【 ဆောင်းပါး 】 ''လူရိုးက သင်္ချိုင်းမှာတဲ့လား''

【 ဆောင်းပါး 】 ''လူရိုးက သင်္ချိုင်းမှာတဲ့လား''

သြော် …. မရိုးသားတဲ့လူတွေက ရိုးသားမှုကို လိုချင်တယ်။ကိုယ်ကသာ ကလိမ်ကကျစ် ကိုယ့်အပေါ်ကိုတော့ တခြားလူတွေက ရိုးရိုးသားသားဆက်ဆံမှ ကြိုက်ကြတဲ့သဘော။မပြောမပြောချင်တာမို့ မပြောမပြောတော့ဘူးရယ်လို့ စိတ်ကဆုံးဖြတ်ထားပေမယ့် လူငယ်တွေဆီကို ကျင့်ပျက်ပိုးတွေ ကူးမှာစိုးတာမို့ ပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။

အလုပ်ရှင်အချို့ ဝန်ထမ်းခေါ်တယ်။ရိုးသားကြိုးစားရမယ်ဆိုတဲ့အချက် ထည့်ခေါ်တတ်တာ တွေ့ရတယ်။အဲဒီလိုခေါ်တဲ့ အလုပ်ရှင်တွေထဲမှာ တချို့က သူတို့ကိုယ်တိုင် ရိုးသားလို့ ရိုးသားတဲ့သူကို အလိုရှိကြတာဖြစ်ပေမယ့် တချို့အလုပ်ရှင်တွေကတော့ သူတို့က အလုပ်သမားအပေါ် ဂျင်း (ချင်း) ထည့်ရလွယ်အောင် ခိုင်းလို့လည်းကောင်းပြီး ရိုးတဲ့အတဲ့သူတွေကို အလိုရှိတာဖြစ်ပါတယ်။

ဂျင်း (ချင်း) ထည့်တယ်ဆိုတာက ဗန်းစကားအရ ပြောတာပါ။တကယ်က ရိုးတဲ့ အတဲ့ အလုပ်သမားတွေဆို လုပ်အားခ၊ အလုပ်ချိန်နဲ့ အခြား အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်က မရိုးမသား ကလိမ်ကကျစ်လုပ်လို့ လွယ်တာကို ဂျင်း (ချင်း) ထည့်ရ လွယ်တယ်ဆိုပြီး ခိုင်းနှိုင်းပြောဆိုချင်တာ ဖြစ်ပါတယ်။တချို့အလုပ်ရှင်တွေဆို သူတို့ မရိုးမသားလုပ်သမျှ ခေါင်းခံဖို့ တပည့်မွေးပြီး ထိုးကျွေးတာတွေလည်း ရှိပါတယ်။အလုပ်သမားက ရိုးသားတော့ သူ့အလုပ်ရှင်က သူ့ကိုအားကိုးတယ်ပဲထင်ပြီး အလုပ်နဲ့မသက်ဆိုင်တဲ့ သေကွင်းသေကွက် ဘဝပျက်မယ့်ကိစ္စတွေ ခိုင်းလည်း ပျော်ပျော်ကြီးလုပ်ကြတာပေါ့။အဲဒါမျိုးတွေ မလုပ်ပေးတဲ့ အလုပ်သမားတွေ လူငယ်တွေကို မရိုးသားဘူးလို့ မဆိုလိုပါဘူး။
ရိုးသားတာ မရိုးသားတာထက် အဲဒီလိုလူငယ်တွေက အတွေးအခေါ်နဲ့ အသိပညာ ဗဟုသုတ အားကောင်းတယ်လို့ ပြောရမှာဖြစ်ပါတယ်။သူတို့တွေက ရိုးတော့ရိုးသားတယ် မအတဲ့ သဘောပါ။အစောကပြောခဲ့တဲ့ လုပ်ငန်းရှင်တချို့ အလိုရှိတဲ့ ရိုးသားတဲ့လူတွေဆိုတာက ရိုးသားတာအပြင် အတွေးအခေါ်နဲ့ အသိပညာ ဗဟုသုတ အားနည်းသူတွေဖြစ်ပါတယ်။
တစ်နည်းဆိုရင် ရိုးတာကနေ အတဲ့ဘက်ကို ရောက်နေတဲ့ လူမျိုးတွေပေါ့။

ဒီလိုပြောလို့ အလုပ်ရှင်အများစုက မရိုးသားဘူး မကောင်းဘူးလို့ မဆိုလိုပါဘူး။အလုပ်ရှင်တွေထဲမှာ ဝန်ထမ်းတွေအပေါ် ငဲ့ညှာပြီး မိသားစုဝင်တွေလိုပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံစောင့်ရှောက်တဲ့ အလုပ်ရှင်တွေလည်း အများကြီးပါ။

