【 ဆောင်းပါး 】 ''ယဉ်ကျေးမှုနဲ့ အထိန်းအကွပ်''

【 ဆောင်းပါး  】 ''ယဉ်ကျေးမှုနဲ့ အထိန်းအကွပ်''

မြန်မာနိုင်ငံက အင်မတန်မှ ယဉ်ကျေးမှုထွန်းကားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ့်ယဉ်ကျေးမှု အမွေအနှစ်တွေကို တန်ဖိုးထားဂုဏ်ယူတတ်သူတွေရှိသလိုပဲ ယဉ်ကျေးမှုကို အရောင်ဆိုးချင် သူတွေလည်းရှိပါတယ်။

ဘယ်လိုလူမျိုးတွေက အရောင်ဆိုးချင်နေကြတာလဲမေးရင် တိုင်းပြည်နဲ့လူမျိုးချစ်စိတ် နည်းပါး သူ တွေလို့ပဲ အလွယ်ပြောရမှာဖြစ်ပါတယ်။အဲဒီလိုလူမျိုးတွေက ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး၊ ကိုယ့် ဘာသာ၊ကိုယ့်စကား တန်ဖိုးမထားကြတာများတော့ ယဉ်ကျေးမှုဆိုတာကိုလည်း မထိန်းသိမ်း ချင်ကြပါဘူး။

လူ့ယဉ်ကျေးမှု အနေအထိုင် ဓလေ့စရိုက်တွေကို ထိန်းသိမ်းရင် လူ့အခွင့်အရေးပဲ ချိုးဖောက်ခံရ သလိုလို၊ချုပ်ချယ်နေသလိုလို၊ ဒီမိုကရေစီစနစ်နဲ့ပဲ မလျော်ညီသလိုလို၊ခေတ်နောက်ပြန်ဆွဲ အယူသီးစရာ ရှေးရိုးစွဲနေကြသလိုလိုနဲ့  ယဉ်ကျေးမှုကို အရောင်ဆိုးချင်နေကြသူအချို့ရှိပါတယ်။

နိုင်ငံတိုင်းမှာ ဘယ်လောက်ပဲခေတ်မီအောင်လုပ်လုပ်၊ဒီမိုကရေစီစနစ်ထွန်းကားအောင် ဘယ်လောက်ပဲ ကြံဆောင်ကြံဆောင် ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်၊ ယဉ်ကျေးမှု ဓလေ့ စရိုက် လက္ခဏာတွေ မတိမ်ကောအောင် ထိန်းသိမ်းဖို့ သက်ဆိုင်ရာနိုင်ငံတိုင်းရဲ့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။အဲဒီတာဝန်ကို မြန်မာနိုင်ငံသားတွေ ထမ်းဆောင်ကြစေဖို့ အခြေခံဥပဒေမှာကို နိုင်ငံသားတွေရဲ့  တာဝန်တစ်ခုအဖြစ် ထည့်သွင်းပြဌာန်းထားတာ တွေ့ရပါတယ်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)ရဲ့ခေါင်းစဉ် ဖြစ်တဲ့ ''နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ'' ဆိုတဲ့ အကြောင်းအရာ အောက်မှာပါတဲ့ ပုဒ်မ ၃၉၀ မှာ ဒီလိုဆိုပါတယ်။ နိုင်ငံသားတိုင်းဟာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ကိစ္စရပ်မှာ နိုင်ငံတော်ကို ကူညီဖို့တာဝန်ရှိတယ်ဆိုပြီး ပြဌာန်းထားတာဖြစ်ပါတယ်။

ယဉ်ကျေးမှုထွန်းကားတဲ့ မြန်မာလိုနိုင်ငံအတွက် ကမ္ဘာနဲ့ချီ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စရပ် ကလည်း ပြီးခဲ့တဲ့နှစ် ၂၀၁၉ခုနှစ်က ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပြီး ရှေးဟောင်းစေတီပုထိုးပေါင်း ၃၈၀၀ကျော်ရှိတဲ့ ပုဂံဒေသ ကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်မှာ သတ်မှတ်ခဲ့လို့ ဖြစ်ပါတယ်။

