【 ဆောင်းပါး 】 ဘဝကို အနိုင်နဲ့ပိုင်းသွားတဲ့ ကျော်ဟိန်း (ဦးကိတ္တိသာရ)

【 ဆောင်းပါး 】 ဘဝကို အနိုင်နဲ့ပိုင်းသွားတဲ့ ကျော်ဟိန်း (ဦးကိတ္တိသာရ)

“ဘယ်ကလာတာလဲ ? - မသိပါဘုရား။ဘယ်ကိုသွားမှာလဲ ? - မသိပါဘုရား” ဆိုတဲ့ အမေး-အဖြေလေး ၂ ခုဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် တိုတောင်းတဲ့သတိပေးမှုလေးပါ။လူ့ဘဝကိုရလာကြတယ်။ဒီဘဝကို ဘယ်လိုရလာသလဲ။မိဖကမွေးလို့ ရလာတယ်လို့ ဖြေကြရုံကလွဲလို့ တိတိကျကျမဖြေနိုင်ကြပါဘူး။တနေ့နေ့မှာ ကျိန်းသေ သေရမယ်ဆိုတာ ဘဝကိုရလာသူတိုင်းသိကြပါတယ်။ဒါပေမဲ့ သေပြီးရင် ဘယ်ကိုရောက်သွားမှာလဲ၊ ဘာဆက်ဖြစ်မလဲ ဘယ်သူမှမသိပါ။ဗုဒ္ဓမြတ်စွာဘုရားက ဒကာမတစ်ယောက်ကို ပရိသတ်အလယ်မှာ ဒီသဘောတရားနဲ့ပတ်သက်တဲ့ ဖော်ပြပါ မေးခွန်း ၂ ခု မေးခဲ့ဖူးပါတယ်။  

ဘဝကိုရလာသူမှန်သမျှ ဆင်းရဲ-ချမ်းသာ၊ အရုပ်ဆိုး-လှပသူ၊ ပညာတတ်-ပညာမဲ့၊ ရာထူးရှိ-ရာထူးမဲ့၊ ဂုဏ်ရှိ-ဂုဏ်မဲ့ ဘယ်လိုဘဝမျိုးကိုရထားကြပါစေ၊ ကိုယ့်ဘဝကိုယ် အလွန်တွယ်တာခုံမင်ကြတာ ပုထုဇဉ်သဘာဝပါ။မွေးလာသူတိုင်း တနေ့သေမယ်ဆိုတာကို လူတိုင်းသိကြပါတယ်။
ကိုယ့်ရှေ့မှာပဲ ကိုယ်နဲ့ရွယ်တူ၊ ကိုယ့်ထက်ကြီးသူ၊ ကိုယ့်ထက်ငယ်သူတွေ သေသွားကြတာကို လူတိုင်းကြုံဖူးကြပါတယ်။ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက ဒီလိုသေခြင်းတရားကို တွေ့ရချိန်မှာတောင် လူအများစုမှာ “ဘယ်သူဘယ်ဝါဖြင့် သေရှာပြီ၊ ငါတော့နေရအုံးမှာပါ မသေသေးပါဘူး” စိတ်ရှိနေတတ်ကြပါတယ်။ချွင်းချက်အနေနဲ့ ဘဝကိုတွယ်တာပေမဲ့ ဘဝဟာ ဆင်းရဲခြင်းနဲ့သာပြည့်နေတာပါကလားလို့ သတိကပ်ဆင်ခြင်နိုင်ပြီး သံသရာမလည်ချင်သူ အနည်းအကျဉ်းလဲရှိကြပါတယ်။ဒါပေမဲ့ အလွန်နည်းပါတယ်။

တကယ်တော့ လောကကြီးမှာ နေ့စဉ် စက္ကန့်မလပ် လူတွေမွေးလာကြသလို၊ စက္ကန့်မလပ် လူတွေသေနေကြပါတယ်။ဒီ ဖွား-သေ ယန္တယားကြီး မှန်မှန်လည်ပတ်နေတာကို ရပ်တန့်လို့ရတဲ့နည်းရှိတယ်လို့ ညွှန်ပြတဲ့အဆုံးအမကတော့ ဗုဒ္ဓဘာသာမှာသာရှိပါတယ်။ဒါပေမဲ့ တနေ့ သေခါမှသေရော၊ ဘဝမှာနေရသခိုက် ပျော်ရွှင်အဆင်ပြေသည်ဖြစ်စေ၊ စိတ်ညစ်ဝမ်းနည်းဖွယ်ကောင်းသည်ဖြစ်စေ ကိုယ့်ဘဝနဲ့ကိုယ် ပျော်မွေ့ကြတာ လူ့သဘာဝပါ။ကြည့်တတ်မယ်ဆိုရင် သံသရာ (စဉ်ဆက်မပြတ် တရစပ်ဖြစ်ခြင်း) ဆိုတာ ဘဝတစ်ခုပြီးတစ်ခု ဆက်ဖြစ်နေတာကိုမဆွေးနွေးဘဲ၊ နေ့စဉ်ကျင်လည်နေရတဲ့ နိစ္စဓူဝဖြစ်ရပ်တွေထဲကတဆင့် သိမြင်နိုင်ပါတယ်။ဒီဘဝသက်တမ်းမကုန်သရွေ့ နေ့နေ့ညည ဘဝယန္တယားကြီးထဲ ကျင်လည်ကြရပါတယ်။မနက်လင်းချိန် အိပ်ရာကထကြရတယ်။ကိုယ်လက်သုတ်သင်ကြရတယ်။မနက်စာ စားကြရတယ်။ကျောင်းသားအရွယ်က ကျောင်းသွား၊  အလုပ်လုပ်ရတဲ့အရွယ်က အလုပ်သွား၊ သိပ်ငယ်ရွယ်တဲ့လေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အိမ်မှာနေကြရပါတယ်။မနက်စာချိန်ရောက်တော့ မနက်စာစားကြရ၊ ညစာချိန်ရောက်တော့ ညစာစားကြရ။စားသောက်ထားတဲ့ အစာတွေကတဆင့် အညစ်အကြေးတွေစွန့်ကြရ စတဲ့ ခန္ဓာဝန်ကို ဘဝစရလာချိန်ကနေ သေဆုံးချိန်ထိ လုပ်ဆောင်ကြရပါတယ်။လူသားတွေရဲ့ ဒီလိုပုံမှန်ဆောင်ရွက်ရမြဲလုပ်ငန်းစဉ်ကို ငြီးငွေ့လာရင် ခဏရုန်းထွက်ကြပါတယ်။အဲဒီအခါ ကိုယ်-စိတ် အပန်းဖြေစရာ၊ တေးဂီတ၊ ရုပ်ရှင်၊ သဘင်၊ အားကစား၊ အရက်၊ မူးယစ်ဆေး စတာတွေရှိသလို၊ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအဆုံးအမတွေလဲ ရှိကြပါတယ်။