လူတချို့ပြောလေ့ရှိတဲ့ နောက်ထပ်စကားတခွန်း ရှိပါသေးတယ်။အခုခေတ်မှာ လူရိုးကိုရှာချင် သင်္ချိုင်းမှာသွားကြည့် အဲဒီမှာပဲရှိမယ်တဲ့။အဲဒီစကားပြောတဲ့သူတွေကို ကြည့်လိုက်ရင် သူတို့ကိုယ်၌က မရိုးသားချင်ကြတဲ့ ကလိမ်ကကျစ်တွေချည်းပဲဆိုတာ သွားတွေ့ရတယ်။မကောင်းမမှုမှာ မွေ့ပျော်သူတွေ များလာတော့ အဲဒီမကောင်းမှုတွေ လုပ်နေတာကိုက ကောင်းမှုကိစ္စကို သရုပ်ဖော်နေသယောင် ထင်ယောင်ထင်မှားဖြစ်သွားစေတာမို့ နောင်လာနောက်သား လူငယ်တွေအတွက် ရင်လေးစရာပါ။

ဥပမာဆိုပါစို့။ပစ္စည်းတစ်ခုရောင်းတော့မယ်ဆို စားသုံးသူ ထင်ယောင်ထင်မှားဖြစ်အောင် နစ်နာအောင် မရိုးမသား ပရိုမိုးရှင်းသဘော စွဲဆောင်ပြီး အလုပ်အောင်မြင်အောင် လုပ်နိုင်ရင်ကို သူတို့ဉာဏ်ကောင်းတာ၊ လုပ်ငန်းကျွမ်းကျင်တာလို့ ထင်ကြတယ်။အဲဒီလိုထင်အောင်လည်း အလုပ်ရှင်တချို့က မြှောက်ပေးပါတယ်။ဝန်ထမ်းတွေက စားသုံးသူတွေအပေါ် များများလှည့်ပတ်ပြီး တွစ်လုပ်နိုင်လေ သူတို့လုပ်ငန်းအောင်မြင်လေ ဖြစ်မှာမို့ပါ။

အထူးသဖြင့် အတွေးအခေါ် မရင့်ကျက်တဲ့ လူငယ်တွေ၊ ခေတ်စကားနဲ့ပြောမယ်ဆိုရင် ဉာဏ်နည်းတဲ့ လူငယ်တွေအတွက် အဆိပ်အတောက်တွေပေါ့။အခုခေတ် လူငယ်တွေထဲမှာ တချို့က ကိုယ်ခံအားနည်းတယ်လို့ ပြောရမယ်။ကိုယ်ခံအားနည်းတယ်ဆိုလို့ ကျန်းမာရေးမကောင်းပဲ မကြာခဏဖျားတတ်တာကို ပြောတယ်မထင်ပါနဲ့။ဦးနှောက်နဲ့ အသိဉာဏ် အကျင့်စာရိတ္တပိုင်းမှာ ကိုယ်ခံအားနည်းတယ်လို့ ပြောချင်တာဖြစ်ပါတယ်။အဲဒီလိုလူငယ်တွေက ကျောသပ်တာမခံနိုင်ပါဘူး။ဘရိန်းဝက်ရှ် (Brainwash) လုပ်တာ မခံနိုင်ပါဘူး။ဆိုလိုတာက အလုပ်ရှင်က ရာထူးနဲ့လစာ ကောင်းကောင်းပေးပြီး မဟုတ်တာမမှန်တာ မရိုးမသားလုပ်ခိုင်းတာမှန်သမျှ လူငယ်အချို့က အကုန်လိုက်လုပ်ပါတယ်။
ဒါက ကျောသပ်တာမခံနိုင်တဲ့ သဘောပါ။နောက်တစ်ခုက အလုပ်ရှင်နဲ့ အထက်လူကြီးက ကိုယ့်ခေါင်းထဲ ရိုက်သွင်းထားတဲ့ အယူအဆ သင်ပေးသမျှ မြှောက်ပေးသမျှတွေကို ဦးနှောက်က မဝေဖန်မပိုင်းခြားတော့ဘဲ အမှန်တရားထင်ပြီး ဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ကြ လိုက်လုပ်ကြတော့တာပါပဲ။ဒါက ဘရိန်းဝက်ရှ် (Brainwash) လုပ်တာ မခံနိုင်တဲ့သဘောပါ။

ကိုယ်တွေ့ကြုံတာကို ပြောပါမယ်။အလုပ်အတူလုပ်တဲ့ ညီငယ်တစ်ယောက် အကြောင်းပါ။လမ်းစရိတ်ကို လိမ်ထုတ်ပါတယ်။ဒါမျိုးမလုပ်ဖို့နဲ့ ဒါကမရိုးသားတာလို့ ကိုယ်ကပြောတော့ လူတိုင်းလုပ်နေတာပဲတဲ့၊ ကိုယ်မလုပ်ရင် ကိုယ့်အခွင့်အရေးဆုံးရှုံးမယ်တဲ့။ဒီဘက်ခေတ်ထဲ ဒါကို မရိုးသားတာလို့ မခေါ်ဘူးတဲ့ လိမ္မာပါးနပ်တာတဲ့၊ လူနပ်ချမ်းသာတဲ့ခေတ်တဲ့။လူက မနပ်ရင် မချမ်းသာဘူးတဲ့၊ သြော် သူအဲဒီလိုပြောချိန်မှာ ဘေးမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် လူငယ်တွေကလည်း ထောက်ခံတယ်။ဒါအမှန်ပဲတဲ့လေ။

