【 ဆောင်းပါး 】 "မြင့်မြင့်မြတ်မြတ် အမေ့စိတ်ဓာတ်"

【 ဆောင်းပါး 】 "မြင့်မြင့်မြတ်မြတ် အမေ့စိတ်ဓာတ်"

“အမေစုကတော့ တကယ့်ကို Super Model ပဲကွာ”

“ဘာဖြစ်လို့လဲ”

“စံ ထားရတဲ့ အမျိုးသမီးဖြစ်လို့ပေါ့ကွ”

“Model ဆိုတာ ဖက်ရှင်မယ်ကို ပြောတာမဟုတ်ဘူးလား”

“ဖက်ရှင်မယ် ဖက်ရှင်မောင်တွေ၊ ကိုယ်ဟန်ပြမယ် ကိုယ်ဟန်ပြမောင်တွေလို့ ပြောလို့ရသလို လူများစုက လေးစားနမူနာယူလောက်တဲ့ စံပြပုဂ္ဂိုလ် စံနမူနာပုဂ္ဂိုလ်တွေကိုလည်း ခေါ်တယ်လေ”

“အော်၊ ဒါကြောင့် မင်းက အမေစုကို Model လို့ ပြောလိုက်တာကိုး”

“Super Model လို့ ပြောတာပါကွာ”

“အလွန့်အလွန်တော်သော Model ပေါ့”

“Yes.”

“နေအုံးကွ။ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ”

“ဘာဖြစ်လို့လဲ”

“ရိုးရိုး Model တွေနဲ့ နည်းနည်းများ ရောနှောနေမလားလို့”

“အေးကွ။ဟုတ်တော့ ဟုတ်တယ်။အမေစုက ပြည်သူကို တကယ်ကောင်းစားစေချင်တာ။တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်စေချင်တာ။သူ့ဘဝလှဖို့ကို လုံးဝစဉ်းစားတာမဟုတ်ဘူး။ပြည်သူအားလုံးရဲ့ ဘဝလှဖို့ကိုပဲ စဉ်းစားတာ”၏

“ငါပြောတာ၊ အဲဒါပေါ့။ကြည့်ပါလား။တစ်ချိန်က အမေစု ဒုက္ခရောက်နေတဲ့အချိန်မှာ အမေစု တစ်ချက်လှုပ်တာနဲ့ အမေစုဘက်ကနေ အသေခံကြမယ့်လူတွေ နည်းမလား။ဒါပေမယ့် အမေစုက သူ့ဒုက္ခသူခံတယ်။အစိုးရဘက်ရော လူထုဘက်ရော ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူးလေ။အမေစု ရည်ရွယ်ချက်က တိုက်ခိုက်ဖို့မဟုတ်ဘူး။
ရန်ဖြစ်ဖို့မဟုတ်ဘူး။ငြိမ်းချမ်းဖို့။လူ့အခွင့်အရေးရဖို့။သူ့ကြောင့် ဘယ်သူ့ကိုမှ မနာကျင်စေရဘူး။ဘယ်သူ့ကိုမှ မစတေးဘူး။နိုင်ငံနဲ့ ပြည်သူအတွက် သူ့ကိုယ်သူပဲ စတေးတာ”

“ဆက်ပြောပါအုံး”

“တချို့ခေါင်းဆောင်တွေဆိုရင် ကိုယ်ခေါင်းဆောင်လုပ်ချင်တာနဲ့ပဲ ပြည်သူကို အနုနည်း၊ အကြမ်းနည်း၊ ငွေအား၊ လူအား၊ အာဏာအားတွေသုံးပြီး တိုက်ပွဲတစ်ပွဲတိုက်သလို လုပ်နေကြတာ။တကယ်တော့ နိုင်ငံ့ခေါင်းဆောင်ဆိုတာ ပြည်သူတွေနာကျင်မှုမရှိဖို့၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မဖြစ်ဖို့၊ အချင်းချင်းညီညီညွတ်ညွတ်ရှိဖို့၊ အနိုင်ကျင့်စော်ကားမခံရဖို့၊ အနိုင်ကျင့်စော်ကားခံနေရရင်လည်း အမြန်ဆုံးလွတ်မြောက်ဖို့ သူ့အကျိုးကိုစွန့်လွှတ်ပြီး ပြည်သူ့အကျိုးကို စွန့်စွန့်စားစားဆောင်ရွက်လို့ ပြည်သူကယုံကြည်အားကိုးပြီး ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရသူပဲ ဖြစ်သင့်တာမဟုတ်လား”

“အဲဒါ အမေစုလေ”

“အေးပေါ့။အမျိုးသမီးတွေတင်မက၊ ပြည်သူအားလုံးတင်မက၊ ခေါင်းဆောင်တွေအားလုံးပါ စံနမူနာထားရမယ့် မြင့်မြတ်တဲ့ အမျိုးသမီးကြီးတစ်ယောက်လို့ ပြောချင်တာ”  

“ဒါဆို အမေစုကို Noble Model လို့ ခေါ်ရမှာပေါ့”

“မဟုတ်သေးဘူး”

“ဘာဖြစ်ရပြန်တာလဲ”

“Super Noble Model”

“ဒါဆို ငါလည်း ပြောစရာထပ်ရှိလာပြီ”

“ဘာထပ်ပြောအုံးမလို့လဲ”

“အမေစုက မိခင်စိတ်လည်း အပြည့်ရှိတယ်လေ”

“ပြည်သူကို မိခင်စိတ်နဲ့ စောင့်ရှောက်နေလို့မဟုတ်လား”

“ဟုတ်တယ်လေ။ပြည်သူတွေရဲ့ခေါင်းဆောင်ဆိုတာ မိခင်စိတ်ရှိရမယ်လို့ ငါထင်တယ်။မိခင်ဆိုတာ ရိုးသားတယ်။တိုက်ပွဲတစ်ခု ဖန်တီးနေတာမဟုတ်ဘူး။သားသမီးကို စောင့်ရှောက်နေတာ။အသက်ပေးပြီး စောင့်ရှောက်နေတာ။အနစ်နာခံပြီး၊ သူ့အတ္တကြီးကိုစွန့်လွှတ်ပြီး စောင့်ရှောက်နေတာ။သားသမီးတွေကျန်းမာဖို့၊ အန္တရာယ်ကင်းဖို့၊ လူကောင်းသူကောင်းတွေဖြစ်ဖို့၊ လောကအလယ်မှာ မျက်နှာမငယ်ရဖို့ စောင့်ရှောက်ရတယ်လေ၊ မဟုတ်ဘူးလား”

“အဲဒီတော့ မင်းက အမေစုကို အလွန့်အလွန်တော်ပြီး တစ်ကိုယ်ကောင်းမဆန်ဘဲ မြင့်မြင့်မြတ်မြတ်နဲ့ မိခင်စိတ်ရှိတဲ့ စံပြပုဂ္ဂိုလ်လို့ ပြောချင်တာပေါ့ ဟုတ်လား”

“Yes, she is a Super Noble Motherly Model.”

