【 ဆောင်းပါး 】 မြန်မြန်ရှင်း များများရှင်း ပေါချောင်ကောင်းနည်းဖြင့်ရှင်း

【 ဆောင်းပါး 】 မြန်မြန်ရှင်း များများရှင်း ပေါချောင်ကောင်းနည်းဖြင့်ရှင်း

တစ်ပတ်တာ ဖိအားများဖြင့် တောင့်ခဲနေသောအာရုံကို ဖြေလျှော့ရန် တစ်ပတ်လျှင် တစ်ကြိမ် ပါးပါးလျလျ ရီဝေလေ့ရှိသည်။တစ်ခါတရံ စာအုပ်တစ်အုပ်နှင့် တစ်ကိုယ်တော်။တစ်ခါတလေကျတော့ ကျနော့်အောက် နှစ်၂၀ ကျော် ငယ်သော ကျနော့်မိတ်ဆွေလေးများနှင့် ဖြစ်သည်။ပြီးခဲ့သည့် ၃-၄ လအထိ ကျနော်တို့ ပုံမှန်ထိုင်လေ့ရှိသည့်ဆိုင်မှာ ဘုရင့်နောင်လမ်းနှင့် ဗဟိုလမ်းကြားရှိ ဘူတာရုံလမ်းပေါ်ရှိ ဆိုင်ဖြစ်သည်။ဆိုင်လေးက အကင်ကလည်းကောင်း၊ ဈေးလည်းသိပ်မများ၊ ထိုင်လို့လည်းမဆိုးလှ၊ ထို့ပြင် လာသမျှဝိုင်းတိုင်းကို ဆားဒါးဟင်းချိုကဲ့သို့ ကြက်အရိုးအပေါ်အခြေခံကာ အရည်တစ်မျိုးမျိုးပြုလုပ်၍ အပိုဆုချပေးခြင်းကလည်း ဆွဲဆောင်မှုတစ်မျိုးပင်ဖြစ်သည်။

သို့သော်၊ ယင်းဆိုင်၏ အားနည်းချက်မှာ ခွေးလေခွေးလွင့်များ ရှိခြင်းဖြစ်သည်။ခွေးများမှာ ဆိုင်အတွင်းပိုင်းထဲသို့ မဝင်သော်လည်း ဆိုင်ရှေ့ မြေကွက်လပ်ရှိ စားပွဲခုံများအောက်တွင် တစ်ကောင်မဟုတ် တစ်ကောင်က ရှိသည်။တချို့စားပြီး ပစ်ချလိုက်သော သံမံတလင်း (သို့မဟုတ်) အမှိုက်ခြင်းထဲမှ အရိုးအရင်းများကို ရှာဖွေစားသောက်သည်။စားစရာမရှိပါက လူများစားနေသည်ကို မျှော်ကြည့်သည်။မရှိဘူးဆိုလျှင် ညစဉ် ခွေး ၁၀ ကောင် ဝန်းကျင်။ဆိုင်ထိုင်နေသောလူကို လာမကိုက်သော်လည်း ကိုယ့်ခြေထောက်အောက်တွင် သွားလာနေသဖြင့် ရွံကလည်းရွံရ၊ အကိုက်ခံရမှာလည်းကြောက်ရ။
တစ်ခါတရံ သူတို့ခွေးချင်း အစာလုကာ မာန်ဖီနေတာမျိုးကြုံရ။

ဒီကြားထဲ ဆိုင်အပေါ်ထပ်နေ လူတစ်ဦးက စိတ်ပါလက်ပါ သဒ္ဓါတရားယိုဖိတ်မှုအရ ညစဉ် လမ်းဘေးခွေးများကို အစာဆင်းကျွေးနေခြင်းကလည်း ဒီနေရာ၌ လမ်းဘေးခွေးများ စုပုံနေထိုင်နေခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။

မည်သို့သောအကြောင်းကြောင့် ရောက်ရှိကျက်စားနေသည်ဖြစ်စေ ကြာလာတော့ ခွေးများနှင့် ဆိုင်ကိုသွားရန် တွန့်လာကာ ပုံမှန်ထိုင်နေကျ ဆိုင်မှသည် ရံဖန်ရံခါထိုင်သည့် ဆိုင်အဆင့်သို့ လျှော့ချလိုက်သည်။ပြီးခဲ့သည် သုံး၊ လေးလတွင်တော့ လုံးဝမရောက်ဖြစ်တော့။

