【 ဆောင်းပါး 】 နေပူမှာ နားပူခံရဦးမလား

【 ဆောင်းပါး 】 နေပူမှာ နားပူခံရဦးမလား

အောက်တိုဘာ ၁၉ ရက်နေ့ဖြစ်သည်။7Day Daily ၏ နံနက်ခင်းသတင်းစာ၌ ‘ရန်ကုန်တွင် အသံချဲ့စက် ဆူညံစွာဖွင့်သည့် စည်းကမ်းမဲ့အလှူခံများကို ထိန်းသိမ်းကြပ်မတ်ရန် ညွှန်ကြား’ သတင်းခေါင်းစဉ်ကို မျက်နှာဖုံးမှာပင် တွေ့လိုက်ရသည်။

ညွှန်းဆိုထားသည့် စာမျက်နှာကို စိတ်ဝင်တစား ကောက်လှန်လိုက်တော့ သတင်းအရင်းအမြစ်မှာ ရန်ကုန်တိုင်းအတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအချို့ ဖြစ်သည်။ကထိန်ရာသီ၌ အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်၍ အလှူခံခြင်း မဖြစ်ပေါ်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနများမှတစ်ဆင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ကာ ညွှန်ကြားထားသည်ဟု သိရသည်။သတင်းတစ်ပုဒ်လုံးကို ခြုံပြောရလျှင် ကထိန်ရာသီအတွင်း အလှူခံများကို စည်းကမ်းတကျဖြစ်အောင် စိစစ်ခွင့်ပြုရန်နှင့် အသံချဲ့စက်များကို နားခံသာသလောက်သာ ဖွင့်ခွင့်ပြုရန် ညွှန်ကြားခြင်း။

အောက်တိုဘာ ၁၉ ရက်နေ့၊ ည ၇ နာရီကျော် တိုက်ခန်းအဝင် လမ်းထိပ်ရောက်တော့ ဘုံကထိန်အလှူခံ အသံချဲ့စက်သံကြီးက နားမခံသာအောင် လွှင့်နေသဖြင့် မနက်ခင်းတုန်းက ကော်ဖီတစ်ခွက်နှင့်အတူ ခံတွင်းချဉ်ပြေခဲ့သော သတင်းက နောက်များနောက်နေတာလားဟု တွေးမိသည်။

ယခုလို အနောက်ခံနေရသည်မှာ ပွင့်လင်းရာသီရောက်တိုင်း ဖြစ်သည်။သီတင်းကျွတ်တော့မည်ဆိုလျှင် ဗျောက်အိုးများ မရောင်းရန်၊ မဖောက်ရန်၊ မလိုက်နာပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ပါကြောင်း  ညလူခြေတိတ်လျှင် လော်စပီကာကြီးဖြင့် လိုက်အော်လေ့ရှိသည်။သို့သော်၊ ရန်ကုန်မြို့ထဲ သိမ်ကြီးဈေးအနီးဝန်းကျင်၌ တရားဝင်ပမာ ဗြောက်အိုးများ ရောင်းနေခြင်းကိုမူ မည်သည့်အာဏာပိုင်ကမှ ထိပါးနှောက်ယှက်ခြင်းမရှိ။ရန်ကုန်သားများကလည်း နှစ်များစွာကြာ ကြားနေကျစကားမို့ သူ့ဘာသာ ဘယ်လိုသတိပေးပေး အေးဆေးဆိုသည့်သဘော။

ဘာပဲဖြစ်ဖြစ်၊ ဗြောက်အိုးဆိုတာက များသောအားဖြင့် ညဦးပိုင်းအချိန်မျိုးသာ ဖောက်လေ့ရှိသလို နားမခံသာအောင် ဆက်တိုက်ပေါက်ကွဲနေခြင်းမျိုးမရှိ။ပြီးတော့ ဗြောက်အိုးသံကျယ်လေ ဈေးပိုကြီးလေမို့ ဆက်တိုက်ကျယ်လျှင် ငွေကဆက်တိုက်ကုန်ဦးမှာမို့ စိတ်ထဲရှိသလောက် မကျယ်လောင်နိုင်။ဆိုလိုတာက ဗြောက်အိုး၏ အနှောက်အယှက်ပေးမှုမှာ အကန့်အသတ်ရှိသည်။

လော်သံကြီးကတော့ ထိုသို့မဟုတ်။လူကြားရုံလောက်ပဲဖွင့်ဖွင့်၊ နားမခံသာအောင် အစွမ်းကုန်ပဲဟစ်ဟစ် လော်ဌားခမှာ ဒီဈေးသည်ဒီဈေး။ထို့ပြင် မိုက်ကိုင်ဆရာများကလည်း သူတို့အသံကို တစ်ရပ်ကွက်လုံး ကြားစေချင်သည်မို့  လီဗာကုန်နင်းလို့ ဖွင့်လိုက်မည်ဆိုတာချည်း။

