【 ဆောင်းပါး 】 “ကုသိုလ်ပြုပါ ဝါဆိုအခါ”

【 ဆောင်းပါး 】 “ကုသိုလ်ပြုပါ ဝါဆိုအခါ”

မကြာမီ ဝါတွင်းသုံးလတာကာလအတွင်းသို့ ချည်းနင်းဝင်ရောက်တော့မည်ဖြစ်သည်။ယခုနှစ်တွင် ဝါထပ်သဖြင့် ဝါဝင်ကာလမှာ ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သည့် ဩဂုတ် ၃ ရက်မှ စကာ ဝါဝင်မည်ဖြစ်သည်။ရဟန်း၊ သံဃာတော်များအတွက် ဝါထပ်သဖြင့် တစ်လနောက်ကျကာ ဝါဝင် ဝါဆိုရခြင်းဖြစ်သည်။

ဝါဆိုလမှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် မြတ်သည့်အလှူဒါနပြုလုပ်ခွင့်ရရှိသည့် အထွဋ်အမြတ်ထားသည့် လဖြစ်သလို ရဟန်းသံဃာများအတွက်လည်း အရေးပါသော ဝိနည်းပညက်တော်ကို လိုက်နာရသည့်လထဲတွင် ပါဝင်သည်။ထိုသို့ထူးခြားမှုရှိသည့် ဝါဆိုလမှာ မြန်မာဆယ့်နှစ်လရာသီတွင် စတုတ္ထလဖြစ်ပြီး ယခုနှစ်ကဲ့သို့ ဝါထပ်သည့်နှစ်များတွင် ဝါဆိုလကို ပထမဝါဆို၊ ဒုတိယဝါဆိုဟူ၍ နှစ်လပြုကာ သတ်မှတ်ကြသည်။

မိုးတဖြိုင်ဖြိုင်ရွာသည့် ဝါဆိုလတွင် စိုက်ပင်ပျိုးပင်များကြီးထွားစ ရာသီအခါသမယဖြစ်သလို ထိုအချိန်တွင် သံဃာတော်များ ခရီးသွားလာရာမှ လယ်ယာများမှ စကြီးထွားအမြစ်တွယ်ခါစ သီးပင်ပျိုးပင်များကို နင်းမိ၊ ခိုက်မိကာ ထိခိုက်ပျက်စီးစေသဖြင့် လူများ၏ ပြစ်တင်ငြိုငြင်ခြင်းမခံရစေရန် ဘုရားရှင်က တပည့်သံဃာတော်များကို ဝါဆိုလပြည့်ကျော် ၁ ရက်နှင့် ဝါခေါင်လပြည့်ကျော် ၁ ရက် တစ်ရက်ရက်တွင် ဝါဆိုဝါကပ်ကာ ဝါတွင်းသုံးလပတ်လုံး မည်သည့်အရပ်သို့မျှ ညဉ့်အိပ်ညဉ့်နေမသွားကြရဟု ပညတ်တော်မူခဲ့ခြင်းဖြစ်သည်။ထိုသို့ မိုးတွင်းကာလတစ်လျှောက်လုံး အရပ်တစ်ပါးသို့ ရဟန်းတော်များ အကြောင်းမဲ့ကြွချီတော်မမူဘဲ ကျောင်းသင်္ခမ်းများ၌သာ သီတင်းသုံးဝါဆိုတော်မူသည်ကို အစွဲပြု၍ ဝါဆိုဟုခေါ်ကြခြင်းဖြစ်သည်။

ထိုပြင် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက်လည်း နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ဝါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားများက ''သန္ဓေတောထွက် ဓမ္မစက်တန်ခိုးပြာဋိဟာ'' ဟု ဗုဒ္ဓဝင်နှင့်တွဲကာ မှတ်ရလွယ်အောင် မှတ်သားကြသည်။အဓိပ္ပါယ်မှာ ထိုနေ့တွင် တုသိတာနတ်ပြည်မှ ဘုရားအလောင်းတော်ဆင်းသက်ပြီး လူ့ပြည်တွင် ပဋိသန္ဓေယူသောနေ့၊ သူအို-သူနာ-သူသေ-ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီးနောက် သံဝေဂရကာ တောထွက်သည့်နေ့၊ ဘုရားအဖြစ် ရောက်တော်မူပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာတရား ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ ရေမီးအစုံ တန်ခိုးပြာဋိဟာပြပြီး ဒိဋ္ဌိများကို ဆုံးမတော်မူသည့်နေ့များ ဖြစ်နေ၍ဖြစ်သည်။

အထူးသဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့အား တရားဦးဓမ္မစကြာတရား ဟောကြားခဲ့သဖြင့် ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ်လည်း မှတ်သားထားကြသည်။ဝါဆိုလတွင် ဗုဒ္ဓဘာသာဝင်တို့က ရှေးယခင်ကတည်းက ကိုယ့်ရပ်ကိုယ့်ရွာအလိုက် ဒေသအလိုက် သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့ခြင်း၊ သံဃာတော်များအား ဝါဆိုဝါကပ်ပွဲများကျင်းပခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းကပ်လှူပူဇော်ပွဲများ ကျင်းပခြင်းများ လုပ်ဆောင်ကြသည်မှာ ယခုချိန်အထိဖြစ်သည်။

ထိုနေ့တွင် အချို့ဒေသများတွင် သံဃာတော်အရှင်သူမြတ်တို့က မိမိထက် သိက္ခာဝါကြီးသည့် ဆရာတော်ကြီးများအား လိုက်လံကန်တော့ကာ ဝါတွင်း ၃ လတာကာလအတွက် သြဝါဒခံယူကြသည့် အစဉ်အလာလည်းရှိကြသည်။ဝါဆိုဝါကပ်ရာတွင် ဝါဆိုလပြည့်ကျော် ၁ ရက် စတင်ဝါကပ်၍ သီတင်းကျွတ်လပြည့်နေ့တွင် သုံးလပြည့်ကာ ဝါကျွတ်သည်။သံဃာတော်များ ဝါဆိုနေသည့်ကာလအတွင်း ဒကာရင်း၊ ဒကာမအရင်း၊ မယ်တော်ခမည်းတော်နှင့် ဆရာသမားများ၏ သာရေးနာရေးအတွက် ပင့်ဖိတ်လျှောက်ထားပါက မဖြစ်မနေ ညဉ့်အိပ်ညဉ့်နေသွားရမည်ဆိုပါက ဝိနည်းနှင့်အညီ ဝါပန်၍သွားကြရသည်။ဝါမပန်ဘဲ ညဉ့်အိပ်ညဉ့်နေသွားမိပါက ဝါကျိုးသည်၊ ဝါပျက်သည်။

ဝါဆိုသည့် ရဟန်းသံဃာများကို ဝါဆိုသင်္ကန်းကပ်လှူကြသည်။ဝါဆိုသင်္ကန်းကပ်ခြင်းဟူသော အလှူဒါနမှာ ဘုရားရှင်လက်ထက်က ဝိသာခါကျောင်းအမကြီး၏ ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။တစ်နေ့တွင် ဝိသာခါကျောင်းအစ်မကြီးက ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းစားပင့်ရန် တပည့်မတစ်ယောက်ကို မြတ်စွာဘုရားသီတင်းသုံးနေသည့် ကျောင်းသို့စေလွှတ်ခဲ့ရာ ဘုရားရှင်ခွင့်ပြုချက်ဖြင့် မိုးရေချိုးနေသည့် ရဟန်းတော်များ သင်္ကန်း (ရေသနုပ်) မပါဘဲ ရေချိုးနေချိန်နှင့်ကြုံကြိုက်ခဲ့သည်။