သြဂုတ် ၇ ရက်ကိုရောက်တော့ လမ်းလည်းကြုံ မိုးလည်းခိုချင်သဖြင့် ထိုဆိုင်သို့ တစ်ကိုယ်တော် ရောက်သွားသည်။ပထမအစ၊ သတိမထားမိသော်လည်း ၁၀ မိနစ်ကျော် ထိုင်ပြီးနောက် ခွေးများ လုံးဝမလာကြောင်း သတိထားလိုက်မိသည်။ဒါနဲ့ စားပွဲထိုးလေးတစ်ယောက်ကို မေးကြည့်တော့ “တစ်လကျော်ပြီ အစ်ကို။ဆိုင်ထဲဝင်တာကို ကျနော်တို့လည်း မမောင်းနိုင်တာရော။လမ်းပေါ်က လူတစ်ယောက်ကို ကိုက်တာရောကြောင့် စည်ပင်ကို အကြောင်းကြားလိုက်တာ စည်ပင်က လာဖမ်းပြီး ဂေဟာပို့တယ်ကြားတယ်။”

“ဘယ်လိုလာဖမ်းတာလဲ။”

“ကျနော်တို့လည်း သေချာမမြင်ရဘူး။ဒီနားကပြောကြတာတောင် မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းလိုက်တာလို့ ပြောတယ်။” ဟု စားပွဲထိုးလေးက ပြောသဖြင့် ပျောက်သွားတာ နည်းနည်းကြာပြီဖြစ်သော ကျနော့်တိုက်နားက ခွေးဆိုးတစ်ကောင်ကို သတိရမိသည်။ထိုခွေးဆိုးမှာ လမ်းဘေးခွေးဖြစ်သော်လည်း ကျနော်တို့ မြေညီထပ်အိမ်မှ ကျွေးထားမွေးထားသည်။သို့သော်၊ ထိုခွေးမှာ လမ်းသွားလမ်းလာများကို လိုက်ဆွဲတတ်ပြီး ခွေးကိုက်လိုက်သဖြင့် ပြဿနာပေါ်လာလျှင် ကျွေးထားမွေးထားသူက သူတို့နှင့်မဆိုင်ဟု ဆိုခြင်းကြောင့် တရားမဝင် ပိုင်ရှင်ရှိခွေးဟု ဆိုရမည်လားမသိ။

ထိုခွေးဆိုးမှာ မေ့ဆေးသေနတ်ထိပြီး ဂေဟာပဲ အပို့ခံရသလား။အဆိပ်ချခံရသလားတော့မသိ။လုံးဝပျောက်သွားသဖြင့် ကျနော်တို့ ဝမ်းမြောက်ရသည်။ထားတော့။

ပြောချင်တာက လတ်တလော သုံး၊ လေးလ ဝန်းကျင်မှစ၍ စည်ပင်က လမ်းဘေးခွေး ရှင်းလင်းရေးကို အမှန်တကယ် ဆောင်ရွက်နေကြောင်းဖြစ်သည်။မလုပ်လို့လည်းမရတော့။ခွေးလေခွေးလွင့် ကိုက်လို့ ကလေးများ သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း သတင်းတို့မှာ အခုနောက်ပိုင်း ပိုစိပ်လာသလို လမ်းဘေးခွေး အရေအတွက်မှာလည်း မြို့ကြီးတစ်မြို့ တည်လို့ရသည်အထိ ပေါက်ဖွားနှုန်းမြန်ဆန်လှသည်ဆိုတော့ ကိုယ်မှမရှင်းလျှင် သူက ကိုယ့်ကို ပြန်ရှင်းတော့မည်ဟု ပြောရအောင်အထိပင်။

ကြည့်၊ ၂၀၁၈ ခုနှစ် စာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် ပိုင်ရှင်ရှိခွေး လေးသန်းခန့်နှင့် ပိုင်ရှင်မဲ့ခွေး နှစ်သန်းကျော် ရှိသည်တဲ့။ရန်ကုန်တွင်ဆို လမ်းဘေးခွေး နှစ်သိန်းခန့် ရှိမည်ဟု ခန့်မှန်းသည်တဲ့။ထို့ကြောင့်ပင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ခွေးကိုက်ခံရနှုန်း နှစ်စဉ်မြင့်တက်လျက်ရှိပြီး တစ်လလျှင် ပျမ်းမျှ လူတစ်ထောင့်ငါးရာခန့် အကိုက်ခံနေရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော်၊၂၀၀၄ ခုနှစ်က ခွေးရူးရောဂါကြောင့် သေဆုံးသူ ၁၀၀၀ ခန့်ရှိရာမှ ၂၀၁၈ ခုနှစ်တွင် ၇၁ ဦးသာ သေဆုံးတော့သဖြင့် သိသာစွာ လျော့ကျသွားသည်။လျော့ကျသွားသည့် အကြောင်းတွင် ခွေးရူးရောဂါ ကာကွယ်ဆေး ဝယ်ယူထားမှုကလည်း တတပ်တအား ပါဝင်မည်ထင်၏။၂၀၁၆-၂၀၁၇ နှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တို့တွင် ခွေးရူးရောဂါ ကာကွယ်ဆေး ဝယ်ယူမှုမှာ ကျပ် ၁၅ ဘီလီယံရှိကြောင်း သိရသည်။

