【 ဆောင်းပါး 】 ဝရုန်းသုန်းကား သက်ပြင်းများ

【 ဆောင်းပါး 】 ဝရုန်းသုန်းကား သက်ပြင်းများ

(၁) စစ်တွေတွင် တစ်ကျော့ပြန်ကိုဗစ် ပြန်လည်တွေ့ရှိပြီးခါစ သြဂုတ်၂၀ ရက်မတိုင်မီ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်သည်။သူက လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံတွင် မန်နေဂျာအဖြစ် အသက်မွေးနေသူ။သားနဲ့မယားနဲ့ အိမ်ငှားခနဲ့၊ နဂိုကတည်းက လကုန်ပိုင်းဆို အသက်ရှူမမှန်ချင်သည့် သူတို့၏စားဝတ်နေရေးမှာ ကိုဗစ်တွေဘာတွေဖြစ်၊ လစာတွေဘာတွေအလျှော့ခံရတော့ ပိုပြာရသည်။

‘နောက်တစ်ကြိမ် ကိုဗစ်သာဆိုရင်တော့ ငါတို့စက်ရုံလည်း ရပ်ဖို့များသွားပြီ။အဲဒါကြောင့် အခြေအနေဘယ်လိုရှိလဲလို့ မင်းကိုလှမ်းမေးတာ။’

ကျနော်က သတင်းအချက်အလက်များဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူမို့ ရခိုင်ပြည်နယ်တွင် စတင်နေပြီဖြစ်သော တစ်ကျော့ပြန်ကိုဗစ်သည် ရန်ကုန်သို့ ကူးနိုင်ခြေ ရှိ၊ မရှိ ကျနော့်ထံ ထင်မြင်ချက်တောင်းခြင်းဖြစ်သည်။

‘တရုတ်ကနေ တစ်ကမ္ဘာလုံးဆီတောင်ပြန့်ခဲ့သေးတာ။ရခိုင်နဲ့ ရန်ကုန်ကတော့ ကိုဗစ်အတွက် လက်တပစ်စာတောင်မရှိဘူး။’ ဟု ကျနော်မြင်သလို အမှန်အတိုင်းပြောပြလိုက်သည်။သူက ကျနော့်ကို ဒါမျိုးပြောစေချင်ပုံမပေါ်။သူ့စိတ်အလိုအတိုင်း ရန်ကုန်သို့ ကိုဗစ်ရောက်မလာမှာ သေချာသည်ဟုသာ ပြောစေချင်မှန်း ကျနော်သိသည်။

‘မင်းကြိုပြင်ထားစရာရှိရင် ပြင်ထားလို့ရအောင် ငါ့အမြင်ကို အမှန်အတိုင်းပြောတာပါ။’

‘အေးကွာ၊ သိထားတော့လည်း စက်ရုံပိတ်တာနဲ့ ငါ့မိန်းမရွာ ခဏပြန်နေဖို့ ကြိုပြင်ထားလို့ရတာပေါ့။ဘာမှမဖြစ်ရင်တော့ အကောင်းဆုံးပေါ့ကွာ။’ ဟု ဆိုသည်။

ဖုန်းချခါနီး ကျန်းမာရေးဂရုစိုက်ရန် ကျနော်ကပြောတော့ ‘စိတ်ချ၊ ငါပေါ့လျော့လို့ တခြားလူကူးစက်ခံရတာမျိုးမဖြစ်အောင် အမြဲတမ်းသတိထားတယ်။’ ဟု သူငယ်ချင်းကဆိုသည်။

နောက်ထပ် သူ့ဆီကဖုန်းမလာ။တစ်ကျော့ပြန်ကိုဗစ်က ရန်ကုန်သို့ရောက်ရှိလာရုံမက အရှိန်ပြင်းပြင်းဖြင့် ကူးစက်နှုန်းလည်းမြန်နေသဖြင့် သူငယ်ချင်းစက်ရုံလည်း ပိတ်သွားပြီလား၊ သူ့မိန်းမရွာသို့ပဲ ရောက်ရှိနေပြီလား။သူ့ထံ ကျနော်ဖုန်းခေါ်ကြည့်တော့ စက်ပိတ်ထားသည်သာကြားရသဖြင့် သူ့သတင်းဘာမှမသိ။သူ့အကြောင်း အတွေးထဲရောက်ရှိတိုင်း သူငယ်ချင်းပြောကြားခဲ့သည့် ကိုယ့်ပေါ့လျော့မှုကြောင့် တခြားလူသို့ မကူးစက်စေရဆိုသည့်စကားကို ကြားယောင်မိသည်။

