【 ဆောင်းပါး 】 အစိုးရအတွက် လက်ဆောင်

【 ဆောင်းပါး 】 အစိုးရအတွက် လက်ဆောင်

ပညာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တစ်ခုနဲ့ ပတ်သက်ပြီး ဒီရက်ထဲ ပြည်သူလူထုကြား ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။လူမှုကွန်ရက်ပေါ်မှာလည်း ကန့်ကွက်ထောက်ပြမှုတွေနဲ့ သောသောညံသွားခဲ့ပါတယ်။အဲဒါကတော့ စာဆိုတော် မယ်ခွေ ရဲ့ ‘လက်ဆောင်’ အမည်ရ လေးချိုးကဗျာကို အဋ္ဌမတန်း မြန်မာစာသင်ရိုးထဲကနေ ပယ်ဖျက်ဖယ်ရှားလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာကြောင့် ဖြစ်ပါတယ်။

ကျောင်းတွေဖွင့်ပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန် ၆ ရက်နေ့မှာ ဒီသတင်းထွက်ပေါ်ခဲ့တာပါ။ဖယ်ရှားရတဲ့ အကြောင်းအရင်းက လူငယ်တွေ ဆေးလိပ်သောက်တတ်သွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။အဲဒီလိုဖယ်ရှားခဲ့မှုနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန် ထောက်ပြသူတွေထဲမှာ စာရေးဆရာ၊ ကဗျာဆရာ ဆရာသစ္စာနီ၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် တို့လည်း ပါဝင်ခဲ့ပါတယ်။

“ဒီကဗျာလေးကို (၁) အချစ်ရှုထောင့် (၂) ဘဝရှုထောင့်၊ ရှုထောင့်နှစ်မျိုးနဲ့ ဖွင့်ဆိုပြတာပါ။ကဗျာဆိုတာ ကျယ်ဝန်းတော့ တခြားရှုထောင့်တွေကလည်း ဖွင့်ဆိုပြနိုင်ပါသေးတယ်။ဆေးလိပ်သောက်ဖို့ တိုက်တွန်းလှုံ့ဆော်တာတော့ ရှာမတွေ့ပါခင်ဗျား” လို့ သင်ရိုးကနေ ပယ်ဖျက်ခံလိုက်ရတဲ့ လက်ဆောင်ကဗျာနဲ့ ပတ်သက်ပြီး ဆရာသစ္စာနီ က ကဗျာတစ်ပိုဒ်ချင်းစီမှာ အချစ်ရှုထောင့်အမြင်၊ ဘဝရှုထောင့်အမြင်တို့ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေ စာရေးသား ခွဲခြားဖွင့်ဆိုပြထားပါတယ်။

ဒါ့အပြင် လက်ရှိမှာ အသက်ဝင်နေပြီဖြစ်တဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေမှာ ကျောင်းပတ်ဝန်းကျင်ကိုက် ၁၀၀ အတွင်း ဆေးလိပ်မရောင်းချရဘူးပါကြောင်း၊ အခု ဆေးပြားပါ ဝယ်လို့ရနေကြောင်း၊ အသက် ၁၈ နှစ်အောက် ကလေးတွေ ဆေးလိပ်ရောင်းခြင်း၊ ဝယ်ခြင်းမပြုရဆိုတာ ပါကြောင်း၊ ဆေးလိပ်ဗန်း လည်ပင်းဆွဲရောင်းနေတဲ့ ကလေးတွေ၊ စားသုံးသူခိုင်းလို့ စီးကရက်မီးညှိပေးနေရတဲ့ စားပွဲထိုးကလေးတွေ တစ်ပုံကြီးရှိကြောင်း၊ စီးကရက်ကို တစ်လိပ်ခြင်းမရောင်းရဆိုတဲ့ အချက်ပါကြောင်း၊ ဘယ်သူမှမလိုက်နာကြကြောင်း၊ လိုက်နာအောင် တာဝန်ယူစည်းကြပ်ပေးမယ့်သူလည်း မရှိကြောင်း၊ သင်ရိုးထဲက မယ်ခွေကဗျာကို မဖြုတ်ခင် အထက်ပါကိစ္စတွေကို ဆောင်ရွက်သင့်တယ်လို့ ထင်ကြောင်း၊ ခုတ်ရာတခြား ရှရာတလွဲဖြစ်နေကြောင်းလည်း ဆရာသစ္စာနီ က ဆိုထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကတော့ “ကလေးတွေ ဆေးလိပ်သောက်တတ်တာ၊ ဆေးလိပ်သောက်တာကို အားကျတာ မယ်ခွေ ရဲ့ လက်ဆောင် လေးချိုးကြောင့်လား၊ ဆေးလိပ်ကို ဘယ်နေရာဖြစ်ဖြစ် အလွယ်တကူ ဝယ်ရနေတာကြောင့်လား” ဆိုပြီး မေးခွန်းထုတ်ထားသလို “ပညာရေးဝန်ကြီးဌာနအနေနဲ့ စာသင်ကျောင်းတွေ အနီးတဝိုက်မှာ ဆေးလိပ်မရောင်းချရဘူးဆိုတဲ့ ကန့်သတ်ချက်ကို အားလုံးလိုက်နာအောင် အကောင်အထည်ဖော်တာက ပိုပြီးလက်တွေ့ကျမယ် ထင်ပါတယ်” လို့လည်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင်ကနေ စာရေးသား ပြောဆိုထားပါတယ်။