ဒါကြောင့်လည်း ကလေးတွေက ရိုးသားပြီး ချစ်စရာကောင်းတာဟု ကြည်ကြည်နူးနူးခံစားမိသည်။ဆယ်တန်းကျောင်းသားလေးတွေ မုန့်စားဆင်းချိန်မှာ စကားပြောနေကြတာပါ။သူတို့စကားအရ သူတို့၏အမြင်၊ သူတို့၏အတွေး၊ သူတို့၏ ပတ်ဝန်းကျင်အပေါ်မြင်တတ်မှု၊ သူတို့တတ်ထားသမျှ စာပေဗဟုသုတကို အသုံးချနိုင်မှုတို့ကို သတိထားမိလိုက်သည်။ အထူးသဖြင့် သူတို့ပြောလိုက်သော ‘မိခင်စိတ်’ ဟူသော စကားလုံးလေးက ကျွန်တော့်ရင်ကို လာထိသွားပါသည်။

လူသားတစ်ယောက်၏ဘဝတွင် သူ့အပေါ် အချစ်ဆုံး၊ အကြင်နာဆုံး၊ သူ့ဘဝကောင်းစားရေးကို တွေးရုံနှင့်ပင် ပီတိအဖြစ်ဆုံးကို ရွေးထုတ်ပြပါဆိုလျှင် သူ့ကိုဝမ်းနှင့်လွယ်၍ မွေးဖွားပေးခဲ့သော မိခင်ဟု အားလုံးသိကြပါသည်။အသိဉာဏ်ရှိသော လူသားများကို မဆိုထားနှင့် အိပ်၊ စား၊ ကာမ သုံးမျိုးသာ နားလည်သည်ဆိုသော တိရစ္ဆာန်များကိုကြည့်လျှင်ပင် မိခင်စိတ်ကိုမြင်နိုင်သည်။သူတို့သည် လူသားများကဲ့သို့ ဘဝတစ်ခုလုံး၊ သံသရာတစ်လျှောက်လုံးကို မကြည့်တတ်သော်လည်း သူတို့၏သားသမီးများကိုတော့ လူသားများကဲ့သို့ပင် ချစ်မြတ်နိုးတတ်ကြသည်။လူတို့နှင့်အနီးကပ်ဆုံး၊ လူတို့နှင့်အရင်းနှီးဆုံးနေထိုင်ကြသော တိရစ္ဆာန်များ၏ လှုပ်ရှားမှုများကို အလွယ်တကူမြင်တွေ့နိုင်လေသည်။မိခင်ငှက်မကြီးက သူ၏ကလေးများကို အစာကိုက်ချီလာ၍ ကျွေးမွေးတာ၊ ခွေးမကြီးက သူ့ကလေးတွေကို အစာအန်ကျွေးတာ၊ သူတို့၏ကလေးများကို တစ်စုံတစ်ရာက အန္တရာယ်လာပြုမည်စိုးသဖြင့် ကာကွယ်စောင့်ရှောက်ရင်း ရန်လိုနေတာ၊ စိတ်တိုနေတာတွေက ကျွန်တော်တို့ အမြဲလိုလိုမြင်တွေ့နေကြရတာပါ။

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုလျှင် ကလေးမွေးဖွားနေသော ကြက်မ၊ ကြောင်မ၊ ခွေးမများအနီးသို့ မသွားရန် လူကြီးများက တားမြစ်ကြသည်။သူတို့၏ကလေးများကို အန္တရယ်ပြုမည်စိုး၍ အနားကပ်လာသူများကို ရန်ပြုတတ်ကြသောကြောင့်ဖြစ်သည်။

လူတစ်ယောက်ကို အတူမရှိ၊ အတုမရှိ အချစ်နိုင်ဆုံးကတော့ သူ့ကိုမွေးဖွားပေးခဲ့သော မိခင်သာဖြစ်၏။မိခင်သည် သူ့သားသမီးကို ကောင်းစားစေချင်သော မေတ္တာစိတ်က အလွန်ထက်သန်သည်။မိမိ၏ရင်မှဖြစ်သောသွေးမို့ အရိပ်တကြည့်ကြည့်နှင့်နေတတ်သည်။ထို့ကြောင့်လည်း မိခင်တစ်ယောက်၏စိတ်သည် အလွန်ထူးဆန်းပြီး အလွန်လည်းအင်အားကောင်းပါသည်။

ယေဘုယျအနေနှင့်ကြည့်လျှင် မိခင်နှင့် ဖခင် နှစ်ယောက်တွင် ဖခင်များက အိမ်ပြင်ထွက်ကာ စီးပွားရှာကြသည်။ဗဟုသုတပိုများကြသည်။အပေါင်းအသင်းပိုများကြသည်။အတွေးအခေါ်ပိုမိုမြင့်တတ်သည်။အဆုံးအဖြတ် ပိုမိုတိကျတတ်သည်။သို့သော်လည်း သားသမီးတစ်ခုခုဖြစ်ပြီဆိုလျှင် ဦးနှောက်အားကိုးသော ဖခင်က အသိနောက်ကျသည်။တစ်ခါတလေ သိချင်မှပင်သိကြသည်။မိခင်ကတော့ သားသမီးဘာဖြစ်သည်ဟု တိတိကျကျ အမည်မတတ်နိုင်သော်လည်း တစ်ခုခုတော့ဖြစ်လာပြီဟု နှလုံးသားဖြင့် အလိုလိုသိတတ်ကြသည်။

မိခင်တစ်ယောက်မှာ ကိုယ့်ရင်သွေး နာမှာ၊ ကျင်မှာ၊ ဒုက္ခရောက်မှာ စိုးရိမ်တတ်သော ကရုဏာစိတ်လည်းရှိ၏။သားသမီးကို ဘယ်လိုယုယမည်၊ ဘယ်လိုပြုစုပျိုးထောင်မည်၊ ဘယ်အဆင့်အထိဖြစ်စေရမည်ဆိုတာက ထိုမိခင်၏ ဗဟုသုတနှင့် အသိဉာဏ်အလိုက် တစ်ယောက်နှင့် တစ်ယောက် ကွာခြားပါလိမ့်မည်။ကိုယ့်သားသမီး ထိခိုက်နာကျင်မှာ ဆင်းရဲပင်ပန်းမှာစိုးရိမ်သည်ကတော့ မိခင်တိုင်းအတူတူပင်ဖြစ်သည်။