အနုပညာ၊ အားကစား၊ ဘာသာရေး စတဲ့ နယ်ပယ်တစ်ခုခုမှာ နာမည်ကောင်းနဲ့ဖြစ်ဖြစ်၊ နာမည်ဆိုးနဲ့ဖြစ်ဖြစ် ထင်ရှားသူတွေကို လူအများကသိကြပေမဲ့ အဲဒီလိုထင်ရှားကျော်ကြားသူတွေက လူတိုင်းကိုမသိနိုင်ကြပါဘူး။နေ့စဉ် လူတွေ မွေးလာကြ၊ သေသွားကြတာ ဘာမှမဆန်းတဲ့  လောကဖြစ်စဉ်ပါ။ဒါပေမဲ့ ထင်ရှားသူတစ်ယောက်ယောက် သေပြီဆိုရင်တော့ ကမ္ဘာ့လူထုကြားမှာ အခိုက်အတန့်လှုပ်ရှားသွားတတ်ပါတယ်။အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရတဲ့ဖြစ်ရပ်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အင်ဒီယာဂန္ဒီ  လုပ်ကြံခံရတဲ့ဖြစ်ရပ် စတာတွေက ကမ္ဘာကိုဂယက်ရိုက်ခတ် တုန်လှုပ်စေခဲ့ပါတယ်။အဲဗစ်ပရက်စလေ၊ မိုက်ကယ်ဂျက်ဆင်တို့ သေတုန်းက၊ မာရီလင်မွန်ရိုး သေတုန်းက၊ ဘရုစ်စလီ သေတုန်းက သူတို့ရဲ့ ကမ္ဘာ့ပရိသတ်ကြား တုန်လှုပ်ခြောက်ခြားခဲ့ကြပါတယ်။မြန်မာမှာတော့ ကမ္ဘာကတုန်လှုပ်ရတဲ့ နာမည်ကျော်ဆိုလို့ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက််သာ အမှတ်ထင်ထင်ရှိခဲ့ပါတယ်။ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့သတင်းက ကမ္ဘာကိုတုန်လှုပ်စေခဲ့ပါတယ်။ဗိုလ်ချုပ်ကိုဆုံးရှုံးရတာဟာ မြန်မာနိုင်ငံတစ်ခုထဲမဟုတ်ဘူး၊ အာရှတိုက်အတွက်ပါ ဆုံးရှုံးရတာပါလို့ အိန္ဒိယနိုင်ငံခေါင်းဆောင် နေရူး အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက နှမြောဝမ်းနည်းခဲ့ကြပါတယ်။

