【 ဆောင်းပါး 】 မသိမှုနှင့် စရိုက်ဆိုးများ၏ ဒဏ်ရာဒဏ်ချက်ခံနေရသည့် မြန်မာ့ရှေးဟောင်းအမွေအနှစ်များ

【 ဆောင်းပါး 】 မသိမှုနှင့် စရိုက်ဆိုးများ၏ ဒဏ်ရာဒဏ်ချက်ခံနေရသည့် မြန်မာ့ရှေးဟောင်းအမွေအနှစ်များ

မြန်မာသည် အံ့ဩဘွယ်ရှေးဟောင်းအမွေအနှစ်များစွာ ရှိနေသေးသည့်နိုင်ငံဖြစ်ပါသည်။ထိုအမွေအနှစ်များထဲတွင် ပုဂံဒေသရှိ ဘုရားပုထိုးစေတီများသည် ရှေ့ဆုံးမှပါဝင်နေပြီး၊ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသရှိ ရှေးဟောင်းဘုရားပုထိုးစေတီများကား ပုဂံပြီးလျှင် အလေးထားရမည့် ရှေးဟောင်းအမွေအနှစ်ဖြစ်ပါသည်။ဤကား တခြားဒေသရှိ ရှေးဟောင်းအမွေအနှစ်များ အရေးမပါဟု ဆိုလိုခြင်းမဟုတ်ပါ။ရှေးဟောင်းအမွေအနှစ်မှန်သမျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ တန်ဖိုးကိုယ်စီရှိကြပါသည်။

ရှေးဟောင်းအမွေအနှစ်များသည် မိမိတို့၏ဘိုးဘွားမိဘများ သူတို့ခေတ်ကို မည်သို့ဖြတ်သန်းလာကြောင်း ပြသနေသည့် အသံတိတ်သက်သေ အထောက်အထားများလည်းဖြစ်ကြပါသည်။ထိုအမွေအနှစ်များက ယဉ်ကျေးမှုအမွေအနှစ်များကိုသာမက ဘိုးဘွားမိဘများဖြတ်သန်းခဲ့ရသည့်သမိုင်း  စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့ကိုလည်း ပြောပြပေးကြပါသည်။ထို့ကြောင့် နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြပါသည်။ခေတ်ကာလအလျှောက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသောအခါ အဆိုပါရှေးဟောင်းအမွေအနှစ်များသည် သက်ဆိုင်ရာနိုင်ငံနှင့် လူမျိုးအတွက် ဝင်ငွေရှာပေးသည့်နေရာများ ဖြစ်လာကြပါသည်။

၁၉၄၈ တွင် မြန်မာနိုင်ငံလွတ်လပ်ရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ်၌ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းများ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကြီးထွားဖွံ့ဖြိုးခြင်းမရှိသေးပါ။ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွင်ကျယ်လာချိန်တွင် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်ကြီးနေဝင်း တစ်ဖြစ်လဲ ဦးနေဝင်း အုပ်ချုပ်နေသည့် တစ်ပါတီစနစ်ဖြစ်ကာလဖြစ်ပြီး တံခါးပိတ်ဝါဒကျင့်သုံးနေသဖြင့်  မြန်မာနိုင်ငံတွင် ကျယ်ပြန့်သည့်ပုဂ္ဂလိက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမရှိခဲ့ပေ။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသူများသည် မဆလအစိုးရထံလျှောက်ထားရပြီး အစိုးရကစိစစ်ရွေးချယ်ပါသည်။
ခွင့်ပြုခံရသူများသာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ရကြသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် မြန်မာများ စိမ်းကြပါသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အနောက်နိုင်ငံများ အထူးသဖြင့် ဥရောပတွင် ၁၇ ရာစုကပင် စတင်ခဲ့သော်လည်း ယခုခေတ်ကဲ့သို့ စီးပွားဖြစ်လုပ်ငန်းဖြစ်မလာသေးပါ။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို စီးပွားဖြစ် စတင်လုပ်ကိုင်လာကြပါသည်။
တဖြည်းဖြည်း ထိုလုပ်ငန်းသည် နိုင်ငံတိုင်းသို့ ပျံ့နှံ့သွားပါသည်။မြန်မာ့အိမ်နီးချင်း ထိုင်းဆိုလျှင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖြင့် ဝင်ငွေများစွာရသည့် နိုင်ငံဖြစ်လာပါသည်။ ၁၉၈၈ နောက်ပိုင်း နဝတအစိုးရလက်ထက်မှစ၍ မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပုဂ္ဂလိကများ လုပ်ကိုင်ခွင့်ရလာပါသည်။စင်စစ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အစိုးရ၊ ပုဂ္ဂလိလုပ်ငန်းရှင်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော တခြားလုပ်ငန်းများဖြစ်သော ဟိုတယ်၊ သယ်ယူပို့ဆောင်ရေး၊ စားသောက်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင် စသည်တို့သာမက ဒေသခံလူထုလည်း ပါဝင်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်ပါသည်။သို့မှသာ ဟန်ချက်ညီညီ အားလုံးအကျိုးရှိကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်ကား ထိုသို့မဟုတ်။အစိုးရပိုင်းကလည်း အရင်အစိုးရများရော ယခုအစိုးရထိတိုင် ပြည့်ဝသည့် တာဝန်ယူမှု တာဝန်ခံမှုမရှိပေ။ဒေသခံများကလည်း ကမ္ဘာလှည့်ခရီးသွားများကိုမှီပြီး ဝင်ငွေရရှိရေးကိုသာ ဦးတည်လုပ်ဆောင်ကြလျက် မိမိဘက်ကစောင့်စည်းရမည့် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို နားမလည်သူက များပြားနေပါသည်။မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသွားများက သူတို့နောက်မှ တကောက်ကောက်လိုက်ပြီး ပစ္စည်းရောင်းချသည်ကို မကြိုက်ကြပါ။ထို့ပြင် ရောင်းချသောပစ္စည်းများကို ဈေးမတန်တဆပြောရောင်းကြတာကိုလည်း မကြိုက်ကြပါ။ထိုင်းတွင် ခရီးသွားများအား ရောင်းရမည့်ပစ္စည်းဈေးကို အစိုးရသတ်မှတ်ပေးထားသည်။ပိုရောင်းချသူကို အရေးယူသည်ဟု တချို့ကမ္ဘာလှည့်ခရီးသွားများက ပြောပြကြပါသည်။ ၁၉၄၈ မှ ၁၉၈၈ မတိုင်မီက ပုဂံကိုစိတ်ဝင်စားသည့် မြန်မာနည်းပါးလှပါသည်။
ပုဂံသည် အေးချမ်းတိတ်ဆိတ်စွာ လူသူနည်းပါးစွာ တည်ရှိခဲ့ဖူးပါသည်။သည်နောက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှသာ ဟိုတယ်ဆောက်ချင်သူ၊ ဆိုင်ဖွင့်ချင်သူတို့ ခြေခြင်းလိမ်နေသည့် နေရာဖြစ်လာပါသည်။

