【 ဆောင်းပါး 】 “ထပ်ဖန်တလဲလဲ သစ်ပင်စိုက်ကြမလား”

【 ဆောင်းပါး 】 “ထပ်ဖန်တလဲလဲ သစ်ပင်စိုက်ကြမလား”

ယခုနှစ် နွေရဲ့အပူဒဏ်က အတော်လေးကို သိသာစေခဲ့ပါတယ်။တခြားနေရာထားဦး ရန်ကုန်လို နေရာမှာတောင် အပူချိန်က ယခင်ကစံချိန်ကို တစ်ပတ်ထဲ နှစ်ခါတိတိ စံချိန်ချိုးခဲ့ပါတယ်။ဒါဟာ အပူဒဏ်နဲ့ပတ်သက်ရင် ပူတုန်းသာအော်ပြီး မိုးလာတာနဲ့ မေ့မေ့ပျောက်ပျောက်ရှိတတ်တဲ့ မြန်မာတွေအတွက် ပြင်းပြင်းထန်ထန် သဘာဝက သတိပေးခြင်းပါဘဲ။

ဒီနွေမှာ လူတွေအတွက် ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ပင်တွေမရှိတာကို သတိထားမိသလို သစ်ပင်တန်ဖိုးကိုလည်း သတိထားမိခဲ့ကြပါတယ်။အထက်အညာမှာ လမ်းချဲ့ဖို့ နှစ်ရာကျော် သစ်ပင်ကြီးတွေကို ရွှေဉာဏ်တော်စူးရောက်ပြီး ခုတ်လှဲဖို့ကြံတာကို ပြည်သူတွေက အသိမြန်ပြီး တားလို့ အပင်တွေ မဆုံးရှုံးခဲ့ပါဘူး။ဒါကိုကြည့်ရင် အာဏာပိုင်တွေ အသိဉာဏ်ထဲ သစ်ပင်တန်ဖိုးကို မသိတာလား၊ ဒါမှမဟုတ် လတ်တလော အဆင်ပြေဖို့ကိုသာ ရှေးရှုပြီး နောင်ဘာဖြစ်ဖြစ်ဆိုတဲ့ ယခင်အစိုးရအဆက်ဆက် တာဝန်ရှိသူတွေလို အသိဉာဏ်ခေါင်းပါးမှုက ရှိနေဆဲလားဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။

ဘာပဲလုပ်လုပ် လက်ပူတိုက်တာ၊ နီးမှထလုပ်တာက အတော်လေးကို ဆိုးဝါးတဲ့ လုပ်ဆောင်မှုတွေပါ။မိုးရာသီရောက်မှ မြောင်းဆယ်တာ၊ နွေရာက်မှ သစ်ပင်စိုက်ဖို့ သတိရတာ ဒါတွေဟာ မဖြစ်သင့်တဲ့ အရာတွေပါဘဲ။အရပ်သားအစိုးရ လက်ထက်မှာ ပြည်သူတွေ မျှော်လင့်ထားတဲ့အထဲမှာ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုကို ဂရုစိုက်မယ်လို့ ထင်ထားတာပါ။အထူးသဖြင့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ ရေကြီးမှုက ကမ္ဘာကျော်ပါဘဲ။ကလေးမြို့ဝင် မုခ်ဦးတောင် မြုပ်ခဲ့ရတဲ့ ရေကြီးမှုရဲ့ အဓိကအကြောင်းက ရေကိုထိန်းပေးနိုင်မယ့် သစ်တောတွေ ရခိုင်ရိုးမနဲ့ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တောင်တွေမှာ နည်းပါးခေါင်းတီးကုန်လို့ပဲ ဖြစ်ပါတယ်။ဒါဟာ ယခင်စစ်အစိုးရလက်ထက် တက်ညီလက်ညီ သစ်ခုတ်တာတွေကြောင့်ပါဘဲ။

ကမ္ဘာတစ်ဝန်း သဘာဝဘေးအန္တရာယ် ကြုံရတာတွေကို အစဉ်တစ်စိုက် လေ့လာမှတ်တမ်းတင် သတိပေးနေတဲ့ GERMAN WATCH အဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နှစ် (၂၀) အတွင်း သဘာဝဘေးအန္တရာယ် အများဆုံးကြုံခဲ့ရတဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို နံပါတ် ၂ နေရာမှာထားပြီး ဖော်ပြခဲ့ပါတယ်။