အခုတော့ အဲဒီကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပုဂံဒေသကို ပျက်စီးရာ ပျက်စီးကြောင်း ခြိမ်းခြောက် လာတဲ့ အကြောင်းအရာတွေက ဒီနှစ်ထဲမှာ အတော်များများပေါ်ပေါက်လာခဲ့ပါတယ်။

ပုဂံဒေသမှာ သက်ဆိုင်ရာကို အကြောင်းမကြားဘဲ ခြံစည်းရိုးခတ်ထားလို့ အဲဒီလိုလုပ်တဲ့သူကို သက်ဆိုင်ရာက သတိပေးပြီး ခြံစည်းရိုးကို ပြန်ဖြုတ်သိမ်းခိုင်းခဲ့ရပါတယ်။ နားမလည်ဘဲ လုပ်မိတာပါလို့တော့ ခြံစည်းရိုးခတ်တဲ့သူတွေက ဝန်ခံသွားတယ် လို့လည်း သိရပါတယ်။ ပုဂံ မြို့သစ် မြောက်ဘက်မှာရှိတဲ့ တာမဏီ ဘုန်းကြီးကျောင်း အနီးမှာ အုတ်တိုင်တွေစိုက်ပြီး ခြံစည်း ရိုးခတ်လို့ ဝေဖန်တာတွေရှိခဲ့တဲ့နောက် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးပြီး တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် ပုဂံဒေသမှာ ရှေးဟောင်းစေတီ၁၂ ဆူ ဌာပနာအဖောက်ခံရပါတယ်။ကိုဗစ်-၁၉ ဖြစ်နေတဲ့ ကာလအတွင်းမှာ အဲဒီစေတီတွေ ဌာပနာဖောက်ထွင်း ခိုးယူခံရတာဖြစ်ပါတယ်။အလားတူ ဖျက်ဆီးခံရမှုမျိုးပဲ ပုဂံဒေသမှာရှိတဲ့ လောကထိပ်ပန်ဘုရား အဝင်မုခ်ဦးအတွင်းသံပန်းတံခါးမှာ တပ်ထားတဲ့ ဝါးယင်းလိပ်ကို မီးရှို့ဖျက်ဆီးတာခံရပါသေးတယ်။

ဒီလို ယဉ်ကျေးမှုအမွေအနှစ် ပုဂံဒေသမှာ စည်းကမ်းဖောက်ဖျက်ခံရတာ၊ဖျက်ဆီးခံရတာတွေ ရှိလာတာမို့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းကွပ်ဖို့ရာ ခိုင်မာတဲ့ဥပဒေရှိမရှိ စိတ်ဝင်တစား သိချင်သူတွေ များပြားလာပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ရာ ခိုင်မာတဲ့ဥပဒေရှိတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆နဲ့ ပြဌာန်းခဲ့ပါတယ်။

နိုင်ငံတော်ရဲ့ အကျိုးစီးပွားအလို့ငှာတောင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ ဓာတ်သတ္ထု တူးဖော်တာတွေနဲ့စပ်လျဉ်းပြီး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ယဉ်ကျေး မှု အမွေအနှစ်ဒေသနဲ့ အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေမှာ ဆောင်ရွက်တာကို တားမြစ်ထားတဲ့အထိ ဒီဥပဒေက ခိုင်မာပြီး ထိန်းကွပ်စည်းနှောင်အား ကောင်းတာ တွေ့ရပါ တယ်။

နောက်ပြီး ဘယ်သူမဆို တိုင်းဒေသကြီး/ပြည်နယ်ထိန်းသိမ်းရေးကော်မတီ၊ ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီရဲ့ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်ဒေသမှာ ရှေးဟောင်းအဆောက်အအုံကိုဖြစ်ဖြစ်၊ အဆောက်အအုံရဲ့ တစ်စိတ် တစ်ဒေသကိုဖြစ်ဖြစ် ဖျက်ဆီးတာ၊ရှေးဟောင်းအဆောက်အအုံရဲ့ မူလရှေးဟောင်းပုံသဏ္ဌာန်၊ မူလရှေးဟောင်းလက်ရာ၊ မူလရှေးဟောင်းအမည်ကို ပြောင်းလဲဖို့ တမင်ပြုလုပ်တာ စတာတွေကို မလုပ်ဖို့ တားမြစ်ထားပါတယ်။

