【 ဆောင်းပါး 】 လက်တွေ့အသက်မဝင်တဲ့ ရန်ကုန် စည်ပင်ဥပဒေ

【 ဆောင်းပါး 】 လက်တွေ့အသက်မဝင်တဲ့ ရန်ကုန် စည်ပင်ဥပဒေ

ရန်ကုန်လူထု တစ်နှစ်ပတ်လုံးနီးပါး ခံရတဲ့ဒဏ်က ဆူညံသံပါ။၂၀၁၈ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မယ်ဆိုတဲ့ ရန်ကုန် စည်ပင်ဥပဒေ အားကိုးနဲ့ ဒီနှစ် ကထိန်ရာသီမှာတော့ အရင်ကထိန်ရာသီတွေမှာ ကြွက်ကြွက်ညံဖွင့်လေ့ရှိကြတဲ့ လော်စပီကာသံနဲ့ အသံချဲ့စက် ( ဆောင်းဘောက်) သံတွေ ဒဏ်က လွတ်ရချေရဲ့ဆိုပြီး ဝမ်းသာခဲ့ပါတယ်။

လက်တွေ့မှာတော့ ရန်ကုန် စည်ပင်ဥပဒေ မထွက်ခင်တုန်းကလိုပါပဲ လမ်းမနံဘေးတွေမှာ ကထိန်အလှူခံမဏ္ဍပ်တွေဖွင့် အော်ဟစ်ဆူညံအလှူခံ၊ ရပ်ကွက်တွေထဲမှာလဲ ဟိုနေရာအလှူခံတစ်ဖွဲ့ ဒီနေရာအဖွဲ့ အလှူခံအဖွဲ့တွေက ဖွင့်တဲ့ အသံချဲ့စက်သံ စပီကာသံဒဏ်က မလွတ်မြောက်ကြပါဘူး။တစာစာ တညံညံ အလှူခံသံတွေဒဏ်က တမျိုး၊ ရပ်ကွက်ထဲလှည့် အလှူခံတဲ့ အဖွဲ့တွေရဲ့ လော်စပီကာသံ အသံချဲ့စက်သံ ဒဏ်တွေက တမျိုး နားမချမ်းသာတဲ့ ဒဏ်ကို လှိမ့်ခံကြရပါတယ်။

ရန်ကုန်ဟာ လူသံကားသံ မတိတ်တဲ့မြို့၊ နေ့ဆိုင်း ညဆိုင်းတွေနဲ့ ဝမ်းစာရှာ အလုပ်လုပ်နေရသူတွေ အများအပြားရှိတဲ့မြို့၊ တချိန်က မြို့တော်ဘဝကနေ ဒုတိယမြို့တော်ဘဝဆီ လျှောကျရပေမဲ့ ရန်ကုန်ကို အနယ်နယ်က လာရောက်တိုးဝင် နေထိုင်သူတွေ မှီခိုရာမြို့။လာရောက်မှီခိုသူတွေ များပြားလာတော့ ကျောချစရာနေရာ တစ်နေ့တခြား ခက်ခဲလာလို့ တစ်အိမ်နဲ့ တစ်အိမ် နံရံလေးလောက်ပဲခြားပြီး နေထိုင်ကြရတဲ့မြို့၊ လူနေထူထပ် သိပ်သည်းဆများလာတဲ့မြို့ ဖြစ်နေပါပြီ။နိုင်ငံတကာမှာတော့ လူနေထူထပ်တဲ့ မြို့တော်တွေနဲ့ အရေးပါတဲ့မြို့ကြီးတွေမှာ မှီတင်းနေထိုင်သူတွေရဲ့ ကိုယ်စိတ်ကျန်းမာရေး နှစ်မျိုးစလုံးအတွက် အုပ်ချုပ်သူတွေက အလေးထားကြပါတယ်။မြို့ပြတွေရဲ့ ဆူညံသံကို ဥပဒေတွေနဲ့ ထိန်းချုပ်ပေးကြပါတယ်။တိုင်းသူပြည်သားတွေကို ငယ်စဉ်ကတည်းက ကျောင်းသင်ပညာရေးမှာ ပြည်သူ့နီတိကို ထိထိရောက်ရောက် သင်ကြားပေးထားပါတယ်။

ဒီလို လေ့ကျင့်ပေး ပညာသင်ကြားပေးတာ ခံခဲ့ရတဲ့ ပြည်သူတွေဟာ မိမိကြောင့် သူတပါး အနှောင့်အယှက် မဖြစ်စေရဘူးဆိုတဲ့ လူမှုကျင့်ဝတ်ကို လိုက်နာကြပါတယ်။အစိုးရက ဆူညံသံကို ဥပဒေနဲ့ ထိထိရောက်ရောက် ထိန်းကွပ်ထားပါတယ်။သူတို့ဆီက လူထုက စည်းကမ်းဥပဒေကို လိုက်နာကြပါတယ်။အဆမတန်များပြားတဲ့ ကားတွေဟာ လမ်းပေါ်မှာ ဟွန်းသံတချက်မတီးဘဲ စနစ်တကျ မောင်းနှင်ကြပါတယ်။လူအများ စုပေါင်းနေရတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေမှာ တစ်ခန်းက ဆူညံနေလို့ ဘေးခန်းက တံခါးခေါက် သတိပေးလိုက်ရင် ဆူနေတဲ့ အခန်းက အသံကိုလျှော့ပေးရပါတယ်။
ဆက်ဆူညံနေမယ်ဆိုရင် တစ်ဘက်ခန်းက တရားစွဲပြီသာမှတ်။