လူတိုင်းသိနေသော ဘုရားလောင်း မဟောသဓာ တရားစီရင်ခဲ့သော ဇာတ်လမ်းလေးတစ်ခုရှိခဲ့ပါသည်။

တစ်ခါသော် ကလေးအမေတစ်ယောက်သည် ခရီးသွားရင်း ရေကန်တစ်ခု၏အနီးသို့ရောက်သောအခါ မျက်နှာသစ်ချင်လာသည်။ထို့ကြောင့် ကလေးငယ်ကို ကန်ပေါင်ပေါ်၌ခေတ္တထားကာ ရေကန်စပ်သို့ဆင်း၍ မျက်နှာသစ်သည်။ရေကန်မှပြန်တက်လာတော့ သူ့ကလေးငယ်ကို မိန်းမတစ်ယောက်က ပိုင်စိုးပိုင်နင်းချီပြီးထွက်သွားသည်ကို တွေ့ရသဖြင့် နောက်မှအပြေးလိုက်ပြီး ပြန်တောင်းသည်။ထိုမိန်းမကလည်း ကလေးကို ပြန်မပေးသည့်အပြင် သူ့ကလေးကို သူချီသွားတာ ဘာကြောင့်လာလုရတာလဲဟု ပြန်ပြောသည်။သို့နှင့် နှစ်ယောက်သား သူ့ကလေး၊ ကိုယ့်ကလေး ငြင်းကြရင်း ပညာရှိ မဟောသဓာ တရားစီရင်ရာဇရပ်သို့ရောက်ပြီး မဟောသဓာ၏ ဆုံးဖြတ်သည့်အတိုင်း နာခံရန်သဘောတူသည်။မဟောသဓာ က မိန်းမနှစ်ယောက်၏ အမူအရာအပြောအဆိုကို ကြည့်ခြင်းဖြင့် ပထမမိန်းမက အမေအရင်းဖြစ်ပြီး ကလေးကိုချီထားသော ဒုတိယမိန်းမသည် အမေအရင်းမဟုတ်သည့်အပြင် ဘီလူးမတစ်ကောင်ဖြစ်ကြောင်းပါ သိသည်။သို့သော် ပရိသတ်များ မျက်မြင်ကိုယ်တွေ့သိရှိရန်အတွက် မြေပေါ်တွင် အလယ်မျဉ်းတစ်ကြောင်းဆွဲ၍ ကလေးကို ထိုမျဉ်း၌ထားသည်။အမေနှင့် ဘီလူးမကို ကလေး၏ ခြေတစ်ဖက်၊ ခေါင်းတစ်ဖက် ကိုင်စေ၍ နိုင်သည့်သူက မိခင်အရင်းဖြစ်စေဟုဆိုကာ သူနိုင် ကိုယ်နိုင် အပြိုင်ဆွဲခိုင်း၏။မိန်းမနှစ်ယောက် အနိုင်လုဆွဲသောအခါ ကလေးငယ်က နာကျင်လွန်း၍ ငိုလေသည်။

ထိုအခါ ဘီလူးမက အားထပ်တိုး၍ အနိုင်လုဆွဲနေသော်လည်း၊ အမေအရင်းကမူ နာကျင်စွာငိုနေသော ကလေးငယ်၏အဖြစ်ကို မကြည့်ရက်တော့သဖြင့် ဆက်မဆွဲတော့ဘဲ လွှတ်ပေးလိုက်တော့သည်။ဘီလူးမက သူအနိုင်ရပြီဟုဆိုကာ အားရဝမ်းသာဖြစ်နေ၏။မဟောသဓာ က သည်တော့မှ ကလေးငယ်၏ နာကျင်စွာငိုကြွေးနေမှုကို လျစ်လျူမရှုရက်သော၊ ကလေးငယ်၏ဆင်းရဲမှုကို မကြည့်ရက်သောသူနှင့် ကလေးငယ်၏နာကျင်ခံစားမှုကို ဂရုမစိုက်ဘဲ မိမိအနိုင်ရရှိရေးအတွက်ကိုသာ အဓိကထားနေသူတို့တွင် မည်သူသည် မိခင်အရင်းဖြစ်နိုင်ကြောင်း မေးသည်။

မဟောသဓာ သုခမိန်၏ ပညာပါသော သက်သေပြချက်ကြောင့် ပရိသတ်က မိခင်အရင်းနှင့် မိခင်မဟုတ်သူကို စဉ်းစားချင့်ချိန်ခြင်းဖြင့် ဆုံးဖြတ်နိုင်ခဲ့ကြသည်။တစ်ဆက်တည်းဆိုသလို၊ ကလေးငယ်အပေါ် အကြင်နာမရှိဘဲ အင်အားကိုအပြည့်အဝသုံးကာ မိမိအနိုင်ရဖို့ အဓိကထားနေသော မိန်းမသည် ကလေးငယ်ကိုစောင့်ရှောက်မည့် မိခင်ရင်းမဟုတ်ဘဲ ကလေးငယ်ကို အစိမ်းလိုက်စားတော့မည့် ဘီလူးမသာဖြစ်ကြောင်း ပရိသတ်များကို မဟောသဓာက ရှင်းပြသည်။ဘီလူးမကိုလည်း နောက်နောင်တွင် ဤသို့မလုပ်ရန် ဆုံးမလိုက်ပါသည်။

မိခင်တိုင်းက သူတို့၏သားသမီးများကို မည်သည့်ဒုက္ခဆင်းရဲမျိုးမှ မကြုံစေချင်ကြပါ မခံစားစေချင်ကြပါ။တချို့မိခင်များသည် မိမိ၏ရင်သွေးအပေါ်မှာ ရက်စက်တာမျိုးရှိသော်လည်း လက်ချိုးရေ၍ ရလောက်အောင် အရေအတွက်နည်းလွန်းပါသည်။မိခင်တိုင်းသည် မိမိ၏ရင်သွေးအပေါ် ရက်စက်ရန်မဆိုထားနှင့်၊ အနည်းငယ်မျှ ထိခိုက်နာကျင်နေတာကိုပင် မမြင်ရက်၊ မကြားရက်၊ တွေးပင်မတွေးရက်အောင် ခံစားလွယ်တတ်သူတွေပါ။မိမိ၏ဝမ်းနှင့်လွယ်၍ မွေးဖွားပေးခဲ့ရသူများဖြစ်သောကြောင့် မိမိ၏သားသမီးများကို အနှိုင်းမဲ့မေတ္တာနှင့် ချစ်မြတ်နိုးတတ်ကြလေသည်။