ဤတွင် ပုဂံ၏ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်တန်ဖိုးကို သိနေကြသူတချို့က ပုဂံကို ပူပန်လာကြပါသည်။မြန်မာအများစုသည် ရှေးဟောင်းဘုရားပုထိုးစေတီနှင့် ပစ္စည်းများပြုပြင်ထိန်းသိမ်းရာတွင် လိုက်နာရသည့်စည်းကမ်းများ၊ သုံးရသည့်နည်းလမ်းများကို မသိကြပါ။
နဝတအစိုးရလက်ထက်မှစ၍ ပုဂံသည် စီးပွားရေးအရ လုပ်ငန်းရှင်များက မျက်စိကျလာသည့်ဒဏ်နှင့် အာဏာလက်ကိုင်ရှိနေသူများနှင့် ငွေကြေးချမ်းသာသူများ၏ ဘုရားဒါယကာ၊ ဒါယကာမ ဖြစ်လိုသည့် လောဘဒဏ်ကို လှလှကြီးခံရရှာပါသည်။ဟိုတယ်များ ဆိုင်များကို ဘုရားပုထိုးမလွတ်သောနေရာများအား ဝင်းခတ်လျက်တည်ဆောက်ကြသည်။အာဏာလက်ကိုင်ရှိသူများနှင့် ငွေကြေးတတ်နိုင်သူများပူးပေါင်းလျက် ဘုရားထီးတင်ခြင်း၊ ရွှေသင်္ကန်းကပ်ခြင်း၊ နည်းလမ်းမကျသည့်နည်းဖြင့် ဘုရားများကိုပြန်ပြုပြင်ခြင်း စသည်တို့ကို ဆောင်ရွက်ကြပါသည်။ပုဂံခေတ်တုန်းက ဘုရားထီးမတင်ပါ။ရွှေသင်္ကန်းမကပ်လှူပါ။

ဤသို့ ရှေးဟောင်းဘုရားပုထိုး စေတီများအတွက် ရှေးဟောင်းသုတေသနဆိုင်ရာ လိုက်နာရမည့် စည်းကမ်းစည်းမျဉ်းများနှင့် တလွဲလုပ်နေသည်ကို ရှေးဟောင်းသုတသနဦးစီးဌာနက မတားဆီးနိုင်ခဲ့ပါ။ရှေးဟောင်းသုတေသနဦးစီးဌာန တာဝန်ရှိသူများလက်ထဲတွင် တားမြစ်နိုင်သည့် ဩဇာအာဏာလည်းမရှိ၊ နိုင်ငံတော်ကပြဌာန်းထားသည့် ဥပဒေအရလည်း တားဆီးရန် အာဏာအပ်နှင်းမထားပါ။ယခင်က မြန်မာထက် ဖွံ့ဖြိုးမှုနောက်ကျကျန်ရစ်သည့် လာအိုနိုင်ငံသည်ပင် သူ့နိုင်ငံရှိ ရှေးဟောင်းအမွေအနှစ်များနှင့်ဆိုင်သည့် နေရာများကို ရှေးဟောင်းသုတေသနဌာနကို လုပ်ပိုင်ခွင့်ပြုထားပါသည်။ရှေးဟောင်းသုတေသနဌာနက ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကြောင်းပြထားပါလျှင် မည်သည့်ရာထုးရှိသူမျှ ထိပါးခြင်းမပြုဝံ့ဘဲ လိုက်နာကြရသည်ဟု မြန်မာရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွှန်မှူးတစ်ဦးက ပြောပြဖူးပါသည်။မြန်မာကား ထိုသို့မဟုတ်။
တံတားဦးလေဆိပ် (ယခု မန္တလေးလေဆိပ်) တည်ဆောက်စဉ်က ကွင်းထဲတွင်ရှိနေသည့် ရှေးဟောင်းဘုရားတစ်ဆူကို သုတေသနအရာရှိက ဗိုလ်ချုပ်မှူးကြီးမောင်အေးထိ သွားရောက်တင်ပြခဲ့၍ ဖျက်ဆီးမခံခဲ့ရသော်လည်း နောင်တစ်ချိန်တွင် မည်သူ့လက်ချက်ကြောင့်မှန်းမသိရဘဲ၊ ထိုစေတီလည်းပျောက်ကွယ်သွားသည်ဟု ညည်းညူပြပါသည်။

ယခုအခါ ခက်ခက်ခဲခဲကြိုးစားထားပြီးမှ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့ရသည့် ပုဂံဒေသရှိ ဘုရားပုထိုးစေတီတချို့၏ ဌာပနာများ ဖောက်ထွင်းခံရပါသည်။မြောက်ဦးဒေသရှိ ရှေးဟောင်းဘုရားပုထိုးတချို့လည်း အေအေအဖွဲ့နှင့် တပ်မတော်ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထိခိုက်မှုတချို့ရှိခဲ့ပါသည်။အင်အားနည်းပါးသော ရှေးဟေင်းသုတေသနဦးစီးဌာန လက်လှမ်းမမှီနိုင်သည့် တနည်းအားဖြင့် အချိန်ပြည့်မစောင့်ကြည့်နိုင်သည့် ရွှေဘို ဝက်လက်နယ်ရှိ ဟန်လင်းရှေးဟောင်းအမွေအနှစ်တချို့ လွန်ခဲ့သောလပိုင်းအတွင်းတွင် ဖျက်ဆီးခံခဲ့ရပါသည်။