ကျော်ကြားသူ မြန်မာအများစုဟာ ပြည်တွင်းမှာပဲ ကျော်ကြားကြတာများပါတယ်။ကမ္ဘာကို ထိုးထွင်းဖောက်နိုင်တဲ့အထိ ကျော်ကြားတဲ့မြန်မာ နည်းပါးလှပါတယ်။သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို စွယ်စုံရမင်းသားကြီး ဝင်းဦး သေတုန်းက သူ့ပရိသတ်တွေကြားမှာ နှမြောဝမ်းနည်းသံတွေ ဆူညံသွားပါတယ်။သူအသက်ရှင်နေထိုင်စဉ်က လုပ်ဆောင်ခဲ့တာတွေကို အမှတ်တရပြန်ပြောင်းပြောကြ ရေးကြပါတယ်။ကျန်ခဲ့တဲ့ရက်ပိုင်းအတွင်း ၁၁.၇.၂၀၂၀ ရက်နေ့မှာ ဦးကိတ္တိသာရ ဘွဲ့အမည်နဲ့ ရဟန်းဝတ်နေတဲ့ တချိန်က စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်ခဲ့တဲ့ ကျော်ဟိန်း ပျံလွန်တော်မူသွားပါတယ်။ရုပ်ရှင်လောကသားတွေနဲ့ ကျော်ဟိန်းပရိသတ်တွေ ဝမ်းနည်းတုန်လှုပ်သွားကြပါတယ်။ ၂၀ ရာစု မြန်မာ့ရုပ်ရှင်လောကမှာ စွယ်စုံတော်ခဲ့သူတွေအဖြစ် ဝင်းဦးနဲ့ ကျော်ဟိန်းတို့နှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကျော်ကြားလာကြပါတယ်။
မင်းသားကြီးဝင်းဦးဟာ ရုပ်ရှင်၊ စာပေနဲ့ ဂီတလုပ်ငန်းတွေကို လုပ်ကိုင်နေတုန်းမှာပဲ အူမကြီးကင်ဆာဝေဒနာကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။သူ့ကို အရူးအမူးကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေရော၊ သူ့ကို ဝေဖန်အပြစ်တင်ခဲ့သူတွေရော တညီတညွှတ်လက်ခံကြရတာက သူဟာ လူတော်တစ်ယောက် စွယ်စုံရအနုပညာရှင်တယောက်ဆိုတာပါပဲ။ ၁၉၉၉ အကုန် ၂၀၀၀ နှစ်သစ်ကူးပြောင်းချိန်ကို မျက်ဝါးထင်ထင်စောင့်ကြည့်ချင်လို့ ပြင်းပြင်းပြပြပြောခဲ့တဲ့ ဦးဝင်းဦးရဲ့ဆန္ဒ  မပြည့်ဝသွားခဲပါဘူး။ဒီအတွက် သူ့အသိမိတ်ဆွေတွေက ဝမ်းနည်းကြေကွဲကြပါတယ်။ဦးဝင်းဦး ရောဂါဝေဒနာခံစားနေရချိန်တုန်းက အခုခေတ်လို ပြည်တွင်းမှာ အထူးကုဆေးရုံတွေမရှိသေးပါဘူး။ပြင်ပ ပုဂ္ဂလိကဆေးရုံဆိုတာ လက်ချိုးရေလို့ရတဲ့ကာလပါ။ဦးဝင်းဦးဟာ အင်္ဂလန်ကိုသွားပြီးဆေးကုလိုက် ပြန်လာရင် မြရတနာဆေးတိုက်မှာ တက်ရောက်ကုသမှုခံယူလိုက် လုပ်နေရပါပြီ။သူ့ပရိသတ်တချို့က မြရတနာဆေးရုံကိုသွားပြီး သူ့အခြေအနေကိုကြည့်ကြပါတယ်။ဝင်းဦးရယ်လို့ ထင်းနေတဲ့နှာတန်နဲ့ မေးစေ့ပေါ်ကမှဲ့ကိုသာမမြင်ရရင် ဒါ ဝင်းဦးမဟုတ်ဘူးလို့ ပြောမိမှာပဲတဲ့။ဆိုလိုတာကတော့ တချိန်က အင်မတန်ကြည့်ကောင်းတဲ့ ဝင်းဦးရဲ့ ရုပ်ရည်သွင်ပြင်တွေမရှိတော့ဘူး။ဒါ့အပြင် အတည်မပြုနိုင်တဲ့ ကောလာဟလတစ်မျိုးလဲ ထွက်လာခဲ့ပါသေးတယ်။ဦးဝင်းဦးဟာ မြရတနာဆေးရုံပေါ်မှာ ပက်လက်အနေအထားနဲ့ပဲ ပါးစပ်က ကပ် ကပ်လို့ပြောပြီး  ရုပ်ရှင်ရိုက်နေတတ်တယ်ဆိုတာပါပဲ။ဒီသတင်းသာမှန်ရင် သူလုပ်နေတဲ့ ဂီတ၊ စာပေနဲ့ ရုပ်ရှင်မှာ ဦးဝင်းဦး အစွဲလန်းဆုံးက ရုပ်ရှင်ပဲပေါ့။အသက် ၅၃ နှစ်ကျော် ၅၄ နှစ်ထဲအဝင်မှာ ဦးဝင်းဦး ဆုံးပါးခဲ့ပါတယ်။ရုပ်ရှင်ကိုတွယ်တာလွန်းတဲ့ မင်းသားကြီး ဝင်းဦးတစ်ယောက် လူ့လောကထဲကထွက်ခွာသွားရချိန်မှာ သူအမြတ်တနိုးလုပ်ခဲ့တဲ့ စာပေ၊ ဂီတနဲ့ရုပ်ရှင်ကို ထားခဲ့ရပါပြီ။

ဝင်ဦးခေတ်ပြီးတော့ ကျော်ဟိန်းခေတ်ဖြစ်လာပါတယ်။ရုပ်ရှင်နယ်ပယ်မှာ စွယ်စုံရမင်းသားအဖြစ် ကျော်ဟိန်း ကျော်ကြားလာပါတယ်။ဝင်းဦး ပေါ်ခါစတုန်းက ဘောင်းဘီဖင်ကျပ်ဝတ်တယ်၊ အမောက်ထောင်တယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူတွေရှိခဲ့ပါတယ်။ကျော်ဟိန်းကို  လူကြိုက်များလာတော့လဲ ဖင်ကိုတွန့်လိမ်တွန့်လိမ် လုပ်ပြီးလုပ်ပြီးလမ်းလျှောက်တာ လိမ်တွန့်ကောက်ကွေးပြီး သီချင်းဆိုတာ ဆံပင်ဂုတ်ထောက်ထားတာတွေကြောင့် လမ်းသရဲမင်းသားဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်သူတွေ၊ လက်မခံသူတွေရှိခဲ့ပါတယ်။ဒါပေမဲ့ ကျော်ဟိန်းဟာ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာနဲ့ တေးသံရှင်တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားလာပါတယ်။စာလဲရေးပေမဲ့ စာရေးဆရာအဖြစ် ဝင်းဦးလို လူသိမများခဲ့ပါဘူး။ဝင်းဦးလောက်လဲ စာမရေးနိုင်ခဲ့ပါဘူး။ကျော်ဟိန်း အရှိန်အဟုန်နဲ့အောင်မြင်နေတုန်းမှာပဲ ၂၀၀၀ ပြည့်နှစ်မှာ ကျော်ဟိန်းရဲ့ ကြေညာချက်တစ်ခုထွက်လာပါတယ်။အဲဒါကတော့ ၂၀၀၈ ခုနှစ်မှာ လုပ်လက်စအနုပညာလုပ်ငန်းအားလုံးကို စွန့်ခွာတော့မယ်တဲ့။