တချို့အမျိုးသမီးများသည် ကိုယ်တိုင်မွေးထားသော သားသမီးတစ်ယောက်မှမရှိပါ။သို့သော်လည်း သူတို့နှင့်တွေ့ထိဆက်ဆံနေရသော ကလေးများကို ကိုယ်တိုင်မွေးထားသည့်အလား ဂရုတစိုက်ရှိသည်။မိခင်စိတ်ရှိသူများအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

မိခင်တချို့ကတော့ ကိုယ်တိုင်မွေးထားသော သားသမီးရှိသော်လည်း ငါ့သားမှ ငါ့သား၊  ငါ့သမီးမှ ငါ့သမီးဟု သဘောမထားဘဲ တခြားကလေးတွေအပေါ်လည်း ကိုယ့်သား၊ ကိုယ့်သမီးလို သဘောထား၏။မိခင်စိတ်ရှိသော မိန်းမမြတ်များဟု ဆိုရပေလိမ့်မည်။

ထိုကဲ့သို့သော မိန်းမမြတ် မိခင်ကတော့ မေတ္တာအား၊ သစ္စာအားကောင်းလွန်းသူဖြစ်သည်။သူက သူ့သားသမီးကို တကယ်ချစ်တော့ သူ့သားသမီးအရွယ်တွေအားလုံးကိုလည်း သူ့သားသမီးတွေနှင့် ကိုယ်ချင်းစာပြီး ချစ်မြတ်နိုးတတ်သည်။ထိုစိတ်ဓာတ်ပိုင်ရှင်မျိုးသည် ကိုယ့်ပတ်ဝန်းကျင်ရှိလူများအပေါ်တွင် ကိုယ်တိုင်က ဝမ်းနှင့်လွယ်မမွေးသော်လည်း၊ ကိုယ့်သားသမီးတွေဟု စိတ်ကမသတ်မှတ်သော်လည်း ကိုယ့်ရင်မှဖွားသောသားသမီးကို တန်ဖိုးထားသကဲ့သို့ သူတို့ဘဝများကို တန်ဖိုးထားပြီး ကိုယ်ကျိုးစွန့်ဆောင်ရွက်တတ်ကြ၏။ရည်ရွယ်ချက်က လူအများ လက်ရှိဆင်းရဲတွင်းမှ အမြန်ဆုံးလွတ်ကင်းကြဖို့၊ အနာဂတ်မှာငြိမ်းချမ်းသာယာစေဖို့၊ ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားဆုံးဖြတ်စေဖို့၊ ဘဝကို မှန်မှန်ကန်ကန်နှင့် ရဲရဲရင့်ရင့်ဖြတ်သန်းနိုင်စေဖို့ဖြစ်သည်။သူကိုယ်တိုင်ကလည်း သူ့အားသူကိုးသည်။သူ့အတတ်ပညာ၊ အသိပညာများကို စနစ်တကျအသုံးချနိုင်စွမ်းရှိ၏။အများရှေ့မှာ မားမားမတ်မတ်၊ မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့နှင့် လိပ်ပြာသန့်သန့် ဦးဆောင်သည်။သူ့သစ္စာကို ရင်ဝယ်ပိုက်ထားသည်။သူ့မေတ္တာကို သူယုံကြည်သည်။သူ့ကိုသာ တချို့တချို့က ရန်သူအဖြစ် သတ်မှတ်ချင် သတ်မှတ်မည်။သူ့မှာတော့ ဘယ်သောအခါမှ ရန်သူမရှိ။ရန်လိုသူများကိုပင် သူ့သားသမီးအဖြစ် လက်နှင့်ပွေ့၍ ပြုပြင်ပေးမည့်သူဖြစ်သည်။

သည်လိုအမေမျိုးမှာသာ သားတစ်ယောက်မွေးထားလျှင် ထိုသားသည် အမျိုးကောင်းသားအဖြစ် လောက၏အလယ်မှာ မျက်နှာမော်နိုင်ပါမည်။သမီးဆယ်ယောက်၏ အမေဖြစ်လျှင်လည်း ထိုသမီးလေးများသည် ဘယ်နေရာသွားသွား အန္တရာယ်ကင်းပြီး အိန္ဒြေရရနေနိုင်ပါမည်။တိုင်းပြည်၏ အမေဖြစ်လျှင်လည်း ပြည်သူပြည်သားအားလုံး ငြိမ်းငြိမ်းချမ်းချမ်း သာသာယာယာနှင့် လောကီ၊ လောကုတ္တရာ အကျိုးကျေးဇူးများ ရရှိကြမှာပါ။

သည်လိုအမေမျိုးသာ ပိုင်ဆိုင်ခွင့်ရှိမည်ဆိုလျှင် သားသမီးများအတွက် လုံခြုံစိတ်ချရပြီး အစစအရာရာ အဆင်ပြေချောမွေ့ပါလိမ့်မည်။

အရေးကြီးတာက အမေ့ကို ယုံကြည်ဖို့ပါပဲ။

ရိုက်မောင်း
နိုဝင်ဘာ - ၆

( Zawgyi )

“အေမစုကေတာ့ တကယ့္ကို Super Model ပဲကြာ”

“ဘာျဖစ္လို႔လဲ”

“စံ ထားရတဲ့ အမ်ိဳးသမီးျဖစ္လို႔ေပါ့ကြ”

“Model ဆိုတာ ဖက္ရွင္မယ္ကို ေျပာတာမဟုတ္ဘူးလား”

“ဖက္ရွင္မယ္ ဖက္ရွင္ေမာင္ေတြ၊ ကိုယ္ဟန္ျပမယ္ ကိုယ္ဟန္ျပေမာင္ေတြလို႔ ေျပာလို႔ရသလို လူမ်ားစုက ေလးစားနမူနာယူေလာက္တဲ့ စံျပပုဂၢိဳလ္ စံနမူနာပုဂၢိဳလ္ေတြကိုလည္း ေခၚတယ္ေလ”

“ေအာ္၊ ဒါေၾကာင့္ မင္းက အေမစုကို Model လို႔ ေျပာလိုက္တာကိုး”

“Super Model လို႔ ေျပာတာပါကြာ”

“အလြန႔္အလြန္ေတာ္ေသာ Model ေပါ့”

“Yes.”

