【 ဆောင်းပါး 】 “ချိုမိုင်မိုင် ဝိုင်ဘီအက်စ်”

【 ဆောင်းပါး 】 “ချိုမိုင်မိုင် ဝိုင်ဘီအက်စ်”

ယခုဆိုလျှင် ရန်ကုန်မြို့၏ သယ်ယူပိုဆောင်ရေးစနစ်ကို တစ်ခေတ်ဆန်းခဲ့သည်မှာ သုံးနှစ်သို့တိုင်ခဲ့ပါပြီ။တစ်နည်းဆိုရလျှင် မထသကို ဖျက်သိမ်းကာ ဝိုင်ဘီအက်စ် စနစ်သစ်ဖြင့် အစားထိုးပြောင်းလဲခဲ့ခြင်း သုံးနှစ်ပြည့်လည်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့သည့် ထိုပြောင်းလဲမှုသည် ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက်တွင် သုံးနှစ်တင်းတင်းပြည့်ခြင်းဖြစ်သည်။ထိုသို့ သုံးနှစ်ပြည့်ကာလတွင် ထူးထွေစွာပြောဆိုရမည်များကဖြင့် အများသားဟုဆိုရမည်။ဦးစွာပြောလိုသည်က သုံးရက်တည်းဖြင့် အထမြောက်ခဲ့သည်ဆိုသော ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောစကားနှင့်ယှဉ်၍ ပြောလိုရင်းဖြစ်သည်။

ထိုစဉ်တုန်းက ဝန်ကြီးချုပ်က မည်သည့်အမြင်၊ မည်သည့်ရှုထောင့်ဖြင့် ဝိုင်ဘီအက်စ်စနစ် သုံးရက်တည်းဖြင့် အောင်မြင်ခဲ့သည်ဟု ဆိုသည်ကို နားမလည်နိုင်ဖြစ်ခဲ့သည်။မထသဆိုင်းဘုတ်မှ ဝိုင်ဘီအက်စ်ဆိုင်းဘုတ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်းကို ဆိုလိုသည်လား။စနစ်ပြောင်းမှုကြား အထစ်အငေါ့ကာလ သုံးရက်ကို ဖြတ်ကျော်လာနိုင်ခဲ့သည်ကို ဆိုခြင်းလား။ယာဉ်လိုင်းလမ်းကြောင်းများ ရေးဆွဲနိုင်ခြင်း၊ ဝိုင်ဘီအက်စ် လမ်းညွှန်ဆိုင်းဘုတ်များ စတင်စိုက်ထူနိုင်ခြင်းကို ဆိုခြင်းလား။မဝေခွဲနိုင်ခဲ့ပါ။ယခုသုံးနှစ်ပြည့်မြောက်လာချိန်ထိတိုင်လည်း ထိုစကားမှာ စဉ်းစားမရ၊ အဖြေရှာမရခဲ့သည့် ပဟေဠိတစ်ပုဒ်အဖြစ် ရှိနေဆဲပဲဖြစ်သည်။သေချာသည်ကတော့ ယခုသက်တမ်းသုံးနှစ်ပြည့်ချိန်အထိ ပြည်သူလူထု၏ စိတ်ဆန္ဒတွင် ဝိုင်ဘီအက်စ်သည် လိုအပ်ချက်များစွာဖြင့်သာ တည်ရှိနေသေးသည်။ခရီးသွားပြည်သူလူထု၏ လိုလားချက်ပေါင်းများစွာကို ဖြည့်ဆည်းရန် ကျန်ရှိနေသေးသည်။

မထသမှ ဝိုင်ဘီအက်စ်သို့ ပြောင်းလဲလာချိန်တွင် ဝန်ကြီးချုပ်နှင့် ဆိုင်ရာအဖွဲ့အစည်းတို့ဘက်က ထုတ်ဖော်ပြောဆိုခဲ့ကြသည့် ကတိကဝတ်စကားများ ရှိခဲ့သည်။ထိုစကားများထဲတွင် ဝိုင်ဘီအက်စ်သည် စနစ်ဟောင်း မထသထက် များစွာသာလွန်စေရမည်။ရန်ကုန်လူထုအတွက် ပြည့်ဝသည့်ဝန်ဆောင်မှုကို ရရှိစေရမည်ဟု ဖြစ်သည်။
ထိုသို့သာလွန်ရစေမည်ဆိုသည့် အချက်များထဲတွင် ခရီးသွားပြည်သူတို့ နှာခေါင်းရှုံ့ကြသည့် ယာဉ်နောက်လိုက် (စပယ်ယာ) များ မထားရှိတော့ဆိုသည့်စကားလည်း အပါအဝင်ဖြစ်သည်။ထိုစကားအပေါ်တွင် ရာခိုင်နှုန်းအများစု ဖော်ဆောင်ခဲ့သည်ဟုဆိုရမည်။ယနေ့ကာလ ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ဝိုင်ဘီအက်စ်ယာဉ်လိုင်းအများစု၌ ယာဉ်နောက်လိုက် လိုက်ပါခြင်းမရှိတော့။သို့သော် ထိုသို့ယာဉ်နောက်လိုက်များကို ယာဉ်ပေါ်မှ ဖယ်ရှားလိုက်သည့်နောက်တွင် တာဝန်ယူရမည့်ဝန်ဆောင်မှုများလည်း ရှိနေသေးသည်။ယာဉ်နောက်လိုက်များ ရယူထားသည့် တာဝန်များကို အစားထိုးဖြည့်ဆည်းရမည်ဖြစ်သည်။ထိုတာဝန်ထဲတွင် အထူးသဖြင့် မှတ်တိုင်ခေါ်ပေးခြင်းသည် ခရီးသွားများအတွက် များစွာလိုအပ်သော ဝန်ဆောင်မှုဖြစ်သည်။ခရီးသည်တိုင်း မှတ်တိုင်မသိနိုင်ပါ။သွားနေကျ၊ လာနေကျ ခရီးသွားမဟုတ်ပါက မိမိဆင်းမည့်မှတ်တိုင် ကြိုတင်သိရှိစေရေးသည် လွန်စွာအရေးကြီးလှသည့် ကိစ္စရပ်ဖြစ်သည်။

