【 ဆောင်းပါး 】 “စိတ်သစ်လူသစ် အတွေးသစ်”

【 ဆောင်းပါး 】 “စိတ်သစ်လူသစ် အတွေးသစ်”

နှစ်သစ်လည်းကူးပြီ။ယခုနှစ်သြင်္ကန်က အရင်နှစ်တွေလို ရန်ကုန်မှာ သေပျောက်တာတွေ သိပ်မများတော့သော်လည်း စိတ်ပျက်စရာ အဖြစ်တွေကို သြင်္ကန်ကာလမှာ ဒုနဲ့ဒေးတွေ့ခဲ့ရသည်။

ထုံးစံအတိုင်း နှစ်သစ်ကိုပျော်ကြာသည် မှန်သော်လည်း ရပ်ထဲရွာထဲ ယခင်ကထက် အရက်သေစာ ရောင်းချသောက်စားမှုနှုန်းက ကြောက်ခမန်းလိလိ တက်လာခြင်းပင်ဖြစ်သည်။

အိမ်နားတွင်နေသူက သြင်္ကန်ကာလအတွင်း လမ်းထိပ်တွင် အကင်ဆိုင်ဖွင့်သည်။တစ်ကယ်တော့ ဒိုင်လျှိူလေးဖြင့် အရက်ပုန်းရောင်းခြင်းပင်။လာသောက်တဲ့သူတွေက ကိုယ့်အစီအစဉ်ဖြင့် ယူလာလျှင်မတား၊ မပါလျှင် ဈေးတင်ပြီးရောင်းသည်။ဘီယာတစ်လုံး ဘယ်လောက်ဆိုပြီး။သြင်္ကန်ကာလပြီးတော့ ထိုရောင်းရငွေက ဈေးထဲ ဖွင့်ထားသည့် အသုတ်ဆိုင်၏ တစ်လစာအမြတ်ထက်တောင် ပိုသေးသည်ဆိုဘဲ။အရက်သောက်သူထဲ အများစုက ယေင်္ကျားလေးတွေ ဖြစ်သော်လည်း မိန်းကလေးအရေအတွက် တဖြေးဖြေး ဆတူဖြစ်လာနေပြီဟု ဆိုသည်။နှစ်ဆန်းတစ်ရက် ဘုရားသွားရင်း တက္ကစီဆရာက သြင်္ကန်ကာလအတွင်း သူကြုံခဲ့ရတာကိုပြောသည်။

ကားပေါ်တက်လာသည့် အမျိုးသမီးငယ်နှစ်ဦးက အရက်မူးနေကာ အင်းစိန်ဘက်သို့ လိုက်ပို့ခိုင်းသည်။လမ်းတွင် ဘီယာဆိုင်ရှေ့ ခဏရပ်ခိုင်းကာ ဘီယာဝင်သောက်သည် ဆိုသတဲ့။ကျွန်တော်က နားမရှင်းသဖြင့် အမျိုးသားလား အမျိုးသမီးလားဟု ပြန်မေးရသည်။အမျိုးသမီးဆိုတော့ ကျွန်တော့်မှာ ရင်ဘတ်သာ ဖိမိတော့သည်။ကျွန်တော်တို့ ငယ်စဉ် လူပျိုပေါက်ဘဝက အရက်ကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် သောက်သလို ယခုခေတ် အမျိုးသမီးတွေလည်း  သောက်နေကြတာ အံသြစရာ။

သြင်္ကန်မှာ စိတ်ကျဖွယ်တွေက အများကြီး။လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်မှာ နယ်ဘက် သိပ်တော့ဝေးသည်မဟုတ်။ပဲခူးဘက်က အုတ်တွင်းမြို့မှာ ရေကစားသည့် ၁၆ နှစ်အရွယ် သမီးကို ဖအေက ဝါရင်းတုတ်ဖြင့် ဆုံးမရင်း လက်လွန်ကာ သေသွားတဲ့ သတင်းနဲ့ စစ်ကိုင်းဘက်က အင်းတော်နဘားမှာ အစ်ကိုဖြစ်သူကို ညီဖြစ်သူက မူးကာ ဓားနဲ့ထိုးသတ်ပြီးမှ ငိုနေတဲ့ပုံတွေက ဒီသြင်္ကန်မှာ အတော်လေးကို စိတ်ဆင်းရဲစရာတွေ ဖြစ်သည်။သြင်္ကန်နှင့် အရက်က တွဲလာသည်။ယခင်ကတော့ သြင်္ကန်ဆိုသည်မှာ ကုသိုလ်နှင့် တွဲသည်။

