【 ဆောင်းပါး 】 “စစ်ပွဲတွေမရှိသောကမ္ဘာနှင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်”

【 ဆောင်းပါး 】 “စစ်ပွဲတွေမရှိသောကမ္ဘာနှင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်”

မကြာသေးမီက ကြည့်ရှုခဲ့ရသော Arrival အမည်ရှိ ရုပ်ရှင်သည် ကျွန်တော့်ကို များစွာဆွဲဆောင်မှုပေးနိုင်ခဲ့ပါသည်။စိတ်ကူးယဉ် သိပ္ပံအမျိုးအစား ဖြစ်သော်လည်း ကျွန်တော်တို့အတွက် တွေးဆဆင်ခြင်စရာများစွာ ပါဝင်နေသည့် ရုပ်ရှင်လည်းဖြစ်သည်။အထူးသဖြင့် စစ်ပွဲများတွင် ပါဝင်ပတ်သက်နေသူတိုင်း စဉ်းစားဆင်ခြင်သင့်လှသည်ဟု ဆိုချင်ပါသည်။

Arrival ရုပ်ရှင်ဇာတ်ကား အဖွင့်ကို ကမ္ဘာမြေ နေရာအနှံ့အပြားရှိ နိုင်ငံပေါင်း (၁၂) နိုင်ငံသို့ အခြားကမ္ဘာမှယာဉ်များ ရောက်ရှိလာမှုနှင့် အစပျိုးခဲ့သည်။အခြားကမ္ဘာမှယာဉ်များ ရောက်ရှိလာမှုသည် ကမ္ဘာဂြိုလ်မှ လူသားတို့အတွက်တော့ စိုးရိမ်ပူပန်စရာဖြစ်ရသည်။ဂြိုလ်သားတို့၏ အာကာသယာဉ်များ ကမ္ဘာမြေသို့ ရောက်လာခြင်းသည် ကမ္ဘာဂြိုလ်ကို စစ်မက်ပြုလိုသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းလောဟူသည့် တွေးဆပူပန်စိတ်များဖြင့် လူသားတို့က စစ်လက်နက်များ အသင့်ပြင်ကြတော့သည်။

အမေရိကန်ပြည်ထောင်စုတွင် အစိုးရက ဘာသာဗေဒပညာရှင် လူးဝစ်ဘန့် ဟူသော အမျိုးသမီးကို ဦးဆောင်စေကာ ဂြိုလ်သားတို့နှင့် အဆက်အသွယ်ပြုနိုင်စေရန် ကြိုးပမ်းခဲ့သည်။ဂြိုလ်သားတို့၏ ခက်ခဲရှုပ်ထွေးသော သင်္ကေတစကားလုံးများကို ဖော်ထုတ်နိုင်ရန် အခက်အခဲနှင့်အတူ ဘန့် က အာဏာပိုင်တို့ ကျေနပ်လောက်အောင် ကူညီပေးနိုင်ခဲ့ခြင်းမရှိပေ။ထိုအတောအတွင်း ဂြိုလ်သားတို့အပေါ် မယုံသင်္ကာစိတ် ကြီးစိုးလာသည့် လူသားတို့က စစ်မက်ပြုရေးကိုသာ အလေးတင်လာခဲ့ကြသည်။ဂြိုလ်သားတို့ကို လက်ဦးမှုယူ၍ တိုက်ခိုက်လိုသော ရှန်ဟူသော တရုတ်စစ်ဗိုလ်ကြီးကလည်း စစ်သားတို့ကို စစ်ခင်းတော့မည်ဖြစ်ကြောင်း ဘန့်တို့၏ စူးစမ်းမှုကို စောင့်စားနိုင်တော့မည် မဟုတ်ကြောင်း ရာဇသံပေးလာခဲ့သည်။စစ်မက်ဖြစ်ပွားမှု ရှုပ်ထွေးမှုအခြေအနေသို့ ရောက်ရှိလာသောအချိန်တွင် ဘာသာဗေဒပညာရှင် ဘန့် က နိုင်ငံတကာနှင့် ဆက်သွယ်နိုင်သည့် ဂြိုလ်တုဆက်သွယ်ရေး ဖုန်းတစ်လုံးကို အလစ်အငိုက်ရယူကာ တရုတ်စစ်ဗိုလ်ချုပ်ကြီး အပါအဝင် အခြားသောစစ်ဖြစ်နေသည့် နေရာများသို့ သူမတတ်ကျွမ်းထားသည့် ဘာသာစကားများဖြင့် အမှာစကားပေးပို့ခဲ့သည်။သူမအဆက်မပြတ်ပေးပို့ခဲ့သည့် အမှာစကားမှာ “စစ်ခင်းတယ်ဆိုတာ အနိုင်အရှုံးဆိုတာထက် မုဆိုးမတွေ ထွက်ပေါ်လာတာပဲရှိမှာပါ” ဟူ၍ ဖြစ်သည်။ဆိုရလျှင် ဘန့်၏ အဆိုပါအမှာစကားက ကမ္ဘာဂြိုလ်ပေါ်တွင် တောက်လောင်သည့် စစ်မီးကြီးကို အချိန်မီငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုရပါမည်။