မြန်မာကတော့ စည်းကမ်းတွေ ထုတ်တော့ထုတ်ပါရဲ့။ထုတ်တဲ့ စည်းကမ်းအတိုင်း ပြည်သူကလည်း မလိုက်နာ။ထုတ်ပြန်တဲ့ အစိုးရကလည်း ကိုယ်ထုတ်တဲ့ စည်းကမ်းဥပဒေ တည်စေဖို့ နောက်ကြောင်းပြန် စောင့်ကြည့်ကြပ်မတ်မှု မရှိတော့ မြန်မာပြည်မှာ စည်းကမ်းဥပဒေဆိုတာ ကောက်ရိုးမီးလို ခဏဟုန်းခနဲတောက်ပြီးရင် မီးသေသွားပါတော့တယ်။ဥပမာ - ကားဟွန်းမတီးရ ဥပဒေထုတ်ခဲ့တယ်။ဟွန်းတီးဖို့လိုတယ်တို့ ဘာတို့ စောဒကတွေ တက်ကြတယ်။ဟွန်းမတီးရ ဥပဒေကို ကားသမားတွေ ခဏတော့လိုက်နာကြပေမယ့် နောက်ပိုင်း မလိုက်နာကြတော့ပါဘူး။ဒီလိုမလိုက်နာတဲ့ ယာဉ်မောင်းတွေကို အစိုးရပိုင်းက တိတိကျကျ ကိုင်တွယ်အရေးယူမှု မပြုဘဲ မသိကျိုးကျွန်ပြုထားတော့ အစိုးရကိုရော အစိုးရထုတ်တဲ့ စည်းကမ်းဥပဒေတွေကို လူထုက လေးစားလိုက်နာမှု အားနည်းလာပါတယ်။ဒီကနေ့ မြန်မာနိုင်ငံတဝန်း မောင်းနှင်နေတဲ့ ကားတွေဟာ မလိုအပ်လည်း ဟွန်းတီးကြတယ်။လိုအပ်လည်း ဟွန်းတီးကြတယ်။ဟွန်းတီးတဲ့အခါ မလိုအပ်ဘဲ ဟွန်းသံရှည်ကြီး တီးကြတဲ့ ကားသမားတွေကို မကြာခဏတွေ့ရပါတယ်။

အင်မတန်ဆူညံတဲ့ နောက်အသံတစ်ခုက မော်တော်ဆိုင်ကယ် အိတ်ဇောသံပါ။မော်တော်ဆိုင်ကယ်ကို အိတ်ဇောပိုက် မဖြုတ်ဘဲ အသားကုန်မောင်းကြတဲ့ မော်တော်ဆိုင်ကယ်တွေ ဖြတ်သွားပြီဆိုရင် မော်တော်ဆိုင်ကယ်ဘီးနဲ့ လမ်းပွတ်တိုက် ထွက်လာတဲ့ အသံနဲ့ အိတ်ဇောပိုက်သံဟာ ဘယ်လောက်နားမခံသာတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြပါတယ်။ဒီလို ဆူညံလွန်းတဲ့ အသံထုတ်ပြီး လျှပ်တပြက်မောင်းသွားတဲ့ မော်တော်ဆိုင်ကယ်တွေကို ဘယ်ယာဉ်ထိန်းရဲမှ ဖမ်းတာလည်း မတွေ့ရ။ရန်ကုန်မြို့ထဲမှာ ဒီလို အိတ်ဇောပိုက် ဖွင့်မောင်းကြတဲ့ မော်တော်ဆိုင်ကယ်သမားတွေကို တွေ့နိုင်မယ် မဟုတ်ပေမဲ့ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန် မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်လို နေရာတွေမှာ နေ့တိုင်းတွေ့ရပါတယ်။
ပြည်သူ့နီတိကို နားမလည်တဲ့ ဒီလိုလူတွေ ကိုယ့်ကြောင့် အများကို ထိခိုက်မှုဖြစ်မှန်းမသိတဲ့ ဒီလိုလူတွေ များပြားလှပါတယ်။

ဘာသာရေးနဲ့ ပတ်သက်ရင် ဗုဒ္ဓဘာသာ မြန်မာအတော်များများရဲ့အယူအဆတွေ လုပ်ပုံကိုင်ပုံတွေဟာ ဘုရားအလိုကျ မဟုတ်ဘဲ လွဲချော်နေပါတယ်။ဒီလိုလွဲနေတယ်ပြောရင် လက်မခံရုံသာမက စိတ်ဆိုးကြပါတယ်။ ကထိန်ရဲ့ မူလအဓိပ္ပာယ်ဟာ ဝါတွင်းသီတင်းသုံးပြီး ဝါထွက်လာတဲ့ သံဃာတွေကို သင်္ကန်းအတွက် အခက်အခဲ မကြုံရစေဖို့ ရည်စူးပြီး သင်္ကန်းကပ်လှူတဲ့ ပွဲပါ။ကထိန်သင်္ကန်း ကပ်တဲ့အခါ ဘယ်ရဟန်းသံဃာအတွက်လို့ မရည်စူးရဘဲ သံဃာအားလုံးကို ရည်စူးကပ်လှူရတာပါ။ဗုဒ္ဓဘာသာအရေးကို အကာဖယ် အနှစ်သာ လွှမ်းမိုးစေချင်တဲ့ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ က မြန်မာတွေပြုလုပ်တဲ့ အလှူတွေဟာ အနှစ်သာရထက် ပကာနသဘက် တိမ်းနေလို့ ကုန်သလောက် အကျိုးမများကြကြောင်း၊ အလှူဒါန အများစုဟာ ဗုဒ္ဓသာသနာကို စောင့်ရှောက်ရာ မရောက်ဘဲ အဟောသိကံ ဖြစ်ရတယ်လို့ အနာဂတ်သာသနာရေး စာအုပ်မှာ ရေးသားခဲ့ပါတယ်။