သြင်္ကန်ကာလဆိုသည်မှာ ရပ်ဝေးတွင် သွားရောက်လုပ်ကိုင်နေသည့် မိသားစုဝင်တွေ ပြန်ဆုံသည့်နေ့ဖြစ်သလို ကိုယ်ရပ်ကိုယ်ရွာသို့ပြန်ကာ ဆွေမျိုးတွေ ပြန်ဆုံကြ၊ အလှူအတန်းတွေ လုပ်ကြသည့် အချိန်အခါဖြစ်သည်။ရပ်ထဲရွာထဲ ပျော်စရာဓလေ့ဖြစ်သလို ယခုလို သွပ်မိုးတွေ ဖောဖောသီသီ မမိုးနိုင်သည့် အချိန်အခါတုန်းက ယခုလို သြင်္ကန်အချိန်အခါကိုစောင့်ကာ သက်ကယ်မိုးကြ၊ ရပ်ထဲရွာထဲ စတုဒီသာကျွေးကြ၊ တစ်ပိုင်တစ်နိုင် လှူကြတန်းကြဖြင့် နှစ်သစ်ကို ကောင်းသောစိတ် ကောင်းသောအပြုအမူဖြင့် သြင်္ကန်ကာလကို ဖြတ်သန်းကြသည်။ဒါက မြန်မာတိုင်းရင်းသားတိုင်း၏ နဂိုမူလအခံစိတ် ဖြစ်သည်။သို့သော် နောက်ပိုင်းတော့ ပုံစံတွေပြောင်းလာသည်။သြင်္ကန်ဆိုတာ ရိုးရာဟန်ကနေ လုပ်ချင်ရာလုပ်ကြသည့် သြင်္ကန်ဖြစ်လာသည်။
သြင်္ကန်မဏ္ဍပ်စင်တွေပေါ် မူးယစ်ဆေးဝါးသုံးကာ အသိလွတ်ပြီး နေချင်သလိုနေကြ၊ မူးကြရူးကြတာတွေ ဖြစ်လာသည်။ဘယ်သူ့သား၊ ဘယ်သူ့သမီး ဆိုတာတွေ ပါလာပြီး ဘယ်သူမှ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ကာ မိမဆုံးမ ဖမဆုံးမတွေ မိမနိုင် ဖမနိုင်တွေ ပျော်ကြသည့် သြင်္ကန်ဖြစ်လာသည်။ဘယ်လောင်တောင်လဲဆိုလျှင် ရပ်ထဲရွာထဲ ယမကာသြင်္ကန်ကို ကျင်းပကြသည့်အထိ စည်းလွတ်ဝါးလွတ် ဖြစ်လာသည်။သာမန်အေးအေးချမ်းချမ်းနေသူတွေ သြင်္ကန်ကာလကို ကျီးလန့်စာစား ဘဝဖြင့် အိမ်ထဲတံခါးပိတ်ကာ ဘုရားတနေရသည့် သြင်္ကန်တွေ ဆယ်စုနှစ်တစ်ခုစာကျော်ကျော်အထိ ဖြစ်ထွန်းခဲ့သည်။နှစ်သစ်ကို ဘုရားတပြီး ကျော်ဖြတ်ရသည့် နှစ်သစ်က ဘယ်မှာလာပြီး ကောင်းပါမည်နည်း။ဒီလိုနှစ်တွေ များလာသလို အယုတ်တရား ထွန်းကားသည့် နှစ်တွေမှာ လူတွေက ယုတ်နိုင်မှ လူရာဝင်သည့်ခေတ် ဖြစ်ထွန်းလာသည်။စာသင်သွားရာ မြို့သစ်တွေဆို သြင်္ကန်ကာလအပြီးတွင် ကြားရလေ့ရှိသည်က ဘယ်သူ ဆေးရုံမှာ၊ ဘယ်သူက အချုပ်ထဲမှာ၊ ဘယ်သူက ဓားထိုးခံရလို့၊ ဘယ်သူကတော့ ဘယ်သူတွေနဲ့ ရန်ဖြစ်လို့ လက်သည်မပေါ်ဘဲသေတာ စသဖြင့် မကောင်းသည့် သတင်းတွေဘဲ ကြားရသည်။ကောင်းသည့် သတင်းဖြင့် နှစ်သစ်ကို စသည်မရှိ။မကောင်းတာနှင့်သာ နှစ်သစ်ကို စလေ့ရှိတော့ ဘာမှအကောင်းဖြစ်ထွန်းတာမရှိ။

