【 ဆောင်းပါး 】 ဒုတိယကိုဗစ်လှိုင်းနဲ့ တက်ထောင်တတ်တဲ့ ဒို့ရွှေမြန်မာ

【 ဆောင်းပါး 】 ဒုတိယကိုဗစ်လှိုင်းနဲ့ တက်ထောင်တတ်တဲ့ ဒို့ရွှေမြန်မာ

၂၁ ရာစုနည်းပညာခေတ်မှာ ရွာကြီးတစ်ရွာဖြစ်လာတဲ့ ငါတို့ကမ္ဘာ စတဲ့ ဘဝင်တွေနဲ့ရှင်သန်နေတဲ့ လူဆိုသူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ မျက်စိနဲ့မမြင်ရတဲ့ အလွန်မှုန်မွှားမွှား သတ္တဝါငယ်လေးကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်ကြရတာ ၉ လအတွင်း ချဉ်းနင်းလာပါပြီ။ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ အကောင်ငယ်ဟာ မရှိမကောင်း ရှိမကောင်း အိမ်နီးချင်း စိနတိုင်းဆီက ခရီးစခဲ့ပေမဲ့၊ ဩဘာနမိတ်ထွန်းတဲ့ ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းပေါ်က အတုမရှိတဲ့ ချာယာဏသီ မြန်မာပြည်ကိုတော့ မျက်နှာသာပေးခဲ့ရှာပါတယ်။ကိုရိုနာကောင်ငယ်ဟာ ချာယာဏသီ မြန်မာပြည်ကိုကျော်လွှားပြီး  ကမ္ဘာပတ်ပါလေရော။

အင်း - စိနတိုင်းမှာ ၂၀၁၉ ဒီဇင်ဘာလကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အကောင်ငယ်လေးဟာ၊ ရွှေမြန်မာတို့အခေါ် ယပက်လက်တိုင်းပြည် ထိုင်းတို့ဆီ၊ မဇ္ဈိမတိုင်းနိုင်ငံတွေဆီသာမက၊ ဂျပန်၊ မလေး၊ အင်ဒို၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ဂျာမနီ၊ အမေရိက စတဲ့ နေရာဌာနတွေဆီ ဘယ်သူတွေနဲ့များ တွယ်ကပ်လိုက်သွားလေသလဲတော့ မသိပါဘူး။အဲဒီနိုင်ငံတွေက လူတွေအများကြီးကို အချိန်တိုတိုအတွင်း ရောဂါကူးပစ်လိုက်တော့ မဟာလူသားဆိုပြီး လက်မတထောင်ထောင် လုပ်နေသူတွေ၊ အိမ်ထဲက အိမ်ပြင်တောင်မထွက်ရဲတဲ့ထိ ငြိမ်ဝပ်ပိပြားသွားကြပါလေရောလား။

ဆေးပညာရှင်တွေနဲ့ သုတေသီတွရဲ့အပြောအရ ဒင်းကလေးဟာ ဒုက္ခပေးမယ့် အကောင်အသစ်စက်စက်ကလေးဖြစ်သတဲ့။ဒါနဲ့ ဒင်းကို ဘယ်လိုမျိုးဖြုတ်ရမယ်ဆိုတာ အစပိုင်းယောင်ဝါးဝါးဖြစ်နေတုန်း၊ ဒင်းကလေးက ခြေမြန်လက်မြန် လျှောက်ကူးပစ်လိုက်တာ၊ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးဆီ ဒင်းက ရောဂါဖြန့်လိုက်နိုင်သတဲ့။ဒင်းဘယ်မှာမှန်းလဲမသိရ။
ဒင်းဘယ်သူနဲ့ကပ်ပါလို့ပါမှန်း မသိကြတော့၊ လူတွေဟာ ရုံးစုရုံးစုမလုပ်ရဲဘဲ တစ်ယောက်နဲ့တစ်ယောက် ဝေးဝေးနေရေးလမ်းစဉ်ကို ရွေးကြပြန်တယ်။ရောဂါရှိနေသူနဲ့ ထိတွေ့မိသူတွေ၊ ဒင်းပါလာတဲ့အမှုန်အမွှား ရှူရှိုက်မိသူတွေ၊ မျက်လုံးထဲ ဒင်းဝင်တာခံရတဲ့သူတွေဟာ ရောဂါကူးခံကြရသတဲ့။ ၆ လတစ်ခါ ဆေးစစ်တဲ့ ယဉ်ကျေးမှုနဲ့နေထိုင်ကြပြီး ကျန်းမာရေးစောင့်ရှောက်မှု ထိပ်တန်းဆိုတဲ့ နိုင်ငံတွေမှာတောင် ဒင်းသယ်ဆောင်လာတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် တစ်နေ့တစ်နေ့ ရောဂါကူးသူတွေ ရာချီ၊ ထောင်ချီ ရှိလာပါတယ်။နေ့စဉ်ရက်ဆက်ကူးတော့ သိန်းဂဏန်း၊ သန်းဂဏန်းတွေထိ ရောဂါကူးခံရသူတွေ များပြားလာပါပြီ။ဆယ်ဂဏန်း၊ ရာဂဏန်းချီ ထောင်ဂဏန်းချီ သေကြရတဲ့နေ့တွေလဲရှိလာတာကြောင့် တစ်ကမ္ဘာလုံး လုပ်ငန်းတွေ တုန့်ဆိုင်းကုန်ပါတယ်။