ဝိုင်ဘီအက်စ်ပေါ်မှ ယာဉ်နောက်လိုက်များ ဖယ်ရှားခဲ့ပြီးနောက် အခါမလပ်ဆိုသလို ကြုံတွေ့ရသည်က မှတ်တိုင်ကျော်ကာ ပါလာသည့်ခရီးသွား၊ မှတ်တိုင်မသိ၍ ခရီးသည်အချင်းချင်း စေ့ငုမေးမြန်းရသည့် ခရီးသွားတို့ကို ဖြစ်သည်။မိမိကိုယ်တိုင်ပင် ခရီးစဉ်အစိမ်းများတွင် ဆင်းရမည့်မှတ်တိုင် ကျော်လွန်ပြီးမှ ဆင်းခဲ့ရသည်များ များစွာရှိခဲ့ဖူးသည်။
တချို့သော ယာဉ်လိုင်းများတွင်တော့ မှတ်တိုင်ခေါ်ပေးသည့်စနစ် ထည့်သွင်းထားသည့်တီဗီကို ဖွင့်ကာထားသည်ကို တွေ့ရသည်။မှတ်တိုင်ရောက်လျှင် မည်သည့်မှတ်တိုင်ဆိုသည်ကို ပြောပေးသကဲ့သို့ နောက်မှတ်တိုင်ကိုလည်း ကြိုတင်အသိပေးသည့် စနစ်ဖြစ်သည်။ယင်းသည် ယာဉ်နောက်လိုက် မပါဝင်တော့သဖြင့် ပေါ်ထွက်လာသည့် အခက်အခဲတစ်ခုကို ထိရောက်စွာဖြေရှင်းပေးသည့် စနစ်ကောင်းဖြစ်သည်။သို့သော် ယင်းစနစ်သည်လည်း ယာဉ်တချို့ (အနည်းငယ်) တွင်သာ ပါဝင်သည်ကိုတွေ့ရသည်။မေးမြန်းကြည့်မိသလောက် ယာဉ်လိုင်း (ကုမ္ပဏီ) ဘက်မှ ထိုစနစ်ကို ထည့်သွင်းပေးခြင်းသာဖြစ်သည်ဟု သိရသည်။ဝိုင်ဘီအက်စ်ယာဉ်လိုင်းအားလုံးမှ ယာဉ်အားလုံးတွင် ယင်းစနစ်ပါဝင်စေရန် စီမံဆောင်ရွက်သင့်သည်ဟုမြင်သည်။ ဝိုင်ဘီအက်စ်ယာဉ်များတွင် မှတ်တိုင်ခေါ်ပေးသည့်နည်းစနစ် ထည့်သွင်းပေးရန် လိုပါသည်။

ယာဉ်နောက်လိုက် မပါခြင်း၏ နောက်ထပ်ဆိုးကျိုးတစ်ခုလည်း ရှိသေးသည်။ယာဉ်ပေါ်မှအဆင်းတွင် လူကျန်သေးသည်ကိုမသိဘဲ ယာဉ်မောင်းက တံခါးကိုပိတ်ပစ်ခြင်း၊ ဆင်းနေလျက်တန်းလန်းနှင့် မောင်းထွက်ခြင်းတို့ဖြစ်သည်။ယင်းသည် ခရီးသည်တို့၏ အသက်ကိုပါ အန္တရာယ်ပြုသည့်ကိစ္စရပ်ဖြစ်သည်။ကလေးငယ်ကို ပွေ့ချီလျက်တန်းလန်းဖြင့် ဆင်းနေစဉ် အဆင်းတံခါးကိုပိတ်ပစ်ခြင်း၊ အသက်အရွယ်ကြီးရင့်သူတို့ ဆင်းနေစဉ် တံခါးပိတ်သွားခြင်းတို့သည် အတွေ့ရများသည်။ထိုသူတို့သည် နှေးကွေးသည့်အတွက် ယာဉ်မောင်းသူဘက်က သတိမမူမိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ထိုဖြစ်ရပ်အတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်မည့်နည်းလမ်းမှာ ဝိုင်ဘီအက်စ်ယာဉ်လိုင်းအားလုံးမှ ယာဉ်အားလုံးတွင် စီစီတီဗီတပ်ဆင်ပေးဖို့ဖြစ်သည်။ယာဉ်မောင်းသည် ထိုစီစီတီဗီမှ ပုံရိပ်များကို သတိမူလျှင် အဆင်ပြေမည်ဖြစ်သည်။လက်ရှိပြေးဆွဲနေသည့် ဝိုင်ဘီအက်စ်ယာဉ်များတွင် စီစီတီဗီတပ်ဆင်ထားခြင်း မရှိသေးသည့် ယာဉ်များစွာကို တွေ့ကြုံနေရပါသေးသည်။ဝိုင်ဘီအက်စ်ယာဉ်များတွင် စီစီတီဗီများ တပ်ဆင်ပေးရန် လိုပါသည်။