ယခုဆိုလည်းကြည့်၊ ည ၇ နာရီကျော်အချိန်တွင် တိုက်ခန်းအတွင်းပိုင်းဘက်သို့ ဆောင်းဘောက်နှစ်လုံး၊ ကားလမ်းမကြီးဘက်အခြမ်းသို့ ဆောင်းဘောက်နှစ်လုံးဖြင့် ထင်ရာမြင်ရာဒေသနာများကို ဆက်တိုက်လွှတ်နေလေတော့ အနီးဝန်းကျင်ရှိလူများက ဝဋ်ခံနေရသလို။

ဆောင်းဘောက်အနီး ကွမ်းယာဆိုင်မှ ကျနော့်မိတ်ဆွေကို ဘယ်လိုလဲဟု လှမ်းမေးလိုက်တော့ သူမကြားသဖြင့် သူ့အနီးသို့တိုးကာ အသံကျယ်ကျယ်ဖြင့် ထပ်မေးရသည်။

“မတတ်နိုင်ဘူး အစ်ကိုရေ။တစ်နှစ်တစ်ခါတော့ ကြိတ်မှိတ်ခံပဲ။ဒါတောင် မနှစ်တုန်းက အတိုင်ခံထားလို့ ဒီနှစ် အသံနည်းနည်းလျှော့ထားတာ။မနှစ်က ဒါ့ထက်ပိုကျယ်တယ်။” ဟု မိတ်ဆွေကဆိုသဖြင့် ကျနော်ဖြုံသွားရသည်။စဉ်းစားကြည့်၊ သူပြောသည့် နည်းနည်းလျှော့ထားသည်ဆိုသော လော်သံမှာ ကျနော့်အတွက် သိပ်မထူး၊ နားကွဲမတတ်။

“ကျနော်က နာငြီးရုံတင် နားညီးတာမို့ တော်သေးတယ်။ဒီလက်ဖက်ရည်ဆိုင်ဆို သူတို့ကိုယ်တိုင်လည်း နားညီး။လက်ဖက်ရည်လာသောက်တဲ့ လူတွေလည်း နည်းသွားလို့ စီးပွားရေးထိခိုက်သေးတယ်။” ဟု မိတ်ဆွေက ထပ်ဆိုသဖြင့် လက်ဖက်ရည်ဆိုင်ဘက် ကြည့်မိသည်။

လက်ဖက်ရည်ဆိုင်နှင့် အလှူခံမဏ္ဍပ်သည် တည့်တည့်။ရပ်ကွက်အတွင်း လမ်းဟိုဘက်ဒီဘက်ဆိုတော့ ခပ်နီးနီးကပ်လျက်။ယခင်ရက်များက အခုလိုအချိန်မျိုးတွင် လူအထိုင်မနည်းလှသော လက်ဖက်ရည်ဆိုင်သည် ယခုအခါမှာတော့ လူခပ်ကျဲကျဲ။လက်ဖက်ရည်ဆိုင်ဆိုတာက ယခုလို ညဦးပိုင်းအချိန်တွင် တစ်နေ့တာမောခဲ့သမျှ အနားယူဖို့၊ မိတ်ဆွေများနှင့် စကားစမြည်ပြောဖို့၊ ဘောပွဲလေးဘာလေးကြည့်ဖို့။ယခုလို ကျယ်ကျယ်လောင်လောင် လော်ကြီးနှင့် နားမခံသာခြင်းများစွာဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ရန်မှာ မည်သို့မျှမဖြစ်နိုင်။ထို့ကြောင့် လူအဝင်ကျခြင်းမှာမဆန်း။

မိုက်ကိုင်ပုဂ္ဂိုလ်ကြီးကတော့ သူ့ဘာသာ လူအဝင် ကျ၊ မကျ နားမလည်။သူဖတ်ထားမှတ်ထားသော ဒေသနာများကို အသံနေအသံထားဖြင့် တန်းစီရွတ်လျက်ရှိသည်။ယခုအလှူခံတွင် တတ်နိုင်သမျှ ငွေကြေးအနည်းငယ်ဖြင့် ကုသိုလ်ပါဝင်လိုက်ပါက နတ်ပြည်ပဲ ချက်ချင်းရောက်တော့မှာလိုလို၊ အပ္ပါယ်တံခါးကြီးမှာ လုံးဝပြန်မဖွင့်စတမ်း ဂျိန်းခနဲမြည်အောင် ပိတ်သွားပြီလိုလို။ကျနော်ကတော့ နတ်ပြည်လည်း မရောက်ချင်သေးသလို ကိုယ့်အတွက်လည်း အနှောက်အယှက်ဖြစ်နေတာမို့ အလှူငွေမထည့်ဖြစ်ဘဲ အိမ်သို့သာ သုတ်သုတ်နှင်ခဲ့ရသည်။

