【 ဆောင်းပါး 】 “ခေတ်စနစ်ကို ထင်ဟပ်စေမည့် ရသစာပေအမျိုးအစား”

【 ဆောင်းပါး 】 “ခေတ်စနစ်ကို ထင်ဟပ်စေမည့် ရသစာပေအမျိုးအစား”

ကြုံရဆုံရဘုံဘဝတဲ့။သိပ်မှန်တဲ့စကားပဲဗျ။ကျွန်တော်တို့ဘဝမှာ ခေတ်အဆက်ဆက်တွေ့ခဲ့ကြုံခဲ့ရတာတွေ အတော်များခဲ့ပါတယ်။စစ်အတွင်းမှာမွေးဖွားခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ အဘိုးအဘွားနဲ့ မိခင်ဖခင်တွေဆိုရင် သူတို့ဘဝမှာ အလွန်ခက်ခဲကြမ်းတမ်းတဲ့ ဖြစ်ရပ်တွေနဲ့ တွေ့ခဲ့ကြုံခဲ့ကြရသလို စစ်ပြီးခေတ်မှာမွေးဖွားခဲ့တဲ့ ကျွန်တော်တို့ဆိုရင်လည်း ဘဝမှာ ထင်မှတ်ထားခြင်းမရှိတဲ့ ဖြစ်ရပ်မျိုးစုံနဲ့ တွေ့ခဲ့ကြုံခဲ့ကြရပါတယ်။

စစ်ပြီးခေတ်မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်တို့ဆိုရင် ၁၉၆၂ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှု၊ ၁၉၇၄ ခုနှစ်မှာ ဦးသန့်အရေးအခင်း၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ၂၀၀၄ ခုနှစ်အထိ နိုင်ငံ တော်ငြိမ်ဝပ်ပိပြားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ လက်ထက် ၂၀၁၀ ခုနှစ်မှာ ယူနီဖောင်းချွတ်အရပ်သား တစ်ဝက် အစိုးရလက်ထက် စတဲ့ အပြောင်းအလဲဖြစ်ရပ်မျိုးစုံနဲ့ တွေ့ခဲ့ကြုံခဲ့ကြရတယ်။နောက်တော့ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ပထမဦးဆုံး ဒီမိုကရေစီနည်းကျရွေးကောက်ပွဲကို နဖူးတွေ့ဒူးတွေ့ ပါဝင်ဆင်နွှဲခဲ့ကြတယ်။