မိမိတို့အတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းဘုရားပုထိုးစေတီများ၊ ပစ္စည်းများသည် မြန်မာနိုင်ငံတစ်ခုတည်းနှင့် သက်ဆိုင်သည့် အမွေအနှစ်များမဟုတ်ဘဲ၊ ကမ္ဘာ့အမွေအနှစ်များဖြစ်ပြီး လူသားအားလုံးနှင့် သက်ဆိုင်သည်ဆိုသော အသိရှိသူနည်းပါးကြသဖြင့် မြန်မာ့ရှေးဟောင်းအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရန် မရေရာမသေချာသည့် အနာဂတ်ကို ရင်ဆိုင်နေကြရပြီဖြစ်ပါသည်။မြန်မာနိုင်ငံ ကာလရှည်ကြာကျင့်သုံးခဲ့သည့် မပြည့်စုံသော ပညာရေးစနစ်ကြောင့် မြန်မာအများစုတွင် နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်နှင့် လူသားတစ်ယောက်၏ တာဝန်ကို သိရှိသူနည်းပါးလှပါသည်။ပုဂံဒေသကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာအဖြစ် သတ်မှတ်ပေးခဲ့သည်ကို မကျေနပ်သူတချို့ရှိခဲ့ပါသည်။ပုဂံ၌ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမှမရှိသည့် ရှေးဟောင်းအထောက်အထားများရှိနေပြီး ထိုအမွေအနှစ်များကို ရေရှည်ထိန်သိမ်းရန် ငွေကြေးနှင့် နည်းပညာ မြန်မာအစိုးရလက်ထဲတွင်မရှိပါ။ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံသားတိုင်းက ကာကွယ်စောင့်ရှောက်ထိန်းသိမ်းပေးရမည့် တာဝန်ရှိကြောင်း မြန်မာလူထုတချို့က နားမလည်ကြပါ။သို့ဖြင့် ဟိုတယ်တည်ရေးကိုသာ ရှေ့ရှုကြသည့် ငွေရှင်လုပ်ငန်းရှင်များ၊ ဘုန်းကြီးကျောင်းအဖြစ် ဗန်းပြပြီး တစ်ဘက်လှည့်နှင့် တည်းခိုခန်းဆန်ဆန် အခငွေကြေးယူတည်းခိုခွင့်ပြုမည့် ဧရာမဘုန်းကြီးကျောင်းများကို ဆောက်လုပ်လှူဒါန်းသည်ဟု အမည်ခံသူများ၊ ပေါ်ပေါက်လာပါသည်။သူတို့ကို အစိုးရက မတားဆီးနိုင်ခဲ့ပေ။

ဤအမွေအနှစ်များကို ထိန်းသိမ်းရမည်ဆိုသောအသိဖြင့် လှုပ်ရှားသူတချို့ကြောင့် ပုဂံဒေသတွင် ဝန်းကျယ်ကြီးလာခတ်ခြင်း ဧရာမဘုန်းကြီးကျောင်းများနှင့် တခြားအဆောက်အဦးများ ဆက်လက်ဆောက်နေခြင်းများ အခိုက်အတံ့ရပ်သွားပါသည်။သို့သော် ဌာပနာများဖောက်ခံရသည့် ပြဿနာထပ်ပေါ်လာပါသည်။မည်သည့်နိုင်ငံ မည်သည့်လူမျိုးမဆို ကမ္ဘာဟူသည့် အဝန်းအဝိုင်းထဲတွင် နေထိုင်နေကြရပြီး တစ်နိုင်ငံတည်း လူမျိုးတစ်မျိုးတည်း ထီးထီးရပ်တည်၍ရသည့်ခေတ် မဟုတ်ပါ။နိုင်ငံတိုင်းသည် အမျိုးသားအရေးနှင့် လူသားအရေးကို ယှဉ်တွဲလုပ်ကိုင်ကြရပါသည်။
မည်သည့်နိုင်ငံက မည်သူကတီထွင်လိုက်သည့် နည်းပညာဖြစ်စေ၊ ဆေးဝါးဖြစ်စေ တစ်နိုင်ငံတည်း မူပိုင်လုပ်၍မရဘဲ လူသားအားလုံးကို ရယူသုံးစွဲခွင့်ပြုရပါသည်။ဥပမာ - ကျောက်ရောဂါကာကွယ်ဆေးကို တစ်ကမ္ဘာလုံးသုံးစွဲကြပါသည်။လျှပ်စစ်ကို ဘင်ဂျမင်ဖရန်ကလင်ဆိုသည့် သိပ္ပံပညာရှင်က ရှာဖွေတွေ့ရှိစေကာမူ၊ တစ်ကမ္ဘာလုံးက လျှပ်စစ်ကိုသုံးစွဲကြပါသည်။ထို့အတူ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်လာပါက မည်သည့်နိုင်ငံက၊ မည်သူကတီထွင်သည်ဖြစ်စေ၊ တစ်ကမ္ဘာလုံးက ရယူသုံးစွဲကြမည်သာဖြစ်ပါသည်။

ထို့အတူပင် ရှေးဟောင်းကမ္ဘာ့အမွေအနှစ်များကို မူလပိုင်ရှင် နိုင်ငံတစ်ခုတည်းက ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မတတ်စွမ်းကြပါ။သို့ဖြင့် မည်သည့်နိုင်ငံရှိ ရှေးဟောင်းကမ္ဘာ့အမွေအနှစ်များဖြစ်စေ၊ ကမ္ဘာသူ ကမ္ဘာသားများကိုယ်စား ယူနက်စ်ကိုအဖွဲ့က တာဝန်ယူစောင့်ရှောက်ပေးခြင်းဖြစ်ပါသည်။ထို့ကြောင့် မြန်မာ့အမွေအနှစ်များကို တိုင်းတပါးသို့ထိုးအပ်ရခြင်း၊ ယူနက်စ်ကိုသို့အပိုင်ပေးရခြင်း မဟုတ်ပါ။ယူနက်စ်ကိုက ချမှတ်သည့် စည်းမျဉ်းတချို့ကိုသာ မြန်မာကလိုက်နာရမည်ဖြစ်ပြီး ပုဂံဒေသကိုထိန်းသိမ်းရန် ငွေကြေးတချို့နှင့် နည်းပညာရခြင်းမှလွဲ၍ ကျန်ကိစ္စအဝဝကို မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများကသာ တာဝန်ယူရမည်ဖြစ်ပါသည်။