ဒီကြေညာချက်အပေါ် ကျော်ဟိန်းတစ်ယောက် စတန့်ထွင်ပြန်ပြီလို့ ယူဆသူများပြားပြီး ယုံကြည်သူနည်းပါးခဲ့ပါတယ်။လက်တွေ့ကျကျစဉ်းစားရင်လဲ ရုပ်ရှင်နဲ့ ဂီတမှာ ကျော်ဟိန်းထက် ပိုကျော်ကြားသူ မပေါ်ပေါက်သေးဘူး။ဝင်ငွေကောင်းတဲ့ မင်းသားဖြစ်တဲ့အပြင် အိမ်ထောင်နဲ့ သားသမီးတွေကရှိသေးတယ်။ဒီကြိုးတွေကိုဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မလွယ်ဘူးလို့ အများကယူဆကြတာပါ။ကျော်ဟိန်းကတော့ ၂၀၀၈ နိုဝင်ဘာ ၅ ရက်နေ့မှာ တကယ်ပဲ လုပ်လက်စလုပ်ငန်းအားလုံးကို စွန့်ခွာခဲ့ပါတယ်။နောက်တော့ ကျော်ဟိန်း ဘုန်းကြီးဝတ်သွားပြီဆိုတဲ့ သတင်းထွက်လာပါတော့တယ်။ဒါတောင် ဘယ်အချိန် လူဝတ်ပြန်လဲပြီး ရုပ်ရှင်ပြန်ရိုက်လေမလဲလို့ တွေးသူများရှိခဲ့ပါတယ်။

နောက်တော့ ကျော်ဟိန်းလှူတဲ့ ဘုရားဆိုပြီး သတင်းထွက်လာပြန်ပါတယ်။ဗိုလ်တစ်ထောင်ဘုရားမှာ ကျော်ဟိန်းဘုရားရှိတယ်လို့ အရပ်ပြောပြောလာကြပါတယ်။နောက်တော့ ကျော်ဟိန်း တရားတွေလှည့်ဟောနေတယ်ဆိုတဲ့ သတင်းထွက်လာပြန်ပါတယ်။ကျော်ဟိန်း ကို တရားမဟောဖို့ တချို့ဆရာတော်တွေက တားမြစ်တယ်ဆိုတဲ့ သတင်းတွေလဲထွက်လာပါတယ်။အဲဒီအချိန်ထိ ဦးကိတ္တိသာရလို့ သတင်းထွက်မလာဘဲ ကျော်ဟိန်းလို့သာ သတင်းကထွက်ထွက်လာတတ်ပါတယ်။အဲဒီနောက်ပိုင်း ကျော်ဟိန်းသတင်း တိမ်မြှုပ်သွားပါတယ်။အတော်ကြာမှ ကျော်ဟိန်း လေဖြတ်သွားတယ်။သမီးတွေရှိတဲ့ အော်စီမှာ သီတင်းသုံးနေတယ် စတဲ့သတင်းတွေထွက်လာပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ မနက် ၉ နာရီကျော်အချိန်မှာ ဦးကိတ္တိသာရ (ကျော်ဟိန်း) ပျံလွန်သွားပြီဆိုတဲ့ သတင်းတွေ ဖေ့စ်ဘုတ်ပေါ်တက်လာပါတယ်။ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ ဦးကိတ္တိသာရ အင်တာဗျူးတွေနဲ့ ဟောပြောချက်ကို နားထောင်ကြည့်မှ ဦးကိတ္တိသာရ လောကီသားဘဝတုန်းကလဲ လောကီအလုပ်ကို ပီပီပြင်ပြင်လုပ်သွားတယ်။ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ လောကုတ္တရာတရား အားထုတ်ပြီဆိုတော့လဲ၊ ဗုဒ္ဓတရားတော်ရဲ့ အနှစ်သာရကို သေသေချာချာ နားလည်တဲ့အထိလေ့လာပြီး ထိထိရောက်ရောက် ကျင့်ကြံအားထုတ်သွားတယ်ဆိုတာကို ထင်းထင်းကြီးတွေ့လိုက်ရပါတယ်။အော် - လောကကိုအနိုင်နဲ့ပိုင်း ထွက်ခွာသွားသူပါတကား။

ခင်နှင်းဦး
ဇူလိုင် - ၂၂

( Zawgyi )

“ဘယ္ကလာတာလဲ ? - မသိပါဘုရား။ဘယ္ကိုသြားမွာလဲ ? - မသိပါဘုရား” ဆိုတဲ့ အေမး-အေျဖေလး ၂ ခုဟာ ဗုဒၶဘာသာဝင္ေတြအတြက္ တိုေတာင္းတဲ့သတိေပးမႈေလးပါ။လူ႔ဘဝကိုရလာၾကတယ္။ဒီဘဝကို ဘယ္လိုရလာသလဲ။မိဖကေမြးလို႔ ရလာတယ္လို႔ ေျဖၾက႐ုံကလြဲလို႔ တိတိက်က်မေျဖႏိုင္ၾကပါဘူး။တေန႔ေန႔မွာ က်ိန္းေသ ေသရမယ္ဆိုတာ ဘဝကိုရလာသူတိုင္းသိၾကပါတယ္။ဒါေပမဲ့ ေသၿပီးရင္ ဘယ္ကိုေရာက္သြားမွာလဲ၊ ဘာဆက္ျဖစ္မလဲ ဘယ္သူမွမသိပါ။ဗုဒၶျမတ္စြာဘုရားက ဒကာမတစ္ေယာက္ကို ပရိသတ္အလယ္မွာ ဒီသေဘာတရားနဲ႔ပတ္သက္တဲ့ ေဖာ္ျပပါ ေမးခြန္း ၂ ခု ေမးခဲ့ဖူးပါတယ္။  