တကယ်တော့ ယင်း ၁၅ ဘီလီယံမှာ အလဟဿ ကုန်လိုက်ရသည့် ငွေများဖြစ်သည်။စားစရာမရှိရသည့်အထဲ ပြဿနာတစ်ခုခုတက်လို့ လျော်လိုက်ရသလို ငွေမျိုးဖြစ်သည်။နှစ်စဉ် ကုန်ကျနေသော ၁၅ ဘီလီယံဖြင့် အဟာရချို့တဲ့နေသော ကျနော်တို့ ကလေးများအတွက် ကျန်းမာရေးအထောက်အကူပြု စားစရာတစ်ခုခု ဝယ်နိုင်သည်။အမိုးအကာမလုံခြုံသည့် စာသင်ကျောင်းများကို အကောင်းဆုံးပြုပြင်နိုင်သည်။နေရာတိုင်း ကဏ္ဍတိုင်း လိုအပ်ချက်ပြည့်သိပ်နေသော တိုင်းပြည်တွင် ၁၅ ဘီလီယံဆိုသည့် ပမာဏမှာ နည်းနည်းနောနော ငွေမဟုတ်။သို့သော်၊ မတတ်နိုင်။

ခွေးနှင့်ပတ်သက်သည့် ကုန်ကျစရိတ်မှာ ဒါတင်ပဲလားဆိုတော့ နောက်ဆက်တွဲများစွာ။ခွေးများကို လက်ရှိအနေအထားထက် ထပ်မတိုးပွားဖို့ဆိုလျှင်လည်း သင်းကွပ်ရမည်။ခွေးတစ်ကောင် သင်းကွပ်ခမှာ ဆရာဝန်ခမပါ တစ်ကောင်ကို ကျပ်သုံးသောင်း။အစုအဖွဲ့ဖြင့် သင်းကွပ်သည့်တိုင် တစ်ရက်လျှင် ၁၀ ကောင်ထက် ပိုမပြီးနိုင်။ဆိုတော့ လူအားနိုင်နိုင်ဖြင့် သင်းကွပ်မည်ထားဦးတော့။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆိုလျှင် ကုန်ကျစရိတ်မှာ ဖျားလောက်ဖွယ်ရာ။

ထိုမျှသော ကုန်ကျငွေကို မည်သူတာဝန်ယူမည်နည်း။နိုင်ငံတော် တာဝန်ယူပေးပါဆိုပါက ယင်းအဆိုကို ပြတ်ပြတ်သားသား ပယ်ချရပေမည်။ဘာ့ကြောင့်ပယ်ချရမှာလဲဆိုတော့ ၀၀လင်လင်မရှိသော နိုင်ငံသားများပင် များစွာရှိနေသေးသောကြောင့်ဖြစ်သည်။

ခွေးများလျော့ပါးရေးအတွက် နောက်ထပ်တစ်နည်းရှိသည်။ယင်းမှာ ယခုနောက်ပိုင်း ရန်ကုန်တွင်  အသံထွက်ကျယ်နေသော မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းကာ ခွေးဂေဟာသို့ ပို့ခြင်းဖြစ်သည်။ယင်းနည်းလမ်းမှာ ခွေးများကို လူမှုဝန်းကျင်မှ ဖယ်ရှားကာ မဲဇာပို့ခြင်းဖြစ်သဖြင့် ခွေးလည်းမသေ၊ လူလည်းဒုက္ခမရောက် နှစ်ဖက်အကျိုးရှိစေသောနည်းဟု ဆိုကာ ခွေးချစ်သူများ ကြိုက်သည့်နည်းဖြစ်သည်။

သို့သော်၊ ပြဿနာက ခွေးတစ်ကောင်ကို မေ့ဆေးနှင့်ပစ်ပြီး ဂေဟာရောက်သည်အထိ ပို့ခြင်းအတွက် ကုန်ကျစရိတ်မှာ တစ်ကောင် ကျပ် ၆၀၀၀ ကုန်ကျခြင်းဖြစ်သည်။တစ်ကောင် ၆၀၀၀ ကုန်ကျစရိတ်ဖြင့် ရန်ကုန်တွင် ခန့်မှန်း နှစ်သိန်းခန့်ရှိသော ခွေးလေခွေးလွင့်များကို ဂေဟာပို့နိုင်သည် ထားဦးတော့။နှစ်သိန်းခန့်ရှိသော ခွေးများကို ထားနိုင်မည့်ဂေဟာများ မရှိပေ။ဂေဟာများရှိသည် ထားဦးတော့။၂ သိန်းခန့်ရှိသော ခွေးများအတွက် နေ့စဉ်ကုန်ကျစရိတ်ကို မည်သူက တာဝန်ယူမည်နည်း။ပြောရလျှင် ခွေးများကို ဂေဟာပို့ခြင်းမှာ ခွေးလက်ခံနိုင်သည့် အရေအတွက် အကန့်အသတ်ရှိသဖြင့် အနည်းငယ်မျှသော ခွေးများကိုသာ ရှင်းလင်းပေးနိုင်သော နည်းလမ်းဖြစ်သည်။ထို့ပြင် ရေရှည်ကျွေးရမွေးရမည့် ကုန်ကျစရိတ်က ရှိသေးသည်။