ကျွန်တော်တို့မျိုးဆက်တွေအပြင် ကျွန်တော်တို့မျိုးဆက်နောက်ပိုင်း နည်းပညာခေတ်မှာ ပေါ်ထွက်လာတဲ့ မျိုးဆက်သစ်တွေဟာ ထူးထူးခြားခြား တုန်လှုပ်ချောက်ချားစရာကောင်းလှတဲ့ ကပ်ဘေးကြီးနှစ်ခုကို တွေ့ကြုံရင်ဆိုင်ခဲ့ကြရပါတယ်။အဲဒီကပ်ဘေးကြီးနှစ်ခုကတော့ ၂၀၀၈ ခုနှစ် စစ်အစိုးရလက်ထက် နာဂစ်မုန်တိုင်းဖြစ်ရပ်ဟာ ကျွန်တော်တို့အားလုံးအတွက် ထိတ်လန့်ချောက်ချားစရာအကောင်းဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာအကောင်းဆုံး သဘာဝကပ်ဘေးကြီးဖြစ်ခဲ့ရတယ်။လက်ရှိ ကမ္ဘာ့ကပ်ရောဂါအဖြစ် ရင်ဆိုင်နေရတဲ့ Covid-19 ကူးစက်ရောဂါဆိုရင်လည်း ကျောက်ကြီးရောဂါ၊ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါနဲ့ အေအိုင်ဒီအက်စ်လို ကူးစက်ရောဂါတွေပြီးရင် ကျွန်တော်တို့အတွက် အဆိုးရွားဆုံးရင်ဆိုင်နေရတဲ့ ရောဂါအန္တရာယ်ပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘဝမှာ တွေ့ခဲ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကနေ မှတ်သားစရာ၊ လေ့လာဆင်ခြင်စရာ၊ သင်ခန်းစာယူစရာတွေ ရှိနေခဲ့တာလည်းအမှန်ပါ။အဲဒီလိုတွေ့ခဲ့ကြုံခဲ့ရတာတွေထဲက တွေ့ မြင်ခံစားခဲ့ကြရသမျှကို ကျွန်တော်တို့အပါအဝင် စာရေးဆရာအများစုက သူတို့တွေးဆ ဆင်ခြင်မိသလောက်အပေါ် ဆောင်းပါးတွေ စာအုပ်တွေ ရေးဖွဲ့ခဲ့ကြပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီလက်အောက်ခံ ဘဝကို သိမီခဲ့ကြတဲ့ စာရေးဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံဝတ္ထုကြီးဆိုရင် ဆရာကြီးက သူသိမီခဲ့တဲ့ ခေတ်ကာလတစ်ခုကို နောက်ခံပြုပြီး ဇာတ်အိမ်ဖွဲ့ခဲ့တဲ့ ဂန္ထဝင်ဝတ္ထုကြီးလည်းဖြစ်ပါတယ်။အဲဒီလိုပါပဲ သတင်း စာဆရာဦးသိမ်းမောင်ရဲ့ ရဲမြန်မာ၊ မောင်ထင်ရဲ့ ငဘ၊ နန္ဒရဲ့ သံနှင့်သွေးတို့လို ဝတ္ထုတွေဆိုရင်လည်း စာရေးဆရာ တွေက သူတို့သိမီခဲ့တဲ့ ခေတ်ကာလအတွေ့အကြုံတွေကို ခံစားရေးဖွဲ့ခဲ့တဲ့ ဝတ္ထုတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်ခေတ်ကာလနဲ့ပတ်သက်လို့ စာရေးဆရာတွေ ရေးဖွဲ့ခဲ့တဲ့ဝတ္ထုတွေ အများအပြားထွက်ပေါ်လာခဲ့ဖူးပါတယ်။ဂျပန်ခေတ်ကို နောက်ခံပြုရေးဖွဲ့ခဲ့တဲ့ ဝတ္ထုတွေထဲမှာ ဗန်းမော်တင်အောင်ရဲ့ ရိုးမတိုက်ပွဲ၊ ဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံ၊ နတ်နွယ်ရဲ့ တစ်ကွေ့တော့ တွေ့ကြဦးမည် စတဲ့ဝတ္ထုတွေဟာ လူသိများထင်ရှားခဲ့ပါတယ်။ဒါ့အပြင် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုတွေကို အခြေခံထားတဲ့ ဝတ္ထုတွေထဲမှာဆိုရင် သိန်းဖေမြင့်ရဲ့ အရှေ့က နေဝန်းထွက်သည့်ပမာ၊ မဟာဆွေရဲ့ တို့မေမေ၊ ဒဂုန်တာရာရဲ့ တို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ၊ ဆင်ဖြူကျွန်းအောင်သိန်းရဲ့ နီရဲသောဗိုလ်ဥတ္တမ စတဲ့ ဝတ္ထုတွေဟာလည်း စာဖတ်ပရိသတ်တွေကို အထူးစွဲ လမ်း နှစ်သက်စေခဲ့တဲ့ ဝတ္ထုတွေပဲဖြစ်ပါတယ်။

တကယ်တော့ စာရေးဆရာတွေဟာ သမိုင်းဖြစ်ရပ်တွေအတွင်းမှာ သူတို့တွေ့မြင်ခံစားမိသမျှတွေကို ဝတ္ထုဇာတ်လမ်းတွေအဖြစ် ရေးဖွဲ့ခဲ့ကြတယ်။သူတို့ရေးဖွဲ့ခဲ့တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကနေတစ်ဆင့် စာဖတ်ပရိသတ်တွေရဲ့ အသိအမြင်တွေကို လှုပ်နှိုးပေးဖို့ကြိုးပမ်းခဲ့ကြတယ် ဆိုရရင် စာရေးဆရာတွေရေးဖွဲ့ခဲ့တဲ့ ခံစားမှုရသတွေ ကူးစက်ပြီး စာဖတ်ပရိသတ်တွေကို မျိုးချစ်စိတ်တွေ ထက်သန်လာစေခဲ့တယ်။သူ့ကျွန်မခံစိတ်တွေကို ရုန်းထလာစေခဲ့တယ်။