ကထိန်မှာ ဘုန်းကြီးကျောင်းတွေအတွက် တကယ်မလိုအပ်ဘဲ ပဒေသာပင်သီးတာ၊ ငွေကုန်ကြေးကျခံ၊ ဆိုင်းတွေ ဗုံတွေနဲ့ ဆူညံလှူဒါန်းကြတာကိုလည်း ထောက်ပြခဲ့ပါတယ်။မန္တလေးမြို့က ကထိန်တစ်ခုအတွက် အကုန်ခံတဲ့ ငွေကြေးတွေကို စနစ်တကျသုံးမယ်ဆိုရင် သံဃာတွေအတွက် အကျိုးများစေမယ့် ဗုဒ္ဓတက္ကသိုလ်တစ်ခု ဆောက်လုပ်နိုင်တယ်လို့ ရေးသားပြခဲ့ပါတယ်။
အခုခေတ် ရပ်ကွက်တွေထဲမှာ အလှူခံမဏ္ဍပ်တွေက ကိုကြီးကျော်သီချင်း အကျယ်ကြီးဖွင့်ပြီး ကထိန်အတွက် အလှူခံနေကြတာကို အရှင်ဇနကာဘိဝံသ သာ မြင်သိရရင် သူကြိုပြောခဲ့တာတွေ မှန်လှပါကလားလို့ ညည်းတွားမယ် ထင်ပါရဲ့။

မြန်မာတွေဟာ ဆူညံသံရဲ့ ဆိုးကျိုးကို မသိသူများပါတယ်။မသိတဲ့အပြင် မြန်မာတွေ ဆူညံသံကြိုက်သလားလို့ တခါတခါတွေးမိပါတယ်။မြန်မာ့အိမ်နီးချင်း ထိုင်းမှာလဲ ဒီလို လော်စပီကာတကြော်ကြော်နဲ့ အလှူခံထွက်တာ မရှိပါ။ရှေးမြန်မာတွေ ဝတ်အသင်းများဖွဲ့ပြီး အိမ်ပေါက်စေ့ လိုက်အလှူခံတာ လော်စပီကာမပါ ပါဘူး။အလွန်ဆူညံတဲ့ အသံဟာ ကျန်းမာရေးကို ထိခိုက်စေတယ်။အကြားအာရုံ နားကို ထိခိုက်စေတယ်။ကလေးငယ်လေးရဲ့ အကြားအာရုံကို ထိခိုက်စေတာ အလွန်ဆိုးတယ်ဆိုတာ မိဘတွေသိရင် ဒီလို ဆူညံအော်ဟစ် အလှူခံနေတာတွေကို တားဆီးကြမယ် ထင်ပါတယ်။နေထိုင်မကောင်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဟာ တိတ်ဆိတ်အေးချမ်းမှုကို အလွန်တန်ဖိုးထားပါတယ်။ဗုဒ္ဓတရားတော်တွေမှာ သမာဓိရဖို့ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင် လိုပါတယ်။အေးချမ်းတိတ်ဆိတ်မှုဟာ လူရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။တခြားဘာသာဝင်တွေ သူတို့ရဲ့ ထုံးတမ်းစဉ်လာ ဘာသာရေးပွဲတွေကို လော်စပီကာမပါ ဆောင်းဘောက်မပါ အေးအေးချမ်းချမ်း ကျင်းပသွားကြပါတယ်။ဟင်ဒူဘာသာရေးပွဲတွေ ဆူညံပေမယ့် မြန်မာဗုဒ္ဓဘာသာတွေလို တစ်နှစ်ပတ်လည်လုံးနီးပါး လော်စပီကာဖွင့် ဆောင်းဘောက်ဖွင့် မဆူညံကြပါဘူး။ခရစ်ယာန်ပွဲတွေဟာ သူတို့ ဘုရားရှိခိုးကျောင်းထဲမှာပဲ ပရိသတ်ကြားသာရုံ အသံထုတ်ပြီး အေးအေးချမ်းချမ်း ကျင်းပကြပါတယ်။

မြန်မာအလှူခံတွေလို ဟော - သမီးလေး သီတာဖြိုး က အလှူတော်ငွေ တစ်ထောင်တဲ့ခင်ဗျလို့ တစ်ရပ်ကွက်လုံးကြားအောင် စပီကာနဲ့ အော်ဟစ်ပြောဆိုတာမျိုး ခရစ်ယာန်တွေမှာ လုံးဝမရှိပါဘူး။အလှူငွေထည့်ရမယ့် အိတ်ထဲကို တစ်ယောက်ပြီး တစ်ယောက် လက်လျှိုပြီး ငွေလှူသွားကြတာပါ။အနားမှာ ဘယ်သူဘယ်လောက်လှူလဲ စောင့်ကြည့်သူ အော်ဟစ်ပြောဆိုသူ မရှိပါဘူး။ဘယ်သူဘယ်လောက်လှူမှန်း ကာယကံရှင်ကလွဲလို့ ဘယ်သူမသိရတော့ တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်တုဂုဏ်ပြိုင် လှူတာလဲ မရှိတော့ဘဲ တတ်နိုင်သမျှ စိတ်အေးချမ်းသာ လှူသွားကြပါတယ်။အစားစားချိန်ရောက်ရင်လည်း ခရစ်ယာန်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် တိုးဝှေ့ယူခြင်းစားခြင်း မရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် တန်းစီယူစားကြပါတယ်။မြန်မာအလှူတွေမှာ တိုးဝှေ့ယူတာမျိုး ခရစ်ယာန်ဘာသာရေး အခမ်းအနားတွေမှာ လုံးဝမတွေ့ရပါဘူး။