ဟုတ်ပါတယ်။ဆရာသစ္စာနီရော၊ ဦးရဲထွဋ်ရော ထောက်ပြဝေဖန်ထားချက်များကို ရာနှုန်းပြည့် သဘောတူပါတယ်။ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဘဝကစပြီး ဆေးလိပ်သောက်ခဲ့သူတစ်ဦး ဖြစ်တာကြောင့်ပါ။မှတ်မှတ်ရရ ခုနစ်တန်းကျောင်းသားဘဝမှာ ဆေးလိပ်ကို စပြီးလက်တည့်စမ်းခဲ့တာပါ။ကျွန်တော် ဆေးလိပ်သောက်ဖြစ်စေခဲ့တဲ့ အဓိကအကြောင်းရင်းခံက အခန်းဖော်သူငယ်ချင်းဖြစ်ပြီး နောက်တစ်ဆင့်ကတော့ ကျောင်းမုန့်ဈေးတန်းနဲ့ ကျောင်းအနီးဝန်းကျင်က လက်ဖက်ရည်ဆိုင်တို့ ဖြစ်ပါတယ်။အဲဒီ့နေရာတွေမှာ ဆေးလိပ်ကို လွယ်လွယ်ရရှိခဲ့ပြီး သောက်ဖြစ်စေခဲ့တာကြောင့်ပါ။သူငယ်ချင်းဖြစ်သူက တစ်ဖွာ၊ နှစ်ဖွာ စမ်းသောက်ကြည့်ပါလား ဆိုရာကနေ စပါတယ်။အဲဒီကနေနောက်ပိုင်းတော့ ကျောင်းမုန့်ဈေးတန်းက ဆိုင်တွေမှာ ရှာဖွေဝယ်ယူပါတယ်။ကျောင်းအနီးက လက်ဖက်ရည်ဆိုင်တွေမှာ သွားပြီးခိုးသောက်ပါတယ်။ကျောင်းမုန့်ဈေးတန်းတွေမှာ ဆေးလိပ်ကို လက်သိပ်ထိုး (မှောင်ခို) ရောင်းပါတယ်။ကျောင်းအနီးဝန်းကျင်က လက်ဖက်ရည်ဆိုင်တွေမှာကတော့ လွတ်လွတ်လပ်လပ်ကို ရောင်းပါတယ်။ကျောင်းမုန့်စားဆင်းချိန်တွေမှာ ကျောင်းနောက်ဘက်က တမာပင်တွေ အစီအရီစိုက်ပျိုးထားတဲ့ မြေကွက်လပ် (ကျောင်းသားတွေအခေါ် တမာတော) မှာ သူငယ်ချင်းနဲ့အတူ ဆေးလိပ်ခိုးသောက်ခဲ့ကြပါတယ်။အဲဒီနေရာမှာ ကျွန်တော်တို့ပဲလားဆိုတော့ မဟုတ်ပါဘူး။ကျွန်တော်တို့နည်းတူ ဆေးလိပ်ခိုးသောက်ကြတဲ့ ကျောင်းသားတွေ အစီအရီပါ။ထုနဲ့ထည်နဲ့ပါ။ကျောင်းအနီးဝန်းကျင်းက လက်ဖက်ရည်ဆိုင်တွေမှာဆို ကျောင်းမတက်မီအချိန် ကျောင်းသားများနဲ့သာ ပြည့်နေတတ်ပါတယ်။အဲဒီကျောင်းသားတိုင်းလည်း လက်ကြားမှာ ဆေးလိပ်ညှပ်ထားတတ်ပါတယ်။ကျောင်းအနီးဝန်းကျင်က လက်ဖက်ရည်ဆိုင်တွေဟာ ဆေးလိပ်ခိုးသောက်လို့ ကောင်းတဲ့နေရာ ဖြစ်ခဲ့ပါတယ်။တချို့ဆို ကျောင်းအပြင် ပေးမလွှတ်တဲ့ မုန့်စားဆင်းနားချိန်လို အချိန်မျိုးမှာတောင် ရတဲ့အချိန်လေးအတွင်း အုတ်တံတိုင်းကိုကျော်ပြီး အဲဒီလက်ဖက်ရည်ဆိုင်တွေမှာ ဆေးလိပ်သွားခိုးသောက်ကြပါတယ်။

လက်ဆောင်ကဗျာ သင်ရိုးကနေ ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဇော်ဌေး ကလည်း “ကျွန်တော်တို့က မေးတယ်ပေါ့။ မေးတယ်ဆိုတာက ဟုတ်ပြီ ဒီလက်ဆောင်ကဗျာကြောင့် ကျောင်းသားလူငယ်တွေမှာ ဆေးလိပ်သောက်သုံးမှု ဖြစ်စေနိုင်တယ်ဆိုတာ ဘယ်အချက်ကို ပြောတာလဲ။ဘယ်လိုမျိုးစစ်တမ်းရှိသလဲ။Research လုပ်ထားလား။ဥပမာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းတွေမှာ ဆေးလိပ်သောက်တတ်တဲ့ ကျောင်းသားတွေကို လိုက်ပြီးတော့ ဒီကဗျာနဲ့ ပတ်သက်လို့ မေးမြန်းတာရှိသလား။အဲ့လိုမျိုးလည်း မဟုတ်ဘူး” လို့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုရှင်းလင်းပါတယ်။