သြဂုတ် ၅ ရက်နေ့၊ ရန်ကုန်မြို့တော်စည်ပင်၏ သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန် ဦးစိုးလွင် က ရန်ကုန်မြို့ရှိ လမ်းဘေးခွေးများကို ရှင်းလင်းမည်ဆိုပါက ကျပ်သိန်းတစ်သောင်းတစ်ထောင်ကျော် ကုန်ကျမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။

ယင်းငွေပမာဏမှာ အဆိပ်ချနည်းလမ်းဖြင့် ရှင်းလင်းခြင်းကြောင့် ကုန်ကျမည်လား၊ မေ့ဆေးသေနတ်ဖြင့်ပစ်ကာ ဂေဟာပို့ခြင်းကြောင့် ကုန်ကျမည်နည်း။ယင်းနှစ်နည်းစလုံးကို သုံးခြင်းကြောင့် ကုန်ကျမည်လားတော့ မပြော။

လောလောဆယ်တွင်တော့ ရန်ကုန်တွင် ခွေးများရှင်းရန် ငွေအခက်အခဲရှိသလို မြို့နယ်အချို့တွင် ဘတ်ဂျက်ကုန်သွားပြီဟုလည်း ဆိုသည်။ဘတ်ဂျက် မည်မျှချထားပေးပြီး ကုန်သွားသလဲကိုမူ မပြော။ယင်းဘတ်ဂျက်ကို မည်သို့သောနည်းဖြင့် ရှင်းလင်းရာတွင် အသုံးပြုခြင်းကြောင့် ကုန်သွားခြင်းဖြစ်ကြောင်းလည်း မပြော။ကုန်သွားသော ဘတ်ဂျက်နှင့် ညီမျှသော ထိရောက်မှု ရှိ၊ မရှိကိုလည်း မပြော။

သေချာတာက နှစ်ပေါင်းများစွာ ဖြစ်ချင်တိုင်းဖြစ်ခဲ့သော ခွေးလေခွေးလွင့် အရှုပ်ထုပ်ကြီးကို ရှင်းကိုရှင်းရန် လိုအပ်နေပေပြီ။ရှင်းမည်ဆိုပါက ထိုက်သင့်သော ငွေကြေးကုန်ကျမှု ရှိမည်ကလည်း သေချာသည်။မည်သို့ရှင်းလင်းမည်နည်း။ကုန်ကျစရိတ် အနည်းဆုံးနှင့် အထိရောက်ဆုံးနည်းကိုသာ ရွေးချယ်ရန်ကလွဲ အခြားနည်းမရှိပေ။ယင်းသို့ရွေးချယ်မှုအတွက် မည်သို့သော ကန့်ကွက်မှုမျိုးကိုမဆို ခေါင်းထဲထည့်ရန်မလိုဟုလည်း ထင်သည်။

မျိုးညွန့်(Popular News)
သြဂုတ် - ၂၀

( Zawgyi )

တစ္ပတ္တာ ဖိအားမ်ားျဖင့္ ေတာင့္ခဲေနေသာအာ႐ုံကို ေျဖေလွ်ာ့ရန္ တစ္ပတ္လွ်င္ တစ္ႀကိမ္ ပါးပါးလ်လ် ရီေဝေလ့ရွိသည္။တစ္ခါတရံ စာအုပ္တစ္အုပ္ႏွင့္ တစ္ကိုယ္ေတာ္။တစ္ခါတေလက်ေတာ့ က်ေနာ့္ေအာက္ ႏွစ္၂၀ ေက်ာ္ ငယ္ေသာ က်ေနာ့္မိတ္ေဆြေလးမ်ားႏွင့္ ျဖစ္သည္။ၿပီးခဲ့သည့္ ၃-၄ လအထိ က်ေနာ္တို႔ ပုံမွန္ထိုင္ေလ့ရွိသည့္ဆိုင္မွာ ဘုရင့္ေနာင္လမ္းႏွင့္ ဗဟိုလမ္းၾကားရွိ ဘူတာ႐ုံလမ္းေပၚရွိ ဆိုင္ျဖစ္သည္။ဆိုင္ေလးက အကင္ကလည္းေကာင္း၊ ေဈးလည္းသိပ္မမ်ား၊ ထိုင္လို႔လည္းမဆိုးလွ၊ ထို႔ျပင္ လာသမွ်ဝိုင္းတိုင္းကို ဆားဒါးဟင္းခ်ိဳကဲ့သို႔ ၾကက္အ႐ိုးအေပၚအေျခခံကာ အရည္တစ္မ်ိဳးမ်ိဳးျပဳလုပ္၍ အပိုဆုခ်ေပးျခင္းကလည္း ဆြဲေဆာင္မႈတစ္မ်ိဳးပင္ျဖစ္သည္။