နောက်ထပ်ဖြစ်ရပ်တစ်ခု။ အလုပ်ရှင်တစ်ယောက်က ဝန်ထမ်းအတွက် အသက်အန္တရာယ်ရော၊ ဘဝပျက်နိုင်တဲ့အန္တရာယ်ပါရှိတဲ့ အလုပ်တစ်ခုကို ခိုင်းပါတယ်။ခိုင်းရင်းနဲ့ အဲဒီဝန်ထမ်းရဲ့ အထက်က အုပ်ချုပ်သူကို ဝန်ထမ်းရှေ့မှာတင် မှာလိုက်တယ်။ဒီခရီး ဒီကိစ္စက အကုန်အကျများမယ့်ခရီးတဲ့ စရိတ်များများထည့်ပေးလိုက်တဲ့၊ လိုရင်ထပ်တောင်းရင် လိုသလောက် ငွေကိုအမြန်လွှဲပေးလိုက်တဲ့။အဲဒီဝန်ထမ်းက အရင်ကတည်းက အတော်ငွေမက်တဲ့သူဆိုတာ အလုပ်ရှင်က သူ့စရိုက်ကိုသိပြီးသား။

ဒါကြောင့်လည်း ဝန်ထမ်းတွေအများကြီး ရှိတဲ့အထဲကမှ ဒီလိုအန္တရာယ်ရှိတဲ့အလုပ်ကို ဒီဝန်ထမ်းကို ရွေးခိုင်းတာဖြစ်ပါတယ်။အဲဒီဝန်ထမ်းကလည်း ငွေမက်တာမို့ ငွေလိုသလောက် စရိတ်ထုတ်လို့ရတယ်လည်းဆိုရော ဟန်တောင်မဆောင်နိုင်ဘူး မျက်နှာကြီးကိုဖြီးလို့။ဒီဖြစ်ရပ်ပေါ်မှာ ဘာတွေးမိလဲဆိုတော့ သူ့အရပ်နဲ့ သူ့ဇာတ်တော့လည်း ကိုက်သားပဲလို့ပေါ့။ဒီဖြစ်စဉ်မှာ အလုပ်ရှင်က သူလိုတာရဖို့ မရိုးသားတဲ့ဝန်ထမ်းကို ငွေနဲ့ပေါက်ပြီး မရိုးသားတဲ့နည်းနဲ့ အသုံးချလိုက်တာပါပဲ။

ဒီနေရာမှာ လူငယ်တွေကို ပြောလိုတာက ရပိုင်ခွင့်နဲ့ အခွင့်အရေးဆိုတာကို ကွဲကွဲပြားပြား သိစေချင်ပါတယ်။ရပိုင်ခွင့်ဆိုတာ မဖြစ်မနေတောင်းရမယ့်၊ ရရမယ့် အရာပါ။အခွင့်အရေးဆိုတာကတော့ အခြေအနေအချိန်အခါပေါ် မူတည်ပြီး ပေါ်လာတတ်တာ ဖြစ်ပါတယ်။ရပိုင်ခွင့်မဟုတ်ပါဘူး။ဒါကြောင့်မို့ ရှေးစကားရှိပါတယ်။အခွင့်အရေးဆိုတာ ရတိုင်းယူလို့မကောင်းဘူးတဲ့။ဘာလို့အဲဒီလိုပြောရတာလည်းဆိုတော့ ရပိုင်ခွင့်ရဲ့သဘောက ကိုယ်ကအရင်ပေးပြီးတော့မှ ပြန်ရတဲ့သဘောပါ။အခွင့်အရေးဆိုတာက ကိုယ်ကအရင်ယူပြီး နောက်မှပြန်ပေးရတဲ့ သဘောပါ။ဒီတော့ ရပိုင်ခွင့်ကိုယူတာက လိပ်ပြာပိုသန့်နိုင်သလို အနှောင်အဖွဲ့လည်း ကင်းပါတယ်။အခွင့်အရေးယူတာကတော့ ကိုယ်က အရင်ယူထားတာဖြစ်လို့ ကိုယ်ပြန်ပေးရတဲ့အခါ အရင်းအပြင် အတိုးပါပါရင် ဘဝအတွက် နှောင်ကြိုးတွေ ကျေးဇူးခံ ကျေးဇူးစား သဘောတွေ ရစ်ပတ်ချည်နှောင်လာနိုင်ပါတယ်။