Arrival ၏ ဇာတ်လမ်းသဘောသည် စိတ်ကူးယဉ်ဆန်သည်ဟု ဆိုနိုင်သော်လည်း စစ်မက်ဖြစ်ပွားခြင်းကြောင့် အကျိုးမရှိနိုင်ဟူသော မက်ဆေ့ဂျ်ကို ထိရောက်စွာပေးနိုင်သည်ဟု ဆိုချင်ပါသည်။ထိုသို့ဆိုရသည့် အကြောင်းကလည်းရှိသည်။ကျွန်တော်တို့ ကမ္ဘာကြီးကိုကြည့်လျှင် အချိန်နဲ့အမျှ စစ်မက်ဖြစ်ပွားနေမှုများအား စစ်မက်ဖြစ်ပွားမည့် အရိပ်အယောင်များကို အမြဲမပြတ်ဆိုသလို တွေ့နေရသောကြောင့်ဖြစ်သည်။အခြားမကြည့်နှင့် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှ စသည့် နေရာဒေသများမှ နိုင်ငံအချို့တွင် ယနေ့တိုင်အော င်စစ်မီးတောက်များကို ငြိမ်းသတ်နိုင်ခြင်းမရှိသေး။ထိုသို့သော စစ်မီးတောက်များအကြားမှ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့၏ တင်းမာမှုအနေအထားများက စိုးရိမ်ပူပန်ဖွယ်ရာ ထတောက်လာမည့် စစ်မီးတောက် အရိပ်အယောင်များဖြင့် ထပ်မံတွေ့နေရသောကြောင့်ဖြစ်သည်။

၂၁ ရာစု အစောပိုင်းကာလတည်းက ကွန်ဂို၊ ဆီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ယီမင်၊ ယူကရိန်း စသည့်နိုင်ငံတို့တွင်  ပဋိပက္ခစစ်မီးများဖြင့် ရစ်ပတ်လုံးထွေးနေခဲ့သည်မှာ လက်ရှိအချိန်အထိ ငြိမ်းသတ်နိုင်ခြင်းမရှိသေး။အမှန်စင်စစ် လူသားတို့သည် ကမ္ဘာဦးအစတည်းက စစ်မက်ဖြစ်ပွားလာကြသည်မှာ မျက်မှောက်ခေတ်ကာလအထိ စစ်တိုက်ခိုက်ခြင်းကို သမာရိုးကျ လုပ်ရိုးလုပ်စဉ်တစ်ခုလို သဘောထားနေခဲ့ကြပုံရသည်။ကမ္ဘာဦးအစ ကျောက်ခဲများကို အသုံးပြု၍ စစ်တိုက်ကြသည်။ကြေးခေတ်၊ သံခေတ် ရောက်တော့ ဓားများ၊ လှံများကို အသုံးပြုခဲ့ကြသည်။အလယ်ခေတ်တွင် ယမ်းမှုန့်များကို တွေ့ရှိရာမှ ယမ်းမှုန့်အသုံးပြုသော သေနတ်များမှနေ၍ ယနေ့ခေတ်အသုံးပြုနေသော ခေတ်မီလက်နက်များဖြင့် စစ်ခင်းနေကြဆဲရှိသည်။

လူသားတို့ စစ်ခင်းကြသည့် အကြောင်းကိုကြည့်လျှင် အစ ပထမတွင် အချုပ်အာဏာအတွက် နိုင်ငံနယ်နမိတ်များကို ကာကွယ်ရန်အတွက် ကျုးကျော်မှုကို တွန်းလှန်ရန်အတွက် ကိုလိုနီဖက်ဆစ် နယ်ချဲ့တို့ကို တော်လှန်ရန်အတွက် လွတ်လပ်ရန်အတွက် တရားမျှတမှုရှိရန်အတွက် စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ စစ်ခင်းခဲ့ကြသည်။ယခင်က တစ်နိုင်ငံနှင့် တစ်နိုင်ငံ နိုင်ငံရေးအရ စီးပွားရေးအရ စစ်ခင်းခဲ့ကြရာမှ နောက်ဆုံးပြည်တွင်းမှာပင် သဘောကွဲလွဲမှုကြောင့် ပေါ်ပေါက်လာသော ပဋိပက္ခများမှနေ၍ အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်အထိ ရှိလာခဲ့သည်။ကျွန်တော်တို့ လူသားများ အဘယ်ကြောင့် စစ်မက်များနေကြရပါသနည်း။ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကဲ့သို့သော ကြီးမားသောစစ်ပွဲများ၏ အတွေ့အကြုံများမှနေ၍ စစ်၏ဆိုးကျိုးကို သိနေကြပါလျက် အဘယ်ကြောင့် စစ်မက်ဖြစ်ပွားရန် အမြဲတာဆူနေကြပါသနည်း။အမေရိကန်လူမျိုး မနုဿဗေဒပညာရှင် ရစ်ချတ် ဘရိုင်ယန် ဖာဂူဆန် ကတော့ စစ်မက်ဖြစ်ပွားရသည့် အကြောင်းကို ဤသို့ဖွင့်ဆိုခဲ့သည်။