နိုင်ငံအတော်များများဟာ သူတို့နိုင်ငံမှာ ရောဂါအဖြစ်များတဲ့နေရာကို လူဝင်လူထွက်ပိတ်ပစ်ကြရပါတယ်။ဒါနဲ့ လော့ခ်ဒေါင်း လော့ခ်ဒေါင်းဆိုတဲ့အသံတွေ ညံလာပါလေရော။တစ်ဘက်မှာတော့ နေ့နေ့ညည လူစည်ကားလှတဲ့ ဈေးဝယ်စင်တာတွေ ကျီးနဲ့ဖုတ်ဖုတ်။နိုင်ငံအချင်းချင်း ၂၄ နာရီ အကြားအလပ်မရှိ သွားလာကူးလူးဆက်ဆံနေတဲ့ ကမ္ဘာကြီးပီပီ၊ လူဝင်လူထွက် စက္ကန့်မလပ်စည်ကားပြီး လေယာဉ်တွေ တစ်စင်းပြီးတစ်စင်း ဝေဟင်ကိုထိုးပျံသန်းလိုက်၊ တစ်စင်းပြီးတစ်စင်း ဝေါခနဲထိုးဆိုက်လိုက် လည်ပတ်နေပေးရတဲ့ နာမည်ကြီးလေဆိပ်တွေလဲ ပိတ်ထားကြရလို့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ နေရာတွေအဖြစ် ပြောင်းလဲသွားပါတယ်။ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာ လူတွေအိမ်မှာပဲနေပြီး ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ကြရတဲ့ပုံစံကို ပြောင်းလုပ်လိုက်ကြရပါတယ်။ကျောင်းတွေ တက္ကသိုလ်တွေပိတ်၊ ဈေးတွေအကန့်အသတ်နဲ့ဖွင့်ရပြီး၊ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေ၊ စာကြည့်တိုက်နဲ့ ပြတိုက်၊ ရုပ်ရှင်ရုံလို လူအများစုဝေးရာ နေရာမှန်သမျှပိတ်ထားရတော့ အရှိန်ပြင်းပြင်းလည်ပတ်နေတဲ့ ကမ္ဘာကြီးဟာ ရုတ်တရက်လေဖြတ်ခံလိုက်ရသူလို ပုံခနဲလဲကျသွားသလိုပါပဲ။

ဩဘာနမိတ်ထွန်းတဲ့ ဇမ္ဗူဒီပါလကျ်ာတောင်ကျွန်းပေါ်မှာ တည်ရှိတဲ့ ချာယာဏသီ မြန်မာပြည်ကြီးကား ကံထူးလေစွ။ ၂၀၁၉ ဒီဇင်ဘာကစပြီး စိနတိုင်း ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ခဲ့တာဆိုတော့၊ ရွှေမြန်မာပြည်ကြီးတော့ နယ်နမိတ်ချင်းထိစပ်နေတဲ့ စိနတိုင်းကတဆင့် ရောဂါကူးဖို့ကျိန်းသေတယ်လို့ တွက်ဆခဲ့ကြတာပါ။ဒါပေမဲ့ ဗိုင်းရပ်စ်လေး ကမ္ဘာပတ်ပြီးရောဂါဖြန့်တာ အရှိန်စရလာတဲ့ ဇန်နဝါရီ၊ အဲဒီနောက် ဖေဖော်ဝါရီ၊ မတ်လဆန်းထိ ချာယာဏသီ မြန်မာပြည်ကို ရောဂါမကူးသေးပါဘူး။အဲ မတ် ၁၂ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ပါတယ်။
ရောဂါနာမည်ကိုလဲ ကိုဗစ် - ၁၉ လို့ ကင်ပွန်းတပ်ပေးလိုက်ပါတယ်။ဒီတော့မှ ရွှေမြန်မာတို့ ပြူးပြာကုန်တာပါ။

အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ အပါအဝင် သူများနိုင်ငံတွေမှာ ကိုဗစ်ရောဂါကူးစက်ခံရလို့ အသွားအလာကန့်သတ်ပိတ်ပင်ထားကြချိန်မှာ၊ အသွားမပျက်၊ အလာမပျက် သွားလာနေတဲ့ ရွှေမြန်မာတို့လိုက်နာဖို့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးခွင့်မရှိ။မလိုအပ်ဘဲ အပြင်မထွက်ဘဲ၊ အိမ်မှာနေကြပါ စတဲ့ စတဲ့ ညွှန်ကြားချက်တွေ တစ်ခုပြီးတစ်ခု အစိုးရက ထုတ်ပြန်ပါတော့တယ်။အဲ မတ် ၂၂ ရက်နေ့ညမှာတော့ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ ရွှေမြန်မာ ၂ ယောက်ကို ချာယာဏသီမှာ စတွေ့ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

ရွှေမြန်မာတွေ တုန်လှုပ်သွားကြသလို အစိုးရကလဲ စည်းကမ်းတွေ ပိုတင်းကျပ်လိုက်ပါတယ်။တစ်သက်နဲ့တစ်ကိုယ် ဒီနှစ်သင်္ကြန်မှာ ရေကစားမဏ္ဍပ်တွေဆောက်ခွင့် ပိတ်လိုက်ပါတယ်။ဒါ့အပြင် ဘယ်သူမှ လမ်းပေါ်ထွက်ရေမပက်ဖို့ထိ အစိုးရကတားမြစ်ပါတယ်။ချာယာဏသီ ရွှေမြန်မာပြည်ဆိုတာ ယူနိခ် (Unique)  လို့ ဆိုရမယ့် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံနဲ့မှမတူ တမူထူးတဲ့နိုင်ငံမဟုတ်လား။မြန်မာနိုင်ငံရဲ့ အပူပြင်းဆုံးရာသီအစ မတ်လကစပြီး တဖြည်းဖြည်းအပူရှိန်မြင့်လာတာ ဧပြီဆို အတော်ကိုပူလာပါပြီ။ဒါပေမဲ့ ရွှေမြန်မာတို့က မတ်လနဲ့ ဧပြီလအတွင်းမှာ ရဟန်းခံရှင်ပြု အလှူလုပ်လေ့ရှိလို့ နေကပူနားကပူရတဲ့ကာလပါ။ရဟန်းခံရှင်ပြု အလှူမဏ္ဍပ်တွေက ကျယ်ကျယ်လောင်လောင်ဖွင့်တဲ့ စပီကာသံ ဆောင်းဘောက်စ်သံတွေရဲ့ဒဏ်ဟာ သင်္ကြန်နဲ့ဆက်သွားပါလေရော။သင်္ကြန်နားနီးလာလေလေ မြန်မာတစ်ပြည်လုံး တလှုပ်လှုပ်တရွရွဖြစ်လေပါပဲ။
ရုံးရက်ရှည်ပိတ်လို့ နယ်ပြန်မယ့်သူတွေ၊ နယ်က ရန်ကုန်ပြန်လာမယ့်သူတွေနဲ့ အဝေးပြေးကားဂိတ်၊ လေယာဉ်ကွင်း၊ သင်္ဘောဆိပ်၊ ဘူတာရုံ ဘယ်နေရာကြည့်ကြည့် ခရီးသွားသူတွေ ပျားပန်းခတ်တဲ့ရာသီပါ။မြန်မာသက္ကရာဇ် ၁၃၈၁ ကနေ ၁၃၈၂ ကူးပြောင်းအံ့ဆဲဆဲ တပေါင်းလ (မတ်) ကစပြီး တန်ခူးထိ (ဧပြီ) စပီကာသံ၊ ဆောင်းဘောက်စ်သံ၊ ကားသံ၊ လူသံ တိတ်သွားလို့ နားအတော်အေးသွားရတာ အမှန်ပါ။