ကမ္ဘာ့စာပေလောကမှာဆိုရင်လည်း သမိုင်းဖြစ်ရပ်တွေကို နောက်ခံပြုပြီး ဇာတ်လမ်းဆင်ရေးသားခဲ့တဲ့ စာအုပ်စာတမ်းနဲ့ ဝတ္ထုတွေ အများအပြားထွက်ပေါ်လာခဲ့ဖူးပါတယ်။ပထမကမ္ဘာစစ်ကြီးအပြီးမှာ တွေ့ကြုံခံစားခဲ့ရတဲ့ အကြမ်းဖက်မှုနဲ့ လူမှုရေးကသောင်းကနင်းဖြစ်မှုတွေကို စာရေးဆရာ အတော်များများက ဝတ္ထုဇာတ်လမ်း ဆင်ရေးဖွဲ့ခဲ့ကြဖူးပါတယ်။အမေရိကန်စာရေးဆရာ ဟဲမင်းဝေးရဲ့ Farewell to Aruns ၊ ဗာဂျီးနီးယားဝုဖ်ရဲ့ Mrs Dalloway ၊ တီအက်စ်အယ်လီယော့ရဲ့ The Waste Land စတဲ့ဝတ္ထုတွေဟာ အဲဒီလိုဝတ္ထုအမျိုးအစားတွေဖြစ်ပါ တယ်။

ဒုတိယကမ္ဘာစစ်ကြီးကတော့ စာရေးဆရာတွေအတွက်ရေးစရာတွေဟာ စာဖွဲ့လို့မကုန်ဆိုသလို ဖြစ်ခဲ့ရတယ်လို့ဆိုရမှာပါ။ဆိုရရင် ဘယ်အချိန်ဘယ်ကာလမှာမဆို ထူးခြားတဲ့ဖြစ်ရပ်တွေ၊ အကျပ်အတည်းပြဿနာတွေနဲ့ ရင်ဆိုင်ကြရတဲ့အခါတိုင်း စာရေးဆရာတွေက အဲဒီအကြောင်းဖြစ်ရပ်တွေကို နောက်ခံပြုပြီး စာဖွဲ့ခဲ့ကြပါတယ်။ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုမှာ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် စာရေးဆရာ အမ်မီလီစိန့်ဂျွန်မန်ဒယ် က The Glass Hotel ၊ ရာသီဥတုပြောင်းလဲမှုဖြစ်ရပ်ဆိုးတွေနဲ့ပတ်သက်လို့ စာရေးဆရာ အင်န်ကေဂျေမီဆင်း က Broken Earth စတဲ့ ဝတ္ထုတွေကို ရေးဖွဲ့ခဲ့ကြပြီး စာဖတ်ပရိသတ်ရဲ့ အတွေးအာရုံကို လှုပ်နှိုးပေးခဲ့ကြတယ်။

လတ်တလော COVID -19 ကပ်ရောဂါဖြစ်ပွားနေချိန်ကာလအတောအတွင်းမှာပဲ စကော့လူမျိုး စာရေးဆရာ ပီတာမေ ၂၀၁၅ ခုနှစ်ရေးသားခဲ့ပြီး ထုတ်ဝေသူတွေ လက်ရှောင်ခဲ့ကြတဲ့ Lockdown ဆိုတဲ့ဝတ္ထု စာဖတ်ပရိသတ်တွေရဲ့လက်ထဲကို ရောက်လာခဲ့ပြီဖြစ်တယ်။ဒါ့အပြင် မျက်မှောက်ခေတ်တွေးခေါ်ပညာရှင်နဲ့ စာရေး ဆရာတစ်ဦးဖြစ်တဲ့ ဆလာဗိုဇီဇက် ကလည်း ကပ်ရောဂါဘေးအမည်နဲ့ စာအုပ်တစ်အုပ် ရေးထုတ်လာခဲ့တယ်။