(၂) သိပ်မကြာသေးသော တစ်ည၊ ရုံးမှပြန်ရောက်ပြီး ထမင်းစားရန်ပြင်ရုံရှိသေး ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းဝင်လာသည်။ကျနော် မနက်ဖြန် သင်္ဘောတက်တော့မည်တဲ့။သူက ဂျီတီအိုင်ကျောင်းမှာကတည်းက ကျနော့်ဘော်ဒါအရင်း၊ သင်္ဘောအင်ဂျင်နီယာ။သူက ပြီးခဲ့သည့်အခေါက် သင်္ဘောပေါ်မှပြန်ဆင်းလာပြီးနောက် အေးဆေးနား၊ သင်္ဘောပြန်တက်တော့မည်ဆိုတော့ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု အင်မတန်နည်းသေးသော်လည်း နိုင်ငံတကာ၌ သည်းထန်စွာဖြစ်ပေါ်နေသောအခြေအနေအရ သင်္ဘောပြန်တက်ဖို့ခက်ရ၊ ပြီးတော့ ကိုယ့်နိုင်ငံတွင်းပါ ပထမအကျော့ကိုဗစ်ဖြစ်လာသဖြင့် သင်္ဘောပြန်တက်ရန်ပိုခက်ရ။ထို့ကြောင့် သူ့အိတ်ကတ်တွင်း ငွေစကြေးစများ လုံးပါးပါးနေသည်မှာ ကြာပြီဖြစ်သော သူငယ်ချင်း။

‘သင်္ဘောက ကော့သောင်းမှာသွားတက်ရမှာ။မနက်ဖြန် ကုမ္ပဏီက စီးလုံးဌားထားတဲ့ကားနဲ့ ကျနော်တို့သင်္ဘောသားတွေတင်ပြီး ကော့သောင်းတိုက်ရိုက်မောင်းမယ်’ တဲ့။

ကိုဗစ်ကင်းစင်ကြောင်း လက်မှတ်ရရှိပြီးပြီဖြစ်၍ ကော့သောင်းတွင် ကျူဝင်စရာမလိုတော့။ကော့သောင်းရောက်လျှင် ကုမ္ပဏီစီစဉ်ထားသည့်ဟိုတယ်တွင် တစ်ညအိပ်။နောက်ရက်၊ သင်္ဘောကျောက်ချထားရာ ရေလယ်သို့သွား။မလွယ်သောကိုဗစ်တွင် လွယ်ခဲ့သမျှ အကုန်ခက်လိုက်မယ်ဆိုတာချည်း။

ကိုဗစ်တွေသည်းလာသော ရန်ကုန်တွင် သူ့မိန်းမနှင့် ၃ နှစ်အရွယ် သူ့သား တစ်အိမ်တည်းတွင် နှစ်ဦးသာကျန်ခဲ့သည်။အရင်အခေါက်တုန်းကလို သူသင်္ဘောတက်ချိန် မိန်းမနှင့်သားကို သူတို့ဇာတိရပ်ရွာသို့ ပို့ရအောင်လည်း ကိုဗစ်နှင့် Stay at Home သတ်မှတ်ချက်အရ အဆင်မပြေ။သူ့မိန်းမ၏ အမေကို ရန်ကုန်ခေါ်ဖို့ကလည်း အဆင်မပြေ။ယခုလိုအချိန်မျိုးတွင် မိန်းမနှင့်သား နှစ်ယောက်တည်းရှိနေတာကို ထားခဲ့ရသည်မှာ မည်သို့မျှမတတ်သာ၍ဖြစ်မှန်း ကျနော်နားလည်မိသည်။

(၃) စက်တင်ဘာ ၁၄ ရက်တွင် ကျနော့်ညီ ဖုန်းဝင်လာသည်။သူတို့သင်္ဘော သီလဝါဆိပ်ကမ်းနှင့် ခပ်လှမ်းလှမ်းနေရာတွင် ကျောက်ချထားပြီဟုဆိုသည်။နောက်တစ်ရက်လောက်ဆို သီလဝါဆိပ်ကမ်းသို့ကပ်မည်။သူတို့သင်္ဘောပေါ်က မြန်မာသင်္ဘောသား ၁၈ ယောက်စလုံး ပြန်ဆင်းကာ မြန်မာလူသစ် ၁၈ ယောက် ပြန်တက်မည်ဟု သိရသည်။

