【 ဆောင်းပါး 】 အမှန်တရားပေးပါ၊ တရားမျှတမှုပေးပါ...

【 ဆောင်းပါး 】 အမှန်တရားပေးပါ၊ တရားမျှတမှုပေးပါ...

နေပြည်တော်မှာ ပြီးခဲ့တဲ့ နှစ်လနီးပါးကာလအတွင်းက အမှုတစ်ခုဖြစ်ခဲ့ပါတယ်။အသက်သုံးနှစ်မပြည့်သေး (၂ နှစ်နဲ့ ၁၁ လသာ ရှိသေး) တဲ့ မိန်းကငယ်လေးတစ်ဦးအပေါ် မဖွယ်မရာပြုကျင့်ခဲ့တဲ့ အမှုပါ။

နေပြည်တော် Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အဲဒီကလေးငယ်ဟာ မေ ၁၆ ရက်နေ့မှာ မဖွယ်မရာပြုကျင့်ခံခဲ့ရတာပါ။ပြုကျင့်ခံရမှုကို မိခင်ဖြစ်သူက သိရှိပြီးနောက် အမှုဖွင့်ခဲ့ပါတယ်။အဲဒီနောက် အွန်လိုင်းသုံးစွဲသူတစ်ဦးက လူမှုကွန်ရက်ပေါ် တင်ခဲ့ရာကနေ ဒီဖြစ်စဉ်ဟာ အများပြည်သူကြား ထိုးထိုးဖောက်ဖောက် ရောက်ရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ကနဦး သံသယရှိသူအဖြစ် Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းကို မေ ၃၀ ရက်မှာ ခေါ်ယူစစ်ဆေးမှုတွေ ပြုပါတယ်။အဲဒီကာလမှာပဲ ကျူးလွန်ခံရတဲ့ သမီးငယ် ဗစ်တိုးရီးယား ရဲ့ ပြောဆိုချက်ဖြစ်တဲ့ “ကိုကိုလုပ်တာ။ဆရာမနှင်းနု သိတယ်။ဆရာမနှင်းနု က ကိုကို့ကိုဆူတယ်” ဆိုတဲ့ စကားရပ်များ ထပ်မံထွက်ပေါ်လာခဲ့ပြီး အများပြည်သူကြားမှာ ပြစ်တင်ဝေဖန် ထောက်ရှုစရာတွေ ဖြစ်လာပါတယ်။သမီးငယ်ရဲ့ စကားအပေါ် အခြေခံပြီး သံသယလူအဖြစ် ကျောင်းကြီးကြပ်ရေးမှူးရဲ့ သားနှစ်ဦးအပေါ် ထင်ကြေးပေးမှု၊ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြန်ပါတယ်။ပြင်းထန်တဲ့ စွပ်စွဲပြစ်တင်မှုတွေ၊ ဝေဖန်ထိုးနှက်မှုတွေကို လူမှုကွန်ရက်ပေါ်ကနေ ပြုခဲ့ကြပါတယ်။သံသယဖြစ်ခံရသူ တစ်ဦးဖြစ်တဲ့ ယာဉ်မောင်းကိုတော့ တစ်လခန့်ကြာ ခေါ်ယူစစ်ဆေးပြီးနောက် သက်သေမခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွန် ၂၄ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။အဲဒီယာဉ်မောင်း အောင်ကျော်မျိုး(ခ)အောင်ကြီး ကို လွှတ်ပေးပြီးနောက် ၁၀ ရက်အကြာ ဇူလိုင် ၄ ရက်မှာတော့ ပုဒ်မ ၃၇၆ နဲ့ ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲတင်လိုက်ပါတယ်။