တကယ်တော့ စာရေးဆရာတွေဟာ သူတို့ခေတ်မှာ တွေ့ကြုံခံစားခဲ့ရတဲ့ ဖြစ်ရပ်တွေကို သူတို့တတ်တဲ့အနုပညာနဲ့အတူ ဖန်တီးပြီး တာဝန်ကျေခဲ့ကြသူတွေဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာတော့ နိုင်ငံကျော်စာရေး ဆရာကြီးတွေဖြစ်တဲ့ ဆရာသိန်းဖေမြင့်၊ ဆရာဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာကျော်အောင်၊ ဆရာနတ်နွယ်၊ ဆရာမင်းကျော် စတဲ့ စာရေးဆရာတွေဟာ သူတို့ခေတ်သူတို့အခါက တွေ့ကြုံရသမျှဖြစ်ရပ်တွေကို အခြေခံပြီး ဝတ္ထုဇာတ်လမ်းတွေ ရေးဖွဲ့ခဲ့ကြပါတယ်။ဒါပေမဲ့ အဲဒီစာရေးဆရာကြီးတွေနောက်ပိုင်းမှာ ခေတ်စနစ်နဲ့အတူ ပေါ်ပေါက်လာတဲ့ဖြစ်ရပ်တွေကို နောက်ခံပြုပြီး ဝတ္ထုဇာတ်လမ်းရေးဖွဲ့သူတွေ အလွန်နည်းပါးခဲ့တယ်လို့ ဆိုရမှာပါ။ဥပမာဆိုရရင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နောက်ခံပြုအမှတ်တရမှတ်တမ်းလို စာအုပ်တွေသာ ထွက်ခဲ့ပြီး ဝတ္ထုစာပေအမျိုးအစားမရှိသလောက်နည်းပါးခဲ့ပါတယ်။အဲဒီလိုပဲ နာဂစ်မုန်တိုင်း နောက်ခံစာပေဆိုရင်လည်း ရေးဖွဲ့သူအလွန်နည်းပါးခဲ့တာကို တွေ့ကြရမှာပါ။

မကြာသေးမီကတော့ အမေရိကန်တွေကို ကသောင်းကနင်းဖြစ်အောင် ထိုးနှက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါရဲ့ တုန်လှုပ်ချောက်ချားစရာကောင်းပုံတွေကို နောက်ခံပြုပြီး အမေရိကန်ကဗျာဆရာနဲ့ ဝတ္ထုရေးဆရာ ဘင်လာနာနဲ့ ဝတ္ထုရေးဆရာမ ဆလုန်းခရော့စ်တို့က ဝတ္ထုဇာတ်လမ်းတွေရေးဖွဲ့ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။သူတို့ဆီကအကြောင်းတွေကိုဖတ်ရတော့ ကျွန်တော်တို့ဆီမှာလည်း COVID-19 ဖြစ်ရပ်နောက်ခံပြုစာအုပ်စာပေ (အထူးသဖြင့် ရသစာပေ) တွေ ထွက်ပေါ်လာရင် ကောင်းလေစွလို့ အတွေးဝင်မိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ထိထိရှရှနဲ့ ရသမြောက်အောင်ရေးဖွဲ့နိုင်တဲ့ ဝတ္ထုရေးဆရာတစ်ဦးသာ ပေါ်ထွက်လာခဲ့မယ်ဆိုရင် သူဟာမျက်မှောက်ခေတ် စာပေသစ် သမိုင်းမှာ မှတ်ကျောက်တင်ခံရမှာဖြစ်ကြောင်း တွေးဆဆင်ခြင်မိသမျှ တင်ပြလိုက်ရပါတယ်။

မြင့်နောင်မိုး
ဇွန် - ၆

( Zawgyi )

ႀကဳံရဆုံရဘုံဘဝတဲ့။သိပ္မွန္တဲ့စကားပဲဗ်။ကြၽန္ေတာ္တို႔ဘဝမွာ ေခတ္အဆက္ဆက္ေတြ႕ခဲ့ႀကဳံခဲ့ရတာေတြ အေတာ္မ်ားခဲ့ပါတယ္။စစ္အတြင္းမွာေမြးဖြားခဲ့ၾကတဲ့ ကြၽန္ေတာ္တို႔ရဲ႕ အဘိုးအဘြားနဲ႔ မိခင္ဖခင္ေတြဆိုရင္ သူတို႔ဘဝမွာ အလြန္ခက္ခဲၾကမ္းတမ္းတဲ့ ျဖစ္ရပ္ေတြနဲ႔ ေတြ႕ခဲ့ႀကဳံခဲ့ၾကရသလို စစ္ၿပီးေခတ္မွာေမြးဖြားခဲ့တဲ့ ကြၽန္ေတာ္တို႔ဆိုရင္လည္း ဘဝမွာ ထင္မွတ္ထားျခင္းမရွိတဲ့ ျဖစ္ရပ္မ်ိဳးစုံနဲ႔ ေတြ႕ခဲ့ႀကဳံခဲ့ၾကရပါတယ္။