အခုတော့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ပြီလို့သာ ဆိုရမှာပါ။ဒီလိုမေးမြန်းမှုမျိုးကို သင်ရိုးအတည်မပြုခင်ကများ မေးဖြစ်ခဲ့မယ်ဆိုရင် မယ်ခွေ ရဲ့ လက်ဆောင်ကဗျာဟာ ဒီကနေ့ အဋ္ဌမတန်းသင်ရိုးထဲမှာ ရှိနေမှာဖြစ်ပြီး အခုလို အများပြည်သူဘက်က ဝေဖန်ထောက်ပြမှုတွေလည်း ရှိလာမှာမဟုတ်ပါဘူး။အခုတော့ လက်လွန်ခြေလွန်တွေ ဖြစ်ခဲ့ပါပြီ။
သင်ရိုးက ကြိုရိုက်ရတာမို့ ပြင်မရတော့ဘူးဆိုတဲ့ သဘောမျိုးကိုလည်း အဲဒီရှင်းလင်းပွဲမှာ ဦးဇော်ဌေး က ထပ်လောင်းပြောဆိုပါသေးတယ်။

မယ်ခွေ ရဲ့ လက်ဆောင်ကဗျာဟာ ကျွန်တော့်ကိုလည်း ဆေးလိပ်သောက်ဖြစ်စေအောင် စိုးစဉ်းမျှတွန်းအား မဖြစ်စေခဲ့ပါဘူး။ဆရာသစ္စာနီ ပြောသလိုပါပဲ။လက်ဆောင်ကဗျာမှာ ဆေးလိပ်သောက်ဖြစ်ဖို့ တိုက်တွန်းလှုံ့ဆော်စေတဲ့ အကြောင်းအရာ တစ်စုံတရာ မတွေ့ခဲ့ရပါဘူး။လက်ဆောင်ကဗျာကို သင်ရိုးကနေ ပယ်ဖျက်ဖို့ စီမံကြ၊ ဆွေးနွေးကြချိန်မှာ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) ကလည်း “ဆေးလိပ်သောက်တာပဲ မြင်တာကိုး” ဆိုတဲ့ မှတ်ချက်စကားနဲ့အတူ ကန့်ကွက်စကား ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဆိုတော့။ကျောင်းသားတွေ ဆေးလိပ်သောက်ခြင်းကို တွန်းအားမဖြစ်ဖို့၊ ဆေးလိပ်မသောက်ဖြစ်ဖို့ လက်ဆောင်ကဗျာကို သင်ရိုးက ဖယ်ထုတ်တယ်ဆိုရင် တကယ်လက်တွေ့မှာ ကျောင်းသားတွေကို ဆေးလိပ်သောက်ဖြစ်အောင် တွန်းအားဖြစ်နေစေတဲ့ ကျောင်းအနီးဝန်းကျင်က  ဆေးလိပ်ဆိုင်တွေကို ထိထိရောက်ရောက် စိစစ်ကြပ်မတ်ဖို့ လိုပါလိမ့်မယ်။
ဆေးလိပ်ဆိုင်လို့ဆိုရာမှာ ဆေးလိပ်ချည်း သီးသန့်ရောင်းတဲ့ဆိုင်ကိုသာ ဆိုလိုတာမဟုတ် ပါဘူး။ဆေးလိပ်ပါ တွဲဖက်ရောင်းကြတဲ့ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ မုန့်ဆိုင်၊ ထမင်းဆိုင် စတဲ့ ဆိုင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေဆိုတာ ရှိမနေပါဘူး။အဲဒီအချိန်တုန်းက ကျောင်း ဆရာ၊ ဆရာမများကသာ ကျောင်းသားများ ဆေးလိပ်သောက်သုံးခြင်းအပေါ် စိစစ်ကြပ်မတ် ထိန်းကျောင်းခဲ့ကြရပါတယ်။

ဒီဘက်ခေတ်မှာတော့ ဥပဒေရှိနေပါပြီ။ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ဆိုတာကို လွန်ခဲ့တဲ့ ၁၃ နှစ်ဖြစ်တဲ့ ၂၀၀၆ ခုနှစ် မေလ ၄ ရက်နေ့က အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါတယ်။ဆရာသစ္စာနီ ဆိုခဲ့သလိုပဲ ဥပဒေအသက်ဝင်နေပါပြီ။အဲဒီဥပဒေထဲမှာ ကျောင်းပရဝဏ်အတွင်းနဲ့ ကျောင်းပရဝဏ်ကနေ ပေ ၁၀၀ အတွင်း ဆေးလိပ်မရောင်းဖို့၊ အသက် ၁၈ နှစ် မပြည့်သေးသူကို ဆေးလိပ်မရောင်းဖို့၊ ပေးကမ်းခြင်းမပြုဖို့၊ ဖြန့်ဖြူးရောင်းချရာမှာ ခိုင်းစေခြင်းမပြုဖို့၊ ပစ္စည်းတစ်ခုခုကို ဆေးလိပ်နဲ့ လှဲလှယ်ပေးတာမျိုးမလုပ်ဖို့ စတဲ့ တားမြစ်ချက်တွေကိုလည်း ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။