ဒါကြောင့်မို့ လူငယ်တွေအနေနဲ့ ရပိုင်ခွင့်ကိုပဲယူပြီး အခွင့်အရေးကိုတော့ ချင့်ချိန်ပြီးမှယူကြပါလို့ အကြံပြုလိုပါတယ်။လူငယ်တွေကို ထပ်ပြီးအကြံပြုလိုတာက အလုပ်ပေါ်မှာထားတဲ့ သဘောထားပါ။အလုပ်ကို ကြိုးစားတာထက် စေတနာထားဖို့ ပိုအရေးကြီးပါတယ်။အလုပ်ပေါ်မှာ စေတနာထားရင် ရိုးသားမှုက အလိုလိုကပ်ပါလာပါတယ်။ရိုးသားမှုနောက်မှာ ကြိုးစားမှုက တစ်ပါတည်းယှဉ်တွဲနေတတ်တာမို့ လှည့်ပတ်ကောက်ကျစ်ခြင်းကင်းတဲ့ အောင်မြင်မှုကို မရှေးမနှောင်းခင်မှာတင် ပိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဘဲ အလုပ်ပေါ်မှာစေတနာမပါတဲ့ ကြိုးစားမှုသက်သက်က ပြဿနာရှိပါတယ်။အလုပ်ကောင်းဖို့ထက် ကိုယ်အောင်မြင်ဖို့ကို ပိုပြီးဦးတည်တာမို့ အတ္တတွေပါလာပါမယ်။အတ္တတွေပါလာရင် မရိုးသားနိုင်တော့ပါဘူး။ မရိုးသားတော့ဘူးဆိုရင် လုပ်ဖော်ကိုင်ဖက်တွေအပေါ် လှည့်ဖြားပြိုင်ဆိုင်တာ၊ တိုက်ခိုက်ချောက်တွန်းတာ၊ မကောင်းကြံတာ၊ အလုပ်အပေါ် အလွဲသုံးစားလုပ်တာတွေ ရှိလာမှာဖြစ်ပါတယ်။အဲဒီအခါ ဥပဒေအရပါ အရေးယူခံရနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ဝန်ထမ်းက အလွဲသုံးစားလုပ်လို့ အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း အများကြီးရှိခဲ့သလို ရှိနေဆဲလည်းဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ လုပ်ငန်းခွင်ဝင်မယ့် လူငယ်တွေ၊ လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ လူငယ်တွေနဲ့ အရွယ်မရွေး ဝန်ထမ်းအားလုံး သတိထားသင့်တဲ့ ဥပဒေပုဒ်မတချို့ကို ပြန်လည်မျှဝေပေးချင်ပါတယ်။စာရေးကဖြစ်ဖြစ် အစေခံကဖြစ်ဖြစ် ရာဇဝတ်မကင်းတဲ့ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၈ အရ အရေးယူခံရနိုင်ပြီး ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုပြီး ဥပဒေက ဆိုပါတယ်။

အဲဒီလိုပဲ ပြည်သူ့ဝန်ထမ်းကဖြစ်ဖြစ် ဘဏ်တိုက်စိုးကဖြစ်ဖြစ် ကုန်သည်ကဖြစ်ဖြစ် ကိုယ်စားလှယ်ကဖြစ်ဖြစ် ရာဇဝတ်မကင်းတဲ့ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ အရ အရေးယူခံရနိုင်ပြီး ထောင်ဒဏ် နှစ်နှစ်ဆယ်ဖြစ်ဖြစ် ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ် ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုပြီး ဥပဒေက ပြဌာန်းထားပါတယ်။

ဒါကြောင့်မို့ ဥပဒေတင်မက လူ့ကျင့်ဝတ်အရပါ တားမြစ်ထားတဲ့ မရိုးမသား အလွဲသုံးစားလုပ်ရပ်တွေကို ရှုတ်ချတဲ့အနေနဲ့ လူရိုးဆိုတာ သင်္ချိုင်းမှာပဲရှိတာမဟုတ်၊ ကိုယ့်ကျင့်တရား ခိုင်မာသူတွေရဲ့ ရင်ထဲမှာလည်း ယုံကြည်မှုအပြည့်နဲ့ ရိုးရိုးသားသား လူရိုးတွေ အများကြီးကိန်းအောင်းနေပါသေးတယ်ဆိုတာကို သက်သေပြလိုက်ကြရအောင်လားဗျာ။

သာဓက
အောက်တိုဘာ - ၁၆

( Zawgyi )

ေၾသာ္ …. မ႐ိုးသားတဲ့လူေတြက ႐ိုးသားမႈကို လိုခ်င္တယ္။ကိုယ္ကသာ ကလိမ္ကက်စ္ ကိုယ့္အေပၚကိုေတာ့ တျခားလူေတြက ႐ိုး႐ိုးသားသားဆက္ဆံမွ ႀကိဳက္ၾကတဲ့သေဘာ။မေျပာမေျပာခ်င္တာမို႔ မေျပာမေျပာေတာ့ဘူးရယ္လို႔ စိတ္ကဆုံးျဖတ္ထားေပမယ့္ လူငယ္ေတြဆီကို က်င့္ပ်က္ပိုးေတြ ကူးမွာစိုးတာမို႔ ေျပာဖို႔ဆုံးျဖတ္လိုက္ပါတယ္။