မထသခေတ်တွင် လူပြောအများဆုံးဖြစ်သည့် ကိစ္စရပ်နောက်တစ်ခုမှာ ယာဉ်များပြိုင်မောင်းခြင်း၊ လုမောင်းခြင်း ဖြစ်သည်။ထိုသည်ကိုလည်း ဝိုင်ဘီအက်စ်စနစ်တွင် အမြစ်ပြတ်စေရမည်ဆိုသည့် ကြွေးကြော်ချက်များဆိုင်ရာဘက်တွင် ရှိခဲ့သည်။ဘရိတ်ဘယ်နှချက်နင်းသည်ကိုပင် သိနိုင်သည့်စနစ်များ တပ်ဆင်ထားသည့်ဟု ဝန်ကြီးချုပ်က မော်ကြွားစွာ ပြောဆိုခဲ့သည်အထိဖြစ်သည်။သို့သော် သည်ကနေ့ကာလ ဝိုင်ဘီအက်စ်စနစ်တွင် အဆိုပါ ပြိုင်မောင်း၊ လုမောင်းနေကြသည်ကို ကိုယ်တိုင်မျက်မြင်သော်လည်းကောင်း၊ လူမှုကွန်ရက်ပေါ်မှ မှတ်တမ်းဓာတ်ပုံများအဖြစ်သော်လည်းကောင်း မကြာခဏဆိုသလို တွေ့မြင်၊ ကြုံတွေ့လာရသည်။ဝိုင်ဘီအက်စ်ယာဉ်များတွင် ပြိုင်မောင်း၊ လုမောင်းခြင်းများ ကင်းရန်လိုပါသည်။

နောက်ထပ်တစ်ချက်ကဖြင့် မထသစနစ်တွင် မရှိခဲ့သောစနစ်ဟု ဆိုရမည်။ရှိခဲ့လျှင်လည်း လွန်စွာနည်းပါးခဲ့သည့် စနစ်ဖြစ်သည်။တခြားမဟုတ်။အဲကွန်းတပ်ဆင်ကာ လေအေးများထုတ်လွှတ်ပေးခြင်းဖြစ်သည်။ဝိုင်ဘီအက်စ် စတင်ရာတွင် ဂုဏ်ယူစွာထည့်သွင်းခဲ့သည့်အထဲ အဆိုပါအဲကွန်းစနစ်လည်း ပါဝင်ခဲ့သည်။ကားတိုင်းမဟုတ်ခဲ့သည့်တိုင် ကားအများစုကို အဲကွန်းဖြင့် မောင်းနှင်ပြေးဆွဲရန် စီစဉ်ခဲ့ကြသည်။ထိုနေရာတွင်လည်း ခရီးသွားပြည်သူတို့ အခက်ကြုံရပြန်သည်။မထသခေတ်တုန်းက ဆိုခဲ့သလို အဲကွန်းမဖွင့်သည့်အတွက် ပြတင်းတံခါးအားလုံးဖွင့်၍ စီးကြသည်။ထိုအခါ အပြင်လေဖြင့် အေးရသည်။ယခုဝိုင်ဘီအက်စ်ခေတ်တွင် အဲကွန်းဖွင့်သည်ဟုဆိုကာ ပြတင်းတံခါးများပိတ်ရသည်။
အဲကွန်းမအေးသည့်အတွက် ခရီးသွားတို့မှာ လှောင်ပိတ်အိုက်စပ်ခြင်းဒဏ်ကိုသာ ခံကြရသည်။ပြေးဆွဲသည့် ယာဉ်လိုင်းများထဲမှ အနည်းငယ်ကလွဲ၍ အများစုသည် ထိုသို့ဖြစ်သည်ကို ကိုယ်တိုင်လိုက်ပါစီးနှင်းခြင်း၊ စေ့ငုမေးမြန်းခြင်းဖြင့် သိခဲ့ရသည်။ဝိုင်ဘီအက်စ်ယာဉ်များတွင် အဲကွန်းကောင်းရန် လိုပါသည်။

