【 ဆောင်းပါး 】 “စကားတစ်ခွန်း”

【 ဆောင်းပါး 】 “စကားတစ်ခွန်း”

“သူငယ်ချင်း ခုန မင်းပြောလိုက်တဲ့စကား၊ ပြန်ပြောစမ်းပါဦး”

“ဘာလဲ မင်းကမယုံလို့လား”    

“မဟုတ်ပါဘူးကွာ ငါသေသေချာချာပြန်ကြားချင်လို့ပါ။မင်းရဲ့စကားက ငါ့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိပါတယ်”

“အေးလေ ပြောဆိုလည်း ပြောရတာပေါ့။မင်းမိန်းမကို ကောင်တစ်ကောင်နဲ့တွဲပြီးတွေ့တာ နှစ်ခါ၊ သုံးခါရှိပြီ။အဲဒီအအေးဆိုင်မှာချည်းပဲ။သူတို့နှစ်ယောက်ထဲ စကားပြောနေတာ တစ်နာရီကျော်ကျော်လောက်ကြာတယ်။အဲဒီကောင်ကလည်း ယောင်္ကျားရင့်မကြီးဖြစ်ပြီးတော့ မျက်ရည်က ဘာလွယ်သလဲ မမေးနဲ့။အေးလေ အဲဒီလောက်အချွဲကောင်းလို့ မင်းမိန်းမကြွေတာဖြစ်မှာပေါ့။ဒီကောင်မျက်ရည်သုတ်ဖို့ လက်ကိုင်ပဝါတောင် ထုတ်ပေးလိုက်သေးတယ်”

မိတ်ဆွေတစ်ယောက်ဆီသွားရင်း သူတို့လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ နှစ်ယောက်သား လက်ဖက်ရည်သောက်နေစဉ်က ဖြစ်သည်။တစ်ဖက်စားပွဲဝိုင်းမှ လူငယ်နှစ်ယောက်၏ စကားသံများကိုကြားနေရ၍ စိတ်ဝင်စားသွားသဖြင့် တမင်နားစွင့်ထားမိသည်။စကားဆက်ပြောသံမကြားရတော့။
ခဏအကြာတွင် ကာယကံရှင်သူငယ်ချင်း ဒေါသတကြီးနှင့် လက်ဖက်ရည်ဆိုင်ထဲမှ ထွက်သွားသည်။သတင်းပေး သူငယ်ချင်းကတော့ တစ်ယောက်ထဲကျန်ရစ်ပြီး အတန်ကြာမှပြန်သွားသည်။

သူတို့နှစ်ယောက်လုံးမရှိတော့မှ မိတ်ဆွေဖြစ်သူကို မေးကြည့်တော့ တစ်ဖက်လမ်းမှ သူငယ်ချင်းနှစ်ယောက်ဖြစ်ပြီး တစ်ယောက်မှာ လူပျိုဖြစ်၍ တစ်ယောက်မှာ အိမ်ထောင်သည်ဖြစ်ကြောင်း သိရသည်။

နောက်တစ်ပါတ်ခန့်အကြာတွင် စကားစပ်မိ၍ မိတ်ဆွေထံမှသိရသည်မှာ အိမ်ထောင်သည်သူငယ်ချင်း ဇနီးမောင်နှံမှာ တရားဝင်ကွဲကွာသွားကြကြောင်း သိရသည်မို့၊ မဆီမဆိုင် စိတ်မကောင်းဖြစ်မိသည်။ပို၍ဝမ်းနည်းစရာကောင်းသည်မှာ ထိုအိမ်ထောင်ရှင်မိန်းကလေးနှင့် အအေးဆိုင်မှာတွေ့၍ မျက်ရည်လွယ်သည်ဆိုသော ကောင်လေးမှာ သူမ၏ အမေဘက်မှ မောင်ဝမ်းကွဲတော်စပ်လျက် အဆုတ်ကင်ဆာကြောင့် အားငယ်ကာ စိတ်ဓာတ်ကျနေသဖြင့် သူမကသတင်းမေးရင်း နှစ်သိမ့်ပေးခဲ့ရကြောင်းဖြစ်သည်။

ကျွန်တော်စိတ်မကောင်းဖြစ်ရသည်က ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်သည်ဘဝမှာ မချမ်းသာမကြီးပွားသေးသော်လည်း သန့်စင်သောချစ်ခြင်းမေတ္တာနှင့် အေးအေးချမ်းချမ်း လျှောက်လှမ်းနေပါလျက် “စကားတစ်ခွန်း” ကြောင့် အိမ်ထောင်တစ်ခု လုံးဝပျက်စီးသွားခြင်းအတွက်ဖြစ်သည်။

စကားတစ်ခွန်းသည် ပြောသူအတွက်ရော နားထောင်သူအတွက်ပါ ပေါ့ပေါ့ပါးပါးနှင့် မဖြစ်စလောက်ဟု ထင်ရသော်လည်း တကယ့်လက်တွေ့မှာတော့ အမြဲတမ်းပေါ့ပေါ့ပါးပါး ရှိမနေပါ။

တစ်စုံတစ်ယောက်က “မောင်မောင်ရေ” ဟု ခေါ်လိုက်သည်ဆိုပါစို့။

“ဟင်”

“ဗျာ”

“ခင်ဗျာ”

“ဟုတ်ကဲ့ ပြောပါခင်ဗျာ”

“ဘာလဲ”

“ဘာလုပ်မလို့လဲ” စသည်ဖြင့် အမျိုးမျိုးတုံ့ပြန်နိုင်ပါသည်။

ဘယ်စကားကပိုကောင်းမလဲ။ပိုသင့်တော်မလဲ။ပို၍နားဝင်ချိုမလဲ။တစ်ဖက်လူအပေါ် ပို၍အလေးအနက်ထားရာ၊ ရင်းနှီးရာ၊ ယဉ်ကျေးရာ ရောက်မလဲ။

ပြောသူက အလွယ်တကူပြောလိုက်သော်လည်း နားထောင်သူဘက်မှာ အဓိပ္ပါယ်အမျိုးမျိုး သက်ရောက်သွားနိုင်ပါ သည်။ကိုယ်တိုင်ရော၊ တစ်ဖက်လူအပေါ်မှာပါ တန်ဖိုးထားတတ်သူများကမူ စကားတစ်ခွန်းကို အလွယ်တကူမပြောတတ်ကြပါ။အမျိုးမျိုးချိန်ဆပြီးမှ ပြောကြပါသည်။

အပြစ်တစ်ခုခု ကျူးလွန်ထားသော လူငယ်တစ်ယောက်ကို ဆုံးမမည်ဆိုပါစို့။လက်နှင့်ရိုက်၍ ဆုံးမခြင်းထက် နှုတ်ဖြင့်အကျိုးသင့်အကြောင်းသင့် ပြောဆိုဆုံးမခြင်းက ထိုကလေး၏ စိတ်ဓာတ်ကို အနာမဖြစ်စေဘဲ ကောင်းသည့်ဘက်သို့ရောက်အောင် ပြုပြင်နိုင်ပေသည်။

သို့သော် ‘မရိုက်မနှက်ဘဲ စကားလုံးနဲ့ဆုံးမတာပဲ နားထောင်ရမှာပေါ့’ ဟု ပြီးပြီးရောပြော၍တော့လည်း မဖြစ်နိုင်ပါ။စကားလုံးနှင့်ဆုံးမတာ ကောင်းသော်လည်း ချိုသာသောစကား၊ နားဝင်လွယ်သောစကား ဖြစ်သင့်သည်။အရေးအကြီးဆုံးကတော့ တစ်ဖက်သားအပေါ် မနှိမ်ဖို့၊ လွန်ကဲသောဖိအားမျိုးနှင့် မပြောမိစေဖို့ လိုပါသည်။