အဲဒီလိုတားမြစ်ထားတာကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှား စီရင်တာခံရရင် အနည်းဆုံး သုံးနှစ်ကနေ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် အနည်းဆုံး ကျပ်တစ်ဆယ်သိန်းကနေ အများဆုံးကျပ်သိန်း ၅၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်တယ်ဆိုပြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ၄၀မှာ ပြဌာန်းထားပါတယ်။

ဒါ့ပြင် ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းဝတ္ထုပစ္စည်းရှာဖွေဖို့ တူးဖော်တာ၊ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ ဓာတ်သတ္ထုရှာဖွေဖို့ တူးဖော်တာတွေ ဖောက်ဖျက်ကျူးလွန် တယ်လို့ ပြစ်မှုထင်ရှား စီရင်ခံရရင် ပုဒ်မ၄၀နဲ့ပဲ အရေးယူ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

အလားတူ ယဉ်ကျေးမှုအမွေအနှစ်တွေ တည်ရှိတဲ့ဒေသအတွင်းမှာရှိတဲ့ မြို့ပြနဲ့ ကျေးရွာမှာ တိုင်းဒေသကြီး / ပြည်နယ်ထိန်းသိမ်းရေးကော်မတီ၊ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီရဲ့ ကြိုတင်ခွင့်ပြုချက်မရဘဲ အဆောက်အအုံ တည်ဆောက်တာ၊ တိုးချဲ့ဆောက်လုပ်တာ၊ ရှေးဟောင်းအဆောက်အအုံမှတစ်ပါး အခြားအဆောက်အအုံကို ပြင်ဆင်တာ၊ဝင်းခြံနယ်နိမိတ်ကို ကာရံတာ၊ ပြင်ဆင်တာ၊တိုးချဲ့တာတွေ မလုပ်ဖို့တားမြစ်ထားပါတယ်။

အဲဒီလိုတားမြစ်ထားတာကို ဖောက်ဖျက်ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားစီရင်ခံရရင်  အနည်းဆုံး တစ်နှစ်ကနေ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် အနည်းဆုံးကျပ် တစ်ဆယ်သိန်း ကနေ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ် လည်း ချမှတ်နိုင်တယ်လို့ အဲဒီ ဥပဒေရဲ့ ပုဒ်မ ၃၇မှာ ဆိုပါတယ်။

''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်း ရေး ကော်မတီသည် ကြိုတင်ခွင့်ပြုချက်ပါ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး စည်းကမ်း ချက် တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင်လည်းကောင်း၊ ဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာန သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေးကော်မတီ သို့မဟုတ် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီများက ထုတ်ပြန်သော စည်းကမ်းချက်၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်လျှင်သော် လည်း ကောင်း ထိုသူကို အောက်ပါစီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(က) သတိပေးပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်စေခြင်း၊ ခံဝန်ချက်ရေးထိုးစေခြင်း၊
(ခ) သတ်မှတ်ထားသော ဒဏ်ကြေးငွေပေးဆောင်စေပြီး စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်စေခြင်း၊
(ဂ) ကြိုတင်ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်း။''
ဆိုပြီးတော့လည်း ပုဒ်မ ၄၈ မှာ ပြဌာန်းထားပါတယ်။

အထက်မှာပြောခဲ့တဲ့ ပြဌာန်းချက်တွေအပြင် တခြားခိုင်မာထိရောက်တဲ့ ပြဌာန်းချက်အများအပြားကိုလည်း ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေမှာ ပြဌာန်းထားပြီးဖြစ်ပါတယ်။

ဒါကြောင့်မို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့ရာ ခိုင်မာတဲ့ဥပဒေရှိလားမေးရင် ရှိတယ်လို့ပြောရမှာဖြစ်ပေမယ့် အဲဒီဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ အားကောင်းမှသာ မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို အကောင်းဆုံးကာကွယ် ထိန်းကွပ်နိုင်မှာဖြစ်ပါတယ်လို့ အပြုသဘောဆောင် အကြံပြုလိုက်ပါရစေ။

သာဓက

(  Zawgyi  )

 ျမန္မာႏိုင္ငံက အင္မတန္မွ ယဥ္ေက်းမႈထြန္းကားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ကိုယ့္ယဥ္ေက်းမႈ အေမြအႏွစ္ေတြကို တန္ဖိုးထားဂုဏ္ယူတတ္သူေတြရွိသလိုပဲ ယဥ္ေက်းမႈကို အေရာင္ဆိုးခ်င္ သူေတြလည္းရွိပါတယ္။