ဆောင်းပါးအစတွင် ဆိုခဲ့သည့်အတိုင်း သုံးနှစ်သားဝိုင်ဘီအက်စ်တွင် ပြောစရာများစွာရှိပါသည် ယခုဖော်ပြခဲ့သည်များသည် ထိုသို့ပြောစရာများစွာထဲမှ မဖြစ်မနေပြုပြင်သွားဖို့၊ ပြင်ဆင်သွားဖို့ လိုအပ်သည့်ကိစ္စရပ်များ ဖြစ်ပါသည်။ထိုသို့ မဖြစ်မနေ အကောင်အထည်ဖော်သွားရမည့် နောက်ထပ်စနစ်တစ်ခုလည်း ကျန်ရှိနေပါသေးသည်။
ကတ်စနစ်ဖြစ်သည်။ကတ်စနစ်သည် ခရီးသွားပြည်သူလူထုအတွက်သာမက ယာဉ်လိုင်းများအတွက်လည်း များစွာလိုအပ်နေသည့် စနစ်ဖြစ်သည်။ထိုစနစ်မရှိသေးခြင်းမှ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများစွာရှိသည်။ဦးစွာ ယာဉ်လိုင်းဘက်က ပြောရမည်ဆိုလျှင် ပိုက်ဆံအစုတ်အပြဲများ ပါလာခြင်း၊ ပိုက်ဆံမဟုတ်သောစက္ကူများ ထည့်သွင်းပေးခြင်း၊ ခရီးစဉ်တွင် ကျသင့်သည့်နှုန်းအတိုင်း မထည့်ခြင်း စသည်တို့ကြုံတွေ့ရပြီး ခရီးသွားပြည်သူဘက်တွင် ငွေအကြွေရှားပါးခြင်း၊ ငွေအကြွေရှာဖွေရခြင်း၊ တကူးတကဆောင်ထားရခြင်း စသည့်အခက်အခဲများ၊ ဆိုးကျိုးများရှိနေသည်။

ကတ်စနစ်နှင့် ပတ်သက်ပြီး ဝိုင်ဘီအက်စ်စနစ် စတင်ခဲ့သည့်အချိန်မှစကား ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် ဆိုင်ရာအဖွဲ့အစည်းဘက်မှ အခါမလပ်ဆိုသလို ပြောဆိုချက်များရှိခဲ့သည်။ကတ်စနစ်ကို မည်သို့ဆောင်ရွက်နေသည်၊ မည်သည့်ကာလတွင် အားလုံးသုံးစွဲသွားနိုင်မည်ဆိုသည့် စကားများဖြစ်သည်။ထိုစကားများသည်လည်း ယနေ့သုံးနှစ်သားကာလအထိ ထိထိရောက်ရောက် အကောင်အထည်ပေါ်မလာသေးသည်ကိုလည်း တွေ့ရသည်။ဝိုင်ဘီအက်စ်ယာဉ်များတွင် ငွေပေးချေရေးကတ်စနစ် အကောင်အထည်ပေါ်လာရန် လိုပါသည်။

ယခုတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က စတင်ခဲ့သည့် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြစ်သည့် ဝိုင်ဘီအက်စ်သည် သုံးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ယင်းကာလသည် ယာဉ်လိုင်းသစ်တစ်ခု ထူထူထောင်ထောင်ဖြစ်ရန် လုံလောက်သည့် အချိန်ကာလပမာဏဖြစ်သည်ဟု မြင်မိပါသည်။အပြောကြီးပြီး တကယ့်လက်တွေ့တွင် အလုပ်မဖြစ်သည့်အပေါ်  ခိုင်းနှိုင်းပြောဆိုသော စကားပုံရှိသည်။

‘အပြောကတော့ ရွှေမန်း၊ ကတော့ချိုမိုင်မိုင်’ ဆိုသည့် စကားဖြစ်သည်။ယခုဝိုင်ဘီအက်စ်ကိုလည်း ထိုသို့ အပြောကြီးပြီး အလုပ်မဖြစ်တာမျိုးတော့ မဖြစ်စေလိုပါ။ရန်ကုန်လူထုအတွက် ရန်ကုန်ဘတ်စ်ဆားဗစ်သည် ချိုမိုင်မိုင်ဝိုင်ဘီအက်စ်အဖြစ် ဇာတ်မျောမသွားစေလိုပါ။

ဂျေငြိမ်း
ဇန်န၀ါရီ - ၁၆

( Zawgyi )

ယခုဆိုလွ်င္ ရန္ကုန္ၿမိဳ႕၏ သယ္ယူပိုေဆာင္ေရးစနစ္ကို တစ္ေခတ္ဆန္းခဲ့သည္မွာ သုံးႏွစ္သို႔တိုင္ခဲ့ပါၿပီ။တစ္နည္းဆိုရလွ်င္ မထသကို ဖ်က္သိမ္းကာ ဝိုင္ဘီအက္စ္ စနစ္သစ္ျဖင့္ အစားထိုးေျပာင္းလဲခဲ့ျခင္း သုံးႏွစ္ျပည့္လည္းျဖစ္သည္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္က စတင္ခဲ့သည့္ ထိုေျပာင္းလဲမႈသည္ ယခု ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၁၆ ရက္တြင္ သုံးႏွစ္တင္းတင္းျပည့္ျခင္းျဖစ္သည္။ထိုသို႔ သုံးႏွစ္ျပည့္ကာလတြင္ ထူးေထြစြာေျပာဆိုရမည္မ်ားကျဖင့္ အမ်ားသားဟုဆိုရမည္။ဦးစြာေျပာလိုသည္က သုံးရက္တည္းျဖင့္ အထေျမာက္ခဲ့သည္ဆိုေသာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္၏ ေျပာစကားႏွင့္ယွဥ္၍ ေျပာလိုရင္းျဖစ္သည္။