“ေနအုံးကြ။ငါ့စိတ္ထဲမွာ တစ္မ်ိဳးႀကီးပဲ”

“ဘာျဖစ္လို႔လဲ”

“႐ိုး႐ိုး Model ေတြနဲ႔ နည္းနည္းမ်ား ေရာေႏွာေနမလားလို႔”

“ေအးကြ။ဟုတ္ေတာ့ ဟုတ္တယ္။အေမစုက ျပည္သူကို တကယ္ေကာင္းစားေစခ်င္တာ။တိုင္းျပည္ကို ကမာၻ႔အလယ္မွာ မ်က္ႏွာမငယ္ေစခ်င္တာ။သူ႔ဘဝလွဖို႔ကို လုံးဝစဥ္းစားတာမဟုတ္ဘူး။ျပည္သူအားလုံးရဲ႕ ဘဝလွဖို႔ကိုပဲ စဥ္းစားတာ”၏

“ငါေျပာတာ၊ အဲဒါေပါ့။ၾကည့္ပါလား။တစ္ခ်ိန္က အေမစု ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ အေမစု တစ္ခ်က္လႈပ္တာနဲ႔ အေမစုဘက္ကေန အေသခံၾကမယ့္လူေတြ နည္းမလား။ဒါေပမယ့္ အေမစုက သူ႔ဒုကၡသူခံတယ္။အစိုးရဘက္ေရာ လူထုဘက္ေရာ ဘယ္သူ႔ကိုမွ မထိခိုက္ေစခ်င္ဘူးေလ။အေမစု ရည္႐ြယ္ခ်က္က တိုက္ခိုက္ဖို႔မဟုတ္ဘူး။
ရန္ျဖစ္ဖို႔မဟုတ္ဘူး။ၿငိမ္းခ်မ္းဖို႔။လူ႔အခြင့္အေရးရဖို႔။သူ႔ေၾကာင့္ ဘယ္သူ႔ကိုမွ မနာက်င္ေစရဘူး။ဘယ္သူ႔ကိုမွ မစေတးဘူး။ႏိုင္ငံနဲ႔ ျပည္သူအတြက္ သူ႔ကိုယ္သူပဲ စေတးတာ”

“ဆက္ေျပာပါအုံး”

“တခ်ိဳ႕ေခါင္းေဆာင္ေတြဆိုရင္ ကိုယ္ေခါင္းေဆာင္လုပ္ခ်င္တာနဲ႔ပဲ ျပည္သူကို အႏုနည္း၊ အၾကမ္းနည္း၊ ေငြအား၊ လူအား၊ အာဏာအားေတြသုံးၿပီး တိုက္ပြဲတစ္ပြဲတိုက္သလို လုပ္ေနၾကတာ။တကယ္ေတာ့ ႏိုင္ငံ့ေခါင္းေဆာင္ဆိုတာ ျပည္သူေတြနာက်င္မႈမရွိဖို႔၊ ကိုယ္ဆင္းရဲ စိတ္ဆင္းရဲ မျဖစ္ဖို႔၊ အခ်င္းခ်င္းညီညီၫြတ္ၫြတ္ရွိဖို႔၊ အႏိုင္က်င့္ေစာ္ကားမခံရဖို႔၊ အႏိုင္က်င့္ေစာ္ကားခံေနရရင္လည္း အျမန္ဆုံးလြတ္ေျမာက္ဖို႔ သူ႔အက်ိဳးကိုစြန႔္လႊတ္ၿပီး ျပည္သူ႔အက်ိဳးကို စြန႔္စြန႔္စားစားေဆာင္႐ြက္လို႔ ျပည္သူကယုံၾကည္အားကိုးၿပီး ေခါင္းေဆာင္အျဖစ္ အသိအမွတ္ျပဳခံရသူပဲ ျဖစ္သင့္တာမဟုတ္လား”

“အဲဒါ အေမစုေလ”

“ေအးေပါ့။အမ်ိဳးသမီးေတြတင္မက၊ ျပည္သူအားလုံးတင္မက၊ ေခါင္းေဆာင္ေတြအားလုံးပါ စံနမူနာထားရမယ့္ ျမင့္ျမတ္တဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္လို႔ ေျပာခ်င္တာ”  

“ဒါဆို အေမစုကို Noble Model လို႔ ေခၚရမွာေပါ့”

“မဟုတ္ေသးဘူး”

“ဘာျဖစ္ရျပန္တာလဲ”

“Super Noble Model”

“ဒါဆို ငါလည္း ေျပာစရာထပ္ရွိလာၿပီ”

“ဘာထပ္ေျပာအုံးမလို႔လဲ”

“အေမစုက မိခင္စိတ္လည္း အျပည့္ရွိတယ္ေလ”

“ျပည္သူကို မိခင္စိတ္နဲ႔ ေစာင့္ေရွာက္ေနလို႔မဟုတ္လား”

“ဟုတ္တယ္ေလ။ျပည္သူေတြရဲ႕ေခါင္းေဆာင္ဆိုတာ မိခင္စိတ္ရွိရမယ္လို႔ ငါထင္တယ္။မိခင္ဆိုတာ ႐ိုးသားတယ္။တိုက္ပြဲတစ္ခု ဖန္တီးေနတာမဟုတ္ဘူး။သားသမီးကို ေစာင့္ေရွာက္ေနတာ။အသက္ေပးၿပီး ေစာင့္ေရွာက္ေနတာ။အနစ္နာခံၿပီး၊ သူ႔အတၱႀကီးကိုစြန႔္လႊတ္ၿပီး ေစာင့္ေရွာက္ေနတာ။သားသမီးေတြက်န္းမာဖို႔၊ အႏၲရာယ္ကင္းဖို႔၊ လူေကာင္းသူေကာင္းေတြျဖစ္ဖို႔၊ ေလာကအလယ္မွာ မ်က္ႏွာမငယ္ရဖို႔ ေစာင့္ေရွာက္ရတယ္ေလ၊ မဟုတ္ဘူးလား”

“အဲဒီေတာ့ မင္းက အေမစုကို အလြန႔္အလြန္ေတာ္ၿပီး တစ္ကိုယ္ေကာင္းမဆန္ဘဲ ျမင့္ျမင့္ျမတ္ျမတ္နဲ႔ မိခင္စိတ္ရွိတဲ့ စံျပပုဂၢိဳလ္လို႔ ေျပာခ်င္တာေပါ့ ဟုတ္လား”

“Yes, she is a Super Noble Motherly Model.”