လက်ကမရိုက်သော်လည်း နှုတ်မှ ‘မိမဆုံးမ ဖမဆုံးမလေး’ ဟု ပြောလိုက်ခြင်းမျိုးကြောင့် ကလေး၏စိတ်ထဲတွင် မခံမရပ်နိုင်ဖြစ်သွားစေနိုင်သည်။ဆုံးမသူအပေါ် နာကြည်းသွားတတ်သည့်အပြင် ကောင်းသည့်စိတ်ဖြစ်ပေါ်ဖို့ အခွင့်အရေး လုံးဝပျက်စီးသွားနိုင်ပေသည်။

ထို့ကြောင့် ‘ကျောပူတာခံချင်သည်၊ နားပူတော့မခံနိုင်’ ဟု ဆိုကြခြင်းဖြစ်သည်။

‘နှုတ်ချို သျှိုတစ်ပါး’၊ ‘နှုတ်ကြောင့် ပြည်စိုး’၊ ‘ကြမ်းကျွံလျှင် နုတ်၍ရသည်၊ စကားကျွံလျှင် နုတ်၍မရ’၊ ‘စကားစကားပြောတာများ စကားထဲကဇာတိပြ’၊ ‘ထောင်တန်တဲ့စကားရယ်ပေါ့’ ဟူ၍၊ “စကားတစ်ခွန်း” ၏ အရေးပါပုံ၊ တန်ဖိုးကြီးပုံကို အစဉ်အဆက် အလေးထားဖေါ်ပြခဲ့ကြလေသည်။

တရုတ်အဆိုအမိန့်တစ်ခု ကြားဖူးပါသည်။‘လူအချင်းချင်း ဆက်ဆံရာတွင် အိတ်ကပ်ထဲမှာ ပိုက်ဆံဆောင်ထားပါ။သို့မဟုတ်လျှင် ပါးစပ်ထဲမှာ ပျားရည်ဆောင်ထားပါ’ ဟု ဖြစ်သည်။နှုတ်ထွက်စကားတစ်ခွန်း၏ တန်ဖိုးကြီးမားပုံကို ထင်ရှားစေပါသည်။အလွန်မှတ်သားလိုက်နာစရာ ကောင်းလှပေသည်။

အကုသိုလ်ဆယ်ပါးတွင် ကာယကံသုံးပါး၊ မနောကံသုံးပါးရှိပြီး ဝစီကံအနေနှင့် လေးပါးရှိပါသည်။

(၁) မုသာဝါဒ (falsehood) လိမ်ညာပြောသောစကား

(၂) ဖရုသဝါစာ (harsh speak) ကြမ်းတမ်းရိုင်းစိုင်းသောစကား

(၃) သမ္ဖပ္ပလာပဝါစာ (vain talk) အကျိုးမဲ့ သိမ်ဖျင်းသောစကား

(၄) ပိသုဏဝါစာ (slander) တစ်ပါးသူတို့ အချစ်ပျက်အထင်လွဲအောင် ပြောသောစကားတို့ ဖြစ်သည်။

စကားအပြောအဆို မတတ်သည့်အတွက် သူတစ်ပါးလည်း ထိခိုက်နစ်နာစေပြီး ကိုယ်တိုင်လည်း အပြစ်ဖြစ်ပါသည်။

ပါးစပ်ကလေးလှုပ်၍ လေသံထွက်ပေါ်လာပုံချင်း တူသော်လည်း ထွက်လာသောစကား၏ အဓိပ္ပါယ်အလေးအပေါ့၊ အကျိုးအပြစ်၊ လိုရင်းရောက်မရောက် စသည်ဖြင့် စွမ်းအား (power) ချင်း ကွာခြားလွန်းလှသည်။ပါးစပ်ကလေးဟကာ  အခက်အခဲမရှိပြောနိုင်တိုင်း စကားတစ်ခွန်းကို အလွယ်တကူမပြောသင့်ပါ။

စကားတစ်ခွန်းသည် ပြောသူ၊ နားထောင်သူ၊ အခြားတစ်ယောက်၏ ကောင်းကျိုးတော့ရရှိပါမှ တန်ဖိုးရှိပေမည်။

လွယ်လွယ်ပြော၍ရသောကြောင့် လူတော်တော်များများက စကားကိုလွယ်လွယ်ပြောတတ်ကြ၏။အမှန်ဆိုလျှင်  ကိုယ့်ပြောစကားတစ်ခွန်းကြောင့် ဖြစ်လာနိုင်သော ကောင်းကျိုး၊ ဆိုးကျိုးများကို သတိထားဆင်ခြင်ပြီးမှသာ နှုတ်မှဖွင့်ဟသင့်ပါသည်။

ပညာရှိတို့သည် စကားတစ်ခွန်းကို အလွယ်တကူမပြောတတ်ကြပါ။စကားကို ခြွေတာကြပါသည်။မပြောမဖြစ်သည့် အခြေအနေမျိုးတွင်မှ ပြောကြသည်။

ဂရိအတွေးအခေါ်ပညာရှင်ကြီး Diogenes က “We have two ears and only one tongue in order that we may hear more and speak less.” (ကျွန်တော်တို့မှာ နားရွက်နှစ်ဖက်ရှိပြီး လျှာတစ်ခုတည်းသာရှိသည်။ထို့ကြောင့် များများနားထောင်၍ နည်းနည်းပြောပါ) ဟု သတိပေးထားပါသည်။

တစ်ခါတလေ ကိုယ်က စေတနာအရင်းခံနှင့် အမှန်အတိုင်းပြောသည့်စကား ဖြစ်သော်လည်း တစ်ဖက်သားက အဓိပ္ပါယ်လွဲ၍လက်ခံတာမျိုး၊ ကိုယ့်စေတနာကို ပြောင်းပြန်မြင်တာမျိုး ကြုံရတတ်ပါသည်။

ကျွန်တော် ဆယ်တန်းကျသည့်နှစ်က ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက် စာမေးပွဲအောင်ပါသည်။သူက အင်ဂျင်နီယာလိုင်း မှန်းထားသူဖြစ်၏။အမှတ်စာရင်းထွက်လာသောအခါ အင်ဂျင်နီယာလိုင်းကို မမီခဲ့ပေ။ကျွန်တော်လည်း သူငယ်ချင်းစိတ်အားငယ်မည်စိုး၍ အားပေးစကားအနေနှင့် “ရိုးရိုးမေဂျာနဲ့ပဲ မဟာသိပ္ပံတို့၊ မဟာဝိဇ္ဇာတို့ ယူလည်းရတာပဲ” ဟု ပြောလိုက်မိသည်။

ထိုနေ့မှစပြီး သူ ကျွန်တော့်ကို စကားမပြောတော့ပါ။ကျွန်တော်က စာမေးပွဲကျလို့ သူအင်ဂျင်နီယာဖြစ်မှာကို မနာလိုဖြစ်နေကြောင်း၊ သူငယ်ချင်းမပီသကြောင်း၊ စိတ်ဓာတ်အောက်တန်းကျကြောင်း လျှောက်ပြောသည်။