ထိုအကြောင်းကို ဝိသာခါကျောင်းအမကြီး သိသွားသဖြင့် သူ့တပည့်မလေးမြင်တွေ့ခဲ့ရသောအဖြစ်ကို ဆွမ်းကပ်ရင်း ဘုရားရှင်အားလျှောက်ထားပြီး ဆုလာဘ်ရှစ်မျိုး သနားချီးမြှောက်တော်မူပါဘုရားဟု လျှောက်ထားရာမှ  ဘုရားရှင်က အပ်စပ်သောဆုဆို တောင်းစေဟု ခွင့်ပြုတော်မူခဲ့သည်။
ထိုသို့ခွင့်ပြုသဖြင့် ဝိသာခါကျောင်းအမကြီးက ဆုရှစ်မျိုးဖြစ်သည့် အသက်ထက်ဆုံး ရဟန်းတော်များအား ဝါဆိုသင်္ကန်းလှူခွင့်ပြုရန်၊ ကျောင်းသို့ရောက်လာကြသော အာဂန္တုဧည့်သည် ရ ဟန်းတော်များအား ဆွမ်းဟင်းများလှူခွင့်ပြုရန်၊ ခရီးသွားရဟန်းတော်များအား ဆွမ်းဟင်းများလှူခွင့်ပြုရန်၊၊ မနာမကျန်းဖြစ်နေသော ရဟန်းကို ပြုစုလုပ်ကျွေးနေသော ပုဂ္ဂိုလ်အား ဆွမ်းဟင်းများလှူခွင့်ပြုရန်၊ မနာမကျန်းသောရဟန်းအား ဆွမ်းဟင်းများလှူရန်၊ မနာမကျန်းဖြစ်သော ရဟန်းအား ဆေးပစ္စည်းများလှူရန်၊ အမြဲမပြတ်ဆန်ပြုတ် (ယာဂု) ဆွမ်းလှူရန်၊ ရဟန်းမ (ဘိက္ခုနီမ) တို့အား ရေသနုပ်လှူရန်တို့ကို ဆုတောင်းရာမှ ဝါဆိုသင်္ကန်းကပ်လှူခွင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဝါဆိုသင်္ကန်းကို သံဃာတော်များ ဝါဆိုတော်မမူမီ ဝါဆိုလဆန်း ၁ ရက်မှ ဝါဆိုလပြည့်နေ့အထိ ၁၅ ရက်အတွင်း လှူဒါန်းမှုပြုနိုင်ပြီး ထိုရက်များအတွင်း ကျောင်းသင်္ခမ်း၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ သံဃာတော်များအားပင့်ဖိတ်ကာ ဆက်ကပ်လှူဒါန်းကြလေ့ရှိသည်။ဝါဆိုသင်္ကန်းလှူဒါန်းရသည့်အတွက် လှူဒါန်းသူမှာ ရောက်ရာဘဝတိုင်းတွင် ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းတောက်ပခြင်း၊ အသားအရေနူးညံ့စင်ကြယ်ခြင်း၊ တောင့်တတိုင်းပြည့်စုံခြင်း၊ အဝတ်အစားပေါများခြင်း၊ စိတ်နှလုံး လုံခြုံချမ်းမြေ့စွာနေထိုင်ရခြင်း၊ ဘုရားရှင်နှင့်ကြုံတွေ့ရသည့်အခါ  ဧဟိဘိက္ခုဟုခေါ်ခံရပြီး  နိဗ္ဗာန်သို့ရောက်ကာ ကျွတ်တမ်းဝင်ရခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည်။

တောအရပ် တောဓလေ့အရ ဝါဆိုလပြည့်နေ့မတိုင်ခင် အရပ်ဒေသအလိုက် ဝါဆိုပန်းခူးခြင်းကို ကာလသား ကာလသမီး ခေါင်းဆောင်များ ခေါင်းဆောင်၍ တောထဲတောင်ထဲ ဝါဆိုပန်းခူးကြပြီး ခူး၍ရသောပန်းများကို စုစည်း၍ သန့်ရှင်းအောင်စီမံပြီး အတီးအမှုတ် အကအခုန်များနှင့် နီးစပ်ရာဘုရားများ၊ ကျောင်းများသို့ လှည့်လည်ကပ်လှူကြသည်။ထိုအစဉ်အလာက ၁၉၈၀ ကာလဝန်းကျင်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် တွင်တွင်ကျယ်ကျယ်ထွန်းကားခဲ့သည်။

