【 ဆောင်းပါး 】 “စာကြည့်တိုက်နှင့် နိုင်ငံရေး”

【 ဆောင်းပါး 】 “စာကြည့်တိုက်နှင့် နိုင်ငံရေး”

“စာကြည့်တိုက်ကမ္ဘာထဲက ဗုဒ္ဓဘာသာစာကြည့်တိုက်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အောက်စ်ဖို့ဆရာတော်လို့ လူသိများတဲ့ ဒေါက်တာအရှင်ဓမ္မသာမိရဲ့ ၅၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆွေးနွေးပွဲစကားဝိုင်းကို နိုဝင်ဘာ ၂၁ ရက်နေ့က သိမ်ဖြူလမ်းပေါ်မှာရှိတဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း ရုံးချုပ်၊ ရွှေဥဒေါင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဘုန်းကြီးတွေထဲမှာ အောက်စ်ဖို့ဆရာတော်ဟာ စာပေ၊ စာအုပ်နဲ့ စာကြည့်တိုက်ကို အလွန်အလေးထားသူဖြစ်ကြောင်း ဝမ်းသာဖွယ်သိခဲ့ရတာ နှစ်အတန်ကြာခဲ့ပါပြီ။ဆရာတော် မွေးနေ့တွေ ကျင်းပတဲ့အခါ စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ စကားဝိုင်းကိုလည်း ထည့်သွင်းပြောဆိုကြပါတယ်။အင်္ဂလိပ်လို Panel Discussion မြန်မာလိုတော့ ဆွေးနွေးပွဲစကားဝိုင်းလို့ပဲ ခေါ်တာ သင့်တော်မယ်ထင်ပါတယ်။ဒီစကားဝိုင်းမှာကလောင်အမည် လင်း (ဆေး - ၁ )၊ အမည်ရင်းဦးသန်းထွတ် က ဦးဆောင်သူ ဦးဆောင်ဆွေးနွေးသူ (moderator) အဖြစ် တာဝန်ယူပါတယ်။ပါဝင်ဆွေးနွေးသူများက ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၊ ဦးသန်းအုန်း (မောင်ဇေယျာ) နဲ့ ဦးကောင်းမြင့်တို့ ဖြစ်ကြပါတယ်။

ဆရာလင်း (ဆေး - ၁) က နိဒါန်းပျိုးပြီး အောက်စ်ဖို့ဆရာတော်ကို ပထမဆွေးနွေးဖို့ ပန်ကြားပါတယ်။ဆရာတော် ကနလန္ဒတက္ကသိုလ်ရဲ့ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်စာတမ်းတွေကို အိန္ဒိယကို ဝင်ရောက်တိုက်ခိုက်သူတွေက မီးရှို့တော့ ၃ လတိုင်တိုင် လောင်ကျွမ်းမှ အကုန်ကုန်တယ်လို့ ထည့်သွင်းပြောကြားပါတယ်။အရှေ့တိုင်းက အိန္ဒိယ (ယခင်အခေါ်မဈ္ဇိမဒေသ) မှာ ရှိခဲ့တဲ့ နာလန္ဒတက္ကသိုလ် ခေတ်ရှေ့ပြေးခဲ့ပုံကို ပြန်ဖော်ကျူးရာလဲကျပါတယ်။လက်ရှိကာလမှာတော့ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်စာပေတွေ အများဆုံးရှိတဲ့ စာကြည့်တိုက်ဟာ အောက်စ်ဖို့တက္ကသိုလ်လို့ မိန့်ကြားသွားပါတယ်။

စာကြည့်တိုက်တွေ ရေရှည်မတည်တံ့ မခိုင်မြဲတာ ဘာကြောင့်လဲဆိုတဲ့ ပြဿနာကို ဆရာ ဦးကောင်းမြင့် က နိုင်ငံရေးမတည်ငြိမ်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာအဖြစ် ဆွေးနွေးတင်ပြသွားပါတယ်။နိုင်ငံရေးအောက်မှာ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ တခြားအရေးအရာတွေအားလုံး ပါဝင်နေတာကြောင့် နိုင်ငံရေးမတည်ငြိမ်တဲ့အခါ ရံဖန်ရံခါ စစ်မက်ဖြစ်ပွားကြပါတယ်။စစ်ပွဲတွေကြောင့် နလန္ဒတက္ကသိုလ်က စာကြည့်တိုက်ပိုင် စာအုပ်စာတမ်းအားလုံး မီးလောင်ပျက်စီးရတာကလဲ ဥပမာတစ်ခုပါပဲလို့ ဦးကောင်းမြင့် က ထည့်သွင်းပြောကြားသွားပါတယ်။