ထိုစဉ်ကတော့ ငယ်သူချင်းမို့ စေတနာကို တလွဲထင်ရကောင်းလားဟု မာနချင်းပြိုင်ကာ ကျွန်တော်ကလည်း သူ့ကိုမခေါ်တော့ပါ။အသက်အရွယ်တွေရ၊ အိမ်ထောင်တွေကျ၊ သားသမီးတွေရပြီး ကျောင်းတော်ကြီးမှာ နှစ်စဉ်ကျင်းပသည့် ဆရာကန်တော့ပွဲမှာ အတူဆုံကြတော့မှ အပြန်အလှန်တောင်းပန်ဖြစ်ကြသည်။

ကျွန်တော်ကတော့ Saying nothing is better than saying any error. ဆိုသကဲ့သို့ ‘အမှားတစ်ခုခုပြောတာနဲ့ စာရင်၊ ဘာမှမပြောတာပိုကောင်းတယ်’ ဟု သဘောပေါက်လိုက်ပါသည်။

တစ်ဖက်လူအပေါ် စေတနာထားသည်မှန်သော်လည်း ကိုယ့်စကားမှန်ဖို့၊ ထိုသူမှာလည်း တကယ်အကျိုးရှိနိုင်ဖို့လိုပါသည်။လောကမှာ အပြောသင့်ဆုံးစကား နှစ်မျိုးသာရှိပါသည်။

မှန်လည်းမှန်၊ အကျိုးလည်းရှိပြီး တစ်ဖက်လူနားထောင်ချင်သော စကားနှင့် မှန်လည်းမှန်၊ အကျိုးလည်းရှိသော်လည်း တစ်ဖက်လူနားမထောင်ချင်သော စကားတို့ဖြစ်သည်။

သည်တော့ စကားတစ်ခွန်းပြောမည်ဆိုလျှင်၊ ထိုစကားသည် တစ်ဖက်သားနားထောင်ချင်စိတ် ရှိချင်လည်းရှိမည်။ရှိချင်မှလည်းရှိမည်။မလွဲမသွေရှိအပ်သည့် စကားအရည်အချင်းကတော့ မှန်ကန်၍ အကျိုးကျေးဇူးရှိရန်သာဖြစ်၏။

မှန်သောစကား (သစ္စာစကား) သည် အလွန်အင်အားကောင်းပြီး၊ အကျိုးလည်းကြီးမားပါသည်။

ငါးရာ့ငါးဆယ်၊ ဝဋ္ဋကဇာတ်တွင် ဘုရားလောင်းသည် ငုံးငှက်ဘဝဖြစ်ခဲ့၏။ဥမှပေါက်ပြီး မကြာသောအချိန်တွင် သူနေသောတောအုပ်၌ မီးလောင်လေ၏။တိရစ္ဆာန်ပေါင်းစုံတို့လည်း တောမီးမှလွတ်ရာသို့ ပြေးကုန်၏။အလောင်းတော် ငုံးငှက်၏ မိဘနှစ်ပါးသည်လည်း တောမီးကိုကြောက်၍ ကိုယ်လွတ်ပြေးကြပြန်၏။ငုံးငှက်ကလေးသည် မသွားနိုင်မပျံနိုင်နှင့် တောမီး သူ့ကိုလောင်ကျွမ်းမည့်အချိန်ကို စောင့်မျှော်နေရရှာ၏။ထိုအခါ ငုံးငှက်ငယ်သည် သစ္စာစကားဆိုလေသည်။                                                                    

“ငါ့မှာအတောင်များရှိပါသော်လည်း မပျံနိုင်ပါ။ငါ့မှာခြေထောက်ရှိသော်လည်း မလျှောက်နိုင်ပါ။မိဘနှစ်ပါးရှိသော်လည်း ထွက်ပြေးကြလေပြီ။ဤမှန်သောသစ္စာစကားကြောင့် အသင်တောမီးသည် ငါ့ကိုမလောင်စေသတည်း”

အလောင်းတော် ငုံးငှက်၏ သစ္စာစကားကြောင့် တစ်တောလုံးကို အရှိန်ပြင်းစွာလောင်နေသောမီးသည် ငုံးငှက်ကလေးရှိသည့် နေရာတစ်ဝိုက်ကို လုံးဝမီးမလောင်ခဲ့ပေ။သစ္စာစကား၏ အကျိုးအာနိသင်ကား ကြီးမားလှလေသည်။

သစ္စာစကားဆိုသူမှာ စိတ်သန့်ရှင်းသည့်အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု (self-confidence) အပြည့်အဝရှိသည်။မုသားစကားဆိုသူမှာ တစ်လောကလုံးကိုညာလျှင် ညာနိုင်မည်ဖြစ်သော်လည်း သူ့ကိုယ်သူတော့ ညာ၍မရနိုင်ပေ။ထို့ကြောင့် သူ့စိတ်မသန့်ရှင်းသည့်အတွက် စိုးရိမ်ကြောင့်ကြမှု၊ ထိတ်လန့်အားငယ်မှုတို့ဖြစ်ကာ self-confidence လုံးဝမရှိနိုင်ပေ။

(တစ်ခါတရံ) မှန်သော်လည်း ဘယ်သူ့အတွက်မှအကျိုးမရှိ (အကျိုးပင်ယုတ်လျော့စေတတ်သေးသည်) သော စကားမျိုးလည်းရှိ၏။ခြေထောက်မသန်မစွမ်းသောသူကို “လမ်းလျှောက်တာ ထော့နဲ့ထော့နဲ့နှင့်” ဟု ပြောတာမျိုး၊ ရုပ်ရည်အကျည်းတန်သူကို “ရုပ်ကလည်း ဆိုးလိုက်တာလွန်ရော” ဟု ပြောတာမျိုးသည် စိတ်ဓာတ်သေးသိမ် ညံ့ဖျင်းသူတို့ ပြောလေ့ရှိ၏။

အခြေအမြစ်မရှိသည့် ကောလာဟလစကား (rumour) မျိုး၊ အသိဉာဏ်တစ်စုံတစ်ခု မရရှိနိုင်သော ညစ်ညမ်းပေါ့ပျက်သည့် စကားမျိုးသည်လည်း အကျိုးမရှိ သိမ်ဖျင်းယုတ်ညံ့သောစကား (သမ္ဖပ္ပလာပဝါစာ) ဖြစ်၍ မပြောဆိုသင့်ပါ။အချိန်ဖြုန်းရုံသက်သက် မည်ကာမတ္တစကားများသာဖြစ်၍ အကျိုးမရှိဘဲ အကျင့်ပျက်ရုံသာရှိပေမည်။

ဆဲဆိုတိုင်းထွာသော၊ မောက်မာရိုင်းစိုင်းသော၊ မာန်မဲဟိန်းဟောက်သော၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီး ဘဝင်မြင့်ကာ တစ်ဖက်သားကိုချိုးနှိမ်သော၊ ကြမ်းတမ်းသောစကား (ဖရုသဝါစာ) သည်လည်း တစ်ဖက်သားအတွက် ထိတ်လန့်အားငယ်စိတ်၊ ဒေါသမာနစိတ်ဖြစ်စေသောကြောင့် မပြောဆိုသင့်ပါ။ကြမ်းတမ်းယုတ်မာသောစကားကို ကိုယ်တိုင်လည်း မခံယူချင်ကြသလို၊ ဘယ်သူကမှလည်း မခံယူချင်ကြပါ။