လူမှုကွန်ရက်ပေါ် လွှင့်တင်ရာကနေ လူစိတ်ဝင်စားမှု အရှိန်မြင့်လာတဲ့ သမီးလေး ဗစ်တိုးရီးယား ရဲ့ ဖြစ်ရပ်ဟာ တရားခံအစစ် ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် ကာလမှာပဲ တဖြည်းဖြည်းအရှိန်မြင့်လာခဲ့ပြီး ကနဦးခေါ်ယူစစ်မေးခဲ့တဲ့ ယာဉ်မောင်းကို လွှတ်ပေးပြီးနောက် တစ်ဖန်ပြန်လည်ခေါ်ယူပြီး ရုံးတင် တရားစွဲဆိုလိုက်ချိန်မှာ လူထုရဲ့ စိတ်ဝင်စားမှုအာရုံဟာ ထပ်မံမြင့်တက်သွားပြန်ပါတယ်။သမီးလေး ဗစ်တိုးရီးယား ရဲ့ ဖြစ်စဉ်ဟာ အချိန်ကြာလာတာနဲ့အမျှ လူစိတ်ဝင်စားမှု အဟုန်ကလည်း တဖြည်းဖြည်းမြင့်တက်လာပါတယ်။အမှုဖြစ်တာက အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်၊ ဒီလောက်ငယ်ရွယ်တဲ့ ကလေးတစ်ဦးအပေါ် လူမဆန်စွာပြုကျင့်မှု၊ ပြုကျင့်ခံရတဲ့ နေရာနဲ့ ပြုကျင့်သူကို လက်ရဖမ်းဆီးနိုင်ခြင်းမရှိမှုတို့က လူတွေရဲ့ စိတ်ဝင်စားမှုကို ပိုလို့မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။အမှုသွား၊ အမှုလာ ကွင်းဆက်ကြား အငြင်းပွားဖွယ်ဖြစ်ရပ်တွေ၊ ဝေဖန်ထောက်ပြစရာ ပြောဆိုပြုမူချက်တွေ၊ အချိန်ကာလ ကြန့်ကြာမှုတွေဟာလည်း လူထုရဲ့ စိတ်ဝင်စားမှုအဟုန်ကို ပိုလို့မြင့်တက်စေခဲ့ပါတယ်။

အဲဒီကနေ ဇူလိုင် ၅ ရက်မှာတော့ နိုင်ငံတော်သမ္မတ အိမ်တော်မှာလုပ်တဲ့ ဦးဇော်ဌေး ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုရဲချုပ် အောင်နိုင်သူ တက်ရောက်ပြီး သမီးလေး ဗစ်တိုးရီးယား ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းပါတယ်။အဲဒီရှင်းလင်းချက်ထဲမှာလည်း သံသယဖြစ်စရာ၊ ထောက်ပြစရာ ပြောဆိုချက်တွေ ပါဝင်နေတာကြောင့် အများရဲ့ ပြစ်တင်ဝေဖန်တွေ ဆင့်ကဲထွက်ပေါ်လာခဲ့ပြန်ပါတယ်။အမှန်တရားကို လိုလားတဲ့ ပြည်သူလူထုရဲ့စိတ်ကို ဒီသတင်းစာရှင်းလင်းပွဲက ဖြေသိမ့်ပေးရာ မရောက်ဘဲ ပိုပြီးဆွပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။လူထုရဲ့ မကျေနပ်မှုတွေဟာ အရှိန်ပိုမြင့်စေခဲ့ပါတယ်။

နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲအပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင် ၆ ရက်မှာတော့ သမီးလေး ဗစ်တိုးရီးယား ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ရဲ့ လမ်းများပေါ်မှာထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေကို ပြည်သူဘက်က ပြုခဲ့ပါတယ်။ဒါဟာ အမှန်တရားပေါ်ထွက်ရေး၊ တရားမျှတရေးအတွက် လူထုဘက်က လုပ်နိုင်၊ စွမ်းနိုင်သမျှ ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်။ဒီလိုဆန္ဒထုတ်ဖော်ပြသမှုတွေ ဆက်လက်ပြီးလည်း ရှိလာနေဦးမှာ အသေအချာပါပဲ။ဒီနေရာမှာလည်း ပြည်သူဘက်က တာဝန်ကျေပါတယ်။သမီးလေး ဗစ်တိုးရီးယား ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လစ်ဟာချက်တွေအပေါ် တစိုက်မတ်မတ် ထောက်ပြကြပါတယ်။လွဲမှားစီမံမှုတွေအပေါ် ပြစ်တင်ဝေဖန်ကြပါတယ်။နောက်တစ်ဖန် မတရားမှုကိုဆန့်ကျင်၊ တရားမျှတမှုကို လိုလားကြောင်း ဆန္ဒထုတ်ဖော် ပြဆိုခဲ့ကြပါတယ်။