ဘဝကိုရလာသူမွန္သမွ် ဆင္းရဲ-ခ်မ္းသာ၊ အ႐ုပ္ဆိုး-လွပသူ၊ ပညာတတ္-ပညာမဲ့၊ ရာထူးရွိ-ရာထူးမဲ့၊ ဂုဏ္ရွိ-ဂုဏ္မဲ့ ဘယ္လိုဘဝမ်ိဳးကိုရထားၾကပါေစ၊ ကိုယ့္ဘဝကိုယ္ အလြန္တြယ္တာခုံမင္ၾကတာ ပုထုဇဥ္သဘာဝပါ။ေမြးလာသူတိုင္း တေန႔ေသမယ္ဆိုတာကို လူတိုင္းသိၾကပါတယ္။
ကိုယ့္ေရွ႕မွာပဲ ကိုယ္နဲ႔႐ြယ္တူ၊ ကိုယ့္ထက္ႀကီးသူ၊ ကိုယ့္ထက္ငယ္သူေတြ ေသသြားၾကတာကို လူတိုင္းႀကဳံဖူးၾကပါတယ္။ဒါေပမဲ့ အံ့ဩဖို႔ေကာင္းတာက ဒီလိုေသျခင္းတရားကို ေတြ႕ရခ်ိန္မွာေတာင္ လူအမ်ားစုမွာ “ဘယ္သူဘယ္ဝါျဖင့္ ေသရွာၿပီ၊ ငါေတာ့ေနရအုံးမွာပါ မေသေသးပါဘူး” စိတ္ရွိေနတတ္ၾကပါတယ္။ခြၽင္းခ်က္အေနနဲ႔ ဘဝကိုတြယ္တာေပမဲ့ ဘဝဟာ ဆင္းရဲျခင္းနဲ႔သာျပည့္ေနတာပါကလားလို႔ သတိကပ္ဆင္ျခင္ႏိုင္ၿပီး သံသရာမလည္ခ်င္သူ အနည္းအက်ဥ္းလဲရွိၾကပါတယ္။ဒါေပမဲ့ အလြန္နည္းပါတယ္။

တကယ္ေတာ့ ေလာကႀကီးမွာ ေန႔စဥ္ စကၠန႔္မလပ္ လူေတြေမြးလာၾကသလို၊ စကၠန႔္မလပ္ လူေတြေသေနၾကပါတယ္။ဒီ ဖြား-ေသ ယႏၲယားႀကီး မွန္မွန္လည္ပတ္ေနတာကို ရပ္တန႔္လို႔ရတဲ့နည္းရွိတယ္လို႔ ၫႊန္ျပတဲ့အဆုံးအမကေတာ့ ဗုဒၶဘာသာမွာသာရွိပါတယ္။ဒါေပမဲ့ တေန႔ ေသခါမွေသေရာ၊ ဘဝမွာေနရသခိုက္ ေပ်ာ္႐ႊင္အဆင္ေျပသည္ျဖစ္ေစ၊ စိတ္ညစ္ဝမ္းနည္းဖြယ္ေကာင္းသည္ျဖစ္ေစ ကိုယ့္ဘဝနဲ႔ကိုယ္ ေပ်ာ္ေမြ႕ၾကတာ လူ႔သဘာဝပါ။ၾကည့္တတ္မယ္ဆိုရင္ သံသရာ (စဥ္ဆက္မျပတ္ တရစပ္ျဖစ္ျခင္း) ဆိုတာ ဘဝတစ္ခုၿပီးတစ္ခု ဆက္ျဖစ္ေနတာကိုမေဆြးေႏြးဘဲ၊ ေန႔စဥ္က်င္လည္ေနရတဲ့ နိစၥဓူဝျဖစ္ရပ္ေတြထဲကတဆင့္ သိျမင္ႏိုင္ပါတယ္။ဒီဘဝသက္တမ္းမကုန္သေ႐ြ႕ ေန႔ေန႔ညည ဘဝယႏၲယားႀကီးထဲ က်င္လည္ၾကရပါတယ္။မနက္လင္းခ်ိန္ အိပ္ရာကထၾကရတယ္။ကိုယ္လက္သုတ္သင္ၾကရတယ္။မနက္စာ စားၾကရတယ္။ေက်ာင္းသားအ႐ြယ္က ေက်ာင္းသြား၊  အလုပ္လုပ္ရတဲ့အ႐ြယ္က အလုပ္သြား၊ သိပ္ငယ္႐ြယ္တဲ့ေလးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြက အိမ္မွာေနၾကရပါတယ္။မနက္စာခ်ိန္ေရာက္ေတာ့ မနက္စာစားၾကရ၊ ညစာခ်ိန္ေရာက္ေတာ့ ညစာစားၾကရ။စားေသာက္ထားတဲ့ အစာေတြကတဆင့္ အညစ္အေၾကးေတြစြန႔္ၾကရ စတဲ့ ခႏၶာဝန္ကို ဘဝစရလာခ်ိန္ကေန ေသဆုံးခ်ိန္ထိ လုပ္ေဆာင္ၾကရပါတယ္။လူသားေတြရဲ႕ ဒီလိုပုံမွန္ေဆာင္႐ြက္ရၿမဲလုပ္ငန္းစဥ္ကို ၿငီးေငြ႕လာရင္ ခဏ႐ုန္းထြက္ၾကပါတယ္။အဲဒီအခါ ကိုယ္-စိတ္ အပန္းေျဖစရာ၊ ေတးဂီတ၊ ႐ုပ္ရွင္၊ သဘင္၊ အားကစား၊ အရက္၊ မူးယစ္ေဆး စတာေတြရွိသလို၊ ကိုးကြယ္ယုံၾကည္ရာ ဘာသာတရားအဆုံးအမေတြလဲ ရွိၾကပါတယ္။

