【 ဆောင်းပါး 】 ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှု

【 ဆောင်းပါး 】 ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှု

ဗစ်တိုးရီးယားအတွက် တရားမျှတမှုဆိုတဲ့အသံ ဆူညံနေတာ တစ်ပတ်လောက်ရှိသွားပါပြီ။လူမှုကွန်ရက်ပေါ်မှာ ဆူညံနေတဲ့ အဲဒီတောင်းဆိုသံဟာ ၃ နှစ် တပြည့်တပြည့် မူကြိုကျောင်းသူကလေး ဗစ်တိုးရီးယား အဓမ္မပြုကျင့်ခံရမှုအတွက် အမှုမှန်ပေါ်ပေါက်ရေး လူထုရဲ့ တောင်းဆိုနေသံတွေပါ။နေပြည်တော်က ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ မူကြိုတန်းတက်နေရတဲ့ ကလေးငယ်လေးတစ်ယောက် အဓမ္မပြုကျင့်ခံရလို့ မိဘတွေက အမှုဖွင့်တယ်။ကျောင်းကားမောင်းသူကို ရဲကစစ်ဆေးနေတယ်ဆိုတဲ့ သတင်းစတက်လာတုန်းက အများသူငါ သိပ်စိတ်မဝင်စားသေးပါဘူး။

ကျောင်းကားမောင်းသူဟာ ထောင်ထွက်တစ်ဦးဖြစ်ပြီး ဒီလိုထောင်ထွက်ကို အလုပ်ခန့်ထားလို့ ဒီကလေးငယ်လေး ဒီလိုဖြစ်ရတယ် ဆိုတာလောက်သာ အသံထွက်ခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာ ပွက်ပွက်ဆူနေတာ့မှ မေ ၁၆ ရက်နေ့ကဖြစ်တဲ့ ဒီအမှုမှာ ဖမ်းဆီးထားတဲ့ သံသယတရားခံ ကားမောင်းသမားကို အမှုနဲ့ မပတ်သက်ဘူးဆိုပြီး ဇွန် ၂၄ မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
လူထုဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုနည်းပါးကြပါတယ်။ဒီအဖွဲ့အစည်းတွေရဲ့ အပေါ်မှာ ကြိုးဆွဲခြယ်လှယ်နေသူတွေ ရှိနေပြီး ဒီလူတွေနဲ့ ဆက်စပ်နေတဲ့ အသိုင်းအဝိုင်းက ကျူးလွန်တဲ့ အမှုတွေဟာ ဘယ်တော့မှ လက်သည်မပေါ်ဘူးဆိုတဲ့ အစွဲကလဲ လူထုမှာရှိနေပါတယ်။တက္ကသိုလ်ရိပ်သာလမ်းက ငါးလောင်းပြိုင်လူသတ်မှု မပေါ်တာ။မင်္ဂလာဒုံ လေးလောင်းပြိုင်လူသတ်မှု မပေါ်တာ စတဲ့ အမှုတွေကို လူထုက ပြန်အစဖေါ်ပြီး မယုံကြည်ကြောင်း ဖေ့စ်ဘုတ်ပေါ် ရေးကြပါတယ်။

မေ ၁၆ ရက်ကဖြစ်တဲ့ အမှု။ကားမောင်းသမားကို ဖမ်းစစ်တာ တရားခံမဟုတ်လို့ ဇွန် ၂၄ မှ ပြန်လွှတ်တယ်ဆိုကတည်းက လူထုက လူထုနည်းနဲ့ တိုက်ပွဲဆင်လာပါတယ်။ကားသမားကို ပြန်လွှတ်တာကိုက ဖေ့စ်ဘုတ်ပေါ်မှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုဆိုတဲ့ စာနဲ့အတူ၊ ကိုကိုလုပ်တယ်။ကိုကိုနှစ်ယောက်က အခန်းကျယ်ထဲ ခေါ်သွားတယ်။
ဆရာမနှင်းနု သိတယ်။ဆရာမနှင်းနု က ကိုကို့ ကို ဆူတယ်ဆိုတဲ့ ဗစ်တိုးရီးယားလေးပြောတဲ့ စကားတွေကိုပါ တွဲတင်ပေးကြပါတယ်။တချိန်တည်းမှာပဲ ကျူးလွန်သူလို့ လူထုကထင်တဲ့ ကလေးနဲ့ သူ့ရဲ့ ညီငယ်ပုံ၊ မိသားစုလေးယောက်ပုံ စတာတွေကလဲ ဆက်တိုက်တက်လာပြီး အများဆုံးမျှဝေခံရတဲ့ ပို့စ်တစ်ခု ဖြစ်လာပါတယ်။ဒီတော့မှ ကျောင်းကားမောင်းသူကို လွှတ်ပေးတာလို့ လူထုက ယူဆကြပြီး လူစားထိုးတော့မယ်။ထွက်ပြေးတော့မယ် စတဲ့ မဖြစ်သေးတဲ့ အရာတွေကိုပါ ကြိုတင်တွက်ဆလာကြပါတယ်။