မြန်မာတိုင်းက အတိတ်နိမိတ်ကို ယုံကြည်သည်။မကောင်းသောစကား၊ မကောင်းသောအလုပ်ကို မင်္ဂလာယူသော အချိန်အခါမှာ လုပ်လေ့လုပ်ထမရှိကြ။ရှေးမြန်မာတွေက နှစ်သစ်တွင် ငွေမထွက်ရန် နှစ်ဆန်းတစ်ရက်တွင် ဘာမှမဝယ်ဘဲ ဒီမတိုင်ခင်ကတည်းက ဝယ်ကြခြမ်းကြ စုဆောင်းထားကြသည်။နှစ်သစ်တွင် ပေးကမ်းစွန့်ကြဲကြ၊ လှူကြတန်းကြဖြင့် နောင်လာမည့် နှစ်သစ်တွင် တစ်နှစ်တာလုံး လှူနိုင်တန်းနိုင်အောင် နမိတ်သဘောယူကြသည်။ယခုတော့ နှစ်သစ်ကတည်းက မကောင်းစကားဖြင့် စရသည့် ခေတ်ပျက်ကာလအတွင်း မကောင်းတာတွေ ထွန်းကားတာ ဘာမှတော့မထူးဆန်း။နေချင်သလိုနေ၊ လုပ်ချင်သလိုလုပ်၊ ထိန်းရမယ့်သူကလည်း မူးရူးနေကြသည့် ဘာတစ်ခုမှ သုံးစားလို့မရသည့် သြင်္ကန်ကာလတွေ၊ မြန်မာနှစ်သစ် ကာလတွေကို မြန်မာတွေ ဆယ်စုနှစ် နှစ်စုခန့် ဖြတ်ခဲ့ရဖူးပြီ ဖြစ်သည်။

ယခုနှစ်သြင်္ကန်လည်း အရပ်သားအစိုးရက တဖြေးဖြေးပြောင်းသည် မှန်သော်လည်း ယမကာသြင်္ကန် ဖြစ်နေတာကိုတော့ ပြင်လို့တားလို့ရသည့်ဟန်တော့ မတွေ့ရ။ဘာကြောင့်ဆို လမ်းလျှောက်သြင်္ကန် ကျင်းပရာ အနားတစ်ဝိုက်၊ သြင်္ကန်ကားပေါ်၊ ရပ်ထဲရွာထဲ အရက်ဆိုတာ ဒင်းကြမ်း။ဘယ်သူမှ ဖမ်းပုံလည်းရပုံမထင်။မူးမူးရူးရူးနှင့် အင်းလျားကန်ဘောင်ပေါ် အလှဆင်မိုးထားသည့် ထီးတွေကို တက်ဖြုတ်ကြ၊ ခိုးကြသည်အထိ သြင်္ကန်ကာလမှာ လူတွေရဲ့ စာရိတ္တရေချိန်က အဆိုးဆုံး အောက်ဆုံးမှတ်ထိ ရောက်ခဲ့သည်။

ထိုနေ့က ကျွန်တော့်လမ်းထဲမှ  သြင်္ကန်ရေကစားထွက်သူတချို့လက်ထဲ ပြန်လာတော့ ပုသိမ်ထီး သေးသေးလေးတွေ ပါလာတာ တွေ့ရသည်။နောက်တော့  လူမှုကွန်ရက်မှာ ထီးသူခိုးတွေအကြောင်း ပျံ့နှံ့လာသည်။ရပ်ထဲရွာထဲက ထီးခိုးလာသူတွေကတော့ အရှက်ဘဲမရှိတာလား၊ ရှက်စရာမဟုတ်ဘူးလို့ဘဲ ထင်သလားတော့ မသိ။အုန်းလက်မဏ္ဍပ်မှာ ထိုထီးကိုချိတ်ပြီး တဟီးဟီးတဟားဟားဖြင့်။ပျော်စရာတစ်ခုလို။ဒါက အစုံလိုက် အပြုံလိုက် ကိုယ်ကျင့်တရား ပျက်ပြားခြင်းပင်ဖြစ်သည်။ဒီလိုလူတွေ ဘယ်လောက်များနေပြီလဲ၊ လူတန်းစားအလွှာစုံမှာ ဘယ်လောက်တောင် အချောင်စိတ်တွေ များနေပြီလဲဆိုတာကို ထိုဖြစ်ရပ်က ပြလိုက်ချင်းပင်ဖြစ်သည်။နှစ်သစ်ကို သူခိုးတွေဆိုသော တံဆိပ်ဖြင့် အကပ်ခံရပြီး ဖြတ်သန်းခံရသော လူငယ်လူရွယ်တွေအတွက် လောလောဆယ် ပျော်စရာလို့ ထင်သူလည်းရှိမည်။ဒါမှမဟုတ် လူမှုကွန်ရက်ပေါ် တက်လာပြီး အရှက်ရနေသူတွေလည်း ရှိမည်ဖြစ်သည်။သို့သော် တစ်ချိန် အသက်အရွယ်ရလာလို့ သားတွေ သမီးတွေ ရလာသည့်အခါ ကိုယ့်သားသမီးကို တခြားသူတွေက နင့်အဖေနင့်အမေက ထီးသူခိုးတွေဟု လှောင်ပြောင်လာသည့်အခါ ယခုလို ဟီးဟီးဟားဟားဖြင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ချင်မိသည်။ဒါက ကိုယ့်အပြုအမူလေးတစ်ခု ဘယ်သူမှမသိနိုင်ဘူးဟု အထင်ဖြင့် လုပ်လိုက်သည့် ဖြစ်ရပ်ကြောင့် ဖြစ်လာသည့် ဆိုးကျိုးပင်။