အႏုပညာ၊ အားကစား၊ ဘာသာေရး စတဲ့ နယ္ပယ္တစ္ခုခုမွာ နာမည္ေကာင္းနဲ႔ျဖစ္ျဖစ္၊ နာမည္ဆိုးနဲ႔ျဖစ္ျဖစ္ ထင္ရွားသူေတြကို လူအမ်ားကသိၾကေပမဲ့ အဲဒီလိုထင္ရွားေက်ာ္ၾကားသူေတြက လူတိုင္းကိုမသိႏိုင္ၾကပါဘူး။ေန႔စဥ္ လူေတြ ေမြးလာၾက၊ ေသသြားၾကတာ ဘာမွမဆန္းတဲ့  ေလာကျဖစ္စဥ္ပါ။ဒါေပမဲ့ ထင္ရွားသူတစ္ေယာက္ေယာက္ ေသၿပီဆိုရင္ေတာ့ ကမာၻ႔လူထုၾကားမွာ အခိုက္အတန႔္လႈပ္ရွားသြားတတ္ပါတယ္။အေမရိကန္သမၼတ ဂြၽန္အက္ဖ္ကေနဒီ လုပ္ႀကံခံရတဲ့ျဖစ္ရပ္၊ အိႏၵိယႏိုင္ငံဝန္ႀကီးခ်ဳပ္ အင္ဒီယာဂႏၵီ  လုပ္ႀကံခံရတဲ့ျဖစ္ရပ္ စတာေတြက ကမာၻကိုဂယက္႐ိုက္ခတ္ တုန္လႈပ္ေစခဲ့ပါတယ္။အဲဗစ္ပရက္စေလ၊ မိုက္ကယ္ဂ်က္ဆင္တို႔ ေသတုန္းက၊ မာရီလင္မြန္႐ိုး ေသတုန္းက၊ ဘ႐ုစ္စလီ ေသတုန္းက သူတို႔ရဲ႕ ကမာၻ႔ပရိသတ္ၾကား တုန္လႈပ္ေျခာက္ျခားခဲ့ၾကပါတယ္။ျမန္မာမွာေတာ့ ကမာၻကတုန္လႈပ္ရတဲ့ နာမည္ေက်ာ္ဆိုလို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတစ္ေယာက္္သာ အမွတ္ထင္ထင္ရွိခဲ့ပါတယ္။ဗိုလ္ခ်ဳပ္တို႔လုပ္ႀကံခံရတဲ့သတင္းက ကမာၻကိုတုန္လႈပ္ေစခဲ့ပါတယ္။ဗိုလ္ခ်ဳပ္ကိုဆုံးရႈံးရတာဟာ ျမန္မာႏိုင္ငံတစ္ခုထဲမဟုတ္ဘူး၊ အာရွတိုက္အတြက္ပါ ဆုံးရႈံးရတာပါလို႔ အိႏၵိယႏိုင္ငံေခါင္းေဆာင္ ေန႐ူး အပါအဝင္ ကမာၻ႔ေခါင္းေဆာင္ေတြက ႏွေျမာဝမ္းနည္းခဲ့ၾကပါတယ္။