အဲဒီလောက်ဆူပွက်တော့မှသာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဒီကိစ္စကို သမ္မတရုံးက သိကြောင်း။ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကို ခေါ်ယူပြီး အမှုပေါ်ပေါက်တဲ့ထိ စစ်ဆေးဖို့ ပြောဆိုထားတယ်လို့ ရေးတင်ပါတယ်။တကယ်တော့ ဒီသတင်းမျိုးကို ပြည်သူပွက်ပွက်မဆူခင်ကတည်းက သတင်းစာမှာ တရားဝင်ဖော်ပြပေးရမှာပါ။အခုတော့ အစိုးရဘက်က သတင်းထုတ်ပြန်မှု အားနည်းတာကြောင့် လူထုက ဒီအမှု ရေစုန်မျောတော့မယ်ထင်ပြီး ဝင်ပါလာကြတာပါ။

ဖေ့စ်ဘုတ်ပေါ်မှာ ဆရာမနှင်းနု၊ ကျောင်းတည်ထောင်ထားသူ၊ စွပ်စွဲခံနေရတဲ့ ညီအစ်ကိုနဲ့ မိဘနှစ်ပါးရဲ့ သတင်းတွေကို ဖော်ထုတ်ရေးသား မျှဝေနေကြတာ ပွဲတော်ကြီးတမျှပါပဲ။အလွန်ရိုးရှင်းတဲ့ သက်ငယ်မုဒိမ်းမှုကို တစ်လကျော်ကြာတဲ့ထိ ရဲတပ်ဖွဲ့က မဖော်ထုတ်နိုင်တဲ့အပြင် စီအိုင်ဒီက ဝင်လာရတယ်ဆိုတာ နိုင်ငံတကာရဲတပ်ဖွဲ့ မျက်လုံးနဲ့ကြည့်ရင် သက်ဆိုင်ရာအဖွဲ့ရဲ့ လုပ်ရည်ကိုင်ရည် အားနည်းပုံဟာ အတော်ကို သိသာခဲ့ပါတယ်။ကလေးငယ်လေးတစ်ယောက် မတရားပြုကျင့်ခံရတဲ့အပေါ် သက်ဆိုင်ရာက မဖော်ထုတ်ဘဲ ခုထိ တရားခံကို ဆွဲထုတ်မပြနိုင်တဲ့အတွက် အထိခိုက်ရဆုံးကတော့ ဝစ်ဒန်ဟေးလ် မိသားစုတွေပဲ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ နေ့စဉ်နဲ့အမျှ ရေးသားခံနေရ ဓာတ်ပုံတွေ တင်ပြခံနေရတဲ့ ဆရာမနှင်းနု နဲ့ ဝစ်ဒန်ဟေးလ် မိသားစုလေးယောက်၊ စုစုပေါင်း ၅ ယောက်ဟာ ပြုမူခံရတဲ့ကလေး ထိခိုက်နစ်နာသလို ထိခိုက်နစ်နာနေကြပါပြီ။မိဘအသိုင်းအဝိုင်းက ငွေအားရာထူးအားသုံးပြီး အမှုကို လူစားထိုးဖို့ ဖုံးကွယ်ဖို့ လုပ်နေတယ်လို့ လူထုက အုံနဲ့ကျင်းနဲ့ စွပ်စွဲလာပါတယ်။ကျောင်းလုပ်ငန်း ထိခိုက်ပြီဖြစ်ပါတယ်။စွပ်စွဲခံနေရတဲ့ ညီအစ်ကိုဟာ လူကြားသူကြားထဲ ဘယ်လိုမှ တိုးမဝင်နိုင်တော့ဘဲ သိမ်ငယ်ကြရပါပြီ။စွပ်စွဲခံနေရသူ ညီအစ်ကိုရဲ့ မိဘသားချင်းဘက်က လူမှုကွန်ရက်ပေါ် ရေးသားနေတာတွေကို တုံ့ပြန်ဖြေရှင်းတာမရှိဘဲ တရားမစွဲတာကလဲ အံ့သြစရာပါ။