လက်ဆောင်ကဗျာကို သင်ရိုးကနေ ဖယ်ရှားတာထက် ဒီဥပဒေကို အသက်ဝင်အောင် လုပ်နိုင်မယ်ဆိုရင် ကျောင်းသားလူငယ်တွေ ဆေးလိပ်သောက်သုံးမှုနှုန်းကို များစွာလျှော့ချ ထိန်းချုပ်သွားနိုင်မှာ မလွဲဧကန်ပဲဖြစ်ပါ တယ်။အခုတော့ ဒီလိုမဟုတ်ဘဲ တလွဲဆံပင်ကောင်းခဲ့ရာကနေ မလုပ်သင့်၊ မလုပ်ထိုက်တာတွေကို မချင့်မချိန်ဘဲ လုပ်ခဲ့ရာကနေ မဖြစ်သင့်တာတွေဖြစ်ခဲ့ပါပြီ။အခု သင်ရိုးကနေ လက်ဆောင်ကဗျာကို ဖယ်ထုတ်လိုက်တာဟာ မရောင်ရာဆီလူးတဲ့လုပ်ရပ်၊ တလွဲဆံပင်ကောင်းတဲ့ ဖော်ဆောင်ချက်သာ ဖြစ်တယ်လို့ တိတိပပ ဆိုချင်ပါတယ်။

နိဂုံးချုပ်ဆိုရရင် အခုလက်ဆောင်ကဗျာကို ပယ်ဖျက်လိုက်တဲ့ ပညာရေးဝန်ကြီးဌာန အပါအဝင် အခြားသော ဝန်ကြီးဌာနအသီးသီးမှ အစိုးရမင်းများအနေနဲ့ ပြည်သူ့အကျိုးကို ရည်သန်စေရေး မဆင်မခြင်ပြုမူခြင်း၊ မရောင်ရာဆီလူးခြင်း၊ တလွဲဆံပင်ကောင်းခြင်းတွေကနေ ရှောင်ရှားနိုင်ကြသူများဖြစ်ဖို့ အားထုတ်ကြိုးပမ်းကြပါလို့ စကားလက်ဆောင်ပါးရင်း ဝမ်းနည်းမှတ်တမ်းအဖြစ် စာဆိုတော် မယ်ခွေ ရဲ့ လက်ဆောင်ကဗျာနဲ့ ဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

“လက်ဆောင်”
-----------------------
မဝယ်ဘူး။မယ်ခူးတဲ့ဖက်စို။
မီးမကူ၊ နေပူမှာ မကင်အားလို့၊
ထားရတယ်၊ အိပ်ရာအောက်မှာ၊
မင်းသောက်ဖို့ကို။
ညှာအနား၊ ရှေ့သွားနှင့် ကိုက်လို့တို၊
မချိုတောင့်လိပ်ဆေး။
ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊
ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။

ဂျေငြိမ်း
ဇွန် - ၈

( Zawgyi )

ပညာေရးဝန္ႀကီးဌာနရဲ႕ လုပ္ေဆာင္ခ်က္တစ္ခုနဲ႔ ပတ္သက္ၿပီး ဒီရက္ထဲ ျပည္သူလူထုၾကား ေဝဖန္သံေတြ ထြက္ေပၚလာခဲ့ျပန္ပါတယ္။လူမႈကြန္ရက္ေပၚမွာလည္း ကန႔္ကြက္ေထာက္ျပမႈေတြနဲ႔ ေသာေသာညံသြားခဲ့ပါတယ္။အဲဒါကေတာ့ စာဆိုေတာ္ မယ္ေခြ ရဲ႕ ‘လက္ေဆာင္’ အမည္ရ ေလးခ်ိဳးကဗ်ာကို အ႒မတန္း ျမန္မာစာသင္႐ိုးထဲကေန ပယ္ဖ်က္ဖယ္ရွားလိုက္တယ္ဆိုတဲ့ သတင္းထြက္ေပၚလာတာေၾကာင့္ ျဖစ္ပါတယ္။

ေက်ာင္းေတြဖြင့္ၿပီး ငါးရက္ေျမာက္ေန႔ျဖစ္တဲ့ ဇြန္ ၆ ရက္ေန႔မွာ ဒီသတင္းထြက္ေပၚခဲ့တာပါ။ဖယ္ရွားရတဲ့ အေၾကာင္းအရင္းက လူငယ္ေတြ ေဆးလိပ္ေသာက္တတ္သြားမွာကို စိုးရိမ္တဲ့အတြက္ေၾကာင့္လို႔ ဆိုပါတယ္။အဲဒီလိုဖယ္ရွားခဲ့မႈနဲ႔ ပတ္သက္ၿပီး ေျပာဆိုေဝဖန္ ေထာက္ျပသူေတြထဲမွာ စာေရးဆရာ၊ ကဗ်ာဆရာ ဆရာသစၥာနီ၊ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္ တို႔လည္း ပါဝင္ခဲ့ပါတယ္။