ကျနော့်ညီ နိုင်ငံခြားသင်္ဘောလိုက်နေသည်မှာ ၁၈ နှစ်ပြည့်ခါစကတည်းကမို့ သူက သင်္ဘောစက်ခန်းထဲတွင် လုပ်သက်ရင့်။သင်္ဘောထွက်ခဲ့သည့် အကြိမ်ရေမှာလည်း တော်တော့်ကိုများပြီ။ယခုတစ်ခေါက်က မြန်မာနိုင်ငံသို့ ကိုဗစ်မရောက်ခင် ဖေဖေါ်ဝါရီလကုန်ပိုင်းလောက်တွင် သင်္ဘောတက်သွားခြင်းဖြစ်သည်။ပုံမှန်အားဖြင့် တစ်ခေါက်သွား အနည်းဆုံး ၁၀ လကြာသော်လည်း ယခုအခေါက်မှာမူ ၆ လတာ။ထို ၆လတာစလုံးမှာ သူတို့ခြေဖဝါး မြေကြီးပေါ် လုံးဝမချလိုက်ရ။

‘သင်္ဘောကမ်းကပ်လည်း ဘယ်ဆိပ်ကမ်းမှ လူတက်ခွင့်မပေးတော့ ၆ လဆိုတာလည်း တော်တော်ကြာပြီး ဖိအားတော်တော်များတယ်။’ ဟု သူကပြောသည်။

သင်္ဘောပေါ် အစားအသောက်နှင့် နေထိုင်မှုက ပုံမှန်အတိုင်းကောင်းသော်လည်း ကိုဗစ်ကာလ ဘယ်နေ့ဘာဖြစ်မည်မသိသော ဖိစီးမှုကကြီးသလို နိုင်ငံတကာလေကြောင်းလိုင်းများ လုံးဝပိတ်လိုက်ခြင်းကြောင့် ဘယ်တော့များမှ အိမ်ပြန်ရမလဲဆိုသည့်ဖိစီးမှုက တွေးမိသည်အခါတိုင်း အိပ်ရေးပျက်ရ၊ ထိုအတွေးကလည်း တစ်ကိုယ်တော်အခန်းထဲရှိနေသည့်အခါတိုင်း ရောက်လာလေ့ရှိသည်ဟုဆိုသည်။

‘ကျနော်တို့ တော်တော်ကံကောင်းလို့ သင်္ဘောက သီလဝါကပ်စရာရှိလို့ အဆင်ပြေသွားတာ။ကယ်ဆယ်ရေးလေယာဉ်နဲ့သာဆို တော်တော်စိတ်ညစ်ရမှာ။’ ဟု ၎င်းက ဆက်လက်ပြောသည်။

စက်တင်ဘာ ၁၆ ရက် မနက်ရောက်တော့ ညီ၏ဖုန်းက ထပ်ဝင်လာသည်။သူတို့သင်္ဘောသား ၁၈ ယောက် သံပျင်ဆောင်တွင် ကွာလတင်းဝင်နေပြီတဲ့။သံပျင်ဆောင် ဘယ်နားလဲဟုမေးကြည့်တော့ ပညာရေးတက္ကသိုလ်ဝင်းထဲ။ကျနော်နှင့်နီးနီးလေးဆိုသော်လည်း ဧည့်လုံးဝလာခွင့်မရှိ။သူ့မိသားစုကိုပင် ယခုအထိ လုံးဝမတွေ့ရသေး။

နေရတာလည်းအဆင်ပြေ၊ စားရတာကလည်း အသားတစ်ခွက်၊ အသီးအရွက်တစ်ခွက်နှင့် အရည်သောက်ပင်ပါလိုက်သေးဟုဆိုကာ မက်ဆင်ဂျာမှနေ၍ ဓာတ်ပုံရိုက်ပို့လိုက်သေးသည်။

နောက် ၂ ရက်ကြာတော့ သင်္ဘောသားတို့၏ လုပ်အားဒါနဟုဆိုကာ သူ့ဖေ့စ်ဘွတ်ခ်ပေါ် ဓာတ်ပုံများတင်ထားသည်ကို တွေ့ရသည်။ရေးထားသည့်စာနှင့် ဓာတ်ပုံတစ်ပုံချင်းကို သေချာဖြဲကြည့်လိုက်ရာ သူတို့ ၁၈ ဦးက သူတို့ကျူဝင်နေသော သံပျင်ဆောင်အိမ်သာ၊ ရေချိုးခန်း၊ ဘေစင် တိုက်ချွတ်ဆေးကြောခြင်း၊ မကောင်းသည့်ရေပိုက်များ ပြန်လည်ပြုပြင်ခြင်းနှင့် သံကုတင်များကို ကော်ပတ်စား၊ ဆေးသုတ်ခြင်း အစီအစဉ်။