သမီးလေး ဗစ်တိုးရီးယား ရဲ့ ဖြစ်စဉ်ဟာ လူမမည်အရွယ် ကလေးငယ်လေးတစ်ဦးအပေါ်ကို အနိုင့်အထက် ပြုကျင့်ခြင်း ဖြစ်ပါတယ်။လိင်အကြမ်းဖက်ခြင်း ဖြစ်ပါတယ်။ဒီအပေါ်မှာ စစ်မှန်တဲ့အမှန်တရားရရှိဖို့၊ တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့အတွက် ဆိုင်ရာအဖွဲ့အစည်းများအပေါ်မှာ ကြီးမားတဲ့ တာဝန်ကြီးတစ်ရပ်အဖြစ် တည်ရှိနေပါတယ်။ဒီတာဝန်ကို ကျေပွန်ပေးဖို့ အများပြည်သူက လိုလားတာဖြစ်ပါတယ်။ဆိုလိုတာက ဒီအပေါ်မှာ ပေါ့ပေါ့ဆဆ ကိုင်တွယ်လိုက်မိမှာမျိုး မဖြစ်ဖို့ပါ။တစ်ခုခုများ ချွတ်ချော်တိမ်းစောင်း စီရင်မိခဲ့မယ်။ဆုံးဖြတ်မိခဲ့မယ်ဆိုရင် သမီးလေးအပေါ်မှာ အဲဒီစီရင်သူများ ကိုယ်တိုင်က အနိုင့်အထက်ပြုကျင့်ရာ ရောက်စေမှာဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီအမှုအခင်းဟာ တစ်နိုင်ငံလုံးက စိတ်ဝင်စားနေတဲ့ အမှုအခင်း၊ တစ်နိုင်ငံလုံးက အာရုံစိုက်စောင့်ကြည့်နေတဲ့ အမှုအခင်းဖြစ်ပါတယ်။ဒီအချက်ကြောင့်လည်း သမီးလေး ဗစ်တိုးရီးယား ဖြစ်ရပ်ဟာ အလေးထား စီမံဆောင်ရွက်ရမယ့်ဖြစ်ရပ်၊ အမှုမှန်ပေါ်ပေါက်ဖို့၊ တရားမျှတဖို့ အလေးထားကိုင်တွယ်သွားရမယ့် ဖြစ်ရပ်ဆိုတာ သတိချပ်ကြရမှာဖြစ်ပါတယ်။

လိင်အကြမ်းဖက်ခြင်း ခံခဲ့ရပြီးဖြစ်တဲ့ သမီးငယ်အတွက် အမှန်တရားနဲ့ တရားမျှတမှုဆိုတာ သူ့အတွက် အနည်းဆုံးသော ရပိုင်ခွင့်ဖြစ်ပါတယ်။သမီးငယ်အတွက် တရားမျှတမှုကို ရယူပေးဖို့လိုပါတယ်။အမှန်တရားဖော်ဆောင်ပေးဖို့လိုပါတယ်။ဆိုင်ရာအဖွဲ့အစည်းများဘက်က အဲဒီတာဝန်တွေ ကျေဖို့လိုပါတယ်။
အဲဒီလိုမှမဟုတ်ခဲ့ဘူးဆိုရင်ဖြင့် သမီးလေး ဗစ်တိုးရီးယားအပေါ် ဘယ်နှစ်ယောက်ကများ ထပ်ပြီး အနိုင့်အထက်ပြုကျင့်ဦးမှာလဲဆိုတဲ့ မေးခွန်းကိုသာ မေးရဖို့ရှိနေကြောင်းပါ။

ဂျေငြိမ်း
ဇူလိုင် - ၁၀

( Zawgyi )

ေနျပည္ေတာ္မွာ ၿပီးခဲ့တဲ့ ႏွစ္လနီးပါးကာလအတြင္းက အမႈတစ္ခုျဖစ္ခဲ့ပါတယ္။အသက္သုံးႏွစ္မျပည့္ေသး (၂ ႏွစ္နဲ႔ ၁၁ လသာ ရွိေသး) တဲ့ မိန္းကငယ္ေလးတစ္ဦးအေပၚ မဖြယ္မရာျပဳက်င့္ခဲ့တဲ့ အမႈပါ။