လူတွေက နှစ်တစ်ခု စသည့်အခါ နှစ်သစ်ကူးသည့်အခါ ကောင်းသောစကား၊ ကောင်းသော အလုပ်အကိုင် အကြံအစည်ဖြင့်သာ နှစ်တစ်ခုကို စချင်သည်။မကောင်းသော အလုပ်အကိုင် အကြံအစည်ကို နှစ်ဟောင်းတွင် ထားခဲ့ချင်သည်။သို့သော် တစ်ကယ်ဖြစ်နေတာက စိတ်ကူးကြတာနှင့် ပြောင်းပြန်။စိတ်လွတ်ကိုယ်လွတ် တစ်နှစ်လုံး ထိန်းချုပ်ထားသမျှကို လွှတ်ပေးကြသည်။ဒီထဲမှာ ကိုယ်ကျင့်တရား၊ ဟိရိသြတပ္ပစာရိတ္တ၊ အမျိုးဂုဏ် စသည်တွေ ပါသွားသည်။ဒါတွေပါလို့ ပါမှန်းမသိသူတွေလည်းရှိသည်။ဒါတွေနှင့် နှစ်သစ်ကို ကူးမည်ဆိုသောအခါမှ အဖတ်ဆယ်လို့မရအောင် ပျက်ခဲ့သော စာရိတ္တတွေ၊ ကိုယ်ကျင့်တရား၊ ဟိရိသြတပ္ပတရား ပျက်ပြားမှုတွေကြောင့် ဘယ်လိုမှ နှစ်သစ်က အကောင်းဖြင့်စမရတော့။

မြန်မာစကားမှာ “ အစကောင်းမှ အနှောင်းသေချာ” ဆိုသည့် စကားပုံရှိသည်။တစ်နှစ်လုံး လုပ်ချင်ရာလုပ်သည်ဖြစ်စေ နှစ်ကုန်ခါနီးမှ လုပ်ချင်ရာလုပ်သည်ဖြစ်စေ အပြစ်က အပြစ်၊ မကောင်းမှုက မကောင်းမှုပင် ဖြစ်သည်။ဒီအတွက် နှစ်သစ်မှာ အစကောင်းစေဖို့ မင်္ဂလာရှိအောင် တွေးခေါ်ကြံစည်ကြ၊ လုပ်ကြကိုင်ကြဖြင့် နှစ်သစ်ကို အစပျိုးကြခြင်းပင်။ကောင်းတာလုပ်ရင် ကောင်းတာဖြစ်သည် ဆိုသည့်အတိုင်း စောင့်ထိန်းသင့်သည့် အရာတွေကို စောင့်ထိန်းမှ ကောင်းတာဖြစ်မည်။ထိုထဲ စာရိတ္တ၊ ကိုယ်ကျင့်တရား၊ ဟိရိသြတပ္ပတရားတွေက မရှိမဖြစ်စောင့်ထိန်းမည့် တရားတွေ ဖြစ်သည်။

နှစ်သစ်ကို လူသစ်၊ စိတ်သစ်၊ အတွေးသစ်ဖြင့် သွားမည်ဆို နှစ်ဟောင်းက အကျင့်ဆိုး၊ အကျင့်ယုတ်၊ အကျင့်တန်သည့် အပြုအမူများ၊ အချောင်စိတ်ဓာတ်တွေကို ခွာချထားခဲ့မှ ဖြစ်ပေမည်။

မောင်ဦးလွင်
ဧပြီ - ၁၈

( Zawgyi )

ႏွစ္သစ္လည္းကူးၿပီ။ယခုႏွစ္ၾသကၤန္က အရင္ႏွစ္ေတြလို ရန္ကုန္မွာ ေသေပ်ာက္တာေတြ သိပ္မမ်ားေတာ့ေသာ္လည္း စိတ္ပ်က္စရာ အျဖစ္ေတြကို ၾသကၤန္ကာလမွာ ဒုနဲ႔ေဒးေတြ႕ခဲ့ရသည္။

ထုံးစံအတိုင္း ႏွစ္သစ္ကိုေပ်ာ္ၾကာသည္ မွန္ေသာ္လည္း ရပ္ထဲ႐ြာထဲ ယခင္ကထက္ အရက္ေသစာ ေရာင္းခ်ေသာက္စားမႈႏႈန္းက ေၾကာက္ခမန္းလိလိ တက္လာျခင္းပင္ျဖစ္သည္။