မနေနိုင်၍ ဖုန်းဆက်မေးကြည့်တော့ ‘နေတာရောကျွေးတာရော ကျနော်တို့ကို အခမဲ့ကျွေးနေတာလေ။ကျနော်တို့လည်း တတ်နိုင်သလောက် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရေပိုက်တွေဘာတွေပြန်ပြင်ပေး၊ ဆေးကြောပေးနေတာ မပြောပလောက်ပါဘူး။ကျူကနေပြန်ထွက်ရင်လည်း ကျနော်တို့တတ်နိုင်သလောက် စုပေါင်းလှူကြဦးမယ်’ ဟု ဆိုသဖြင့် ဝမ်းမြောက်ရသည်။

တာဝန်သိစိတ်ဟု ဆိုရမည်ထင်၏။သူတို့သည်လည်း သိပ်အဆင်ပြေလွန်းလှတာတော့မဟုတ်။သင်္ဘောသားဆိုတာက သိတဲ့အတိုင်း သင်္ဘောပေါ်ရောက်မှသာ ဝင်ငွေရှိသည့်အစားထဲက။ယခု ကိုဗစ်ကာလကြီးထဲတွင် သင်္ဘောပေါ်မှာတုန်းက ဘယ်အချိန်ကျမှ အိမ်ပြန်ရမည်မသိသဖြင့် တွေးပူခဲ့ရသလို ယခု သင်္ဘောပေါ်မှဆင်းလာပြီဆိုတော့လည်း ဘယ်အချိန်ကျမှ သင်္ဘောပြန်တက်ရမည်လဲ မသေချာ။သင်္ဘောပြန်မတက်ရမချင်း သူတို့၏ဝင်ငွေမှာ ဇီးရိုး။

တစ်ကမ္ဘာလုံးမိုးပြိုကျခြင်းမို့ အဆင်မပြေဘူးဆိုသည့် ဝေါဟာရမှာ လူတိုင်းအတွက်ပင်ဖြစ်သည်။သူဌေးလည်း သူဌေးအလျှောက် ဆင်းရဲသားများကျတော့ စားစရာပင်မရှိသည့်အနေအထား။အလုပ်ပြုတ်သူကပြုတ်ဖြင့် ဝရုန်းသုန်းကားနေ့စွဲများဖြစ်သည်။

ဝရုန်းသုန်းကားနေ့စွဲများကို မြန်မြန်ဆန်ဆန်ဖြတ်ကျော်စရာ တစ်ခုတည်းသောနည်းလမ်းမှာ တာဝန်သိစိတ်နှင့် ကိုယ်ချင်းစာစိတ်ဖြစ်သည်။ငါ့အတွက်ဆိုသည့်စိတ်ကို ကျနော်တို့ အတတ်နိုင်ဆုံးဖျောက်ထားကြရန် လိုပေမည်။တစ်ကျော့ပြန်ကိုဗစ်တွင် မည်သူမဆို ကိုဗစ်ပိုးကူးစက်ခံရနိုင်သည်မှာ မှန်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အတိုင်း လုံခြုံမှုရှိစွာနေထိုင်ခြင်းသည် အနိမ့်ဆုံးအဆင့် မိမိကိုယ်မိမိ တာဝန်ယူခြင်းဖြစ်သည်။ထို့ပြင် မိမိ၏တာဝန်မဲ့မှုကြောင့် အခြားသူများတစ်ခုခုမဖြစ်စေရေးသည်လည်း သိပ်အရေးကြီးလှပေသည်။

လင်းဆက်ငြိမ်းချမ်း
စက်တင်ဘာ - ၂၆

( Zawgyi )

(၁) စစ္ေတြတြင္ တစ္ေက်ာ့ျပန္ကိုဗစ္ ျပန္လည္ေတြ႕ရွိၿပီးခါစ ၾသဂုတ္၂၀ ရက္မတိုင္မီ သူငယ္ခ်င္းတစ္ေယာက္ ဖုန္းဆက္သည္။သူက လႈိင္သာယာၿမိဳ႕နယ္အတြင္းရွိ စက္႐ုံတစ္႐ုံတြင္ မန္ေနဂ်ာအျဖစ္ အသက္ေမြးေနသူ။သားနဲ႔မယားနဲ႔ အိမ္ငွားခနဲ႔၊ နဂိုကတည္းက လကုန္ပိုင္းဆို အသက္ရႉမမွန္ခ်င္သည့္ သူတို႔၏စားဝတ္ေနေရးမွာ ကိုဗစ္ေတြဘာေတြျဖစ္၊ လစာေတြဘာေတြအေလွ်ာ့ခံရေတာ့ ပိုျပာရသည္။