၁။ လူ့အဖွဲ့အစည်းအတွင်း ခက်ခဲရှုပ်ထွေးမှုများ တိုးလာခြင်းကြောင့်

၂။ လူ့အဖွဲ့အစည်းအတွင်း ရန်လိုသူများနှင့် ငြိမ်းချမ်းရေးလိုလားသူများဟူ၍ အုပ်စုနှစ်ခြမ်းကွဲသွားသောကြောင့်

၃။ ယဉ်ကျေးမှုများ ထိုးတိုက်မိခြင်းကြောင့် စစ်မက်ဖြစ်ပွားလာတတ်သည်ဟု ဆိုသည်။

အိန္ဒိယစာရေးဆရာ ပန်တတ်မစ်ရှရာ ကတော့ ယနေ့ခေတ် ကမ္ဘာကြီးတွင် နိုင်ငံရေးခေါင်းဆောင်တု့ိက လွတ်လပ်မှု တည်ငြိမ်မှု ချမ်းသာကြွယ်ဝမှု ရရှိစေမည်ဟူသော ကတိကဝတ်များကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အတွက် မကျေမနပ်ဖြစ်မှုများ တိုးပွားလာစေခဲ့ကြောင်း ထို့်အပြင် ခွဲခြားဆက်ဆံခံရမှု မမျှတမှုဟူသော အတွေးအမြင်များ ဝင်ရောက်လာခြင်းကလည်း မုန်းတီးမှုဟူသော အစွန်းရောက်အယူအဆ သဘောထားအမြင် ရှိမှုများကို ပေါ်ပေါက်လာစေခဲ့သည့်အတွက် ကမ္ဘာ့နေရာအများအပြားတွင် မငြိမ်မသက်ဖြစ်မှုနှင့် ပဋိပက္ခဖြစ်ပွားမှုများကို ပေါ်ပေါက်စေခဲ့သည်ဟု ဆိုခဲ့သည်။စာရေးဆရာ ပန်တတ်မစ်ရှရာ၏ အဆို မှန်ကန်ကြောင်းကို ယနေ့ခေတ် ကမ္ဘာ့နေရာ အတော်များများတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကဲ့သို့  ပဋိပက္ခစစ်ပွဲများက သာဓကအဖြစ် ပြသလျက်ရှိသည်။

လက်နက်ကိုင်အုပ်စုများ တစ်ဖက်နှင့် တစ်ဖက် စစ်မက်ဖြစ်ပွားနေခြင်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုဖြစ်ပေါ်စေလျက်ရှိသည်ကို စစ်မက်ဖြစ်ပွားနေသော နေရာဒေသတွင် မြေစာပင်ဖြစ်နေကြသော ပြည်သူတို့က ပိုမိုသိမြင် နားလည်နေကြမည်သာဖြစ်သည်။စစ်မက်ဖြစ်ပွားခြင်းကို ဖြစ်ပေါ်စေသည့် အခြေခံကျသည့် အကြောင်းအချက်များကလည်း ရှိနေပါသည်။ကမ္ဘာ့မည်သည့်နေရာတွင်မဆို ဗဟိုချုပ်ကိုင်မှု ကိုယ်ကျိုးကြည့်မှု တစ်ကိုယ်ကောင်းဆန်မှု လက်ဝါးကြီးအုပ်မှုထဲ သို့သော် မူဝါဒများကို ဆွဲကိုင်လာချိန်တွင် စစ်မက်ဖြစ်ပွားလာတတ်သည်ဟု ဆိုသည်။မျက်မှောက်ခေတ် ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် နျူကလီးယား ပြဿနာမှ ပေါ်ပေါက်လာသော အခြေတင်ဖြစ်မှုများ ကုန်သွယ်ရေးမညီမျှမှုှုကို ချိန်ညှိရာမှ ပေါ်ထွက်လာသော ကုန်သွယ်ရေးစစ်ပွဲ ပဋိပက္ခများကိုကြည့်လျှင် ကိုယ်ကျိုးကြည့်မှု တစ်ကိုယ်ကောင်းဆန်မှုနှင့် လက်ဝါးကြီးအပ်မှုကဲ့သို့သော အတ္တဝါဒကို အခြေခံရာမှ ပေါ်ပေါက်လာသော အကျိုးသက်ရောက်မှုများပင် ဖြစ်သည်ဟု ဆိုချင်သည်။

