【 ဆောင်းပါး 】 မြင်မိသမျှ သုံးခွမှသည်…..

【 ဆောင်းပါး 】 မြင်မိသမျှ သုံးခွမှသည်…..

ကိုရိုနာဗိုင်းရပ်စ်၏ တီထွင်ထုတ်လုပ်မှုအရ Stay at Home ဆိုတာကြီးနဲ့ နှစ်ပါးသွားရသည်။သို့သော် ကျနော်တို့ရန်ကုန် Stay at Home ဆိုတာက မည်သည့်ထိန်းကျောင်းမှုမျှမရှိ၊မည်သည့်အရေးယူ မှုမျှမပါသည့် Stay at Home မို့ ကိုယ့်သဘောကိုယ်ဆောင် Stay at Homeဟုဆိုမှ ပိုမှန်ပေလိမ့်မည်။

သို့သော်၊ကျနော်က ကိုယ့်အကြောက်တရားနှင့်ကိုယ်Stay at Homeသတ်မှတ်ချက်များကို အမှန်အကန်လိုက်နာသူဖြစ်သည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်၏နောက်ထပ်တီထွင်ချက် Work from Homeနှင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာကတည်းက ထပ်မံဆုံဆည်းပြန်သဖြင့် ကျနော်၏ ရန်ကုန် Stay at Home သည် တိုက်ခန်းကျဉ်းကျဉ်းထဲတွင် တစ်ကိုယ်တော် သိပ်ကိုပီပြင်လွန်းခဲ့သည်။

လိုအပ်မှ မြေပေါ်ရောက်ရသော လူ့ခန္ဓာသည် တစ်လကျော်ကြာလာတော့ ထိုင်းမှိုင်းလာသည်။ စိတ်ဖိစီးနေသော ၂၀၂၀ရွေးကောက်ပွဲကြီးကလည်းပြီးသွား၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ချက်က မိုးပြိုကျသလို။ပြည်သူမပေးသောအာဏာကို လိုချင်တက်မက်စိတ်ကြီးစွာဖြင့် မျက်စောင်းထိုးရန်ရှာ နေသူတို့ ကြောင့်စိတ်ခံတွင်းပျက်ရသော်ငြား ဘာပဲဖြစ်ဖြစ် တိုင်းပြည်၏အနာဂတ်အတွက် စိတ်တစ်ခြမ်း အေးရသည့် အနိုင်ရရှိမှုမို့ စိတ်လက်ပေါ့ပါးစွာဖြင့် မြို့ တော်ရန်ကုန်ကို စွန့်ကာ မယားချက်မြှုပ်ရာ သုံးခွမြို့သို့ ချီတက်လာ ခဲ့သည်။

သုံးခွသည် ရန်ကုန်တိုင်းထဲက မြို့တစ်မြို့။ရန်ကုန်မြို့ထဲသိမ်ဖြူမှ ၃၄လိုင်းကားစီးလျှင် ၂နာရီဝန်းကျင်ကြာသည်။သို့သော်၊သုံးခွလိုင်းကားဆိုတာက ယာဉ်နောက်လိုက်လည်းရှိ၊ငွေကောက်ခံမှုလည်းရှိ၊ ယာဉ်လုပ်သားတို့စိတ်ကြိုက် မှတ်တိုင်တွင် ခပ်ကြာကြာရပ်ချင်သလိုရပ်တတ်သည့်ဓလေ့လည်းရှိ။ပြောရလျှင် ရန်ကုန်တခွင်ယာဉ်လိုင်းများစွာ ဝိုင်ဘီအက်စ်အဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်သော်လည်း သုံးခွယာဉ်လိုင်းမှာမူ ယနေ့ထိတိုင် မထသမူ၊မထသဟန်အတိုင်း တောင့်ခံနေဆဲဖြစ်သည်။ထို့ကြောင့် လိုင်းကားပေါ်တက်လိုက် သည်နှင့် မင်းတို့လက်ခုပ်ထဲကရေ၊မင်းတို့ကြိုက်သလိုပြုမူ ဟု မထသခေတ် ခရီးသည်စိတ်ဓာတ်ကိုမွေးမြူနိုင်မှ စီးသင့်သည့်ကား။

ကျနော်ကတော့ စိတ်ပျက်လွန်းလို့ မစီးတာတော်တော်ကြာပြီ။ပြီးခဲ့သည့်တစ်နှစ်ကျော်တုန်းက လည်း စိတ်ပျက်လက်ပျက်ဖြင့် မထသစရိုက်အတိုင်း ဘာကိုမှဂရုမစိုက်သော သုံးခွယာဉ်လိုင်းအကြောင်း 7Day Newsသတင်းစာတွင် ရေးခဲ့ဖူးသေးသည်။သို့သော်၊ ‘မင်းတို့ဘာသာ လက်မောင်းကြီးပြုတ်အောင် ရေး ၊ငါ တို့ကတော့အေးဆေးပဲ’ ဟု သဘောထားသည့်ပုံ၊ယနေ့ထိတိုင် မထသစရိုက်မပျက် ။ပြည်သူ ရွေးချယ်ခံ သုံးခွအမတ်ကြီးများကတော့ လိုင်းကားလည်းမစီး၊စာလည်းမဖတ်၊သူတို့နှင့်မဆိုင်ဘူးဟုလည်း သဘောထား ရှိပုံရသည်။အသံတစ်ခွန်းမထွက်။

ထို့ကြောင့် မြန်လည်းမြန်၊စိတ်လည်းချမ်းသာသော စုပေါင်းတက္ကစီသွားစီးသည်။ ရန်ကုန်တက္ကစီ ဂိတ် က မင်္ဂလာတောင်ညွန့်မြို့နယ် အေဘီစီမှတ်တိုင်အနီးတွင်။ရှေ့ခန်းစီးလျှင် ကျပ်၃၀၀၊နောက်ခန်း ၂၅၀၀။ ခရီးသည်၄ ယောက်ပြည့်လျှင် တစ်စီးထွက်။၃ယောက်တည်းနှင့်သွားချင်သပါ့ဆိုလည်း ခရီးသည် ချင်းညှိနှိုင်း ကာ တစ် ယောက်ခ၂၅၀၀ကို၃ယောက် ဝိုင်းစိုက်စနစ်ဖြင့် အိုကေ။သုံးခွတက္ကစီဆရာကြီး များက နှာခေါင်း စည်းလည်း တပ်၊လက်သန့်ဆေးရည်လည်း ဆောင်ထားသဖြင့် စိတ်ချမ်းသာရ။