ေနျပည္ေတာ္ Wisdom Hill ပုဂၢလိကမူႀကိဳေက်ာင္းမွာ တက္ေရာက္ေနတဲ့ အဲဒီကေလးငယ္ဟာ ေမ ၁၆ ရက္ေန႔မွာ မဖြယ္မရာျပဳက်င့္ခံခဲ့ရတာပါ။ျပဳက်င့္ခံရမႈကို မိခင္ျဖစ္သူက သိရွိၿပီးေနာက္ အမႈဖြင့္ခဲ့ပါတယ္။အဲဒီေနာက္ အြန္လိုင္းသုံးစြဲသူတစ္ဦးက လူမႈကြန္ရက္ေပၚ တင္ခဲ့ရာကေန ဒီျဖစ္စဥ္ဟာ အမ်ားျပည္သူၾကား ထိုးထိုးေဖာက္ေဖာက္ ေရာက္ရွိခဲ့ပါတယ္။

ဒီျဖစ္စဥ္မွာ ကနဦး သံသယရွိသူအျဖစ္ Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉးရဲ႕ ယာဥ္ေမာင္းကို ေမ ၃၀ ရက္မွာ ေခၚယူစစ္ေဆးမႈေတြ ျပဳပါတယ္။အဲဒီကာလမွာပဲ က်ဴးလြန္ခံရတဲ့ သမီးငယ္ ဗစ္တိုးရီးယား ရဲ႕ ေျပာဆိုခ်က္ျဖစ္တဲ့ “ကိုကိုလုပ္တာ။ဆရာမႏွင္းႏု သိတယ္။ဆရာမႏွင္းႏု က ကိုကို႔ကိုဆူတယ္” ဆိုတဲ့ စကားရပ္မ်ား ထပ္မံထြက္ေပၚလာခဲ့ၿပီး အမ်ားျပည္သူၾကားမွာ ျပစ္တင္ေဝဖန္ ေထာက္ရႈစရာေတြ ျဖစ္လာပါတယ္။သမီးငယ္ရဲ႕ စကားအေပၚ အေျခခံၿပီး သံသယလူအျဖစ္ ေက်ာင္းႀကီးၾကပ္ေရးမႉးရဲ႕ သားႏွစ္ဦးအေပၚ ထင္ေၾကးေပးမႈ၊ စြပ္စြဲမႈေတြ ထြက္ေပၚလာျပန္ပါတယ္။ျပင္းထန္တဲ့ စြပ္စြဲျပစ္တင္မႈေတြ၊ ေဝဖန္ထိုးႏွက္မႈေတြကို လူမႈကြန္ရက္ေပၚကေန ျပဳခဲ့ၾကပါတယ္။သံသယျဖစ္ခံရသူ တစ္ဦးျဖစ္တဲ့ ယာဥ္ေမာင္းကိုေတာ့ တစ္လခန႔္ၾကာ ေခၚယူစစ္ေဆးၿပီးေနာက္ သက္ေသမခိုင္လုံလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဇြန္ ၂၄ ရက္ေန႔မွာ ျပန္လႊတ္ေပးလိုက္ပါတယ္။အဲဒီယာဥ္ေမာင္း ေအာင္ေက်ာ္မ်ိဳး(ခ)ေအာင္ႀကီး ကို လႊတ္ေပးၿပီးေနာက္ ၁၀ ရက္အၾကာ ဇူလိုင္ ၄ ရက္မွာေတာ့ ပုဒ္မ ၃၇၆ နဲ႔ ဒကၡိဏခ႐ိုင္တရား႐ုံးမွာ တရားစြဲတင္လိုက္ပါတယ္။