အမှန်ဆိုရလျှင် ခေတ်မီလက်နက်များ ဆွဲကိုင်ထားသူတို့က စစ်ဖြစ်ရန်ပင် ဝန်မလေးကြ။တစ်ဖက်နှင့် တစ်ဖက် အထအနကောက်မှုများ ရန်လိုမှုများ တစ်ဖက်စောင်းနင်း ထင်မြင်ယူဆချက်တည်းဟူသော မြှားများကို ပစ်လွှတ်စေကာ စေ့စပ်ညှိနှိုင်းမှုပြုရေးထက် စစ်ရေးဆီသို့သာ ခြေလှမ်းပြင်နေကြသည်ဟု ထင်သည်။မည်သို့ဆိုစေ ကျွန်တော်တို့၏ ဂြိုလ်ကမ္ဘာကြီးတွင် တည်ငြိမ်အေးချမ်းရေးထက် စစ်မက်ပြုရေးဆီကိုသာ ရှေ့ရှုနေကြမည်ဆိုလျှင် ဂြိုလ်ကမ္ဘာပေါ်တွင် နေထိုင်ကြသူတို့၏ အနာဂတ်မှာ လှပခြင်းနှင့် ကင်းဝေးနေမည်ဟု ထင်သည်။အခြားမကြည့်နှင့် ကျွန်တော်တို့ နိုင်ငံသည်ပင် ဆင်းရဲမှု၊ နိုင်ငံရေးမတည်မငြိမ်မှု မမျှတမှု သဘောထားကွဲလွဲမှု စသည့် သက်ရောက်မှုတို့ကြောင့် စည်းလုံးညီညွတ်မှုကို ပြိုကွဲမည့် အရိပ်အယောင်များဖြင့် သံသရာလည်နေခဲ့သည်မှာ အနှစ် ၇၀ နီးပါးခန့် ရှိပြီဖြစ်သည်။

မည်သည့်အတွက်ကြောင့်ဖြစ်စေ နိုင်ငံတစ်နိုင်ငံတွင် တည်ငြိမ်မှု၊ အေးချမ်းသာယာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆိတ်သုန်းသလို ရှိနေမည်ဆိုလျှင် အဆိုပါနိုင်ငံ၏ အနာဂတ်သည် အကောင်းဘက်သု့ိ ဦးတည်လာနိုင်မည်မဟုတ်ဟု ဆိုချင်သည်။

သမိုင်းပညာရှင် စာရေးဆရာ ဖိလစ်ပါအရေဂိုရီ က “စစ်ကို စစ်နဲ့ဖြေရှင်းလို့မရဘူး။စစ်ပွဲကို အဆုံးသတ်စေမည့် တစ်ခုတည်းသောအဖြေမှာ ငြိမ်းချမ်းရေးသာဖြစ်သည်” ဟု ဆိုခဲ့သည်။

စစ်ပွဲတွေမရှိသော ကမ္ဘာအတွက် ကျွန်တေ်ာတို့အားလုံး စဉ်းစားဆင်ခြင်သင့်လှသည်ဟု ထင်ပါသည်။  

မြင့်နောင်မိုး
ဇွန် - ၁

( Zawgyi )

မၾကာေသးမီက ၾကည့္ရႈခဲ့ရေသာ Arrival အမည္ရွိ ႐ုပ္ရွင္သည္ ကြၽန္ေတာ့္ကို မ်ားစြာဆြဲေဆာင္မႈေပးႏိုင္ခဲ့ပါသည္။စိတ္ကူးယဥ္ သိပၸံအမ်ိဳးအစား ျဖစ္ေသာ္လည္း ကြၽန္ေတာ္တို႔အတြက္ ေတြးဆဆင္ျခင္စရာမ်ားစြာ ပါဝင္ေနသည့္ ႐ုပ္ရွင္လည္းျဖစ္သည္။အထူးသျဖင့္ စစ္ပြဲမ်ားတြင္ ပါဝင္ပတ္သက္ေနသူတိုင္း စဥ္းစားဆင္ျခင္သင့္လွသည္ဟု ဆိုခ်င္ပါသည္။