နောက်တစ်ရက် မနက်ရောက်တော့လည်း ဒန့်စ်ချင်စရာသီချင်းဖြင့် လော်သံကြီးက ၄ ထပ် တိုက်ခန်းဆီသို့ ကျူးကျော်ဝင်ရောက်လာပြန်သည်။အချိန်ကိုကြည့်လိုက်တော့ နံနက် ၇ နာရီ ၅၅ မိနစ်။၈ နာရီတောင် မထိုးသေးသည့်အချိန်သည် ပတ်ဝန်းကျင်နားမခံသာအောင် အော်ကြီးဟစ်ကျယ် မပြုလုပ်သင့်သည့်အချိန်ဟု ကျနော်နားလည်ထားသော်လည်း ဘာမှမတတ်နိုင်။ဝရန်တာမှနေ၍ အောက်ငုံ့ကြည့်လိုက်တော့ လိုက်ထရက်ယာဉ်ဖြင့် ဘုံကထိန်အတွက် အလှူလိုက်ခံနေခြင်း။တစ်ဦးက တိရစ္ဆာန်တစ်ကောင်ပုံစံ ဝတ်ရုံဖြင့် ဒန့်စ်၍ အလှူခံနေတာ တွေ့ရသည်။

ညက မခံနိုင်သောအသံကြောင့် စိတ်ပျက်လက်ပျက် အိမ်ပြန်ရောက်ခဲ့သည်။ခုမနက်ကျပြန်တော့လည်း မခံသာသောအသံ၊ ဘာသာရေးနှင့် မည်သို့မျှမလိုက်ဖက်သော သီချင်းနှင့်အကကြောင့် ထပ်မံစိတ်ပျက်ရသည်။

နောက်ထပ် စိတ်ပျက်စရာကောင်းတာက မကြာမီရောက်လာတော့မည့် ဘုံကထိန်လှည့်ပွဲများဖြစ်သည်။စုပေါင်းလှူဒါန်းမှုအစုစုတို့ကို မိမိလှူဒါန်းမည့် သက်ဆိုင်ရာ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်လှူဒါန်းခြင်းဖြစ်သည်။ကုသိုလ်အမှုပြီးမြောက်ပြီဖြစ်၍ ပျော်ကြရွှင်ကြသည်။ယင်းပျော်ရွှင်မှုကို အတီးအမှုတ် အကအခုန်တို့ဖြင့် သင်္ကေတပြုကြသည်မှာ ရှေးယခင်ကတည်းကဖြစ်သည်။သို့သော်၊ အတီးအမှုတ် အကအခုန်ဆိုသည်မှာ မြန်မာမှု မြန်မာ့ဟန် ယဉ်ကျေးစွာ၊ လှပစွာ။

ယဉ်ကျေးမှုတစ်ခုလုံး ထင်သလိုဖြစ်ခဲ့သော စစ်အစိုးရ နှောင်းစကာလကိုရောက်တော့ မြန်မာမှု၊ ဘာသာမှု ကထိန်ယဉ်ကျေးမှုထဲသို့ ထင်သလိုဒန့်စ်သော ဒန့်စ်က ဝင်လာခဲ့သည်။ဒန့်စ်သီချင်းများမှာ မသိလျှင် ကလပ်တစ်ခုထဲ ရောက်နေသလို သီချင်းမျိုးဖြစ်သည်။မြူးမြူးကြွကြွ ဒန့်စ်များဖြင့် ဒန့်စ်နေသူအများစုကို ကြည့်လိုက်လျှင် အရက်သေစာ သောက်စားထားမှန်း အလွယ်တကူအကဲခတ်နိုင်သည်။ပထမ၊ အပျော်လွန်သူအချို့က နည်းနည်းပါးပါး မသိမသာသောက်စားခြင်းဖြင့် ပျော်ရွှင်မှုကို အရောင်တင်ခဲ့ရာမှ စတင်ခြင်းဖြစ်သည်။ထိုမှစ၍ တစစရဲရင့်ခဲ့ကြရာမှ နည်းနည်းကြာလာတော့ ဘုံကထိန်ဆိုသည်မှာ သောက်စားမူးယစ် ကခုန်ရမည့်ပွဲဟု နားလည်လာကြသလို ယနေ့တိုင်ယဉ်ကျေးမှုတစ်ခုအသွင် အကျည်းတန်စွာ ဖြစ်တည်လျက်ရှိသည်။