ကမ္ဘာပေါ်ရှိ သစ်တောများမှ နှစ်စဉ် စတုရန်းမီတာ နှစ်သောင်းမှ သုံးသောင်းအထိ ပျက်စီးနေသလို မြန်မာနိုင်ငံမှာလည်း နှစ်စဉ် သစ်တောဧက ကိုးသိန်းကျော် ပျက်စီးနေတယ် ဆိုပါတယ်။သစ်တောများ ပြုန်းတီးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနေရသည့် အဆိုးရွားဆုံး (၁ဝ) နိုင်ငံ စာရင်းမှာလဲ မြန်မာနိုင်ငံက  ဒုတိယနေရာမှာ ရှိနေပါတယ်။သစ်တောပြုန်းတီးမှုဒဏ်ကို မြစ်ကြီးများလည်း ခံနေရသလို ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာ သောင်ဖွေးဖွေးနှင့် မြစ်ကောလာတာကို တဖြည်းဖြည်းတွေ့လာရပါတယ်။ဒါဟာ ဧရာဝတီ ရေဝေရေလဲဒေသ သစ်တောများ ပြုန်းတီးမှုရဲ့ လက္ခဏာတစ်ရပ်ပါ။လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ မြစ်ကြီး ၁၁ မြစ်ကိုသာ (Monitaring) လုပ်နိုင်သေးပြီး မြစ်တိုင်းကိုတော့ တိုင်းတာမှုတွေ မလုပ်နိုင်သေးပါဘူး။သည့်အတွက် မိုးသည်းထန်စွာ ရွာသွန်းမယ်ဆိုပါက ရေကြီး ရေလျှံနဲ့ မြေပြိုမှုတွေ ရှိနိုင်သေးပါတယ်။မြစ်ကြမ်းပြင်က သစ်တောတွေ ပြုန်းတီးမှုကြောင့် မြင့်တက်လာသလို ပင်လယ်သမုဒ္ဒရာဘက်မှာလည်း ကမ္ဘာ့အပူချိန် မြင့်တက်မှုတွေကြာင့် အန္တာတိကနဲ့ အာတိဘက်က ရေခဲတွေ အရည်ပျော်မှု မြန်ဆန်လာလို့  ရေမျက်နှာပြင် မြင့်တက်လာခဲ့တဲ့အတွက် ပင်လယ်ကမ်းစပ်နဲ့ ထိစပ်နေတဲ့ မြို့ကြီးတွေနဲ့ ကျွန်းတွေ ပင်လယ်ရေအောက် ရောက်မယ့်ဘေးကလည်း ရှိနေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း လက်အောက်ရှိ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ သုတေသီများ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တော် အခြေစိုက် (IPCC) အဖွဲ့အစည်းကတော့ ကမ္ဘာ့မြို့ပြကြီးတွေမှာ ရေကြီးရေလျှံမှု တစ်နှစ်ထက်တစ်နှစ် အကြိမ်ရေစိပ်လာဖွယ်ရှိနေတယ်လို့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ဒီထဲမှာ ဘန်ကောက်နဲ့ ဒါကာအပြင် ရန်ကုန်လည်း ပါနေပါတယ်။

ယနေ့မျက်မှောက်ခေတ်မှာ ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေပြိုခြင်း စတဲ့ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးဆိုး အန္တရာယ်တွေ အမြဲလိုလို ရင်ဆိုင်နေကြရသလို နှစ်စဉ်နှစ်တိုင်း အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကလည်း တစ်နှစ်ထက်တစ်နှစ် တိုးတိုးလာပါတယ်။
သစ်တောသစ်ပင်မရှိခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်တဲ့ဘေးက အတော်လေးကို သိသာပါတယ်။ဒီလိုပျက်ကွက်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို ကြည့်မယ်ဆိုရင်  ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ဖားကန့် တောင်ပြိုတာတွေက ထင်ရှားတဲ့ သာဓကတွေပါဘဲ။  