‘ေနာက္တစ္ႀကိမ္ ကိုဗစ္သာဆိုရင္ေတာ့ ငါတို႔စက္႐ုံလည္း ရပ္ဖို႔မ်ားသြားၿပီ။အဲဒါေၾကာင့္ အေျခအေနဘယ္လိုရွိလဲလို႔ မင္းကိုလွမ္းေမးတာ။’

က်ေနာ္က သတင္းအခ်က္အလက္မ်ားျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳေနသူမို႔ ရခိုင္ျပည္နယ္တြင္ စတင္ေနၿပီျဖစ္ေသာ တစ္ေက်ာ့ျပန္ကိုဗစ္သည္ ရန္ကုန္သို႔ ကူးႏိုင္ေျခ ရွိ၊ မရွိ က်ေနာ့္ထံ ထင္ျမင္ခ်က္ေတာင္းျခင္းျဖစ္သည္။

‘တ႐ုတ္ကေန တစ္ကမာၻလုံးဆီေတာင္ျပန႔္ခဲ့ေသးတာ။ရခိုင္နဲ႔ ရန္ကုန္ကေတာ့ ကိုဗစ္အတြက္ လက္တပစ္စာေတာင္မရွိဘူး။’ ဟု က်ေနာ္ျမင္သလို အမွန္အတိုင္းေျပာျပလိုက္သည္။သူက က်ေနာ့္ကို ဒါမ်ိဳးေျပာေစခ်င္ပုံမေပၚ။သူ႔စိတ္အလိုအတိုင္း ရန္ကုန္သို႔ ကိုဗစ္ေရာက္မလာမွာ ေသခ်ာသည္ဟုသာ ေျပာေစခ်င္မွန္း က်ေနာ္သိသည္။

‘မင္းႀကိဳျပင္ထားစရာရွိရင္ ျပင္ထားလို႔ရေအာင္ ငါ့အျမင္ကို အမွန္အတိုင္းေျပာတာပါ။’

‘ေအးကြာ၊ သိထားေတာ့လည္း စက္႐ုံပိတ္တာနဲ႔ ငါ့မိန္းမ႐ြာ ခဏျပန္ေနဖို႔ ႀကိဳျပင္ထားလို႔ရတာေပါ့။ဘာမွမျဖစ္ရင္ေတာ့ အေကာင္းဆုံးေပါ့ကြာ။’ ဟု ဆိုသည္။

ဖုန္းခ်ခါနီး က်န္းမာေရးဂ႐ုစိုက္ရန္ က်ေနာ္ကေျပာေတာ့ ‘စိတ္ခ်၊ ငါေပါ့ေလ်ာ့လို႔ တျခားလူကူးစက္ခံရတာမ်ိဳးမျဖစ္ေအာင္ အၿမဲတမ္းသတိထားတယ္။’ ဟု သူငယ္ခ်င္းကဆိုသည္။

ေနာက္ထပ္ သူ႔ဆီကဖုန္းမလာ။တစ္ေက်ာ့ျပန္ကိုဗစ္က ရန္ကုန္သို႔ေရာက္ရွိလာ႐ုံမက အရွိန္ျပင္းျပင္းျဖင့္ ကူးစက္ႏႈန္းလည္းျမန္ေနသျဖင့္ သူငယ္ခ်င္းစက္႐ုံလည္း ပိတ္သြားၿပီလား၊ သူ႔မိန္းမ႐ြာသို႔ပဲ ေရာက္ရွိေနၿပီလား။သူ႔ထံ က်ေနာ္ဖုန္းေခၚၾကည့္ေတာ့ စက္ပိတ္ထားသည္သာၾကားရသျဖင့္ သူ႔သတင္းဘာမွမသိ။သူ႔အေၾကာင္း အေတြးထဲေရာက္ရွိတိုင္း သူငယ္ခ်င္းေျပာၾကားခဲ့သည့္ ကိုယ့္ေပါ့ေလ်ာ့မႈေၾကာင့္ တျခားလူသို႔ မကူးစက္ေစရဆိုသည့္စကားကို ၾကားေယာင္မိသည္။