လပြည့်နေ့တွင် လူပရိတ်သတ်များက သံဃာတော်များ ဝါဆိုဝါကပ်ရာကျောင်းများသို့ ဝါဆိုပန်းနံ့သာ၊ ဝါဆိုဆီမီးနှင့် လှူဖွယ်ပစ္စည်းများ၊ ဝါဆိုပန်းခူးခြင်း၊ ဝါဆိုပန်းဆက်ကပ်ခြင်း ပြုလုပ်ကာ သီတင်းသီလဆောက်တည်၍ ကုသိုလ်ယူကြသလို ကုသိုလ်အရထူးသည့် ဝါဆိုသင်္ကန်းကိုလည်း ကပ်လှူကြလေ့ရှိသည်။

ဝါဆိုလသည် ထူးမြတ်သောဘာသာရေးလဖြစ်သည်နှင့်အညီ ဗုဒ္ဓဘာသာဝင်တိုင်း ကုသိုလ်ကောင်းမှုပြုလုပ်လေ့ရှိကြသလို ဝါတွင်းကာလအတွင်း ဗုဒ္ဓဘာသာဝင်များမှာ သူ့အသက်သတ်ခြင်း၊ မေထုံမှီဝဲခြင်း၊ စသည့် မကောင်းမှုလုပ်ရပ်မှန်သမျှကို ရှောင်ရှားကာ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ သက်သတ်လွတ်စားခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းလောင်းခြင်း စသည့် ကုသိုလ်ကောင်းမှုအဖြာဖြာတို့ကို ပြုလုပ်စောင့်ထိန်းကာ  ကုသိုလ်ယူကြလေ့ရှိသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းအတွက် ဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် သန္ဓေယူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရားဦးဟောသောနေ့ ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်တို့  နောင်သံသရာနှင့် မြတ်နိဗ္ဗာန်သို့ကူးရာတွင် အထောက်အပံ့ဖြစ်သည့် အကျင့်၊ ဒါန၊ သီလနှင့် စရဏများ ဖြည့်ဆည်းခွင့်ရရာ ကုသိုလ်အရထူးသည့် လဖြစ်ပါကြောင်း…။

ဖြိုးဝေလှ
သြဂုတ် - ၂

( Zawgyi )

မၾကာမီ ဝါတြင္းသုံးလတာကာလအတြင္းသို႔ ခ်ည္းနင္းဝင္ေရာက္ေတာ့မည္ျဖစ္သည္။ယခုႏွစ္တြင္ ဝါထပ္သျဖင့္ ဝါဝင္ကာလမွာ ဒုတိယဝါဆိုလျပည့္ေန႔ျဖစ္သည့္ ဩဂုတ္ ၃ ရက္မွ စကာ ဝါဝင္မည္ျဖစ္သည္။ရဟန္း၊ သံဃာေတာ္မ်ားအတြက္ ဝါထပ္သျဖင့္ တစ္လေနာက္က်ကာ ဝါဝင္ ဝါဆိုရျခင္းျဖစ္သည္။

ဝါဆိုလမွာ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားအတြက္ ျမတ္သည့္အလႉဒါနျပဳလုပ္ခြင့္ရရွိသည့္ အထြဋ္အျမတ္ထားသည့္ လျဖစ္သလို ရဟန္းသံဃာမ်ားအတြက္လည္း အေရးပါေသာ ဝိနည္းပညက္ေတာ္ကို လိုက္နာရသည့္လထဲတြင္ ပါဝင္သည္။ထိုသို႔ထူးျခားမႈရွိသည့္ ဝါဆိုလမွာ ျမန္မာဆယ့္ႏွစ္လရာသီတြင္ စတုတၳလျဖစ္ၿပီး ယခုႏွစ္ကဲ့သို႔ ဝါထပ္သည့္ႏွစ္မ်ားတြင္ ဝါဆိုလကို ပထမဝါဆို၊ ဒုတိယဝါဆိုဟူ၍ ႏွစ္လျပဳကာ သတ္မွတ္ၾကသည္။