အလုပ္ရွင္အခ်ိဳ႕ ဝန္ထမ္းေခၚတယ္။႐ိုးသားႀကိဳးစားရမယ္ဆိုတဲ့အခ်က္ ထည့္ေခၚတတ္တာ ေတြ႕ရတယ္။အဲဒီလိုေခၚတဲ့ အလုပ္ရွင္ေတြထဲမွာ တခ်ိဳ႕က သူတို႔ကိုယ္တိုင္ ႐ိုးသားလို႔ ႐ိုးသားတဲ့သူကို အလိုရွိၾကတာျဖစ္ေပမယ့္ တခ်ိဳ႕အလုပ္ရွင္ေတြကေတာ့ သူတို႔က အလုပ္သမားအေပၚ ဂ်င္း (ခ်င္း) ထည့္ရလြယ္ေအာင္ ခိုင္းလို႔လည္းေကာင္းၿပီး ႐ိုးတဲ့အတဲ့သူေတြကို အလိုရွိတာျဖစ္ပါတယ္။

ဂ်င္း (ခ်င္း) ထည့္တယ္ဆိုတာက ဗန္းစကားအရ ေျပာတာပါ။တကယ္က ႐ိုးတဲ့ အတဲ့ အလုပ္သမားေတြဆို လုပ္အားခ၊ အလုပ္ခ်ိန္နဲ႔ အျခား အလုပ္သမား အခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး အလုပ္ရွင္က မ႐ိုးမသား ကလိမ္ကက်စ္လုပ္လို႔ လြယ္တာကို ဂ်င္း (ခ်င္း) ထည့္ရ လြယ္တယ္ဆိုၿပီး ခိုင္းႏႈိင္းေျပာဆိုခ်င္တာ ျဖစ္ပါတယ္။တခ်ိဳ႕အလုပ္ရွင္ေတြဆို သူတို႔ မ႐ိုးမသားလုပ္သမွ် ေခါင္းခံဖို႔ တပည့္ေမြးၿပီး ထိုးေကြၽးတာေတြလည္း ရွိပါတယ္။အလုပ္သမားက ႐ိုးသားေတာ့ သူ႔အလုပ္ရွင္က သူ႔ကိုအားကိုးတယ္ပဲထင္ၿပီး အလုပ္နဲ႔မသက္ဆိုင္တဲ့ ေသကြင္းေသကြက္ ဘဝပ်က္မယ့္ကိစၥေတြ ခိုင္းလည္း ေပ်ာ္ေပ်ာ္ႀကီးလုပ္ၾကတာေပါ့။အဲဒါမ်ိဳးေတြ မလုပ္ေပးတဲ့ အလုပ္သမားေတြ လူငယ္ေတြကို မ႐ိုးသားဘူးလို႔ မဆိုလိုပါဘူး။
႐ိုးသားတာ မ႐ိုးသားတာထက္ အဲဒီလိုလူငယ္ေတြက အေတြးအေခၚနဲ႔ အသိပညာ ဗဟုသုတ အားေကာင္းတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။သူတို႔ေတြက ႐ိုးေတာ့႐ိုးသားတယ္ မအတဲ့ သေဘာပါ။အေစာကေျပာခဲ့တဲ့ လုပ္ငန္းရွင္တခ်ိဳ႕ အလိုရွိတဲ့ ႐ိုးသားတဲ့လူေတြဆိုတာက ႐ိုးသားတာအျပင္ အေတြးအေခၚနဲ႔ အသိပညာ ဗဟုသုတ အားနည္းသူေတြျဖစ္ပါတယ္။
တစ္နည္းဆိုရင္ ႐ိုးတာကေန အတဲ့ဘက္ကို ေရာက္ေနတဲ့ လူမ်ိဳးေတြေပါ့။

ဒီလိုေျပာလို႔ အလုပ္ရွင္အမ်ားစုက မ႐ိုးသားဘူး မေကာင္းဘူးလို႔ မဆိုလိုပါဘူး။အလုပ္ရွင္ေတြထဲမွာ ဝန္ထမ္းေတြအေပၚ ငဲ့ညႇာၿပီး မိသားစုဝင္ေတြလိုပဲ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေစာင့္ေရွာက္တဲ့ အလုပ္ရွင္ေတြလည္း အမ်ားႀကီးပါ။

လူတခ်ိဳ႕ေျပာေလ့ရွိတဲ့ ေနာက္ထပ္စကားတခြန္း ရွိပါေသးတယ္။အခုေခတ္မွာ လူ႐ိုးကိုရွာခ်င္ သခ်ႋဳင္းမွာသြားၾကည့္ အဲဒီမွာပဲရွိမယ္တဲ့။အဲဒီစကားေျပာတဲ့သူေတြကို ၾကည့္လိုက္ရင္ သူတို႔ကိုယ္၌က မ႐ိုးသားခ်င္ၾကတဲ့ ကလိမ္ကက်စ္ေတြခ်ည္းပဲဆိုတာ သြားေတြ႕ရတယ္။မေကာင္းမမႈမွာ ေမြ႕ေပ်ာ္သူေတြ မ်ားလာေတာ့ အဲဒီမေကာင္းမႈေတြ လုပ္ေနတာကိုက ေကာင္းမႈကိစၥကို သ႐ုပ္ေဖာ္ေနသေယာင္ ထင္ေယာင္ထင္မွားျဖစ္သြားေစတာမို႔ ေနာင္လာေနာက္သား လူငယ္ေတြအတြက္ ရင္ေလးစရာပါ။