Arrival ႐ုပ္ရွင္ဇာတ္ကား အဖြင့္ကို ကမာၻေျမ ေနရာအႏွံ႔အျပားရွိ ႏိုင္ငံေပါင္း (၁၂) ႏိုင္ငံသို႔ အျခားကမာၻမွယာဥ္မ်ား ေရာက္ရွိလာမႈႏွင့္ အစပ်ိဳးခဲ့သည္။အျခားကမာၻမွယာဥ္မ်ား ေရာက္ရွိလာမႈသည္ ကမာၻၿဂိဳလ္မွ လူသားတို႔အတြက္ေတာ့ စိုးရိမ္ပူပန္စရာျဖစ္ရသည္။ၿဂိဳလ္သားတို႔၏ အာကာသယာဥ္မ်ား ကမာၻေျမသို႔ ေရာက္လာျခင္းသည္ ကမာၻၿဂိဳလ္ကို စစ္မက္ျပဳလိုေသာ ရည္႐ြယ္ခ်က္ျဖင့္ ေရာက္ရွိလာျခင္းေလာဟူသည့္ ေတြးဆပူပန္စိတ္မ်ားျဖင့္ လူသားတို႔က စစ္လက္နက္မ်ား အသင့္ျပင္ၾကေတာ့သည္။

အေမရိကန္ျပည္ေထာင္စုတြင္ အစိုးရက ဘာသာေဗဒပညာရွင္ လူးဝစ္ဘန႔္ ဟူေသာ အမ်ိဳးသမီးကို ဦးေဆာင္ေစကာ ၿဂိဳလ္သားတို႔ႏွင့္ အဆက္အသြယ္ျပဳႏိုင္ေစရန္ ႀကိဳးပမ္းခဲ့သည္။ၿဂိဳလ္သားတို႔၏ ခက္ခဲရႈပ္ေထြးေသာ သေကၤတစကားလုံးမ်ားကို ေဖာ္ထုတ္ႏိုင္ရန္ အခက္အခဲႏွင့္အတူ ဘန႔္ က အာဏာပိုင္တို႔ ေက်နပ္ေလာက္ေအာင္ ကူညီေပးႏိုင္ခဲ့ျခင္းမရွိေပ။ထိုအေတာအတြင္း ၿဂိဳလ္သားတို႔အေပၚ မယုံသကၤာစိတ္ ႀကီးစိုးလာသည့္ လူသားတို႔က စစ္မက္ျပဳေရးကိုသာ အေလးတင္လာခဲ့ၾကသည္။ၿဂိဳလ္သားတို႔ကို လက္ဦးမႈယူ၍ တိုက္ခိုက္လိုေသာ ရွန္ဟူေသာ တ႐ုတ္စစ္ဗိုလ္ႀကီးကလည္း စစ္သားတို႔ကို စစ္ခင္းေတာ့မည္ျဖစ္ေၾကာင္း ဘန႔္တို႔၏ စူးစမ္းမႈကို ေစာင့္စားႏိုင္ေတာ့မည္ မဟုတ္ေၾကာင္း ရာဇသံေပးလာခဲ့သည္။စစ္မက္ျဖစ္ပြားမႈ ရႈပ္ေထြးမႈအေျခအေနသို႔ ေရာက္ရွိလာေသာအခ်ိန္တြင္ ဘာသာေဗဒပညာရွင္ ဘန႔္ က ႏိုင္ငံတကာႏွင့္ ဆက္သြယ္ႏိုင္သည့္ ၿဂိဳလ္တုဆက္သြယ္ေရး ဖုန္းတစ္လုံးကို အလစ္အငိုက္ရယူကာ တ႐ုတ္စစ္ဗိုလ္ခ်ဳပ္ႀကီး အပါအဝင္ အျခားေသာစစ္ျဖစ္ေနသည့္ ေနရာမ်ားသို႔ သူမတတ္ကြၽမ္းထားသည့္ ဘာသာစကားမ်ားျဖင့္ အမွာစကားေပးပို႔ခဲ့သည္။သူမအဆက္မျပတ္ေပးပို႔ခဲ့သည့္ အမွာစကားမွာ “စစ္ခင္းတယ္ဆိုတာ အႏိုင္အရႈံးဆိုတာထက္ မုဆိုးမေတြ ထြက္ေပၚလာတာပဲရွိမွာပါ” ဟူ၍ ျဖစ္သည္။ဆိုရလွ်င္ ဘန႔္၏ အဆိုပါအမွာစကားက ကမာၻၿဂိဳလ္ေပၚတြင္ ေတာက္ေလာင္သည့္ စစ္မီးႀကီးကို အခ်ိန္မီၿငိမ္းသတ္ႏိုင္ခဲ့သည္ဟု ဆိုရပါမည္။