မိုးတၿဖိဳင္ၿဖိဳင္႐ြာသည့္ ဝါဆိုလတြင္ စိုက္ပင္ပ်ိဳးပင္မ်ားႀကီးထြားစ ရာသီအခါသမယျဖစ္သလို ထိုအခ်ိန္တြင္ သံဃာေတာ္မ်ား ခရီးသြားလာရာမွ လယ္ယာမ်ားမွ စႀကီးထြားအျမစ္တြယ္ခါစ သီးပင္ပ်ိဳးပင္မ်ားကို နင္းမိ၊ ခိုက္မိကာ ထိခိုက္ပ်က္စီးေစသျဖင့္ လူမ်ား၏ ျပစ္တင္ၿငိဳျငင္ျခင္းမခံရေစရန္ ဘုရားရွင္က တပည့္သံဃာေတာ္မ်ားကို ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ႏွင့္ ဝါေခါင္လျပည့္ေက်ာ္ ၁ ရက္ တစ္ရက္ရက္တြင္ ဝါဆိုဝါကပ္ကာ ဝါတြင္းသုံးလပတ္လုံး မည္သည့္အရပ္သို႔မွ် ညဥ့္အိပ္ညဥ့္ေနမသြားၾကရဟု ပညတ္ေတာ္မူခဲ့ျခင္းျဖစ္သည္။ထိုသို႔ မိုးတြင္းကာလတစ္ေလွ်ာက္လုံး အရပ္တစ္ပါးသို႔ ရဟန္းေတာ္မ်ား အေၾကာင္းမဲ့ႂကြခ်ီေတာ္မမူဘဲ ေက်ာင္းသခၤမ္းမ်ား၌သာ သီတင္းသုံးဝါဆိုေတာ္မူသည္ကို အစြဲျပဳ၍ ဝါဆိုဟုေခၚၾကျခင္းျဖစ္သည္။

ထိုျပင္ ဝါဆိုလျပည့္ေန႔သည္ ဗုဒၶဘာသာဝင္မ်ားအတြက္လည္း ေန႔ထူးေန႔ျမတ္ပင္ျဖစ္သည္။ဝါဆိုလျပည့္ေန႔ကို ဗုဒၶဘာသာဝင္ ျမန္မာတိုင္းရင္းသားမ်ားက ''သေႏၶေတာထြက္ ဓမၼစက္တန္ခိုးျပာဋိဟာ'' ဟု ဗုဒၶဝင္ႏွင့္တြဲကာ မွတ္ရလြယ္ေအာင္ မွတ္သားၾကသည္။အဓိပၸါယ္မွာ ထိုေန႔တြင္ တုသိတာနတ္ျပည္မွ ဘုရားအေလာင္းေတာ္ဆင္းသက္ၿပီး လူ႔ျပည္တြင္ ပဋိသေႏၶယူေသာေန႔၊ သူအို-သူနာ-သူေသ-ရဟန္းဟူေသာ နိမိတ္ႀကီးေလးပါးကို ျမင္ေတာ္မူၿပီးေနာက္ သံေဝဂရကာ ေတာထြက္သည့္ေန႔၊ ဘုရားအျဖစ္ ေရာက္ေတာ္မူၿပီးေနာက္ ပၪၥဝဂၢီငါးဦးတို႔အား တရားဦးဓမၼစၾကာတရား ေဟာၾကားေတာ္မူေသာေန႔၊ သာဝတၳိျပည္ သရက္ျဖဴပင္ရင္း၌ ေရမီးအစုံ တန္ခိုးျပာဋိဟာျပၿပီး ဒိ႒ိမ်ားကို ဆုံးမေတာ္မူသည့္ေန႔မ်ား ျဖစ္ေန၍ျဖစ္သည္။