ရဲမှူးဟောင်း ဦးမိုးရန်နိုင် က ဆရာမနှင်းနု ရှေ့မှာ ဗစ်တိုးရီးယားလေး ကို မေးနေတုန်းက ဗစ်တိုးရီးယားလေး ဖြေတာကို ဝင်ဟန့်ပိုင်ခွင့် ဆရာမနှင်းနုမှာ မရှိဘူး။ဒီလိုဝင်ဟန့်တာကို ရဲကတားရမှာဖြစ်ပေမဲ့ မတားဘူး။ဒီလိုအမှုကို သူတို့ကိုင်ခဲ့ရတုန်းက ဘယ်တော့မှ စီအိုင်ဒီလက်ထဲ မအပ်ဘူး၊ စီအိုင်ဒီလက်ထဲ အပ်ရရင် ကိုယ်အသုံးမကျတာလို့ ယူဆတယ်လို့ ဖြေသွားပါတယ်။တရားခံဖမ်းတာတော့၊ နယ်ကရဲလဲ လုပ်နိုင်တယ်၊ ရဲတွေဟာ သတ္တိမရှိရင်တောင် အလုပ်အပေါ်မှာ သစ္စာရှိဖို့ လိုတယ်လို့ ဦးမိုးရန်နိုင် က ပြောသွားပါတယ်။ဦးမိုးရန်နိုင် ရဲ့ အဖြေဟာ မြွေမြွေချင်းခြေမြင်တာဆိုရင် မြန်မာ့လူ့ဘောင်မှာ တရားမျှတမှုကို ဖော်ဆောင်ပေးရမယ့်သူတွေ ဘယ်လိုဘယ်ပုံ လုပ်ဆောင်ရပ်တည်နေကြတယ်ဆိုတာကို တစွန်းတစ မြင်နိုင်ကြမယ် ထင်ပါတယ်။

နောက်တစ်ခုကတော့ မိဘတွေပါ။ငွေများများပေးအပ်ရတဲ့ ကိုယ်ပိုင်ကျောင်းတွေရဲ့ ပျော့ကွက်ဟာကွက်တွေကို မြင်နိုင်လာကြပါလိမ့်မယ်။ဒီပုဂ္ဂလိကကျောင်းတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်ပေးရေးထက် ငွေရဖို့ စီးပွားဖြစ်ဖို့ အပေါ်ယံအဆောက်အအုံတွေ အမွှမ်းအမံ အပြင်အဆင်တွေနဲ့ ဖမ်းစားငွေယူပြီး တာဝန်သိတာဝန်ခံတဲ့ ဝန်ထမ်းမရှိဘူးဆိုတာ ဗစ်တိုးရီးယားလေးရဲ့ အဖြစ်ကရော အမ်အိုင်ယူက ကျော်ဇင်ဝင်းရဲ့ အဖြစ်ဆိုးကပါ သက်သေပြနေပါတယ်။ဒါကြောင့် အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနဟာ ပုဂ္ဂလိကကျောင်းတွေကို ဖွင့်ခွင့်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်စိစစ်ဖို့ ပြင်ဆင်ဖို့လိုပါတယ်။