မြန်မာ့ရှေးဟောင်းပစ္စည်းများ၊ ဘုရားများ ပေစာ၊ ပုရပိုက်စာများကို ပြည်ပသို့ခိုးရောင်းနေကြသည်မှာ ကြာခဲ့ပါပြီ။ယခုမှမဟုတ်ပါ။သို့သော် ယခု ပုဂံဘုရားများ ဌာပနာဖောက်ခံရခြင်းသည် နိုင်ငံရေးပယောဂမကင်းဟု ယူဆပါသည်။ပုဂံဒေသ ယူနက်စ်ကိုစာရင်းဝင်ဖြစ်သွားခြင်းကို သွေးရိုးသားရိုး နားမလည်သူတချို့ရှိပါသည်။ဤသို့ ရိုးသားနားမလည်သူတချို့ကို နားလည်သူများက နိုင်ငံရေးရည်ရွယ်ချက်ကြောင့်ဖြစ်စေ၊ အနှောင့်အဖျက်လုပ်လိုစိတ်ကြောင့်ဖြစ်စေ သွေးထိုးပေးခြင်း ငွေကြေးပေးပြီး ဖျက်ဆီးခိုင်းခြင်းဟုတ်၊ မဟုတ် သာသနာရေးနှင့် ယဉ်ကျေးဌာနက တိကျပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။တစ်ဘက်တွင်လည်း ရှေးဟောင်းသုတေသနဆိုင်ရာနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကာကွယ်ရေးဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်တန်ပြင်ဆင်၊ ဖြည့်စွက်တန်ဖြည့်စွက်၍ ဥပဒေထုတ်ပြန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရတွင် တာဝန်ရှိပါသည်။

ကျန်ရှိသည့် အရေးကြီးလုပ်ငန်းတစ်ရပ်ကား လူထုကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပညာပေးအသိပေးမှုဖြစ်ပါသည်။ကျောင်းများတွင် ဤအချက်ကို လေးလေးနက်နက် ထည့်သွင်းသင်ကြားပြသထားပါက ကလေးအရွယ်ကပင် စွဲလာသည့်အသိကြောင့် နိုင်ငံသားတစ်ဦးအနေဖြင့်ရော လူသားတစ်ဦးအနေဖြင့်ပါ မိမိနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသည့် နိုင်ငံသား လူသား ဖြစ်လာပါမည်။ဒေသခံများ၊ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသူများ ငွေရှင်များပါမကျန် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန်တာဝန်ရှိကြောင်း ပညာပေးအသိပေးမှုကို ကျယ်ပြန့်စွာလုပ်ဆောင်ချိန်တန်ပါပြီ။သို့မှသာ ပုဂံဒေသနှင့် မြန်မာတစ်နိုင်ငံလုံးရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို အမျိုးသားရေးတာဝန် လူသားတာဝန်အဖြစ် ရှုမြင်ထိန်းသိမ်းလာကြမည်ဖြစ်ပါသည်။

ခင်နှင်းဦး
ဇွန် - ၂၄

( Zawgyi )

ျမန္မာသည္ အံ့ဩဘြယ္ေရွးေဟာင္းအေမြအႏွစ္မ်ားစြာ ရွိေနေသးသည့္ႏိုင္ငံျဖစ္ပါသည္။ထိုအေမြအႏွစ္မ်ားထဲတြင္ ပုဂံေဒသရွိ ဘုရားပုထိုးေစတီမ်ားသည္ ေရွ႕ဆုံးမွပါဝင္ေနၿပီး၊ ရခိုင္ျပည္နယ္၊ ေျမာက္ဦးေဒသရွိ ေရွးေဟာင္းဘုရားပုထိုးေစတီမ်ားကား ပုဂံၿပီးလွ်င္ အေလးထားရမည့္ ေရွးေဟာင္းအေမြအႏွစ္ျဖစ္ပါသည္။ဤကား တျခားေဒသရွိ ေရွးေဟာင္းအေမြအႏွစ္မ်ား အေရးမပါဟု ဆိုလိုျခင္းမဟုတ္ပါ။ေရွးေဟာင္းအေမြအႏွစ္မွန္သမွ် ႀကီးသည္ျဖစ္ေစ ငယ္သည္ျဖစ္ေစ တန္ဖိုးကိုယ္စီရွိၾကပါသည္။

ေရွးေဟာင္းအေမြအႏွစ္မ်ားသည္ မိမိတို႔၏ဘိုးဘြားမိဘမ်ား သူတို႔ေခတ္ကို မည္သို႔ျဖတ္သန္းလာေၾကာင္း ျပသေနသည့္ အသံတိတ္သက္ေသ အေထာက္အထားမ်ားလည္းျဖစ္ၾကပါသည္။ထိုအေမြအႏွစ္မ်ားက ယဥ္ေက်းမႈအေမြအႏွစ္မ်ားကိုသာမက ဘိုးဘြားမိဘမ်ားျဖတ္သန္းခဲ့ရသည့္သမိုင္း  စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရးတို႔ကိုလည္း ေျပာျပေပးၾကပါသည္။ထို႔ေၾကာင့္ ႏိုင္ငံအသီးသီးသည္ မိမိတို႔ႏိုင္ငံရွိ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ၾကပါသည္။ေခတ္ကာလအေလွ်ာက္ ကမာၻလွည့္ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္လာေသာအခါ အဆိုပါေရွးေဟာင္းအေမြအႏွစ္မ်ားသည္ သက္ဆိုင္ရာႏိုင္ငံႏွင့္ လူမ်ိဳးအတြက္ ဝင္ေငြရွာေပးသည့္ေနရာမ်ား ျဖစ္လာၾကပါသည္။