ဒါေၾကာင့္လည္း ကေလးေတြက ႐ိုးသားၿပီး ခ်စ္စရာေကာင္းတာဟု ၾကည္ၾကည္ႏူးႏူးခံစားမိသည္။ဆယ္တန္းေက်ာင္းသားေလးေတြ မုန႔္စားဆင္းခ်ိန္မွာ စကားေျပာေနၾကတာပါ။သူတို႔စကားအရ သူတို႔၏အျမင္၊ သူတို႔၏အေတြး၊ သူတို႔၏ ပတ္ဝန္းက်င္အေပၚျမင္တတ္မႈ၊ သူတို႔တတ္ထားသမွ် စာေပဗဟုသုတကို အသုံးခ်ႏိုင္မႈတို႔ကို သတိထားမိလိုက္သည္။ အထူးသျဖင့္ သူတို႔ေျပာလိုက္ေသာ ‘မိခင္စိတ္’ ဟူေသာ စကားလုံးေလးက ကြၽန္ေတာ့္ရင္ကို လာထိသြားပါသည္။

လူသားတစ္ေယာက္၏ဘဝတြင္ သူ႔အေပၚ အခ်စ္ဆုံး၊ အၾကင္နာဆုံး၊ သူ႔ဘဝေကာင္းစားေရးကို ေတြး႐ုံႏွင့္ပင္ ပီတိအျဖစ္ဆုံးကို ေ႐ြးထုတ္ျပပါဆိုလွ်င္ သူ႔ကိုဝမ္းႏွင့္လြယ္၍ ေမြးဖြားေပးခဲ့ေသာ မိခင္ဟု အားလုံးသိၾကပါသည္။အသိဉာဏ္ရွိေသာ လူသားမ်ားကို မဆိုထားႏွင့္ အိပ္၊ စား၊ ကာမ သုံးမ်ိဳးသာ နားလည္သည္ဆိုေသာ တိရစာၦန္မ်ားကိုၾကည့္လွ်င္ပင္ မိခင္စိတ္ကိုျမင္ႏိုင္သည္။သူတို႔သည္ လူသားမ်ားကဲ့သို႔ ဘဝတစ္ခုလုံး၊ သံသရာတစ္ေလွ်ာက္လုံးကို မၾကည့္တတ္ေသာ္လည္း သူတို႔၏သားသမီးမ်ားကိုေတာ့ လူသားမ်ားကဲ့သို႔ပင္ ခ်စ္ျမတ္ႏိုးတတ္ၾကသည္။လူတို႔ႏွင့္အနီးကပ္ဆုံး၊ လူတို႔ႏွင့္အရင္းႏွီးဆုံးေနထိုင္ၾကေသာ တိရစာၦန္မ်ား၏ လႈပ္ရွားမႈမ်ားကို အလြယ္တကူျမင္ေတြ႕ႏိုင္ေလသည္။မိခင္ငွက္မႀကီးက သူ၏ကေလးမ်ားကို အစာကိုက္ခ်ီလာ၍ ေကြၽးေမြးတာ၊ ေခြးမႀကီးက သူ႔ကေလးေတြကို အစာအန္ေကြၽးတာ၊ သူတို႔၏ကေလးမ်ားကို တစ္စုံတစ္ရာက အႏၲရာယ္လာျပဳမည္စိုးသျဖင့္ ကာကြယ္ေစာင့္ေရွာက္ရင္း ရန္လိုေနတာ၊ စိတ္တိုေနတာေတြက ကြၽန္ေတာ္တို႔ အၿမဲလိုလိုျမင္ေတြ႕ေနၾကရတာပါ။

ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းကဆိုလွ်င္ ကေလးေမြးဖြားေနေသာ ၾကက္မ၊ ေၾကာင္မ၊ ေခြးမမ်ားအနီးသို႔ မသြားရန္ လူႀကီးမ်ားက တားျမစ္ၾကသည္။သူတို႔၏ကေလးမ်ားကို အႏၲရယ္ျပဳမည္စိုး၍ အနားကပ္လာသူမ်ားကို ရန္ျပဳတတ္ၾကေသာေၾကာင့္ျဖစ္သည္။

လူတစ္ေယာက္ကို အတူမရွိ၊ အတုမရွိ အခ်စ္ႏိုင္ဆုံးကေတာ့ သူ႔ကိုေမြးဖြားေပးခဲ့ေသာ မိခင္သာျဖစ္၏။မိခင္သည္ သူ႔သားသမီးကို ေကာင္းစားေစခ်င္ေသာ ေမတၱာစိတ္က အလြန္ထက္သန္သည္။မိမိ၏ရင္မွျဖစ္ေသာေသြးမို႔ အရိပ္တၾကည့္ၾကည့္ႏွင့္ေနတတ္သည္။ထို႔ေၾကာင့္လည္း မိခင္တစ္ေယာက္၏စိတ္သည္ အလြန္ထူးဆန္းၿပီး အလြန္လည္းအင္အားေကာင္းပါသည္။

ေယဘုယ်အေနႏွင့္ၾကည့္လွ်င္ မိခင္ႏွင့္ ဖခင္ ႏွစ္ေယာက္တြင္ ဖခင္မ်ားက အိမ္ျပင္ထြက္ကာ စီးပြားရွာၾကသည္။ဗဟုသုတပိုမ်ားၾကသည္။အေပါင္းအသင္းပိုမ်ားၾကသည္။အေတြးအေခၚပိုမိုျမင့္တတ္သည္။အဆုံးအျဖတ္ ပိုမိုတိက်တတ္သည္။သို႔ေသာ္လည္း သားသမီးတစ္ခုခုျဖစ္ၿပီဆိုလွ်င္ ဦးေႏွာက္အားကိုးေသာ ဖခင္က အသိေနာက္က်သည္။တစ္ခါတေလ သိခ်င္မွပင္သိၾကသည္။မိခင္ကေတာ့ သားသမီးဘာျဖစ္သည္ဟု တိတိက်က် အမည္မတတ္ႏိုင္ေသာ္လည္း တစ္ခုခုေတာ့ျဖစ္လာၿပီဟု ႏွလုံးသားျဖင့္ အလိုလိုသိတတ္ၾကသည္။

မိခင္တစ္ေယာက္မွာ ကိုယ့္ရင္ေသြး နာမွာ၊ က်င္မွာ၊ ဒုကၡေရာက္မွာ စိုးရိမ္တတ္ေသာ က႐ုဏာစိတ္လည္းရွိ၏။သားသမီးကို ဘယ္လိုယုယမည္၊ ဘယ္လိုျပဳစုပ်ိဳးေထာင္မည္၊ ဘယ္အဆင့္အထိျဖစ္ေစရမည္ဆိုတာက ထိုမိခင္၏ ဗဟုသုတႏွင့္ အသိဉာဏ္အလိုက္ တစ္ေယာက္ႏွင့္ တစ္ေယာက္ ကြာျခားပါလိမ့္မည္။ကိုယ့္သားသမီး ထိခိုက္နာက်င္မွာ ဆင္းရဲပင္ပန္းမွာစိုးရိမ္သည္ကေတာ့ မိခင္တိုင္းအတူတူပင္ျဖစ္သည္။