အထူးသျဖင့္ ပၪၥဝဂၢီငါးဦးတို႔အား တရားဦးဓမၼစၾကာတရား ေဟာၾကားခဲ့သျဖင့္ ဝါဆိုလျပည့္ေန႔ကို ဓမၼစၾကာအခါေတာ္ေန႔အျဖစ္လည္း မွတ္သားထားၾကသည္။ဝါဆိုလတြင္ ဗုဒၶဘာသာဝင္တို႔က ေရွးယခင္ကတည္းက ကိုယ့္ရပ္ကိုယ့္႐ြာအလိုက္ ေဒသအလိုက္ သက္ႀကီးဝါႀကီးမ်ားအား ပူေဇာ္ကန္ေတာ့ျခင္း၊ သံဃာေတာ္မ်ားအား ဝါဆိုဝါကပ္ပြဲမ်ားက်င္းပျခင္း၊ ဝါဆိုသကၤန္းႏွင့္ ဝါဆိုပန္းကပ္လႉပူေဇာ္ပြဲမ်ား က်င္းပျခင္းမ်ား လုပ္ေဆာင္ၾကသည္မွာ ယခုခ်ိန္အထိျဖစ္သည္။

ထိုေန႔တြင္ အခ်ိဳ႕ေဒသမ်ားတြင္ သံဃာေတာ္အရွင္သူျမတ္တို႔က မိမိထက္ သိကၡာဝါႀကီးသည့္ ဆရာေတာ္ႀကီးမ်ားအား လိုက္လံကန္ေတာ့ကာ ဝါတြင္း ၃ လတာကာလအတြက္ ၾသဝါဒခံယူၾကသည့္ အစဥ္အလာလည္းရွိၾကသည္။ဝါဆိုဝါကပ္ရာတြင္ ဝါဆိုလျပည့္ေက်ာ္ ၁ ရက္ စတင္ဝါကပ္၍ သီတင္းကြၽတ္လျပည့္ေန႔တြင္ သုံးလျပည့္ကာ ဝါကြၽတ္သည္။သံဃာေတာ္မ်ား ဝါဆိုေနသည့္ကာလအတြင္း ဒကာရင္း၊ ဒကာမအရင္း၊ မယ္ေတာ္ခမည္းေတာ္ႏွင့္ ဆရာသမားမ်ား၏ သာေရးနာေရးအတြက္ ပင့္ဖိတ္ေလွ်ာက္ထားပါက မျဖစ္မေန ညဥ့္အိပ္ညဥ့္ေနသြားရမည္ဆိုပါက ဝိနည္းႏွင့္အညီ ဝါပန္၍သြားၾကရသည္။ဝါမပန္ဘဲ ညဥ့္အိပ္ညဥ့္ေနသြားမိပါက ဝါက်ိဳးသည္၊ ဝါပ်က္သည္။

ဝါဆိုသည့္ ရဟန္းသံဃာမ်ားကို ဝါဆိုသကၤန္းကပ္လႉၾကသည္။ဝါဆိုသကၤန္းကပ္ျခင္းဟူေသာ အလႉဒါနမွာ ဘုရားရွင္လက္ထက္က ဝိသာခါေက်ာင္းအမႀကီး၏ ေက်းဇူးေၾကာင့္ ျဖစ္ေပၚလာခဲ့ရျခင္းျဖစ္သည္။တစ္ေန႔တြင္ ဝိသာခါေက်ာင္းအစ္မႀကီးက ဘုရားအမႉးရွိေသာ သံဃာေတာ္မ်ားကို ဆြမ္းစားပင့္ရန္ တပည့္မတစ္ေယာက္ကို ျမတ္စြာဘုရားသီတင္းသုံးေနသည့္ ေက်ာင္းသို႔ေစလႊတ္ခဲ့ရာ ဘုရားရွင္ခြင့္ျပဳခ်က္ျဖင့္ မိုးေရခ်ိဳးေနသည့္ ရဟန္းေတာ္မ်ား သကၤန္း (ေရသႏုပ္) မပါဘဲ ေရခ်ိဳးေနခ်ိန္ႏွင့္ႀကဳံႀကိဳက္ခဲ့သည္။