၁၉၄၈ တြင္ ျမန္မာႏိုင္ငံလြတ္လပ္ရၿပီးေနာက္ ပါလီမန္ဒီမိုကေရစီေခတ္၌ ကမာၻလွည့္ခရီးသည္လုပ္ငန္းမ်ား တစ္ကမာၻလုံးအတိုင္းအတာအရ ႀကီးထြားဖြံ႕ၿဖိဳးျခင္းမရွိေသးပါ။ကမာၻလွည့္ခရီးသြားလုပ္ငန္း တြင္က်ယ္လာခ်ိန္တြင္ ျမန္မာႏိုင္ငံသည္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း တစ္ျဖစ္လဲ ဦးေနဝင္း အုပ္ခ်ဳပ္ေနသည့္ တစ္ပါတီစနစ္ျဖစ္ကာလျဖစ္ၿပီး တံခါးပိတ္ဝါဒက်င့္သုံးေနသျဖင့္  ျမန္မာႏိုင္ငံတြင္ က်ယ္ျပန႔္သည့္ပုဂၢလိက ကမာၻလွည့္ခရီးသြားလုပ္ငန္းမရွိခဲ့ေပ။ ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္လိုသူမ်ားသည္ မဆလအစိုးရထံေလွ်ာက္ထားရၿပီး အစိုးရကစိစစ္ေ႐ြးခ်ယ္ပါသည္။
ခြင့္ျပဳခံရသူမ်ားသာ ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ခြင့္ရၾကသျဖင့္ ကမာၻလွည့္ခရီးသြားလုပ္ငန္းႏွင့္ ျမန္မာမ်ား စိမ္းၾကပါသည္။

ကမာၻလွည့္ခရီးသြားလုပ္ငန္းသည္ အေနာက္ႏိုင္ငံမ်ား အထူးသျဖင့္ ဥေရာပတြင္ ၁၇ ရာစုကပင္ စတင္ခဲ့ေသာ္လည္း ယခုေခတ္ကဲ့သို႔ စီးပြားျဖစ္လုပ္ငန္းျဖစ္မလာေသးပါ။ ၁၉၈၀ ျပည့္ႏွစ္ ေနာက္ပိုင္းတြင္ ကမာၻလွည့္ခရီးသြားလုပ္ငန္းကို စီးပြားျဖစ္ စတင္လုပ္ကိုင္လာၾကပါသည္။
တျဖည္းျဖည္း ထိုလုပ္ငန္းသည္ ႏိုင္ငံတိုင္းသို႔ ပ်ံ႕ႏွံ႔သြားပါသည္။ျမန္မာ့အိမ္နီးခ်င္း ထိုင္းဆိုလွ်င္ ကမာၻလွည့္ခရီးသြားလုပ္ငန္းျဖင့္ ဝင္ေငြမ်ားစြာရသည့္ ႏိုင္ငံျဖစ္လာပါသည္။ ၁၉၈၈ ေနာက္ပိုင္း နဝတအစိုးရလက္ထက္မွစ၍ ျမန္မာႏိုင္ငံတြင္ ကမာၻလွည့္ခရီးသြားလုပ္ငန္းကို ပုဂၢလိကမ်ား လုပ္ကိုင္ခြင့္ရလာပါသည္။စင္စစ္ ကမာၻလွည့္ခရီးသြားလုပ္ငန္းသည္ အစိုးရ၊ ပုဂၢလိလုပ္ငန္းရွင္၊ ခရီးသြားလုပ္ငန္းႏွင့္ ဆက္စပ္ေနေသာ တျခားလုပ္ငန္းမ်ားျဖစ္ေသာ ဟိုတယ္၊ သယ္ယူပို႔ေဆာင္ေရး၊ စားေသာက္ဆိုင္၊ လက္ေဆာင္ပစၥည္းဆိုင္ စသည္တို႔သာမက ေဒသခံလူထုလည္း ပါဝင္လုပ္ေဆာင္ရသည့္ လုပ္ငန္းျဖစ္ပါသည္။သို႔မွသာ ဟန္ခ်က္ညီညီ အားလုံးအက်ိဳးရွိၾကမည္ျဖစ္ပါသည္။

ျမန္မာႏိုင္ငံတြင္ကား ထိုသို႔မဟုတ္။အစိုးရပိုင္းကလည္း အရင္အစိုးရမ်ားေရာ ယခုအစိုးရထိတိုင္ ျပည့္ဝသည့္ တာဝန္ယူမႈ တာဝန္ခံမႈမရွိေပ။ေဒသခံမ်ားကလည္း ကမာၻလွည့္ခရီးသြားမ်ားကိုမွီၿပီး ဝင္ေငြရရွိေရးကိုသာ ဦးတည္လုပ္ေဆာင္ၾကလ်က္ မိမိဘက္ကေစာင့္စည္းရမည့္ ႏိုင္ငံႏွင့္ လူမ်ိဳး၏ ဂုဏ္သိကၡာကို နားမလည္သူက မ်ားျပားေနပါသည္။ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ၾကသည့္ ကမာၻလွည့္ခရီးသြားမ်ားက သူတို႔ေနာက္မွ တေကာက္ေကာက္လိုက္ၿပီး ပစၥည္းေရာင္းခ်သည္ကို မႀကိဳက္ၾကပါ။ထို႔ျပင္ ေရာင္းခ်ေသာပစၥည္းမ်ားကို ေဈးမတန္တဆေျပာေရာင္းၾကတာကိုလည္း မႀကိဳက္ၾကပါ။ထိုင္းတြင္ ခရီးသြားမ်ားအား ေရာင္းရမည့္ပစၥည္းေဈးကို အစိုးရသတ္မွတ္ေပးထားသည္။ပိုေရာင္းခ်သူကို အေရးယူသည္ဟု တခ်ိဳ႕ကမာၻလွည့္ခရီးသြားမ်ားက ေျပာျပၾကပါသည္။ ၁၉၄၈ မွ ၁၉၈၈ မတိုင္မီက ပုဂံကိုစိတ္ဝင္စားသည့္ ျမန္မာနည္းပါးလွပါသည္။
ပုဂံသည္ ေအးခ်မ္းတိတ္ဆိတ္စြာ လူသူနည္းပါးစြာ တည္ရွိခဲ့ဖူးပါသည္။သည္ေနာက္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးလာမွသာ ဟိုတယ္ေဆာက္ခ်င္သူ၊ ဆိုင္ဖြင့္ခ်င္သူတို႔ ေျချခင္းလိမ္ေနသည့္ ေနရာျဖစ္လာပါသည္။