Arrival ၏ ဇာတ္လမ္းသေဘာသည္ စိတ္ကူးယဥ္ဆန္သည္ဟု ဆိုႏိုင္ေသာ္လည္း စစ္မက္ျဖစ္ပြားျခင္းေၾကာင့္ အက်ိဳးမရွိႏိုင္ဟူေသာ မက္ေဆ့ဂ်္ကို ထိေရာက္စြာေပးႏိုင္သည္ဟု ဆိုခ်င္ပါသည္။ထိုသို႔ဆိုရသည့္ အေၾကာင္းကလည္းရွိသည္။ကြၽန္ေတာ္တို႔ ကမာၻႀကီးကိုၾကည့္လွ်င္ အခ်ိန္နဲ႔အမွ် စစ္မက္ျဖစ္ပြားေနမႈမ်ားအား စစ္မက္ျဖစ္ပြားမည့္ အရိပ္အေယာင္မ်ားကို အၿမဲမျပတ္ဆိုသလို ေတြ႕ေနရေသာေၾကာင့္ျဖစ္သည္။အျခားမၾကည့္ႏွင့္ အာဖရိက၊ အေရွ႕အလယ္ပိုင္း၊ အာရွ စသည့္ ေနရာေဒသမ်ားမွ ႏိုင္ငံအခ်ိဳ႕တြင္ ယေန႔တိုင္ေအာ င္စစ္မီးေတာက္မ်ားကို ၿငိမ္းသတ္ႏိုင္ျခင္းမရွိေသး။ထိုသို႔ေသာ စစ္မီးေတာက္မ်ားအၾကားမွ အေမရိကန္ျပည္ေထာင္စုႏွင့္ ေျမာက္ကိုရီးယား၊ အေမရိကန္ျပည္ေထာင္စုႏွင့္ အီရန္ႏိုင္ငံတို႔၏ တင္းမာမႈအေနအထားမ်ားက စိုးရိမ္ပူပန္ဖြယ္ရာ ထေတာက္လာမည့္ စစ္မီးေတာက္ အရိပ္အေယာင္မ်ားျဖင့္ ထပ္မံေတြ႕ေနရေသာေၾကာင့္ျဖစ္သည္။

၂၁ ရာစု အေစာပိုင္းကာလတည္းက ကြန္ဂို၊ ဆီးရီးယား၊ အီရတ္၊ အာဖဂန္နစၥတန္၊ ယီမင္၊ ယူကရိန္း စသည့္ႏိုင္ငံတို႔တြင္  ပဋိပကၡစစ္မီးမ်ားျဖင့္ ရစ္ပတ္လုံးေထြးေနခဲ့သည္မွာ လက္ရွိအခ်ိန္အထိ ၿငိမ္းသတ္ႏိုင္ျခင္းမရွိေသး။အမွန္စင္စစ္ လူသားတို႔သည္ ကမာၻဦးအစတည္းက စစ္မက္ျဖစ္ပြားလာၾကသည္မွာ မ်က္ေမွာက္ေခတ္ကာလအထိ စစ္တိုက္ခိုက္ျခင္းကို သမာ႐ိုးက် လုပ္႐ိုးလုပ္စဥ္တစ္ခုလို သေဘာထားေနခဲ့ၾကပုံရသည္။ကမာၻဦးအစ ေက်ာက္ခဲမ်ားကို အသုံးျပဳ၍ စစ္တိုက္ၾကသည္။ေၾကးေခတ္၊ သံေခတ္ ေရာက္ေတာ့ ဓားမ်ား၊ လွံမ်ားကို အသုံးျပဳခဲ့ၾကသည္။အလယ္ေခတ္တြင္ ယမ္းမႈန႔္မ်ားကို ေတြ႕ရွိရာမွ ယမ္းမႈန႔္အသုံးျပဳေသာ ေသနတ္မ်ားမွေန၍ ယေန႔ေခတ္အသုံးျပဳေနေသာ ေခတ္မီလက္နက္မ်ားျဖင့္ စစ္ခင္းေနၾကဆဲရွိသည္။

လူသားတို႔ စစ္ခင္းၾကသည့္ အေၾကာင္းကိုၾကည့္လွ်င္ အစ ပထမတြင္ အခ်ဳပ္အာဏာအတြက္ ႏိုင္ငံနယ္နမိတ္မ်ားကို ကာကြယ္ရန္အတြက္ က်ဳးေက်ာ္မႈကို တြန္းလွန္ရန္အတြက္ ကိုလိုနီဖက္ဆစ္ နယ္ခ်ဲ႕တို႔ကို ေတာ္လွန္ရန္အတြက္ လြတ္လပ္ရန္အတြက္ တရားမွ်တမႈရွိရန္အတြက္ စသည္ျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ စစ္ခင္းခဲ့ၾကသည္။ယခင္က တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ ႏိုင္ငံေရးအရ စီးပြားေရးအရ စစ္ခင္းခဲ့ၾကရာမွ ေနာက္ဆုံးျပည္တြင္းမွာပင္ သေဘာကြဲလြဲမႈေၾကာင့္ ေပၚေပါက္လာေသာ ပဋိပကၡမ်ားမွေန၍ အခ်င္းခ်င္းတိုက္ခိုက္ခဲ့ၾကသည္အထိ ရွိလာခဲ့သည္။ကြၽန္ေတာ္တို႔ လူသားမ်ား အဘယ္ေၾကာင့္ စစ္မက္မ်ားေနၾကရပါသနည္း။ပထမကမာၻစစ္ႏွင့္ ဒုတိယကမာၻစစ္ကဲ့သို႔ေသာ ႀကီးမားေသာစစ္ပြဲမ်ား၏ အေတြ႕အႀကဳံမ်ားမွေန၍ စစ္၏ဆိုးက်ိဳးကို သိေနၾကပါလ်က္ အဘယ္ေၾကာင့္ စစ္မက္ျဖစ္ပြားရန္ အၿမဲတာဆူေနၾကပါသနည္း။အေမရိကန္လူမ်ိဳး မႏုႆေဗဒပညာရွင္ ရစ္ခ်တ္ ဘ႐ိုင္ယန္ ဖာဂူဆန္ ကေတာ့ စစ္မက္ျဖစ္ပြားရသည့္ အေၾကာင္းကို ဤသို႔ဖြင့္ဆိုခဲ့သည္။