တချို့အသက်အရွယ်ကြီးရင့်သူ၊ ရာထူးကြီးမြင့်သူ၊ ပိုက်ဆံချမ်းသာသူ၊ ရုပ်ရည်ချောမောသူ၊ မျိုးရိုးမြင့်သူ၊ အောင်မြင်ကျော်ကြားသူတို့သည် ကိုယ့်ထက်နိမ့်သူတို့အပေါ် မောက်မောက်မာမာ ပြောဆိုကြသည်။ဖိနှိပ်ချိုးနှိမ်ပြောဆိုကြသည်။သူတစ်ပါးဂုဏ်သိက္ခာကိုလည်းမလေးစား၊ ကိုယ့်ဂုဏ်သိက္ခာကိုလည်း တန်ဖိုးမထားတတ်သူများဖြစ်၏။တစ်ဖက်စီးနင်း ရိုင်းရိုင်းစိုင်းစိုင်းပြောသည့်စကားမျိုး၊ အသံမျိုးကို လူ လူချင်းမဆိုထားနှင့် အသိဉာဏ်မရှိသည့် တိရစ္ဆာန်ပင်မကြိုက်ပါ။

အဆိုးဆုံးကတော့ ပိသုဏဝါစာ ဖြစ်မည်ထင်သည်။သူတစ်ပါးဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊ အချင်းချင်းစိတ်ဝမ်းကွဲအောင်၊ အချစ်ပျက်အောင်၊ အဖွဲ့အစည်းတစ်ခု မညီညွတ်အောင် ပြောဆိုသောစကားမျိုးဖြစ်၍ အလွန်အောက်တန်းကျပေသည်။

မိတ်ဆွေနှစ်ယောက်ကြားမှာပြောလျှင် ထိုမိတ်ဆွေအချင်းချင်း အခင်မင်ပျက်မည်။သတ်ကြဖြတ်ကြသည်အထိဖြစ်ကာ အသက်တွေ၊ ဘဝတွေ ပျက်စီးနိုင်သည်။လင်မယားကြားမှာပြောလျှင် သူများအိမ်ထောင်ရေး ပျက်ပြားမည်။မိသားစုအသိုက်အမြုံတစ်ခု ပျက်စီးသွားပေလိမ့်မည်။
အလွန်ကြီးလေးသောအပြစ်ကို ကျူးလွန်နေခြင်းသာဖြစ်၏။

လူ့လောကတွင် ကြောက်စရာအကောင်းဆုံး ‘ကံ’ ကား ပဉ္စာနန္တရိယကံဖြစ်သည်။သေသည်နှင့်တစ်ပြိုင်နက် ငရဲသို့ မလွဲမသွေကျရောက်စေသော အကုသိုလ်ကံဖြစ်လေသည်။

(၁) အမိကိုသတ်ခြင်း

(၂) အဘကိုသတ်ခြင်း

(၃) ရဟန္တာကိုသတ်ခြင်း

(၄) ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုခြင်းနှင့်

(၅) သံဃာအသင်းခွဲခြင်းတို့ဖြစ်သည်။                                                                        

ညီညွတ်နေသော ရဟန်းသံဃာတို့ကြားတွင် ညီညွတ်မှုပျက်ပြားအောင်၊ စိတ်ဝမ်းကွဲအောင်ပြောဆိုသော စကားတစ်ခွန်းကြောင့် ကိုယ်တိုင်လည်း အပ္ပါယ်သို့သွားရပေမည်။ဗုဒ္ဓသာသနာကို စောင့်ရှောက်နေသော ရဟန်းသံဃာတို့ကို နှောင့်ယှက်ခြင်းကြောင့် သာသနာကိုဖျက်ရာလည်း ရောက်ပါသည်။

စကားတစ်ခွန်းကြောင့် လူအချင်းချင်း မုန်းတီးသွားနိုင်သည်။ချစ်ခင်လာနိုင်သည်။လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသိုလ်တွေဖြစ်ပွားပြီး အပ္ပါယ်လားနိုင်သကဲ့သို့ ဒါန၊ သီလ၊ ဘာဝနာဟူသော ကုသိုလ်တရားတွေပွားများပြီး သံသရာဆင်းရဲမှပင် လွတ်စေနိုင်ပါသည်။

စကားတစ်ခွန်းကြောင့် အိဿာ၊ မစ္ဆရိယဟူသော မနာလို၊ ဝန်တိုမှုတွေနှင့် ပူလောင်နိုင်သကဲ့သို့ ကရုဏာ၊ မုဒိတာဟူသော ကြင်နာသနားစိတ်၊ ဝမ်းမြောက်ပီတိစိတ်များနှင့် အေးချမ်းနိုင်ပါသည်။ထို့ကြောင့် မိမိ၏စကားတစ်ခွန်းနှင့် အခြားသူတွေကို ဒုက္ခဝေဒနာခံစားစေမည်လား၊ သုခဝေဒနာစံစားစေမည်လား စဉ်းစားချင့်ချိန်သင့်ပေသည်။ပြောသူက ပညာသတိနှင့် ဆင်ခြင်ပြောသင့်သကဲ့သို နားထောင်သူကလည်း ပညာသတိနှင့် ဆင်ခြင်နားထောင် သင့်သည်။

ကိုယ့်စကားတစ်ခွန်းနှင့် သူ့အသက်ကို သတ်မှာလား၊ ကယ်မှာလား။ဘဝပျက်စေမှာလား၊ ဘဝဆက်စေမှာလား။ဆင်းရဲသွားစေမှာလား၊ ချမ်းသာလာစေမှာလား။ဆုံးရှုံးစေမှာလား၊ အောင်မြင်စေမှာလား။

မည်သို့ပင်ဆိုစေ။ The value of a speech is infinity for both of merit and evil. ကုသိုလ်နှင့် အကုသိုလ် နှစ်ခုလုံးအတွက် ‘စကားတစ်ခွန်း’ ၏ တန်ဖိုးသည် အတိုင်းအဆမရှိပါ။

ရိုက်မောင်း
ဧပြီ - ၃၀
( Zawgyi )
“သူငယ္ခ်င္း ခုန မင္းေျပာလိုက္တဲ့စကား၊ ျပန္ေျပာစမ္းပါဦး”

“ဘာလဲ မင္းကမယုံလို႔လား”    

“မဟုတ္ပါဘူးကြာ ငါေသေသခ်ာခ်ာျပန္ၾကားခ်င္လို႔ပါ။မင္းရဲ႕စကားက ငါ့အတြက္ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ မင္းသိပါတယ္”

“ေအးေလ ေျပာဆိုလည္း ေျပာရတာေပါ့။မင္းမိန္းမကို ေကာင္တစ္ေကာင္နဲ႔တြဲၿပီးေတြ႕တာ ႏွစ္ခါ၊ သုံးခါရွိၿပီ။အဲဒီအေအးဆိုင္မွာခ်ည္းပဲ။သူတို႔ႏွစ္ေယာက္ထဲ စကားေျပာေနတာ တစ္နာရီေက်ာ္ေက်ာ္ေလာက္ၾကာတယ္။အဲဒီေကာင္ကလည္း ေယာက်ၤားရင့္မႀကီးျဖစ္ၿပီးေတာ့ မ်က္ရည္က ဘာလြယ္သလဲ မေမးနဲ႔။ေအးေလ အဲဒီေလာက္အခြၽဲေကာင္းလို႔ မင္းမိန္းမေႂကြတာျဖစ္မွာေပါ့။ဒီေကာင္မ်က္ရည္သုတ္ဖို႔ လက္ကိုင္ပဝါေတာင္ ထုတ္ေပးလိုက္ေသးတယ္”