ကိုဗစ်ကျေးဇူးကြောင့် စပီကာသံ၊ ဆောင်းဘောက်စ်သံတွေ တိတ်ဆိတ်သွားတာကို ပိစိကွေး အတိုင်းထက်အလွန် သဘောကျနေပါတယ်။ဒါပေမဲ့ နားအေးပါးအေးနေရတာကို သဘောကျကြောင်း ထုတ်မပြရဲပါဘူး။အများနည်းတူ မသွားရ၊ မလာရ၊ အိမ်ထဲခြေချုပ်မိနေတာကို မကြိုက်ပေမဲ့ ကိုဗစ်ကို ကိုယ်ကဖိတ်ခေါ်တာမှမဟုတ်တာ။ကိုယ်ဖန်တီးတာမှမဟုတ်တာ။ဒီတော့ ပေါ်လီယာနာထုံး နှလုံးမူပြီး၊ ကိုဗစ်ကြောင့် နားအေးရတာကို ဝမ်းသာနေရသပေါ့။ကိုဗစ်ရောဂါကူးစက်ခံရသူ သုံးရာကျော်လာပေမဲ့ ပြည်တွင်းကူးစက်မှု ရပ်သွားပါပြီ။ပြည်ပကပြန်လာကြသူတချို့မှာ ရောဂါတွေ့ရပေမဲ့ တစ်ကြိမ်တွေ့ ၁၂ ယောက်ဟာ အများဆုံးဆိုတော့ တစ်နေ့ တစ်နေ့ သောင်းချီ၊ သိန်းချီ ကူးနေတဲ့နိုင်ငံတွေနဲ့စာရင် ရွှေမြန်မာတို့ အသက်ရှူချောင်နေပါသေးတယ်။

မြန်မာအစိုးရကြီးခမျာ သူတို့တိုင်းသူပြည်သားတို့ စိတ်ကျဉ်းကျပ်ရှာကြမယ်ဆိုပြီး ၅ ယောက်ပဲ စုခွင့်ပေးရာက၊ ၁၅ စုခွင့်၊ နောက်ထပ် လူ ၃၀ စုခွင့်ထိ ဖြေလျှော့ပေးရှာပါတယ်။အိမ်ထဲမှာ မွမ်းကျပ်ခဲ့ရတဲ့ ရွှေမြန်မာတို့ လတ်လျားလတ်လျား ပြန်ထွက်လာကြသပေါ့။တကယ်တော့ ဘယ်အစိုးရဖြစ်ဖြစ် အလိမ်ခံရတယ်ဆိုတာ အစိုးရကသာ မသိရှိမယ်။လူထုကသိပါ့။
ပိစိကွေးတို့ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ဘယ်လိုစည်းကမ်းနဲ့ညီမှ ဖွင့်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့လို့ ရယ်သွမ်းသွေးနိုင်သူတွေ တပုံတပင်ပါပဲ။ငဗစ်စလာပြီ ဆိုချိန်ကနေ အခုထောင်ချီကူးပြီဆိုတဲ့အချိန်ထိ ဘယ်သောအခါမှမပိတ်တာက အရက်ပုန်းဆိုင်တွေပါ။ရပ်ကွက်ထဲက အရက်ပုန်းဆိုင်တွေမှာ မနက်ကစ နေ့လယ်မကျန်၊ ညအချိန်အဆုံး သူ့ဇာတ်နဲ့သူ့အရပ် စားသောက်ခွင့်ရနေကြတော့ ကံထူးသူမောင်ရှင်တွေဟာ မအိုဆေးမှီဝဲသူ လုလင်ကြီးငယ်များနဲ့ ဆိုင်ရှင်တွေပါ။