ဒီစကားဝိုင်းမှာ ပြောဆိုဆွေးနွေးနေတာတွေကို နားထောင်ရင်း၊ မြန်မာနိုင်ငံမှာလဲ နိုင်ငံရေးကြောင့် စာကြည့်တိုက်ယဉ်ကျေးမှု တစတစပျက်သုဉ်းလာပုံကို ပြန်သတိရမိပါတယ်။၁၉၆၂ ခု တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီး မကြာမီ ၁၉၆၄ မှာ စနစ်သစ်ပညာရေးကို ပြဌာန်းလိုက်ပါတယ်။၁၉၆၄ မှာပဲ စာကြည့်တိုက်၊ ပြတိုက်နဲ့ ပြပွဲ အက်ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။အဲဒီ ၁၉၆၄ မှာပဲ စာပေစိစစ်နဲ့မှ တ်ပုံတင်ရေးဌာနကို ဖွင့်ပြီး လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ထိန်းချုပ်လိုက်ပါတယ်။

၁၉၆၄ စနစ်သစ် ပညာရေးကြောင့် အင်္ဂလိပ်အစိုးရ လက်ထက်ကတည်းက အစိုးရလက်အောက်ခံ တက္ကသိုလ်မဟုတ်တဲ့ ရန်ကုန်တက္ကသိုလ်မှာ ကျင့်သုံးနေတဲ့ မဟာဌာနတွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ ဆီးနိတ်အဖွဲ့က အုပ်ချုပ်နေတဲ့ တက္ကသိုလ်အဖြစ်ကနေ ဝိဇ္ဇာနဲ့ သိပ္ပံ ဘာသာတွေကိုသာ အဓိကသင်ယူရတဲ့ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံတက္ကသိုလ်အဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုသင်ဖို့ သီးခြားတက္ကသိုလ်တွေ ထပ်ဖွင့်လိုက်ပါတယ်။ခွဲထုတ်တည်ထောင်လိုက်တဲ့  အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ စာကြည့်တိုက်တွေ မပါပါဘူး။ဒါကြောင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်လို့ အမည်ပြောင်းစေပြီး တက္ကသိုလ်အားလုံးက ဝိုင်းသုံးခဲ့ကြရပါတယ်။ရန်ကုန်တက္ကသိုလ်ကိုလဲ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်လို့ အမည်ပြောင်းခဲ့ပါတယ်။

ဒီလုပ်ရပ်တွေကိုလေ့လာကြည့်ရင် ပညာရေးလွတ်လပ်ခွင့်၊ စာပေလွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ပိတ်ပင်လိုက်တာပါ။စာကြည့်တိုက် ပြတိုက် ပြပွဲ စတဲ့ လူအများ အလွယ်တကူစုဝေးနိုင်တဲ့ နေရာမျိုးမှာ လွတ်လွတ်လပ်လပ် အနုပညာလက်ရာတွေကို ပြခွင့်မရဖို့ တားဆီးလိုက်တာပါ။ဒါ့အပြင် စာကြည့်တိုက်၊ ပြတိုက်နဲ့ ပြပွဲများ ဥပဒေဟာ လွတ်လပ်စွာ အနုပညာဉာဏ်ကွန့်မြူးမှုနဲ့ ရေးသားမှုကို တားဆီးလိုက်တာပါ။လူ့လောကအတွက် အသိဉာဏ်အလင်းပေါက်တွေအဖြစ် တင်စားကြတဲ့ စာကြည့်တိုက်တွေကို ဖွင့်ခဲ့ရင် ထောင်ဒဏ် ငွေဒဏ် ချမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ပါဝင်ပါတယ်။ပန်းချီပြပွဲစာအုပ်ပြပွဲ စတဲ့ အနုပညာနဲ့ဆိုင်တဲ့ ပွဲတွေကို ဘယ်သူမှ လွတ်လွတ်လပ်လပ် ပြသခွင့်မရှိတော့ပါဘူး။တိုင်းပြည်နဲ့ လူမျိုးအတွက် အရေးကြီးတဲ့ ဉာဏ်ပညာနဲ့ပတ်သက်တဲ့ အရာအားလုံးကို တော်လှန်ရေးကောင်စီ တက်လာပြီး ၂ နှစ် အကြာမှာပဲ ပြဌာန်းခဲ့တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

လူရဲ့ အသိဉာဏ်ပညာကို မဖွံ့ဖြိုးအောင် ပြဌာန်းခဲ့တဲ့ ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှုကြောင့်၊ နှစ်ရှည်ကြာလာတဲ့အခါ မြန်မာဟာ တစ တစ အဘက်ဘက်မှာ အောက်ကျနောက်ကျ ကျန်ရစ်တဲ့ နိုင်ငံဖြစ်လာတာ အခုလက်တွေ့ အားလုံးအသိအမြင်ပါပဲ။တော်လှန်ရေးကောင်စီ လက်ထက်ကစပြီး နဝတ၊ နအဖ အစိုးရလက်ထက်ထိ နှစ်ပေါင်း ၄၈ နှစ်တိုင်တိုင် စာကြည့်တိုက်တွေ နလန်မထူနိုင်စေဖို့ သွယ်ဝိုက်တဲ့နည်းနဲ့တမျိုး ဗြောင်တဖုံ လုပ်ဆောင်ခဲ့ပါတယ်။