တစ်နာရီဝန်းကျင်အကြာ သုံးခွသို့ဦးခိုက်မိပြီ။ဘာပဲဖြစ်ဖြစ် လူတရုန်းရုန်းဖြင့် သုံးခွကိုမြင်ရတော့ ရန်ကုန်မှာထိုင်းမှိုင်းခဲ့သမျှ ရေချိုးခေါင်းလျှော်ပြီးစလို လန်းသွားသည်။သုံးခွသည်လည်း ယနေ့ထိတိုင်Stay at Home အကျုံးဝင်ရန်ကုန်တိုင်းထဲကမြို့တစ်မြို့။ပိုးတွေ့လူနာများရှိသော်လည်း နည်းနည်းနှင့် ကျဲကျဲမို့ သိပ်ကြောက်ကြဟန်မတူ။ထို့ကြောင့် လူကြားကောင်းရုံ Stay at Home ထားသောမြို့ဆိုလျှင် လည်းမမှား။ ကြိုက်သလိုသွား၊ကြိုက်သလိုလာ အေးဆေးဆိုသည့်သုံးခွ။သုံးခွတွင် လူစုလူဝေးက ဈေး တစ်နေရာတွင် သာရှိသည်။နှာခေါင်းစည်းတပ်ပြီးမှဈေးထဲဝင်ပါဆိုသည့် ဗီနိုင်းနီနီကြီးကြီးကို ဈေးထိပ်တွင် ကပ်ထားသည်။ ပြီးတော့ ရန်ကုန်လို လိုင်းကားတိုးဝှေ့စီးစရာမလို။ဆိုင်ကယ်ပေါ်တက်ခွလိုက်ရုံဖြင့် မြို့ကျဉ်းကျဉ်းတစ်ပတ် ရောက်ရှိနိုင်သည်။တချို့က ဆိုင်ကယ်စီးလျှင် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ထားလေ့ရှိပြီး သူတို့ မိတ်ဆွေချင်းစကားပြောသည့်အခါ နှာခေါင်းစည်းမေးစေ့သိုင်းလိုက်သည်ကို လည်း တွေ့ရသည်။ကျနော်က လွတ်လပ်မှုအရသာ ပြည့်ဝလွန်းလှသောဆိုင်ကယ်စီးခြင်းအရသာကို ကြိုက်လှသည်။

ယခုဆို Work from Homeဘဝဖြင့် ကျနော် သုံးခွရောက်နေသည်မှာ ၂လပြည့်တော့မည်။ အိမ်ထောင်သက်၁၄နှစ်ကျော် တစ်လျှောက် တစ်လပြည့်အောင်ပင် မိသားစုနှင့်အတူ သုံးခွတွင် မနေခဲ့ဖူး။ယခု တော့ သုံးခွကို နည်းနည်းကြာ ပြီမို့ နည်းနည်း ပိုသိလာပြီဟုဆိုနိုင်သည်။

ပထမဆုံး သတိပြုမိသော အသိက ‘ဒီနေ့ဘာကောင်းလဲ’နှင့် ‘ဒီနေ့ဘာထွက်သလဲ’ဆိုသည့် စ ကားနှစ်ခွန်းဖြစ်သည်။ကျနော်နှင့်အင်မတန်ဝေးလှသောစကားနှစ်ခွန်းမို့ နားမလည်။ကြားရဖန်များ လာသဖြင့် မိန်းမကိုမေးကြည့်တော့ ‘ရှင်က စာရေးတယ်ဆိုပြီးအဲလောက်တောင်မသိဘူးလား။ဒီနေ့ဘာ ကောင်းလဲဆိုတာ ဒီနေ့နှစ်လုံးဂဏန်းဘာထိုးရရင်ကောင်းမလဲမေးတာ။ဘာထွက်လဲဆိုတာက ဒီနေ့ ထွက် တဲ့နှစ်လုံးဂဏန်းကိုမေးတာ’ဟု ငေါက်လည်းငေါက် ရှင်းလည်းရှင်းမှ နားလည်တော့သည်။

‘ဟ၊သုံးခွမှာ ဒီလိုလောင်းကစားတွေရှိတုန်းပဲလား။’

‘ဘယ်လောက်များများ ရှိလဲတော့ကျမလည်းမသိဘူး။ထိုးတဲ့လူကတော့ထိုးနေကြတာပဲ။’

ဒါ့ထက်ပိုအသေးစိတ်သိချင်သဖြင့် သုံးခွစာပေရပ်ဝန်းက အစ်ကိုတော်ကဗျာဆရာများကို မေးကြည့်တော့ ‘အရင်တုန်းကလို အိမ်ထဲမှာစတိုင်အပြည့်နဲ့ တရားဝင်ရောင်းနေသလိုမျိုးတော့မရှိတော့ဘူး။ အရက်ပုန်းဆိုင်တွေလို သိသာသိစေ၊မမြင်စေနဲ့ပေါ့ဗျာ။အာဏာပိုင်တွေကို မမြင်ချင်ယောင်ဆောင်ခတွေ ဘာတွေတော့ပေးရမှာပေါ့။တခြားမြို့တွေလိုပါပဲ။ဒီမှာလည်း သူ့နည်းသူ့ဟန်နဲ့ရှိနေတုန်းပဲ။’အစ်ကိုတော် ကဗျာဆရာတစ်ဦးကရှင်းပြသည်။