ချာယာဏသီ မြန်မာပြည်ရဲ့ အဓိပတိကြီးက တစ်ခုသော ဗီဒီယိုကွန်ဖရင့်ဆင်းမှာ "ကျွန်ုပ်တို့၏ ချာယာဏသီ မြန်မာပြည်သည် ပထမကိုဗစ်လှိုင်းကို ဖြတ်ကျော်နိုင်ခဲ့ပြီ" လို့ ဟစ်ကြွေးလိုက်ပါတယ်။ဒါပေမဲ့ အဓိပတိကြီးခမျာ သူ့နိုင်ငံသူနိုင်ငံသားတို့ရဲ့အထာကို ကျွမ်းသူဖြစ်လေတော့၊ ကိုဗစ်ပထမလှိုင်းကို ကျော်နိုင်ခဲ့ပြီဖြစ်ပေမဲ့ ကိုဗစ်ရှိနေသေးတယ်နော်။လူထုပေါ့လာကြတယ်။မပေါ့ကြပါနဲ့။ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လူတိုင်းလိုက်နာကြပါလို့ သူ့စကားကို အနားသတ်ရှာပါတယ်။

ပြည်တွင်း ကိုဗစ်ရောဂါကူးစက်မှု တစ်လကျော်ရုံကျော်လာချိန် (၁၆.၈.၂၀၂၀) ရက်နေ့မှာတော့ ပြည်တွင်းရောဂါကူးစက်ခံထားရသူ ၂ ယောက်ကို၊ ရခိုင်ပြည်နယ်မှာ တွေ့လိုက်ရပါပြီ။အဲဒီနေ့ကစပြီး ဒီကနေ့ (၁၀.၉.၂၀၂၀) မနက် ၈ နာရီထိ ၂ ပတ်ကျော်အတွင်း ကူးစက်ခံရသူများအပါအဝင် ၂၀၀၉ ဦးထိ ရှိလာပြီး သေဆုံးသူ ၁၂ ဦးရှိလာပါပြီ။ ၁၆ ရက်အတွင်း နေ့တိုင်းရောဂါကူးစက်ခံရသူတွေရှိကြောင်း တွေ့လာရပြီး ကူးစက်ခံရသူအရေအတွက် ရာချီရှိလာတာကို အဖြေရှာမယ်ဆိုရင် ရွှေမြန်မာတို့ရဲ့ တက်ထောင်တတ်တဲ့ဉာဉ်ကြောင့် ဖြစ်ရတာပါ။

ကမ္ဘာပေါ်က ယူနိခ် ချာယာဏသီ ရွှေမြန်မာပြည်က ရွှေမြန်မာတွေမှာ ဘယ်နိုင်ငံသူနိုင်ငံသားတွေမှာမှ မတွေ့နိုင်တဲ့ ယူနိခ်တွေအများကြီးပါပဲ။တွေ့ရာနေရာ အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာဆိုတဲ့ အသေးအဖွဲစည်းကမ်းကအစ၊ တန်းစီ ဘတ်စ်ကားပေါ်၊ ရထားပေါ်၊ သင်္ဘောပေါ် တန်းစီမတက်၊ မဆင်းဘဲ၊ တိုးဝှေ့ဆင်းတက်ရတာကို ဝါသနာထုံလှသူတွေပါ။
ဒီလိုသေးဖွဲတဲ့ စည်းကမ်းတွေကိုတောင် မလိုက်နာတဲ့ ရွှေမြန်မာတို့ဟာ အသက်ဘေးအန္တရာယ်ရှိခါမှရှိရော ရင်းရဲကြတဲ့သတ္တိဆိုတာ နည်းတာမှတ်လို့။သတ္တိဆိုပေမဲ့ မိုက်သတ္တိ၊ မျက်ကန်းသတ္တိသာဖြစ်ပါတယ်။စစ်တွေက ရန်ကုန်ကို လေယာဉ်နဲ့ပြန်လာသူတွေအားလုံး မိမိအသိနဲ့ မိမိသက်ဆိုင်ရာဆေးကုသရေးအဖွဲ့တွေနဲ့ ဆက်သွယ်ကြဖို့ အစိုးရနဲ့ တာဝန်ရှိသူတွေက ဘယ်လိုပဲဆော်ဩပါစေ၊ မဆက်သွယ်သူ ၂၀၀၀ ကျော် ရှိနေပါသတဲ့။နိုင်ငံတော်၏ အဓိပတိက ဒီလိုခြေရာဖျောက်နေသူတွေရဲ့ အမည်စာရင်းနဲ့ လိပ်စာတွေကို ကြေညာမယ်။လာရောက်မဆက်သွယ် ဆေးစစ်မခံယူသူတွေကို ဥပဒေအရ အရေးယူတော့မယ်လို့ (၇.၉.၂၀၂၀) မှာ ပြောဆိုသွားရတဲ့ထိ အသိနည်းပါးတဲ့ ရွှေမြန်မာတွေရှိနေပါတယ်။