ထိုအေၾကာင္းကို ဝိသာခါေက်ာင္းအမႀကီး သိသြားသျဖင့္ သူ႔တပည့္မေလးျမင္ေတြ႕ခဲ့ရေသာအျဖစ္ကို ဆြမ္းကပ္ရင္း ဘုရားရွင္အားေလွ်ာက္ထားၿပီး ဆုလာဘ္ရွစ္မ်ိဳး သနားခ်ီးေျမႇာက္ေတာ္မူပါဘုရားဟု ေလွ်ာက္ထားရာမွ  ဘုရားရွင္က အပ္စပ္ေသာဆုဆို ေတာင္းေစဟု ခြင့္ျပဳေတာ္မူခဲ့သည္။
ထိုသို႔ခြင့္ျပဳသျဖင့္ ဝိသာခါေက်ာင္းအမႀကီးက ဆုရွစ္မ်ိဳးျဖစ္သည့္ အသက္ထက္ဆုံး ရဟန္းေတာ္မ်ားအား ဝါဆိုသကၤန္းလႉခြင့္ျပဳရန္၊ ေက်ာင္းသို႔ေရာက္လာၾကေသာ အာဂႏၲဳဧည့္သည္ ရ ဟန္းေတာ္မ်ားအား ဆြမ္းဟင္းမ်ားလႉခြင့္ျပဳရန္၊ ခရီးသြားရဟန္းေတာ္မ်ားအား ဆြမ္းဟင္းမ်ားလႉခြင့္ျပဳရန္၊၊ မနာမက်န္းျဖစ္ေနေသာ ရဟန္းကို ျပဳစုလုပ္ေကြၽးေနေသာ ပုဂၢိဳလ္အား ဆြမ္းဟင္းမ်ားလႉခြင့္ျပဳရန္၊ မနာမက်န္းေသာရဟန္းအား ဆြမ္းဟင္းမ်ားလႉရန္၊ မနာမက်န္းျဖစ္ေသာ ရဟန္းအား ေဆးပစၥည္းမ်ားလႉရန္၊ အၿမဲမျပတ္ဆန္ျပဳတ္ (ယာဂု) ဆြမ္းလႉရန္၊ ရဟန္းမ (ဘိကၡဳနီမ) တို႔အား ေရသႏုပ္လႉရန္တို႔ကို ဆုေတာင္းရာမွ ဝါဆိုသကၤန္းကပ္လႉခြင့္ ျဖစ္ေပၚလာျခင္းျဖစ္သည္။

ဝါဆိုသကၤန္းကို သံဃာေတာ္မ်ား ဝါဆိုေတာ္မမူမီ ဝါဆိုလဆန္း ၁ ရက္မွ ဝါဆိုလျပည့္ေန႔အထိ ၁၅ ရက္အတြင္း လႉဒါန္းမႈျပဳႏိုင္ၿပီး ထိုရက္မ်ားအတြင္း ေက်ာင္းသခၤမ္း၌ျဖစ္ေစ၊ အိမ္၌ျဖစ္ေစ သံဃာေတာ္မ်ားအားပင့္ဖိတ္ကာ ဆက္ကပ္လႉဒါန္းၾကေလ့ရွိသည္။ဝါဆိုသကၤန္းလႉဒါန္းရသည့္အတြက္ လႉဒါန္းသူမွာ ေရာက္ရာဘဝတိုင္းတြင္ ကိုယ္ေရာင္ကိုယ္ဝါ ထြန္းလင္းေတာက္ပျခင္း၊ အသားအေရႏူးညံ့စင္ၾကယ္ျခင္း၊ ေတာင့္တတိုင္းျပည့္စုံျခင္း၊ အဝတ္အစားေပါမ်ားျခင္း၊ စိတ္ႏွလုံး လုံၿခဳံခ်မ္းေျမ့စြာေနထိုင္ရျခင္း၊ ဘုရားရွင္ႏွင့္ႀကဳံေတြ႕ရသည့္အခါ  ဧဟိဘိကၡဳဟုေခၚခံရၿပီး  နိဗၺာန္သို႔ေရာက္ကာ ကြၽတ္တမ္းဝင္ရျခင္း စသည့္အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္သည္။