မိတ္ေဆြတစ္ေယာက္ဆီသြားရင္း သူတို႔လမ္းထိပ္က လက္ဖက္ရည္ဆိုင္မွာ ႏွစ္ေယာက္သား လက္ဖက္ရည္ေသာက္ေနစဥ္က ျဖစ္သည္။တစ္ဖက္စားပြဲဝိုင္းမွ လူငယ္ႏွစ္ေယာက္၏ စကားသံမ်ားကိုၾကားေနရ၍ စိတ္ဝင္စားသြားသျဖင့္ တမင္နားစြင့္ထားမိသည္။စကားဆက္ေျပာသံမၾကားရေတာ့။
ခဏအၾကာတြင္ ကာယကံရွင္သူငယ္ခ်င္း ေဒါသတႀကီးႏွင့္ လက္ဖက္ရည္ဆိုင္ထဲမွ ထြက္သြားသည္။သတင္းေပး သူငယ္ခ်င္းကေတာ့ တစ္ေယာက္ထဲက်န္ရစ္ၿပီး အတန္ၾကာမွျပန္သြားသည္။

သူတို႔ႏွစ္ေယာက္လုံးမရွိေတာ့မွ မိတ္ေဆြျဖစ္သူကို ေမးၾကည့္ေတာ့ တစ္ဖက္လမ္းမွ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္ၿပီး တစ္ေယာက္မွာ လူပ်ိဳျဖစ္၍ တစ္ေယာက္မွာ အိမ္ေထာင္သည္ျဖစ္ေၾကာင္း သိရသည္။

ေနာက္တစ္ပါတ္ခန႔္အၾကာတြင္ စကားစပ္မိ၍ မိတ္ေဆြထံမွသိရသည္မွာ အိမ္ေထာင္သည္သူငယ္ခ်င္း ဇနီးေမာင္ႏွံမွာ တရားဝင္ကြဲကြာသြားၾကေၾကာင္း သိရသည္မို႔၊ မဆီမဆိုင္ စိတ္မေကာင္းျဖစ္မိသည္။ပို၍ဝမ္းနည္းစရာေကာင္းသည္မွာ ထိုအိမ္ေထာင္ရွင္မိန္းကေလးႏွင့္ အေအးဆိုင္မွာေတြ႕၍ မ်က္ရည္လြယ္သည္ဆိုေသာ ေကာင္ေလးမွာ သူမ၏ အေမဘက္မွ ေမာင္ဝမ္းကြဲေတာ္စပ္လ်က္ အဆုတ္ကင္ဆာေၾကာင့္ အားငယ္ကာ စိတ္ဓာတ္က်ေနသျဖင့္ သူမကသတင္းေမးရင္း ႏွစ္သိမ့္ေပးခဲ့ရေၾကာင္းျဖစ္သည္။

ကြၽန္ေတာ္စိတ္မေကာင္းျဖစ္ရသည္က ငယ္ငယ္႐ြယ္႐ြယ္ အိမ္ေထာင္သည္ဘဝမွာ မခ်မ္းသာမႀကီးပြားေသးေသာ္လည္း သန႔္စင္ေသာခ်စ္ျခင္းေမတၱာႏွင့္ ေအးေအးခ်မ္းခ်မ္း ေလွ်ာက္လွမ္းေနပါလ်က္ “စကားတစ္ခြန္း” ေၾကာင့္ အိမ္ေထာင္တစ္ခု လုံးဝပ်က္စီးသြားျခင္းအတြက္ျဖစ္သည္။

စကားတစ္ခြန္းသည္ ေျပာသူအတြက္ေရာ နားေထာင္သူအတြက္ပါ ေပါ့ေပါ့ပါးပါးႏွင့္ မျဖစ္စေလာက္ဟု ထင္ရေသာ္လည္း တကယ့္လက္ေတြ႕မွာေတာ့ အၿမဲတမ္းေပါ့ေပါ့ပါးပါး ရွိမေနပါ။

တစ္စုံတစ္ေယာက္က “ေမာင္ေမာင္ေရ” ဟု ေခၚလိုက္သည္ဆိုပါစို႔။

“ဟင္”

“ဗ်ာ”

“ခင္ဗ်ာ”

“ဟုတ္ကဲ့ ေျပာပါခင္ဗ်ာ”

“ဘာလဲ”

“ဘာလုပ္မလို႔လဲ” စသည္ျဖင့္ အမ်ိဳးမ်ိဳးတုံ႔ျပန္ႏိုင္ပါသည္။

ဘယ္စကားကပိုေကာင္းမလဲ။ပိုသင့္ေတာ္မလဲ။ပို၍နားဝင္ခ်ိဳမလဲ။တစ္ဖက္လူအေပၚ ပို၍အေလးအနက္ထားရာ၊ ရင္းႏွီးရာ၊ ယဥ္ေက်းရာ ေရာက္မလဲ။

ေျပာသူက အလြယ္တကူေျပာလိုက္ေသာ္လည္း နားေထာင္သူဘက္မွာ အဓိပၸါယ္အမ်ိဳးမ်ိဳး သက္ေရာက္သြားႏိုင္ပါ သည္။ကိုယ္တိုင္ေရာ၊ တစ္ဖက္လူအေပၚမွာပါ တန္ဖိုးထားတတ္သူမ်ားကမူ စကားတစ္ခြန္းကို အလြယ္တကူမေျပာတတ္ၾကပါ။အမ်ိဳးမ်ိဳးခ်ိန္ဆၿပီးမွ ေျပာၾကပါသည္။

အျပစ္တစ္ခုခု က်ဴးလြန္ထားေသာ လူငယ္တစ္ေယာက္ကို ဆုံးမမည္ဆိုပါစို႔။လက္ႏွင့္႐ိုက္၍ ဆုံးမျခင္းထက္ ႏႈတ္ျဖင့္အက်ိဳးသင့္အေၾကာင္းသင့္ ေျပာဆိုဆုံးမျခင္းက ထိုကေလး၏ စိတ္ဓာတ္ကို အနာမျဖစ္ေစဘဲ ေကာင္းသည့္ဘက္သို႔ေရာက္ေအာင္ ျပဳျပင္ႏိုင္ေပသည္။

သို႔ေသာ္ ‘မ႐ိုက္မႏွက္ဘဲ စကားလုံးနဲ႔ဆုံးမတာပဲ နားေထာင္ရမွာေပါ့’ ဟု ၿပီးၿပီးေရာေျပာ၍ေတာ့လည္း မျဖစ္ႏိုင္ပါ။စကားလုံးႏွင့္ဆုံးမတာ ေကာင္းေသာ္လည္း ခ်ိဳသာေသာစကား၊ နားဝင္လြယ္ေသာစကား ျဖစ္သင့္သည္။အေရးအႀကီးဆုံးကေတာ့ တစ္ဖက္သားအေပၚ မႏွိမ္ဖို႔၊ လြန္ကဲေသာဖိအားမ်ိဳးႏွင့္ မေျပာမိေစဖို႔ လိုပါသည္။

လက္ကမ႐ိုက္ေသာ္လည္း ႏႈတ္မွ ‘မိမဆုံးမ ဖမဆုံးမေလး’ ဟု ေျပာလိုက္ျခင္းမ်ိဳးေၾကာင့္ ကေလး၏စိတ္ထဲတြင္ မခံမရပ္ႏိုင္ျဖစ္သြားေစႏိုင္သည္။ဆုံးမသူအေပၚ နာၾကည္းသြားတတ္သည့္အျပင္ ေကာင္းသည့္စိတ္ျဖစ္ေပၚဖို႔ အခြင့္အေရး လုံးဝပ်က္စီးသြားႏိုင္ေပသည္။