(၂) သိပ္မၾကာေသးေသာ တစ္ည၊ ႐ုံးမွျပန္ေရာက္ၿပီး ထမင္းစားရန္ျပင္႐ုံရွိေသး ေက်ာင္းေနဘက္ သူငယ္ခ်င္းတစ္ေယာက္ဆီက ဖုန္းဝင္လာသည္။က်ေနာ္ မနက္ျဖန္ သေဘၤာတက္ေတာ့မည္တဲ့။သူက ဂ်ီတီအိုင္ေက်ာင္းမွာကတည္းက က်ေနာ့္ေဘာ္ဒါအရင္း၊ သေဘၤာအင္ဂ်င္နီယာ။သူက ၿပီးခဲ့သည့္အေခါက္ သေဘၤာေပၚမွျပန္ဆင္းလာၿပီးေနာက္ ေအးေဆးနား၊ သေဘၤာျပန္တက္ေတာ့မည္ဆိုေတာ့ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ကူးစက္မႈ အင္မတန္နည္းေသးေသာ္လည္း ႏိုင္ငံတကာ၌ သည္းထန္စြာျဖစ္ေပၚေနေသာအေျခအေနအရ သေဘၤာျပန္တက္ဖို႔ခက္ရ၊ ၿပီးေတာ့ ကိုယ့္ႏိုင္ငံတြင္းပါ ပထမအေက်ာ့ကိုဗစ္ျဖစ္လာသျဖင့္ သေဘၤာျပန္တက္ရန္ပိုခက္ရ။ထို႔ေၾကာင့္ သူ႔အိတ္ကတ္တြင္း ေငြစေၾကးစမ်ား လုံးပါးပါးေနသည္မွာ ၾကာၿပီျဖစ္ေသာ သူငယ္ခ်င္း။

‘သေဘၤာက ေကာ့ေသာင္းမွာသြားတက္ရမွာ။မနက္ျဖန္ ကုမၸဏီက စီးလုံးဌားထားတဲ့ကားနဲ႔ က်ေနာ္တို႔သေဘၤာသားေတြတင္ၿပီး ေကာ့ေသာင္းတိုက္႐ိုက္ေမာင္းမယ္’ တဲ့။

ကိုဗစ္ကင္းစင္ေၾကာင္း လက္မွတ္ရရွိၿပီးၿပီျဖစ္၍ ေကာ့ေသာင္းတြင္ က်ဴဝင္စရာမလိုေတာ့။ေကာ့ေသာင္းေရာက္လွ်င္ ကုမၸဏီစီစဥ္ထားသည့္ဟိုတယ္တြင္ တစ္ညအိပ္။ေနာက္ရက္၊ သေဘၤာေက်ာက္ခ်ထားရာ ေရလယ္သို႔သြား။မလြယ္ေသာကိုဗစ္တြင္ လြယ္ခဲ့သမွ် အကုန္ခက္လိုက္မယ္ဆိုတာခ်ည္း။

ကိုဗစ္ေတြသည္းလာေသာ ရန္ကုန္တြင္ သူ႔မိန္းမႏွင့္ ၃ ႏွစ္အ႐ြယ္ သူ႔သား တစ္အိမ္တည္းတြင္ ႏွစ္ဦးသာက်န္ခဲ့သည္။အရင္အေခါက္တုန္းကလို သူသေဘၤာတက္ခ်ိန္ မိန္းမႏွင့္သားကို သူတို႔ဇာတိရပ္႐ြာသို႔ ပို႔ရေအာင္လည္း ကိုဗစ္ႏွင့္ Stay at Home သတ္မွတ္ခ်က္အရ အဆင္မေျပ။သူ႔မိန္းမ၏ အေမကို ရန္ကုန္ေခၚဖို႔ကလည္း အဆင္မေျပ။ယခုလိုအခ်ိန္မ်ိဳးတြင္ မိန္းမႏွင့္သား ႏွစ္ေယာက္တည္းရွိေနတာကို ထားခဲ့ရသည္မွာ မည္သို႔မွ်မတတ္သာ၍ျဖစ္မွန္း က်ေနာ္နားလည္မိသည္။

(၃) စက္တင္ဘာ ၁၄ ရက္တြင္ က်ေနာ့္ညီ ဖုန္းဝင္လာသည္။သူတို႔သေဘၤာ သီလဝါဆိပ္ကမ္းႏွင့္ ခပ္လွမ္းလွမ္းေနရာတြင္ ေက်ာက္ခ်ထားၿပီဟုဆိုသည္။ေနာက္တစ္ရက္ေလာက္ဆို သီလဝါဆိပ္ကမ္းသို႔ကပ္မည္။သူတို႔သေဘၤာေပၚက ျမန္မာသေဘၤာသား ၁၈ ေယာက္စလုံး ျပန္ဆင္းကာ ျမန္မာလူသစ္ ၁၈ ေယာက္ ျပန္တက္မည္ဟု သိရသည္။