လူမႈကြန္ရက္ေပၚ လႊင့္တင္ရာကေန လူစိတ္ဝင္စားမႈ အရွိန္ျမင့္လာတဲ့ သမီးေလး ဗစ္တိုးရီးယား ရဲ႕ ျဖစ္ရပ္ဟာ တရားခံအစစ္ ဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနစဥ္ ကာလမွာပဲ တျဖည္းျဖည္းအရွိန္ျမင့္လာခဲ့ၿပီး ကနဦးေခၚယူစစ္ေမးခဲ့တဲ့ ယာဥ္ေမာင္းကို လႊတ္ေပးၿပီးေနာက္ တစ္ဖန္ျပန္လည္ေခၚယူၿပီး ႐ုံးတင္ တရားစြဲဆိုလိုက္ခ်ိန္မွာ လူထုရဲ႕ စိတ္ဝင္စားမႈအာ႐ုံဟာ ထပ္မံျမင့္တက္သြားျပန္ပါတယ္။သမီးေလး ဗစ္တိုးရီးယား ရဲ႕ ျဖစ္စဥ္ဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် လူစိတ္ဝင္စားမႈ အဟုန္ကလည္း တျဖည္းျဖည္းျမင့္တက္လာပါတယ္။အမႈျဖစ္တာက အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ေနျပည္ေတာ္၊ ဒီေလာက္ငယ္႐ြယ္တဲ့ ကေလးတစ္ဦးအေပၚ လူမဆန္စြာျပဳက်င့္မႈ၊ ျပဳက်င့္ခံရတဲ့ ေနရာနဲ႔ ျပဳက်င့္သူကို လက္ရဖမ္းဆီးႏိုင္ျခင္းမရွိမႈတို႔က လူေတြရဲ႕ စိတ္ဝင္စားမႈကို ပိုလို႔ျမင့္တက္ေစခဲ့တာ ျဖစ္ပါတယ္။အမႈသြား၊ အမႈလာ ကြင္းဆက္ၾကား အျငင္းပြားဖြယ္ျဖစ္ရပ္ေတြ၊ ေဝဖန္ေထာက္ျပစရာ ေျပာဆိုျပဳမူခ်က္ေတြ၊ အခ်ိန္ကာလ ၾကန႔္ၾကာမႈေတြဟာလည္း လူထုရဲ႕ စိတ္ဝင္စားမႈအဟုန္ကို ပိုလို႔ျမင့္တက္ေစခဲ့ပါတယ္။

အဲဒီကေန ဇူလိုင္ ၅ ရက္မွာေတာ့ ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္မွာလုပ္တဲ့ ဦးေဇာ္ေဌး ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ဒုရဲခ်ဳပ္ ေအာင္ႏိုင္သူ တက္ေရာက္ၿပီး သမီးေလး ဗစ္တိုးရီးယား ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ရွင္းလင္းပါတယ္။အဲဒီရွင္းလင္းခ်က္ထဲမွာလည္း သံသယျဖစ္စရာ၊ ေထာက္ျပစရာ ေျပာဆိုခ်က္ေတြ ပါဝင္ေနတာေၾကာင့္ အမ်ားရဲ႕ ျပစ္တင္ေဝဖန္ေတြ ဆင့္ကဲထြက္ေပၚလာခဲ့ျပန္ပါတယ္။အမွန္တရားကို လိုလားတဲ့ ျပည္သူလူထုရဲ႕စိတ္ကို ဒီသတင္းစာရွင္းလင္းပြဲက ေျဖသိမ့္ေပးရာ မေရာက္ဘဲ ပိုၿပီးဆြေပးလိုက္သလို ျဖစ္ခဲ့ပါတယ္။လူထုရဲ႕ မေက်နပ္မႈေတြဟာ အရွိန္ပိုျမင့္ေစခဲ့ပါတယ္။

ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲအၿပီး ေနာက္တစ္ရက္ျဖစ္တဲ့ ဇူလိုင္ ၆ ရက္မွာေတာ့ သမီးေလး ဗစ္တိုးရီးယား ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ လမ္းမ်ားေပၚမွာထြက္ၿပီး ဆႏၵထုတ္ေဖာ္မႈေတြကို ျပည္သူဘက္က ျပဳခဲ့ပါတယ္။ဒါဟာ အမွန္တရားေပၚထြက္ေရး၊ တရားမွ်တေရးအတြက္ လူထုဘက္က လုပ္ႏိုင္၊ စြမ္းႏိုင္သမွ် ေဖာ္ထုတ္ျပသျခင္း ျဖစ္ပါတယ္။ဒီလိုဆႏၵထုတ္ေဖာ္ျပသမႈေတြ ဆက္လက္ၿပီးလည္း ရွိလာေနဦးမွာ အေသအခ်ာပါပဲ။ဒီေနရာမွာလည္း ျပည္သူဘက္က တာဝန္ေက်ပါတယ္။သမီးေလး ဗစ္တိုးရီးယား ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး လစ္ဟာခ်က္ေတြအေပၚ တစိုက္မတ္မတ္ ေထာက္ျပၾကပါတယ္။လြဲမွားစီမံမႈေတြအေပၚ ျပစ္တင္ေဝဖန္ၾကပါတယ္။ေနာက္တစ္ဖန္ မတရားမႈကိုဆန႔္က်င္၊ တရားမွ်တမႈကို လိုလားေၾကာင္း ဆႏၵထုတ္ေဖာ္ ျပဆိုခဲ့ၾကပါတယ္။