စာကြည့်တိုက်အမျိုးအစားတွေ အမျိုးမျိုးရှိကြတဲ့ထဲမှာ၊ အမျိုးသားစာကြည့်တိုက်ဆိုတာ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ စာကြည့်တိုက်ဖြစ်ပါတယ်။နိုင်ငံတွင်းမှာရှိတဲ့ တခြားအမျိုးအစား စာကြည့်တိုက်အားလုံးကို ဦးဆောင်မှုပေးရပါတယ်။နိုင်ငံတကာစာကြည့်တိုက်တွေနဲ့ ချိတ်ဆက်ပြီး မိမိနိုင်ငံတွင်းက စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရပါတယ်။တော်လှန်ရေးကောင်စီ လက်ထက်မှာ အမျိုးသားစာကြည့်တိုက်ဟာ ခဏပိတ်ခဲ့ရတာတွေ၊ နေရာမကြာခဏပြောင်းရတာတွေနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။တစ်ဘက်မှာလည်း အမျိုးသားစာကြည့်တိုက်ရဲ့ တာဝန်တစ်ခုဖြစ်တဲ့ နိုင်ငံတကာစာကြည့်တိုက်တွေနဲ့ ချိတ်ဆက်ပြီး ပြည်တွင်းစာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။

နအဖအစိုးရ လက်ထက်မှာတော့ တာမွေမှာရှိတဲ့ အမျိုးသားစာကြည့်တိုက်ကို ကမ္ဘာအေးဘုရားလမ်းကတဆင့် ဝင်ရတဲ့ သီရိမင်္ဂလာလမ်းသွယ်ပေါ်မှာရှိတဲ့ သစ်တောဝန်ကြီးဌာနရုံးဟောင်းကို ပြောင်းရွှေ့စေပါတယ်။နိုင်ငံတကာမှာ အမျိုးသားစာကြည့်တိုက်ဆိုတာ နိုင်ငံရဲ့ ကျက်သရေဆောင် ပြယုဂ်တစ်ခု ဖြစ်ရုံသာမက ပြည်သူပြည်သားတွေ လွယ်လင့်တကူ သွားလာဝင်ထွက်လို့ရမယ့် နေရာမျိုးမှာ ထားကြတာပါ။

အာဏာရှင်အစိုးရတွေက လူထုဉာဏ်မျက်စိပွင့်မှာလဲ မလိုလား၊ သူတို့ကိုယ်တိုင်ကလည်း စာပေနဲ့ ဉာဏ်ပညာအရာတွေထက် အာဏာနဲ့ ငွေကိုသာ စိတ်ဝင်စားသူတွေဆိုတော့ အမျိုးသားစာကြည့်တိုက်ကို လူသွားလာရခက်ခဲတဲ့ နေရာကိုပို့ပြီး တာမွေ ကျိုက္ကဆံကွင်းနဲ့ မျက်နှာချင်းဆိုင်က စာကြည့်တိုက်နေရာကို ရောင်းစားခဲ့ကြပါတယ်။ရောင်းစားတယ်ဆိုတာ ပါးစပ်သတင်းဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုက နှစ်ရှည်စာချုပ်နဲ့ ငှားခဲ့တာလား။အပြီးရောင်းစားခဲ့တာလား ကာယကံရှင်တွေပဲ သိကြမှာပါ။
အဲဒီစာကြည့်တိုက်နေရာဟာ လက်ရှိမှာတော့ ပိုလိုကလပ်ဖြစ်နေပါပြီ။

၂၀၁၆ အင်အယ်လ်ဒီအစိုးရ တက်လာတဲ့အခါ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်ထံကို သင့်တော်တဲ့ တစ်နေရာရာကို အမျိုးသားစာကြည့်တိုက်အတွက် ပေးဖို့ ပန်ကြားစာရေးပါတယ်။ဒီပန်ကြားစာကို မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း နာယကကြီး ဆရာကြီး ဦးသော်ကောင်း က ထောက်ခံပြီး သမ္မတကြီးထံ ပေးပို့ခဲ့ပါတယ်။တစ်ပတ်အတွင်းမှာပဲနို င်ငံတော်သမ္မတကြီး ဦးထင်ကျော် က အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဖြစ် ဖွင့်လှစ်ဖို့ ကုန်သည်လမ်းပေါ်မှာရှိတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရုံးချုပ်အဖြစ် အသုံးပြုခဲ့တဲ့ အဆောက်အအုံကို ခွင့်ပြုပေးခဲ့ပါတယ်။အဆောက်အအုံ ပြန်လည်ပြင်ဆင်မွမ်းမံဖို့ ကျပ်ငွေ ၂၁ သန်းကိုပါ ခွင့်ပြုပေးခဲ့ပါတယ်။