ပြည်တွင်းကူးစက်မှုရပ်ဆိုင်းနေတဲ့ တစ်လကျော်အတွင်း တိတ်တိတ်ခိုးဖွင့်တဲ့ ကေတီဗွီတွေ၊ အနှိပ်ခန်းတွေနဲ့ တည်းခိုခန်းအငယ်လေးတွေဟာ သက်ဆိုင်ရာနယ်ထိန်း မသိမရှိပါဘူး။ဒါပေမဲ့ ဒီနေရာဌာနတွေကို မသိကျိုးကျွန်ပြုပြီးမနေဘဲ ဖမ်းပါ၊ ထိထိရောက်ရောက် အရေးယူပါလို့ နိုင်ငံတော်၏ အဓိပတိက လူသိရှင်ကြားထုတ်ပြောပြီး နောက်နေ့ကစလို့ ဖမ်းဆီးခံရတဲ့ အနှိပ်ခန်းတွေ၊ ကေတီဗွီတွေ၊ အဲဒီနေရာဌာနတွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ မိန်းကလေးတွေပုံတွေကို နေ့စဉ် သတင်းမီဒီယာမှာတွေ့လာရပါပြီ။

အသိပညာနည်းပါးတဲ့ လူတချို့၊ တာဝန်ကိုလျစ်လျူရှုပြီး ဖြစ်ချင်ရာဖြစ် ညဘက်စုဝေးပျော်ပါးရတဲ့ နေရာတွေကို မသိကျိုးကျွန်ပြုထားတဲ့ အမှုထမ်း အရာထမ်းတွေကြောင့် ကိုဗစ်ဒုတိယလှိုင်းဟာ မြန်မာနိုင်ငံကို စိန်ခေါ်နေပါပြီ။ရွေမြန်မာတို့ဟာ ကိုဗစ်ရောဂါ ပထမလှိုင်းဝင်လာတုန်းက ကာကွယ်တားဆီးထိန်းချုပ်ရေးကို ထိထိရောက်ရောက်လုပ်နိုင်ခဲ့ပေမဲ့၊ ရွှေမြန်မာတို့ရဲ့ထုံးစံ ရောဂါအပြီးမထွက်ခွာခင်၊ သတိနဲ့ဆက်မနေသူ များပြားလာပြီး တက်ထောင်တဲ့ဆိုးကျိုးကို လူထုတစ်ရပ်လုံး ခံစားကြရပါပြီ။ကိုဗစ်ရောဂါ စတင်ဖြစ်ပွားတာ ရွှေမြန်မာတို့ထက်စောပြီး ကူးစက်မှုလည်း မြန်မာထက်ပိုများပြားခဲ့တဲ့ ထိုင်းနိုင်ငံမှာ အခုဆိုရင် ပြည်တွင်းရောဂါကူးစက်မှုမရှိတာ ၃ လကျော်သွားပါပြီ။

ရွှေမြန်မာတို့ရဲ့ အကျင့်ကတော့ ၁၉၄၆-၄၇ ဝန်းကျင်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပါပဲ။ပန်းတိုင်မရောက်ခင် တက်ထောင်တတ်ပါတယ်။ဗိုလ်ချုပ်က ပြန်ပြောပြခဲ့ဖူးပါတယ်။လွတ်လပ်ရေးကြိုးပမ်းနေတုန်း သူပုသိမ်ဘက်ရောက်တော့ လှေပြိုင်ပွဲတစ်ခုကိုတွေ့ရတယ်။ရှေ့ဆုံးရောက်နေတဲ့လှေက သူနိုင်ပြီဆိုပြီး လှော်နေတဲ့အရှိန်ကို လျှော့ချလိုက်တယ်။
ပထမနေရာရောက်နေတဲ့လှေကို နောက်ကလိုက်လာတဲ့လှေတစင်းက ကျော်တက်ပြီး ပန်းဝင်သွားတယ်။ဗိုလ်ချုပ်က မြန်မာတွေသောက်ကျင့်က ပန်းတိုင်မရောက်ခင် တက်ထောင်တတ်တယ်လို့ သတိပေးခဲ့ပါတယ်။