ပြောရလျှင် မြန်မာနိုင်ငံ၌ ဘာသာရေး (ဗုဒ္ဓဘာသာ) ဟု ဆိုလျှင် ထင်သလိုလုပ်ခွင့်ရနေခြင်းသည် အထက်ပါပြဿနာတို့၏ အရင်းအမြစ်ဖြစ်သည်။ဘာသာရေးဟူသည့် ခေါင်းစဉ်ကြောင့် မည်သူမှမပြောချင်။အစိုးရများကိုယ်တိုင်ပင် မပြောချင်မဆိုချင် မသိချင်ယောင်ဆောင်လေ့ရှိတာမို့ အဆီးအတားမရှိ ထင်သလိုရွေ့ခဲ့ကြခြင်းဖြစ်သည်။

ထင်သလိုအရွေ့မှာ ထင်သလိုသွက်လွန်းနေသည်မို့ ကိုယ်နဲ့မဆိုင်သလို ဆက်နေမည်ဆိုပါက ဖြစ်ချင်သလိုဖြစ်နေမှုသည် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ မကြာမီရောက်ရှိသွားမှာ သေချာသည်။အောက်တိုဘာ ၁၉ ရက်နေ့၊ 7Day Daily တွင် ဖတ်ခဲ့ရသော အသံချဲ့စက် ဆူညံစွာဖွင့် အလှူခံခြင်းကို ထိန်းသိမ်းရန်ညွှန်ကြားချက်မှာ ချက်ချင်းအသက်မဝင်သေးသည့်တိုင် ယခင်နှစ်များထက် ပိုလေးနက်လာသည့်သဘောမို့ အာဏာပိုင်များဘက်မှ ကိုယ့်တာဝန်ကိုယ် ယူတော့မည်လားဟု တွေးထင်စရာဖြစ်သလို အမှန်တကယ် တာဝန် ယူ၊ မယူ စောင့်ကြည့်ရပေမည်။

ယင်းမှာ ယခင်အဆက်ဆက်အတိုင်း အပေါ်ယံညွှန်ကြားချက်ဆိုပါက ပြည်သူများအနေနှင့် အာဏာပိုင်များအား မေးခွန်းထုတ်ရန်လိုပေမည်။ထို့ပြင် စည်းကမ်းမဲ့အလှူနှင့် စရိုက်ပျက်ဘုံကထိန်များကို အာဏာပိုင်များထံ တိုင်တန်းကန့်ကွက်ခြင်းနည်းဖြင့် ဖိအားပေးရန်လည်း လိုပေမည်။

ဘာသာတရားတိုင်းသည် မေတ္တာတရားအပေါ် အခြေခံတည်ဆောက်ထားခြင်းဖြစ်သည်။မေတ္တာတရားဆိုသည်မှာ မိမိကြောင့် တစ်ပါးသူမထိခိုက်ခြင်း၊ မိမိကြောင့် တစ်ပါးသူအနှောက်အယှက်မဖြစ်စေခြင်း၊ တစ်ပါးသူ၏ အခွင့်အရေးကို တန်ဖိုးထားခြင်း၊ စသည့် အချင်းအရာတို့နှင့် တိုက်ရိုက်ဆက်စပ်နေပေသည်။

လင်းဆက်ငြိမ်းချမ်း
အောက်တိုဘာ - ၂၆

( Zawgyi )

ေအာက္တိုဘာ ၁၉ ရက္ေန႔ျဖစ္သည္။7Day Daily ၏ နံနက္ခင္းသတင္းစာ၌ ‘ရန္ကုန္တြင္ အသံခ်ဲ႕စက္ ဆူညံစြာဖြင့္သည့္ စည္းကမ္းမဲ့အလႉခံမ်ားကို ထိန္းသိမ္းၾကပ္မတ္ရန္ ၫႊန္ၾကား’ သတင္းေခါင္းစဥ္ကို မ်က္ႏွာဖုံးမွာပင္ ေတြ႕လိုက္ရသည္။