“ဒီကဗ်ာေလးကို (၁) အခ်စ္ရႈေထာင့္ (၂) ဘဝရႈေထာင့္၊ ရႈေထာင့္ႏွစ္မ်ိဳးနဲ႔ ဖြင့္ဆိုျပတာပါ။ကဗ်ာဆိုတာ က်ယ္ဝန္းေတာ့ တျခားရႈေထာင့္ေတြကလည္း ဖြင့္ဆိုျပႏိုင္ပါေသးတယ္။ေဆးလိပ္ေသာက္ဖို႔ တိုက္တြန္းလႈံ႕ေဆာ္တာေတာ့ ရွာမေတြ႕ပါခင္ဗ်ား” လို႔ သင္႐ိုးကေန ပယ္ဖ်က္ခံလိုက္ရတဲ့ လက္ေဆာင္ကဗ်ာနဲ႔ ပတ္သက္ၿပီး ဆရာသစၥာနီ က ကဗ်ာတစ္ပိုဒ္ခ်င္းစီမွာ အခ်စ္ရႈေထာင့္အျမင္၊ ဘဝရႈေထာင့္အျမင္တို႔ကို သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္ကေန စာေရးသား ခြဲျခားဖြင့္ဆိုျပထားပါတယ္။

ဒါ့အျပင္ လက္ရွိမွာ အသက္ဝင္ေနၿပီျဖစ္တဲ့ ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီး ဥပေဒမွာ ေက်ာင္းပတ္ဝန္းက်င္ကိုက္ ၁၀၀ အတြင္း ေဆးလိပ္မေရာင္းခ်ရဘူးပါေၾကာင္း၊ အခု ေဆးျပားပါ ဝယ္လို႔ရေနေၾကာင္း၊ အသက္ ၁၈ ႏွစ္ေအာက္ ကေလးေတြ ေဆးလိပ္ေရာင္းျခင္း၊ ဝယ္ျခင္းမျပဳရဆိုတာ ပါေၾကာင္း၊ ေဆးလိပ္ဗန္း လည္ပင္းဆြဲေရာင္းေနတဲ့ ကေလးေတြ၊ စားသုံးသူခိုင္းလို႔ စီးကရက္မီးညႇိေပးေနရတဲ့ စားပြဲထိုးကေလးေတြ တစ္ပုံႀကီးရွိေၾကာင္း၊ စီးကရက္ကို တစ္လိပ္ျခင္းမေရာင္းရဆိုတဲ့ အခ်က္ပါေၾကာင္း၊ ဘယ္သူမွမလိုက္နာၾကေၾကာင္း၊ လိုက္နာေအာင္ တာဝန္ယူစည္းၾကပ္ေပးမယ့္သူလည္း မရွိေၾကာင္း၊ သင္႐ိုးထဲက မယ္ေခြကဗ်ာကို မျဖဳတ္ခင္ အထက္ပါကိစၥေတြကို ေဆာင္႐ြက္သင့္တယ္လို႔ ထင္ေၾကာင္း၊ ခုတ္ရာတျခား ရွရာတလြဲျဖစ္ေနေၾကာင္းလည္း ဆရာသစၥာနီ က ဆိုထားပါတယ္။

ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္ ကေတာ့ “ကေလးေတြ ေဆးလိပ္ေသာက္တတ္တာ၊ ေဆးလိပ္ေသာက္တာကို အားက်တာ မယ္ေခြ ရဲ႕ လက္ေဆာင္ ေလးခ်ိဳးေၾကာင့္လား၊ ေဆးလိပ္ကို ဘယ္ေနရာျဖစ္ျဖစ္ အလြယ္တကူ ဝယ္ရေနတာေၾကာင့္လား” ဆိုၿပီး ေမးခြန္းထုတ္ထားသလို “ပညာေရးဝန္ႀကီးဌာနအေနနဲ႔ စာသင္ေက်ာင္းေတြ အနီးတဝိုက္မွာ ေဆးလိပ္မေရာင္းခ်ရဘူးဆိုတဲ့ ကန႔္သတ္ခ်က္ကို အားလုံးလိုက္နာေအာင္ အေကာင္အထည္ေဖာ္တာက ပိုၿပီးလက္ေတြ႕က်မယ္ ထင္ပါတယ္” လို႔လည္း သူ႔ရဲ႕ေဖ့စ္ဘြတ္ခ္အေကာင္ကေန စာေရးသား ေျပာဆိုထားပါတယ္။