က်ေနာ့္ညီ ႏိုင္ငံျခားသေဘၤာလိုက္ေနသည္မွာ ၁၈ ႏွစ္ျပည့္ခါစကတည္းကမို႔ သူက သေဘၤာစက္ခန္းထဲတြင္ လုပ္သက္ရင့္။သေဘၤာထြက္ခဲ့သည့္ အႀကိမ္ေရမွာလည္း ေတာ္ေတာ့္ကိုမ်ားၿပီ။ယခုတစ္ေခါက္က ျမန္မာႏိုင္ငံသို႔ ကိုဗစ္မေရာက္ခင္ ေဖေဖၚဝါရီလကုန္ပိုင္းေလာက္တြင္ သေဘၤာတက္သြားျခင္းျဖစ္သည္။ပုံမွန္အားျဖင့္ တစ္ေခါက္သြား အနည္းဆုံး ၁၀ လၾကာေသာ္လည္း ယခုအေခါက္မွာမူ ၆ လတာ။ထို ၆လတာစလုံးမွာ သူတို႔ေျခဖဝါး ေျမႀကီးေပၚ လုံးဝမခ်လိုက္ရ။

‘သေဘၤာကမ္းကပ္လည္း ဘယ္ဆိပ္ကမ္းမွ လူတက္ခြင့္မေပးေတာ့ ၆ လဆိုတာလည္း ေတာ္ေတာ္ၾကာၿပီး ဖိအားေတာ္ေတာ္မ်ားတယ္။’ ဟု သူကေျပာသည္။

သေဘၤာေပၚ အစားအေသာက္ႏွင့္ ေနထိုင္မႈက ပုံမွန္အတိုင္းေကာင္းေသာ္လည္း ကိုဗစ္ကာလ ဘယ္ေန႔ဘာျဖစ္မည္မသိေသာ ဖိစီးမႈကႀကီးသလို ႏိုင္ငံတကာေလေၾကာင္းလိုင္းမ်ား လုံးဝပိတ္လိုက္ျခင္းေၾကာင့္ ဘယ္ေတာ့မ်ားမွ အိမ္ျပန္ရမလဲဆိုသည့္ဖိစီးမႈက ေတြးမိသည္အခါတိုင္း အိပ္ေရးပ်က္ရ၊ ထိုအေတြးကလည္း တစ္ကိုယ္ေတာ္အခန္းထဲရွိေနသည့္အခါတိုင္း ေရာက္လာေလ့ရွိသည္ဟုဆိုသည္။

‘က်ေနာ္တို႔ ေတာ္ေတာ္ကံေကာင္းလို႔ သေဘၤာက သီလဝါကပ္စရာရွိလို႔ အဆင္ေျပသြားတာ။ကယ္ဆယ္ေရးေလယာဥ္နဲ႔သာဆို ေတာ္ေတာ္စိတ္ညစ္ရမွာ။’ ဟု ၎က ဆက္လက္ေျပာသည္။

စက္တင္ဘာ ၁၆ ရက္ မနက္ေရာက္ေတာ့ ညီ၏ဖုန္းက ထပ္ဝင္လာသည္။သူတို႔သေဘၤာသား ၁၈ ေယာက္ သံပ်င္ေဆာင္တြင္ ကြာလတင္းဝင္ေနၿပီတဲ့။သံပ်င္ေဆာင္ ဘယ္နားလဲဟုေမးၾကည့္ေတာ့ ပညာေရးတကၠသိုလ္ဝင္းထဲ။က်ေနာ္ႏွင့္နီးနီးေလးဆိုေသာ္လည္း ဧည့္လုံးဝလာခြင့္မရွိ။သူ႔မိသားစုကိုပင္ ယခုအထိ လုံးဝမေတြ႕ရေသး။

ေနရတာလည္းအဆင္ေျပ၊ စားရတာကလည္း အသားတစ္ခြက္၊ အသီးအ႐ြက္တစ္ခြက္ႏွင့္ အရည္ေသာက္ပင္ပါလိုက္ေသးဟုဆိုကာ မက္ဆင္ဂ်ာမွေန၍ ဓာတ္ပုံ႐ိုက္ပို႔လိုက္ေသးသည္။