ထို႔ေၾကာင့္ ‘ေက်ာပူတာခံခ်င္သည္၊ နားပူေတာ့မခံႏိုင္’ ဟု ဆိုၾကျခင္းျဖစ္သည္။

‘ႏႈတ္ခ်ိဳ သွ်ိဳတစ္ပါး’၊ ‘ႏႈတ္ေၾကာင့္ ျပည္စိုး’၊ ‘ၾကမ္းကြၽံလွ်င္ ႏုတ္၍ရသည္၊ စကားကြၽံလွ်င္ ႏုတ္၍မရ’၊ ‘စကားစကားေျပာတာမ်ား စကားထဲကဇာတိျပ’၊ ‘ေထာင္တန္တဲ့စကားရယ္ေပါ့’ ဟူ၍၊ “စကားတစ္ခြန္း” ၏ အေရးပါပုံ၊ တန္ဖိုးႀကီးပုံကို အစဥ္အဆက္ အေလးထားေဖၚျပခဲ့ၾကေလသည္။

တ႐ုတ္အဆိုအမိန႔္တစ္ခု ၾကားဖူးပါသည္။‘လူအခ်င္းခ်င္း ဆက္ဆံရာတြင္ အိတ္ကပ္ထဲမွာ ပိုက္ဆံေဆာင္ထားပါ။သို႔မဟုတ္လွ်င္ ပါးစပ္ထဲမွာ ပ်ားရည္ေဆာင္ထားပါ’ ဟု ျဖစ္သည္။ႏႈတ္ထြက္စကားတစ္ခြန္း၏ တန္ဖိုးႀကီးမားပုံကို ထင္ရွားေစပါသည္။အလြန္မွတ္သားလိုက္နာစရာ ေကာင္းလွေပသည္။

အကုသိုလ္ဆယ္ပါးတြင္ ကာယကံသုံးပါး၊ မေနာကံသုံးပါးရွိၿပီး ဝစီကံအေနႏွင့္ ေလးပါးရွိပါသည္။

(၁) မုသာဝါဒ (falsehood) လိမ္ညာေျပာေသာစကား

(၂) ဖ႐ုသဝါစာ (harsh speak) ၾကမ္းတမ္း႐ိုင္းစိုင္းေသာစကား

(၃) သမၹပၸလာပဝါစာ (vain talk) အက်ိဳးမဲ့ သိမ္ဖ်င္းေသာစကား

(၄) ပိသုဏဝါစာ (slander) တစ္ပါးသူတို႔ အခ်စ္ပ်က္အထင္လြဲေအာင္ ေျပာေသာစကားတို႔ ျဖစ္သည္။

စကားအေျပာအဆို မတတ္သည့္အတြက္ သူတစ္ပါးလည္း ထိခိုက္နစ္နာေစၿပီး ကိုယ္တိုင္လည္း အျပစ္ျဖစ္ပါသည္။

ပါးစပ္ကေလးလႈပ္၍ ေလသံထြက္ေပၚလာပုံခ်င္း တူေသာ္လည္း ထြက္လာေသာစကား၏ အဓိပၸါယ္အေလးအေပါ့၊ အက်ိဳးအျပစ္၊ လိုရင္းေရာက္မေရာက္ စသည္ျဖင့္ စြမ္းအား (power) ခ်င္း ကြာျခားလြန္းလွသည္။ပါးစပ္ကေလးဟကာ  အခက္အခဲမရွိေျပာႏိုင္တိုင္း စကားတစ္ခြန္းကို အလြယ္တကူမေျပာသင့္ပါ။

စကားတစ္ခြန္းသည္ ေျပာသူ၊ နားေထာင္သူ၊ အျခားတစ္ေယာက္၏ ေကာင္းက်ိဳးေတာ့ရရွိပါမွ တန္ဖိုးရွိေပမည္။

လြယ္လြယ္ေျပာ၍ရေသာေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက စကားကိုလြယ္လြယ္ေျပာတတ္ၾက၏။အမွန္ဆိုလွ်င္  ကိုယ့္ေျပာစကားတစ္ခြန္းေၾကာင့္ ျဖစ္လာႏိုင္ေသာ ေကာင္းက်ိဳး၊ ဆိုးက်ိဳးမ်ားကို သတိထားဆင္ျခင္ၿပီးမွသာ ႏႈတ္မွဖြင့္ဟသင့္ပါသည္။

ပညာရွိတို႔သည္ စကားတစ္ခြန္းကို အလြယ္တကူမေျပာတတ္ၾကပါ။စကားကို ေႁခြတာၾကပါသည္။မေျပာမျဖစ္သည့္ အေျခအေနမ်ိဳးတြင္မွ ေျပာၾကသည္။

ဂရိအေတြးအေခၚပညာရွင္ႀကီး Diogenes က “We have two ears and only one tongue in order that we may hear more and speak less.” (ကြၽန္ေတာ္တို႔မွာ နား႐ြက္ႏွစ္ဖက္ရွိၿပီး လွ်ာတစ္ခုတည္းသာရွိသည္။ထို႔ေၾကာင့္ မ်ားမ်ားနားေထာင္၍ နည္းနည္းေျပာပါ) ဟု သတိေပးထားပါသည္။

တစ္ခါတေလ ကိုယ္က ေစတနာအရင္းခံႏွင့္ အမွန္အတိုင္းေျပာသည့္စကား ျဖစ္ေသာ္လည္း တစ္ဖက္သားက အဓိပၸါယ္လြဲ၍လက္ခံတာမ်ိဳး၊ ကိုယ့္ေစတနာကို ေျပာင္းျပန္ျမင္တာမ်ိဳး ႀကဳံရတတ္ပါသည္။

ကြၽန္ေတာ္ ဆယ္တန္းက်သည့္ႏွစ္က ကြၽန္ေတာ့္အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ စာေမးပြဲေအာင္ပါသည္။သူက အင္ဂ်င္နီယာလိုင္း မွန္းထားသူျဖစ္၏။အမွတ္စာရင္းထြက္လာေသာအခါ အင္ဂ်င္နီယာလိုင္းကို မမီခဲ့ေပ။ကြၽန္ေတာ္လည္း သူငယ္ခ်င္းစိတ္အားငယ္မည္စိုး၍ အားေပးစကားအေနႏွင့္ “႐ိုး႐ိုးေမဂ်ာနဲ႔ပဲ မဟာသိပၸံတို႔၊ မဟာဝိဇၨာတို႔ ယူလည္းရတာပဲ” ဟု ေျပာလိုက္မိသည္။

ထိုေန႔မွစၿပီး သူ ကြၽန္ေတာ့္ကို စကားမေျပာေတာ့ပါ။ကြၽန္ေတာ္က စာေမးပြဲက်လို႔ သူအင္ဂ်င္နီယာျဖစ္မွာကို မနာလိုျဖစ္ေနေၾကာင္း၊ သူငယ္ခ်င္းမပီသေၾကာင္း၊ စိတ္ဓာတ္ေအာက္တန္းက်ေၾကာင္း ေလွ်ာက္ေျပာသည္။