အခုလဲ ကိုဗစ်ရောဂါ ပထမလှိုင်းကို ကျော်နိုင်ပြီဆိုတာနဲ့ ရွှေမြန်မာတချို့ စည်းကမ်းမလိုက်နာကြတော့ပါဘူး။လူထုဘက်က အားနည်းချက်ရှိသလို တာဝန်ရှိသူတွေဘက်က အားနည်းချက်ရှိကြောင်း နေ့စဉ်ဖမ်းမိနေတဲ့ ကေတီဗွီတွေ၊ အနှိပ်ခန်းတွေက သက်သေပြနေပါတယ်။ရွှေမြန်မာတွေ ပန်းတိုင်မရောက်ခင် တက်ထောင်တတ်တဲ့အကျင့်ကို အချိန်မီမပြင်ဘူးဆိုရင် ကိုဗစ်ဒုတိယလှိုင်းကို ကျော်ဖြတ်နိုင်ဖို့မလွယ်ပါဘူး။ဒုတိယကိုဗစ်လှိုင်းကို မဖြတ်ကျော်နိုင်ခဲ့ရင် ရွှေမြန်မာတို့ ဘက်စုံဆုံးရှုံးမှုကို ရင်ဆိုင်ကြရမှာဖြစ်တဲ့အတွက် အသိနည်းတဲ့ လူထုနဲ့ အရာထမ်းအမှုထမ်းတွေကို ဖော်ထုတ်ချိန်တန်ပါပြီ။

ခင်နှင်းဦး
စက်တင်ဘာ - ၁၀

( Zawgyi )

၂၁ ရာစုနည္းပညာေခတ္မွာ ႐ြာႀကီးတစ္႐ြာျဖစ္လာတဲ့ ငါတို႔ကမာၻ စတဲ့ ဘဝင္ေတြနဲ႔ရွင္သန္ေနတဲ့ လူဆိုသူေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ဆိုတဲ့ မ်က္စိနဲ႔မျမင္ရတဲ့ အလြန္မႈန္မႊားမႊား သတၱဝါငယ္ေလးေၾကာင့္ ကြၽမ္းထိုးေမွာက္ခုံျဖစ္ကုန္ၾကရတာ ၉ လအတြင္း ခ်ဥ္းနင္းလာပါၿပီ။ကို႐ိုနာဗိုင္းရပ္စ္ဆိုတဲ့ အေကာင္ငယ္ဟာ မရွိမေကာင္း ရွိမေကာင္း အိမ္နီးခ်င္း စိနတိုင္းဆီက ခရီးစခဲ့ေပမဲ့၊ ဩဘာနမိတ္ထြန္းတဲ့ ဇမၺဴဒီပါလက္်ာေတာင္ကြၽန္းေပၚက အတုမရွိတဲ့ ခ်ာယာဏသီ ျမန္မာျပည္ကိုေတာ့ မ်က္ႏွာသာေပးခဲ့ရွာပါတယ္။ကို႐ိုနာေကာင္ငယ္ဟာ ခ်ာယာဏသီ ျမန္မာျပည္ကိုေက်ာ္လႊားၿပီး  ကမာၻပတ္ပါေလေရာ။

အင္း - စိနတိုင္းမွာ ၂၀၁၉ ဒီဇင္ဘာလကျဖစ္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ အေကာင္ငယ္ေလးဟာ၊ ေ႐ႊျမန္မာတို႔အေခၚ ယပက္လက္တိုင္းျပည္ ထိုင္းတို႔ဆီ၊ မဇၩိမတိုင္းႏိုင္ငံေတြဆီသာမက၊ ဂ်ပန္၊ မေလး၊ အင္ဒို၊ ဖိလစ္ပိုင္၊ ျပင္သစ္၊ အဂၤလန္၊ အီတလီ၊ ဂ်ာမနီ၊ အေမရိက စတဲ့ ေနရာဌာနေတြဆီ ဘယ္သူေတြနဲ႔မ်ား တြယ္ကပ္လိုက္သြားေလသလဲေတာ့ မသိပါဘူး။အဲဒီႏိုင္ငံေတြက လူေတြအမ်ားႀကီးကို အခ်ိန္တိုတိုအတြင္း ေရာဂါကူးပစ္လိုက္ေတာ့ မဟာလူသားဆိုၿပီး လက္မတေထာင္ေထာင္ လုပ္ေနသူေတြ၊ အိမ္ထဲက အိမ္ျပင္ေတာင္မထြက္ရဲတဲ့ထိ ၿငိမ္ဝပ္ပိျပားသြားၾကပါေလေရာလား။