အိမ္နားတြင္ေနသူက ၾသကၤန္ကာလအတြင္း လမ္းထိပ္တြင္ အကင္ဆိုင္ဖြင့္သည္။တစ္ကယ္ေတာ့ ဒိုင္လွ်ိဴေလးျဖင့္ အရက္ပုန္းေရာင္းျခင္းပင္။လာေသာက္တဲ့သူေတြက ကိုယ့္အစီအစဥ္ျဖင့္ ယူလာလွ်င္မတား၊ မပါလွ်င္ ေဈးတင္ၿပီးေရာင္းသည္။ဘီယာတစ္လုံး ဘယ္ေလာက္ဆိုၿပီး။ၾသကၤန္ကာလၿပီးေတာ့ ထိုေရာင္းရေငြက ေဈးထဲ ဖြင့္ထားသည့္ အသုတ္ဆိုင္၏ တစ္လစာအျမတ္ထက္ေတာင္ ပိုေသးသည္ဆိုဘဲ။အရက္ေသာက္သူထဲ အမ်ားစုက ေယက်ၤားေလးေတြ ျဖစ္ေသာ္လည္း မိန္းကေလးအေရအတြက္ တေျဖးေျဖး ဆတူျဖစ္လာေနၿပီဟု ဆိုသည္။ႏွစ္ဆန္းတစ္ရက္ ဘုရားသြားရင္း တကၠစီဆရာက ၾသကၤန္ကာလအတြင္း သူႀကဳံခဲ့ရတာကိုေျပာသည္။

ကားေပၚတက္လာသည့္ အမ်ိဳးသမီးငယ္ႏွစ္ဦးက အရက္မူးေနကာ အင္းစိန္ဘက္သို႔ လိုက္ပို႔ခိုင္းသည္။လမ္းတြင္ ဘီယာဆိုင္ေရွ႕ ခဏရပ္ခိုင္းကာ ဘီယာဝင္ေသာက္သည္ ဆိုသတဲ့။ကြၽန္ေတာ္က နားမရွင္းသျဖင့္ အမ်ိဳးသားလား အမ်ိဳးသမီးလားဟု ျပန္ေမးရသည္။အမ်ိဳးသမီးဆိုေတာ့ ကြၽန္ေတာ့္မွာ ရင္ဘတ္သာ ဖိမိေတာ့သည္။ကြၽန္ေတာ္တို႔ ငယ္စဥ္ လူပ်ိဳေပါက္ဘဝက အရက္ကို တစ္ဆိုင္ဝင္ တစ္ဆိုင္ထြက္ ေသာက္သလို ယခုေခတ္ အမ်ိဳးသမီးေတြလည္း  ေသာက္ေနၾကတာ အံၾသစရာ။

ၾသကၤန္မွာ စိတ္က်ဖြယ္ေတြက အမ်ားႀကီး။လူမႈကြန္ရက္ျဖစ္သည့္ ေဖ့စ္ဘြတ္ခ္မွာ နယ္ဘက္ သိပ္ေတာ့ေဝးသည္မဟုတ္။ပဲခူးဘက္က အုတ္တြင္းၿမိဳ႕မွာ ေရကစားသည့္ ၁၆ ႏွစ္အ႐ြယ္ သမီးကို ဖေအက ဝါရင္းတုတ္ျဖင့္ ဆုံးမရင္း လက္လြန္ကာ ေသသြားတဲ့ သတင္းနဲ႔ စစ္ကိုင္းဘက္က အင္းေတာ္နဘားမွာ အစ္ကိုျဖစ္သူကို ညီျဖစ္သူက မူးကာ ဓားနဲ႔ထိုးသတ္ၿပီးမွ ငိုေနတဲ့ပုံေတြက ဒီၾသကၤန္မွာ အေတာ္ေလးကို စိတ္ဆင္းရဲစရာေတြ ျဖစ္သည္။ၾသကၤန္ႏွင့္ အရက္က တြဲလာသည္။ယခင္ကေတာ့ ၾသကၤန္ဆိုသည္မွာ ကုသိုလ္ႏွင့္ တြဲသည္။