ဂျာမနီက ဗိသုကာအင်ဂျင်နီယာတစ်ဦးက မေတ္တာဖြင့် အကြံပေးအဖြစ် တာဝန်ယူပြီး ရေနံရုံးဟောင်းကို ပြုပြင်တည်ဆောက်လာတာ ပြီးစီးပါပြီ။အဆောက်အအုံ အတွင်းပိုင်း အချောသတ်ပြီး စာကြည့်တိုက်ဆိုင်ရာ ပရိဘောဂတွေ ကွန်ပျူတာစနစ်သုံးဖို့ အိုင်တီပိုင်းဆိုင်ရာတွေ ပြင်ဆင်ပြီးရင် လာမည့်နှစ် ၂၀၂၀ မှာ ပြည်သူတွေသုံးဖို့ တရားဝင်ဖွင့်လှစ်ပါတော့မယ်။အခုအခါ အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းလဲ ပေါ်ထွက်လာပါပြီ။အာဆီယံ ၁၀ နိုင်ငံမှာ မြန်မာအပါအဝင်၂ နိုင်ငံသာ အမျိုးသားစာကြည့်တိုက် ဥပဒေမရှိတာပါ။ခုတော့ မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို ဝန်းဝိုင်းဆွေးနွေးဆဲအဆင့် ရောက်လာပါပြီ။

မကြာမီပေါ်ထွက်လာမယ့် အမျိုးစာကြည့်တိုက်ဥပဒေပါ ခွင့်ပြုချက်များနဲ့အညီ မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်ဟာ လုပ်ဆောင်ရမယ့် တာဝန်တွေ ဆောင်ရွက်ခွင့်ရပါတော့မယ်။အမျိုးသားတစ်ရပ်လုံးနဲ့ဆိုင်တဲ့ စာစုတွေ စုဆောင်းထိန်းသိမ်းရေး, နိုင်ငံတွင်းရှိ စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများကို ဦးဆောင်ရေး၊ မြန်မာနိုင်ငံတွင်းက စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစာပေများ စုဆောင်းရေး၊ နည်းပညာသုံးပြီး လူထုကို ဝန်ဆောင်မှုပေးနိုင်ရေးနဲ့ စာဖတ်သူလူထုအတွက် စုံလင်တဲ့ စာအုပ်စာတမ်းတွေ ဝန်ဆောင်မှုတွေ ပေးနိုင်ပါတော့မယ်။ဒါ့အပြင် မြန်မာစာအုပ်တွေအတွက် စာကြည့်တိုက်သုံး ကက်တလောက်ရေးသားပေးခြင်း၊ မြန်စာအုပ်တွေ၊ စာနယ်ဇင်းတွေအတွက် စံနံပတ် (ISBN); (ISSN) ပေးတဲ့ တာဝန်တွေကို ထမ်းဆောင်ပေးတော့မယ်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ခင်နှင်းဦး
နို၀င်ဘာ - ၂၇

( Zawgyi )

“စာၾကည့္တိုက္ကမာၻထဲက ဗုဒၶဘာသာစာၾကည့္တိုက္မ်ား” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေအာက္စ္ဖို႔ဆရာေတာ္လို႔ လူသိမ်ားတဲ့ ေဒါက္တာအရွင္ဓမၼသာမိရဲ႕ ၅၅ ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္ ေဆြးေႏြးပြဲစကားဝိုင္းကို ႏိုဝင္ဘာ ၂၁ ရက္ေန႔က သိမ္ျဖဴလမ္းေပၚမွာရွိတဲ့ သတင္းနဲ႔ စာနယ္ဇင္းလုပ္ငန္း ႐ုံးခ်ဳပ္၊ ေ႐ႊဥေဒါင္းခန္းမမွာ က်င္းပခဲ့ပါတယ္။

ဘုန္းႀကီးေတြထဲမွာ ေအာက္စ္ဖို႔ဆရာေတာ္ဟာ စာေပ၊ စာအုပ္နဲ႔ စာၾကည့္တိုက္ကို အလြန္အေလးထားသူျဖစ္ေၾကာင္း ဝမ္းသာဖြယ္သိခဲ့ရတာ ႏွစ္အတန္ၾကာခဲ့ပါၿပီ။ဆရာေတာ္ ေမြးေန႔ေတြ က်င္းပတဲ့အခါ စာၾကည့္တိုက္နဲ႔ ပတ္သက္တဲ့ စကားဝိုင္းကိုလည္း ထည့္သြင္းေျပာဆိုၾကပါတယ္။အဂၤလိပ္လို Panel Discussion ျမန္မာလိုေတာ့ ေဆြးေႏြးပြဲစကားဝိုင္းလို႔ပဲ ေခၚတာ သင့္ေတာ္မယ္ထင္ပါတယ္။ဒီစကားဝိုင္းမွာကေလာင္အမည္ လင္း (ေဆး - ၁ )၊ အမည္ရင္းဦးသန္းထြတ္ က ဦးေဆာင္သူ ဦးေဆာင္ေဆြးေႏြးသူ (moderator) အျဖစ္ တာဝန္ယူပါတယ္။ပါဝင္ေဆြးေႏြးသူမ်ားက ဆရာေတာ္ ေဒါက္တာအရွင္ဓမၼသာမိ၊ ဦးသန္းအုန္း (ေမာင္ေဇယ်ာ) နဲ႔ ဦးေကာင္းျမင့္တို႔ ျဖစ္ၾကပါတယ္။