ေနာက္ ၂ ရက္ၾကာေတာ့ သေဘၤာသားတို႔၏ လုပ္အားဒါနဟုဆိုကာ သူ႔ေဖ့စ္ဘြတ္ခ္ေပၚ ဓာတ္ပုံမ်ားတင္ထားသည္ကို ေတြ႕ရသည္။ေရးထားသည့္စာႏွင့္ ဓာတ္ပုံတစ္ပုံခ်င္းကို ေသခ်ာၿဖဲၾကည့္လိုက္ရာ သူတို႔ ၁၈ ဦးက သူတို႔က်ဴဝင္ေနေသာ သံပ်င္ေဆာင္အိမ္သာ၊ ေရခ်ိဳးခန္း၊ ေဘစင္ တိုက္ခြၽတ္ေဆးေၾကာျခင္း၊ မေကာင္းသည့္ေရပိုက္မ်ား ျပန္လည္ျပဳျပင္ျခင္းႏွင့္ သံကုတင္မ်ားကို ေကာ္ပတ္စား၊ ေဆးသုတ္ျခင္း အစီအစဥ္။

မေနႏိုင္၍ ဖုန္းဆက္ေမးၾကည့္ေတာ့ ‘ေနတာေရာေကြၽးတာေရာ က်ေနာ္တို႔ကို အခမဲ့ေကြၽးေနတာေလ။က်ေနာ္တို႔လည္း တတ္ႏိုင္သေလာက္ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္ ေရပိုက္ေတြဘာေတြျပန္ျပင္ေပး၊ ေဆးေၾကာေပးေနတာ မေျပာပေလာက္ပါဘူး။က်ဴကေနျပန္ထြက္ရင္လည္း က်ေနာ္တို႔တတ္ႏိုင္သေလာက္ စုေပါင္းလႉၾကဦးမယ္’ ဟု ဆိုသျဖင့္ ဝမ္းေျမာက္ရသည္။

တာဝန္သိစိတ္ဟု ဆိုရမည္ထင္၏။သူတို႔သည္လည္း သိပ္အဆင္ေျပလြန္းလွတာေတာ့မဟုတ္။သေဘၤာသားဆိုတာက သိတဲ့အတိုင္း သေဘၤာေပၚေရာက္မွသာ ဝင္ေငြရွိသည့္အစားထဲက။ယခု ကိုဗစ္ကာလႀကီးထဲတြင္ သေဘၤာေပၚမွာတုန္းက ဘယ္အခ်ိန္က်မွ အိမ္ျပန္ရမည္မသိသျဖင့္ ေတြးပူခဲ့ရသလို ယခု သေဘၤာေပၚမွဆင္းလာၿပီဆိုေတာ့လည္း ဘယ္အခ်ိန္က်မွ သေဘၤာျပန္တက္ရမည္လဲ မေသခ်ာ။သေဘၤာျပန္မတက္ရမခ်င္း သူတို႔၏ဝင္ေငြမွာ ဇီး႐ိုး။

တစ္ကမာၻလုံးမိုးၿပိဳက်ျခင္းမို႔ အဆင္မေျပဘူးဆိုသည့္ ေဝါဟာရမွာ လူတိုင္းအတြက္ပင္ျဖစ္သည္။သူေဌးလည္း သူေဌးအေလွ်ာက္ ဆင္းရဲသားမ်ားက်ေတာ့ စားစရာပင္မရွိသည့္အေနအထား။အလုပ္ျပဳတ္သူကျပဳတ္ျဖင့္ ဝ႐ုန္းသုန္းကားေန႔စြဲမ်ားျဖစ္သည္။

ဝ႐ုန္းသုန္းကားေန႔စြဲမ်ားကို ျမန္ျမန္ဆန္ဆန္ျဖတ္ေက်ာ္စရာ တစ္ခုတည္းေသာနည္းလမ္းမွာ တာဝန္သိစိတ္ႏွင့္ ကိုယ္ခ်င္းစာစိတ္ျဖစ္သည္။ငါ့အတြက္ဆိုသည့္စိတ္ကို က်ေနာ္တို႔ အတတ္ႏိုင္ဆုံးေဖ်ာက္ထားၾကရန္ လိုေပမည္။တစ္ေက်ာ့ျပန္ကိုဗစ္တြင္ မည္သူမဆို ကိုဗစ္ပိုးကူးစက္ခံရႏိုင္သည္မွာ မွန္ေသာ္လည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အတိုင္း လုံၿခဳံမႈရွိစြာေနထိုင္ျခင္းသည္ အနိမ့္ဆုံးအဆင့္ မိမိကိုယ္မိမိ တာဝန္ယူျခင္းျဖစ္သည္။ထို႔ျပင္ မိမိ၏တာဝန္မဲ့မႈေၾကာင့္ အျခားသူမ်ားတစ္ခုခုမျဖစ္ေစေရးသည္လည္း သိပ္အေရးႀကီးလွေပသည္။

လင္းဆက္ၿငိမ္းခ်မ္း
စက္တင္ဘာ - ၂၆