ကမောက်ကမ ရာသီဥတုနှင့် သဘာဝလွန်ဖြစ်ရပ်များကို ထိန်းသိမ်းရန်မှာ လူသားတို့လုပ်နိုင်သည့် အရာဆို၍ သစ်ပင်စိုက်ပျိုးခြင်း တစ်မျိုးတည်းသာ ရှိပါသည်။စာရင်းများအရ ၂ဝ၁၅ ခုနှစ် မတ်လအထိ အစုအဖွဲ့ပိုင် သစ်တော ၂ဝ၄၇၁ဝ ဒသမ ၄၁ ဧက ရှိပြီး၂ဝ၁၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများအတွင်း တစ်နိုင်ငံလုံးတွင် အပင်ပေါင်း ၃၅ဝဝဝဝ ခန့်ကို စိုက်ပျိုးခဲ့ပါတယ်။သစ်ပင်စိုက်ပျိုးမှုနှင့် ပတ်သက်၍ နှစ်စဉ် မြန်မာနိုင်ငံတွင် မိုးရာသီရောက်ရှိတိုင်း နိုင်ငံတစ်ဝန်း သစ်ပင်များ အပြိုင်အဆိုင် စိုက်ပျိုးနေမှုကို မီဒီယာများတွင် ဝေဆာစွာဖော်ပြလေ့ရှိရာမှာ သစ်ပင်စိုက်ပျိုးရာတွင် စိုက်ပျိုးတဲ့ အရေအတွက်ကိုသာ ထုတ်ပြန်လေ့ရှိကြပြီး နှစ်စဉ်ရှင်သန်မှု အပင်အရေအတွက်ကိုမူ မည်သည့်ဌာန၊ ဒေသကမျှ ထုတ်ပြန်လေ့မရှိပေ။နှစ်စဉ်စိုက်ပျိုးထားသည့် သစ်ပင်များ အမှန်တကယ်သာ ရှင်သန်ခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံရဲ့ သစ်တောဧရိယာ သိသာစွာ တိုးတက်လာမှာမလွဲပင်။သို့သော် လက်တွေ့တွင်မူ သည်လိုမဟုတ်။မြန်မာနိုင်ငံတွင် စိုက်သည်ထက် အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးရသည့် သစ်ပင်အရေအတွက်က ပိုပြီးများများလာပါတယ်။ဒါဟာ မူဝါဒပိုင်းမှာ  ခိုင်မာမှုမရှိတာဖြစ်သလို ပြည်သူတစ်ဦးချင်းစီမှာလည်း သစ်တောသစ်ပင်ကို ချစ်ခင်တန်ဖိုးထားသည့်စိတ် မရှိတာကို ပြသ သလိုပင်။

မြန်မာနိုင်ငံမှာက သစ်ပင်ချိန်ဆို သစ်ပင်၊ အမှိုက်ချိန်ဆို အမှိုက်၊ ရေအကူဆို ရေကူကြ၊ ရေဘေးဆို ရေဘေးကယ်ကြ ဆိုသည့် ရေပေါ်ဆီ NGO အဖွဲ့တွေက မြန်မာနိုင်ငံမှာ ဒင်းကြမ်း။လတ်တလော အဖြစ်များသည့် ဖြစ်ရပ်တွေမှာ ကူဖို့ကယ်ဖို့ဖွဲ့ကြ၊ နောက်အလှူခံကြ၊ နောက်တော့ အမှန်တကယ်ရည်ရွယ်တဲ့သူဆီ ရောက်လား မရောက်လားဆိုတာ မသိရ။အဲဒီအလှူခံတဲ့ အဖွဲ့ဝင်တွေသာ ဘဝအခြေခိုင်သွားတာက မြန်မာပြည်မှာ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာ။ယခုလဲ သစ်တောသစ်ပင်စိုက်ဖို့က အရေးတကြီး လိုအပ်သည့်အရာ ဖြစ်လာပြီ။သစ်ခုတ်တဲ့သူတွေက သစ်ပင်စိုက်တဲ့သူတွေအဖြစ် အသွင်ပြောင်းလာတာကို မြင်နေရပြီ။လက်ကျန်သစ်တွေကို အပြောင်ရှင်းဖို့လား။သစ်ပင်စိုက်မည့် မြေနေရာတွေကို အပိုင်စီးဖို့လား၊ တကယ်ဘဲ သစ်ပင်တွေ စိုက်ဖို့လား။ဘယ်အရာလဲဆိုတာ ဘယ်သူမှ ဒီအသွင်ပြောင်း အဖွဲ့တွေရဲ့ စိတ်ရင်းကို မသိနိုင်။