ဆရာလင္း (ေဆး - ၁) က နိဒါန္းပ်ိဳးၿပီး ေအာက္စ္ဖို႔ဆရာေတာ္ကို ပထမေဆြးေႏြးဖို႔ ပန္ၾကားပါတယ္။ဆရာေတာ္ ကနလႏၵတကၠသိုလ္ရဲ႕ စာၾကည့္တိုက္မွာရွိတဲ့ စာအုပ္စာတမ္းေတြကို အိႏၵိယကို ဝင္ေရာက္တိုက္ခိုက္သူေတြက မီးရႈိ႕ေတာ့ ၃ လတိုင္တိုင္ ေလာင္ကြၽမ္းမွ အကုန္ကုန္တယ္လို႔ ထည့္သြင္းေျပာၾကားပါတယ္။အေရွ႕တိုင္းက အိႏၵိယ (ယခင္အေခၚမဈၨိမေဒသ) မွာ ရွိခဲ့တဲ့ နာလႏၵတကၠသိုလ္ ေခတ္ေရွ႕ေျပးခဲ့ပုံကို ျပန္ေဖာ္က်ဴးရာလဲက်ပါတယ္။လက္ရွိကာလမွာေတာ့ ဗုဒၶဘာသာဆိုင္ရာ စာအုပ္စာေပေတြ အမ်ားဆုံးရွိတဲ့ စာၾကည့္တိုက္ဟာ ေအာက္စ္ဖို႔တကၠသိုလ္လို႔ မိန႔္ၾကားသြားပါတယ္။

စာၾကည့္တိုက္ေတြ ေရရွည္မတည္တံ့ မခိုင္ၿမဲတာ ဘာေၾကာင့္လဲဆိုတဲ့ ျပႆနာကို ဆရာ ဦးေကာင္းျမင့္ က ႏိုင္ငံေရးမတည္ၿငိမ္မႈရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးျပႆနာအျဖစ္ ေဆြးေႏြးတင္ျပသြားပါတယ္။ႏိုင္ငံေရးေအာက္မွာ စစ္ေရး၊ စီးပြားေရး၊ လူမႈေရးနဲ႔ တျခားအေရးအရာေတြအားလုံး ပါဝင္ေနတာေၾကာင့္ ႏိုင္ငံေရးမတည္ၿငိမ္တဲ့အခါ ရံဖန္ရံခါ စစ္မက္ျဖစ္ပြားၾကပါတယ္။စစ္ပြဲေတြေၾကာင့္ နလႏၵတကၠသိုလ္က စာၾကည့္တိုက္ပိုင္ စာအုပ္စာတမ္းအားလုံး မီးေလာင္ပ်က္စီးရတာကလဲ ဥပမာတစ္ခုပါပဲလို႔ ဦးေကာင္းျမင့္ က ထည့္သြင္းေျပာၾကားသြားပါတယ္။

ဒီစကားဝိုင္းမွာ ေျပာဆိုေဆြးေႏြးေနတာေတြကို နားေထာင္ရင္း၊ ျမန္မာႏိုင္ငံမွာလဲ ႏိုင္ငံေရးေၾကာင့္ စာၾကည့္တိုက္ယဥ္ေက်းမႈ တစတစပ်က္သုဥ္းလာပုံကို ျပန္သတိရမိပါတယ္။၁၉၆၂ ခု ေတာ္လွန္ေရးေကာင္စီအစိုးရ တက္လာၿပီး မၾကာမီ ၁၉၆၄ မွာ စနစ္သစ္ပညာေရးကို ျပဌာန္းလိုက္ပါတယ္။၁၉၆၄ မွာပဲ စာၾကည့္တိုက္၊ ျပတိုက္နဲ႔ ျပပြဲ အက္ဥပေဒကို ထုတ္ျပန္ခဲ့ပါတယ္။အဲဒီ ၁၉၆၄ မွာပဲ စာေပစိစစ္နဲ႔မွ တ္ပုံတင္ေရးဌာနကို ဖြင့္ၿပီး လြတ္လပ္စြာ ေရးသားထုတ္ေဝခြင့္ကို ထိန္းခ်ဳပ္လိုက္ပါတယ္။