ၫႊန္းဆိုထားသည့္ စာမ်က္ႏွာကို စိတ္ဝင္တစား ေကာက္လွန္လိုက္ေတာ့ သတင္းအရင္းအျမစ္မွာ ရန္ကုန္တိုင္းအတြင္းရွိ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕ ျဖစ္သည္။ကထိန္ရာသီ၌ အသံခ်ဲ႕စက္မ်ား ဆူညံစြာဖြင့္လွစ္၍ အလႉခံျခင္း မျဖစ္ေပၚေစရန္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစီးဌာနမ်ားမွတစ္ဆင့္ ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးမ်ားကို အစည္းအေဝးေခၚကာ ၫႊန္ၾကားထားသည္ဟု သိရသည္။သတင္းတစ္ပုဒ္လုံးကို ၿခဳံေျပာရလွ်င္ ကထိန္ရာသီအတြင္း အလႉခံမ်ားကို စည္းကမ္းတက်ျဖစ္ေအာင္ စိစစ္ခြင့္ျပဳရန္ႏွင့္ အသံခ်ဲ႕စက္မ်ားကို နားခံသာသေလာက္သာ ဖြင့္ခြင့္ျပဳရန္ ၫႊန္ၾကားျခင္း။

ေအာက္တိုဘာ ၁၉ ရက္ေန႔၊ ည ၇ နာရီေက်ာ္ တိုက္ခန္းအဝင္ လမ္းထိပ္ေရာက္ေတာ့ ဘုံကထိန္အလႉခံ အသံခ်ဲ႕စက္သံႀကီးက နားမခံသာေအာင္ လႊင့္ေနသျဖင့္ မနက္ခင္းတုန္းက ေကာ္ဖီတစ္ခြက္ႏွင့္အတူ ခံတြင္းခ်ဥ္ေျပခဲ့ေသာ သတင္းက ေနာက္မ်ားေနာက္ေနတာလားဟု ေတြးမိသည္။

ယခုလို အေနာက္ခံေနရသည္မွာ ပြင့္လင္းရာသီေရာက္တိုင္း ျဖစ္သည္။သီတင္းကြၽတ္ေတာ့မည္ဆိုလွ်င္ ေဗ်ာက္အိုးမ်ား မေရာင္းရန္၊ မေဖာက္ရန္၊ မလိုက္နာပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူမည္ျဖစ္ပါေၾကာင္း  ညလူေျခတိတ္လွ်င္ ေလာ္စပီကာႀကီးျဖင့္ လိုက္ေအာ္ေလ့ရွိသည္။သို႔ေသာ္၊ ရန္ကုန္ၿမိဳ႕ထဲ သိမ္ႀကီးေဈးအနီးဝန္းက်င္၌ တရားဝင္ပမာ ေျဗာက္အိုးမ်ား ေရာင္းေနျခင္းကိုမူ မည္သည့္အာဏာပိုင္ကမွ ထိပါးေႏွာက္ယွက္ျခင္းမရွိ။ရန္ကုန္သားမ်ားကလည္း ႏွစ္မ်ားစြာၾကာ ၾကားေနက်စကားမို႔ သူ႔ဘာသာ ဘယ္လိုသတိေပးေပး ေအးေဆးဆိုသည့္သေဘာ။

ဘာပဲျဖစ္ျဖစ္၊ ေျဗာက္အိုးဆိုတာက မ်ားေသာအားျဖင့္ ညဦးပိုင္းအခ်ိန္မ်ိဳးသာ ေဖာက္ေလ့ရွိသလို နားမခံသာေအာင္ ဆက္တိုက္ေပါက္ကြဲေနျခင္းမ်ိဳးမရွိ။ၿပီးေတာ့ ေျဗာက္အိုးသံက်ယ္ေလ ေဈးပိုႀကီးေလမို႔ ဆက္တိုက္က်ယ္လွ်င္ ေငြကဆက္တိုက္ကုန္ဦးမွာမို႔ စိတ္ထဲရွိသေလာက္ မက်ယ္ေလာင္ႏိုင္။ဆိုလိုတာက ေျဗာက္အိုး၏ အေႏွာက္အယွက္ေပးမႈမွာ အကန္႔အသတ္ရွိသည္။

ေလာ္သံႀကီးကေတာ့ ထိုသို႔မဟုတ္။လူၾကား႐ုံေလာက္ပဲဖြင့္ဖြင့္၊ နားမခံသာေအာင္ အစြမ္းကုန္ပဲဟစ္ဟစ္ ေလာ္ဌားခမွာ ဒီေဈးသည္ဒီေဈး။ထို႔ျပင္ မိုက္ကိုင္ဆရာမ်ားကလည္း သူတို႔အသံကို တစ္ရပ္ကြက္လုံး ၾကားေစခ်င္သည္မို႔  လီဗာကုန္နင္းလို႔ ဖြင့္လိုက္မည္ဆိုတာခ်ည္း။