ၾသကၤန္ကာလဆိုသည္မွာ ရပ္ေဝးတြင္ သြားေရာက္လုပ္ကိုင္ေနသည့္ မိသားစုဝင္ေတြ ျပန္ဆုံသည့္ေန႔ျဖစ္သလို ကိုယ္ရပ္ကိုယ္႐ြာသို႔ျပန္ကာ ေဆြမ်ိဳးေတြ ျပန္ဆုံၾက၊ အလႉအတန္းေတြ လုပ္ၾကသည့္ အခ်ိန္အခါျဖစ္သည္။ရပ္ထဲ႐ြာထဲ ေပ်ာ္စရာဓေလ့ျဖစ္သလို ယခုလို သြပ္မိုးေတြ ေဖာေဖာသီသီ မမိုးႏိုင္သည့္ အခ်ိန္အခါတုန္းက ယခုလို ၾသကၤန္အခ်ိန္အခါကိုေစာင့္ကာ သက္ကယ္မိုးၾက၊ ရပ္ထဲ႐ြာထဲ စတုဒီသာေကြၽးၾက၊ တစ္ပိုင္တစ္ႏိုင္ လႉၾကတန္းၾကျဖင့္ ႏွစ္သစ္ကို ေကာင္းေသာစိတ္ ေကာင္းေသာအျပဳအမူျဖင့္ ၾသကၤန္ကာလကို ျဖတ္သန္းၾကသည္။ဒါက ျမန္မာတိုင္းရင္းသားတိုင္း၏ နဂိုမူလအခံစိတ္ ျဖစ္သည္။သို႔ေသာ္ ေနာက္ပိုင္းေတာ့ ပုံစံေတြေျပာင္းလာသည္။ၾသကၤန္ဆိုတာ ႐ိုးရာဟန္ကေန လုပ္ခ်င္ရာလုပ္ၾကသည့္ ၾသကၤန္ျဖစ္လာသည္။
ၾသကၤန္မ႑ပ္စင္ေတြေပၚ မူးယစ္ေဆးဝါးသုံးကာ အသိလြတ္ၿပီး ေနခ်င္သလိုေနၾက၊ မူးၾက႐ူးၾကတာေတြ ျဖစ္လာသည္။ဘယ္သူ႔သား၊ ဘယ္သူ႔သမီး ဆိုတာေတြ ပါလာၿပီး ဘယ္သူမွ မထိန္းႏိုင္မသိမ္းႏိုင္ျဖစ္ကာ မိမဆုံးမ ဖမဆုံးမေတြ မိမႏိုင္ ဖမႏိုင္ေတြ ေပ်ာ္ၾကသည့္ ၾသကၤန္ျဖစ္လာသည္။ဘယ္ေလာင္ေတာင္လဲဆိုလွ်င္ ရပ္ထဲ႐ြာထဲ ယမကာၾသကၤန္ကို က်င္းပၾကသည့္အထိ စည္းလြတ္ဝါးလြတ္ ျဖစ္လာသည္။သာမန္ေအးေအးခ်မ္းခ်မ္းေနသူေတြ ၾသကၤန္ကာလကို က်ီးလန႔္စာစား ဘဝျဖင့္ အိမ္ထဲတံခါးပိတ္ကာ ဘုရားတေနရသည့္ ၾသကၤန္ေတြ ဆယ္စုႏွစ္တစ္ခုစာေက်ာ္ေက်ာ္အထိ ျဖစ္ထြန္းခဲ့သည္။ႏွစ္သစ္ကို ဘုရားတၿပီး ေက်ာ္ျဖတ္ရသည့္ ႏွစ္သစ္က ဘယ္မွာလာၿပီး ေကာင္းပါမည္နည္း။ဒီလိုႏွစ္ေတြ မ်ားလာသလို အယုတ္တရား ထြန္းကားသည့္ ႏွစ္ေတြမွာ လူေတြက ယုတ္ႏိုင္မွ လူရာဝင္သည့္ေခတ္ ျဖစ္ထြန္းလာသည္။စာသင္သြားရာ ၿမိဳ႕သစ္ေတြဆို ၾသကၤန္ကာလအၿပီးတြင္ ၾကားရေလ့ရွိသည္က ဘယ္သူ ေဆး႐ုံမွာ၊ ဘယ္သူက အခ်ဳပ္ထဲမွာ၊ ဘယ္သူက ဓားထိုးခံရလို႔၊ ဘယ္သူကေတာ့ ဘယ္သူေတြနဲ႔ ရန္ျဖစ္လို႔ လက္သည္မေပၚဘဲေသတာ စသျဖင့္ မေကာင္းသည့္ သတင္းေတြဘဲ ၾကားရသည္။ေကာင္းသည့္ သတင္းျဖင့္ ႏွစ္သစ္ကို စသည္မရွိ။မေကာင္းတာႏွင့္သာ ႏွစ္သစ္ကို စေလ့ရွိေတာ့ ဘာမွအေကာင္းျဖစ္ထြန္းတာမရွိ။