ဤတြင္ ပုဂံ၏ ယဥ္ေက်းမႈႏွင့္ ေရွးေဟာင္းအေမြအႏွစ္တန္ဖိုးကို သိေနၾကသူတခ်ိဳ႕က ပုဂံကို ပူပန္လာၾကပါသည္။ျမန္မာအမ်ားစုသည္ ေရွးေဟာင္းဘုရားပုထိုးေစတီႏွင့္ ပစၥည္းမ်ားျပဳျပင္ထိန္းသိမ္းရာတြင္ လိုက္နာရသည့္စည္းကမ္းမ်ား၊ သုံးရသည့္နည္းလမ္းမ်ားကို မသိၾကပါ။
နဝတအစိုးရလက္ထက္မွစ၍ ပုဂံသည္ စီးပြားေရးအရ လုပ္ငန္းရွင္မ်ားက မ်က္စိက်လာသည့္ဒဏ္ႏွင့္ အာဏာလက္ကိုင္ရွိေနသူမ်ားႏွင့္ ေငြေၾကးခ်မ္းသာသူမ်ား၏ ဘုရားဒါယကာ၊ ဒါယကာမ ျဖစ္လိုသည့္ ေလာဘဒဏ္ကို လွလွႀကီးခံရရွာပါသည္။ဟိုတယ္မ်ား ဆိုင္မ်ားကို ဘုရားပုထိုးမလြတ္ေသာေနရာမ်ားအား ဝင္းခတ္လ်က္တည္ေဆာက္ၾကသည္။အာဏာလက္ကိုင္ရွိသူမ်ားႏွင့္ ေငြေၾကးတတ္ႏိုင္သူမ်ားပူးေပါင္းလ်က္ ဘုရားထီးတင္ျခင္း၊ ေ႐ႊသကၤန္းကပ္ျခင္း၊ နည္းလမ္းမက်သည့္နည္းျဖင့္ ဘုရားမ်ားကိုျပန္ျပဳျပင္ျခင္း စသည္တို႔ကို ေဆာင္႐ြက္ၾကပါသည္။ပုဂံေခတ္တုန္းက ဘုရားထီးမတင္ပါ။ေ႐ႊသကၤန္းမကပ္လႉပါ။

ဤသို႔ ေရွးေဟာင္းဘုရားပုထိုး ေစတီမ်ားအတြက္ ေရွးေဟာင္းသုေတသနဆိုင္ရာ လိုက္နာရမည့္ စည္းကမ္းစည္းမ်ဥ္းမ်ားႏွင့္ တလြဲလုပ္ေနသည္ကို ေရွးေဟာင္းသုတသနဦးစီးဌာနက မတားဆီးႏိုင္ခဲ့ပါ။ေရွးေဟာင္းသုေတသနဦးစီးဌာန တာဝန္ရွိသူမ်ားလက္ထဲတြင္ တားျမစ္ႏိုင္သည့္ ဩဇာအာဏာလည္းမရွိ၊ ႏိုင္ငံေတာ္ကျပဌာန္းထားသည့္ ဥပေဒအရလည္း တားဆီးရန္ အာဏာအပ္ႏွင္းမထားပါ။ယခင္က ျမန္မာထက္ ဖြံ႕ၿဖိဳးမႈေနာက္က်က်န္ရစ္သည့္ လာအိုႏိုင္ငံသည္ပင္ သူ႔ႏိုင္ငံရွိ ေရွးေဟာင္းအေမြအႏွစ္မ်ားႏွင့္ဆိုင္သည့္ ေနရာမ်ားကို ေရွးေဟာင္းသုေတသနဌာနကို လုပ္ပိုင္ခြင့္ျပဳထားပါသည္။ေရွးေဟာင္းသုေတသနဌာနက ကန႔္သတ္နယ္ေျမအျဖစ္ သတ္မွတ္ေၾကာင္းျပထားပါလွ်င္ မည္သည့္ရာထုးရွိသူမွ် ထိပါးျခင္းမျပဳဝံ့ဘဲ လိုက္နာၾကရသည္ဟု ျမန္မာေရွးေဟာင္းသုေတသနဦးစီးဌာနမွ ၫႊန္မႉးတစ္ဦးက ေျပာျပဖူးပါသည္။ျမန္မာကား ထိုသို႔မဟုတ္။
တံတားဦးေလဆိပ္ (ယခု မႏၲေလးေလဆိပ္) တည္ေဆာက္စဥ္က ကြင္းထဲတြင္ရွိေနသည့္ ေရွးေဟာင္းဘုရားတစ္ဆူကို သုေတသနအရာရွိက ဗိုလ္ခ်ဳပ္မႉးႀကီးေမာင္ေအးထိ သြားေရာက္တင္ျပခဲ့၍ ဖ်က္ဆီးမခံခဲ့ရေသာ္လည္း ေနာင္တစ္ခ်ိန္တြင္ မည္သူ႔လက္ခ်က္ေၾကာင့္မွန္းမသိရဘဲ၊ ထိုေစတီလည္းေပ်ာက္ကြယ္သြားသည္ဟု ညည္းညဴျပပါသည္။

ယခုအခါ ခက္ခက္ခဲခဲႀကိဳးစားထားၿပီးမွ ကမာၻ႔အေမြအႏွစ္စာရင္း ဝင္ခဲ့ရသည့္ ပုဂံေဒသရွိ ဘုရားပုထိုးေစတီတခ်ိဳ႕၏ ဌာပနာမ်ား ေဖာက္ထြင္းခံရပါသည္။ေျမာက္ဦးေဒသရွိ ေရွးေဟာင္းဘုရားပုထိုးတခ်ိဳ႕လည္း ေအေအအဖြဲ႕ႏွင့္ တပ္မေတာ္ၾကားျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ ထိခိုက္မႈတခ်ိဳ႕ရွိခဲ့ပါသည္။အင္အားနည္းပါးေသာ ေရွးေဟင္းသုေတသနဦးစီးဌာန လက္လွမ္းမမွီႏိုင္သည့္ တနည္းအားျဖင့္ အခ်ိန္ျပည့္မေစာင့္ၾကည့္ႏိုင္သည့္ ေ႐ႊဘို ဝက္လက္နယ္ရွိ ဟန္လင္းေရွးေဟာင္းအေမြအႏွစ္တခ်ိဳ႕ လြန္ခဲ့ေသာလပိုင္းအတြင္းတြင္ ဖ်က္ဆီးခံခဲ့ရပါသည္။