ထိုစဥ္ကေတာ့ ငယ္သူခ်င္းမို႔ ေစတနာကို တလြဲထင္ရေကာင္းလားဟု မာနခ်င္းၿပိဳင္ကာ ကြၽန္ေတာ္ကလည္း သူ႔ကိုမေခၚေတာ့ပါ။အသက္အ႐ြယ္ေတြရ၊ အိမ္ေထာင္ေတြက်၊ သားသမီးေတြရၿပီး ေက်ာင္းေတာ္ႀကီးမွာ ႏွစ္စဥ္က်င္းပသည့္ ဆရာကန္ေတာ့ပြဲမွာ အတူဆုံၾကေတာ့မွ အျပန္အလွန္ေတာင္းပန္ျဖစ္ၾကသည္။

ကြၽန္ေတာ္ကေတာ့ Saying nothing is better than saying any error. ဆိုသကဲ့သို႔ ‘အမွားတစ္ခုခုေျပာတာနဲ႔ စာရင္၊ ဘာမွမေျပာတာပိုေကာင္းတယ္’ ဟု သေဘာေပါက္လိုက္ပါသည္။

တစ္ဖက္လူအေပၚ ေစတနာထားသည္မွန္ေသာ္လည္း ကိုယ့္စကားမွန္ဖို႔၊ ထိုသူမွာလည္း တကယ္အက်ိဳးရွိႏိုင္ဖို႔လိုပါသည္။ေလာကမွာ အေျပာသင့္ဆုံးစကား ႏွစ္မ်ိဳးသာရွိပါသည္။

မွန္လည္းမွန္၊ အက်ိဳးလည္းရွိၿပီး တစ္ဖက္လူနားေထာင္ခ်င္ေသာ စကားႏွင့္ မွန္လည္းမွန္၊ အက်ိဳးလည္းရွိေသာ္လည္း တစ္ဖက္လူနားမေထာင္ခ်င္ေသာ စကားတို႔ျဖစ္သည္။

သည္ေတာ့ စကားတစ္ခြန္းေျပာမည္ဆိုလွ်င္၊ ထိုစကားသည္ တစ္ဖက္သားနားေထာင္ခ်င္စိတ္ ရွိခ်င္လည္းရွိမည္။ရွိခ်င္မွလည္းရွိမည္။မလြဲမေသြရွိအပ္သည့္ စကားအရည္အခ်င္းကေတာ့ မွန္ကန္၍ အက်ိဳးေက်းဇူးရွိရန္သာျဖစ္၏။

မွန္ေသာစကား (သစၥာစကား) သည္ အလြန္အင္အားေကာင္းၿပီး၊ အက်ိဳးလည္းႀကီးမားပါသည္။

ငါးရာ့ငါးဆယ္၊ ဝဋၬကဇာတ္တြင္ ဘုရားေလာင္းသည္ ငုံးငွက္ဘဝျဖစ္ခဲ့၏။ဥမွေပါက္ၿပီး မၾကာေသာအခ်ိန္တြင္ သူေနေသာေတာအုပ္၌ မီးေလာင္ေလ၏။တိရစာၦန္ေပါင္းစုံတို႔လည္း ေတာမီးမွလြတ္ရာသို႔ ေျပးကုန္၏။အေလာင္းေတာ္ ငုံးငွက္၏ မိဘႏွစ္ပါးသည္လည္း ေတာမီးကိုေၾကာက္၍ ကိုယ္လြတ္ေျပးၾကျပန္၏။ငုံးငွက္ကေလးသည္ မသြားႏိုင္မပ်ံႏိုင္ႏွင့္ ေတာမီး သူ႔ကိုေလာင္ကြၽမ္းမည့္အခ်ိန္ကို ေစာင့္ေမွ်ာ္ေနရရွာ၏။ထိုအခါ ငုံးငွက္ငယ္သည္ သစၥာစကားဆိုေလသည္။                                                                    

“ငါ့မွာအေတာင္မ်ားရွိပါေသာ္လည္း မပ်ံႏိုင္ပါ။ငါ့မွာေျခေထာက္ရွိေသာ္လည္း မေလွ်ာက္ႏိုင္ပါ။မိဘႏွစ္ပါးရွိေသာ္လည္း ထြက္ေျပးၾကေလၿပီ။ဤမွန္ေသာသစၥာစကားေၾကာင့္ အသင္ေတာမီးသည္ ငါ့ကိုမေလာင္ေစသတည္း”

အေလာင္းေတာ္ ငုံးငွက္၏ သစၥာစကားေၾကာင့္ တစ္ေတာလုံးကို အရွိန္ျပင္းစြာေလာင္ေနေသာမီးသည္ ငုံးငွက္ကေလးရွိသည့္ ေနရာတစ္ဝိုက္ကို လုံးဝမီးမေလာင္ခဲ့ေပ။သစၥာစကား၏ အက်ိဳးအာနိသင္ကား ႀကီးမားလွေလသည္။

သစၥာစကားဆိုသူမွာ စိတ္သန႔္ရွင္းသည့္အတြက္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈ (self-confidence) အျပည့္အဝရွိသည္။မုသားစကားဆိုသူမွာ တစ္ေလာကလုံးကိုညာလွ်င္ ညာႏိုင္မည္ျဖစ္ေသာ္လည္း သူ႔ကိုယ္သူေတာ့ ညာ၍မရႏိုင္ေပ။ထို႔ေၾကာင့္ သူ႔စိတ္မသန႔္ရွင္းသည့္အတြက္ စိုးရိမ္ေၾကာင့္ၾကမႈ၊ ထိတ္လန႔္အားငယ္မႈတို႔ျဖစ္ကာ self-confidence လုံးဝမရွိႏိုင္ေပ။

(တစ္ခါတရံ) မွန္ေသာ္လည္း ဘယ္သူ႔အတြက္မွအက်ိဳးမရွိ (အက်ိဳးပင္ယုတ္ေလ်ာ့ေစတတ္ေသးသည္) ေသာ စကားမ်ိဳးလည္းရွိ၏။ေျခေထာက္မသန္မစြမ္းေသာသူကို “လမ္းေလွ်ာက္တာ ေထာ့နဲ႔ေထာ့နဲ႔ႏွင့္” ဟု ေျပာတာမ်ိဳး၊ ႐ုပ္ရည္အက်ည္းတန္သူကို “႐ုပ္ကလည္း ဆိုးလိုက္တာလြန္ေရာ” ဟု ေျပာတာမ်ိဳးသည္ စိတ္ဓာတ္ေသးသိမ္ ညံ့ဖ်င္းသူတို႔ ေျပာေလ့ရွိ၏။

အေျခအျမစ္မရွိသည့္ ေကာလာဟလစကား (rumour) မ်ိဳး၊ အသိဉာဏ္တစ္စုံတစ္ခု မရရွိႏိုင္ေသာ ညစ္ညမ္းေပါ့ပ်က္သည့္ စကားမ်ိဳးသည္လည္း အက်ိဳးမရွိ သိမ္ဖ်င္းယုတ္ညံ့ေသာစကား (သမၹပၸလာပဝါစာ) ျဖစ္၍ မေျပာဆိုသင့္ပါ။အခ်ိန္ျဖဳန္း႐ုံသက္သက္ မည္ကာမတၱစကားမ်ားသာျဖစ္၍ အက်ိဳးမရွိဘဲ အက်င့္ပ်က္႐ုံသာရွိေပမည္။