ဒီနှစ် ကထိန်အလှူခံတွေဟာ ရန်ကုန် စည်ပင်ဥပဒေ ထွက်ထားလို့ နည်းပါးသွားတယ်၊ လျော့ပါးသွားတယ် လုံးဝမရှိဘဲ ယခင်နှစ်တွေအတိုင်း မူးပြီးက အလှူခံတဲ့အဖွဲ့တွေ၊ မဏ္ဍပ်တွေထိုး အော်ဟစ်အလှူခံတဲ့ အဖွဲ့တွေ ရှိနေမြဲပါဘဲ။ထုတ်ပြန်ထားတဲ့ စည်းကမ်းဥပဒေကို ပြည်သူက မလိုက်နာဘူး။ပြည်သူမလိုက်နာတာကို ရပ်ကျေးကစ မြို့နယ်အလယ် မြို့တော်ဝန်အဆုံး လက်ပိုက်ကြည့်နေတာဟာ မလိုက်နာသူတွေထက် ဥပဒေထုတ်ပြန်ထားသူတွေမှာ ပိုတာဝန်ရှိပါတယ်။ဒီနှစ် ကထိန်ရာသီ အလှူခံကာလမှာ ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ အရေးအသားတွေ၊ နေ့စဉ်သတင်းစာ ဂျာနယ်တွေမှာ ပါနေတဲ့ ကာတွန်းတွေကိုကြည့်ရင် ဒီလိုအော်ဟစ်ဆူညံ အလှူခံနေကြတာတွေကို ပြည်သူဘက်က အတော်စိတ်ကုန်နေပြီ သည်းမခံနိုင်တဲ့ ရေချိန်မှတ်ကို ပြနေပြီဆိုတာ ရန်ကုန် စည်ပင်ဥပဒေကို ထုတ်ပြန်ထားတဲ့ တာဝန်ရှိသူတွေ သိရှိစေချင်ပါတယ်။

နိုင်ငံတကာမှာ ဆူညံသံကို စနစ်တကျ ထိန်းချုပ်နေချိန်မှာ လော်စပီကာ အလုံး ၅၀၊ ၁၀၀ ပါဝင်တဲ့ လော်စပီကာပြိုင်ပွဲတွေ၊ လော်စပီကာအိုင်ဒေါ ဆိုတာတွေကို ခွင့်ပြုနေတဲ့ တာဝန်ရှိသူတွေဟာ လော်ဖွင့်တဲ့ အကျင့် ဆောင်းဘောက်စ် ဆူညံစွာဖွင့်တဲ့ အကျင့်ဟာ မြန်မာ့ရိုးရာ အစဉ်အလာတစ်ခုအဖြစ် ကာကွယ်ပေးနေဦးမလား။နိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းမလား ရွေးချယ်ကြရမယ့် တာဝန်ရှိကြပါတယ်။၂၁ ရာစုမှာ ကျောက်ခေတ်သာသာ အတွေးအခေါ်တွေကို ဖက်တွယ်ထားတဲ့ လူမှုရေး၊ ဘာသာရေး အကြောင်းပြပြီး အော်ဟစ်ဆူညံ အလှူခံတွေကို ပညာပေးကာလ သတ်မှတ်ဆောင်ရွက်ပြီး ခေါက်ရိုးကျိုးနေတဲ့ အလှူခံစနစ်ကို ပြုပြင်ပေးဖို့ ဥပဒေထုတ်ထားသူတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။

ခင်နှင်းဦး
နိုဝင်ဘာ - ၂၈

( Zawgyi )

ရန္ကုန္လူထု တစ္ႏွစ္ပတ္လုံးနီးပါး ခံရတဲ့ဒဏ္က ဆူညံသံပါ။၂၀၁၈ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ စတင္အသက္ဝင္မယ္ဆိုတဲ့ ရန္ကုန္ စည္ပင္ဥပေဒ အားကိုးနဲ႔ ဒီႏွစ္ ကထိန္ရာသီမွာေတာ့ အရင္ကထိန္ရာသီေတြမွာ ႂကြက္ႂကြက္ညံဖြင့္ေလ့ရွိၾကတဲ့ ေလာ္စပီကာသံနဲ႔ အသံခ်ဲ႕စက္ ( ေဆာင္းေဘာက္) သံေတြ ဒဏ္က လြတ္ရေခ်ရဲ႕ဆိုၿပီး ဝမ္းသာခဲ့ပါတယ္။