စစ္ၿပီးေခတ္မွာ ေမြးဖြားခဲ့တဲ့ ကြၽန္ေတာ္တို႔ဆိုရင္ ၁၉၆၂ ခုႏွစ္မွာ စစ္တပ္အာဏာသိမ္းမႈ၊ ၁၉၇၄ ခုႏွစ္မွာ ဦးသန႔္အေရးအခင္း၊ ၁၉၈၈ ခုႏွစ္ ဒီမိုကေရစီအေရးအခင္း၊ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္းကေန ၂၀၀၄ ခုႏွစ္အထိ ႏိုင္ငံ ေတာ္ၿငိမ္ဝပ္ပိျပားေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာင္စီ လက္ထက္ ၂၀၁၀ ခုႏွစ္မွာ ယူနီေဖာင္းခြၽတ္အရပ္သား တစ္ဝက္ အစိုးရလက္ထက္ စတဲ့ အေျပာင္းအလဲျဖစ္ရပ္မ်ိဳးစုံနဲ႔ ေတြ႕ခဲ့ႀကဳံခဲ့ၾကရတယ္။ေနာက္ေတာ့ ၂၀၁၅ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ပထမဦးဆုံး ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ပြဲကို နဖူးေတြ႕ဒူးေတြ႕ ပါဝင္ဆင္ႏႊဲခဲ့ၾကတယ္။

ကြၽန္ေတာ္တို႔မ်ိဳးဆက္ေတြအျပင္ ကြၽန္ေတာ္တို႔မ်ိဳးဆက္ေနာက္ပိုင္း နည္းပညာေခတ္မွာ ေပၚထြက္လာတဲ့ မ်ိဳးဆက္သစ္ေတြဟာ ထူးထူးျခားျခား တုန္လႈပ္ေခ်ာက္ခ်ားစရာေကာင္းလွတဲ့ ကပ္ေဘးႀကီးႏွစ္ခုကို ေတြ႕ႀကဳံရင္ဆိုင္ခဲ့ၾကရပါတယ္။အဲဒီကပ္ေဘးႀကီးႏွစ္ခုကေတာ့ ၂၀၀၈ ခုႏွစ္ စစ္အစိုးရလက္ထက္ နာဂစ္မုန္တိုင္းျဖစ္ရပ္ဟာ ကြၽန္ေတာ္တို႔အားလုံးအတြက္ ထိတ္လန႔္ေခ်ာက္ခ်ားစရာအေကာင္းဆုံးနဲ႔ ဝမ္းနည္းေၾကကြဲဖြယ္ရာအေကာင္းဆုံး သဘာဝကပ္ေဘးႀကီးျဖစ္ခဲ့ရတယ္။လက္ရွိ ကမာၻ႔ကပ္ေရာဂါအျဖစ္ ရင္ဆိုင္ေနရတဲ့ Covid-19 ကူးစက္ေရာဂါဆိုရင္လည္း ေက်ာက္ႀကီးေရာဂါ၊ ပလိပ္ေရာဂါ၊ ကာလဝမ္းေရာဂါနဲ႔ ေအအိုင္ဒီအက္စ္လို ကူးစက္ေရာဂါေတြၿပီးရင္ ကြၽန္ေတာ္တို႔အတြက္ အဆိုး႐ြားဆုံးရင္ဆိုင္ေနရတဲ့ ေရာဂါအႏၲရာယ္ပဲျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ဘဝမွာ ေတြ႕ခဲ့ႀကဳံခဲ့ရတဲ့ ျဖစ္ရပ္ေတြကေန မွတ္သားစရာ၊ ေလ့လာဆင္ျခင္စရာ၊ သင္ခန္းစာယူစရာေတြ ရွိေနခဲ့တာလည္းအမွန္ပါ။အဲဒီလိုေတြ႕ခဲ့ႀကဳံခဲ့ရတာေတြထဲက ေတြ႕ ျမင္ခံစားခဲ့ၾကရသမွ်ကို ကြၽန္ေတာ္တို႔အပါအဝင္ စာေရးဆရာအမ်ားစုက သူတို႔ေတြးဆ ဆင္ျခင္မိသေလာက္အေပၚ ေဆာင္းပါးေတြ စာအုပ္ေတြ ေရးဖြဲ႕ခဲ့ၾကပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အဂၤလိပ္ကိုလိုနီလက္ေအာက္ခံ ဘဝကို သိမီခဲ့ၾကတဲ့ စာေရးဆရာႀကီး သခင္ကိုယ္ေတာ္မႈိင္းရဲ႕ မွာေတာ္ပုံဝတၳဳႀကီးဆိုရင္ ဆရာႀကီးက သူသိမီခဲ့တဲ့ ေခတ္ကာလတစ္ခုကို ေနာက္ခံျပဳၿပီး ဇာတ္အိမ္ဖြဲ႕ခဲ့တဲ့ ဂႏၳဝင္ဝတၳဳႀကီးလည္းျဖစ္ပါတယ္။အဲဒီလိုပါပဲ သတင္း စာဆရာဦးသိမ္းေမာင္ရဲ႕ ရဲျမန္မာ၊ ေမာင္ထင္ရဲ႕ ငဘ၊ နႏၵရဲ႕ သံႏွင့္ေသြးတို႔လို ဝတၳဳေတြဆိုရင္လည္း စာေရးဆရာ ေတြက သူတို႔သိမီခဲ့တဲ့ ေခတ္ကာလအေတြ႕အႀကဳံေတြကို ခံစားေရးဖြဲ႕ခဲ့တဲ့ ဝတၳဳေတြပဲျဖစ္ပါတယ္။