မိမိတို႔အတြက္ တန္ဖိုးမျဖတ္ႏိုင္ေသာ ေရွးေဟာင္းဘုရားပုထိုးေစတီမ်ား၊ ပစၥည္းမ်ားသည္ ျမန္မာႏိုင္ငံတစ္ခုတည္းႏွင့္ သက္ဆိုင္သည့္ အေမြအႏွစ္မ်ားမဟုတ္ဘဲ၊ ကမာၻ႔အေမြအႏွစ္မ်ားျဖစ္ၿပီး လူသားအားလုံးႏွင့္ သက္ဆိုင္သည္ဆိုေသာ အသိရွိသူနည္းပါးၾကသျဖင့္ ျမန္မာ့ေရွးေဟာင္းအေမြအႏွစ္မ်ား ေရရွည္တည္တံ့ခိုင္ၿမဲရန္ မေရရာမေသခ်ာသည့္ အနာဂတ္ကို ရင္ဆိုင္ေနၾကရၿပီျဖစ္ပါသည္။ျမန္မာႏိုင္ငံ ကာလရွည္ၾကာက်င့္သုံးခဲ့သည့္ မျပည့္စုံေသာ ပညာေရးစနစ္ေၾကာင့္ ျမန္မာအမ်ားစုတြင္ ႏိုင္ငံသားေကာင္းတစ္ေယာက္၏ တာဝန္ႏွင့္ လူသားတစ္ေယာက္၏ တာဝန္ကို သိရွိသူနည္းပါးလွပါသည္။ပုဂံေဒသကို ယူနက္စ္ကိုက ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ေနရာအျဖစ္ သတ္မွတ္ေပးခဲ့သည္ကို မေက်နပ္သူတခ်ိဳ႕ရွိခဲ့ပါသည္။ပုဂံ၌ ကမာၻေပၚတြင္ မည္သည့္ႏိုင္ငံမွာမွမရွိသည့္ ေရွးေဟာင္းအေထာက္အထားမ်ားရွိေနၿပီး ထိုအေမြအႏွစ္မ်ားကို ေရရွည္ထိန္သိမ္းရန္ ေငြေၾကးႏွင့္ နည္းပညာ ျမန္မာအစိုးရလက္ထဲတြင္မရွိပါ။ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ႏိုင္ငံသားတိုင္းက ကာကြယ္ေစာင့္ေရွာက္ထိန္းသိမ္းေပးရမည့္ တာဝန္ရွိေၾကာင္း ျမန္မာလူထုတခ်ိဳ႕က နားမလည္ၾကပါ။သို႔ျဖင့္ ဟိုတယ္တည္ေရးကိုသာ ေရွ႕ရႈၾကသည့္ ေငြရွင္လုပ္ငန္းရွင္မ်ား၊ ဘုန္းႀကီးေက်ာင္းအျဖစ္ ဗန္းျပၿပီး တစ္ဘက္လွည့္ႏွင့္ တည္းခိုခန္းဆန္ဆန္ အခေငြေၾကးယူတည္းခိုခြင့္ျပဳမည့္ ဧရာမဘုန္းႀကီးေက်ာင္းမ်ားကို ေဆာက္လုပ္လႉဒါန္းသည္ဟု အမည္ခံသူမ်ား၊ ေပၚေပါက္လာပါသည္။သူတို႔ကို အစိုးရက မတားဆီးႏိုင္ခဲ့ေပ။

ဤအေမြအႏွစ္မ်ားကို ထိန္းသိမ္းရမည္ဆိုေသာအသိျဖင့္ လႈပ္ရွားသူတခ်ိဳ႕ေၾကာင့္ ပုဂံေဒသတြင္ ဝန္းက်ယ္ႀကီးလာခတ္ျခင္း ဧရာမဘုန္းႀကီးေက်ာင္းမ်ားႏွင့္ တျခားအေဆာက္အဦးမ်ား ဆက္လက္ေဆာက္ေနျခင္းမ်ား အခိုက္အတံ့ရပ္သြားပါသည္။သို႔ေသာ္ ဌာပနာမ်ားေဖာက္ခံရသည့္ ျပႆနာထပ္ေပၚလာပါသည္။မည္သည့္ႏိုင္ငံ မည္သည့္လူမ်ိဳးမဆို ကမာၻဟူသည့္ အဝန္းအဝိုင္းထဲတြင္ ေနထိုင္ေနၾကရၿပီး တစ္ႏိုင္ငံတည္း လူမ်ိဳးတစ္မ်ိဳးတည္း ထီးထီးရပ္တည္၍ရသည့္ေခတ္ မဟုတ္ပါ။ႏိုင္ငံတိုင္းသည္ အမ်ိဳးသားအေရးႏွင့္ လူသားအေရးကို ယွဥ္တြဲလုပ္ကိုင္ၾကရပါသည္။
မည္သည့္ႏိုင္ငံက မည္သူကတီထြင္လိုက္သည့္ နည္းပညာျဖစ္ေစ၊ ေဆးဝါးျဖစ္ေစ တစ္ႏိုင္ငံတည္း မူပိုင္လုပ္၍မရဘဲ လူသားအားလုံးကို ရယူသုံးစြဲခြင့္ျပဳရပါသည္။ဥပမာ - ေက်ာက္ေရာဂါကာကြယ္ေဆးကို တစ္ကမာၻလုံးသုံးစြဲၾကပါသည္။လွ်ပ္စစ္ကို ဘင္ဂ်မင္ဖရန္ကလင္ဆိုသည့္ သိပၸံပညာရွင္က ရွာေဖြေတြ႕ရွိေစကာမူ၊ တစ္ကမာၻလုံးက လွ်ပ္စစ္ကိုသုံးစြဲၾကပါသည္။ထို႔အတူ ယခုအခါ ကိုဗစ္-၁၉ ကာကြယ္ေဆးေပၚလာပါက မည္သည့္ႏိုင္ငံက၊ မည္သူကတီထြင္သည္ျဖစ္ေစ၊ တစ္ကမာၻလုံးက ရယူသုံးစြဲၾကမည္သာျဖစ္ပါသည္။