လက္ေတြ႕မွာေတာ့ ရန္ကုန္ စည္ပင္ဥပေဒ မထြက္ခင္တုန္းကလိုပါပဲ လမ္းမနံေဘးေတြမွာ ကထိန္အလႉခံမ႑ပ္ေတြဖြင့္ ေအာ္ဟစ္ဆူညံအလႉခံ၊ ရပ္ကြက္ေတြထဲမွာလဲ ဟိုေနရာအလႉခံတစ္ဖြဲ႕ ဒီေနရာအဖြဲ႕ အလႉခံအဖြဲ႕ေတြက ဖြင့္တဲ့ အသံခ်ဲ႕စက္သံ စပီကာသံဒဏ္က မလြတ္ေျမာက္ၾကပါဘူး။တစာစာ တညံညံ အလႉခံသံေတြဒဏ္က တမ်ိဳး၊ ရပ္ကြက္ထဲလွည့္ အလႉခံတဲ့ အဖြဲ႕ေတြရဲ႕ ေလာ္စပီကာသံ အသံခ်ဲ႕စက္သံ ဒဏ္ေတြက တမ်ိဳး နားမခ်မ္းသာတဲ့ ဒဏ္ကို လွိမ့္ခံၾကရပါတယ္။

ရန္ကုန္ဟာ လူသံကားသံ မတိတ္တဲ့ၿမိဳ႕၊ ေန႔ဆိုင္း ညဆိုင္းေတြနဲ႔ ဝမ္းစာရွာ အလုပ္လုပ္ေနရသူေတြ အမ်ားအျပားရွိတဲ့ၿမိဳ႕၊ တခ်ိန္က ၿမိဳ႕ေတာ္ဘဝကေန ဒုတိယၿမိဳ႕ေတာ္ဘဝဆီ ေလွ်ာက်ရေပမဲ့ ရန္ကုန္ကို အနယ္နယ္က လာေရာက္တိုးဝင္ ေနထိုင္သူေတြ မွီခိုရာၿမိဳ႕။လာေရာက္မွီခိုသူေတြ မ်ားျပားလာေတာ့ ေက်ာခ်စရာေနရာ တစ္ေန႔တျခား ခက္ခဲလာလို႔ တစ္အိမ္နဲ႔ တစ္အိမ္ နံရံေလးေလာက္ပဲျခားၿပီး ေနထိုင္ၾကရတဲ့ၿမိဳ႕၊ လူေနထူထပ္ သိပ္သည္းဆမ်ားလာတဲ့ၿမိဳ႕ ျဖစ္ေနပါၿပီ။ႏိုင္ငံတကာမွာေတာ့ လူေနထူထပ္တဲ့ ၿမိဳ႕ေတာ္ေတြနဲ႔ အေရးပါတဲ့ၿမိဳ႕ႀကီးေတြမွာ မွီတင္းေနထိုင္သူေတြရဲ႕ ကိုယ္စိတ္က်န္းမာေရး ႏွစ္မ်ိဳးစလုံးအတြက္ အုပ္ခ်ဳပ္သူေတြက အေလးထားၾကပါတယ္။ၿမိဳ႕ျပေတြရဲ႕ ဆူညံသံကို ဥပေဒေတြနဲ႔ ထိန္းခ်ဳပ္ေပးၾကပါတယ္။တိုင္းသူျပည္သားေတြကို ငယ္စဥ္ကတည္းက ေက်ာင္းသင္ပညာေရးမွာ ျပည္သူ႔နီတိကို ထိထိေရာက္ေရာက္ သင္ၾကားေပးထားပါတယ္။

ဒီလို ေလ့က်င့္ေပး ပညာသင္ၾကားေပးတာ ခံခဲ့ရတဲ့ ျပည္သူေတြဟာ မိမိေၾကာင့္ သူတပါး အေႏွာင့္အယွက္ မျဖစ္ေစရဘူးဆိုတဲ့ လူမႈက်င့္ဝတ္ကို လိုက္နာၾကပါတယ္။အစိုးရက ဆူညံသံကို ဥပေဒနဲ႔ ထိထိေရာက္ေရာက္ ထိန္းကြပ္ထားပါတယ္။သူတို႔ဆီက လူထုက စည္းကမ္းဥပေဒကို လိုက္နာၾကပါတယ္။အဆမတန္မ်ားျပားတဲ့ ကားေတြဟာ လမ္းေပၚမွာ ဟြန္းသံတခ်က္မတီးဘဲ စနစ္တက် ေမာင္းႏွင္ၾကပါတယ္။လူအမ်ား စုေပါင္းေနရတဲ့ တိုက္ခန္းေတြ ကြန္ဒိုေတြမွာ တစ္ခန္းက ဆူညံေနလို႔ ေဘးခန္းက တံခါးေခါက္ သတိေပးလိုက္ရင္ ဆူေနတဲ့ အခန္းက အသံကိုေလွ်ာ့ေပးရပါတယ္။
ဆက္ဆူညံေနမယ္ဆိုရင္ တစ္ဘက္ခန္းက တရားစြဲၿပီသာမွတ္။