သစ်တောသစ်ပင် မြတ်နိုးသူတစ်ဦး ပြောသလို ပြောရလျှင် “မစိုက်လျှင်နေ မခုတ်ပါနှင့်” ဆိုသလို သစ်ပင်မစိုက်ဘဲ ရေခံမြေခံကြောင့် ဖြစ်ထွန်းလာသည့် သစ်ပင်တွေကို မခုတ်မတူးမဆွဘဲ သူ့အလိုလို ပစ်ထားလျှင်တောင် လေးငါးဆယ်နှစ်ကြာလျှင် တောထတတ်သည့် မြန်မာနိုင်ငံမှာ သစ်တောပြုန်း တောင်ကတုံးဖြစ်ရသည်အထိ သစ်တောသစ်ပင် ကာကွယ်မှု အားနည်းလွန်းသည်။သစ်တောဆိုင်ရာ ဥပဒေက ဥပေဒအတိုင်းသာ။အပြင်ကိုမရောက်။ ဟိုးအဝေးကိုမပြောနှင့်။အစိုးရရုံးစိုက်ရာ နေပြည်တော်လို နေရာနှင့်နီးသည့် နေရာမှာတောင် သစ်ခိုးထုတ်တာတွေ၊ သစ်ခိုးခုတ်တာတွေကို မတားဆီးနိုင်သေး။အတော်ပင် စိတ်ပျက်အားလျော့ဖွယ်ရာ။ဒါ့အပြင် သစ်တောသစ်ပင် ပြန်ဖြည့်ဖို့ဆိုတိုင်း မိုးတစ်ခါရောက်တိုင်း လုပ်စားကိုင်စား သစ်ပင်စိုက်ပွဲတွေက ဒုနဲ့ဒေး။ဒီက ပျိုးပင်ပေါက်ကို နူတ်၊ ဟိုမှာစိုက်၊ ဒီအတိုင်းပစ်ထား။ပျိုးပင်ပေါက်ရောင်းတဲ့ဆိုင်တွေ မစိုက်ဘဲ ငှားနေတာနှင့်ပင် အတော်လေးစီးပွားဖြစ်လာကြတာ နှစ်တွေမနည်း။
နောင်လဲ ဒီလိုဘဲ သစ်ပင်ငှား စိုက်ပွဲတော်တွေ မြင်တွေ့ရဦးမည်။

မြစ်တွေကော၊ သောင်တွေပြို၊ ကမ်းပါးတွေပြို၊ ရေတွေကြီး ဖြစ်တုန်းခဏသာ ပူကြပန်ကြ။လုပ်စားကြ။ပြီးတော့ အရင်တိုင်း..။

“အဟောသုခံ ကောင်းလေစွ” လို့ဘဲ ပြောရလေမလား။

ဖြိုးဝေလှ
ဇွန် - ၂၀

( Zawgyi )

ယခုႏွစ္ ေႏြရဲ႕အပူဒဏ္က အေတာ္ေလးကို သိသာေစခဲ့ပါတယ္။တျခားေနရာထားဦး ရန္ကုန္လို ေနရာမွာေတာင္ အပူခ်ိန္က ယခင္ကစံခ်ိန္ကို တစ္ပတ္ထဲ ႏွစ္ခါတိတိ စံခ်ိန္ခ်ိဳးခဲ့ပါတယ္။ဒါဟာ အပူဒဏ္နဲ႔ပတ္သက္ရင္ ပူတုန္းသာေအာ္ၿပီး မိုးလာတာနဲ႔ ေမ့ေမ့ေပ်ာက္ေပ်ာက္ရွိတတ္တဲ့ ျမန္မာေတြအတြက္ ျပင္းျပင္းထန္ထန္ သဘာဝက သတိေပးျခင္းပါဘဲ။

ဒီေႏြမွာ လူေတြအတြက္ ကိုယ့္ပတ္ဝန္းက်င္မွာ သစ္ပင္ေတြမရွိတာကို သတိထားမိသလို သစ္ပင္တန္ဖိုးကိုလည္း သတိထားမိခဲ့ၾကပါတယ္။အထက္အညာမွာ လမ္းခ်ဲ႕ဖို႔ ႏွစ္ရာေက်ာ္ သစ္ပင္ႀကီးေတြကို ေ႐ႊဉာဏ္ေတာ္စူးေရာက္ၿပီး ခုတ္လွဲဖို႔ႀကံတာကို ျပည္သူေတြက အသိျမန္ၿပီး တားလို႔ အပင္ေတြ မဆုံးရႈံးခဲ့ပါဘူး။ဒါကိုၾကည့္ရင္ အာဏာပိုင္ေတြ အသိဉာဏ္ထဲ သစ္ပင္တန္ဖိုးကို မသိတာလား၊ ဒါမွမဟုတ္ လတ္တေလာ အဆင္ေျပဖို႔ကိုသာ ေရွးရႈၿပီး ေနာင္ဘာျဖစ္ျဖစ္ဆိုတဲ့ ယခင္အစိုးရအဆက္ဆက္ တာဝန္ရွိသူေတြလို အသိဉာဏ္ေခါင္းပါးမႈက ရွိေနဆဲလားဆိုတာ စဥ္းစားစရာ ျဖစ္လာခဲ့ပါတယ္။