အဓိကအနေနဲ့ ဗစ်တိုးရီးယားလေး အမှုမှာ တစ်လကျော်ကြာတဲ့ထိ တရားခံ မဖော်ထုတ်နိုင်မှုဟာ မြန်မာ့လူ့ဘောင်ထဲမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားနေသူတွေ ဘယ်လောက်များပြားနေတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။အမှုငယ်လေးတစ်ခုဖြစ်တဲ့ မုဒိမ်းမှုကိုတောင် မြန်မြန်ဆန်ဆန် မဖော်ထုတ်နိုင်လို့ စွပ်စွဲခံနေရတဲ့ မိသားစုဟာ နေ့စဉ် ပွက်ပွက်ညံ ရေးသားပြောဆိုနေတာတွေကို လည်စင်းခံနေတယ်။ပြစ်မှုတစ်ခု ကျူးလွန်ထားရင် ပြဌာန်းထားတဲ့ ဥပဒေအရ အပြစ်ပေးမှုကို ခံယူမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပျောက်ကွယ်နေတယ်။လူထုကလဲ ဒီအမှုကို ဘယ်လိုလှည့်ပတ် ဖျောက်ဖျက်မလဲဆိုတဲ့ စိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဗစ်တိုးရီးယားလေး ရဲ့ အမှုကတဆင့် လူထုတင်မြှောက်တဲ့ အစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက် ဖော်ဆောင်နိုင်ပြီ/မဖော်ဆောင်နိုင်ဘူး ဆိုတဲ့အဖြေကို မကြာမီလူထု မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ခင်နှင်းဦး
ဇူလိုင် - ၄

( Zawgyi )

ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈဆိုတဲ့အသံ ဆူညံေနတာ တစ္ပတ္ေလာက္ရွိသြားပါၿပီ။လူမႈကြန္ရက္ေပၚမွာ ဆူညံေနတဲ့ အဲဒီေတာင္းဆိုသံဟာ ၃ ႏွစ္ တျပည့္တျပည့္ မူႀကိဳေက်ာင္းသူကေလး ဗစ္တိုးရီးယား အဓမၼျပဳက်င့္ခံရမႈအတြက္ အမႈမွန္ေပၚေပါက္ေရး လူထုရဲ႕ ေတာင္းဆိုေနသံေတြပါ။ေနျပည္ေတာ္က ပုဂၢလိကေက်ာင္းတစ္ေက်ာင္းမွာ မူႀကိဳတန္းတက္ေနရတဲ့ ကေလးငယ္ေလးတစ္ေယာက္ အဓမၼျပဳက်င့္ခံရလို႔ မိဘေတြက အမႈဖြင့္တယ္။ေက်ာင္းကားေမာင္းသူကို ရဲကစစ္ေဆးေနတယ္ဆိုတဲ့ သတင္းစတက္လာတုန္းက အမ်ားသူငါ သိပ္စိတ္မဝင္စားေသးပါဘူး။

ေက်ာင္းကားေမာင္းသူဟာ ေထာင္ထြက္တစ္ဦးျဖစ္ၿပီး ဒီလိုေထာင္ထြက္ကို အလုပ္ခန႔္ထားလို႔ ဒီကေလးငယ္ေလး ဒီလိုျဖစ္ရတယ္ ဆိုတာေလာက္သာ အသံထြက္ခဲ့ပါတယ္။လူမႈကြန္ရက္ေပၚမွာ ပြက္ပြက္ဆူေနတာ့မွ ေမ ၁၆ ရက္ေန႔ကျဖစ္တဲ့ ဒီအမႈမွာ ဖမ္းဆီးထားတဲ့ သံသယတရားခံ ကားေမာင္းသမားကို အမႈနဲ႔ မပတ္သက္ဘူးဆိုၿပီး ဇြန္ ၂၄ မွာ ျပန္လႊတ္ေပးခဲ့ပါတယ္။
လူထုဟာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြအေပၚ ယုံၾကည္မႈနည္းပါးၾကပါတယ္။ဒီအဖြဲ႕အစည္းေတြရဲ႕ အေပၚမွာ ႀကိဳးဆြဲျခယ္လွယ္ေနသူေတြ ရွိေနၿပီး ဒီလူေတြနဲ႔ ဆက္စပ္ေနတဲ့ အသိုင္းအဝိုင္းက က်ဴးလြန္တဲ့ အမႈေတြဟာ ဘယ္ေတာ့မွ လက္သည္မေပၚဘူးဆိုတဲ့ အစြဲကလဲ လူထုမွာရွိေနပါတယ္။တကၠသိုလ္ရိပ္သာလမ္းက ငါးေလာင္းၿပိဳင္လူသတ္မႈ မေပၚတာ။မဂၤလာဒုံ ေလးေလာင္းၿပိဳင္လူသတ္မႈ မေပၚတာ စတဲ့ အမႈေတြကို လူထုက ျပန္အစေဖၚၿပီး မယုံၾကည္ေၾကာင္း ေဖ့စ္ဘုတ္ေပၚ ေရးၾကပါတယ္။