ျမန္မာကေတာ့ စည္းကမ္းေတြ ထုတ္ေတာ့ထုတ္ပါရဲ႕။ထုတ္တဲ့ စည္းကမ္းအတိုင္း ျပည္သူကလည္း မလိုက္နာ။ထုတ္ျပန္တဲ့ အစိုးရကလည္း ကိုယ္ထုတ္တဲ့ စည္းကမ္းဥပေဒ တည္ေစဖို႔ ေနာက္ေၾကာင္းျပန္ ေစာင့္ၾကည့္ၾကပ္မတ္မႈ မရွိေတာ့ ျမန္မာျပည္မွာ စည္းကမ္းဥပေဒဆိုတာ ေကာက္႐ိုးမီးလို ခဏဟုန္းခနဲေတာက္ၿပီးရင္ မီးေသသြားပါေတာ့တယ္။ဥပမာ - ကားဟြန္းမတီးရ ဥပေဒထုတ္ခဲ့တယ္။ဟြန္းတီးဖို႔လိုတယ္တို႔ ဘာတို႔ ေစာဒကေတြ တက္ၾကတယ္။ဟြန္းမတီးရ ဥပေဒကို ကားသမားေတြ ခဏေတာ့လိုက္နာၾကေပမယ့္ ေနာက္ပိုင္း မလိုက္နာၾကေတာ့ပါဘူး။ဒီလိုမလိုက္နာတဲ့ ယာဥ္ေမာင္းေတြကို အစိုးရပိုင္းက တိတိက်က် ကိုင္တြယ္အေရးယူမႈ မျပဳဘဲ မသိက်ိဳးကြၽန္ျပဳထားေတာ့ အစိုးရကိုေရာ အစိုးရထုတ္တဲ့ စည္းကမ္းဥပေဒေတြကို လူထုက ေလးစားလိုက္နာမႈ အားနည္းလာပါတယ္။ဒီကေန႔ ျမန္မာႏိုင္ငံတဝန္း ေမာင္းႏွင္ေနတဲ့ ကားေတြဟာ မလိုအပ္လည္း ဟြန္းတီးၾကတယ္။လိုအပ္လည္း ဟြန္းတီးၾကတယ္။ဟြန္းတီးတဲ့အခါ မလိုအပ္ဘဲ ဟြန္းသံရွည္ႀကီး တီးၾကတဲ့ ကားသမားေတြကို မၾကာခဏေတြ႕ရပါတယ္။

အင္မတန္ဆူညံတဲ့ ေနာက္အသံတစ္ခုက ေမာ္ေတာ္ဆိုင္ကယ္ အိတ္ေဇာသံပါ။ေမာ္ေတာ္ဆိုင္ကယ္ကို အိတ္ေဇာပိုက္ မျဖဳတ္ဘဲ အသားကုန္ေမာင္းၾကတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြ ျဖတ္သြားၿပီဆိုရင္ ေမာ္ေတာ္ဆိုင္ကယ္ဘီးနဲ႔ လမ္းပြတ္တိုက္ ထြက္လာတဲ့ အသံနဲ႔ အိတ္ေဇာပိုက္သံဟာ ဘယ္ေလာက္နားမခံသာတယ္ဆိုတာ ႀကဳံဖူးသူတိုင္း သိၾကပါတယ္။ဒီလို ဆူညံလြန္းတဲ့ အသံထုတ္ၿပီး လွ်ပ္တျပက္ေမာင္းသြားတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြကို ဘယ္ယာဥ္ထိန္းရဲမွ ဖမ္းတာလည္း မေတြ႕ရ။ရန္ကုန္ၿမိဳ႕ထဲမွာ ဒီလို အိတ္ေဇာပိုက္ ဖြင့္ေမာင္းၾကတဲ့ ေမာ္ေတာ္ဆိုင္ကယ္သမားေတြကို ေတြ႕ႏိုင္မယ္ မဟုတ္ေပမဲ့ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ အင္းစိန္ မဂၤလာဒုံ၊ ဒဂုံၿမိဳ႕သစ္လို ေနရာေတြမွာ ေန႔တိုင္းေတြ႕ရပါတယ္။
ျပည္သူ႔နီတိကို နားမလည္တဲ့ ဒီလိုလူေတြ ကိုယ့္ေၾကာင့္ အမ်ားကို ထိခိုက္မႈျဖစ္မွန္းမသိတဲ့ ဒီလိုလူေတြ မ်ားျပားလွပါတယ္။

ဘာသာေရးနဲ႔ ပတ္သက္ရင္ ဗုဒၶဘာသာ ျမန္မာအေတာ္မ်ားမ်ားရဲ႕အယူအဆေတြ လုပ္ပုံကိုင္ပုံေတြဟာ ဘုရားအလိုက် မဟုတ္ဘဲ လြဲေခ်ာ္ေနပါတယ္။ဒီလိုလြဲေနတယ္ေျပာရင္ လက္မခံ႐ုံသာမက စိတ္ဆိုးၾကပါတယ္။ ကထိန္ရဲ႕ မူလအဓိပၸာယ္ဟာ ဝါတြင္းသီတင္းသုံးၿပီး ဝါထြက္လာတဲ့ သံဃာေတြကို သကၤန္းအတြက္ အခက္အခဲ မႀကဳံရေစဖို႔ ရည္စူးၿပီး သကၤန္းကပ္လႉတဲ့ ပြဲပါ။ကထိန္သကၤန္း ကပ္တဲ့အခါ ဘယ္ရဟန္းသံဃာအတြက္လို႔ မရည္စူးရဘဲ သံဃာအားလုံးကို ရည္စူးကပ္လႉရတာပါ။ဗုဒၶဘာသာအေရးကို အကာဖယ္ အႏွစ္သာ လႊမ္းမိုးေစခ်င္တဲ့ အမရပူရ မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီး အရွင္ဇနကာဘိဝံသ က ျမန္မာေတြျပဳလုပ္တဲ့ အလႉေတြဟာ အႏွစ္သာရထက္ ပကာနသဘက္ တိမ္းေနလို႔ ကုန္သေလာက္ အက်ိဳးမမ်ားၾကေၾကာင္း၊ အလႉဒါန အမ်ားစုဟာ ဗုဒၶသာသနာကို ေစာင့္ေရွာက္ရာ မေရာက္ဘဲ အေဟာသိကံ ျဖစ္ရတယ္လို႔ အနာဂတ္သာသနာေရး စာအုပ္မွာ ေရးသားခဲ့ပါတယ္။