၁၉၆၄ စနစ္သစ္ ပညာေရးေၾကာင့္ အဂၤလိပ္အစိုးရ လက္ထက္ကတည္းက အစိုးရလက္ေအာက္ခံ တကၠသိုလ္မဟုတ္တဲ့ ရန္ကုန္တကၠသိုလ္မွာ က်င့္သုံးေနတဲ့ မဟာဌာနေတြနဲ႔ ဖြဲ႕စည္းထားတဲ့ လြတ္လပ္တဲ့ ဆီးနိတ္အဖြဲ႕က အုပ္ခ်ဳပ္ေနတဲ့ တကၠသိုလ္အျဖစ္ကေန ဝိဇၨာနဲ႔ သိပၸံ ဘာသာေတြကိုသာ အဓိကသင္ယူရတဲ့ အစိုးရရဲ႕ ပညာေရးဝန္ႀကီးဌာနရဲ႕ လက္ေအာက္ခံတကၠသိုလ္အျဖစ္ ေျပာင္းလဲပစ္လိုက္ပါတယ္။အသက္ေမြးဝမ္းေက်ာင္း ပညာရပ္ေတြကိုသင္ဖို႔ သီးျခားတကၠသိုလ္ေတြ ထပ္ဖြင့္လိုက္ပါတယ္။ခြဲထုတ္တည္ေထာင္လိုက္တဲ့  အသက္ေမြးဝမ္းေက်ာင္း တကၠသိုလ္ေတြမွာ စာၾကည့္တိုက္ေတြ မပါပါဘူး။ဒါေၾကာင့္ ရန္ကုန္တကၠသိုလ္ စာၾကည့္တိုက္ကို တကၠသိုလ္မ်ား ဗဟိုစာၾကည့္တိုက္လို႔ အမည္ေျပာင္းေစၿပီး တကၠသိုလ္အားလုံးက ဝိုင္းသုံးခဲ့ၾကရပါတယ္။ရန္ကုန္တကၠသိုလ္ကိုလဲ ရန္ကုန္ဝိဇၨာႏွင့္ သိပၸံတကၠသိုလ္လို႔ အမည္ေျပာင္းခဲ့ပါတယ္။

ဒီလုပ္ရပ္ေတြကိုေလ့လာၾကည့္ရင္ ပညာေရးလြတ္လပ္ခြင့္၊ စာေပလြတ္လပ္စြာ ေရးသားထုတ္ေဝခြင့္ကို ပိတ္ပင္လိုက္တာပါ။စာၾကည့္တိုက္ ျပတိုက္ ျပပြဲ စတဲ့ လူအမ်ား အလြယ္တကူစုေဝးႏိုင္တဲ့ ေနရာမ်ိဳးမွာ လြတ္လြတ္လပ္လပ္ အႏုပညာလက္ရာေတြကို ျပခြင့္မရဖို႔ တားဆီးလိုက္တာပါ။ဒါ့အျပင္ စာၾကည့္တိုက္၊ ျပတိုက္နဲ႔ ျပပြဲမ်ား ဥပေဒဟာ လြတ္လပ္စြာ အႏုပညာဉာဏ္ကြန႔္ျမဴးမႈနဲ႔ ေရးသားမႈကို တားဆီးလိုက္တာပါ။လူ႔ေလာကအတြက္ အသိဉာဏ္အလင္းေပါက္ေတြအျဖစ္ တင္စားၾကတဲ့ စာၾကည့္တိုက္ေတြကို ဖြင့္ခဲ့ရင္ ေထာင္ဒဏ္ ေငြဒဏ္ ခ်မယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြ ပါဝင္ပါတယ္။ပန္းခ်ီျပပြဲစာအုပ္ျပပြဲ စတဲ့ အႏုပညာနဲ႔ဆိုင္တဲ့ ပြဲေတြကို ဘယ္သူမွ လြတ္လြတ္လပ္လပ္ ျပသခြင့္မရွိေတာ့ပါဘူး။တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ အေရးႀကီးတဲ့ ဉာဏ္ပညာနဲ႔ပတ္သက္တဲ့ အရာအားလုံးကို ေတာ္လွန္ေရးေကာင္စီ တက္လာၿပီး ၂ ႏွစ္ အၾကာမွာပဲ ျပဌာန္းခဲ့တယ္ဆိုတာ ေတြ႕ျမင္ႏိုင္ပါတယ္။

လူရဲ႕ အသိဉာဏ္ပညာကို မဖြံ႕ၿဖိဳးေအာင္ ျပဌာန္းခဲ့တဲ့ ဥပေဒေတြရဲ႕ အက်ိဳးသက္ေရာက္မႈေၾကာင့္၊ ႏွစ္ရွည္ၾကာလာတဲ့အခါ ျမန္မာဟာ တစ တစ အဘက္ဘက္မွာ ေအာက္က်ေနာက္က် က်န္ရစ္တဲ့ ႏိုင္ငံျဖစ္လာတာ အခုလက္ေတြ႕ အားလုံးအသိအျမင္ပါပဲ။ေတာ္လွန္ေရးေကာင္စီ လက္ထက္ကစၿပီး နဝတ၊ နအဖ အစိုးရလက္ထက္ထိ ႏွစ္ေပါင္း ၄၈ ႏွစ္တိုင္တိုင္ စာၾကည့္တိုက္ေတြ နလန္မထူႏိုင္ေစဖို႔ သြယ္ဝိုက္တဲ့နည္းနဲ႔တမ်ိဳး ေျဗာင္တဖုံ လုပ္ေဆာင္ခဲ့ပါတယ္။