ျမန္မာတိုင္းက အတိတ္နိမိတ္ကို ယုံၾကည္သည္။မေကာင္းေသာစကား၊ မေကာင္းေသာအလုပ္ကို မဂၤလာယူေသာ အခ်ိန္အခါမွာ လုပ္ေလ့လုပ္ထမရွိၾက။ေရွးျမန္မာေတြက ႏွစ္သစ္တြင္ ေငြမထြက္ရန္ ႏွစ္ဆန္းတစ္ရက္တြင္ ဘာမွမဝယ္ဘဲ ဒီမတိုင္ခင္ကတည္းက ဝယ္ၾကျခမ္းၾက စုေဆာင္းထားၾကသည္။ႏွစ္သစ္တြင္ ေပးကမ္းစြန႔္ႀကဲၾက၊ လႉၾကတန္းၾကျဖင့္ ေနာင္လာမည့္ ႏွစ္သစ္တြင္ တစ္ႏွစ္တာလုံး လႉႏိုင္တန္းႏိုင္ေအာင္ နမိတ္သေဘာယူၾကသည္။ယခုေတာ့ ႏွစ္သစ္ကတည္းက မေကာင္းစကားျဖင့္ စရသည့္ ေခတ္ပ်က္ကာလအတြင္း မေကာင္းတာေတြ ထြန္းကားတာ ဘာမွေတာ့မထူးဆန္း။ေနခ်င္သလိုေန၊ လုပ္ခ်င္သလိုလုပ္၊ ထိန္းရမယ့္သူကလည္း မူး႐ူးေနၾကသည့္ ဘာတစ္ခုမွ သုံးစားလို႔မရသည့္ ၾသကၤန္ကာလေတြ၊ ျမန္မာႏွစ္သစ္ ကာလေတြကို ျမန္မာေတြ ဆယ္စုႏွစ္ ႏွစ္စုခန႔္ ျဖတ္ခဲ့ရဖူးၿပီ ျဖစ္သည္။

ယခုႏွစ္ၾသကၤန္လည္း အရပ္သားအစိုးရက တေျဖးေျဖးေျပာင္းသည္ မွန္ေသာ္လည္း ယမကာၾသကၤန္ ျဖစ္ေနတာကိုေတာ့ ျပင္လို႔တားလို႔ရသည့္ဟန္ေတာ့ မေတြ႕ရ။ဘာေၾကာင့္ဆို လမ္းေလွ်ာက္ၾသကၤန္ က်င္းပရာ အနားတစ္ဝိုက္၊ ၾသကၤန္ကားေပၚ၊ ရပ္ထဲ႐ြာထဲ အရက္ဆိုတာ ဒင္းၾကမ္း။ဘယ္သူမွ ဖမ္းပုံလည္းရပုံမထင္။မူးမူး႐ူး႐ူးႏွင့္ အင္းလ်ားကန္ေဘာင္ေပၚ အလွဆင္မိုးထားသည့္ ထီးေတြကို တက္ျဖဳတ္ၾက၊ ခိုးၾကသည္အထိ ၾသကၤန္ကာလမွာ လူေတြရဲ႕ စာရိတၱေရခ်ိန္က အဆိုးဆုံး ေအာက္ဆုံးမွတ္ထိ ေရာက္ခဲ့သည္။

ထိုေန႔က ကြၽန္ေတာ့္လမ္းထဲမွ  ၾသကၤန္ေရကစားထြက္သူတခ်ိဳ႕လက္ထဲ ျပန္လာေတာ့ ပုသိမ္ထီး ေသးေသးေလးေတြ ပါလာတာ ေတြ႕ရသည္။ေနာက္ေတာ့  လူမႈကြန္ရက္မွာ ထီးသူခိုးေတြအေၾကာင္း ပ်ံ႕ႏွံ႔လာသည္။ရပ္ထဲ႐ြာထဲက ထီးခိုးလာသူေတြကေတာ့ အရွက္ဘဲမရွိတာလား၊ ရွက္စရာမဟုတ္ဘူးလို႔ဘဲ ထင္သလားေတာ့ မသိ။အုန္းလက္မ႑ပ္မွာ ထိုထီးကိုခ်ိတ္ၿပီး တဟီးဟီးတဟားဟားျဖင့္။ေပ်ာ္စရာတစ္ခုလို။ဒါက အစုံလိုက္ အၿပဳံလိုက္ ကိုယ္က်င့္တရား ပ်က္ျပားျခင္းပင္ျဖစ္သည္။ဒီလိုလူေတြ ဘယ္ေလာက္မ်ားေနၿပီလဲ၊ လူတန္းစားအလႊာစုံမွာ ဘယ္ေလာက္ေတာင္ အေခ်ာင္စိတ္ေတြ မ်ားေနၿပီလဲဆိုတာကို ထိုျဖစ္ရပ္က ျပလိုက္ခ်င္းပင္ျဖစ္သည္။ႏွစ္သစ္ကို သူခိုးေတြဆိုေသာ တံဆိပ္ျဖင့္ အကပ္ခံရၿပီး ျဖတ္သန္းခံရေသာ လူငယ္လူ႐ြယ္ေတြအတြက္ ေလာေလာဆယ္ ေပ်ာ္စရာလို႔ ထင္သူလည္းရွိမည္။ဒါမွမဟုတ္ လူမႈကြန္ရက္ေပၚ တက္လာၿပီး အရွက္ရေနသူေတြလည္း ရွိမည္ျဖစ္သည္။သို႔ေသာ္ တစ္ခ်ိန္ အသက္အ႐ြယ္ရလာလို႔ သားေတြ သမီးေတြ ရလာသည့္အခါ ကိုယ့္သားသမီးကို တျခားသူေတြက နင့္အေဖနင့္အေမက ထီးသူခိုးေတြဟု ေလွာင္ေျပာင္လာသည့္အခါ ယခုလို ဟီးဟီးဟားဟားျဖင့္ ေပါ့ေပါ့ပါးပါး ျဖတ္သန္းႏိုင္ပါ့မလားဆိုတာကို ေစာင့္ၾကည့္ခ်င္မိသည္။ဒါက ကိုယ့္အျပဳအမူေလးတစ္ခု ဘယ္သူမွမသိႏိုင္ဘူးဟု အထင္ျဖင့္ လုပ္လိုက္သည့္ ျဖစ္ရပ္ေၾကာင့္ ျဖစ္လာသည့္ ဆိုးက်ိဳးပင္။