ကထိန္မွာ ဘုန္းႀကီးေက်ာင္းေတြအတြက္ တကယ္မလိုအပ္ဘဲ ပေဒသာပင္သီးတာ၊ ေငြကုန္ေၾကးက်ခံ၊ ဆိုင္းေတြ ဗုံေတြနဲ႔ ဆူညံလႉဒါန္းၾကတာကိုလည္း ေထာက္ျပခဲ့ပါတယ္။မႏၲေလးၿမိဳ႕က ကထိန္တစ္ခုအတြက္ အကုန္ခံတဲ့ ေငြေၾကးေတြကို စနစ္တက်သုံးမယ္ဆိုရင္ သံဃာေတြအတြက္ အက်ိဳးမ်ားေစမယ့္ ဗုဒၶတကၠသိုလ္တစ္ခု ေဆာက္လုပ္ႏိုင္တယ္လို႔ ေရးသားျပခဲ့ပါတယ္။
အခုေခတ္ ရပ္ကြက္ေတြထဲမွာ အလႉခံမ႑ပ္ေတြက ကိုႀကီးေက်ာ္သီခ်င္း အက်ယ္ႀကီးဖြင့္ၿပီး ကထိန္အတြက္ အလႉခံေနၾကတာကို အရွင္ဇနကာဘိဝံသ သာ ျမင္သိရရင္ သူႀကိဳေျပာခဲ့တာေတြ မွန္လွပါကလားလို႔ ညည္းတြားမယ္ ထင္ပါရဲ႕။

ျမန္မာေတြဟာ ဆူညံသံရဲ႕ ဆိုးက်ိဳးကို မသိသူမ်ားပါတယ္။မသိတဲ့အျပင္ ျမန္မာေတြ ဆူညံသံႀကိဳက္သလားလို႔ တခါတခါေတြးမိပါတယ္။ျမန္မာ့အိမ္နီးခ်င္း ထိုင္းမွာလဲ ဒီလို ေလာ္စပီကာတေၾကာ္ေၾကာ္နဲ႔ အလႉခံထြက္တာ မရွိပါ။ေရွးျမန္မာေတြ ဝတ္အသင္းမ်ားဖြဲ႕ၿပီး အိမ္ေပါက္ေစ့ လိုက္အလႉခံတာ ေလာ္စပီကာမပါ ပါဘူး။အလြန္ဆူညံတဲ့ အသံဟာ က်န္းမာေရးကို ထိခိုက္ေစတယ္။အၾကားအာ႐ုံ နားကို ထိခိုက္ေစတယ္။ကေလးငယ္ေလးရဲ႕ အၾကားအာ႐ုံကို ထိခိုက္ေစတာ အလြန္ဆိုးတယ္ဆိုတာ မိဘေတြသိရင္ ဒီလို ဆူညံေအာ္ဟစ္ အလႉခံေနတာေတြကို တားဆီးၾကမယ္ ထင္ပါတယ္။ေနထိုင္မေကာင္းသူေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြအတြက္ အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။

ဗုဒၶျမတ္စြာဘုရားဟာ တိတ္ဆိတ္ေအးခ်မ္းမႈကို အလြန္တန္ဖိုးထားပါတယ္။ဗုဒၶတရားေတာ္ေတြမွာ သမာဓိရဖို႔ တိတ္ဆိတ္ေအးခ်မ္းတဲ့ ပတ္ဝန္းက်င္ လိုပါတယ္။ေအးခ်မ္းတိတ္ဆိတ္မႈဟာ လူရဲ႕ က်န္းမာေရးကိုလည္း အေထာက္အကူျပဳပါတယ္။တျခားဘာသာဝင္ေတြ သူတို႔ရဲ႕ ထုံးတမ္းစဥ္လာ ဘာသာေရးပြဲေတြကို ေလာ္စပီကာမပါ ေဆာင္းေဘာက္မပါ ေအးေအးခ်မ္းခ်မ္း က်င္းပသြားၾကပါတယ္။ဟင္ဒူဘာသာေရးပြဲေတြ ဆူညံေပမယ့္ ျမန္မာဗုဒၶဘာသာေတြလို တစ္ႏွစ္ပတ္လည္လုံးနီးပါး ေလာ္စပီကာဖြင့္ ေဆာင္းေဘာက္ဖြင့္ မဆူညံၾကပါဘူး။ခရစ္ယာန္ပြဲေတြဟာ သူတို႔ ဘုရားရွိခိုးေက်ာင္းထဲမွာပဲ ပရိသတ္ၾကားသာ႐ုံ အသံထုတ္ၿပီး ေအးေအးခ်မ္းခ်မ္း က်င္းပၾကပါတယ္။