ေက်ာ္ၾကားသူ ျမန္မာအမ်ားစုဟာ ျပည္တြင္းမွာပဲ ေက်ာ္ၾကားၾကတာမ်ားပါတယ္။ကမာၻကို ထိုးထြင္းေဖာက္ႏိုင္တဲ့အထိ ေက်ာ္ၾကားတဲ့ျမန္မာ နည္းပါးလွပါတယ္။သူ႔အရပ္နဲ႔သူ႔ဇာတ္ဆိုသလို စြယ္စုံရမင္းသားႀကီး ဝင္းဦး ေသတုန္းက သူ႔ပရိသတ္ေတြၾကားမွာ ႏွေျမာဝမ္းနည္းသံေတြ ဆူညံသြားပါတယ္။သူအသက္ရွင္ေနထိုင္စဥ္က လုပ္ေဆာင္ခဲ့တာေတြကို အမွတ္တရျပန္ေျပာင္းေျပာၾက ေရးၾကပါတယ္။က်န္ခဲ့တဲ့ရက္ပိုင္းအတြင္း ၁၁.၇.၂၀၂၀ ရက္ေန႔မွာ ဦးကိတၱိသာရ ဘြဲ႕အမည္နဲ႔ ရဟန္းဝတ္ေနတဲ့ တခ်ိန္က စြယ္စုံရအႏုပညာရွင္တစ္ဦးျဖစ္ခဲ့တဲ့ ေက်ာ္ဟိန္း ပ်ံလြန္ေတာ္မူသြားပါတယ္။႐ုပ္ရွင္ေလာကသားေတြနဲ႔ ေက်ာ္ဟိန္းပရိသတ္ေတြ ဝမ္းနည္းတုန္လႈပ္သြားၾကပါတယ္။ ၂၀ ရာစု ျမန္မာ့႐ုပ္ရွင္ေလာကမွာ စြယ္စုံေတာ္ခဲ့သူေတြအျဖစ္ ဝင္းဦးနဲ႔ ေက်ာ္ဟိန္းတို႔ႏွစ္ေယာက္ ေရွ႕ဆင့္ေနာက္ဆင့္ ေက်ာ္ၾကားလာၾကပါတယ္။
မင္းသားႀကီးဝင္းဦးဟာ ႐ုပ္ရွင္၊ စာေပနဲ႔ ဂီတလုပ္ငန္းေတြကို လုပ္ကိုင္ေနတုန္းမွာပဲ အူမႀကီးကင္ဆာေဝဒနာေၾကာင့္ ကြယ္လြန္သြားခဲ့ရပါတယ္။သူ႔ကို အ႐ူးအမူးႀကိဳက္ႏွစ္သက္ၾကတဲ့ ပရိသတ္ေတြေရာ၊ သူ႔ကို ေဝဖန္အျပစ္တင္ခဲ့သူေတြေရာ တညီတၫႊတ္လက္ခံၾကရတာက သူဟာ လူေတာ္တစ္ေယာက္ စြယ္စုံရအႏုပညာရွင္တေယာက္ဆိုတာပါပဲ။ ၁၉၉၉ အကုန္ ၂၀၀၀ ႏွစ္သစ္ကူးေျပာင္းခ်ိန္ကို မ်က္ဝါးထင္ထင္ေစာင့္ၾကည့္ခ်င္လို႔ ျပင္းျပင္းျပျပေျပာခဲ့တဲ့ ဦးဝင္းဦးရဲ႕ဆႏၵ  မျပည့္ဝသြားခဲပါဘူး။ဒီအတြက္ သူ႔အသိမိတ္ေဆြေတြက ဝမ္းနည္းေၾကကြဲၾကပါတယ္။ဦးဝင္းဦး ေရာဂါေဝဒနာခံစားေနရခ်ိန္တုန္းက အခုေခတ္လို ျပည္တြင္းမွာ အထူးကုေဆး႐ုံေတြမရွိေသးပါဘူး။ျပင္ပ ပုဂၢလိကေဆး႐ုံဆိုတာ လက္ခ်ိဳးေရလို႔ရတဲ့ကာလပါ။ဦးဝင္းဦးဟာ အဂၤလန္ကိုသြားၿပီးေဆးကုလိုက္ ျပန္လာရင္ ျမရတနာေဆးတိုက္မွာ တက္ေရာက္ကုသမႈခံယူလိုက္ လုပ္ေနရပါၿပီ။သူ႔ပရိသတ္တခ်ိဳ႕က ျမရတနာေဆး႐ုံကိုသြားၿပီး သူ႔အေျခအေနကိုၾကည့္ၾကပါတယ္။ဝင္းဦးရယ္လို႔ ထင္းေနတဲ့ႏွာတန္နဲ႔ ေမးေစ့ေပၚကမွဲ႔ကိုသာမျမင္ရရင္ ဒါ ဝင္းဦးမဟုတ္ဘူးလို႔ ေျပာမိမွာပဲတဲ့။ဆိုလိုတာကေတာ့ တခ်ိန္က အင္မတန္ၾကည့္ေကာင္းတဲ့ ဝင္းဦးရဲ႕ ႐ုပ္ရည္သြင္ျပင္ေတြမရွိေတာ့ဘူး။ဒါ့အျပင္ အတည္မျပဳႏိုင္တဲ့ ေကာလာဟလတစ္မ်ိဳးလဲ ထြက္လာခဲ့ပါေသးတယ္။ဦးဝင္းဦးဟာ ျမရတနာေဆး႐ုံေပၚမွာ ပက္လက္အေနအထားနဲ႔ပဲ ပါးစပ္က ကပ္ ကပ္လို႔ေျပာၿပီး  ႐ုပ္ရွင္႐ိုက္ေနတတ္တယ္ဆိုတာပါပဲ။ဒီသတင္းသာမွန္ရင္ သူလုပ္ေနတဲ့ ဂီတ၊ စာေပနဲ႔ ႐ုပ္ရွင္မွာ ဦးဝင္းဦး အစြဲလန္းဆုံးက ႐ုပ္ရွင္ပဲေပါ့။အသက္ ၅၃ ႏွစ္ေက်ာ္ ၅၄ ႏွစ္ထဲအဝင္မွာ ဦးဝင္းဦး ဆုံးပါးခဲ့ပါတယ္။႐ုပ္ရွင္ကိုတြယ္တာလြန္းတဲ့ မင္းသားႀကီး ဝင္းဦးတစ္ေယာက္ လူ႔ေလာကထဲကထြက္ခြာသြားရခ်ိန္မွာ သူအျမတ္တႏိုးလုပ္ခဲ့တဲ့ စာေပ၊ ဂီတနဲ႔႐ုပ္ရွင္ကို ထားခဲ့ရပါၿပီ။

ဝင္ဦးေခတ္ၿပီးေတာ့ ေက်ာ္ဟိန္းေခတ္ျဖစ္လာပါတယ္။႐ုပ္ရွင္နယ္ပယ္မွာ စြယ္စုံရမင္းသားအျဖစ္ ေက်ာ္ဟိန္း ေက်ာ္ၾကားလာပါတယ္။ဝင္းဦး ေပၚခါစတုန္းက ေဘာင္းဘီဖင္က်ပ္ဝတ္တယ္၊ အေမာက္ေထာင္တယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့သူေတြရွိခဲ့ပါတယ္။ေက်ာ္ဟိန္းကို  လူႀကိဳက္မ်ားလာေတာ့လဲ ဖင္ကိုတြန႔္လိမ္တြန႔္လိမ္ လုပ္ၿပီးလုပ္ၿပီးလမ္းေလွ်ာက္တာ လိမ္တြန႔္ေကာက္ေကြးၿပီး သီခ်င္းဆိုတာ ဆံပင္ဂုတ္ေထာက္ထားတာေတြေၾကာင့္ လမ္းသရဲမင္းသားဆိုၿပီး ျပင္းျပင္းထန္ထန္ေဝဖန္သူေတြ၊ လက္မခံသူေတြရွိခဲ့ပါတယ္။ဒါေပမဲ့ ေက်ာ္ဟိန္းဟာ ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာနဲ႔ ေတးသံရွင္တစ္ေယာက္အျဖစ္ ေအာင္ျမင္ေက်ာ္ၾကားလာပါတယ္။စာလဲေရးေပမဲ့ စာေရးဆရာအျဖစ္ ဝင္းဦးလို လူသိမမ်ားခဲ့ပါဘူး။ဝင္းဦးေလာက္လဲ စာမေရးႏိုင္ခဲ့ပါဘူး။ေက်ာ္ဟိန္း အရွိန္အဟုန္နဲ႔ေအာင္ျမင္ေနတုန္းမွာပဲ ၂၀၀၀ ျပည့္ႏွစ္မွာ ေက်ာ္ဟိန္းရဲ႕ ေၾကညာခ်က္တစ္ခုထြက္လာပါတယ္။အဲဒါကေတာ့ ၂၀၀၈ ခုႏွစ္မွာ လုပ္လက္စအႏုပညာလုပ္ငန္းအားလုံးကို စြန႔္ခြာေတာ့မယ္တဲ့။