ဘာပဲလုပ္လုပ္ လက္ပူတိုက္တာ၊ နီးမွထလုပ္တာက အေတာ္ေလးကို ဆိုးဝါးတဲ့ လုပ္ေဆာင္မႈေတြပါ။မိုးရာသီေရာက္မွ ေျမာင္းဆယ္တာ၊ ေႏြရာက္မွ သစ္ပင္စိုက္ဖို႔ သတိရတာ ဒါေတြဟာ မျဖစ္သင့္တဲ့ အရာေတြပါဘဲ။အရပ္သားအစိုးရ လက္ထက္မွာ ျပည္သူေတြ ေမွ်ာ္လင့္ထားတဲ့အထဲမွာ သဘာဝပတ္ဝန္းက်င္ ယိုယြင္းမႈကို ဂ႐ုစိုက္မယ္လို႔ ထင္ထားတာပါ။အထူးသျဖင့္ ၂၀၁၅ ခုႏွစ္မွာ ျဖစ္ခဲ့တဲ့ ျမန္မာႏိုင္ငံ ေရႀကီးမႈက ကမာၻေက်ာ္ပါဘဲ။ကေလးၿမိဳ႕ဝင္ မုခ္ဦးေတာင္ ျမဳပ္ခဲ့ရတဲ့ ေရႀကီးမႈရဲ႕ အဓိကအေၾကာင္းက ေရကိုထိန္းေပးႏိုင္မယ့္ သစ္ေတာေတြ ရခိုင္႐ိုးမနဲ႔ ခ်င္းတြင္းျမစ္ေၾကာင္းတစ္ေလွ်ာက္ ေတာင္ေတြမွာ နည္းပါးေခါင္းတီးကုန္လို႔ပဲ ျဖစ္ပါတယ္။ဒါဟာ ယခင္စစ္အစိုးရလက္ထက္ တက္ညီလက္ညီ သစ္ခုတ္တာေတြေၾကာင့္ပါဘဲ။

ကမာၻတစ္ဝန္း သဘာဝေဘးအႏၲရာယ္ ႀကဳံရတာေတြကို အစဥ္တစ္စိုက္ ေလ့လာမွတ္တမ္းတင္ သတိေပးေနတဲ့ GERMAN WATCH အဖြဲ႕က ၁၉၉၅ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္အထိ ႏွစ္ (၂၀) အတြင္း သဘာဝေဘးအႏၲရာယ္ အမ်ားဆုံးႀကဳံခဲ့ရတဲ့ ႏိုင္ငံမ်ားစာရင္းမွာ ျမန္မာႏိုင္ငံကို နံပါတ္ ၂ ေနရာမွာထားၿပီး ေဖာ္ျပခဲ့ပါတယ္။