သို႔ေသာ္၊ ယင္းဆိုင္၏ အားနည္းခ်က္မွာ ေခြးေလေခြးလြင့္မ်ား ရွိျခင္းျဖစ္သည္။ေခြးမ်ားမွာ ဆိုင္အတြင္းပိုင္းထဲသို႔ မဝင္ေသာ္လည္း ဆိုင္ေရွ႕ ေျမကြက္လပ္ရွိ စားပြဲခုံမ်ားေအာက္တြင္ တစ္ေကာင္မဟုတ္ တစ္ေကာင္က ရွိသည္။တခ်ိဳ႕စားၿပီး ပစ္ခ်လိုက္ေသာ သံမံတလင္း (သို႔မဟုတ္) အမႈိက္ျခင္းထဲမွ အ႐ိုးအရင္းမ်ားကို ရွာေဖြစားေသာက္သည္။စားစရာမရွိပါက လူမ်ားစားေနသည္ကို ေမွ်ာ္ၾကည့္သည္။မရွိဘူးဆိုလွ်င္ ညစဥ္ ေခြး ၁၀ ေကာင္ ဝန္းက်င္။ဆိုင္ထိုင္ေနေသာလူကို လာမကိုက္ေသာ္လည္း ကိုယ့္ေျခေထာက္ေအာက္တြင္ သြားလာေနသျဖင့္ ႐ြံကလည္း႐ြံရ၊ အကိုက္ခံရမွာလည္းေၾကာက္ရ။
တစ္ခါတရံ သူတို႔ေခြးခ်င္း အစာလုကာ မာန္ဖီေနတာမ်ိဳးႀကဳံရ။

ဒီၾကားထဲ ဆိုင္အေပၚထပ္ေန လူတစ္ဦးက စိတ္ပါလက္ပါ သဒၶါတရားယိုဖိတ္မႈအရ ညစဥ္ လမ္းေဘးေခြးမ်ားကို အစာဆင္းေကြၽးေနျခင္းကလည္း ဒီေနရာ၌ လမ္းေဘးေခြးမ်ား စုပုံေနထိုင္ေနျခင္း၏ အေၾကာင္းတစ္ရပ္ျဖစ္သည္။

မည္သို႔ေသာအေၾကာင္းေၾကာင့္ ေရာက္ရွိက်က္စားေနသည္ျဖစ္ေစ ၾကာလာေတာ့ ေခြးမ်ားႏွင့္ ဆိုင္ကိုသြားရန္ တြန႔္လာကာ ပုံမွန္ထိုင္ေနက် ဆိုင္မွသည္ ရံဖန္ရံခါထိုင္သည့္ ဆိုင္အဆင့္သို႔ ေလွ်ာ့ခ်လိုက္သည္။ၿပီးခဲ့သည္ သုံး၊ ေလးလတြင္ေတာ့ လုံးဝမေရာက္ျဖစ္ေတာ့။

ၾသဂုတ္ ၇ ရက္ကိုေရာက္ေတာ့ လမ္းလည္းႀကဳံ မိုးလည္းခိုခ်င္သျဖင့္ ထိုဆိုင္သို႔ တစ္ကိုယ္ေတာ္ ေရာက္သြားသည္။ပထမအစ၊ သတိမထားမိေသာ္လည္း ၁၀ မိနစ္ေက်ာ္ ထိုင္ၿပီးေနာက္ ေခြးမ်ား လုံးဝမလာေၾကာင္း သတိထားလိုက္မိသည္။ဒါနဲ႔ စားပြဲထိုးေလးတစ္ေယာက္ကို ေမးၾကည့္ေတာ့ “တစ္လေက်ာ္ၿပီ အစ္ကို။ဆိုင္ထဲဝင္တာကို က်ေနာ္တို႔လည္း မေမာင္းႏိုင္တာေရာ။လမ္းေပၚက လူတစ္ေယာက္ကို ကိုက္တာေရာေၾကာင့္ စည္ပင္ကို အေၾကာင္းၾကားလိုက္တာ စည္ပင္က လာဖမ္းၿပီး ေဂဟာပို႔တယ္ၾကားတယ္။”

“ဘယ္လိုလာဖမ္းတာလဲ။”