ဟုတ္ပါတယ္။ဆရာသစၥာနီေရာ၊ ဦးရဲထြဋ္ေရာ ေထာက္ျပေဝဖန္ထားခ်က္မ်ားကို ရာႏႈန္းျပည့္ သေဘာတူပါတယ္။ဘာျဖစ္လို႔လဲဆိုရင္ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေက်ာင္းသားဘဝကစၿပီး ေဆးလိပ္ေသာက္ခဲ့သူတစ္ဦး ျဖစ္တာေၾကာင့္ပါ။မွတ္မွတ္ရရ ခုနစ္တန္းေက်ာင္းသားဘဝမွာ ေဆးလိပ္ကို စၿပီးလက္တည့္စမ္းခဲ့တာပါ။ကြၽန္ေတာ္ ေဆးလိပ္ေသာက္ျဖစ္ေစခဲ့တဲ့ အဓိကအေၾကာင္းရင္းခံက အခန္းေဖာ္သူငယ္ခ်င္းျဖစ္ၿပီး ေနာက္တစ္ဆင့္ကေတာ့ ေက်ာင္းမုန႔္ေဈးတန္းနဲ႔ ေက်ာင္းအနီးဝန္းက်င္က လက္ဖက္ရည္ဆိုင္တို႔ ျဖစ္ပါတယ္။အဲဒီ့ေနရာေတြမွာ ေဆးလိပ္ကို လြယ္လြယ္ရရွိခဲ့ၿပီး ေသာက္ျဖစ္ေစခဲ့တာေၾကာင့္ပါ။သူငယ္ခ်င္းျဖစ္သူက တစ္ဖြာ၊ ႏွစ္ဖြာ စမ္းေသာက္ၾကည့္ပါလား ဆိုရာကေန စပါတယ္။အဲဒီကေနေနာက္ပိုင္းေတာ့ ေက်ာင္းမုန႔္ေဈးတန္းက ဆိုင္ေတြမွာ ရွာေဖြဝယ္ယူပါတယ္။ေက်ာင္းအနီးက လက္ဖက္ရည္ဆိုင္ေတြမွာ သြားၿပီးခိုးေသာက္ပါတယ္။ေက်ာင္းမုန႔္ေဈးတန္းေတြမွာ ေဆးလိပ္ကို လက္သိပ္ထိုး (ေမွာင္ခို) ေရာင္းပါတယ္။ေက်ာင္းအနီးဝန္းက်င္က လက္ဖက္ရည္ဆိုင္ေတြမွာကေတာ့ လြတ္လြတ္လပ္လပ္ကို ေရာင္းပါတယ္။ေက်ာင္းမုန႔္စားဆင္းခ်ိန္ေတြမွာ ေက်ာင္းေနာက္ဘက္က တမာပင္ေတြ အစီအရီစိုက္ပ်ိဳးထားတဲ့ ေျမကြက္လပ္ (ေက်ာင္းသားေတြအေခၚ တမာေတာ) မွာ သူငယ္ခ်င္းနဲ႔အတူ ေဆးလိပ္ခိုးေသာက္ခဲ့ၾကပါတယ္။အဲဒီေနရာမွာ ကြၽန္ေတာ္တို႔ပဲလားဆိုေတာ့ မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔နည္းတူ ေဆးလိပ္ခိုးေသာက္ၾကတဲ့ ေက်ာင္းသားေတြ အစီအရီပါ။ထုနဲ႔ထည္နဲ႔ပါ။ေက်ာင္းအနီးဝန္းက်င္းက လက္ဖက္ရည္ဆိုင္ေတြမွာဆို ေက်ာင္းမတက္မီအခ်ိန္ ေက်ာင္းသားမ်ားနဲ႔သာ ျပည့္ေနတတ္ပါတယ္။အဲဒီေက်ာင္းသားတိုင္းလည္း လက္ၾကားမွာ ေဆးလိပ္ညႇပ္ထားတတ္ပါတယ္။ေက်ာင္းအနီးဝန္းက်င္က လက္ဖက္ရည္ဆိုင္ေတြဟာ ေဆးလိပ္ခိုးေသာက္လို႔ ေကာင္းတဲ့ေနရာ ျဖစ္ခဲ့ပါတယ္။တခ်ိဳ႕ဆို ေက်ာင္းအျပင္ ေပးမလႊတ္တဲ့ မုန႔္စားဆင္းနားခ်ိန္လို အခ်ိန္မ်ိဳးမွာေတာင္ ရတဲ့အခ်ိန္ေလးအတြင္း အုတ္တံတိုင္းကိုေက်ာ္ၿပီး အဲဒီလက္ဖက္ရည္ဆိုင္ေတြမွာ ေဆးလိပ္သြားခိုးေသာက္ၾကပါတယ္။

လက္ေဆာင္ကဗ်ာ သင္႐ိုးကေန ပယ္ဖ်က္လိုက္တာနဲ႔ ပတ္သက္ၿပီး သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ဦးေဇာ္ေဌး ကလည္း “ကြၽန္ေတာ္တို႔က ေမးတယ္ေပါ့။ ေမးတယ္ဆိုတာက ဟုတ္ၿပီ ဒီလက္ေဆာင္ကဗ်ာေၾကာင့္ ေက်ာင္းသားလူငယ္ေတြမွာ ေဆးလိပ္ေသာက္သုံးမႈ ျဖစ္ေစႏိုင္တယ္ဆိုတာ ဘယ္အခ်က္ကို ေျပာတာလဲ။ဘယ္လိုမ်ိဳးစစ္တမ္းရွိသလဲ။Research လုပ္ထားလား။ဥပမာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေက်ာင္းေတြမွာ ေဆးလိပ္ေသာက္တတ္တဲ့ ေက်ာင္းသားေတြကို လိုက္ၿပီးေတာ့ ဒီကဗ်ာနဲ႔ ပတ္သက္လို႔ ေမးျမန္းတာရွိသလား။အဲ့လိုမ်ိဳးလည္း မဟုတ္ဘူး” လို႔ သမၼတအိမ္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုရွင္းလင္းပါတယ္။