ဘယ္လိုလူမ်ိဳးေတြက အေရာင္ဆိုးခ်င္ေနၾကတာလဲေမးရင္ တိုင္းျပည္နဲ႔လူမ်ိဳးခ်စ္စိတ္ နည္းပါး သူ ေတြလို႔ပဲ အလြယ္ေျပာရမွာျဖစ္ပါတယ္။အဲဒီလိုလူမ်ိဳးေတြက ကိုယ့္ႏိုင္ငံ၊ကိုယ့္လူမ်ိဳး၊ ကိုယ့္ ဘာသာ၊ကိုယ့္စကား တန္ဖိုးမထားၾကတာမ်ားေတာ့ ယဥ္ေက်းမႈဆိုတာကိုလည္း မထိန္းသိမ္း ခ်င္ၾကပါဘူး။

လူ႔ယဥ္ေက်းမႈ အေနအထိုင္ ဓေလ့စ႐ိုက္ေတြကို ထိန္းသိမ္းရင္ လူ႔အခြင့္အေရးပဲ ခ်ိဳးေဖာက္ခံရ သလိုလို၊ခ်ဳပ္ခ်ယ္ေနသလိုလို၊ ဒီမိုကေရစီစနစ္နဲ႔ပဲ မေလ်ာ္ညီသလိုလို၊ေခတ္ေနာက္ျပန္ဆြဲ အယူသီးစရာ ေရွး႐ိုးစြဲေနၾကသလိုလိုနဲ႔  ယဥ္ေက်းမႈကို အေရာင္ဆိုးခ်င္ေနၾကသူအခ်ိဳ႕ရွိပါတယ္။

ႏိုင္ငံတိုင္းမွာ ဘယ္ေလာက္ပဲေခတ္မီေအာင္လုပ္လုပ္၊ဒီမိုကေရစီစနစ္ထြန္းကားေအာင္ ဘယ္ေလာက္ပဲ ႀကံေဆာင္ႀကံေဆာင္ ကိုယ့္ႏိုင္ငံရဲ႕ယဥ္ေက်းမႈအေမြအႏွစ္၊ ယဥ္ေက်းမႈ ဓေလ့ စ႐ိုက္ လကၡဏာေတြ မတိမ္ေကာေအာင္ ထိန္းသိမ္းဖို႔ သက္ဆိုင္ရာႏိုင္ငံတိုင္းရဲ႕ ႏိုင္ငံသားတိုင္းမွာ တာဝန္ရွိပါတယ္။အဲဒီတာဝန္ကို ျမန္မာႏိုင္ငံသားေတြ ထမ္းေဆာင္ၾကေစဖို႔ အေျခခံဥပေဒမွာကို ႏိုင္ငံသားေတြရဲ႕  တာဝန္တစ္ခုအျဖစ္ ထည့္သြင္းျပဌာန္းထားတာ ေတြ႕ရပါတယ္။

၂၀၀၈ ခုႏွစ္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း (၈)ရဲ႕ေခါင္းစဥ္ ျဖစ္တဲ့ ''ႏိုင္ငံသား၊ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးႏွင့္ တာဝန္မ်ား'' ဆိုတဲ့ အေၾကာင္းအရာ ေအာက္မွာပါတဲ့ ပုဒ္မ ၃၉၀ မွာ ဒီလိုဆိုပါတယ္။ ႏိုင္ငံသားတိုင္းဟာ အမ်ိဳးသားယဥ္ေက်းမႈ အေမြအႏွစ္ကို ထိန္းသိမ္းေစာင့္ေရွာက္တဲ့ကိစၥရပ္မွာ ႏိုင္ငံေတာ္ကို ကူညီဖို႔တာဝန္ရွိတယ္ဆိုၿပီး ျပဌာန္းထားတာျဖစ္ပါတယ္။