လူေတြက ႏွစ္တစ္ခု စသည့္အခါ ႏွစ္သစ္ကူးသည့္အခါ ေကာင္းေသာစကား၊ ေကာင္းေသာ အလုပ္အကိုင္ အႀကံအစည္ျဖင့္သာ ႏွစ္တစ္ခုကို စခ်င္သည္။မေကာင္းေသာ အလုပ္အကိုင္ အႀကံအစည္ကို ႏွစ္ေဟာင္းတြင္ ထားခဲ့ခ်င္သည္။သို႔ေသာ္ တစ္ကယ္ျဖစ္ေနတာက စိတ္ကူးၾကတာႏွင့္ ေျပာင္းျပန္။စိတ္လြတ္ကိုယ္လြတ္ တစ္ႏွစ္လုံး ထိန္းခ်ဳပ္ထားသမွ်ကို လႊတ္ေပးၾကသည္။ဒီထဲမွာ ကိုယ္က်င့္တရား၊ ဟိရိၾသတပၸစာရိတၱ၊ အမ်ိဳးဂုဏ္ စသည္ေတြ ပါသြားသည္။ဒါေတြပါလို႔ ပါမွန္းမသိသူေတြလည္းရွိသည္။ဒါေတြႏွင့္ ႏွစ္သစ္ကို ကူးမည္ဆိုေသာအခါမွ အဖတ္ဆယ္လို႔မရေအာင္ ပ်က္ခဲ့ေသာ စာရိတၱေတြ၊ ကိုယ္က်င့္တရား၊ ဟိရိၾသတပၸတရား ပ်က္ျပားမႈေတြေၾကာင့္ ဘယ္လိုမွ ႏွစ္သစ္က အေကာင္းျဖင့္စမရေတာ့။

ျမန္မာစကားမွာ “ အစေကာင္းမွ အေႏွာင္းေသခ်ာ” ဆိုသည့္ စကားပုံရွိသည္။တစ္ႏွစ္လုံး လုပ္ခ်င္ရာလုပ္သည္ျဖစ္ေစ ႏွစ္ကုန္ခါနီးမွ လုပ္ခ်င္ရာလုပ္သည္ျဖစ္ေစ အျပစ္က အျပစ္၊ မေကာင္းမႈက မေကာင္းမႈပင္ ျဖစ္သည္။ဒီအတြက္ ႏွစ္သစ္မွာ အစေကာင္းေစဖို႔ မဂၤလာရွိေအာင္ ေတြးေခၚႀကံစည္ၾက၊ လုပ္ၾကကိုင္ၾကျဖင့္ ႏွစ္သစ္ကို အစပ်ိဳးၾကျခင္းပင္။ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္သည္ ဆိုသည့္အတိုင္း ေစာင့္ထိန္းသင့္သည့္ အရာေတြကို ေစာင့္ထိန္းမွ ေကာင္းတာျဖစ္မည္။ထိုထဲ စာရိတၱ၊ ကိုယ္က်င့္တရား၊ ဟိရိၾသတပၸတရားေတြက မရွိမျဖစ္ေစာင့္ထိန္းမည့္ တရားေတြ ျဖစ္သည္။

ႏွစ္သစ္ကို လူသစ္၊ စိတ္သစ္၊ အေတြးသစ္ျဖင့္ သြားမည္ဆို ႏွစ္ေဟာင္းက အက်င့္ဆိုး၊ အက်င့္ယုတ္၊ အက်င့္တန္သည့္ အျပဳအမူမ်ား၊ အေခ်ာင္စိတ္ဓာတ္ေတြကို ခြာခ်ထားခဲ့မွ ျဖစ္ေပမည္။

ေမာင္ဦးလြင္
ဧၿပီ - ၁၈