ယခုဆိုလည္းၾကည့္၊ ည ၇ နာရီေက်ာ္အခ်ိန္တြင္ တိုက္ခန္းအတြင္းပိုင္းဘက္သို႔ ေဆာင္းေဘာက္ႏွစ္လုံး၊ ကားလမ္းမႀကီးဘက္အျခမ္းသို႔ ေဆာင္းေဘာက္ႏွစ္လုံးျဖင့္ ထင္ရာျမင္ရာေဒသနာမ်ားကို ဆက္တိုက္လႊတ္ေနေလေတာ့ အနီးဝန္းက်င္ရွိလူမ်ားက ဝဋ္ခံေနရသလို။

ေဆာင္းေဘာက္အနီး ကြမ္းယာဆိုင္မွ က်ေနာ့္မိတ္ေဆြကို ဘယ္လိုလဲဟု လွမ္းေမးလိုက္ေတာ့ သူမၾကားသျဖင့္ သူ႔အနီးသို႔တိုးကာ အသံက်ယ္က်ယ္ျဖင့္ ထပ္ေမးရသည္။

“မတတ္ႏိုင္ဘူး အစ္ကိုေရ။တစ္ႏွစ္တစ္ခါေတာ့ ႀကိတ္မွိတ္ခံပဲ။ဒါေတာင္ မႏွစ္တုန္းက အတိုင္ခံထားလို႔ ဒီႏွစ္ အသံနည္းနည္းေလွ်ာ့ထားတာ။မႏွစ္က ဒါ့ထက္ပိုက်ယ္တယ္။” ဟု မိတ္ေဆြကဆိုသျဖင့္ က်ေနာ္ၿဖဳံသြားရသည္။စဥ္းစားၾကည့္၊ သူေျပာသည့္ နည္းနည္းေလွ်ာ့ထားသည္ဆိုေသာ ေလာ္သံမွာ က်ေနာ့္အတြက္ သိပ္မထူး၊ နားကြဲမတတ္။

“က်ေနာ္က နာၿငီး႐ုံတင္ နားညီးတာမို႔ ေတာ္ေသးတယ္။ဒီလက္ဖက္ရည္ဆိုင္ဆို သူတို႔ကိုယ္တိုင္လည္း နားညီး။လက္ဖက္ရည္လာေသာက္တဲ့ လူေတြလည္း နည္းသြားလို႔ စီးပြားေရးထိခိုက္ေသးတယ္။” ဟု မိတ္ေဆြက ထပ္ဆိုသျဖင့္ လက္ဖက္ရည္ဆိုင္ဘက္ ၾကည့္မိသည္။

လက္ဖက္ရည္ဆိုင္ႏွင့္ အလႉခံမ႑ပ္သည္ တည့္တည့္။ရပ္ကြက္အတြင္း လမ္းဟိုဘက္ဒီဘက္ဆိုေတာ့ ခပ္နီးနီးကပ္လ်က္။ယခင္ရက္မ်ားက အခုလိုအခ်ိန္မ်ိဳးတြင္ လူအထိုင္မနည္းလွေသာ လက္ဖက္ရည္ဆိုင္သည္ ယခုအခါမွာေတာ့ လူခပ္က်ဲက်ဲ။လက္ဖက္ရည္ဆိုင္ဆိုတာက ယခုလို ညဦးပိုင္းအခ်ိန္တြင္ တစ္ေန႔တာေမာခဲ့သမွ် အနားယူဖို႔၊ မိတ္ေဆြမ်ားႏွင့္ စကားစျမည္ေျပာဖို႔၊ ေဘာပြဲေလးဘာေလးၾကည့္ဖို႔။ယခုလို က်ယ္က်ယ္ေလာင္ေလာင္ ေလာ္ႀကီးႏွင့္ နားမခံသာျခင္းမ်ားစြာျဖင့္ လက္ဖက္ရည္ဆိုင္ထိုင္ရန္မွာ မည္သို႔မွ်မျဖစ္ႏိုင္။ထို႔ေၾကာင့္ လူအဝင္က်ျခင္းမွာမဆန္း။

မိုက္ကိုင္ပုဂၢိဳလ္ႀကီးကေတာ့ သူ႔ဘာသာ လူအဝင္ က်၊ မက် နားမလည္။သူဖတ္ထားမွတ္ထားေသာ ေဒသနာမ်ားကို အသံေနအသံထားျဖင့္ တန္းစီ႐ြတ္လ်က္ရွိသည္။ယခုအလႉခံတြင္ တတ္ႏိုင္သမွ် ေငြေၾကးအနည္းငယ္ျဖင့္ ကုသိုလ္ပါဝင္လိုက္ပါက နတ္ျပည္ပဲ ခ်က္ခ်င္းေရာက္ေတာ့မွာလိုလို၊ အပၸါယ္တံခါးႀကီးမွာ လုံးဝျပန္မဖြင့္စတမ္း ဂ်ိန္းခနဲျမည္ေအာင္ ပိတ္သြားၿပီလိုလို။က်ေနာ္ကေတာ့ နတ္ျပည္လည္း မေရာက္ခ်င္ေသးသလို ကိုယ့္အတြက္လည္း အေႏွာက္အယွက္ျဖစ္ေနတာမို႔ အလႉေငြမထည့္ျဖစ္ဘဲ အိမ္သို႔သာ သုတ္သုတ္ႏွင္ခဲ့ရသည္။