ဆဲဆိုတိုင္းထြာေသာ၊ ေမာက္မာ႐ိုင္းစိုင္းေသာ၊ မာန္မဲဟိန္းေဟာက္ေသာ၊ ကိုယ့္ကိုယ္ကိုယ္အထင္ႀကီး ဘဝင္ျမင့္ကာ တစ္ဖက္သားကိုခ်ိဳးႏွိမ္ေသာ၊ ၾကမ္းတမ္းေသာစကား (ဖ႐ုသဝါစာ) သည္လည္း တစ္ဖက္သားအတြက္ ထိတ္လန႔္အားငယ္စိတ္၊ ေဒါသမာနစိတ္ျဖစ္ေစေသာေၾကာင့္ မေျပာဆိုသင့္ပါ။ၾကမ္းတမ္းယုတ္မာေသာစကားကို ကိုယ္တိုင္လည္း မခံယူခ်င္ၾကသလို၊ ဘယ္သူကမွလည္း မခံယူခ်င္ၾကပါ။

တခ်ိဳ႕အသက္အ႐ြယ္ႀကီးရင့္သူ၊ ရာထူးႀကီးျမင့္သူ၊ ပိုက္ဆံခ်မ္းသာသူ၊ ႐ုပ္ရည္ေခ်ာေမာသူ၊ မ်ိဳး႐ိုးျမင့္သူ၊ ေအာင္ျမင္ေက်ာ္ၾကားသူတို႔သည္ ကိုယ့္ထက္နိမ့္သူတို႔အေပၚ ေမာက္ေမာက္မာမာ ေျပာဆိုၾကသည္။ဖိႏွိပ္ခ်ိဳးႏွိမ္ေျပာဆိုၾကသည္။သူတစ္ပါးဂုဏ္သိကၡာကိုလည္းမေလးစား၊ ကိုယ့္ဂုဏ္သိကၡာကိုလည္း တန္ဖိုးမထားတတ္သူမ်ားျဖစ္၏။တစ္ဖက္စီးနင္း ႐ိုင္း႐ိုင္းစိုင္းစိုင္းေျပာသည့္စကားမ်ိဳး၊ အသံမ်ိဳးကို လူ လူခ်င္းမဆိုထားႏွင့္ အသိဉာဏ္မရွိသည့္ တိရစာၦန္ပင္မႀကိဳက္ပါ။

အဆိုးဆုံးကေတာ့ ပိသုဏဝါစာ ျဖစ္မည္ထင္သည္။သူတစ္ပါးဂုဏ္သိကၡာ ညႇိဳးႏြမ္းေအာင္၊ အခ်င္းခ်င္းစိတ္ဝမ္းကြဲေအာင္၊ အခ်စ္ပ်က္ေအာင္၊ အဖြဲ႕အစည္းတစ္ခု မညီၫြတ္ေအာင္ ေျပာဆိုေသာစကားမ်ိဳးျဖစ္၍ အလြန္ေအာက္တန္းက်ေပသည္။

မိတ္ေဆြႏွစ္ေယာက္ၾကားမွာေျပာလွ်င္ ထိုမိတ္ေဆြအခ်င္းခ်င္း အခင္မင္ပ်က္မည္။သတ္ၾကျဖတ္ၾကသည္အထိျဖစ္ကာ အသက္ေတြ၊ ဘဝေတြ ပ်က္စီးႏိုင္သည္။လင္မယားၾကားမွာေျပာလွ်င္ သူမ်ားအိမ္ေထာင္ေရး ပ်က္ျပားမည္။မိသားစုအသိုက္အၿမဳံတစ္ခု ပ်က္စီးသြားေပလိမ့္မည္။
အလြန္ႀကီးေလးေသာအျပစ္ကို က်ဴးလြန္ေနျခင္းသာျဖစ္၏။

လူ႔ေလာကတြင္ ေၾကာက္စရာအေကာင္းဆုံး ‘ကံ’ ကား ပၪၥာနႏၲရိယကံျဖစ္သည္။ေသသည္ႏွင့္တစ္ၿပိဳင္နက္ ငရဲသို႔ မလြဲမေသြက်ေရာက္ေစေသာ အကုသိုလ္ကံျဖစ္ေလသည္။

(၁) အမိကိုသတ္ျခင္း

(၂) အဘကိုသတ္ျခင္း

(၃) ရဟႏၲာကိုသတ္ျခင္း

(၄) ဘုရားရွင္အား ေသြးစိမ္းတည္ေအာင္ျပဳျခင္းႏွင့္

(၅) သံဃာအသင္းခြဲျခင္းတို႔ျဖစ္သည္။                                                                        

ညီၫြတ္ေနေသာ ရဟန္းသံဃာတို႔ၾကားတြင္ ညီၫြတ္မႈပ်က္ျပားေအာင္၊ စိတ္ဝမ္းကြဲေအာင္ေျပာဆိုေသာ စကားတစ္ခြန္းေၾကာင့္ ကိုယ္တိုင္လည္း အပၸါယ္သို႔သြားရေပမည္။ဗုဒၶသာသနာကို ေစာင့္ေရွာက္ေနေသာ ရဟန္းသံဃာတို႔ကို ေႏွာင့္ယွက္ျခင္းေၾကာင့္ သာသနာကိုဖ်က္ရာလည္း ေရာက္ပါသည္။

စကားတစ္ခြန္းေၾကာင့္ လူအခ်င္းခ်င္း မုန္းတီးသြားႏိုင္သည္။ခ်စ္ခင္လာႏိုင္သည္။ေလာဘ၊ ေဒါသ၊ ေမာဟ ဟူေသာ အကုသိုလ္ေတြျဖစ္ပြားၿပီး အပၸါယ္လားႏိုင္သကဲ့သို႔ ဒါန၊ သီလ၊ ဘာဝနာဟူေသာ ကုသိုလ္တရားေတြပြားမ်ားၿပီး သံသရာဆင္းရဲမွပင္ လြတ္ေစႏိုင္ပါသည္။

စကားတစ္ခြန္းေၾကာင့္ အိႆာ၊ မစၦရိယဟူေသာ မနာလို၊ ဝန္တိုမႈေတြႏွင့္ ပူေလာင္ႏိုင္သကဲ့သို႔ က႐ုဏာ၊ မုဒိတာဟူေသာ ၾကင္နာသနားစိတ္၊ ဝမ္းေျမာက္ပီတိစိတ္မ်ားႏွင့္ ေအးခ်မ္းႏိုင္ပါသည္။ထို႔ေၾကာင့္ မိမိ၏စကားတစ္ခြန္းႏွင့္ အျခားသူေတြကို ဒုကၡေဝဒနာခံစားေစမည္လား၊ သုခေဝဒနာစံစားေစမည္လား စဥ္းစားခ်င့္ခ်ိန္သင့္ေပသည္။ေျပာသူက ပညာသတိႏွင့္ ဆင္ျခင္ေျပာသင့္သကဲ့သို နားေထာင္သူကလည္း ပညာသတိႏွင့္ ဆင္ျခင္နားေထာင္ သင့္သည္။

ကိုယ့္စကားတစ္ခြန္းႏွင့္ သူ႔အသက္ကို သတ္မွာလား၊ ကယ္မွာလား။ဘဝပ်က္ေစမွာလား၊ ဘဝဆက္ေစမွာလား။ဆင္းရဲသြားေစမွာလား၊ ခ်မ္းသာလာေစမွာလား။ဆုံးရႈံးေစမွာလား၊ ေအာင္ျမင္ေစမွာလား။

မည္သို႔ပင္ဆိုေစ။ The value of a speech is infinity for both of merit and evil. ကုသိုလ္ႏွင့္ အကုသိုလ္ ႏွစ္ခုလုံးအတြက္ ‘စကားတစ္ခြန္း’ ၏ တန္ဖိုးသည္ အတိုင္းအဆမရွိပါ။

႐ိုက္ေမာင္း
ဧၿပီ - ၃၀