ေမ ၁၆ ရက္ကျဖစ္တဲ့ အမႈ။ကားေမာင္းသမားကို ဖမ္းစစ္တာ တရားခံမဟုတ္လို႔ ဇြန္ ၂၄ မွ ျပန္လႊတ္တယ္ဆိုကတည္းက လူထုက လူထုနည္းနဲ႔ တိုက္ပြဲဆင္လာပါတယ္။ကားသမားကို ျပန္လႊတ္တာကိုက ေဖ့စ္ဘုတ္ေပၚမွာ ဗစ္တိုးရီးယားအတြက္ တရားမွ်တမႈဆိုတဲ့ စာနဲ႔အတူ၊ ကိုကိုလုပ္တယ္။ကိုကိုႏွစ္ေယာက္က အခန္းက်ယ္ထဲ ေခၚသြားတယ္။
ဆရာမႏွင္းႏု သိတယ္။ဆရာမႏွင္းႏု က ကိုကို႔ ကို ဆူတယ္ဆိုတဲ့ ဗစ္တိုးရီးယားေလးေျပာတဲ့ စကားေတြကိုပါ တြဲတင္ေပးၾကပါတယ္။တခ်ိန္တည္းမွာပဲ က်ဴးလြန္သူလို႔ လူထုကထင္တဲ့ ကေလးနဲ႔ သူ႔ရဲ႕ ညီငယ္ပုံ၊ မိသားစုေလးေယာက္ပုံ စတာေတြကလဲ ဆက္တိုက္တက္လာၿပီး အမ်ားဆုံးမွ်ေဝခံရတဲ့ ပို႔စ္တစ္ခု ျဖစ္လာပါတယ္။ဒီေတာ့မွ ေက်ာင္းကားေမာင္းသူကို လႊတ္ေပးတာလို႔ လူထုက ယူဆၾကၿပီး လူစားထိုးေတာ့မယ္။ထြက္ေျပးေတာ့မယ္ စတဲ့ မျဖစ္ေသးတဲ့ အရာေတြကိုပါ ႀကိဳတင္တြက္ဆလာၾကပါတယ္။

အဲဒီေလာက္ဆူပြက္ေတာ့မွသာ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး က သူ႔ရဲ႕ လူမႈကြန္ရက္ေပၚမွာ ဒီကိစၥကို သမၼတ႐ုံးက သိေၾကာင္း။ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ကို ေခၚယူၿပီး အမႈေပၚေပါက္တဲ့ထိ စစ္ေဆးဖို႔ ေျပာဆိုထားတယ္လို႔ ေရးတင္ပါတယ္။တကယ္ေတာ့ ဒီသတင္းမ်ိဳးကို ျပည္သူပြက္ပြက္မဆူခင္ကတည္းက သတင္းစာမွာ တရားဝင္ေဖာ္ျပေပးရမွာပါ။အခုေတာ့ အစိုးရဘက္က သတင္းထုတ္ျပန္မႈ အားနည္းတာေၾကာင့္ လူထုက ဒီအမႈ ေရစုန္ေမ်ာေတာ့မယ္ထင္ၿပီး ဝင္ပါလာၾကတာပါ။