ေနာက္တစ္ရက္ မနက္ေရာက္ေတာ့လည္း ဒန္႔စ္ခ်င္စရာသီခ်င္းျဖင့္ ေလာ္သံႀကီးက ၄ ထပ္ တိုက္ခန္းဆီသို႔ က်ဴးေက်ာ္ဝင္ေရာက္လာျပန္သည္။အခ်ိန္ကိုၾကည့္လိုက္ေတာ့ နံနက္ ၇ နာရီ ၅၅ မိနစ္။၈ နာရီေတာင္ မထိုးေသးသည့္အခ်ိန္သည္ ပတ္ဝန္းက်င္နားမခံသာေအာင္ ေအာ္ႀကီးဟစ္က်ယ္ မျပဳလုပ္သင့္သည့္အခ်ိန္ဟု က်ေနာ္နားလည္ထားေသာ္လည္း ဘာမွမတတ္ႏိုင္။ဝရန္တာမွေန၍ ေအာက္ငုံ႔ၾကည့္လိုက္ေတာ့ လိုက္ထရက္ယာဥ္ျဖင့္ ဘုံကထိန္အတြက္ အလႉလိုက္ခံေနျခင္း။တစ္ဦးက တိရစာၦန္တစ္ေကာင္ပုံစံ ဝတ္႐ုံျဖင့္ ဒန္႔စ္၍ အလႉခံေနတာ ေတြ႕ရသည္။

ညက မခံႏိုင္ေသာအသံေၾကာင့္ စိတ္ပ်က္လက္ပ်က္ အိမ္ျပန္ေရာက္ခဲ့သည္။ခုမနက္က်ျပန္ေတာ့လည္း မခံသာေသာအသံ၊ ဘာသာေရးႏွင့္ မည္သို႔မွ်မလိုက္ဖက္ေသာ သီခ်င္းႏွင့္အကေၾကာင့္ ထပ္မံစိတ္ပ်က္ရသည္။

ေနာက္ထပ္ စိတ္ပ်က္စရာေကာင္းတာက မၾကာမီေရာက္လာေတာ့မည့္ ဘုံကထိန္လွည့္ပြဲမ်ားျဖစ္သည္။စုေပါင္းလႉဒါန္းမႈအစုစုတို႔ကို မိမိလႉဒါန္းမည့္ သက္ဆိုင္ရာ ဘုန္းႀကီးေက်ာင္းသို႔ ပို႔ေဆာင္လႉဒါန္းျခင္းျဖစ္သည္။ကုသိုလ္အမႈၿပီးေျမာက္ၿပီျဖစ္၍ ေပ်ာ္ၾက႐ႊင္ၾကသည္။ယင္းေပ်ာ္႐ႊင္မႈကို အတီးအမႈတ္ အကအခုန္တို႔ျဖင့္ သေကၤတျပဳၾကသည္မွာ ေရွးယခင္ကတည္းကျဖစ္သည္။သို႔ေသာ္၊ အတီးအမႈတ္ အကအခုန္ဆိုသည္မွာ ျမန္မာမႈ ျမန္မာ့ဟန္ ယဥ္ေက်းစြာ၊ လွပစြာ။

ယဥ္ေက်းမႈတစ္ခုလုံး ထင္သလိုျဖစ္ခဲ့ေသာ စစ္အစိုးရ ေႏွာင္းစကာလကိုေရာက္ေတာ့ ျမန္မာမႈ၊ ဘာသာမႈ ကထိန္ယဥ္ေက်းမႈထဲသို႔ ထင္သလိုဒန္႔စ္ေသာ ဒန္႔စ္က ဝင္လာခဲ့သည္။ဒန္႔စ္သီခ်င္းမ်ားမွာ မသိလွ်င္ ကလပ္တစ္ခုထဲ ေရာက္ေနသလို သီခ်င္းမ်ိဳးျဖစ္သည္။ျမဴးျမဴးႂကြႂကြ ဒန္႔စ္မ်ားျဖင့္ ဒန္႔စ္ေနသူအမ်ားစုကို ၾကည့္လိုက္လွ်င္ အရက္ေသစာ ေသာက္စားထားမွန္း အလြယ္တကူအကဲခတ္ႏိုင္သည္။ပထမ၊ အေပ်ာ္လြန္သူအခ်ိဳ႕က နည္းနည္းပါးပါး မသိမသာေသာက္စားျခင္းျဖင့္ ေပ်ာ္႐ႊင္မႈကို အေရာင္တင္ခဲ့ရာမွ စတင္ျခင္းျဖစ္သည္။ထိုမွစ၍ တစစရဲရင့္ခဲ့ၾကရာမွ နည္းနည္းၾကာလာေတာ့ ဘုံကထိန္ဆိုသည္မွာ ေသာက္စားမူးယစ္ ကခုန္ရမည့္ပြဲဟု နားလည္လာၾကသလို ယေန႔တိုင္ယဥ္ေက်းမႈတစ္ခုအသြင္ အက်ည္းတန္စြာ ျဖစ္တည္လ်က္ရွိသည္။