ဟုတ်တော့ဟုတ်သည်။ကျနော့်ဇာတိမြေ ဘီလူးကျွန်းတွင်လည်း စစ်အစိုးရလက်ထက်တုန်းက မော်လမြိုင်သွားမည့်သင်္ဘောဆိပ်တွင် နှစ်လုံး၊သုံးလုံးလောင်းကစားကို တရားဝင်သဖွယ်ခုံခင်းလက်ခံနေသော်လည်း ယခုအခါတွင်မူ မရှိ။သို့သော်၊အာဏာပိုင်များကို မမြင်ချင်ယောင်ဆောင်ခ လိုင်းကြေးပေးကာ ခပ်လျှိုလျှိုရပ်တည်နေသော ဒိုင်များမှာ မနည်းလှ။ထိုးသားဈေးကွက်ရှိလို့ ဒိုင်ရှိနေခြင်းလား။ ဒိုင်ရှိလို့ ထိုးသူများရှိနေခြင်းလားတော့မသိ။

သုံးခွတွင် ကျနော့်မျက်စိရှေ့ နှစ်လုံးလောင်းကစားဘာသာစကားကို ပြောနေဆိုနေကြသူများမှာ တစ်နေကုန်ကိုယ်ကာယအားဖြင့် နင်လားငါလားရုန်းနိုင်မှ ထမင်းနပ်မှန်သူများဖြစ်သည်။

‘ကျမတို့မှာ ငွေလုံးခနဲနည်းနည်းရမယ့်နေရာက နှစ်လုံးပဲရှိတာလေ။အဲဒါကြောင့် ထိုးရတာ။ ဒါ တောင် အလုပ်မရှိတဲ့နေ့ မထိုးနိုင်ဘူး။’ဟု ကျနော်စပ်စုသမျှဖြေကြားနေသူမှာ အတည်တကျအလုပ်အ ကိုင် မရှိသူ အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည်။ကျနော်က သူတို့ချွေးဒီးဒီးကျပြီးမှ ရသည့်ငွေ လောင်းကစားနွံထဲကျပျောက်သွားခြင်းကိုမလိုလား။သို့သော်၊ကျနော်သည် စာရေးသူတစ်ဦးမို့ ဘာမှမတတ်နိုင်။ ထားတော့။

သုံးခွတွင် နောက်ထပ်သတိပြုမိသည့်အရာမှာ ကြုံသလိုလွှင့်ပစ်ထားကြသော နှာခေါင်းစည်းများ ဖြစ်သည်။အထည်ချုပ်ဖယ်ရီကားပေါ်မှ လမ်းမပေါ် ပက်ခနဲလွှင့်ပစ်လိုက်သော နှာခေါင်းစည်းနှစ်ခုကို မြင်ခဲ့ဖူးသည်။ကားလမ်းမနံဘေး ဖုန်မှုန့်များကြား လူးလိမ့်နေသောနှာခေါင်းစည်းများစွာ။သုံးခွမြို့ ပန်းခြံကန်ဘောင်ပေါ်သည်လည်း နှာခေါင်းစည်းနှင့်မကင်း။

တစ်ရက်၊သုံးခွကျေးလက်က သုံးခွရေတံခါးသို့သွား။ စိုက်ထားသောပဲတီစိမ်းများဖြင့် မျက်စိတဆုံး အစိမ်းရောင်တောက် နေသောရှုမျှော်ခင်း ကြီးကိုအရသာခံလိုသဖြင့် အပြန်ခရီးတွင် ဆိုင်ကယ်တစ်စီးစာ လယ်ကန်သင်းရိုးမှဖြတ်တော့လည်း အနီးကပ်မြင်ကွင်း၌ စွန့်ထားသော နှာခေါင်းစည်း ဟိုတစ်စဒီတစ်စ။

ပြီးခဲ့သည့်ဇန်နဝါရီ၄ရက်နေ့၊ အလုပ်ပိတ်ရက်တွင် မရောက်ဖူးသေးသော( သုံးခွကိုမဖြတ်ဘဲ ဖောက်ထားသည့်)  သန်လျင်-ခရမ်းမြို့ ရှောင်လမ်းကို ရောက်ဖူးချင်တာရော ကျေးလက်အလှနှင့် အစိမ်းရောင်လယ်ကွင်းများကို အရသာခံချင်တာကြောင့်ပါ ဆိုင်ကယ်ဖြင့် ချီတက်ခဲ့သည်။

သုံးခွမှနေ၍ ထိုမြို့ရှောင်လမ်း၏အစ သန်လျင်အပိုင် သူဌေးကွင်းရွာသို့ရောက်ရန်ပင် ဆိုင်ကယ်ပုံ မှန်မောင်းလျှင် နာရီဝက်ခန့်။သူဌေးကွင်းမှသည် ကျေးလက်များကိုဖြတ်ကာ ခရမ်းမြို့ပေါ်။ခရမ်းမှသည် ပုံမှန်လမ်းကြောင်းအတိုင်းသုံးခွမြို့သို့၊စုစုပေါင်းကြာချိန် တစ်နာရီခွဲမက။လမ်းတစ်လျှောက် ရွာတွင်းနှင့် ရွာ ဝန်းကျင်ကားလမ်းမနံဘေးတွင် ရွာကြီးလျှင်ကြီးသလို စွန့်ပစ်ထားသော နှာခေါင်းစည်းများစွာကို ထပ်မြင်ရပြန်သည်။

ထိုသို့သောမြင်ကွင်းမှာ သုံးခွနှင့်သန်လျင်တင်ပဲလားဆိုတော့မဟုတ်။ ဝက်လက်မြို့ကမိတ်ဆွေထံ ဖုန်းဆက်မေးကြည့်တော့ သူတို့ဆီမှာလည်း လမ်းဘေးဝဲယာကြုံသလိုစွန့်ထားသော နှာခေါင်းစည်းများစွာ။ မုံရွာနှင့်ကလေးမြို့ကို ပုံမှန်ပြေးလွှားနေသော မိတ်ဆွေလေးထင်အောင်ထံ ဖုန်းဆက်မေးကြည့်တော့လည်း မုံရွာရောကလေးတွင်ပါ သုံးခွလိုသန်လျင်လိုဝက်လက်လို။ဆိုတော့ နယ်မြို့များစွာ၏လမ်းမများ ဘေးသည် နှာခေါင်စည်းများဖြင့် ဖြစ်ချင်တိုင်းဖြစ်နေသည့်သဘော။ အကယ်၍ ကိုဗစ်ကာလကြီး ပြီးပြီဟေ့ဆို ကျနော်တို့ တစ်နိုင်ငံလုံး နှာခေါင်းစည်းကောက်ပွဲတော် ကျင်းပရမည့်အခြေအနေမျိုး။