ယဥ္ေက်းမႈထြန္းကားတဲ့ ျမန္မာလိုႏိုင္ငံအတြက္ ကမာၻနဲ႔ခ်ီ ဂုဏ္ယူစရာေကာင္းတဲ့ ကိစၥရပ္ ကလည္း ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၉ခုႏွစ္က ႀကဳံေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ေရွးေဟာင္း ယဥ္ေက်းမႈ အေမြအႏွစ္တစ္ခုျဖစ္ၿပီး ေရွးေဟာင္းေစတီပုထိုးေပါင္း ၃၈၀၀ေက်ာ္ရွိတဲ့ ပုဂံေဒသ ကို ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေဒသအျဖစ္ ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၆ ရက္မွာ သတ္မွတ္ခဲ့လို႔ ျဖစ္ပါတယ္။

အခုေတာ့ အဲဒီကမာၻ႔အေမြအႏွစ္စာရင္းဝင္ပုဂံေဒသကို ပ်က္စီးရာ ပ်က္စီးေၾကာင္း ၿခိမ္းေျခာက္ လာတဲ့ အေၾကာင္းအရာေတြက ဒီႏွစ္ထဲမွာ အေတာ္မ်ားမ်ားေပၚေပါက္လာခဲ့ပါတယ္။

ပုဂံေဒသမွာ သက္ဆိုင္ရာကို အေၾကာင္းမၾကားဘဲ ၿခံစည္း႐ိုးခတ္ထားလို႔ အဲဒီလိုလုပ္တဲ့သူကို သက္ဆိုင္ရာက သတိေပးၿပီး ၿခံစည္း႐ိုးကို ျပန္ျဖဳတ္သိမ္းခိုင္းခဲ့ရပါတယ္။ နားမလည္ဘဲ လုပ္မိတာပါလို႔ေတာ့ ၿခံစည္း႐ိုးခတ္တဲ့သူေတြက ဝန္ခံသြားတယ္ လို႔လည္း သိရပါတယ္။ ပုဂံ ၿမိဳ႕သစ္ ေျမာက္ဘက္မွာရွိတဲ့ တာမဏီ ဘုန္းႀကီးေက်ာင္း အနီးမွာ အုတ္တိုင္ေတြစိုက္ၿပီး ၿခံစည္း ႐ိုးခတ္လို႔ ေဝဖန္တာေတြရွိခဲ့တဲ့ေနာက္ သက္ဆိုင္ရာက ကြင္းဆင္းစစ္ေဆးၿပီး တားဆီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့ျပင္ ပုဂံေဒသမွာ ေရွးေဟာင္းေစတီ၁၂ ဆူ ဌာပနာအေဖာက္ခံရပါတယ္။ကိုဗစ္-၁၉ ျဖစ္ေနတဲ့ ကာလအတြင္းမွာ အဲဒီေစတီေတြ ဌာပနာေဖာက္ထြင္း ခိုးယူခံရတာျဖစ္ပါတယ္။အလားတူ ဖ်က္ဆီးခံရမႈမ်ိဳးပဲ ပုဂံေဒသမွာရွိတဲ့ ေလာကထိပ္ပန္ဘုရား အဝင္မုခ္ဦးအတြင္းသံပန္းတံခါးမွာ တပ္ထားတဲ့ ဝါးယင္းလိပ္ကို မီးရႈိ႕ဖ်က္ဆီးတာခံရပါေသးတယ္။

ဒီလို ယဥ္ေက်းမႈအေမြအႏွစ္ ပုဂံေဒသမွာ စည္းကမ္းေဖာက္ဖ်က္ခံရတာ၊ဖ်က္ဆီးခံရတာေတြ ရွိလာတာမို႔ ျမန္မာႏိုင္ငံမွာ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ထိန္းကြပ္ဖို႔ရာ ခိုင္မာတဲ့ဥပေဒရွိမရွိ စိတ္ဝင္တစား သိခ်င္သူေတြ မ်ားျပားလာပါတယ္။ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ထိန္းသိမ္းဖို႔ ရာ ခိုင္မာတဲ့ဥပေဒရွိတယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ယဥ္ေက်းမႈအေမြအႏွစ္ေဒသမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒကို၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္မွာ ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒအမွတ္ ၆နဲ႔ ျပဌာန္းခဲ့ပါတယ္။