ထိုစဥ္တုန္းက ဝန္ႀကီးခ်ဳပ္က မည္သည့္အျမင္၊ မည္သည့္ရႈေထာင့္ျဖင့္ ဝိုင္ဘီအက္စ္စနစ္ သုံးရက္တည္းျဖင့္ ေအာင္ျမင္ခဲ့သည္ဟု ဆိုသည္ကို နားမလည္ႏိုင္ျဖစ္ခဲ့သည္။မထသဆိုင္းဘုတ္မွ ဝိုင္ဘီအက္စ္ဆိုင္းဘုတ္သို႔ ေျပာင္းလဲႏိုင္ခဲ့ျခင္းကို ဆိုလိုသည္လား။စနစ္ေျပာင္းမႈၾကား အထစ္အေငါ့ကာလ သုံးရက္ကို ျဖတ္ေက်ာ္လာႏိုင္ခဲ့သည္ကို ဆိုျခင္းလား။ယာဥ္လိုင္းလမ္းေၾကာင္းမ်ား ေရးဆြဲႏိုင္ျခင္း၊ ဝိုင္ဘီအက္စ္ လမ္းၫႊန္ဆိုင္းဘုတ္မ်ား စတင္စိုက္ထူႏိုင္ျခင္းကို ဆိုျခင္းလား။မေဝခြဲႏိုင္ခဲ့ပါ။ယခုသုံးႏွစ္ျပည့္ေျမာက္လာခ်ိန္ထိတိုင္လည္း ထိုစကားမွာ စဥ္းစားမရ၊ အေျဖရွာမရခဲ့သည့္ ပေဟဠိတစ္ပုဒ္အျဖစ္ ရွိေနဆဲပဲျဖစ္သည္။ေသခ်ာသည္ကေတာ့ ယခုသက္တမ္းသုံးႏွစ္ျပည့္ခ်ိန္အထိ ျပည္သူလူထု၏ စိတ္ဆႏၵတြင္ ဝိုင္ဘီအက္စ္သည္ လိုအပ္ခ်က္မ်ားစြာျဖင့္သာ တည္ရွိေနေသးသည္။ခရီးသြားျပည္သူလူထု၏ လိုလားခ်က္ေပါင္းမ်ားစြာကို ျဖည့္ဆည္းရန္ က်န္ရွိေနေသးသည္။

မထသမွ ဝိုင္ဘီအက္စ္သို႔ ေျပာင္းလဲလာခ်ိန္တြင္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဆိုင္ရာအဖြဲ႕အစည္းတို႔ဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့ၾကသည့္ ကတိကဝတ္စကားမ်ား ရွိခဲ့သည္။ထိုစကားမ်ားထဲတြင္ ဝိုင္ဘီအက္စ္သည္ စနစ္ေဟာင္း မထသထက္ မ်ားစြာသာလြန္ေစရမည္။ရန္ကုန္လူထုအတြက္ ျပည့္ဝသည့္ဝန္ေဆာင္မႈကို ရရွိေစရမည္ဟု ျဖစ္သည္။
ထိုသို႔သာလြန္ရေစမည္ဆိုသည့္ အခ်က္မ်ားထဲတြင္ ခရီးသြားျပည္သူတို႔ ႏွာေခါင္းရႈံ႕ၾကသည့္ ယာဥ္ေနာက္လိုက္ (စပယ္ယာ) မ်ား မထားရွိေတာ့ဆိုသည့္စကားလည္း အပါအဝင္ျဖစ္သည္။ထိုစကားအေပၚတြင္ ရာခိုင္ႏႈန္းအမ်ားစု ေဖာ္ေဆာင္ခဲ့သည္ဟုဆိုရမည္။ယေန႔ကာလ ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲေနေသာ ဝိုင္ဘီအက္စ္ယာဥ္လိုင္းအမ်ားစု၌ ယာဥ္ေနာက္လိုက္ လိုက္ပါျခင္းမရွိေတာ့။သို႔ေသာ္ ထိုသို႔ယာဥ္ေနာက္လိုက္မ်ားကို ယာဥ္ေပၚမွ ဖယ္ရွားလိုက္သည့္ေနာက္တြင္ တာဝန္ယူရမည့္ဝန္ေဆာင္မႈမ်ားလည္း ရွိေနေသးသည္။ယာဥ္ေနာက္လိုက္မ်ား ရယူထားသည့္ တာဝန္မ်ားကို အစားထိုးျဖည့္ဆည္းရမည္ျဖစ္သည္။ထိုတာဝန္ထဲတြင္ အထူးသျဖင့္ မွတ္တိုင္ေခၚေပးျခင္းသည္ ခရီးသြားမ်ားအတြက္ မ်ားစြာလိုအပ္ေသာ ဝန္ေဆာင္မႈျဖစ္သည္။ခရီးသည္တိုင္း မွတ္တိုင္မသိႏိုင္ပါ။သြားေနက်၊ လာေနက် ခရီးသြားမဟုတ္ပါက မိမိဆင္းမည့္မွတ္တိုင္ ႀကိဳတင္သိရွိေစေရးသည္ လြန္စြာအေရးႀကီးလွသည့္ ကိစၥရပ္ျဖစ္သည္။