သုံးခွတွင် နောက်ထပ်သတိပြုမိသည်မှာ လယ်မြေများပေါ် စီးပွားရေးလုပ်ငန်းအဆောက်အဦများ ထွက်ပေါ်လာခြင်းဖြစ်သည်။သုံးခွမြို့၏အဓိကထွက်ပေါက်များဖြစ်သော သန်လျင်ဘက်အထွက်၊ခရမ်းဘက် အထွက်နှင့်တံတားမြို့ဘက်အထွက် မြို့(သို့မဟုတ်)ရွာနှင့်ဆက်လျက်လယ်မြေများတွင် စီးပွားရေးအဆောက်အဦများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်နှစ်၊၂နှစ်က စပါးစိုက်ပဲစိုက်လယ်ကွင်းများမှာ ယခုတော့ စက်သုံးဆီဆိုင်ကြီးဖြစ်လို ဖြစ်၊ဂိုထောင်ကြီးများဖြစ်လိုဖြစ်ဖြင့် စီးပွားရေးသမားများက သူတို့၏အင်ပါယာကို ချဲ့ထွင်ခဲ့ကြသည်မှာသုံးခွ တင်မက သန်လျင်မြို့နယ်ထဲတွင်လည်း မြင်နေရပြီး  လက်ရှိဒီ ချုပ်အစိုးရလက်ထက်၌ပင်ဖြစ်သည်။

လယ်ယာမြေအခြားသုံးစွဲခွင့်မှာ ဘာ့ကြောင့်ယခုလောက်လွယ်ကူနေရသနည်း။အမှန်တကယ် ရောအခြားသုံးစွဲခွင့်ရရှိပြီးပြီလား။ထိုသို့မဟုတ်၊အာဏာပိုင်များနှင့်လက်ဝါးချင်းရိုက်ကာ ထင်ရာစိုင်းခွင့် ပါမစ် ရရှိခဲ့လေခြင်းလား။ကျွန်ုပ်တို့၏အမတ်မင်းများကရော ဘာ့ကြောင့် မမြင်ကြ မပြောကြလေသနည်း။

ပြီးပြီးသားကိစ္စများကိုထား။လူနေအိမ်များဖြင့် အခြေကျနေပြီးသားကိုထား၊လတ်တလော တစ်နှစ်၊ ၂နှစ်ဝန်းကျင် ထင်သလိုနယ်ချဲ့နေသော စီးပွားရေးလုပ်ငန်းများမှာ အာဏာပိုင်များနှင့်ပေါင်းကာ ထင်သလို နယ်ချဲ့နေခြင်းဟုတ်၊မဟုတ် အစိုးရစိစစ်ကိုင်တွယ်ရန် လိုအပ်ပြီဖြစ်သည်။သို့မှသာ နာမည်ကျော်အဂတိ လိုက်စားမှုကိုလည်း တိုက်ဖျက်ပြီးသား၊အနာဂတ်ဖြစ်နိုင်ခြေ နယ်ချဲ့များကို ကြိုတင် ဟန့်တားပြီးဖြစ်ပေမည်။

ဒီလိုသာ လယ်မြေများပေါ် စီးပွားရေးလုပ်ငန်းများရောက်ချင်သလို ရောက်ခွင့်ပြုသော် လာမည့်နှစ် ၂၀တွင် မြန်မာနိုင်ငံ၌ စိုက်စရာလယ်မြေ ရာခိုင်နှုန်းများစွာ လျော့ပါးသွားလေမည်နည်း။ယင်းမှာ သုံးခွ တစ်မြို့တည်းတွင်မဟုတ်။နှာခေါင်းစည်းကဲ့သို့ပင်နယ် မြို့များစွာတွင်ဖြစ်ပျက်နေသော အရေးကြီးပြဿနာဖြစ်သည်။

                                                                       

လင်းဆက်ငြိမ်းချမ်း 

 

(  Zawgyi  )

 

 ကို႐ိုနာဗိုင္းရပ္စ္၏ တီထြင္ထုတ္လုပ္မႈအရ Stay at Home ဆိုတာႀကီးနဲ႔ ႏွစ္ပါးသြားရသည္။သို႔ေသာ္ က်ေနာ္တို႔ရန္ကုန္ Stay at Home ဆိုတာက မည္သည့္ထိန္းေက်ာင္းမႈမွ်မရွိ၊မည္သည့္အေရးယူ မႈမွ်မပါသည့္ Stay at Home မို႔ ကိုယ့္သေဘာကိုယ္ေဆာင္ Stay at Homeဟုဆိုမွ ပိုမွန္ေပလိမ့္မည္။
 
သို႔ေသာ္၊က်ေနာ္က ကိုယ့္အေၾကာက္တရားႏွင့္ကိုယ္Stay at Homeသတ္မွတ္ခ်က္မ်ားကို အမွန္အကန္လိုက္နာသူျဖစ္သည္။ ထို႔ျပင္ ကို႐ိုနာဗိုင္းရပ္စ္၏ေနာက္ထပ္တီထြင္ခ်က္ Work from Homeႏွင့္ ၂၀၂၀ျပည့္ႏွစ္ စက္တင္ဘာကတည္းက ထပ္မံဆုံဆည္းျပန္သျဖင့္ က်ေနာ္၏ ရန္ကုန္ Stay at Home သည္ တိုက္ခန္းက်ဥ္းက်ဥ္းထဲတြင္ တစ္ကိုယ္ေတာ္ သိပ္ကိုပီျပင္လြန္းခဲ့သည္။
 