ဒီေၾကညာခ်က္အေပၚ ေက်ာ္ဟိန္းတစ္ေယာက္ စတန႔္ထြင္ျပန္ၿပီလို႔ ယူဆသူမ်ားျပားၿပီး ယုံၾကည္သူနည္းပါးခဲ့ပါတယ္။လက္ေတြ႕က်က်စဥ္းစားရင္လဲ ႐ုပ္ရွင္နဲ႔ ဂီတမွာ ေက်ာ္ဟိန္းထက္ ပိုေက်ာ္ၾကားသူ မေပၚေပါက္ေသးဘူး။ဝင္ေငြေကာင္းတဲ့ မင္းသားျဖစ္တဲ့အျပင္ အိမ္ေထာင္နဲ႔ သားသမီးေတြကရွိေသးတယ္။ဒီႀကိဳးေတြကိုျဖတ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး၊ မလြယ္ဘူးလို႔ အမ်ားကယူဆၾကတာပါ။ေက်ာ္ဟိန္းကေတာ့ ၂၀၀၈ ႏိုဝင္ဘာ ၅ ရက္ေန႔မွာ တကယ္ပဲ လုပ္လက္စလုပ္ငန္းအားလုံးကို စြန႔္ခြာခဲ့ပါတယ္။ေနာက္ေတာ့ ေက်ာ္ဟိန္း ဘုန္းႀကီးဝတ္သြားၿပီဆိုတဲ့ သတင္းထြက္လာပါေတာ့တယ္။ဒါေတာင္ ဘယ္အခ်ိန္ လူဝတ္ျပန္လဲၿပီး ႐ုပ္ရွင္ျပန္႐ိုက္ေလမလဲလို႔ ေတြးသူမ်ားရွိခဲ့ပါတယ္။

ေနာက္ေတာ့ ေက်ာ္ဟိန္းလႉတဲ့ ဘုရားဆိုၿပီး သတင္းထြက္လာျပန္ပါတယ္။ဗိုလ္တစ္ေထာင္ဘုရားမွာ ေက်ာ္ဟိန္းဘုရားရွိတယ္လို႔ အရပ္ေျပာေျပာလာၾကပါတယ္။ေနာက္ေတာ့ ေက်ာ္ဟိန္း တရားေတြလွည့္ေဟာေနတယ္ဆိုတဲ့ သတင္းထြက္လာျပန္ပါတယ္။ေက်ာ္ဟိန္း ကို တရားမေဟာဖို႔ တခ်ိဳ႕ဆရာေတာ္ေတြက တားျမစ္တယ္ဆိုတဲ့ သတင္းေတြလဲထြက္လာပါတယ္။အဲဒီအခ်ိန္ထိ ဦးကိတၱိသာရလို႔ သတင္းထြက္မလာဘဲ ေက်ာ္ဟိန္းလို႔သာ သတင္းကထြက္ထြက္လာတတ္ပါတယ္။အဲဒီေနာက္ပိုင္း ေက်ာ္ဟိန္းသတင္း တိမ္ျမႇဳပ္သြားပါတယ္။အေတာ္ၾကာမွ ေက်ာ္ဟိန္း ေလျဖတ္သြားတယ္။သမီးေတြရွိတဲ့ ေအာ္စီမွာ သီတင္းသုံးေနတယ္ စတဲ့သတင္းေတြထြက္လာပါတယ္။

ဇူလိုင္ ၁၁ ရက္ေန႔ မနက္ ၉ နာရီေက်ာ္အခ်ိန္မွာ ဦးကိတၱိသာရ (ေက်ာ္ဟိန္း) ပ်ံလြန္သြားၿပီဆိုတဲ့ သတင္းေတြ ေဖ့စ္ဘုတ္ေပၚတက္လာပါတယ္။ေဖ့စ္ဘုတ္ေပၚတက္လာတဲ့ ဦးကိတၱိသာရ အင္တာဗ်ဴးေတြနဲ႔ ေဟာေျပာခ်က္ကို နားေထာင္ၾကည့္မွ ဦးကိတၱိသာရ ေလာကီသားဘဝတုန္းကလဲ ေလာကီအလုပ္ကို ပီပီျပင္ျပင္လုပ္သြားတယ္။ဗုဒၶဘာသာဝင္တစ္ေယာက္အေနနဲ႔ ေလာကုတၱရာတရား အားထုတ္ၿပီဆိုေတာ့လဲ၊ ဗုဒၶတရားေတာ္ရဲ႕ အႏွစ္သာရကို ေသေသခ်ာခ်ာ နားလည္တဲ့အထိေလ့လာၿပီး ထိထိေရာက္ေရာက္ က်င့္ႀကံအားထုတ္သြားတယ္ဆိုတာကို ထင္းထင္းႀကီးေတြ႕လိုက္ရပါတယ္။ေအာ္ - ေလာကကိုအႏိုင္နဲ႔ပိုင္း ထြက္ခြာသြားသူပါတကား။

ခင္ႏွင္းဦး
ဇူလိုင္ - ၂၂