ဒါ့အျပင္ ဂ်ပန္ေခတ္ကာလနဲ႔ပတ္သက္လို႔ စာေရးဆရာေတြ ေရးဖြဲ႕ခဲ့တဲ့ဝတၳဳေတြ အမ်ားအျပားထြက္ေပၚလာခဲ့ဖူးပါတယ္။ဂ်ပန္ေခတ္ကို ေနာက္ခံျပဳေရးဖြဲ႕ခဲ့တဲ့ ဝတၳဳေတြထဲမွာ ဗန္းေမာ္တင္ေအာင္ရဲ႕ ႐ိုးမတိုက္ပြဲ၊ ေဌးေမာင္ရဲ႕ တိုက္ပြဲေခၚသံ၊ နတ္ႏြယ္ရဲ႕ တစ္ေကြ႕ေတာ့ ေတြ႕ၾကဦးမည္ စတဲ့ဝတၳဳေတြဟာ လူသိမ်ားထင္ရွားခဲ့ပါတယ္။ဒါ့အျပင္ ျမန္မာ့လြတ္လပ္ေရးအတြက္ ႏိုင္ငံေရးလႈပ္ရွားမႈေတြကို အေျခခံထားတဲ့ ဝတၳဳေတြထဲမွာဆိုရင္ သိန္းေဖျမင့္ရဲ႕ အေရွ႕က ေနဝန္းထြက္သည့္ပမာ၊ မဟာေဆြရဲ႕ တို႔ေမေမ၊ ဒဂုန္တာရာရဲ႕ တို႔ေခတ္ကိုေတာ့ ေရာက္ရမည္မွာမလြဲပါ၊ ဆင္ျဖဴကြၽန္းေအာင္သိန္းရဲ႕ နီရဲေသာဗိုလ္ဥတၱမ စတဲ့ ဝတၳဳေတြဟာလည္း စာဖတ္ပရိသတ္ေတြကို အထူးစြဲ လမ္း ႏွစ္သက္ေစခဲ့တဲ့ ဝတၳဳေတြပဲျဖစ္ပါတယ္။

တကယ္ေတာ့ စာေရးဆရာေတြဟာ သမိုင္းျဖစ္ရပ္ေတြအတြင္းမွာ သူတို႔ေတြ႕ျမင္ခံစားမိသမွ်ေတြကို ဝတၳဳဇာတ္လမ္းေတြအျဖစ္ ေရးဖြဲ႕ခဲ့ၾကတယ္။သူတို႔ေရးဖြဲ႕ခဲ့တဲ့ဇာတ္လမ္းဇာတ္ကြက္ေတြကေနတစ္ဆင့္ စာဖတ္ပရိသတ္ေတြရဲ႕ အသိအျမင္ေတြကို လႈပ္ႏႈိးေပးဖို႔ႀကိဳးပမ္းခဲ့ၾကတယ္ ဆိုရရင္ စာေရးဆရာေတြေရးဖြဲ႕ခဲ့တဲ့ ခံစားမႈရသေတြ ကူးစက္ၿပီး စာဖတ္ပရိသတ္ေတြကို မ်ိဳးခ်စ္စိတ္ေတြ ထက္သန္လာေစခဲ့တယ္။သူ႔ကြၽန္မခံစိတ္ေတြကို ႐ုန္းထလာေစခဲ့တယ္။