ဝိုင္ဘီအက္စ္ေပၚမွ ယာဥ္ေနာက္လိုက္မ်ား ဖယ္ရွားခဲ့ၿပီးေနာက္ အခါမလပ္ဆိုသလို ႀကဳံေတြ႕ရသည္က မွတ္တိုင္ေက်ာ္ကာ ပါလာသည့္ခရီးသြား၊ မွတ္တိုင္မသိ၍ ခရီးသည္အခ်င္းခ်င္း ေစ့ငုေမးျမန္းရသည့္ ခရီးသြားတို႔ကို ျဖစ္သည္။မိမိကိုယ္တိုင္ပင္ ခရီးစဥ္အစိမ္းမ်ားတြင္ ဆင္းရမည့္မွတ္တိုင္ ေက်ာ္လြန္ၿပီးမွ ဆင္းခဲ့ရသည္မ်ား မ်ားစြာရွိခဲ့ဖူးသည္။
တခ်ိဳ႕ေသာ ယာဥ္လိုင္းမ်ားတြင္ေတာ့ မွတ္တိုင္ေခၚေပးသည့္စနစ္ ထည့္သြင္းထားသည့္တီဗီကို ဖြင့္ကာထားသည္ကို ေတြ႕ရသည္။မွတ္တိုင္ေရာက္လွ်င္ မည္သည့္မွတ္တိုင္ဆိုသည္ကို ေျပာေပးသကဲ့သို႔ ေနာက္မွတ္တိုင္ကိုလည္း ႀကိဳတင္အသိေပးသည့္ စနစ္ျဖစ္သည္။ယင္းသည္ ယာဥ္ေနာက္လိုက္ မပါဝင္ေတာ့သျဖင့္ ေပၚထြက္လာသည့္ အခက္အခဲတစ္ခုကို ထိေရာက္စြာေျဖရွင္းေပးသည့္ စနစ္ေကာင္းျဖစ္သည္။သို႔ေသာ္ ယင္းစနစ္သည္လည္း ယာဥ္တခ်ိဳ႕ (အနည္းငယ္) တြင္သာ ပါဝင္သည္ကိုေတြ႕ရသည္။ေမးျမန္းၾကည့္မိသေလာက္ ယာဥ္လိုင္း (ကုမၸဏီ) ဘက္မွ ထိုစနစ္ကို ထည့္သြင္းေပးျခင္းသာျဖစ္သည္ဟု သိရသည္။ဝိုင္ဘီအက္စ္ယာဥ္လိုင္းအားလုံးမွ ယာဥ္အားလုံးတြင္ ယင္းစနစ္ပါဝင္ေစရန္ စီမံေဆာင္႐ြက္သင့္သည္ဟုျမင္သည္။ ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ မွတ္တိုင္ေခၚေပးသည့္နည္းစနစ္ ထည့္သြင္းေပးရန္ လိုပါသည္။

ယာဥ္ေနာက္လိုက္ မပါျခင္း၏ ေနာက္ထပ္ဆိုးက်ိဳးတစ္ခုလည္း ရွိေသးသည္။ယာဥ္ေပၚမွအဆင္းတြင္ လူက်န္ေသးသည္ကိုမသိဘဲ ယာဥ္ေမာင္းက တံခါးကိုပိတ္ပစ္ျခင္း၊ ဆင္းေနလ်က္တန္းလန္းႏွင့္ ေမာင္းထြက္ျခင္းတို႔ျဖစ္သည္။ယင္းသည္ ခရီးသည္တို႔၏ အသက္ကိုပါ အႏၲရာယ္ျပဳသည့္ကိစၥရပ္ျဖစ္သည္။ကေလးငယ္ကို ေပြ႕ခ်ီလ်က္တန္းလန္းျဖင့္ ဆင္းေနစဥ္ အဆင္းတံခါးကိုပိတ္ပစ္ျခင္း၊ အသက္အ႐ြယ္ႀကီးရင့္သူတို႔ ဆင္းေနစဥ္ တံခါးပိတ္သြားျခင္းတို႔သည္ အေတြ႕ရမ်ားသည္။ထိုသူတို႔သည္ ေႏွးေကြးသည့္အတြက္ ယာဥ္ေမာင္းသူဘက္က သတိမမူမိသည္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ထိုျဖစ္ရပ္အတြက္ အေကာင္းဆုံးေျဖရွင္းေပးႏိုင္မည့္နည္းလမ္းမွာ ဝိုင္ဘီအက္စ္ယာဥ္လိုင္းအားလုံးမွ ယာဥ္အားလုံးတြင္ စီစီတီဗီတပ္ဆင္ေပးဖို႔ျဖစ္သည္။ယာဥ္ေမာင္းသည္ ထိုစီစီတီဗီမွ ပုံရိပ္မ်ားကို သတိမူလွ်င္ အဆင္ေျပမည္ျဖစ္သည္။လက္ရွိေျပးဆြဲေနသည့္ ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ စီစီတီဗီတပ္ဆင္ထားျခင္း မရွိေသးသည့္ ယာဥ္မ်ားစြာကို ေတြ႕ႀကဳံေနရပါေသးသည္။ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ စီစီတီဗီမ်ား တပ္ဆင္ေပးရန္ လိုပါသည္။

