠသိုလ္ရိပ္သာလမ္းကို ကန႔္လန႔္ျဖတ္သြားလာႏိုင္သည့္ သထုံလမ္း ဝင္ထြက္ေပါက္၊ ပုဂံလမ္း ဝင္ထြက္ေပါက္ႏွင့္ စာတိုက္ေရွ႕ ဝင္ထြက္ေပါက္၊ တကၠသိုလ္စာအုပ္ဆိုင္ေရွ႕ ဝင္ထြက္ေပါက္ (၄) ေပါက္ ထည့္သြင္းေပးထားပါသည္။ဤဝင္ထြက္ေပါက္မ်ားအျပင္ တျခားဝင္ထြက္ေပါက္မ်ား ရွိပါေသးသည္။အတိုေျပာရလွ်င္ တကၠသိုလ္ထဲသို႔ အခ်ိန္တိုအတြင္း လြယ္ကူစြာဝင္ထြက္သြားလာနိင္ေစရန္ ဝင္ထြက္၍ရေသာ တံခါးေပါက္မ်ားစြာကို စနစ္တက်ေဖာက္ေပးထားပါသည္။ရာမညေပါက္ႏွင့္ အမရေပါက္ဆိုလွ်င္ ခဲတပစ္မွ်သာေဝးပါသည္။တျခား ဝင္ေပါက္ ထြက္ေပါက္မ်ားလည္း ထိုနည္းတူနီးစပ္ၾကပါသည္။တေမွ်ာ္တေခၚ လမ္းမေလွ်ာက္ရေစရန္၊ ကားျဖင့္ ေမာင္းမဝင္ရေစရန္ စီမံေပးထားပါသည္။

ထိုမွ်မ်ားျပားေသာ ဝင္ထြက္ေပါက္မ်ားကို အဂၤလိပ္ေခတ္မွ ၁၉၈၈ မတိုင္မီထိ ေန႔ေန႔ညည ဖြင့္ေပးထားခဲ့ပါသည္။၁၉၈၈ အေရးေတာ္ပုံအၿပီးတြင္ အဓိပတိလမ္း ဝင္ထြက္ေပါက္ တစ္ခုတည္းကိုသာ ဖြင့္ေပးထားၿပီး ထိုဝင္ထြက္ေပါက္ကိုပင္ တပ္ဂိတ္ေပါက္ တံခါးဝမ်ားကဲ့သို႔ ေမာင္းတံမ်ားတပ္ဆင္လ်က္ တစ္ျခမ္းသာဖြင့္ေပးသည့္ အေနအထားျဖင့္ ႏွစ္အတန္ၾကာ ရန္ကုန္တကၠသိုလ္ ေထာင္ခ်ခံခဲ့ရပါသည္။ယခုလက္ရွိတြင္ အဓိပတိလမ္း၊ ဂ်ပ္ဆင္ေပါက္ ၂ေပါက္၊ စီးပြားေရးတကၠသိုလ္ အင္းလ်ားဘက္ ဝင္ထြက္ေပါက္၊ ပုဂံလမ္းေပါက္ ၄ ေပါက္သာ ဖြင့္ေပးထားၿပီး က်န္တံခါးေပါက္အားလုံး သံႀကိဳးတန္းလန္း ခ်ည္ေႏွာင္ခံေနရဆဲျဖစ္ပါသည္။

အခ်ိန္ကုန္သက္သာစြာ လြယ္ကူစြာဝင္ထြက္သြားလာႏိုင္ေစရန္ လုပ္ေပးခဲ့သည့္ အဂၤလိပ္တို႔ကို မ်က္ႏွာပူခ်င္စရာ လူထုတင္ေျမႇာက္သည့္ လူထုအစိုးရေခတ္တြင္ပင္ တကၠသိုလ္တံခါးေပါက္အားလုံးကို မဖြင့္ရဲသည့္ ျမန္မာတို႔အျဖစ္ကား ဒို႔ေခတ္ေရာက္မွ ညံ့ၾကၿပီလား ေမးခြန္းထုတ္ခ်င္စရာ ျဖစ္လာပါသည္။၂၀၁၆ အစိုးရသစ္လက္ထက္တြင္ ေဒါက္တာသာလွ လို ျပတ္သားရဲဝံ့သည့္ ပါေမာကၡခ်ဳပ္မ်ိဳးရွိခဲ့ပါက သည္ပိတ္ထားသည့္ တံခါးေပါက္မ်ား ပရဝဏ္တြင္းတြင္ အပိုင္းပိုင္းအျဖတ္ျဖတ္ ကာရံထားသည့္ ၿခံစည္း႐ိုးမ်ား၊ အကာအရံမ်ားအားလုံးကို ျပဳတ္ၿပီးျဖဳတ္ၿပီးေလာက္ၿပီဟု ဆရာႀကီး ေဒါက္တာသာလွ ကို လြမ္းတမိပါသည္။

ရည္းစားကိုေပးရန္ ကံ့ေကာ္ပန္းခူးသည့္ ေက်ာင္းသားကို ပန္းမခူးရဟု တားျမစ္ၿပီး ဝယ္ေပးေစသည့္ ဆရာႀကီး ေဒါက္တာသာလွ၊ ေက်ာင္းသားမ်ားကို ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ကားအမိုးေပၚတက္ မတ္တတ္ရပ္လ်က္ တရားေဟာခဲ့သည့္ ဆရာႀကီး ေဒါက္တာသာလွ လို ပုဂၢိဳလ္မ်ိဳး ေခတၱမွ်ျပန္လည္ရွင္သန္လာလွ်င္ အဘယ္သို႔ ကိုင္တြယ္ေျဖရွင္းမည္နည္းဟု လြမ္းတမိပါသည္။