စာၾကည့္တိုက္အမ်ိဳးအစားေတြ အမ်ိဳးမ်ိဳးရွိၾကတဲ့ထဲမွာ၊ အမ်ိဳးသားစာၾကည့္တိုက္ဆိုတာ တမ်ိဳးသားလုံးနဲ႔ သက္ဆိုင္တဲ့ စာၾကည့္တိုက္ျဖစ္ပါတယ္။ႏိုင္ငံတြင္းမွာရွိတဲ့ တျခားအမ်ိဳးအစား စာၾကည့္တိုက္အားလုံးကို ဦးေဆာင္မႈေပးရပါတယ္။ႏိုင္ငံတကာစာၾကည့္တိုက္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး မိမိႏိုင္ငံတြင္းက စာၾကည့္တိုက္ေတြ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရပါတယ္။ေတာ္လွန္ေရးေကာင္စီ လက္ထက္မွာ အမ်ိဳးသားစာၾကည့္တိုက္ဟာ ခဏပိတ္ခဲ့ရတာေတြ၊ ေနရာမၾကာခဏေျပာင္းရတာေတြနဲ႔ ႀကဳံေတြ႕ ခဲ့ရပါတယ္။တစ္ဘက္မွာလည္း အမ်ိဳးသားစာၾကည့္တိုက္ရဲ႕ တာဝန္တစ္ခုျဖစ္တဲ့ ႏိုင္ငံတကာစာၾကည့္တိုက္ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ျပည္တြင္းစာၾကည့္တိုက္ေတြ ဖြံ႕ၿဖိဳးတိုးတက္ရာ တိုးတက္ေၾကာင္း ဘာမွမလုပ္ႏိုင္ခဲ့ပါဘူး။

နအဖအစိုးရ လက္ထက္မွာေတာ့ တာေမြမွာရွိတဲ့ အမ်ိဳးသားစာၾကည့္တိုက္ကို ကမာၻေအးဘုရားလမ္းကတဆင့္ ဝင္ရတဲ့ သီရိမဂၤလာလမ္းသြယ္ေပၚမွာရွိတဲ့ သစ္ေတာဝန္ႀကီးဌာန႐ုံးေဟာင္းကို ေျပာင္းေ႐ႊ႕ေစပါတယ္။ႏိုင္ငံတကာမွာ အမ်ိဳးသားစာၾကည့္တိုက္ဆိုတာ ႏိုင္ငံရဲ႕ က်က္သေရေဆာင္ ျပယုဂ္တစ္ခု ျဖစ္႐ုံသာမက ျပည္သူျပည္သားေတြ လြယ္လင့္တကူ သြားလာဝင္ထြက္လို႔ရမယ့္ ေနရာမ်ိဳးမွာ ထားၾကတာပါ။

အာဏာရွင္အစိုးရေတြက လူထုဉာဏ္မ်က္စိပြင့္မွာလဲ မလိုလား၊ သူတို႔ကိုယ္တိုင္ကလည္း စာေပနဲ႔ ဉာဏ္ပညာအရာေတြထက္ အာဏာနဲ႔ ေငြကိုသာ စိတ္ဝင္စားသူေတြဆိုေတာ့ အမ်ိဳးသားစာၾကည့္တိုက္ကို လူသြားလာရခက္ခဲတဲ့ ေနရာကိုပို႔ၿပီး တာေမြ က်ိဳကၠဆံကြင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္က စာၾကည့္တိုက္ေနရာကို ေရာင္းစားခဲ့ၾကပါတယ္။ေရာင္းစားတယ္ဆိုတာ ပါးစပ္သတင္းျဖစ္ၿပီး စစ္ဗိုလ္ခ်ဳပ္ေဟာင္းတစ္ေယာက္ေယာက္ (သို႔မဟုတ္) အဖြဲ႕အစည္းတစ္ခုက ႏွစ္ရွည္စာခ်ဳပ္နဲ႔ ငွားခဲ့တာလား။အၿပီးေရာင္းစားခဲ့တာလား ကာယကံရွင္ေတြပဲ သိၾကမွာပါ။
အဲဒီစာၾကည့္တိုက္ေနရာဟာ လက္ရွိမွာေတာ့ ပိုလိုကလပ္ျဖစ္ေနပါၿပီ။