လိုအပ္မွ ေျမေပၚေရာက္ရေသာ လူ႔ခႏၶာသည္ တစ္လေက်ာ္ၾကာလာေတာ့ ထိုင္းမႈိင္းလာသည္။ စိတ္ဖိစီးေနေသာ ၂၀၂၀ေ႐ြးေကာက္ပြဲႀကီးကလည္းၿပီးသြား၊အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၏ ႏိုင္ခ်က္က မိုးၿပိဳက်သလို။ျပည္သူမေပးေသာအာဏာကို လိုခ်င္တက္မက္စိတ္ႀကီးစြာျဖင့္ မ်က္ေစာင္းထိုးရန္ရွာ ေနသူတို႔ ေၾကာင့္စိတ္ခံတြင္းပ်က္ရေသာ္ျငား ဘာပဲျဖစ္ျဖစ္ တိုင္းျပည္၏အနာဂတ္အတြက္ စိတ္တစ္ျခမ္း ေအးရသည့္ အႏိုင္ရရွိမႈမို႔ စိတ္လက္ေပါ့ပါးစြာျဖင့္ ၿမိဳ႕ ေတာ္ရန္ကုန္ကို စြန႔္ကာ မယားခ်က္ျမႇဳပ္ရာ သုံးခြၿမိဳ႕သို႔ ခ်ီတက္လာ ခဲ့သည္။
 
သုံးခြသည္ ရန္ကုန္တိုင္းထဲက ၿမိဳ႕တစ္ၿမိဳ႕။ရန္ကုန္ၿမိဳ႕ထဲသိမ္ျဖဴမွ ၃၄လိုင္းကားစီးလွ်င္ ၂နာရီဝန္းက်င္ၾကာသည္။သို႔ေသာ္၊သုံးခြလိုင္းကားဆိုတာက ယာဥ္ေနာက္လိုက္လည္းရွိ၊ေငြေကာက္ခံမႈလည္းရွိ၊ ယာဥ္လုပ္သားတို႔စိတ္ႀကိဳက္ မွတ္တိုင္တြင္ ခပ္ၾကာၾကာရပ္ခ်င္သလိုရပ္တတ္သည့္ဓေလ့လည္းရွိ။ေျပာရလွ်င္ ရန္ကုန္တခြင္ယာဥ္လိုင္းမ်ားစြာ ဝိုင္ဘီအက္စ္အျဖစ္သို႔ ကူးေျပာင္းသြားၿပီျဖစ္ေသာ္လည္း သုံးခြယာဥ္လိုင္းမွာမူ ယေန႔ထိတိုင္ မထသမူ၊မထသဟန္အတိုင္း ေတာင့္ခံေနဆဲျဖစ္သည္။ထို႔ေၾကာင့္ လိုင္းကားေပၚတက္လိုက္ သည္ႏွင့္ မင္းတို႔လက္ခုပ္ထဲကေရ၊မင္းတို႔ႀကိဳက္သလိုျပဳမူ ဟု မထသေခတ္ ခရီးသည္စိတ္ဓာတ္ကိုေမြးျမဴႏိုင္မွ စီးသင့္သည့္ကား။
 
က်ေနာ္ကေတာ့ စိတ္ပ်က္လြန္းလို႔ မစီးတာေတာ္ေတာ္ၾကာၿပီ။ၿပီးခဲ့သည့္တစ္ႏွစ္ေက်ာ္တုန္းက လည္း စိတ္ပ်က္လက္ပ်က္ျဖင့္ မထသစ႐ိုက္အတိုင္း ဘာကိုမွဂ႐ုမစိုက္ေသာ သုံးခြယာဥ္လိုင္းအေၾကာင္း 7Day Newsသတင္းစာတြင္ ေရးခဲ့ဖူးေသးသည္။သို႔ေသာ္၊ ‘မင္းတို႔ဘာသာ လက္ေမာင္းႀကီးျပဳတ္ေအာင္ ေရး ၊ငါ တို႔ကေတာ့ေအးေဆးပဲ’ ဟု သေဘာထားသည့္ပုံ၊ယေန႔ထိတိုင္ မထသစ႐ိုက္မပ်က္ ။ျပည္သူ ေ႐ြးခ်ယ္ခံ သုံးခြအမတ္ႀကီးမ်ားကေတာ့ လိုင္းကားလည္းမစီး၊စာလည္းမဖတ္၊သူတို႔ႏွင့္မဆိုင္ဘူးဟုလည္း သေဘာထား ရွိပုံရသည္။အသံတစ္ခြန္းမထြက္။
 
ထို႔ေၾကာင့္ ျမန္လည္းျမန္၊စိတ္လည္းခ်မ္းသာေသာ စုေပါင္းတကၠစီသြားစီးသည္။ ရန္ကုန္တကၠစီ ဂိတ္ က မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ေအဘီစီမွတ္တိုင္အနီးတြင္။ေရွ႕ခန္းစီးလွ်င္ က်ပ္၃၀၀၊ေနာက္ခန္း ၂၅၀၀။ ခရီးသည္၄ ေယာက္ျပည့္လွ်င္ တစ္စီးထြက္။၃ေယာက္တည္းႏွင့္သြားခ်င္သပါ့ဆိုလည္း ခရီးသည္ ခ်င္းညႇိႏႈိင္း ကာ တစ္ ေယာက္ခ၂၅၀၀ကို၃ေယာက္ ဝိုင္းစိုက္စနစ္ျဖင့္ အိုေက။သုံးခြတကၠစီဆရာႀကီး မ်ားက ႏွာေခါင္း စည္းလည္း တပ္၊လက္သန႔္ေဆးရည္လည္း ေဆာင္ထားသျဖင့္ စိတ္ခ်မ္းသာရ။
 