ဥပမာဆိုပါစို႔။ပစၥည္းတစ္ခုေရာင္းေတာ့မယ္ဆို စားသုံးသူ ထင္ေယာင္ထင္မွားျဖစ္ေအာင္ နစ္နာေအာင္ မ႐ိုးမသား ပ႐ိုမိုးရွင္းသေဘာ စြဲေဆာင္ၿပီး အလုပ္ေအာင္ျမင္ေအာင္ လုပ္ႏိုင္ရင္ကို သူတို႔ဉာဏ္ေကာင္းတာ၊ လုပ္ငန္းကြၽမ္းက်င္တာလို႔ ထင္ၾကတယ္။အဲဒီလိုထင္ေအာင္လည္း အလုပ္ရွင္တခ်ိဳ႕က ေျမႇာက္ေပးပါတယ္။ဝန္ထမ္းေတြက စားသုံးသူေတြအေပၚ မ်ားမ်ားလွည့္ပတ္ၿပီး တြစ္လုပ္ႏိုင္ေလ သူတို႔လုပ္ငန္းေအာင္ျမင္ေလ ျဖစ္မွာမို႔ပါ။

အထူးသျဖင့္ အေတြးအေခၚ မရင့္က်က္တဲ့ လူငယ္ေတြ၊ ေခတ္စကားနဲ႔ေျပာမယ္ဆိုရင္ ဉာဏ္နည္းတဲ့ လူငယ္ေတြအတြက္ အဆိပ္အေတာက္ေတြေပါ့။အခုေခတ္ လူငယ္ေတြထဲမွာ တခ်ိဳ႕က ကိုယ္ခံအားနည္းတယ္လို႔ ေျပာရမယ္။ကိုယ္ခံအားနည္းတယ္ဆိုလို႔ က်န္းမာေရးမေကာင္းပဲ မၾကာခဏဖ်ားတတ္တာကို ေျပာတယ္မထင္ပါနဲ႔။ဦးေႏွာက္နဲ႔ အသိဉာဏ္ အက်င့္စာရိတၱပိုင္းမွာ ကိုယ္ခံအားနည္းတယ္လို႔ ေျပာခ်င္တာျဖစ္ပါတယ္။အဲဒီလိုလူငယ္ေတြက ေက်ာသပ္တာမခံႏိုင္ပါဘူး။ဘရိန္းဝက္ရွ္ (Brainwash) လုပ္တာ မခံႏိုင္ပါဘူး။ဆိုလိုတာက အလုပ္ရွင္က ရာထူးနဲ႔လစာ ေကာင္းေကာင္းေပးၿပီး မဟုတ္တာမမွန္တာ မ႐ိုးမသားလုပ္ခိုင္းတာမွန္သမွ် လူငယ္အခ်ိဳ႕က အကုန္လိုက္လုပ္ပါတယ္။
ဒါက ေက်ာသပ္တာမခံႏိုင္တဲ့ သေဘာပါ။ေနာက္တစ္ခုက အလုပ္ရွင္နဲ႔ အထက္လူႀကီးက ကိုယ့္ေခါင္းထဲ ႐ိုက္သြင္းထားတဲ့ အယူအဆ သင္ေပးသမွ် ေျမႇာက္ေပးသမွ်ေတြကို ဦးေႏွာက္က မေဝဖန္မပိုင္းျခားေတာ့ဘဲ အမွန္တရားထင္ၿပီး ဘုရားတစ္ဆူ ဂူတစ္လုံးလို ကိုးကြယ္ၾက လိုက္လုပ္ၾကေတာ့တာပါပဲ။ဒါက ဘရိန္းဝက္ရွ္ (Brainwash) လုပ္တာ မခံႏိုင္တဲ့သေဘာပါ။

ကိုယ္ေတြ႕ႀကဳံတာကို ေျပာပါမယ္။အလုပ္အတူလုပ္တဲ့ ညီငယ္တစ္ေယာက္ အေၾကာင္းပါ။လမ္းစရိတ္ကို လိမ္ထုတ္ပါတယ္။ဒါမ်ိဳးမလုပ္ဖို႔နဲ႔ ဒါကမ႐ိုးသားတာလို႔ ကိုယ္ကေျပာေတာ့ လူတိုင္းလုပ္ေနတာပဲတဲ့၊ ကိုယ္မလုပ္ရင္ ကိုယ့္အခြင့္အေရးဆုံးရႈံးမယ္တဲ့။ဒီဘက္ေခတ္ထဲ ဒါကို မ႐ိုးသားတာလို႔ မေခၚဘူးတဲ့ လိမၼာပါးနပ္တာတဲ့၊ လူနပ္ခ်မ္းသာတဲ့ေခတ္တဲ့။လူက မနပ္ရင္ မခ်မ္းသာဘူးတဲ့၊ ေၾသာ္ သူအဲဒီလိုေျပာခ်ိန္မွာ ေဘးမွာရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ လူငယ္ေတြကလည္း ေထာက္ခံတယ္။ဒါအမွန္ပဲတဲ့ေလ။