ကမာၻေပၚရွိ သစ္ေတာမ်ားမွ ႏွစ္စဥ္ စတုရန္းမီတာ ႏွစ္ေသာင္းမွ သုံးေသာင္းအထိ ပ်က္စီးေနသလို ျမန္မာႏိုင္ငံမွာလည္း ႏွစ္စဥ္ သစ္ေတာဧက ကိုးသိန္းေက်ာ္ ပ်က္စီးေနတယ္ ဆိုပါတယ္။သစ္ေတာမ်ား ျပဳန္းတီးလာမႈေၾကာင့္ ရာသီဥတုေျပာင္းလဲမႈဒဏ္ ခံေနရသည့္ အဆိုး႐ြားဆုံး (၁ဝ) ႏိုင္ငံ စာရင္းမွာလဲ ျမန္မာႏိုင္ငံက  ဒုတိယေနရာမွာ ရွိေနပါတယ္။သစ္ေတာျပဳန္းတီးမႈဒဏ္ကို ျမစ္ႀကီးမ်ားလည္း ခံေနရသလို ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္မွာ ေသာင္ေဖြးေဖြးႏွင့္ ျမစ္ေကာလာတာကို တျဖည္းျဖည္းေတြ႕လာရပါတယ္။ဒါဟာ ဧရာဝတီ ေရေဝေရလဲေဒသ သစ္ေတာမ်ား ျပဳန္းတီးမႈရဲ႕ လကၡဏာတစ္ရပ္ပါ။လက္ရွိမွာလည္း ျမန္မာႏိုင္ငံရဲ႕ ျမစ္ႀကီး ၁၁ ျမစ္ကိုသာ (Monitaring) လုပ္ႏိုင္ေသးၿပီး ျမစ္တိုင္းကိုေတာ့ တိုင္းတာမႈေတြ မလုပ္ႏိုင္ေသးပါဘူး။သည့္အတြက္ မိုးသည္းထန္စြာ ႐ြာသြန္းမယ္ဆိုပါက ေရႀကီး ေရလွ်ံနဲ႔ ေျမၿပိဳမႈေတြ ရွိႏိုင္ေသးပါတယ္။ျမစ္ၾကမ္းျပင္က သစ္ေတာေတြ ျပဳန္းတီးမႈေၾကာင့္ ျမင့္တက္လာသလို ပင္လယ္သမုဒၵရာဘက္မွာလည္း ကမာၻ႔အပူခ်ိန္ ျမင့္တက္မႈေတြၾကာင့္ အႏၲာတိကနဲ႔ အာတိဘက္က ေရခဲေတြ အရည္ေပ်ာ္မႈ ျမန္ဆန္လာလို႔  ေရမ်က္ႏွာျပင္ ျမင့္တက္လာခဲ့တဲ့အတြက္ ပင္လယ္ကမ္းစပ္နဲ႔ ထိစပ္ေနတဲ့ ၿမိဳ႕ႀကီးေတြနဲ႔ ကြၽန္းေတြ ပင္လယ္ေရေအာက္ ေရာက္မယ့္ေဘးကလည္း ရွိေနပါတယ္။

ကမာၻ႔ကုလသမဂၢ အဖြဲ႕အစည္း လက္ေအာက္ရွိ ရာသီဥတုေဖာက္ျပန္မႈဆိုင္ရာ သုေတသီမ်ား အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕ေတာ္ အေျခစိုက္ (IPCC) အဖြဲ႕အစည္းကေတာ့ ကမာၻ႔ၿမိဳ႕ျပႀကီးေတြမွာ ေရႀကီးေရလွ်ံမႈ တစ္ႏွစ္ထက္တစ္ႏွစ္ အႀကိမ္ေရစိပ္လာဖြယ္ရွိေနတယ္လို႔္ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ဒီထဲမွာ ဘန္ေကာက္နဲ႔ ဒါကာအျပင္ ရန္ကုန္လည္း ပါေနပါတယ္။

ယေန႔မ်က္ေမွာက္ေခတ္မွာ ရာသီဥတုေဖာက္ျပန္ျခင္း၊ မိုးေခါင္ျခင္း၊ ေရႀကီးျခင္း၊ မုန္တိုင္းမ်ားက်ေရာက္ျခင္း၊ ေတာမီးေလာင္ကြၽမ္းျခင္း၊ ေျမၿပိဳျခင္း စတဲ့ မေမွ်ာ္မွန္းႏိုင္တဲ့ သဘာဝေဘးဆိုး အႏၲရာယ္ေတြ အၿမဲလိုလို ရင္ဆိုင္ေနၾကရသလို ႏွစ္စဥ္ႏွစ္တိုင္း အသက္အိုးအိမ္စည္းစိမ္ ဆုံးရႈံးမႈကလည္း တစ္ႏွစ္ထက္တစ္ႏွစ္ တိုးတိုးလာပါတယ္။
သစ္ေတာသစ္ပင္မရွိျခင္း၊ ထိန္းသိမ္းေစာင့္ေရွာက္ရန္ ပ်က္ကြက္ျခင္းေၾကာင့္ ျဖစ္တဲ့ေဘးက အေတာ္ေလးကို သိသာပါတယ္။ဒီလိုပ်က္ကြက္ျခင္းေၾကာင့္ ျဖစ္လာတဲ့ အက်ိဳးဆက္ကို ၾကည့္မယ္ဆိုရင္  ၂၀၀၈ နာဂစ္မုန္တိုင္းနဲ႔ ဖားကန႔္ ေတာင္ၿပိဳတာေတြက ထင္ရွားတဲ့ သာဓကေတြပါဘဲ။  