ကမာၻ႔စာေပေလာကမွာဆိုရင္လည္း သမိုင္းျဖစ္ရပ္ေတြကို ေနာက္ခံျပဳၿပီး ဇာတ္လမ္းဆင္ေရးသားခဲ့တဲ့ စာအုပ္စာတမ္းနဲ႔ ဝတၳဳေတြ အမ်ားအျပားထြက္ေပၚလာခဲ့ဖူးပါတယ္။ပထမကမာၻစစ္ႀကီးအၿပီးမွာ ေတြ႕ႀကဳံခံစားခဲ့ရတဲ့ အၾကမ္းဖက္မႈနဲ႔ လူမႈေရးကေသာင္းကနင္းျဖစ္မႈေတြကို စာေရးဆရာ အေတာ္မ်ားမ်ားက ဝတၳဳဇာတ္လမ္း ဆင္ေရးဖြဲ႕ခဲ့ၾကဖူးပါတယ္။အေမရိကန္စာေရးဆရာ ဟဲမင္းေဝးရဲ႕ Farewell to Aruns ၊ ဗာဂ်ီးနီးယားဝုဖ္ရဲ႕ Mrs Dalloway ၊ တီအက္စ္အယ္လီေယာ့ရဲ႕ The Waste Land စတဲ့ဝတၳဳေတြဟာ အဲဒီလိုဝတၳဳအမ်ိဳးအစားေတြျဖစ္ပါ တယ္။

ဒုတိယကမာၻစစ္ႀကီးကေတာ့ စာေရးဆရာေတြအတြက္ေရးစရာေတြဟာ စာဖြဲ႕လို႔မကုန္ဆိုသလို ျဖစ္ခဲ့ရတယ္လို႔ဆိုရမွာပါ။ဆိုရရင္ ဘယ္အခ်ိန္ဘယ္ကာလမွာမဆို ထူးျခားတဲ့ျဖစ္ရပ္ေတြ၊ အက်ပ္အတည္းျပႆနာေတြနဲ႔ ရင္ဆိုင္ၾကရတဲ့အခါတိုင္း စာေရးဆရာေတြက အဲဒီအေၾကာင္းျဖစ္ရပ္ေတြကို ေနာက္ခံျပဳၿပီး စာဖြဲ႕ခဲ့ၾကပါတယ္။ဥပမာအားျဖင့္ အေမရိကန္ျပည္ေထာင္စုမွာ ၉/၁၁ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားၿပီးတဲ့ေနာက္ စာေရးဆရာ အမ္မီလီစိန႔္ဂြၽန္မန္ဒယ္ က The Glass Hotel ၊ ရာသီဥတုေျပာင္းလဲမႈျဖစ္ရပ္ဆိုးေတြနဲ႔ပတ္သက္လို႔ စာေရးဆရာ အင္န္ေကေဂ်မီဆင္း က Broken Earth စတဲ့ ဝတၳဳေတြကို ေရးဖြဲ႕ခဲ့ၾကၿပီး စာဖတ္ပရိသတ္ရဲ႕ အေတြးအာ႐ုံကို လႈပ္ႏႈိးေပးခဲ့ၾကတယ္။

လတ္တေလာ COVID -19 ကပ္ေရာဂါျဖစ္ပြားေနခ်ိန္ကာလအေတာအတြင္းမွာပဲ စေကာ့လူမ်ိဳး စာေရးဆရာ ပီတာေမ ၂၀၁၅ ခုႏွစ္ေရးသားခဲ့ၿပီး ထုတ္ေဝသူေတြ လက္ေရွာင္ခဲ့ၾကတဲ့ Lockdown ဆိုတဲ့ဝတၳဳ စာဖတ္ပရိသတ္ေတြရဲ႕လက္ထဲကို ေရာက္လာခဲ့ၿပီျဖစ္တယ္။ဒါ့အျပင္ မ်က္ေမွာက္ေခတ္ေတြးေခၚပညာရွင္နဲ႔ စာေရး ဆရာတစ္ဦးျဖစ္တဲ့ ဆလာဗိုဇီဇက္ ကလည္း ကပ္ေရာဂါေဘးအမည္နဲ႔ စာအုပ္တစ္အုပ္ ေရးထုတ္လာခဲ့တယ္။