၂၀၁၆ အင္အယ္လ္ဒီအစိုးရ တက္လာတဲ့အခါ ျမန္မာႏိုင္ငံစာၾကည့္တိုက္အသင္းက ႏိုင္ငံေတာ္သမၼတႀကီး ဦးထင္ေက်ာ္ထံကို သင့္ေတာ္တဲ့ တစ္ေနရာရာကို အမ်ိဳးသားစာၾကည့္တိုက္အတြက္ ေပးဖို႔ ပန္ၾကားစာေရးပါတယ္။ဒီပန္ၾကားစာကို ျမန္မာႏိုင္ငံ စာၾကည့္တိုက္အသင္း နာယကႀကီး ဆရာႀကီး ဦးေသာ္ေကာင္း က ေထာက္ခံၿပီး သမၼတႀကီးထံ ေပးပို႔ခဲ့ပါတယ္။တစ္ပတ္အတြင္းမွာပဲႏို င္ငံေတာ္သမၼတႀကီး ဦးထင္ေက်ာ္ က အမ်ိဳးသားစာၾကည့္တိုက္ (ရန္ကုန္) အျဖစ္ ဖြင့္လွစ္ဖို႔ ကုန္သည္လမ္းေပၚမွာရွိတဲ့ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္း ႐ုံးခ်ဳပ္အျဖစ္ အသုံးျပဳခဲ့တဲ့ အေဆာက္အအုံကို ခြင့္ျပဳေပးခဲ့ပါတယ္။အေဆာက္အအုံ ျပန္လည္ျပင္ဆင္မြမ္းမံဖို႔ က်ပ္ေငြ ၂၁ သန္းကိုပါ ခြင့္ျပဳေပးခဲ့ပါတယ္။

ဂ်ာမနီက ဗိသုကာအင္ဂ်င္နီယာတစ္ဦးက ေမတၱာျဖင့္ အႀကံေပးအျဖစ္ တာဝန္ယူၿပီး ေရနံ႐ုံးေဟာင္းကို ျပဳျပင္တည္ေဆာက္လာတာ ၿပီးစီးပါၿပီ။အေဆာက္အအုံ အတြင္းပိုင္း အေခ်ာသတ္ၿပီး စာၾကည့္တိုက္ဆိုင္ရာ ပရိေဘာဂေတြ ကြန္ပ်ဴတာစနစ္သုံးဖို႔ အိုင္တီပိုင္းဆိုင္ရာေတြ ျပင္ဆင္ၿပီးရင္ လာမည့္ႏွစ္ ၂၀၂၀ မွာ ျပည္သူေတြသုံးဖို႔ တရားဝင္ဖြင့္လွစ္ပါေတာ့မယ္။အခုအခါ အမ်ိဳးသားစာၾကည့္တိုက္ ဥပေဒၾကမ္းလဲ ေပၚထြက္လာပါၿပီ။အာဆီယံ ၁၀ ႏိုင္ငံမွာ ျမန္မာအပါအဝင္၂ ႏိုင္ငံသာ အမ်ိဳးသားစာၾကည့္တိုက္ ဥပေဒမရွိတာပါ။ခုေတာ့ ျမန္မာႏိုင္ငံ အမ်ိဳးသားစာၾကည့္တိုက္ ဥပေဒၾကမ္းကို ဝန္းဝိုင္းေဆြးေႏြးဆဲအဆင့္ ေရာက္လာပါၿပီ။

မၾကာမီေပၚထြက္လာမယ့္ အမ်ိဳးစာၾကည့္တိုက္ဥပေဒပါ ခြင့္ျပဳခ်က္မ်ားနဲ႔အညီ မေဝးေတာ့တဲ့ အနာဂတ္မွာ ျမန္မာႏိုင္ငံ အမ်ိဳးသားစာၾကည့္တိုက္ဟာ လုပ္ေဆာင္ရမယ့္ တာဝန္ေတြ ေဆာင္႐ြက္ခြင့္ရပါေတာ့မယ္။အမ်ိဳးသားတစ္ရပ္လုံးနဲ႔ဆိုင္တဲ့ စာစုေတြ စုေဆာင္းထိန္းသိမ္းေရး, ႏိုင္ငံတြင္းရွိ စာၾကည့္တိုက္ဆိုင္ရာ လုပ္ငန္းမ်ားကို ဦးေဆာင္ေရး၊ ျမန္မာႏိုင္ငံတြင္းက စာၾကည့္တိုက္ေတြ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ တိုင္းရင္းသားစာေပမ်ား စုေဆာင္းေရး၊ နည္းပညာသုံးၿပီး လူထုကို ဝန္ေဆာင္မႈေပးႏိုင္ေရးနဲ႔ စာဖတ္သူလူထုအတြက္ စုံလင္တဲ့ စာအုပ္စာတမ္းေတြ ဝန္ေဆာင္မႈေတြ ေပးႏိုင္ပါေတာ့မယ္။ဒါ့အျပင္ ျမန္မာစာအုပ္ေတြအတြက္ စာၾကည့္တိုက္သုံး ကက္တေလာက္ေရးသားေပးျခင္း၊ ျမန္စာအုပ္ေတြ၊ စာနယ္ဇင္းေတြအတြက္ စံနံပတ္ (ISBN); (ISSN) ေပးတဲ့ တာဝန္ေတြကို ထမ္းေဆာင္ေပးေတာ့မယ္ျဖစ္ေၾကာင္း သတင္းေကာင္းပါးအပ္ပါတယ္။

ခင္ႏွင္းဦး
ႏို၀င္ဘာ - ၂၇