“က်ေနာ္တို႔လည္း ေသခ်ာမျမင္ရဘူး။ဒီနားကေျပာၾကတာေတာင္ ေမ့ေဆးေသနတ္နဲ႔ ပစ္ဖမ္းလိုက္တာလို႔ ေျပာတယ္။” ဟု စားပြဲထိုးေလးက ေျပာသျဖင့္ ေပ်ာက္သြားတာ နည္းနည္းၾကာၿပီျဖစ္ေသာ က်ေနာ့္တိုက္နားက ေခြးဆိုးတစ္ေကာင္ကို သတိရမိသည္။ထိုေခြးဆိုးမွာ လမ္းေဘးေခြးျဖစ္ေသာ္လည္း က်ေနာ္တို႔ ေျမညီထပ္အိမ္မွ ေကြၽးထားေမြးထားသည္။သို႔ေသာ္၊ ထိုေခြးမွာ လမ္းသြားလမ္းလာမ်ားကို လိုက္ဆြဲတတ္ၿပီး ေခြးကိုက္လိုက္သျဖင့္ ျပႆနာေပၚလာလွ်င္ ေကြၽးထားေမြးထားသူက သူတို႔ႏွင့္မဆိုင္ဟု ဆိုျခင္းေၾကာင့္ တရားမဝင္ ပိုင္ရွင္ရွိေခြးဟု ဆိုရမည္လားမသိ။

ထိုေခြးဆိုးမွာ ေမ့ေဆးေသနတ္ထိၿပီး ေဂဟာပဲ အပို႔ခံရသလား။အဆိပ္ခ်ခံရသလားေတာ့မသိ။လုံးဝေပ်ာက္သြားသျဖင့္ က်ေနာ္တို႔ ဝမ္းေျမာက္ရသည္။ထားေတာ့။

ေျပာခ်င္တာက လတ္တေလာ သုံး၊ ေလးလ ဝန္းက်င္မွစ၍ စည္ပင္က လမ္းေဘးေခြး ရွင္းလင္းေရးကို အမွန္တကယ္ ေဆာင္႐ြက္ေနေၾကာင္းျဖစ္သည္။မလုပ္လို႔လည္းမရေတာ့။ေခြးေလေခြးလြင့္ ကိုက္လို႔ ကေလးမ်ား ေသဆုံးျခင္းႏွင့္ ဒဏ္ရာရျခင္း သတင္းတို႔မွာ အခုေနာက္ပိုင္း ပိုစိပ္လာသလို လမ္းေဘးေခြး အေရအတြက္မွာလည္း ၿမိဳ႕ႀကီးတစ္ၿမိဳ႕ တည္လို႔ရသည္အထိ ေပါက္ဖြားႏႈန္းျမန္ဆန္လွသည္ဆိုေတာ့ ကိုယ္မွမရွင္းလွ်င္ သူက ကိုယ့္ကို ျပန္ရွင္းေတာ့မည္ဟု ေျပာရေအာင္အထိပင္။

ၾကည့္၊ ၂၀၁၈ ခုႏွစ္ စာရင္းအရ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ပိုင္ရွင္ရွိေခြး ေလးသန္းခန႔္ႏွင့္ ပိုင္ရွင္မဲ့ေခြး ႏွစ္သန္းေက်ာ္ ရွိသည္တဲ့။ရန္ကုန္တြင္ဆို လမ္းေဘးေခြး ႏွစ္သိန္းခန႔္ ရွိမည္ဟု ခန႔္မွန္းသည္တဲ့။ထို႔ေၾကာင့္ပင္ တစ္ႏိုင္ငံလုံး အတိုင္းအတာအရ ေခြးကိုက္ခံရႏႈန္း ႏွစ္စဥ္ျမင့္တက္လ်က္ရွိၿပီး တစ္လလွ်င္ ပ်မ္းမွ် လူတစ္ေထာင့္ငါးရာခန႔္ အကိုက္ခံေနရေၾကာင္း က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ေသာ္၊၂၀၀၄ ခုႏွစ္က ေခြး႐ူးေရာဂါေၾကာင့္ ေသဆုံးသူ ၁၀၀၀ ခန႔္ရွိရာမွ ၂၀၁၈ ခုႏွစ္တြင္ ၇၁ ဦးသာ ေသဆုံးေတာ့သျဖင့္ သိသာစြာ ေလ်ာ့က်သြားသည္။ေလ်ာ့က်သြားသည့္ အေၾကာင္းတြင္ ေခြး႐ူးေရာဂါ ကာကြယ္ေဆး ဝယ္ယူထားမႈကလည္း တတပ္တအား ပါဝင္မည္ထင္၏။၂၀၁၆-၂၀၁၇ ႏွင့္၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တို႔တြင္ ေခြး႐ူးေရာဂါ ကာကြယ္ေဆး ဝယ္ယူမႈမွာ က်ပ္ ၁၅ ဘီလီယံရွိေၾကာင္း သိရသည္။