လူတိုင္းသိေနေသာ ဘုရားေလာင္း မေဟာသဓာ တရားစီရင္ခဲ့ေသာ ဇာတ္လမ္းေလးတစ္ခုရွိခဲ့ပါသည္။

တစ္ခါေသာ္ ကေလးအေမတစ္ေယာက္သည္ ခရီးသြားရင္း ေရကန္တစ္ခု၏အနီးသို႔ေရာက္ေသာအခါ မ်က္ႏွာသစ္ခ်င္လာသည္။ထို႔ေၾကာင့္ ကေလးငယ္ကို ကန္ေပါင္ေပၚ၌ေခတၱထားကာ ေရကန္စပ္သို႔ဆင္း၍ မ်က္ႏွာသစ္သည္။ေရကန္မွျပန္တက္လာေတာ့ သူ႔ကေလးငယ္ကို မိန္းမတစ္ေယာက္က ပိုင္စိုးပိုင္နင္းခ်ီၿပီးထြက္သြားသည္ကို ေတြ႕ရသျဖင့္ ေနာက္မွအေျပးလိုက္ၿပီး ျပန္ေတာင္းသည္။ထိုမိန္းမကလည္း ကေလးကို ျပန္မေပးသည့္အျပင္ သူ႔ကေလးကို သူခ်ီသြားတာ ဘာေၾကာင့္လာလုရတာလဲဟု ျပန္ေျပာသည္။သို႔ႏွင့္ ႏွစ္ေယာက္သား သူ႔ကေလး၊ ကိုယ့္ကေလး ျငင္းၾကရင္း ပညာရွိ မေဟာသဓာ တရားစီရင္ရာဇရပ္သို႔ေရာက္ၿပီး မေဟာသဓာ၏ ဆုံးျဖတ္သည့္အတိုင္း နာခံရန္သေဘာတူသည္။မေဟာသဓာ က မိန္းမႏွစ္ေယာက္၏ အမူအရာအေျပာအဆိုကို ၾကည့္ျခင္းျဖင့္ ပထမမိန္းမက အေမအရင္းျဖစ္ၿပီး ကေလးကိုခ်ီထားေသာ ဒုတိယမိန္းမသည္ အေမအရင္းမဟုတ္သည့္အျပင္ ဘီလူးမတစ္ေကာင္ျဖစ္ေၾကာင္းပါ သိသည္။သို႔ေသာ္ ပရိသတ္မ်ား မ်က္ျမင္ကိုယ္ေတြ႕သိရွိရန္အတြက္ ေျမေပၚတြင္ အလယ္မ်ဥ္းတစ္ေၾကာင္းဆြဲ၍ ကေလးကို ထိုမ်ဥ္း၌ထားသည္။အေမႏွင့္ ဘီလူးမကို ကေလး၏ ေျခတစ္ဖက္၊ ေခါင္းတစ္ဖက္ ကိုင္ေစ၍ ႏိုင္သည့္သူက မိခင္အရင္းျဖစ္ေစဟုဆိုကာ သူႏိုင္ ကိုယ္ႏိုင္ အၿပိဳင္ဆြဲခိုင္း၏။မိန္းမႏွစ္ေယာက္ အႏိုင္လုဆြဲေသာအခါ ကေလးငယ္က နာက်င္လြန္း၍ ငိုေလသည္။

ထိုအခါ ဘီလူးမက အားထပ္တိုး၍ အႏိုင္လုဆြဲေနေသာ္လည္း၊ အေမအရင္းကမူ နာက်င္စြာငိုေနေသာ ကေလးငယ္၏အျဖစ္ကို မၾကည့္ရက္ေတာ့သျဖင့္ ဆက္မဆြဲေတာ့ဘဲ လႊတ္ေပးလိုက္ေတာ့သည္။ဘီလူးမက သူအႏိုင္ရၿပီဟုဆိုကာ အားရဝမ္းသာျဖစ္ေန၏။မေဟာသဓာ က သည္ေတာ့မွ ကေလးငယ္၏ နာက်င္စြာငိုေႂကြးေနမႈကို လ်စ္လ်ဴမရႈရက္ေသာ၊ ကေလးငယ္၏ဆင္းရဲမႈကို မၾကည့္ရက္ေသာသူႏွင့္ ကေလးငယ္၏နာက်င္ခံစားမႈကို ဂ႐ုမစိုက္ဘဲ မိမိအႏိုင္ရရွိေရးအတြက္ကိုသာ အဓိကထားေနသူတို႔တြင္ မည္သူသည္ မိခင္အရင္းျဖစ္ႏိုင္ေၾကာင္း ေမးသည္။

မေဟာသဓာ သုခမိန္၏ ပညာပါေသာ သက္ေသျပခ်က္ေၾကာင့္ ပရိသတ္က မိခင္အရင္းႏွင့္ မိခင္မဟုတ္သူကို စဥ္းစားခ်င့္ခ်ိန္ျခင္းျဖင့္ ဆုံးျဖတ္ႏိုင္ခဲ့ၾကသည္။တစ္ဆက္တည္းဆိုသလို၊ ကေလးငယ္အေပၚ အၾကင္နာမရွိဘဲ အင္အားကိုအျပည့္အဝသုံးကာ မိမိအႏိုင္ရဖို႔ အဓိကထားေနေသာ မိန္းမသည္ ကေလးငယ္ကိုေစာင့္ေရွာက္မည့္ မိခင္ရင္းမဟုတ္ဘဲ ကေလးငယ္ကို အစိမ္းလိုက္စားေတာ့မည့္ ဘီလူးမသာျဖစ္ေၾကာင္း ပရိသတ္မ်ားကို မေဟာသဓာက ရွင္းျပသည္။ဘီလူးမကိုလည္း ေနာက္ေနာင္တြင္ ဤသို႔မလုပ္ရန္ ဆုံးမလိုက္ပါသည္။

မိခင္တိုင္းက သူတို႔၏သားသမီးမ်ားကို မည္သည့္ဒုကၡဆင္းရဲမ်ိဳးမွ မႀကဳံေစခ်င္ၾကပါ မခံစားေစခ်င္ၾကပါ။တခ်ိဳ႕မိခင္မ်ားသည္ မိမိ၏ရင္ေသြးအေပၚမွာ ရက္စက္တာမ်ိဳးရွိေသာ္လည္း လက္ခ်ိဳးေရ၍ ရေလာက္ေအာင္ အေရအတြက္နည္းလြန္းပါသည္။မိခင္တိုင္းသည္ မိမိ၏ရင္ေသြးအေပၚ ရက္စက္ရန္မဆိုထားႏွင့္၊ အနည္းငယ္မွ် ထိခိုက္နာက်င္ေနတာကိုပင္ မျမင္ရက္၊ မၾကားရက္၊ ေတြးပင္မေတြးရက္ေအာင္ ခံစားလြယ္တတ္သူေတြပါ။မိမိ၏ဝမ္းႏွင့္လြယ္၍ ေမြးဖြားေပးခဲ့ရသူမ်ားျဖစ္ေသာေၾကာင့္ မိမိ၏သားသမီးမ်ားကို အႏႈိင္းမဲ့ေမတၱာႏွင့္ ခ်စ္ျမတ္ႏိုးတတ္ၾကေလသည္။