သမီးေလး ဗစ္တိုးရီးယား ရဲ႕ ျဖစ္စဥ္ဟာ လူမမည္အ႐ြယ္ ကေလးငယ္ေလးတစ္ဦးအေပၚကို အႏိုင့္အထက္ ျပဳက်င့္ျခင္း ျဖစ္ပါတယ္။လိင္အၾကမ္းဖက္ျခင္း ျဖစ္ပါတယ္။ဒီအေပၚမွာ စစ္မွန္တဲ့အမွန္တရားရရွိဖို႔၊ တရားမွ်တမႈကို ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ ဆိုင္ရာအဖြဲ႕အစည္းမ်ားအေပၚမွာ ႀကီးမားတဲ့ တာဝန္ႀကီးတစ္ရပ္အျဖစ္ တည္ရွိေနပါတယ္။ဒီတာဝန္ကို ေက်ပြန္ေပးဖို႔ အမ်ားျပည္သူက လိုလားတာျဖစ္ပါတယ္။ဆိုလိုတာက ဒီအေပၚမွာ ေပါ့ေပါ့ဆဆ ကိုင္တြယ္လိုက္မိမွာမ်ိဳး မျဖစ္ဖို႔ပါ။တစ္ခုခုမ်ား ခြၽတ္ေခ်ာ္တိမ္းေစာင္း စီရင္မိခဲ့မယ္။ဆုံးျဖတ္မိခဲ့မယ္ဆိုရင္ သမီးေလးအေပၚမွာ အဲဒီစီရင္သူမ်ား ကိုယ္တိုင္က အႏိုင့္အထက္ျပဳက်င့္ရာ ေရာက္ေစမွာျဖစ္ပါတယ္။
ေနာက္တစ္ခ်က္က ဒီအမႈအခင္းဟာ တစ္ႏိုင္ငံလုံးက စိတ္ဝင္စားေနတဲ့ အမႈအခင္း၊ တစ္ႏိုင္ငံလုံးက အာ႐ုံစိုက္ေစာင့္ၾကည့္ေနတဲ့ အမႈအခင္းျဖစ္ပါတယ္။ဒီအခ်က္ေၾကာင့္လည္း သမီးေလး ဗစ္တိုးရီးယား ျဖစ္ရပ္ဟာ အေလးထား စီမံေဆာင္႐ြက္ရမယ့္ျဖစ္ရပ္၊ အမႈမွန္ေပၚေပါက္ဖို႔၊ တရားမွ်တဖို႔ အေလးထားကိုင္တြယ္သြားရမယ့္ ျဖစ္ရပ္ဆိုတာ သတိခ်ပ္ၾကရမွာျဖစ္ပါတယ္။

လိင္အၾကမ္းဖက္ျခင္း ခံခဲ့ရၿပီးျဖစ္တဲ့ သမီးငယ္အတြက္ အမွန္တရားနဲ႔ တရားမွ်တမႈဆိုတာ သူ႔အတြက္ အနည္းဆုံးေသာ ရပိုင္ခြင့္ျဖစ္ပါတယ္။သမီးငယ္အတြက္ တရားမွ်တမႈကို ရယူေပးဖို႔လိုပါတယ္။အမွန္တရားေဖာ္ေဆာင္ေပးဖို႔လိုပါတယ္။ဆိုင္ရာအဖြဲ႕အစည္းမ်ားဘက္က အဲဒီတာဝန္ေတြ ေက်ဖို႔လိုပါတယ္။
အဲဒီလိုမွမဟုတ္ခဲ့ဘူးဆိုရင္ျဖင့္ သမီးေလး ဗစ္တိုးရီးယားအေပၚ ဘယ္ႏွစ္ေယာက္ကမ်ား ထပ္ၿပီး အႏိုင့္အထက္ျပဳက်င့္ဦးမွာလဲဆိုတဲ့ ေမးခြန္းကိုသာ ေမးရဖို႔ရွိေနေၾကာင္းပါ။

ေဂ်ၿငိမ္း
ဇူလိုင္ - ၁၀