တကယ္ေတာ့ ယင္း ၁၅ ဘီလီယံမွာ အလဟႆ ကုန္လိုက္ရသည့္ ေငြမ်ားျဖစ္သည္။စားစရာမရွိရသည့္အထဲ ျပႆနာတစ္ခုခုတက္လို႔ ေလ်ာ္လိုက္ရသလို ေငြမ်ိဳးျဖစ္သည္။ႏွစ္စဥ္ ကုန္က်ေနေသာ ၁၅ ဘီလီယံျဖင့္ အဟာရခ်ိဳ႕တဲ့ေနေသာ က်ေနာ္တို႔ ကေလးမ်ားအတြက္ က်န္းမာေရးအေထာက္အကူျပဳ စားစရာတစ္ခုခု ဝယ္ႏိုင္သည္။အမိုးအကာမလုံၿခဳံသည့္ စာသင္ေက်ာင္းမ်ားကို အေကာင္းဆုံးျပဳျပင္ႏိုင္သည္။ေနရာတိုင္း က႑တိုင္း လိုအပ္ခ်က္ျပည့္သိပ္ေနေသာ တိုင္းျပည္တြင္ ၁၅ ဘီလီယံဆိုသည့္ ပမာဏမွာ နည္းနည္းေနာေနာ ေငြမဟုတ္။သို႔ေသာ္၊ မတတ္ႏိုင္။

ေခြးႏွင့္ပတ္သက္သည့္ ကုန္က်စရိတ္မွာ ဒါတင္ပဲလားဆိုေတာ့ ေနာက္ဆက္တြဲမ်ားစြာ။ေခြးမ်ားကို လက္ရွိအေနအထားထက္ ထပ္မတိုးပြားဖို႔ဆိုလွ်င္လည္း သင္းကြပ္ရမည္။ေခြးတစ္ေကာင္ သင္းကြပ္ခမွာ ဆရာဝန္ခမပါ တစ္ေကာင္ကို က်ပ္သုံးေသာင္း။အစုအဖြဲ႕ျဖင့္ သင္းကြပ္သည့္တိုင္ တစ္ရက္လွ်င္ ၁၀ ေကာင္ထက္ ပိုမၿပီးႏိုင္။ဆိုေတာ့ လူအားႏိုင္ႏိုင္ျဖင့္ သင္းကြပ္မည္ထားဦးေတာ့။တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ဆိုလွ်င္ ကုန္က်စရိတ္မွာ ဖ်ားေလာက္ဖြယ္ရာ။

ထိုမွ်ေသာ ကုန္က်ေငြကို မည္သူတာဝန္ယူမည္နည္း။ႏိုင္ငံေတာ္ တာဝန္ယူေပးပါဆိုပါက ယင္းအဆိုကို ျပတ္ျပတ္သားသား ပယ္ခ်ရေပမည္။ဘာ့ေၾကာင့္ပယ္ခ်ရမွာလဲဆိုေတာ့ ၀၀လင္လင္မရွိေသာ ႏိုင္ငံသားမ်ားပင္ မ်ားစြာရွိေနေသးေသာေၾကာင့္ျဖစ္သည္။

ေခြးမ်ားေလ်ာ့ပါးေရးအတြက္ ေနာက္ထပ္တစ္နည္းရွိသည္။ယင္းမွာ ယခုေနာက္ပိုင္း ရန္ကုန္တြင္  အသံထြက္က်ယ္ေနေသာ ေမ့ေဆးေသနတ္ျဖင့္ ပစ္ဖမ္းကာ ေခြးေဂဟာသို႔ ပို႔ျခင္းျဖစ္သည္။ယင္းနည္းလမ္းမွာ ေခြးမ်ားကို လူမႈဝန္းက်င္မွ ဖယ္ရွားကာ မဲဇာပို႔ျခင္းျဖစ္သျဖင့္ ေခြးလည္းမေသ၊ လူလည္းဒုကၡမေရာက္ ႏွစ္ဖက္အက်ိဳးရွိေစေသာနည္းဟု ဆိုကာ ေခြးခ်စ္သူမ်ား ႀကိဳက္သည့္နည္းျဖစ္သည္။