ေဖ့စ္ဘုတ္ေပၚမွာ ဆရာမႏွင္းႏု၊ ေက်ာင္းတည္ေထာင္ထားသူ၊ စြပ္စြဲခံေနရတဲ့ ညီအစ္ကိုနဲ႔ မိဘႏွစ္ပါးရဲ႕ သတင္းေတြကို ေဖာ္ထုတ္ေရးသား မွ်ေဝေနၾကတာ ပြဲေတာ္ႀကီးတမွ်ပါပဲ။အလြန္႐ိုးရွင္းတဲ့ သက္ငယ္မုဒိမ္းမႈကို တစ္လေက်ာ္ၾကာတဲ့ထိ ရဲတပ္ဖြဲ႕က မေဖာ္ထုတ္ႏိုင္တဲ့အျပင္ စီအိုင္ဒီက ဝင္လာရတယ္ဆိုတာ ႏိုင္ငံတကာရဲတပ္ဖြဲ႕ မ်က္လုံးနဲ႔ၾကည့္ရင္ သက္ဆိုင္ရာအဖြဲ႕ရဲ႕ လုပ္ရည္ကိုင္ရည္ အားနည္းပုံဟာ အေတာ္ကို သိသာခဲ့ပါတယ္။ကေလးငယ္ေလးတစ္ေယာက္ မတရားျပဳက်င့္ခံရတဲ့အေပၚ သက္ဆိုင္ရာက မေဖာ္ထုတ္ဘဲ ခုထိ တရားခံကို ဆြဲထုတ္မျပႏိုင္တဲ့အတြက္ အထိခိုက္ရဆုံးကေတာ့ ဝစ္ဒန္ေဟးလ္ မိသားစုေတြပဲ ျဖစ္ပါတယ္။

ေဖ့စ္ဘုတ္ေပၚမွာ ေန႔စဥ္နဲ႔အမွ် ေရးသားခံေနရ ဓာတ္ပုံေတြ တင္ျပခံေနရတဲ့ ဆရာမႏွင္းႏု နဲ႔ ဝစ္ဒန္ေဟးလ္ မိသားစုေလးေယာက္၊ စုစုေပါင္း ၅ ေယာက္ဟာ ျပဳမူခံရတဲ့ကေလး ထိခိုက္နစ္နာသလို ထိခိုက္နစ္နာေနၾကပါၿပီ။မိဘအသိုင္းအဝိုင္းက ေငြအားရာထူးအားသုံးၿပီး အမႈကို လူစားထိုးဖို႔ ဖုံးကြယ္ဖို႔ လုပ္ေနတယ္လို႔ လူထုက အုံနဲ႔က်င္းနဲ႔ စြပ္စြဲလာပါတယ္။ေက်ာင္းလုပ္ငန္း ထိခိုက္ၿပီျဖစ္ပါတယ္။စြပ္စြဲခံေနရတဲ့ ညီအစ္ကိုဟာ လူၾကားသူၾကားထဲ ဘယ္လိုမွ တိုးမဝင္ႏိုင္ေတာ့ဘဲ သိမ္ငယ္ၾကရပါၿပီ။စြပ္စြဲခံေနရသူ ညီအစ္ကိုရဲ႕ မိဘသားခ်င္းဘက္က လူမႈကြန္ရက္ေပၚ ေရးသားေနတာေတြကို တုံ႔ျပန္ေျဖရွင္းတာမရွိဘဲ တရားမစြဲတာကလဲ အံ့ၾသစရာပါ။

ရဲမႉးေဟာင္း ဦးမိုးရန္ႏိုင္ က ဆရာမႏွင္းႏု ေရွ႕မွာ ဗစ္တိုးရီးယားေလး ကို ေမးေနတုန္းက ဗစ္တိုးရီးယားေလး ေျဖတာကို ဝင္ဟန႔္ပိုင္ခြင့္ ဆရာမႏွင္းႏုမွာ မရွိဘူး။ဒီလိုဝင္ဟန႔္တာကို ရဲကတားရမွာျဖစ္ေပမဲ့ မတားဘူး။ဒီလိုအမႈကို သူတို႔ကိုင္ခဲ့ရတုန္းက ဘယ္ေတာ့မွ စီအိုင္ဒီလက္ထဲ မအပ္ဘူး၊ စီအိုင္ဒီလက္ထဲ အပ္ရရင္ ကိုယ္အသုံးမက်တာလို႔ ယူဆတယ္လို႔ ေျဖသြားပါတယ္။တရားခံဖမ္းတာေတာ့၊ နယ္ကရဲလဲ လုပ္ႏိုင္တယ္၊ ရဲေတြဟာ သတၱိမရွိရင္ေတာင္ အလုပ္အေပၚမွာ သစၥာရွိဖို႔ လိုတယ္လို႔ ဦးမိုးရန္ႏိုင္ က ေျပာသြားပါတယ္။ဦးမိုးရန္ႏိုင္ ရဲ႕ အေျဖဟာ ေႁမြေႁမြခ်င္းေျချမင္တာဆိုရင္ ျမန္မာ့လူ႔ေဘာင္မွာ တရားမွ်တမႈကို ေဖာ္ေဆာင္ေပးရမယ့္သူေတြ ဘယ္လိုဘယ္ပုံ လုပ္ေဆာင္ရပ္တည္ေနၾကတယ္ဆိုတာကို တစြန္းတစ ျမင္ႏိုင္ၾကမယ္ ထင္ပါတယ္။