တစ္နာရီဝန္းက်င္အၾကာ သုံးခြသို႔ဦးခိုက္မိၿပီ။ဘာပဲျဖစ္ျဖစ္ လူတ႐ုန္း႐ုန္းျဖင့္ သုံးခြကိုျမင္ရေတာ့ ရန္ကုန္မွာထိုင္းမႈိင္းခဲ့သမွ် ေရခ်ိဳးေခါင္းေလွ်ာ္ၿပီးစလို လန္းသြားသည္။သုံးခြသည္လည္း ယေန႔ထိတိုင္Stay at Home အက်ဳံးဝင္ရန္ကုန္တိုင္းထဲကၿမိဳ႕တစ္ၿမိဳ႕။ပိုးေတြ႕လူနာမ်ားရွိေသာ္လည္း နည္းနည္းႏွင့္ က်ဲက်ဲမို႔ သိပ္ေၾကာက္ၾကဟန္မတူ။ထို႔ေၾကာင့္ လူၾကားေကာင္း႐ုံ Stay at Home ထားေသာၿမိဳ႕ဆိုလွ်င္ လည္းမမွား။ ႀကိဳက္သလိုသြား၊ႀကိဳက္သလိုလာ ေအးေဆးဆိုသည့္သုံးခြ။သုံးခြတြင္ လူစုလူေဝးက ေဈး တစ္ေနရာတြင္ သာရွိသည္။ႏွာေခါင္းစည္းတပ္ၿပီးမွေဈးထဲဝင္ပါဆိုသည့္ ဗီႏိုင္းနီနီႀကီးႀကီးကို ေဈးထိပ္တြင္ ကပ္ထားသည္။ ၿပီးေတာ့ ရန္ကုန္လို လိုင္းကားတိုးေဝွ႔စီးစရာမလို။ဆိုင္ကယ္ေပၚတက္ခြလိုက္႐ုံျဖင့္ ၿမိဳ႕က်ဥ္းက်ဥ္းတစ္ပတ္ ေရာက္ရွိႏိုင္သည္။တခ်ိဳ႕က ဆိုင္ကယ္စီးလွ်င္ ႏွာေခါင္းစည္းကို စနစ္တက်တပ္ဆင္ထားေလ့ရွိၿပီး သူတို႔ မိတ္ေဆြခ်င္းစကားေျပာသည့္အခါ ႏွာေခါင္းစည္းေမးေစ့သိုင္းလိုက္သည္ကို လည္း ေတြ႕ရသည္။က်ေနာ္က လြတ္လပ္မႈအရသာ ျပည့္ဝလြန္းလွေသာဆိုင္ကယ္စီးျခင္းအရသာကို ႀကိဳက္လွသည္။
 
ယခုဆို Work from Homeဘဝျဖင့္ က်ေနာ္ သုံးခြေရာက္ေနသည္မွာ ၂လျပည့္ေတာ့မည္။ အိမ္ေထာင္သက္၁၄ႏွစ္ေက်ာ္ တစ္ေလွ်ာက္ တစ္လျပည့္ေအာင္ပင္ မိသားစုႏွင့္အတူ သုံးခြတြင္ မေနခဲ့ဖူး။ယခု ေတာ့ သုံးခြကို နည္းနည္းၾကာ ၿပီမို႔ နည္းနည္း ပိုသိလာၿပီဟုဆိုႏိုင္သည္။
 
ပထမဆုံး သတိျပဳမိေသာ အသိက ‘ဒီေန႔ဘာေကာင္းလဲ’ႏွင့္ ‘ဒီေန႔ဘာထြက္သလဲ’ဆိုသည့္ စ ကားႏွစ္ခြန္းျဖစ္သည္။က်ေနာ္ႏွင့္အင္မတန္ေဝးလွေသာစကားႏွစ္ခြန္းမို႔ နားမလည္။ၾကားရဖန္မ်ား လာသျဖင့္ မိန္းမကိုေမးၾကည့္ေတာ့ ‘ရွင္က စာေရးတယ္ဆိုၿပီးအဲေလာက္ေတာင္မသိဘူးလား။ဒီေန႔ဘာ ေကာင္းလဲဆိုတာ ဒီေန႔ႏွစ္လုံးဂဏန္းဘာထိုးရရင္ေကာင္းမလဲေမးတာ။ဘာထြက္လဲဆိုတာက ဒီေန႔ ထြက္ တဲ့ႏွစ္လုံးဂဏန္းကိုေမးတာ’ဟု ေငါက္လည္းေငါက္ ရွင္းလည္းရွင္းမွ နားလည္ေတာ့သည္။
 
‘ဟ၊သုံးခြမွာ ဒီလိုေလာင္းကစားေတြရွိတုန္းပဲလား။’
 
‘ဘယ္ေလာက္မ်ားမ်ား ရွိလဲေတာ့က်မလည္းမသိဘူး။ထိုးတဲ့လူကေတာ့ထိုးေနၾကတာပဲ။’
 
ဒါ့ထက္ပိုအေသးစိတ္သိခ်င္သျဖင့္ သုံးခြစာေပရပ္ဝန္းက အစ္ကိုေတာ္ကဗ်ာဆရာမ်ားကို ေမးၾကည့္ေတာ့ ‘အရင္တုန္းကလို အိမ္ထဲမွာစတိုင္အျပည့္နဲ႔ တရားဝင္ေရာင္းေနသလိုမ်ိဳးေတာ့မရွိေတာ့ဘူး။ အရက္ပုန္းဆိုင္ေတြလို သိသာသိေစ၊မျမင္ေစနဲ႔ေပါ့ဗ်ာ။အာဏာပိုင္ေတြကို မျမင္ခ်င္ေယာင္ေဆာင္ခေတြ ဘာေတြေတာ့ေပးရမွာေပါ့။တျခားၿမိဳ႕ေတြလိုပါပဲ။ဒီမွာလည္း သူ႔နည္းသူ႔ဟန္နဲ႔ရွိေနတုန္းပဲ။’အစ္ကိုေတာ္ ကဗ်ာဆရာတစ္ဦးကရွင္းျပသည္။
 