အခုေတာ့ အလာေကာင္းေပမယ့္ အခါေႏွာင္းခဲ့ၿပီလို႔သာ ဆိုရမွာပါ။ဒီလိုေမးျမန္းမႈမ်ိဳးကို သင္႐ိုးအတည္မျပဳခင္ကမ်ား ေမးျဖစ္ခဲ့မယ္ဆိုရင္ မယ္ေခြ ရဲ႕ လက္ေဆာင္ကဗ်ာဟာ ဒီကေန႔ အ႒မတန္းသင္႐ိုးထဲမွာ ရွိေနမွာျဖစ္ၿပီး အခုလို အမ်ားျပည္သူဘက္က ေဝဖန္ေထာက္ျပမႈေတြလည္း ရွိလာမွာမဟုတ္ပါဘူး။အခုေတာ့ လက္လြန္ေျခလြန္ေတြ ျဖစ္ခဲ့ပါၿပီ။
သင္႐ိုးက ႀကိဳ႐ိုက္ရတာမို႔ ျပင္မရေတာ့ဘူးဆိုတဲ့ သေဘာမ်ိဳးကိုလည္း အဲဒီရွင္းလင္းပြဲမွာ ဦးေဇာ္ေဌး က ထပ္ေလာင္းေျပာဆိုပါေသးတယ္။

မယ္ေခြ ရဲ႕ လက္ေဆာင္ကဗ်ာဟာ ကြၽန္ေတာ့္ကိုလည္း ေဆးလိပ္ေသာက္ျဖစ္ေစေအာင္ စိုးစဥ္းမွ်တြန္းအား မျဖစ္ေစခဲ့ပါဘူး။ဆရာသစၥာနီ ေျပာသလိုပါပဲ။လက္ေဆာင္ကဗ်ာမွာ ေဆးလိပ္ေသာက္ျဖစ္ဖို႔ တိုက္တြန္းလႈံ႕ေဆာ္ေစတဲ့ အေၾကာင္းအရာ တစ္စုံတရာ မေတြ႕ခဲ့ရပါဘူး။လက္ေဆာင္ကဗ်ာကို သင္႐ိုးကေန ပယ္ဖ်က္ဖို႔ စီမံၾက၊ ေဆြးေႏြးၾကခ်ိန္မွာ ဆရာႀကီးေမာင္ခင္မင္ (ဓႏုျဖဴ) ကလည္း “ေဆးလိပ္ေသာက္တာပဲ ျမင္တာကိုး” ဆိုတဲ့ မွတ္ခ်က္စကားနဲ႔အတူ ကန႔္ကြက္စကား ဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

ဆိုေတာ့။ေက်ာင္းသားေတြ ေဆးလိပ္ေသာက္ျခင္းကို တြန္းအားမျဖစ္ဖို႔၊ ေဆးလိပ္မေသာက္ျဖစ္ဖို႔ လက္ေဆာင္ကဗ်ာကို သင္႐ိုးက ဖယ္ထုတ္တယ္ဆိုရင္ တကယ္လက္ေတြ႕မွာ ေက်ာင္းသားေတြကို ေဆးလိပ္ေသာက္ျဖစ္ေအာင္ တြန္းအားျဖစ္ေနေစတဲ့ ေက်ာင္းအနီးဝန္းက်င္က  ေဆးလိပ္ဆိုင္ေတြကို ထိထိေရာက္ေရာက္ စိစစ္ၾကပ္မတ္ဖို႔ လိုပါလိမ့္မယ္။
ေဆးလိပ္ဆိုင္လို႔ဆိုရာမွာ ေဆးလိပ္ခ်ည္း သီးသန႔္ေရာင္းတဲ့ဆိုင္ကိုသာ ဆိုလိုတာမဟုတ္ ပါဘူး။ေဆးလိပ္ပါ တြဲဖက္ေရာင္းၾကတဲ့ လက္ဖက္ရည္ဆိုင္၊ ကြမ္းယာဆိုင္၊ မုန႔္ဆိုင္၊ ထမင္းဆိုင္ စတဲ့ ဆိုင္ေတြလည္း အပါအဝင္ျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ ေက်ာင္းသားဘဝတုန္းက ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရး ဥပေဒဆိုတာ ရွိမေနပါဘူး။အဲဒီအခ်ိန္တုန္းက ေက်ာင္း ဆရာ၊ ဆရာမမ်ားကသာ ေက်ာင္းသားမ်ား ေဆးလိပ္ေသာက္သုံးျခင္းအေပၚ စိစစ္ၾကပ္မတ္ ထိန္းေက်ာင္းခဲ့ၾကရပါတယ္။