ကေမာက္ကမ ရာသီဥတုႏွင့္ သဘာဝလြန္ျဖစ္ရပ္မ်ားကို ထိန္းသိမ္းရန္မွာ လူသားတို႔လုပ္ႏိုင္သည့္ အရာဆို၍ သစ္ပင္စိုက္ပ်ိဳးျခင္း တစ္မ်ိဳးတည္းသာ ရွိပါသည္။စာရင္းမ်ားအရ ၂ဝ၁၅ ခုႏွစ္ မတ္လအထိ အစုအဖြဲ႕ပိုင္ သစ္ေတာ ၂ဝ၄၇၁ဝ ဒသမ ၄၁ ဧက ရွိၿပီး၂ဝ၁၆ ခုႏွစ္ မိုးရာသီ သစ္ပင္စိုက္ပ်ိဳးပြဲမ်ားအတြင္း တစ္ႏိုင္ငံလုံးတြင္ အပင္ေပါင္း ၃၅ဝဝဝဝ ခန႔္ကို စိုက္ပ်ိဳးခဲ့ပါတယ္။သစ္ပင္စိုက္ပ်ိဳးမႈႏွင့္ ပတ္သက္၍ ႏွစ္စဥ္ ျမန္မာႏိုင္ငံတြင္ မိုးရာသီေရာက္ရွိတိုင္း ႏိုင္ငံတစ္ဝန္း သစ္ပင္မ်ား အၿပိဳင္အဆိုင္ စိုက္ပ်ိဳးေနမႈကို မီဒီယာမ်ားတြင္ ေဝဆာစြာေဖာ္ျပေလ့ရွိရာမွာ သစ္ပင္စိုက္ပ်ိဳးရာတြင္ စိုက္ပ်ိဳးတဲ့ အေရအတြက္ကိုသာ ထုတ္ျပန္ေလ့ရွိၾကၿပီး ႏွစ္စဥ္ရွင္သန္မႈ အပင္အေရအတြက္ကိုမူ မည္သည့္ဌာန၊ ေဒသကမွ် ထုတ္ျပန္ေလ့မရွိေပ။ႏွစ္စဥ္စိုက္ပ်ိဳးထားသည့္ သစ္ပင္မ်ား အမွန္တကယ္သာ ရွင္သန္ခဲ့မည္ဆိုလွ်င္ ျမန္မာႏိုင္ငံရဲ႕ သစ္ေတာဧရိယာ သိသာစြာ တိုးတက္လာမွာမလြဲပင္။သို႔ေသာ္ လက္ေတြ႕တြင္မူ သည္လိုမဟုတ္။ျမန္မာႏိုင္ငံတြင္ စိုက္သည္ထက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပဳန္းတီးရသည့္ သစ္ပင္အေရအတြက္က ပိုၿပီးမ်ားမ်ားလာပါတယ္။ဒါဟာ မူဝါဒပိုင္းမွာ  ခိုင္မာမႈမရွိတာျဖစ္သလို ျပည္သူတစ္ဦးခ်င္းစီမွာလည္း သစ္ေတာသစ္ပင္ကို ခ်စ္ခင္တန္ဖိုးထားသည့္စိတ္ မရွိတာကို ျပသ သလိုပင္။