ေနာက္တစ္ခုကေတာ့ မိဘေတြပါ။ေငြမ်ားမ်ားေပးအပ္ရတဲ့ ကိုယ္ပိုင္ေက်ာင္းေတြရဲ႕ ေပ်ာ့ကြက္ဟာကြက္ေတြကို ျမင္ႏိုင္လာၾကပါလိမ့္မယ္။ဒီပုဂၢလိကေက်ာင္းေတြဟာ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ေပးေရးထက္ ေငြရဖို႔ စီးပြားျဖစ္ဖို႔ အေပၚယံအေဆာက္အအုံေတြ အမႊမ္းအမံ အျပင္အဆင္ေတြနဲ႔ ဖမ္းစားေငြယူၿပီး တာဝန္သိတာဝန္ခံတဲ့ ဝန္ထမ္းမရွိဘူးဆိုတာ ဗစ္တိုးရီးယားေလးရဲ႕ အျဖစ္ကေရာ အမ္အိုင္ယူက ေက်ာ္ဇင္ဝင္းရဲ႕ အျဖစ္ဆိုးကပါ သက္ေသျပေနပါတယ္။ဒါေၾကာင့္ အစိုးရနဲ႔ ပညာေရးဝန္ႀကီးဌာနဟာ ပုဂၢလိကေက်ာင္းေတြကို ဖြင့္ခြင့္ေပးထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ျပန္စိစစ္ဖို႔ ျပင္ဆင္ဖို႔လိုပါတယ္။

အဓိကအေနနဲ႔ ဗစ္တိုးရီးယားေလး အမႈမွာ တစ္လေက်ာ္ၾကာတဲ့ထိ တရားခံ မေဖာ္ထုတ္ႏိုင္မႈဟာ ျမန္မာ့လူ႔ေဘာင္ထဲမွာ စိတ္ဓာတ္ေရးရာ ပ်က္ျပားေနသူေတြ ဘယ္ေလာက္မ်ားျပားေနတယ္ဆိုတာကို ျပသလိုက္တာ ျဖစ္ပါတယ္။အမႈငယ္ေလးတစ္ခုျဖစ္တဲ့ မုဒိမ္းမႈကိုေတာင္ ျမန္ျမန္ဆန္ဆန္ မေဖာ္ထုတ္ႏိုင္လို႔ စြပ္စြဲခံေနရတဲ့ မိသားစုဟာ ေန႔စဥ္ ပြက္ပြက္ညံ ေရးသားေျပာဆိုေနတာေတြကို လည္စင္းခံေနတယ္။ျပစ္မႈတစ္ခု က်ဴးလြန္ထားရင္ ျပဌာန္းထားတဲ့ ဥပေဒအရ အျပစ္ေပးမႈကို ခံယူမယ္ဆိုတဲ့ စိတ္ဓာတ္ေတြ ေပ်ာက္ကြယ္ေနတယ္။လူထုကလဲ ဒီအမႈကို ဘယ္လိုလွည့္ပတ္ ေဖ်ာက္ဖ်က္မလဲဆိုတဲ့ စိတ္နဲ႔ ေစာင့္ၾကည့္ေနၾကပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဗစ္တိုးရီးယားေလး ရဲ႕ အမႈကတဆင့္ လူထုတင္ေျမႇာက္တဲ့ အစိုးရလက္ထက္မွာ တရားဥပေဒစိုးမိုးေရးကို ဘယ္ေလာက္ ေဖာ္ေဆာင္ႏိုင္ၿပီ/မေဖာ္ေဆာင္ႏိုင္ဘူး ဆိုတဲ့အေျဖကို မၾကာမီလူထု ျမင္ေတြ႕ၾကရမွာ ျဖစ္ပါတယ္။

ခင္ႏွင္းဦး
ဇူလိုင္ - ၄