ေျပာရလွ်င္ ျမန္မာႏိုင္ငံ၌ ဘာသာေရး (ဗုဒၶဘာသာ) ဟု ဆိုလွ်င္ ထင္သလိုလုပ္ခြင့္ရေနျခင္းသည္ အထက္ပါျပႆနာတို႔၏ အရင္းအျမစ္ျဖစ္သည္။ဘာသာေရးဟူသည့္ ေခါင္းစဥ္ေၾကာင့္ မည္သူမွမေျပာခ်င္။အစိုးရမ်ားကိုယ္တိုင္ပင္ မေျပာခ်င္မဆိုခ်င္ မသိခ်င္ေယာင္ေဆာင္ေလ့ရွိတာမို႔ အဆီးအတားမရွိ ထင္သလိုေ႐ြ႕ခဲ့ၾကျခင္းျဖစ္သည္။

ထင္သလိုအေ႐ြ႕မွာ ထင္သလိုသြက္လြန္းေနသည္မို႔ ကိုယ္နဲ႔မဆိုင္သလို ဆက္ေနမည္ဆိုပါက ျဖစ္ခ်င္သလိုျဖစ္ေနမႈသည္ ထိန္းမႏိုင္သိမ္းမရ အေျခအေနသို႔ မၾကာမီေရာက္ရွိသြားမွာ ေသခ်ာသည္။ေအာက္တိုဘာ ၁၉ ရက္ေန႔၊ 7Day Daily တြင္ ဖတ္ခဲ့ရေသာ အသံခ်ဲ႕စက္ ဆူညံစြာဖြင့္ အလႉခံျခင္းကို ထိန္းသိမ္းရန္ၫႊန္ၾကားခ်က္မွာ ခ်က္ခ်င္းအသက္မဝင္ေသးသည့္တိုင္ ယခင္ႏွစ္မ်ားထက္ ပိုေလးနက္လာသည့္သေဘာမို႔ အာဏာပိုင္မ်ားဘက္မွ ကိုယ့္တာဝန္ကိုယ္ ယူေတာ့မည္လားဟု ေတြးထင္စရာျဖစ္သလို အမွန္တကယ္ တာဝန္ ယူ၊ မယူ ေစာင့္ၾကည့္ရေပမည္။

ယင္းမွာ ယခင္အဆက္ဆက္အတိုင္း အေပၚယံၫႊန္ၾကားခ်က္ဆိုပါက ျပည္သူမ်ားအေနႏွင့္ အာဏာပိုင္မ်ားအား ေမးခြန္းထုတ္ရန္လိုေပမည္။ထို႔ျပင္ စည္းကမ္းမဲ့အလႉႏွင့္ စ႐ိုက္ပ်က္ဘုံကထိန္မ်ားကို အာဏာပိုင္မ်ားထံ တိုင္တန္းကန္႔ကြက္ျခင္းနည္းျဖင့္ ဖိအားေပးရန္လည္း လိုေပမည္။

ဘာသာတရားတိုင္းသည္ ေမတၱာတရားအေပၚ အေျခခံတည္ေဆာက္ထားျခင္းျဖစ္သည္။ေမတၱာတရားဆိုသည္မွာ မိမိေၾကာင့္ တစ္ပါးသူမထိခိုက္ျခင္း၊ မိမိေၾကာင့္ တစ္ပါးသူအေႏွာက္အယွက္မျဖစ္ေစျခင္း၊ တစ္ပါးသူ၏ အခြင့္အေရးကို တန္ဖိုးထားျခင္း၊ စသည့္ အခ်င္းအရာတို႔ႏွင့္ တိုက္႐ိုက္ဆက္စပ္ေနေပသည္။

လင္းဆက္ၿငိမ္းခ်မ္း
ေအာက္တိုဘာ - ၂၆