ေနာက္ထပ္ျဖစ္ရပ္တစ္ခု။ အလုပ္ရွင္တစ္ေယာက္က ဝန္ထမ္းအတြက္ အသက္အႏၲရာယ္ေရာ၊ ဘဝပ်က္ႏိုင္တဲ့အႏၲရာယ္ပါရွိတဲ့ အလုပ္တစ္ခုကို ခိုင္းပါတယ္။ခိုင္းရင္းနဲ႔ အဲဒီဝန္ထမ္းရဲ႕ အထက္က အုပ္ခ်ဳပ္သူကို ဝန္ထမ္းေရွ႕မွာတင္ မွာလိုက္တယ္။ဒီခရီး ဒီကိစၥက အကုန္အက်မ်ားမယ့္ခရီးတဲ့ စရိတ္မ်ားမ်ားထည့္ေပးလိုက္တဲ့၊ လိုရင္ထပ္ေတာင္းရင္ လိုသေလာက္ ေငြကိုအျမန္လႊဲေပးလိုက္တဲ့။အဲဒီဝန္ထမ္းက အရင္ကတည္းက အေတာ္ေငြမက္တဲ့သူဆိုတာ အလုပ္ရွင္က သူ႔စ႐ိုက္ကိုသိၿပီးသား။

ဒါေၾကာင့္လည္း ဝန္ထမ္းေတြအမ်ားႀကီး ရွိတဲ့အထဲကမွ ဒီလိုအႏၲရာယ္ရွိတဲ့အလုပ္ကို ဒီဝန္ထမ္းကို ေ႐ြးခိုင္းတာျဖစ္ပါတယ္။အဲဒီဝန္ထမ္းကလည္း ေငြမက္တာမို႔ ေငြလိုသေလာက္ စရိတ္ထုတ္လို႔ရတယ္လည္းဆိုေရာ ဟန္ေတာင္မေဆာင္ႏိုင္ဘူး မ်က္ႏွာႀကီးကိုၿဖီးလို႔။ဒီျဖစ္ရပ္ေပၚမွာ ဘာေတြးမိလဲဆိုေတာ့ သူ႔အရပ္နဲ႔ သူ႔ဇာတ္ေတာ့လည္း ကိုက္သားပဲလို႔ေပါ့။ဒီျဖစ္စဥ္မွာ အလုပ္ရွင္က သူလိုတာရဖို႔ မ႐ိုးသားတဲ့ဝန္ထမ္းကို ေငြနဲ႔ေပါက္ၿပီး မ႐ိုးသားတဲ့နည္းနဲ႔ အသုံးခ်လိုက္တာပါပဲ။

ဒီေနရာမွာ လူငယ္ေတြကို ေျပာလိုတာက ရပိုင္ခြင့္နဲ႔ အခြင့္အေရးဆိုတာကို ကြဲကြဲျပားျပား သိေစခ်င္ပါတယ္။ရပိုင္ခြင့္ဆိုတာ မျဖစ္မေနေတာင္းရမယ့္၊ ရရမယ့္ အရာပါ။အခြင့္အေရးဆိုတာကေတာ့ အေျခအေနအခ်ိန္အခါေပၚ မူတည္ၿပီး ေပၚလာတတ္တာ ျဖစ္ပါတယ္။ရပိုင္ခြင့္မဟုတ္ပါဘူး။ဒါေၾကာင့္မို႔ ေရွးစကားရွိပါတယ္။အခြင့္အေရးဆိုတာ ရတိုင္းယူလို႔မေကာင္းဘူးတဲ့။ဘာလို႔အဲဒီလိုေျပာရတာလည္းဆိုေတာ့ ရပိုင္ခြင့္ရဲ႕သေဘာက ကိုယ္ကအရင္ေပးၿပီးေတာ့မွ ျပန္ရတဲ့သေဘာပါ။အခြင့္အေရးဆိုတာက ကိုယ္ကအရင္ယူၿပီး ေနာက္မွျပန္ေပးရတဲ့ သေဘာပါ။ဒီေတာ့ ရပိုင္ခြင့္ကိုယူတာက လိပ္ျပာပိုသန္႔ႏိုင္သလို အေႏွာင္အဖြဲ႕လည္း ကင္းပါတယ္။အခြင့္အေရးယူတာကေတာ့ ကိုယ္က အရင္ယူထားတာျဖစ္လို႔ ကိုယ္ျပန္ေပးရတဲ့အခါ အရင္းအျပင္ အတိုးပါပါရင္ ဘဝအတြက္ ေႏွာင္ႀကိဳးေတြ ေက်းဇူးခံ ေက်းဇူးစား သေဘာေတြ ရစ္ပတ္ခ်ည္ေႏွာင္လာႏိုင္ပါတယ္။