ေတာအရပ္ ေတာဓေလ့အရ ဝါဆိုလျပည့္ေန႔မတိုင္ခင္ အရပ္ေဒသအလိုက္ ဝါဆိုပန္းခူးျခင္းကို ကာလသား ကာလသမီး ေခါင္းေဆာင္မ်ား ေခါင္းေဆာင္၍ ေတာထဲေတာင္ထဲ ဝါဆိုပန္းခူးၾကၿပီး ခူး၍ရေသာပန္းမ်ားကို စုစည္း၍ သန႔္ရွင္းေအာင္စီမံၿပီး အတီးအမႈတ္ အကအခုန္မ်ားႏွင့္ နီးစပ္ရာဘုရားမ်ား၊ ေက်ာင္းမ်ားသို႔ လွည့္လည္ကပ္လႉၾကသည္။ထိုအစဥ္အလာက ၁၉၈၀ ကာလဝန္းက်င္အထိ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ တြင္တြင္က်ယ္က်ယ္ထြန္းကားခဲ့သည္။

လျပည့္ေန႔တြင္ လူပရိတ္သတ္မ်ားက သံဃာေတာ္မ်ား ဝါဆိုဝါကပ္ရာေက်ာင္းမ်ားသို႔ ဝါဆိုပန္းနံ႔သာ၊ ဝါဆိုဆီမီးႏွင့္ လႉဖြယ္ပစၥည္းမ်ား၊ ဝါဆိုပန္းခူးျခင္း၊ ဝါဆိုပန္းဆက္ကပ္ျခင္း ျပဳလုပ္ကာ သီတင္းသီလေဆာက္တည္၍ ကုသိုလ္ယူၾကသလို ကုသိုလ္အရထူးသည့္ ဝါဆိုသကၤန္းကိုလည္း ကပ္လႉၾကေလ့ရွိသည္။

ဝါဆိုလသည္ ထူးျမတ္ေသာဘာသာေရးလျဖစ္သည္ႏွင့္အညီ ဗုဒၶဘာသာဝင္တိုင္း ကုသိုလ္ေကာင္းမႈျပဳလုပ္ေလ့ရွိၾကသလို ဝါတြင္းကာလအတြင္း ဗုဒၶဘာသာဝင္မ်ားမွာ သူ႔အသက္သတ္ျခင္း၊ ေမထုံမွီဝဲျခင္း၊ စသည့္ မေကာင္းမႈလုပ္ရပ္မွန္သမွ်ကို ေရွာင္ရွားကာ ဥပုသ္သီတင္းေဆာက္တည္ျခင္း၊ သက္သတ္လြတ္စားျခင္း၊ ရဟန္းသံဃာေတာ္မ်ားအား ဆြမ္းေလာင္းျခင္း စသည့္ ကုသိုလ္ေကာင္းမႈအျဖာျဖာတို႔ကို ျပဳလုပ္ေစာင့္ထိန္းကာ  ကုသိုလ္ယူၾကေလ့ရွိသည္။

ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတိုင္းအတြက္ ဝါဆိုလျပည့္ေန႔မွာ ျမတ္စြာဘုရားရွင္ သေႏၶယူေသာေန႔၊ ေတာထြက္ေတာ္မူေသာေန႔၊ ဓမၼစၾကာတရားဦးေဟာေသာေန႔ ျဖစ္သည့္အတြက္ ဗုဒၶဘာသာဝင္တို႔  ေနာင္သံသရာႏွင့္ ျမတ္နိဗၺာန္သို႔ကူးရာတြင္ အေထာက္အပံ့ျဖစ္သည့္ အက်င့္၊ ဒါန၊ သီလႏွင့္ စရဏမ်ား ျဖည့္ဆည္းခြင့္ရရာ ကုသိုလ္အရထူးသည့္ လျဖစ္ပါေၾကာင္း…။

ၿဖိဳးေဝလွ
ၾသဂုတ္ - ၂