ဟုတ္ေတာ့ဟုတ္သည္။က်ေနာ့္ဇာတိေျမ ဘီလူးကြၽန္းတြင္လည္း စစ္အစိုးရလက္ထက္တုန္းက ေမာ္လၿမိဳင္သြားမည့္သေဘၤာဆိပ္တြင္ ႏွစ္လုံး၊သုံးလုံးေလာင္းကစားကို တရားဝင္သဖြယ္ခုံခင္းလက္ခံေနေသာ္လည္း ယခုအခါတြင္မူ မရွိ။သို႔ေသာ္၊အာဏာပိုင္မ်ားကို မျမင္ခ်င္ေယာင္ေဆာင္ခ လိုင္းေၾကးေပးကာ ခပ္လွ်ိဳလွ်ိဳရပ္တည္ေနေသာ ဒိုင္မ်ားမွာ မနည္းလွ။ထိုးသားေဈးကြက္ရွိလို႔ ဒိုင္ရွိေနျခင္းလား။ ဒိုင္ရွိလို႔ ထိုးသူမ်ားရွိေနျခင္းလားေတာ့မသိ။
 
သုံးခြတြင္ က်ေနာ့္မ်က္စိေရွ႕ ႏွစ္လုံးေလာင္းကစားဘာသာစကားကို ေျပာေနဆိုေနၾကသူမ်ားမွာ တစ္ေနကုန္ကိုယ္ကာယအားျဖင့္ နင္လားငါလား႐ုန္းႏိုင္မွ ထမင္းနပ္မွန္သူမ်ားျဖစ္သည္။
 
‘က်မတို႔မွာ ေငြလုံးခနဲနည္းနည္းရမယ့္ေနရာက ႏွစ္လုံးပဲရွိတာေလ။အဲဒါေၾကာင့္ ထိုးရတာ။ ဒါ ေတာင္ အလုပ္မရွိတဲ့ေန႔ မထိုးႏိုင္ဘူး။’ဟု က်ေနာ္စပ္စုသမွ်ေျဖၾကားေနသူမွာ အတည္တက်အလုပ္အ ကိုင္ မရွိသူ အိမ္ေထာင္ရွင္မတစ္ဦးျဖစ္သည္။က်ေနာ္က သူတို႔ေခြၽးဒီးဒီးက်ၿပီးမွ ရသည့္ေငြ ေလာင္းကစားႏြံထဲက်ေပ်ာက္သြားျခင္းကိုမလိုလား။သို႔ေသာ္၊က်ေနာ္သည္ စာေရးသူတစ္ဦးမို႔ ဘာမွမတတ္ႏိုင္။ ထားေတာ့။
 
သုံးခြတြင္ ေနာက္ထပ္သတိျပဳမိသည့္အရာမွာ ႀကဳံသလိုလႊင့္ပစ္ထားၾကေသာ ႏွာေခါင္းစည္းမ်ား ျဖစ္သည္။အထည္ခ်ဳပ္ဖယ္ရီကားေပၚမွ လမ္းမေပၚ ပက္ခနဲလႊင့္ပစ္လိုက္ေသာ ႏွာေခါင္းစည္းႏွစ္ခုကို ျမင္ခဲ့ဖူးသည္။ကားလမ္းမနံေဘး ဖုန္မႈန႔္မ်ားၾကား လူးလိမ့္ေနေသာႏွာေခါင္းစည္းမ်ားစြာ။သုံးခြၿမိဳ႕ ပန္းၿခံကန္ေဘာင္ေပၚသည္လည္း ႏွာေခါင္းစည္းႏွင့္မကင္း။
 
တစ္ရက္၊သုံးခြေက်းလက္က သုံးခြေရတံခါးသို႔သြား။ စိုက္ထားေသာပဲတီစိမ္းမ်ားျဖင့္ မ်က္စိတဆုံး အစိမ္းေရာင္ေတာက္ ေနေသာရႈေမွ်ာ္ခင္း ႀကီးကိုအရသာခံလိုသျဖင့္ အျပန္ခရီးတြင္ ဆိုင္ကယ္တစ္စီးစာ လယ္ကန္သင္း႐ိုးမွျဖတ္ေတာ့လည္း အနီးကပ္ျမင္ကြင္း၌ စြန႔္ထားေသာ ႏွာေခါင္းစည္း ဟိုတစ္စဒီတစ္စ။
 
ၿပီးခဲ့သည့္ဇန္နဝါရီ၄ရက္ေန႔၊ အလုပ္ပိတ္ရက္တြင္ မေရာက္ဖူးေသးေသာ( သုံးခြကိုမျဖတ္ဘဲ ေဖာက္ထားသည့္)  သန္လ်င္-ခရမ္းၿမိဳ႕ ေရွာင္လမ္းကို ေရာက္ဖူးခ်င္တာေရာ ေက်းလက္အလွႏွင့္ အစိမ္းေရာင္လယ္ကြင္းမ်ားကို အရသာခံခ်င္တာေၾကာင့္ပါ ဆိုင္ကယ္ျဖင့္ ခ်ီတက္ခဲ့သည္။
 
သုံးခြမွေန၍ ထိုၿမိဳ႕ေရွာင္လမ္း၏အစ သန္လ်င္အပိုင္ သူေဌးကြင္း႐ြာသို႔ေရာက္ရန္ပင္ ဆိုင္ကယ္ပုံ မွန္ေမာင္းလွ်င္ နာရီဝက္ခန႔္။သူေဌးကြင္းမွသည္ ေက်းလက္မ်ားကိုျဖတ္ကာ ခရမ္းၿမိဳ႕ေပၚ။ခရမ္းမွသည္ ပုံမွန္လမ္းေၾကာင္းအတိုင္းသုံးခြၿမိဳ႕သို႔၊စုစုေပါင္းၾကာခ်ိန္ တစ္နာရီခြဲမက။လမ္းတစ္ေလွ်ာက္ ႐ြာတြင္းႏွင့္ ႐ြာ ဝန္းက်င္ကားလမ္းမနံေဘးတြင္ ႐ြာႀကီးလွ်င္ႀကီးသလို စြန႔္ပစ္ထားေသာ ႏွာေခါင္းစည္းမ်ားစြာကို ထပ္ျမင္ရျပန္သည္။
 