မထသေခတ္တြင္ လူေျပာအမ်ားဆုံးျဖစ္သည့္ ကိစၥရပ္ေနာက္တစ္ခုမွာ ယာဥ္မ်ားၿပိဳင္ေမာင္းျခင္း၊ လုေမာင္းျခင္း ျဖစ္သည္။ထိုသည္ကိုလည္း ဝိုင္ဘီအက္စ္စနစ္တြင္ အျမစ္ျပတ္ေစရမည္ဆိုသည့္ ေႂကြးေၾကာ္ခ်က္မ်ားဆိုင္ရာဘက္တြင္ ရွိခဲ့သည္။ဘရိတ္ဘယ္ႏွခ်က္နင္းသည္ကိုပင္ သိႏိုင္သည့္စနစ္မ်ား တပ္ဆင္ထားသည့္ဟု ဝန္ႀကီးခ်ဳပ္က ေမာ္ႂကြားစြာ ေျပာဆိုခဲ့သည္အထိျဖစ္သည္။သို႔ေသာ္ သည္ကေန႔ကာလ ဝိုင္ဘီအက္စ္စနစ္တြင္ အဆိုပါ ၿပိဳင္ေမာင္း၊ လုေမာင္းေနၾကသည္ကို ကိုယ္တိုင္မ်က္ျမင္ေသာ္လည္းေကာင္း၊ လူမႈကြန္ရက္ေပၚမွ မွတ္တမ္းဓာတ္ပုံမ်ားအျဖစ္ေသာ္လည္းေကာင္း မၾကာခဏဆိုသလို ေတြ႕ျမင္၊ ႀကဳံေတြ႕လာရသည္။ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ ၿပိဳင္ေမာင္း၊ လုေမာင္းျခင္းမ်ား ကင္းရန္လိုပါသည္။

ေနာက္ထပ္တစ္ခ်က္ကျဖင့္ မထသစနစ္တြင္ မရွိခဲ့ေသာစနစ္ဟု ဆိုရမည္။ရွိခဲ့လွ်င္လည္း လြန္စြာနည္းပါးခဲ့သည့္ စနစ္ျဖစ္သည္။တျခားမဟုတ္။အဲကြန္းတပ္ဆင္ကာ ေလေအးမ်ားထုတ္လႊတ္ေပးျခင္းျဖစ္သည္။ဝိုင္ဘီအက္စ္ စတင္ရာတြင္ ဂုဏ္ယူစြာထည့္သြင္းခဲ့သည့္အထဲ အဆိုပါအဲကြန္းစနစ္လည္း ပါဝင္ခဲ့သည္။ကားတိုင္းမဟုတ္ခဲ့သည့္တိုင္ ကားအမ်ားစုကို အဲကြန္းျဖင့္ ေမာင္းႏွင္ေျပးဆြဲရန္ စီစဥ္ခဲ့ၾကသည္။ထိုေနရာတြင္လည္း ခရီးသြားျပည္သူတို႔ အခက္ႀကဳံရျပန္သည္။မထသေခတ္တုန္းက ဆိုခဲ့သလို အဲကြန္းမဖြင့္သည့္အတြက္ ျပတင္းတံခါးအားလုံးဖြင့္၍ စီးၾကသည္။ထိုအခါ အျပင္ေလျဖင့္ ေအးရသည္။ယခုဝိုင္ဘီအက္စ္ေခတ္တြင္ အဲကြန္းဖြင့္သည္ဟုဆိုကာ ျပတင္းတံခါးမ်ားပိတ္ရသည္။
အဲကြန္းမေအးသည့္အတြက္ ခရီးသြားတို႔မွာ ေလွာင္ပိတ္အိုက္စပ္ျခင္းဒဏ္ကိုသာ ခံၾကရသည္။ေျပးဆြဲသည့္ ယာဥ္လိုင္းမ်ားထဲမွ အနည္းငယ္ကလြဲ၍ အမ်ားစုသည္ ထိုသို႔ျဖစ္သည္ကို ကိုယ္တိုင္လိုက္ပါစီးႏွင္းျခင္း၊ ေစ့ငုေမးျမန္းျခင္းျဖင့္ သိခဲ့ရသည္။ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ အဲကြန္းေကာင္းရန္ လိုပါသည္။