ႏိုင္ငံေတာ္ရဲ႕ အက်ိဳးစီးပြားအလို႔ငွာေတာင္ ေရနံ၊ သဘာဝဓာတ္ေငြ႕၊ ေက်ာက္မ်က္ရတနာ၊ ဓာတ္သတၳဳ တူးေဖာ္တာေတြနဲ႔စပ္လ်ဥ္းၿပီး ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ထားတဲ့ ယဥ္ေက်း မႈ အေမြအႏွစ္ေဒသနဲ႔ အမ်ိဳးသားအဆင့္ ယဥ္ေက်းမႈ အေမြအႏွစ္ေဒသေတြမွာ ေဆာင္႐ြက္တာကို တားျမစ္ထားတဲ့အထိ ဒီဥပေဒက ခိုင္မာၿပီး ထိန္းကြပ္စည္းေႏွာင္အား ေကာင္းတာ ေတြ႕ရပါ တယ္။

ေနာက္ၿပီး ဘယ္သူမဆို တိုင္းေဒသႀကီး/ျပည္နယ္ထိန္းသိမ္းေရးေကာ္မတီ၊ ေဒသဆိုင္ရာ ထိန္းသိမ္းေရးေကာ္မတီရဲ႕ ႀကိဳတင္ခြင့္ျပဳခ်က္မရရွိဘဲ ယဥ္ေက်းမႈအေမြအႏွစ္ေဒသမွာ ေရွးေဟာင္းအေဆာက္အအုံကိုျဖစ္ျဖစ္၊ အေဆာက္အအုံရဲ႕ တစ္စိတ္ တစ္ေဒသကိုျဖစ္ျဖစ္ ဖ်က္ဆီးတာ၊ေရွးေဟာင္းအေဆာက္အအုံရဲ႕ မူလေရွးေဟာင္းပုံသဏၭာန္၊ မူလေရွးေဟာင္းလက္ရာ၊ မူလေရွးေဟာင္းအမည္ကို ေျပာင္းလဲဖို႔ တမင္ျပဳလုပ္တာ စတာေတြကို မလုပ္ဖို႔ တားျမစ္ထားပါတယ္။

အဲဒီလိုတားျမစ္ထားတာကို ေဖာက္ဖ်က္က်ဴးလြန္တယ္လို႔ ျပစ္မႈထင္ရွား စီရင္တာခံရရင္ အနည္းဆုံး သုံးႏွစ္ကေန အမ်ားဆုံးငါးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ အနည္းဆုံး က်ပ္တစ္ဆယ္သိန္းကေန အမ်ားဆုံးက်ပ္သိန္း ၅၀ အထိ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္ဆိုၿပီး ယဥ္ေက်းမႈအေမြအႏွစ္ေဒသမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒပုဒ္မ၄၀မွာ ျပဌာန္းထားပါတယ္။

ဒါ့ျပင္ ႀကိဳတင္ခြင့္ျပဳခ်က္မရရွိဘဲ ေရွးေဟာင္းဝတၳဳပစၥည္းရွာေဖြဖို႔ တူးေဖာ္တာ၊ေရနံ၊ သဘာဝ ဓာတ္ေငြ႕၊ ေက်ာက္မ်က္ရတနာ၊ ဓာတ္သတၳဳရွာေဖြဖို႔ တူးေဖာ္တာေတြ ေဖာက္ဖ်က္က်ဴးလြန္ တယ္လို႔ ျပစ္မႈထင္ရွား စီရင္ခံရရင္ ပုဒ္မ၄၀နဲ႔ပဲ အေရးယူ ျပစ္ဒဏ္ခ်မွတ္ခံရမွာျဖစ္ပါတယ္။

အလားတူ ယဥ္ေက်းမႈအေမြအႏွစ္ေတြ တည္ရွိတဲ့ေဒသအတြင္းမွာရွိတဲ့ ၿမိဳ႕ျပနဲ႔ ေက်း႐ြာမွာ တိုင္းေဒသႀကီး / ျပည္နယ္ထိန္းသိမ္းေရးေကာ္မတီ၊ေဒသဆိုင္ရာ ထိန္းသိမ္းေရးေကာ္မတီရဲ႕ ႀကိဳတင္ခြင့္ျပဳခ်က္မရဘဲ အေဆာက္အအုံ တည္ေဆာက္တာ၊ တိုးခ်ဲ႕ေဆာက္လုပ္တာ၊ ေရွးေဟာင္းအေဆာက္အအုံမွတစ္ပါး အျခားအေဆာက္အအုံကို ျပင္ဆင္တာ၊ဝင္းၿခံနယ္နိမိတ္ကို ကာရံတာ၊ ျပင္ဆင္တာ၊တိုးခ်ဲ႕တာေတြ မလုပ္ဖို႔တားျမစ္ထားပါတယ္။