ဒီဘက္ေခတ္မွာေတာ့ ဥပေဒရွိေနပါၿပီ။ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးထြက္ပစၥည္း ေသာက္သုံးမႈ ထိန္းခ်ဳပ္ေရးဥပေဒ ဆိုတာကို လြန္ခဲ့တဲ့ ၁၃ ႏွစ္ျဖစ္တဲ့ ၂၀၀၆ ခုႏွစ္ ေမလ ၄ ရက္ေန႔က အတည္ျပဳျပ႒ာန္းေပးခဲ့ပါတယ္။ဆရာသစၥာနီ ဆိုခဲ့သလိုပဲ ဥပေဒအသက္ဝင္ေနပါၿပီ။အဲဒီဥပေဒထဲမွာ ေက်ာင္းပရဝဏ္အတြင္းနဲ႔ ေက်ာင္းပရဝဏ္ကေန ေပ ၁၀၀ အတြင္း ေဆးလိပ္မေရာင္းဖို႔၊ အသက္ ၁၈ ႏွစ္ မျပည့္ေသးသူကို ေဆးလိပ္မေရာင္းဖို႔၊ ေပးကမ္းျခင္းမျပဳဖို႔၊ ျဖန႔္ျဖဴးေရာင္းခ်ရာမွာ ခိုင္းေစျခင္းမျပဳဖို႔၊ ပစၥည္းတစ္ခုခုကို ေဆးလိပ္နဲ႔ လွဲလွယ္ေပးတာမ်ိဳးမလုပ္ဖို႔ စတဲ့ တားျမစ္ခ်က္ေတြကိုလည္း ထည့္သြင္းျပ႒ာန္းထားပါတယ္။

လက္ေဆာင္ကဗ်ာကို သင္႐ိုးကေန ဖယ္ရွားတာထက္ ဒီဥပေဒကို အသက္ဝင္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ ေက်ာင္းသားလူငယ္ေတြ ေဆးလိပ္ေသာက္သုံးမႈႏႈန္းကို မ်ားစြာေလွ်ာ့ခ် ထိန္းခ်ဳပ္သြားႏိုင္မွာ မလြဲဧကန္ပဲျဖစ္ပါ တယ္။အခုေတာ့ ဒီလိုမဟုတ္ဘဲ တလြဲဆံပင္ေကာင္းခဲ့ရာကေန မလုပ္သင့္၊ မလုပ္ထိုက္တာေတြကို မခ်င့္မခ်ိန္ဘဲ လုပ္ခဲ့ရာကေန မျဖစ္သင့္တာေတြျဖစ္ခဲ့ပါၿပီ။အခု သင္႐ိုးကေန လက္ေဆာင္ကဗ်ာကို ဖယ္ထုတ္လိုက္တာဟာ မေရာင္ရာဆီလူးတဲ့လုပ္ရပ္၊ တလြဲဆံပင္ေကာင္းတဲ့ ေဖာ္ေဆာင္ခ်က္သာ ျဖစ္တယ္လို႔ တိတိပပ ဆိုခ်င္ပါတယ္။

နိဂုံးခ်ဳပ္ဆိုရရင္ အခုလက္ေဆာင္ကဗ်ာကို ပယ္ဖ်က္လိုက္တဲ့ ပညာေရးဝန္ႀကီးဌာန အပါအဝင္ အျခားေသာ ဝန္ႀကီးဌာနအသီးသီးမွ အစိုးရမင္းမ်ားအေနနဲ႔ ျပည္သူ႔အက်ိဳးကို ရည္သန္ေစေရး မဆင္မျခင္ျပဳမူျခင္း၊ မေရာင္ရာဆီလူးျခင္း၊ တလြဲဆံပင္ေကာင္းျခင္းေတြကေန ေရွာင္ရွားႏိုင္ၾကသူမ်ားျဖစ္ဖို႔ အားထုတ္ႀကိဳးပမ္းၾကပါလို႔ စကားလက္ေဆာင္ပါးရင္း ဝမ္းနည္းမွတ္တမ္းအျဖစ္ စာဆိုေတာ္ မယ္ေခြ ရဲ႕ လက္ေဆာင္ကဗ်ာနဲ႔ ေဆာင္းပါးကို အဆုံးသတ္လိုက္ပါရေစ။

“လက္ေဆာင္”
-----------------------
မဝယ္ဘူး။မယ္ခူးတဲ့ဖက္စို။
မီးမကူ၊ ေနပူမွာ မကင္အားလို႔၊
ထားရတယ္၊ အိပ္ရာေအာက္မွာ၊
မင္းေသာက္ဖို႔ကို။
ညႇာအနား၊ ေရွ႕သြားႏွင့္ ကိုက္လို႔တို၊
မခ်ိဳေတာင့္လိပ္ေဆး။
ပိုးမကူ၊ ဝါခ်ည္ျဖဴ တပင္ရစ္ကယ္ႏွင့္၊
ငယ္ခ်စ္ေမာင္ ေ႐ႊဝသြားကို၊ ပါးလိုက္ကဲ့ေလး။

ေဂ်ၿငိမ္း
ဇြန္ - ၈