ျမန္မာအလႉခံေတြလို ေဟာ - သမီးေလး သီတာၿဖိဳး က အလႉေတာ္ေငြ တစ္ေထာင္တဲ့ခင္ဗ်လို႔ တစ္ရပ္ကြက္လုံးၾကားေအာင္ စပီကာနဲ႔ ေအာ္ဟစ္ေျပာဆိုတာမ်ိဳး ခရစ္ယာန္ေတြမွာ လုံးဝမရွိပါဘူး။အလႉေငြထည့္ရမယ့္ အိတ္ထဲကို တစ္ေယာက္ၿပီး တစ္ေယာက္ လက္လွ်ိဳၿပီး ေငြလႉသြားၾကတာပါ။အနားမွာ ဘယ္သူဘယ္ေလာက္လႉလဲ ေစာင့္ၾကည့္သူ ေအာ္ဟစ္ေျပာဆိုသူ မရွိပါဘူး။ဘယ္သူဘယ္ေလာက္လႉမွန္း ကာယကံရွင္ကလြဲလို႔ ဘယ္သူမသိရေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ဂုဏ္တုဂုဏ္ၿပိဳင္ လႉတာလဲ မရွိေတာ့ဘဲ တတ္ႏိုင္သမွ် စိတ္ေအးခ်မ္းသာ လႉသြားၾကပါတယ္။အစားစားခ်ိန္ေရာက္ရင္လည္း ခရစ္ယာန္ေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ တိုးေဝွ႔ယူျခင္းစားျခင္း မရွိဘဲ တိတ္တိတ္ဆိတ္ဆိတ္ တန္းစီယူစားၾကပါတယ္။ျမန္မာအလႉေတြမွာ တိုးေဝွ႔ယူတာမ်ိဳး ခရစ္ယာန္ဘာသာေရး အခမ္းအနားေတြမွာ လုံးဝမေတြ႕ရပါဘူး။

ဒီႏွစ္ ကထိန္အလႉခံေတြဟာ ရန္ကုန္ စည္ပင္ဥပေဒ ထြက္ထားလို႔ နည္းပါးသြားတယ္၊ ေလ်ာ့ပါးသြားတယ္ လုံးဝမရွိဘဲ ယခင္ႏွစ္ေတြအတိုင္း မူးၿပီးက အလႉခံတဲ့အဖြဲ႕ေတြ၊ မ႑ပ္ေတြထိုး ေအာ္ဟစ္အလႉခံတဲ့ အဖြဲ႕ေတြ ရွိေနၿမဲပါဘဲ။ထုတ္ျပန္ထားတဲ့ စည္းကမ္းဥပေဒကို ျပည္သူက မလိုက္နာဘူး။ျပည္သူမလိုက္နာတာကို ရပ္ေက်းကစ ၿမိဳ႕နယ္အလယ္ ၿမိဳ႕ေတာ္ဝန္အဆုံး လက္ပိုက္ၾကည့္ေနတာဟာ မလိုက္နာသူေတြထက္ ဥပေဒထုတ္ျပန္ထားသူေတြမွာ ပိုတာဝန္ရွိပါတယ္။ဒီႏွစ္ ကထိန္ရာသီ အလႉခံကာလမွာ ေဖ့စ္ဘုတ္ေပၚတက္လာတဲ့ အေရးအသားေတြ၊ ေန႔စဥ္သတင္းစာ ဂ်ာနယ္ေတြမွာ ပါေနတဲ့ ကာတြန္းေတြကိုၾကည့္ရင္ ဒီလိုေအာ္ဟစ္ဆူညံ အလႉခံေနၾကတာေတြကို ျပည္သူဘက္က အေတာ္စိတ္ကုန္ေနၿပီ သည္းမခံႏိုင္တဲ့ ေရခ်ိန္မွတ္ကို ျပေနၿပီဆိုတာ ရန္ကုန္ စည္ပင္ဥပေဒကို ထုတ္ျပန္ထားတဲ့ တာဝန္ရွိသူေတြ သိရွိေစခ်င္ပါတယ္။

ႏိုင္ငံတကာမွာ ဆူညံသံကို စနစ္တက် ထိန္းခ်ဳပ္ေနခ်ိန္မွာ ေလာ္စပီကာ အလုံး ၅၀၊ ၁၀၀ ပါဝင္တဲ့ ေလာ္စပီကာၿပိဳင္ပြဲေတြ၊ ေလာ္စပီကာအိုင္ေဒါ ဆိုတာေတြကို ခြင့္ျပဳေနတဲ့ တာဝန္ရွိသူေတြဟာ ေလာ္ဖြင့္တဲ့ အက်င့္ ေဆာင္းေဘာက္စ္ ဆူညံစြာဖြင့္တဲ့ အက်င့္ဟာ ျမန္မာ့႐ိုးရာ အစဥ္အလာတစ္ခုအျဖစ္ ကာကြယ္ေပးေနဦးမလား။ႏိုင္ငံက ထုတ္ျပန္ထားတဲ့ ဥပေဒနဲ႔အညီ ကိုင္တြယ္ေျဖရွင္းမလား ေ႐ြးခ်ယ္ၾကရမယ့္ တာဝန္ရွိၾကပါတယ္။၂၁ ရာစုမွာ ေက်ာက္ေခတ္သာသာ အေတြးအေခၚေတြကို ဖက္တြယ္ထားတဲ့ လူမႈေရး၊ ဘာသာေရး အေၾကာင္းျပၿပီး ေအာ္ဟစ္ဆူညံ အလႉခံေတြကို ပညာေပးကာလ သတ္မွတ္ေဆာင္႐ြက္ၿပီး ေခါက္႐ိုးက်ိဳးေနတဲ့ အလႉခံစနစ္ကို ျပဳျပင္ေပးဖို႔ ဥပေဒထုတ္ထားသူေတြရဲ႕ တာဝန္သာ ျဖစ္ပါတယ္။

ခင္ႏွင္းဦး
ႏိုဝင္ဘာ - ၂၈