အဲဒီလိုတားျမစ္ထားတာကို ေဖာက္ဖ်က္က်ဴးလြန္တယ္လို႔ ျပစ္မႈထင္ရွားစီရင္ခံရရင္  အနည္းဆုံး တစ္ႏွစ္ကေန အမ်ားဆုံးသုံးႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမယ့္အျပင္ အနည္းဆုံးက်ပ္ တစ္ဆယ္သိန္း ကေန အမ်ားဆုံး က်ပ္သိန္း ၅၀ အထိ ေငြဒဏ္ လည္း ခ်မွတ္ႏိုင္တယ္လို႔ အဲဒီ ဥပေဒရဲ႕ ပုဒ္မ ၃၇မွာ ဆိုပါတယ္။

''တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ထိန္းသိမ္းေရးေကာ္မတီ သို႔မဟုတ္ ေဒသဆိုင္ရာ ထိန္းသိမ္း ေရး ေကာ္မတီသည္ ႀကိဳတင္ခြင့္ျပဳခ်က္ပါ ယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရး စည္းကမ္း ခ်က္ တစ္ရပ္ရပ္ကို လိုက္နာျခင္းမရွိေၾကာင္း စစ္ေဆးေတြ႕ရွိလွ်င္လည္းေကာင္း၊ ဝန္ႀကီးဌာန သို႔မဟုတ္ ဦးစီးဌာန သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ထိန္းသိမ္းေရးေကာ္မတီ သို႔မဟုတ္ ေဒသဆိုင္ရာ ထိန္းသိမ္းေရးေကာ္မတီမ်ားက ထုတ္ျပန္ေသာ စည္းကမ္းခ်က္၊ အမိန႔္ေၾကာ္ျငာစာ၊ အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္လွ်င္ေသာ္ လည္း ေကာင္း ထိုသူကို ေအာက္ပါစီမံခန႔္ခြဲေရး ဆိုင္ရာ အမိန႔္တစ္ရပ္ရပ္ကို ခ်မွတ္ႏိုင္သည္-
(က) သတိေပးၿပီး စည္းကမ္းခ်က္ႏွင့္အညီ လိုက္နာေဆာင္႐ြက္ေစျခင္း၊ ခံဝန္ခ်က္ေရးထိုးေစျခင္း၊
(ခ) သတ္မွတ္ထားေသာ ဒဏ္ေၾကးေငြေပးေဆာင္ေစၿပီး စည္းကမ္းခ်က္ႏွင့္အညီ လိုက္နာေဆာင္႐ြက္ေစျခင္း၊
(ဂ) ႀကိဳတင္ခြင့္ျပဳခ်က္ကို ျပန္လည္႐ုပ္သိမ္းျခင္း။''
ဆိုၿပီးေတာ့လည္း ပုဒ္မ ၄၈ မွာ ျပဌာန္းထားပါတယ္။

အထက္မွာေျပာခဲ့တဲ့ ျပဌာန္းခ်က္ေတြအျပင္ တျခားခိုင္မာထိေရာက္တဲ့ ျပဌာန္းခ်က္အမ်ားအျပားကိုလည္း ယဥ္ေက်းမႈအေမြအႏွစ္ေဒသမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒမွာ ျပဌာန္းထားၿပီးျဖစ္ပါတယ္။

ဒါေၾကာင့္မို႔ ယဥ္ေက်းမႈအေမြအႏွစ္ေတြကို ထိန္းသိမ္းဖို႔ရာ ခိုင္မာတဲ့ဥပေဒရွိလားေမးရင္ ရွိတယ္လို႔ေျပာရမွာျဖစ္ေပမယ့္ အဲဒီဥပေဒကို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အားေကာင္းမွသာ မိမိတို႔ႏိုင္ငံရဲ႕ ယဥ္ေက်းမႈေတြကို အေကာင္းဆုံးကာကြယ္ ထိန္းကြပ္ႏိုင္မွာျဖစ္ပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံျပဳလိုက္ပါရေစ။

သာဓက