ဒါေၾကာင့္မို႔ လူငယ္ေတြအေနနဲ႔ ရပိုင္ခြင့္ကိုပဲယူၿပီး အခြင့္အေရးကိုေတာ့ ခ်င့္ခ်ိန္ၿပီးမွယူၾကပါလို႔ အႀကံျပဳလိုပါတယ္။လူငယ္ေတြကို ထပ္ၿပီးအႀကံျပဳလိုတာက အလုပ္ေပၚမွာထားတဲ့ သေဘာထားပါ။အလုပ္ကို ႀကိဳးစားတာထက္ ေစတနာထားဖို႔ ပိုအေရးႀကီးပါတယ္။အလုပ္ေပၚမွာ ေစတနာထားရင္ ႐ိုးသားမႈက အလိုလိုကပ္ပါလာပါတယ္။႐ိုးသားမႈေနာက္မွာ ႀကိဳးစားမႈက တစ္ပါတည္းယွဥ္တြဲေနတတ္တာမို႔ လွည့္ပတ္ေကာက္က်စ္ျခင္းကင္းတဲ့ ေအာင္ျမင္မႈကို မေရွးမေႏွာင္းခင္မွာတင္ ပိုင္ဆိုင္လာႏိုင္မွာ ျဖစ္ပါတယ္။

အဲဒီလိုမဟုတ္ဘဲ အလုပ္ေပၚမွာေစတနာမပါတဲ့ ႀကိဳးစားမႈသက္သက္က ျပႆနာရွိပါတယ္။အလုပ္ေကာင္းဖို႔ထက္ ကိုယ္ေအာင္ျမင္ဖို႔ကို ပိုၿပီးဦးတည္တာမို႔ အတၱေတြပါလာပါမယ္။အတၱေတြပါလာရင္ မ႐ိုးသားႏိုင္ေတာ့ပါဘူး။ မ႐ိုးသားေတာ့ဘူးဆိုရင္ လုပ္ေဖာ္ကိုင္ဖက္ေတြအေပၚ လွည့္ျဖားၿပိဳင္ဆိုင္တာ၊ တိုက္ခိုက္ေခ်ာက္တြန္းတာ၊ မေကာင္းႀကံတာ၊ အလုပ္အေပၚ အလြဲသုံးစားလုပ္တာေတြ ရွိလာမွာျဖစ္ပါတယ္။အဲဒီအခါ ဥပေဒအရပါ အေရးယူခံရႏိုင္တဲ့အထိ ျဖစ္လာႏိုင္ပါတယ္။ဝန္ထမ္းက အလြဲသုံးစားလုပ္လို႔ အေရးယူခံရတဲ့ ျဖစ္စဥ္ေတြလည္း အမ်ားႀကီးရွိခဲ့သလို ရွိေနဆဲလည္းျဖစ္ပါတယ္။

ဒီေနရာမွာ အလ်ဥ္းသင့္လို႔ လုပ္ငန္းခြင္ဝင္မယ့္ လူငယ္ေတြ၊ လုပ္ငန္းခြင္ထဲမွာရွိေနတဲ့ လူငယ္ေတြနဲ႔ အ႐ြယ္မေ႐ြး ဝန္ထမ္းအားလုံး သတိထားသင့္တဲ့ ဥပေဒပုဒ္မတခ်ိဳ႕ကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။စာေရးကျဖစ္ျဖစ္ အေစခံကျဖစ္ျဖစ္ ရာဇဝတ္မကင္းတဲ့ ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈကို က်ဴးလြန္ရင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၀၈ အရ အေရးယူခံရႏိုင္ၿပီး ခုနစ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳး ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္ဆိုၿပီး ဥပေဒက ဆိုပါတယ္။

အဲဒီလိုပဲ ျပည္သူ႔ဝန္ထမ္းကျဖစ္ျဖစ္ ဘဏ္တိုက္စိုးကျဖစ္ျဖစ္ ကုန္သည္ကျဖစ္ျဖစ္ ကိုယ္စားလွယ္ကျဖစ္ျဖစ္ ရာဇဝတ္မကင္းတဲ့ ယုံၾကည္အပ္ႏွံေရး ေဖာက္ဖ်က္မႈကို က်ဴးလြန္ရင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၀၉ အရ အေရးယူခံရႏိုင္ၿပီး ေထာင္ဒဏ္ ႏွစ္ႏွစ္ဆယ္ျဖစ္ျဖစ္ ဆယ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္ ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္ဆိုၿပီး ဥပေဒက ျပဌာန္းထားပါတယ္။

ဒါေၾကာင့္မို႔ ဥပေဒတင္မက လူ႔က်င့္ဝတ္အရပါ တားျမစ္ထားတဲ့ မ႐ိုးမသား အလြဲသုံးစားလုပ္ရပ္ေတြကို ရႈတ္ခ်တဲ့အေနနဲ႔ လူ႐ိုးဆိုတာ သခ်ႋဳင္းမွာပဲရွိတာမဟုတ္၊ ကိုယ့္က်င့္တရား ခိုင္မာသူေတြရဲ႕ ရင္ထဲမွာလည္း ယုံၾကည္မႈအျပည့္နဲ႔ ႐ိုး႐ိုးသားသား လူ႐ိုးေတြ အမ်ားႀကီးကိန္းေအာင္းေနပါေသးတယ္ဆိုတာကို သက္ေသျပလိုက္ၾကရေအာင္လားဗ်ာ။

သာဓက
ေအာက္တိုဘာ - ၁၆