၁။ လူ႔အဖြဲ႕အစည္းအတြင္း ခက္ခဲရႈပ္ေထြးမႈမ်ား တိုးလာျခင္းေၾကာင့္

၂။ လူ႔အဖြဲ႕အစည္းအတြင္း ရန္လိုသူမ်ားႏွင့္ ၿငိမ္းခ်မ္းေရးလိုလားသူမ်ားဟူ၍ အုပ္စုႏွစ္ျခမ္းကြဲသြားေသာေၾကာင့္

၃။ ယဥ္ေက်းမႈမ်ား ထိုးတိုက္မိျခင္းေၾကာင့္ စစ္မက္ျဖစ္ပြားလာတတ္သည္ဟု ဆိုသည္။

အိႏၵိယစာေရးဆရာ ပန္တတ္မစ္ရွရာ ကေတာ့ ယေန႔ေခတ္ ကမာၻႀကီးတြင္ ႏိုင္ငံေရးေခါင္းေဆာင္တု႔ိက လြတ္လပ္မႈ တည္ၿငိမ္မႈ ခ်မ္းသာႂကြယ္ဝမႈ ရရွိေစမည္ဟူေသာ ကတိကဝတ္မ်ားကို အျပည့္အဝျဖည့္ဆည္းေပးႏိုင္ျခင္း မရွိသည့္အတြက္ မေက်မနပ္ျဖစ္မႈမ်ား တိုးပြားလာေစခဲ့ေၾကာင္း ထို႔္အျပင္ ခြဲျခားဆက္ဆံခံရမႈ မမွ်တမႈဟူေသာ အေတြးအျမင္မ်ား ဝင္ေရာက္လာျခင္းကလည္း မုန္းတီးမႈဟူေသာ အစြန္းေရာက္အယူအဆ သေဘာထားအျမင္ ရွိမႈမ်ားကို ေပၚေပါက္လာေစခဲ့သည့္အတြက္ ကမာၻ႔ေနရာအမ်ားအျပားတြင္ မၿငိမ္မသက္ျဖစ္မႈႏွင့္ ပဋိပကၡျဖစ္ပြားမႈမ်ားကို ေပၚေပါက္ေစခဲ့သည္ဟု ဆိုခဲ့သည္။စာေရးဆရာ ပန္တတ္မစ္ရွရာ၏ အဆို မွန္ကန္ေၾကာင္းကို ယေန႔ေခတ္ ကမာၻ႔ေနရာ အေတာ္မ်ားမ်ားတြင္ ျဖစ္ပြားေနေသာ ျပည္တြင္းစစ္ကဲ့သို႔  ပဋိပကၡစစ္ပြဲမ်ားက သာဓကအျဖစ္ ျပသလ်က္ရွိသည္။