သို႔ေသာ္၊ ျပႆနာက ေခြးတစ္ေကာင္ကို ေမ့ေဆးႏွင့္ပစ္ၿပီး ေဂဟာေရာက္သည္အထိ ပို႔ျခင္းအတြက္ ကုန္က်စရိတ္မွာ တစ္ေကာင္ က်ပ္ ၆၀၀၀ ကုန္က်ျခင္းျဖစ္သည္။တစ္ေကာင္ ၆၀၀၀ ကုန္က်စရိတ္ျဖင့္ ရန္ကုန္တြင္ ခန႔္မွန္း ႏွစ္သိန္းခန႔္ရွိေသာ ေခြးေလေခြးလြင့္မ်ားကို ေဂဟာပို႔ႏိုင္သည္ ထားဦးေတာ့။ႏွစ္သိန္းခန႔္ရွိေသာ ေခြးမ်ားကို ထားႏိုင္မည့္ေဂဟာမ်ား မရွိေပ။ေဂဟာမ်ားရွိသည္ ထားဦးေတာ့။၂ သိန္းခန႔္ရွိေသာ ေခြးမ်ားအတြက္ ေန႔စဥ္ကုန္က်စရိတ္ကို မည္သူက တာဝန္ယူမည္နည္း။ေျပာရလွ်င္ ေခြးမ်ားကို ေဂဟာပို႔ျခင္းမွာ ေခြးလက္ခံႏိုင္သည့္ အေရအတြက္ အကန႔္အသတ္ရွိသျဖင့္ အနည္းငယ္မွ်ေသာ ေခြးမ်ားကိုသာ ရွင္းလင္းေပးႏိုင္ေသာ နည္းလမ္းျဖစ္သည္။ထို႔ျပင္ ေရရွည္ေကြၽးရေမြးရမည့္ ကုန္က်စရိတ္က ရွိေသးသည္။

ၾသဂုတ္ ၅ ရက္ေန႔၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္၏ သတင္းစာရွင္းလင္းပြဲတြင္ ရန္ကုန္ၿမိဳ႕ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးစိုးလြင္ က ရန္ကုန္ၿမိဳ႕ရွိ လမ္းေဘးေခြးမ်ားကို ရွင္းလင္းမည္ဆိုပါက က်ပ္သိန္းတစ္ေသာင္းတစ္ေထာင္ေက်ာ္ ကုန္က်မည္ျဖစ္ေၾကာင္း ေျပာသြားခဲ့သည္။

ယင္းေငြပမာဏမွာ အဆိပ္ခ်နည္းလမ္းျဖင့္ ရွင္းလင္းျခင္းေၾကာင့္ ကုန္က်မည္လား၊ ေမ့ေဆးေသနတ္ျဖင့္ပစ္ကာ ေဂဟာပို႔ျခင္းေၾကာင့္ ကုန္က်မည္နည္း။ယင္းႏွစ္နည္းစလုံးကို သုံးျခင္းေၾကာင့္ ကုန္က်မည္လားေတာ့ မေျပာ။

ေလာေလာဆယ္တြင္ေတာ့ ရန္ကုန္တြင္ ေခြးမ်ားရွင္းရန္ ေငြအခက္အခဲရွိသလို ၿမိဳ႕နယ္အခ်ိဳ႕တြင္ ဘတ္ဂ်က္ကုန္သြားၿပီဟုလည္း ဆိုသည္။ဘတ္ဂ်က္ မည္မွ်ခ်ထားေပးၿပီး ကုန္သြားသလဲကိုမူ မေျပာ။ယင္းဘတ္ဂ်က္ကို မည္သို႔ေသာနည္းျဖင့္ ရွင္းလင္းရာတြင္ အသုံးျပဳျခင္းေၾကာင့္ ကုန္သြားျခင္းျဖစ္ေၾကာင္းလည္း မေျပာ။ကုန္သြားေသာ ဘတ္ဂ်က္ႏွင့္ ညီမွ်ေသာ ထိေရာက္မႈ ရွိ၊ မရွိကိုလည္း မေျပာ။

ေသခ်ာတာက ႏွစ္ေပါင္းမ်ားစြာ ျဖစ္ခ်င္တိုင္းျဖစ္ခဲ့ေသာ ေခြးေလေခြးလြင့္ အရႈပ္ထုပ္ႀကီးကို ရွင္းကိုရွင္းရန္ လိုအပ္ေနေပၿပီ။ရွင္းမည္ဆိုပါက ထိုက္သင့္ေသာ ေငြေၾကးကုန္က်မႈ ရွိမည္ကလည္း ေသခ်ာသည္။မည္သို႔ရွင္းလင္းမည္နည္း။ကုန္က်စရိတ္ အနည္းဆုံးႏွင့္ အထိေရာက္ဆုံးနည္းကိုသာ ေ႐ြးခ်ယ္ရန္ကလြဲ အျခားနည္းမရွိေပ။ယင္းသို႔ေ႐ြးခ်ယ္မႈအတြက္ မည္သို႔ေသာ ကန႔္ကြက္မႈမ်ိဳးကိုမဆို ေခါင္းထဲထည့္ရန္မလိုဟုလည္း ထင္သည္။

မ်ိဳးၫြန႔္(Popular News)
ၾသဂုတ္ - ၂၀