ထိုသို႔ေသာျမင္ကြင္းမွာ သုံးခြႏွင့္သန္လ်င္တင္ပဲလားဆိုေတာ့မဟုတ္။ ဝက္လက္ၿမိဳ႕ကမိတ္ေဆြထံ ဖုန္းဆက္ေမးၾကည့္ေတာ့ သူတို႔ဆီမွာလည္း လမ္းေဘးဝဲယာႀကဳံသလိုစြန႔္ထားေသာ ႏွာေခါင္းစည္းမ်ားစြာ။ မုံ႐ြာႏွင့္ကေလးၿမိဳ႕ကို ပုံမွန္ေျပးလႊားေနေသာ မိတ္ေဆြေလးထင္ေအာင္ထံ ဖုန္းဆက္ေမးၾကည့္ေတာ့လည္း မုံ႐ြာေရာကေလးတြင္ပါ သုံးခြလိုသန္လ်င္လိုဝက္လက္လို။ဆိုေတာ့ နယ္ၿမိဳ႕မ်ားစြာ၏လမ္းမမ်ား ေဘးသည္ ႏွာေခါင္စည္းမ်ားျဖင့္ ျဖစ္ခ်င္တိုင္းျဖစ္ေနသည့္သေဘာ။ အကယ္၍ ကိုဗစ္ကာလႀကီး ၿပီးၿပီေဟ့ဆို က်ေနာ္တို႔ တစ္ႏိုင္ငံလုံး ႏွာေခါင္းစည္းေကာက္ပြဲေတာ္ က်င္းပရမည့္အေျခအေနမ်ိဳး။
 
သုံးခြတြင္ ေနာက္ထပ္သတိျပဳမိသည္မွာ လယ္ေျမမ်ားေပၚ စီးပြားေရးလုပ္ငန္းအေဆာက္အဦမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။သုံးခြၿမိဳ႕၏အဓိကထြက္ေပါက္မ်ားျဖစ္ေသာ သန္လ်င္ဘက္အထြက္၊ခရမ္းဘက္ အထြက္ႏွင့္တံတားၿမိဳ႕ဘက္အထြက္ ၿမိဳ႕(သို႔မဟုတ္)႐ြာႏွင့္ဆက္လ်က္လယ္ေျမမ်ားတြင္ စီးပြားေရးအေဆာက္အဦမ်ား ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။
 
ၿပီးခဲ့သည့္တစ္ႏွစ္၊၂ႏွစ္က စပါးစိုက္ပဲစိုက္လယ္ကြင္းမ်ားမွာ ယခုေတာ့ စက္သုံးဆီဆိုင္ႀကီးျဖစ္လို ျဖစ္၊ဂိုေထာင္ႀကီးမ်ားျဖစ္လိုျဖစ္ျဖင့္ စီးပြားေရးသမားမ်ားက သူတို႔၏အင္ပါယာကို ခ်ဲ႕ထြင္ခဲ့ၾကသည္မွာသုံးခြ တင္မက သန္လ်င္ၿမိဳ႕နယ္ထဲတြင္လည္း ျမင္ေနရၿပီး  လက္ရွိဒီ ခ်ဳပ္အစိုးရလက္ထက္၌ပင္ျဖစ္သည္။
 
လယ္ယာေျမအျခားသုံးစြဲခြင့္မွာ ဘာ့ေၾကာင့္ယခုေလာက္လြယ္ကူေနရသနည္း။အမွန္တကယ္ ေရာအျခားသုံးစြဲခြင့္ရရွိၿပီးၿပီလား။ထိုသို႔မဟုတ္၊အာဏာပိုင္မ်ားႏွင့္လက္ဝါးခ်င္း႐ိုက္ကာ ထင္ရာစိုင္းခြင့္ ပါမစ္ ရရွိခဲ့ေလျခင္းလား။ကြၽႏ္ုပ္တို႔၏အမတ္မင္းမ်ားကေရာ ဘာ့ေၾကာင့္ မျမင္ၾက မေျပာၾကေလသနည္း။
 
ၿပီးၿပီးသားကိစၥမ်ားကိုထား။လူေနအိမ္မ်ားျဖင့္ အေျခက်ေနၿပီးသားကိုထား၊လတ္တေလာ တစ္ႏွစ္၊ ၂ႏွစ္ဝန္းက်င္ ထင္သလိုနယ္ခ်ဲ႕ေနေသာ စီးပြားေရးလုပ္ငန္းမ်ားမွာ အာဏာပိုင္မ်ားႏွင့္ေပါင္းကာ ထင္သလို နယ္ခ်ဲ႕ေနျခင္းဟုတ္၊မဟုတ္ အစိုးရစိစစ္ကိုင္တြယ္ရန္ လိုအပ္ၿပီျဖစ္သည္။သို႔မွသာ နာမည္ေက်ာ္အဂတိ လိုက္စားမႈကိုလည္း တိုက္ဖ်က္ၿပီးသား၊အနာဂတ္ျဖစ္ႏိုင္ေျခ နယ္ခ်ဲ႕မ်ားကို ႀကိဳတင္ ဟန႔္တားၿပီးျဖစ္ေပမည္။
 
ဒီလိုသာ လယ္ေျမမ်ားေပၚ စီးပြားေရးလုပ္ငန္းမ်ားေရာက္ခ်င္သလို ေရာက္ခြင့္ျပဳေသာ္ လာမည့္ႏွစ္ ၂၀တြင္ ျမန္မာႏိုင္ငံ၌ စိုက္စရာလယ္ေျမ ရာခိုင္ႏႈန္းမ်ားစြာ ေလ်ာ့ပါးသြားေလမည္နည္း။ယင္းမွာ သုံးခြ တစ္ၿမိဳ႕တည္းတြင္မဟုတ္။ႏွာေခါင္းစည္းကဲ့သို႔ပင္နယ္ ၿမိဳ႕မ်ားစြာတြင္ျဖစ္ပ်က္ေနေသာ အေရးႀကီးျပႆနာျဖစ္သည္။
 
                                                                        
 
လင္းဆက္ၿငိမ္းခ်မ္း