တကယ္ေတာ့ စာေရးဆရာေတြဟာ သူတို႔ေခတ္မွာ ေတြ႕ႀကဳံခံစားခဲ့ရတဲ့ ျဖစ္ရပ္ေတြကို သူတို႔တတ္တဲ့အႏုပညာနဲ႔အတူ ဖန္တီးၿပီး တာဝန္ေက်ခဲ့ၾကသူေတြျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ႏိုင္ငံမွာေတာ့ ႏိုင္ငံေက်ာ္စာေရး ဆရာႀကီးေတြျဖစ္တဲ့ ဆရာသိန္းေဖျမင့္၊ ဆရာဒဂုန္တာရာ၊ ဆရာျမသန္းတင့္၊ ဆရာေက်ာ္ေအာင္၊ ဆရာနတ္ႏြယ္၊ ဆရာမင္းေက်ာ္ စတဲ့ စာေရးဆရာေတြဟာ သူတို႔ေခတ္သူတို႔အခါက ေတြ႕ႀကဳံရသမွ်ျဖစ္ရပ္ေတြကို အေျခခံၿပီး ဝတၳဳဇာတ္လမ္းေတြ ေရးဖြဲ႕ခဲ့ၾကပါတယ္။ဒါေပမဲ့ အဲဒီစာေရးဆရာႀကီးေတြေနာက္ပိုင္းမွာ ေခတ္စနစ္နဲ႔အတူ ေပၚေပါက္လာတဲ့ျဖစ္ရပ္ေတြကို ေနာက္ခံျပဳၿပီး ဝတၳဳဇာတ္လမ္းေရးဖြဲ႕သူေတြ အလြန္နည္းပါးခဲ့တယ္လို႔ ဆိုရမွာပါ။ဥပမာဆိုရရင္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံ ေနာက္ခံျပဳအမွတ္တရမွတ္တမ္းလို စာအုပ္ေတြသာ ထြက္ခဲ့ၿပီး ဝတၳဳစာေပအမ်ိဳးအစားမရွိသေလာက္နည္းပါးခဲ့ပါတယ္။အဲဒီလိုပဲ နာဂစ္မုန္တိုင္း ေနာက္ခံစာေပဆိုရင္လည္း ေရးဖြဲ႕သူအလြန္နည္းပါးခဲ့တာကို ေတြ႕ၾကရမွာပါ။

မၾကာေသးမီကေတာ့ အေမရိကန္ေတြကို ကေသာင္းကနင္းျဖစ္ေအာင္ ထိုးႏွက္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါရဲ႕ တုန္လႈပ္ေခ်ာက္ခ်ားစရာေကာင္းပုံေတြကို ေနာက္ခံျပဳၿပီး အေမရိကန္ကဗ်ာဆရာနဲ႔ ဝတၳဳေရးဆရာ ဘင္လာနာနဲ႔ ဝတၳဳေရးဆရာမ ဆလုန္းခေရာ့စ္တို႔က ဝတၳဳဇာတ္လမ္းေတြေရးဖြဲ႕ဖို႔ ျပင္ဆင္ေနၿပီလို႔ ဆိုပါတယ္။သူတို႔ဆီကအေၾကာင္းေတြကိုဖတ္ရေတာ့ ကြၽန္ေတာ္တို႔ဆီမွာလည္း COVID-19 ျဖစ္ရပ္ေနာက္ခံျပဳစာအုပ္စာေပ (အထူးသျဖင့္ ရသစာေပ) ေတြ ထြက္ေပၚလာရင္ ေကာင္းေလစြလို႔ အေတြးဝင္မိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္လို႔ ထိထိရွရွနဲ႔ ရသေျမာက္ေအာင္ေရးဖြဲ႕ႏိုင္တဲ့ ဝတၳဳေရးဆရာတစ္ဦးသာ ေပၚထြက္လာခဲ့မယ္ဆိုရင္ သူဟာမ်က္ေမွာက္ေခတ္ စာေပသစ္ သမိုင္းမွာ မွတ္ေက်ာက္တင္ခံရမွာျဖစ္ေၾကာင္း ေတြးဆဆင္ျခင္မိသမွ် တင္ျပလိုက္ရပါတယ္။

ျမင့္ေနာင္မိုး
ဇြန္ - ၆