သည္မွ် ၿပီးျပည့္စုံသည့္ ဝင္ေပါက္ထြက္ေပါက္မ်ားကို လမ္းက်ယ္ခ်ဲ႕ လမ္းေကာင္းေကာင္းခင္းလ်က္ လမ္းေဘးဝဲယာတြင္ ဇီဇဝါပန္း၊ စံပယ္ပန္း၊ ဇြန္ပန္း၊ ျမတ္ေလးပန္း စသည့္ သက္တမ္းတိုအတြင္း ပြင့္ၾကမည့္ ျမန္မာပန္းမ်ားကို စနစ္တက်စိုက္ပ်ိဳးမည္ဆိုပါက ၂၀၂၀ ျပည့္ႏွစ္ တစ္ႏွစ္လုံး ရာသီအလိုက္ဖူးပြင့္ၾကမည့္ ျမန္မာပန္းမ်ားျဖင့္ ေမႊးရနံ႔သင္းသည့္ ရန္ကုန္တကၠသိုလ္ေျမ ျဖစ္လာပါမည္။

ေက်ာင္းသား ေက်ာင္းသူေလးမ်ားအတြက္ လမ္းတိုေလးမ်ားရွိ အုတ္ခုံကို ခြာညိဳခြာျဖဴခြာဝါ ပန္း‌ေပါင္းမိုးမ်ား စိုက္ေပးျခင္းျဖင့္  (ဥပမာ - ဝိဇၨာခန္းမဘက္ျခမ္းသို႔ ဘြဲ႕ႏွင္းသဘင္ဘက္မွ ဆက္ထားသည့္ လမ္းတိုေလးရွိ အုတ္ခုံမ်ား) ရနံ႔လည္းသင္း မ်က္စိပသာဒလည္း ျဖစ္ေစမည္သာမက၊ ရန္ကုန္သူ ရန္ကုန္သားတို႔ မသိေတာ့သည့္ ျမန္မာပန္းမ်ိဳးစုံကို ျပန္လည္အသက္သြင္းရာလည္းက်မည္ျဖစ္ပါသည္။ဤသို႔ ေငြကုန္ေၾကးက်နည္းပါးၿပီး အမ်ိဳးသားပန္းယဥ္ေက်းမႈကို ျပန္ေဖာ္ေဆာင္ရာက်သည့္ စီမံခန႔္ခြဲမႈျပဳလုပ္ပါက ပတ္လမ္းအတြက္ လက္ရွိလ်ာထားသည့္ က်ပ္သန္း ၁၄၁၉ ကို တျခားအက်ိဳးရွိရာရွိေၾကာင္း ပညာေရးဆိုင္ရာေနရာမ်ားတြင္ သုံးစြဲႏိုင္မည္ျဖစ္ပါသည္။

ထို႔ျပင္ တကၠသိုလ္ရာျပည့္အတြက္ ေဖာ္ေဆာင္မည့္ ပတ္လမ္းကို အဘယ္ေၾကာင့္ ႀကိဳတင္အသိေပး မခ်ျပႏိုင္ခဲ့ပါသနည္း။ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အဆင့္ စီမံခ်က္မ်ား ျဖစ္ေနေလေရာ့သလား။သစ္ပင္အလစ္ဝင္ခုတ္၍ ေက်ာင္းသားမ်ား ထေအာ္႐ုံျဖင့္ ေနာက္ဆုတ္ေပးလိုက္ျပန္ပါသည္။အဘယ္မွ် ရွက္ဖြယ္ေကာင္းလွပါသနည္း။မိမိစမည့္ အလုပ္ကို လူသိမခံရဲသည့္အျဖစ္ လူမသိသူမသိ စျပန္ပါေသာ္လည္း ဆူညံပူညံသံထြက္လာျပန္ေတာ့ တာဝန္ယူေခါင္းခံေျဖရွင္းေပးမည့္ ဦးေဆာင္ဦးစီး ထြက္မလာသည့္အျဖစ္ကား၊ တကၠသိုလ္သက္တမ္းတေလ်ာက္ ပထမဆုံးအႀကိမ္ ႀကဳံရေပျခင္းေလမ်ားလား။

အနည္းငယ္မြမ္းမံလွ်င္ ၿပီးျပည့္စုံမည့္ ရန္ကုန္တကၠသိုလ္အလွကို ဉာဏ္ကြန႔္ျမဴးႏိုင္မႈ ကင္းပလ်က္ အရံသင့္ရွိၿပီးသား တံခါးေပါက္မ်ားကို ပိတ္ၿမဲပိတ္ကာ ပတ္လမ္းေဖာက္မည္ဆိုသည့္ မဟာအစီအမံကိုလည္း အံ့ဩမိပါသည္။အဂၤလိပ္ကြၽန္ဘဝတြင္ပင္ လြတ္လပ္စြာဝင္ထြက္ခြင့္ရခဲ့သည့္ တကၠသိုလ္ပရဝဏ္အား ဖဆပလေခတ္၊ ေတာ္လွန္ေရးေကာင္စီေခတ္ႏွင့္ မဆလအစိုးရေခတ္လက္ထက္အလြန္ မည္သည့္အာဏာရွင္အစိုးရ၊ မည္သည့္ဒီမိုကေရစီအစိုးရ လက္ထက္တြင္မွ် အဂၤလိပ္စံခ်ိန္မီ တံခါးေပါက္မဖြင့္ရဲသည့္ ေ႐ႊျမန္မာတို႔အျဖစ္ကား ဒို႔ေခတ္ေရာက္မွ ညံ့ကုန္ၾကၿပီတကားဟုသာ ညည္းညဴမိပါသည္။

ခင္ႏွင္းဦး
ႏို၀င္ဘာ - ၂၁