ထို႔အတူပင္ ေရွးေဟာင္းကမာၻ႔အေမြအႏွစ္မ်ားကို မူလပိုင္ရွင္ ႏိုင္ငံတစ္ခုတည္းက ေရရွည္ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ရန္ မတတ္စြမ္းၾကပါ။သို႔ျဖင့္ မည္သည့္ႏိုင္ငံရွိ ေရွးေဟာင္းကမာၻ႔အေမြအႏွစ္မ်ားျဖစ္ေစ၊ ကမာၻသူ ကမာၻသားမ်ားကိုယ္စား ယူနက္စ္ကိုအဖြဲ႕က တာဝန္ယူေစာင့္ေရွာက္ေပးျခင္းျဖစ္ပါသည္။ထို႔ေၾကာင့္ ျမန္မာ့အေမြအႏွစ္မ်ားကို တိုင္းတပါးသို႔ထိုးအပ္ရျခင္း၊ ယူနက္စ္ကိုသို႔အပိုင္ေပးရျခင္း မဟုတ္ပါ။ယူနက္စ္ကိုက ခ်မွတ္သည့္ စည္းမ်ဥ္းတခ်ိဳ႕ကိုသာ ျမန္မာကလိုက္နာရမည္ျဖစ္ၿပီး ပုဂံေဒသကိုထိန္းသိမ္းရန္ ေငြေၾကးတခ်ိဳ႕ႏွင့္ နည္းပညာရျခင္းမွလြဲ၍ က်န္ကိစၥအဝဝကို ျမန္မာႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံသူႏိုင္ငံသားမ်ားကသာ တာဝန္ယူရမည္ျဖစ္ပါသည္။

ျမန္မာ့ေရွးေဟာင္းပစၥည္းမ်ား၊ ဘုရားမ်ား ေပစာ၊ ပုရပိုက္စာမ်ားကို ျပည္ပသို႔ခိုးေရာင္းေနၾကသည္မွာ ၾကာခဲ့ပါၿပီ။ယခုမွမဟုတ္ပါ။သို႔ေသာ္ ယခု ပုဂံဘုရားမ်ား ဌာပနာေဖာက္ခံရျခင္းသည္ ႏိုင္ငံေရးပေယာဂမကင္းဟု ယူဆပါသည္။ပုဂံေဒသ ယူနက္စ္ကိုစာရင္းဝင္ျဖစ္သြားျခင္းကို ေသြး႐ိုးသား႐ိုး နားမလည္သူတခ်ိဳ႕ရွိပါသည္။ဤသို႔ ႐ိုးသားနားမလည္သူတခ်ိဳ႕ကို နားလည္သူမ်ားက ႏိုင္ငံေရးရည္႐ြယ္ခ်က္ေၾကာင့္ျဖစ္ေစ၊ အေႏွာင့္အဖ်က္လုပ္လိုစိတ္ေၾကာင့္ျဖစ္ေစ ေသြးထိုးေပးျခင္း ေငြေၾကးေပးၿပီး ဖ်က္ဆီးခိုင္းျခင္းဟုတ္၊ မဟုတ္ သာသနာေရးႏွင့္ ယဥ္ေက်းဌာနက တိက်ျပတ္သားစြာ ကိုင္တြယ္ေျဖရွင္းသင့္ပါသည္။တစ္ဘက္တြင္လည္း ေရွးေဟာင္းသုေတသနဆိုင္ရာႏွင့္ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဆိုင္ရာ ကာကြယ္ေရးဥပေဒမ်ားကို ေခတ္ႏွင့္ေလ်ာ္ညီစြာ ျပင္ဆင္တန္ျပင္ဆင္၊ ျဖည့္စြက္တန္ျဖည့္စြက္၍ ဥပေဒထုတ္ျပန္ေပးရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အစိုးရတြင္ တာဝန္ရွိပါသည္။

က်န္ရွိသည့္ အေရးႀကီးလုပ္ငန္းတစ္ရပ္ကား လူထုကို ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ဆိုင္ရာ ပညာေပးအသိေပးမႈျဖစ္ပါသည္။ေက်ာင္းမ်ားတြင္ ဤအခ်က္ကို ေလးေလးနက္နက္ ထည့္သြင္းသင္ၾကားျပသထားပါက ကေလးအ႐ြယ္ကပင္ စြဲလာသည့္အသိေၾကာင့္ ႏိုင္ငံသားတစ္ဦးအေနျဖင့္ေရာ လူသားတစ္ဦးအေနျဖင့္ပါ မိမိႏိုင္ငံရွိ ယဥ္ေက်းမႈအေမြအႏွစ္မ်ားႏွင့္ ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ထိန္းသိမ္းသည့္ ႏိုင္ငံသား လူသား ျဖစ္လာပါမည္။ေဒသခံမ်ား၊ ခရီးသြားလုပ္ငန္းႏွင့္ဆက္စပ္ေနသူမ်ား ေငြရွင္မ်ားပါမက်န္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို ထိန္းသိမ္းရန္တာဝန္ရွိေၾကာင္း ပညာေပးအသိေပးမႈကို က်ယ္ျပန႔္စြာလုပ္ေဆာင္ခ်ိန္တန္ပါၿပီ။သို႔မွသာ ပုဂံေဒသႏွင့္ ျမန္မာတစ္ႏိုင္ငံလုံးရွိ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို အမ်ိဳးသားေရးတာဝန္ လူသားတာဝန္အျဖစ္ ရႈျမင္ထိန္းသိမ္းလာၾကမည္ျဖစ္ပါသည္။

ခင္ႏွင္းဦး
ဇြန္ - ၂၄