လက္နက္ကိုင္အုပ္စုမ်ား တစ္ဖက္ႏွင့္ တစ္ဖက္ စစ္မက္ျဖစ္ပြားေနျခင္းက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကို ပိုမိုျဖစ္ေပၚေစလ်က္ရွိသည္ကို စစ္မက္ျဖစ္ပြားေနေသာ ေနရာေဒသတြင္ ေျမစာပင္ျဖစ္ေနၾကေသာ ျပည္သူတို႔က ပိုမိုသိျမင္ နားလည္ေနၾကမည္သာျဖစ္သည္။စစ္မက္ျဖစ္ပြားျခင္းကို ျဖစ္ေပၚေစသည့္ အေျခခံက်သည့္ အေၾကာင္းအခ်က္မ်ားကလည္း ရွိေနပါသည္။ကမာၻ႔မည္သည့္ေနရာတြင္မဆို ဗဟိုခ်ဳပ္ကိုင္မႈ ကိုယ္က်ိဳးၾကည့္မႈ တစ္ကိုယ္ေကာင္းဆန္မႈ လက္ဝါးႀကီးအုပ္မႈထဲ သို႔ေသာ္ မူဝါဒမ်ားကို ဆြဲကိုင္လာခ်ိန္တြင္ စစ္မက္ျဖစ္ပြားလာတတ္သည္ဟု ဆိုသည္။မ်က္ေမွာက္ေခတ္ ကမာၻေပၚတြင္ ျဖစ္ပြားေနသည့္ န်ဴကလီးယား ျပႆနာမွ ေပၚေပါက္လာေသာ အေျခတင္ျဖစ္မႈမ်ား ကုန္သြယ္ေရးမညီမွ်မႈွုကို ခ်ိန္ညႇိရာမွ ေပၚထြက္လာေသာ ကုန္သြယ္ေရးစစ္ပြဲ ပဋိပကၡမ်ားကိုၾကည့္လွ်င္ ကိုယ္က်ိဳးၾကည့္မႈ တစ္ကိုယ္ေကာင္းဆန္မႈႏွင့္ လက္ဝါးႀကီးအပ္မႈကဲ့သို႔ေသာ အတၱဝါဒကို အေျခခံရာမွ ေပၚေပါက္လာေသာ အက်ိဳးသက္ေရာက္မႈမ်ားပင္ ျဖစ္သည္ဟု ဆိုခ်င္သည္။

အမွန္ဆိုရလွ်င္ ေခတ္မီလက္နက္မ်ား ဆြဲကိုင္ထားသူတို႔က စစ္ျဖစ္ရန္ပင္ ဝန္မေလးၾက။တစ္ဖက္ႏွင့္ တစ္ဖက္ အထအနေကာက္မႈမ်ား ရန္လိုမႈမ်ား တစ္ဖက္ေစာင္းနင္း ထင္ျမင္ယူဆခ်က္တည္းဟူေသာ ျမႇားမ်ားကို ပစ္လႊတ္ေစကာ ေစ့စပ္ညႇိႏႈိင္းမႈျပဳေရးထက္ စစ္ေရးဆီသို႔သာ ေျခလွမ္းျပင္ေနၾကသည္ဟု ထင္သည္။မည္သို႔ဆိုေစ ကြၽန္ေတာ္တို႔၏ ၿဂိဳလ္ကမာၻႀကီးတြင္ တည္ၿငိမ္ေအးခ်မ္းေရးထက္ စစ္မက္ျပဳေရးဆီကိုသာ ေရွ႕ရႈေနၾကမည္ဆိုလွ်င္ ၿဂိဳလ္ကမာၻေပၚတြင္ ေနထိုင္ၾကသူတို႔၏ အနာဂတ္မွာ လွပျခင္းႏွင့္ ကင္းေဝးေနမည္ဟု ထင္သည္။အျခားမၾကည့္ႏွင့္ ကြၽန္ေတာ္တို႔ ႏိုင္ငံသည္ပင္ ဆင္းရဲမႈ၊ ႏိုင္ငံေရးမတည္မၿငိမ္မႈ မမွ်တမႈ သေဘာထားကြဲလြဲမႈ စသည့္ သက္ေရာက္မႈတို႔ေၾကာင့္ စည္းလုံးညီၫြတ္မႈကို ၿပိဳကြဲမည့္ အရိပ္အေယာင္မ်ားျဖင့္ သံသရာလည္ေနခဲ့သည္မွာ အႏွစ္ ၇၀ နီးပါးခန႔္ ရွိၿပီျဖစ္သည္။

မည္သည့္အတြက္ေၾကာင့္ျဖစ္ေစ ႏိုင္ငံတစ္ႏိုင္ငံတြင္ တည္ၿငိမ္မႈ၊ ေအးခ်မ္းသာယာမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ား ဆိတ္သုန္းသလို ရွိေနမည္ဆိုလွ်င္ အဆိုပါႏိုင္ငံ၏ အနာဂတ္သည္ အေကာင္းဘက္သု႔ိ ဦးတည္လာႏိုင္မည္မဟုတ္ဟု ဆိုခ်င္သည္။

သမိုင္းပညာရွင္ စာေရးဆရာ ဖိလစ္ပါအေရဂိုရီ က “စစ္ကို စစ္နဲ႔ေျဖရွင္းလို႔မရဘူး။စစ္ပြဲကို အဆုံးသတ္ေစမည့္ တစ္ခုတည္းေသာအေျဖမွာ ၿငိမ္းခ်မ္းေရးသာျဖစ္သည္” ဟု ဆိုခဲ့သည္။

စစ္ပြဲေတြမရွိေသာ ကမာၻအတြက္ ကြၽန္ေတ္ာတို႔အားလုံး စဥ္းစားဆင္ျခင္သင့္လွသည္ဟု ထင္ပါသည္။  

ျမင့္ေနာင္မိုး
ဇြန္ - ၁