ေဆာင္းပါးအစတြင္ ဆိုခဲ့သည့္အတိုင္း သုံးႏွစ္သားဝိုင္ဘီအက္စ္တြင္ ေျပာစရာမ်ားစြာရွိပါသည္ ယခုေဖာ္ျပခဲ့သည္မ်ားသည္ ထိုသို႔ေျပာစရာမ်ားစြာထဲမွ မျဖစ္မေနျပဳျပင္သြားဖို႔၊ ျပင္ဆင္သြားဖို႔ လိုအပ္သည့္ကိစၥရပ္မ်ား ျဖစ္ပါသည္။ထိုသို႔ မျဖစ္မေန အေကာင္အထည္ေဖာ္သြားရမည့္ ေနာက္ထပ္စနစ္တစ္ခုလည္း က်န္ရွိေနပါေသးသည္။
ကတ္စနစ္ျဖစ္သည္။ကတ္စနစ္သည္ ခရီးသြားျပည္သူလူထုအတြက္သာမက ယာဥ္လိုင္းမ်ားအတြက္လည္း မ်ားစြာလိုအပ္ေနသည့္ စနစ္ျဖစ္သည္။ထိုစနစ္မရွိေသးျခင္းမွ ျဖစ္ေပၚလာသည့္ ဆိုးက်ိဳးမ်ားစြာရွိသည္။ဦးစြာ ယာဥ္လိုင္းဘက္က ေျပာရမည္ဆိုလွ်င္ ပိုက္ဆံအစုတ္အၿပဲမ်ား ပါလာျခင္း၊ ပိုက္ဆံမဟုတ္ေသာစကၠဴမ်ား ထည့္သြင္းေပးျခင္း၊ ခရီးစဥ္တြင္ က်သင့္သည့္ႏႈန္းအတိုင္း မထည့္ျခင္း စသည္တို႔ႀကဳံေတြ႕ရၿပီး ခရီးသြားျပည္သူဘက္တြင္ ေငြအေႂကြရွားပါးျခင္း၊ ေငြအေႂကြရွာေဖြရျခင္း၊ တကူးတကေဆာင္ထားရျခင္း စသည့္အခက္အခဲမ်ား၊ ဆိုးက်ိဳးမ်ားရွိေနသည္။

ကတ္စနစ္ႏွင့္ ပတ္သက္ၿပီး ဝိုင္ဘီအက္စ္စနစ္ စတင္ခဲ့သည့္အခ်ိန္မွစကား ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ အပါအဝင္ ဆိုင္ရာအဖြဲ႕အစည္းဘက္မွ အခါမလပ္ဆိုသလို ေျပာဆိုခ်က္မ်ားရွိခဲ့သည္။ကတ္စနစ္ကို မည္သို႔ေဆာင္႐ြက္ေနသည္၊ မည္သည့္ကာလတြင္ အားလုံးသုံးစြဲသြားႏိုင္မည္ဆိုသည့္ စကားမ်ားျဖစ္သည္။ထိုစကားမ်ားသည္လည္း ယေန႔သုံးႏွစ္သားကာလအထိ ထိထိေရာက္ေရာက္ အေကာင္အထည္ေပၚမလာေသးသည္ကိုလည္း ေတြ႕ရသည္။ဝိုင္ဘီအက္စ္ယာဥ္မ်ားတြင္ ေငြေပးေခ်ေရးကတ္စနစ္ အေကာင္အထည္ေပၚလာရန္ လိုပါသည္။

ယခုေတာ့ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္က စတင္ခဲ့သည့္ ရန္ကုန္ၿမိဳ႕ သယ္ယူပို႔ေဆာင္ေရးစနစ္သစ္ျဖစ္သည့္ ဝိုင္ဘီအက္စ္သည္ သုံးႏွစ္တင္းတင္းျပည့္ခဲ့ပါၿပီ။ယင္းကာလသည္ ယာဥ္လိုင္းသစ္တစ္ခု ထူထူေထာင္ေထာင္ျဖစ္ရန္ လုံေလာက္သည့္ အခ်ိန္ကာလပမာဏျဖစ္သည္ဟု ျမင္မိပါသည္။အေျပာႀကီးၿပီး တကယ့္လက္ေတြ႕တြင္ အလုပ္မျဖစ္သည့္အေပၚ  ခိုင္းႏႈိင္းေျပာဆိုေသာ စကားပုံရွိသည္။

‘အေျပာကေတာ့ ေ႐ႊမန္း၊ ကေတာ့ခ်ိဳမိုင္မိုင္’ ဆိုသည့္ စကားျဖစ္သည္။ယခုဝိုင္ဘီအက္စ္ကိုလည္း ထိုသို႔ အေျပာႀကီးၿပီး အလုပ္မျဖစ္တာမ်ိဳးေတာ့ မျဖစ္ေစလိုပါ။ရန္ကုန္လူထုအတြက္ ရန္ကုန္ဘတ္စ္ဆားဗစ္သည္ ခ်ိဳမိုင္မိုင္ဝိုင္ဘီအက္စ္အျဖစ္ ဇာတ္ေမ်ာမသြားေစလိုပါ။

ေဂ်ၿငိမ္း
ဇန္န၀ါရီ - ၁၆