ျမန္မာႏိုင္ငံမွာက သစ္ပင္ခ်ိန္ဆို သစ္ပင္၊ အမႈိက္ခ်ိန္ဆို အမႈိက္၊ ေရအကူဆို ေရကူၾက၊ ေရေဘးဆို ေရေဘးကယ္ၾက ဆိုသည့္ ေရေပၚဆီ NGO အဖြဲ႕ေတြက ျမန္မာႏိုင္ငံမွာ ဒင္းၾကမ္း။လတ္တေလာ အျဖစ္မ်ားသည့္ ျဖစ္ရပ္ေတြမွာ ကူဖို႔ကယ္ဖို႔ဖြဲ႕ၾက၊ ေနာက္အလႉခံၾက၊ ေနာက္ေတာ့ အမွန္တကယ္ရည္႐ြယ္တဲ့သူဆီ ေရာက္လား မေရာက္လားဆိုတာ မသိရ။အဲဒီအလႉခံတဲ့ အဖြဲ႕ဝင္ေတြသာ ဘဝအေျခခိုင္သြားတာက ျမန္မာျပည္မွာ ျဖစ္႐ိုးျဖစ္စဥ္ဓမၼတာ။ယခုလဲ သစ္ေတာသစ္ပင္စိုက္ဖို႔က အေရးတႀကီး လိုအပ္သည့္အရာ ျဖစ္လာၿပီ။သစ္ခုတ္တဲ့သူေတြက သစ္ပင္စိုက္တဲ့သူေတြအျဖစ္ အသြင္ေျပာင္းလာတာကို ျမင္ေနရၿပီ။လက္က်န္သစ္ေတြကို အေျပာင္ရွင္းဖို႔လား။သစ္ပင္စိုက္မည့္ ေျမေနရာေတြကို အပိုင္စီးဖို႔လား၊ တကယ္ဘဲ သစ္ပင္ေတြ စိုက္ဖို႔လား။ဘယ္အရာလဲဆိုတာ ဘယ္သူမွ ဒီအသြင္ေျပာင္း အဖြဲ႕ေတြရဲ႕ စိတ္ရင္းကို မသိႏိုင္။

သစ္ေတာသစ္ပင္ ျမတ္ႏိုးသူတစ္ဦး ေျပာသလို ေျပာရလွ်င္ “မစိုက္လွ်င္ေန မခုတ္ပါႏွင့္” ဆိုသလို သစ္ပင္မစိုက္ဘဲ ေရခံေျမခံေၾကာင့္ ျဖစ္ထြန္းလာသည့္ သစ္ပင္ေတြကို မခုတ္မတူးမဆြဘဲ သူ႔အလိုလို ပစ္ထားလွ်င္ေတာင္ ေလးငါးဆယ္ႏွစ္ၾကာလွ်င္ ေတာထတတ္သည့္ ျမန္မာႏိုင္ငံမွာ သစ္ေတာျပဳန္း ေတာင္ကတုံးျဖစ္ရသည္အထိ သစ္ေတာသစ္ပင္ ကာကြယ္မႈ အားနည္းလြန္းသည္။သစ္ေတာဆိုင္ရာ ဥပေဒက ဥေပဒအတိုင္းသာ။အျပင္ကိုမေရာက္။ ဟိုးအေဝးကိုမေျပာႏွင့္။အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္လို ေနရာႏွင့္နီးသည့္ ေနရာမွာေတာင္ သစ္ခိုးထုတ္တာေတြ၊ သစ္ခိုးခုတ္တာေတြကို မတားဆီးႏိုင္ေသး။အေတာ္ပင္ စိတ္ပ်က္အားေလ်ာ့ဖြယ္ရာ။ဒါ့အျပင္ သစ္ေတာသစ္ပင္ ျပန္ျဖည့္ဖို႔ဆိုတိုင္း မိုးတစ္ခါေရာက္တိုင္း လုပ္စားကိုင္စား သစ္ပင္စိုက္ပြဲေတြက ဒုနဲ႔ေဒး။ဒီက ပ်ိဳးပင္ေပါက္ကို ႏူတ္၊ ဟိုမွာစိုက္၊ ဒီအတိုင္းပစ္ထား။ပ်ိဳးပင္ေပါက္ေရာင္းတဲ့ဆိုင္ေတြ မစိုက္ဘဲ ငွားေနတာႏွင့္ပင္ အေတာ္ေလးစီးပြားျဖစ္လာၾကတာ ႏွစ္ေတြမနည္း။
ေနာင္လဲ ဒီလိုဘဲ သစ္ပင္ငွား စိုက္ပြဲေတာ္ေတြ ျမင္ေတြ႕ရဦးမည္။

ျမစ္ေတြေကာ၊ ေသာင္ေတြၿပိဳ၊ ကမ္းပါးေတြၿပိဳ၊ ေရေတြႀကီး ျဖစ္တုန္းခဏသာ ပူၾကပန္ၾက။လုပ္စားၾက။ၿပီးေတာ့ အရင္တိုင္း..။

“အေဟာသုခံ ေကာင္းေလစြ” လို႔ဘဲ ေျပာရေလမလား။

ၿဖိဳးေဝလွ
ဇြန္ - ၂၀