တခ်ိဳ႕အမ်ိဳးသမီးမ်ားသည္ ကိုယ္တိုင္ေမြးထားေသာ သားသမီးတစ္ေယာက္မွမရွိပါ။သို႔ေသာ္လည္း သူတို႔ႏွင့္ေတြ႕ထိဆက္ဆံေနရေသာ ကေလးမ်ားကို ကိုယ္တိုင္ေမြးထားသည့္အလား ဂ႐ုတစိုက္ရွိသည္။မိခင္စိတ္ရွိသူမ်ားအျဖစ္ သတ္မွတ္ရမည္ျဖစ္သည္။

မိခင္တခ်ိဳ႕ကေတာ့ ကိုယ္တိုင္ေမြးထားေသာ သားသမီးရွိေသာ္လည္း ငါ့သားမွ ငါ့သား၊  ငါ့သမီးမွ ငါ့သမီးဟု သေဘာမထားဘဲ တျခားကေလးေတြအေပၚလည္း ကိုယ့္သား၊ ကိုယ့္သမီးလို သေဘာထား၏။မိခင္စိတ္ရွိေသာ မိန္းမျမတ္မ်ားဟု ဆိုရေပလိမ့္မည္။

ထိုကဲ့သို႔ေသာ မိန္းမျမတ္ မိခင္ကေတာ့ ေမတၱာအား၊ သစၥာအားေကာင္းလြန္းသူျဖစ္သည္။သူက သူ႔သားသမီးကို တကယ္ခ်စ္ေတာ့ သူ႔သားသမီးအ႐ြယ္ေတြအားလုံးကိုလည္း သူ႔သားသမီးေတြႏွင့္ ကိုယ္ခ်င္းစာၿပီး ခ်စ္ျမတ္ႏိုးတတ္သည္။ထိုစိတ္ဓာတ္ပိုင္ရွင္မ်ိဳးသည္ ကိုယ့္ပတ္ဝန္းက်င္ရွိလူမ်ားအေပၚတြင္ ကိုယ္တိုင္က ဝမ္းႏွင့္လြယ္မေမြးေသာ္လည္း၊ ကိုယ့္သားသမီးေတြဟု စိတ္ကမသတ္မွတ္ေသာ္လည္း ကိုယ့္ရင္မွဖြားေသာသားသမီးကို တန္ဖိုးထားသကဲ့သို႔ သူတို႔ဘဝမ်ားကို တန္ဖိုးထားၿပီး ကိုယ္က်ိဳးစြန႔္ေဆာင္႐ြက္တတ္ၾက၏။ရည္႐ြယ္ခ်က္က လူအမ်ား လက္ရွိဆင္းရဲတြင္းမွ အျမန္ဆုံးလြတ္ကင္းၾကဖို႔၊ အနာဂတ္မွာၿငိမ္းခ်မ္းသာယာေစဖို႔၊ ကိုယ့္အားကိုယ္ကိုးတတ္ဖို႔၊ ကိုယ္ပိုင္ဉာဏ္ႏွင့္ စဥ္းစားဆုံးျဖတ္ေစဖို႔၊ ဘဝကို မွန္မွန္ကန္ကန္ႏွင့္ ရဲရဲရင့္ရင့္ျဖတ္သန္းႏိုင္ေစဖို႔ျဖစ္သည္။သူကိုယ္တိုင္ကလည္း သူ႔အားသူကိုးသည္။သူ႔အတတ္ပညာ၊ အသိပညာမ်ားကို စနစ္တက်အသုံးခ်ႏိုင္စြမ္းရွိ၏။အမ်ားေရွ႕မွာ မားမားမတ္မတ္၊ မွန္မွန္ကန္ကန္၊ ရဲရဲဝံ့ဝံ့ႏွင့္ လိပ္ျပာသန႔္သန႔္ ဦးေဆာင္သည္။သူ႔သစၥာကို ရင္ဝယ္ပိုက္ထားသည္။သူ႔ေမတၱာကို သူယုံၾကည္သည္။သူ႔ကိုသာ တခ်ိဳ႕တခ်ိဳ႕က ရန္သူအျဖစ္ သတ္မွတ္ခ်င္ သတ္မွတ္မည္။သူ႔မွာေတာ့ ဘယ္ေသာအခါမွ ရန္သူမရွိ။ရန္လိုသူမ်ားကိုပင္ သူ႔သားသမီးအျဖစ္ လက္ႏွင့္ေပြ႕၍ ျပဳျပင္ေပးမည့္သူျဖစ္သည္။

သည္လိုအေမမ်ိဳးမွာသာ သားတစ္ေယာက္ေမြးထားလွ်င္ ထိုသားသည္ အမ်ိဳးေကာင္းသားအျဖစ္ ေလာက၏အလယ္မွာ မ်က္ႏွာေမာ္ႏိုင္ပါမည္။သမီးဆယ္ေယာက္၏ အေမျဖစ္လွ်င္လည္း ထိုသမီးေလးမ်ားသည္ ဘယ္ေနရာသြားသြား အႏၲရာယ္ကင္းၿပီး အိေျႏၵရရေနႏိုင္ပါမည္။တိုင္းျပည္၏ အေမျဖစ္လွ်င္လည္း ျပည္သူျပည္သားအားလုံး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း သာသာယာယာႏွင့္ ေလာကီ၊ ေလာကုတၱရာ အက်ိဳးေက်းဇူးမ်ား ရရွိၾကမွာပါ။

သည္လိုအေမမ်ိဳးသာ ပိုင္ဆိုင္ခြင့္ရွိမည္ဆိုလွ်င္ သားသမီးမ်ားအတြက္ လုံၿခဳံစိတ္ခ်ရၿပီး အစစအရာရာ အဆင္ေျပေခ်ာေမြ႕ပါလိမ့္မည္။

အေရးႀကီးတာက အေမ့ကို ယုံၾကည္ဖို႔ပါပဲ။

႐ိုက္ေမာင္း
ႏိုဝင္ဘာ - ၆