ေဆးပညာရွင္ေတြနဲ႔ သုေတသီတြရဲ႕အေျပာအရ ဒင္းကေလးဟာ ဒုကၡေပးမယ့္ အေကာင္အသစ္စက္စက္ကေလးျဖစ္သတဲ့။ဒါနဲ႔ ဒင္းကို ဘယ္လိုမ်ိဳးျဖဳတ္ရမယ္ဆိုတာ အစပိုင္းေယာင္ဝါးဝါးျဖစ္ေနတုန္း၊ ဒင္းကေလးက ေျချမန္လက္ျမန္ ေလွ်ာက္ကူးပစ္လိုက္တာ၊ ကမာၻ႔ႏိုင္ငံအားလုံးနီးပါးဆီ ဒင္းက ေရာဂါျဖန႔္လိုက္ႏိုင္သတဲ့။ဒင္းဘယ္မွာမွန္းလဲမသိရ။
ဒင္းဘယ္သူနဲ႔ကပ္ပါလို႔ပါမွန္း မသိၾကေတာ့၊ လူေတြဟာ ႐ုံးစု႐ုံးစုမလုပ္ရဲဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးေဝးေနေရးလမ္းစဥ္ကို ေ႐ြးၾကျပန္တယ္။ေရာဂါရွိေနသူနဲ႔ ထိေတြ႕မိသူေတြ၊ ဒင္းပါလာတဲ့အမႈန္အမႊား ရႉရႈိက္မိသူေတြ၊ မ်က္လုံးထဲ ဒင္းဝင္တာခံရတဲ့သူေတြဟာ ေရာဂါကူးခံၾကရသတဲ့။ ၆ လတစ္ခါ ေဆးစစ္တဲ့ ယဥ္ေက်းမႈနဲ႔ေနထိုင္ၾကၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ ထိပ္တန္းဆိုတဲ့ ႏိုင္ငံေတြမွာေတာင္ ဒင္းသယ္ေဆာင္လာတဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ တစ္ေန႔တစ္ေန႔ ေရာဂါကူးသူေတြ ရာခ်ီ၊ ေထာင္ခ်ီ ရွိလာပါတယ္။ေန႔စဥ္ရက္ဆက္ကူးေတာ့ သိန္းဂဏန္း၊ သန္းဂဏန္းေတြထိ ေရာဂါကူးခံရသူေတြ မ်ားျပားလာပါၿပီ။ဆယ္ဂဏန္း၊ ရာဂဏန္းခ်ီ ေထာင္ဂဏန္းခ်ီ ေသၾကရတဲ့ေန႔ေတြလဲရွိလာတာေၾကာင့္ တစ္ကမာၻလုံး လုပ္ငန္းေတြ တုန႔္ဆိုင္းကုန္ပါတယ္။

ႏိုင္ငံအေတာ္မ်ားမ်ားဟာ သူတို႔ႏိုင္ငံမွာ ေရာဂါအျဖစ္မ်ားတဲ့ေနရာကို လူဝင္လူထြက္ပိတ္ပစ္ၾကရပါတယ္။ဒါနဲ႔ ေလာ့ခ္ေဒါင္း ေလာ့ခ္ေဒါင္းဆိုတဲ့အသံေတြ ညံလာပါေလေရာ။တစ္ဘက္မွာေတာ့ ေန႔ေန႔ညည လူစည္ကားလွတဲ့ ေဈးဝယ္စင္တာေတြ က်ီးနဲ႔ဖုတ္ဖုတ္။ႏိုင္ငံအခ်င္းခ်င္း ၂၄ နာရီ အၾကားအလပ္မရွိ သြားလာကူးလူးဆက္ဆံေနတဲ့ ကမာၻႀကီးပီပီ၊ လူဝင္လူထြက္ စကၠန႔္မလပ္စည္ကားၿပီး ေလယာဥ္ေတြ တစ္စင္းၿပီးတစ္စင္း ေဝဟင္ကိုထိုးပ်ံသန္းလိုက္၊ တစ္စင္းၿပီးတစ္စင္း ေဝါခနဲထိုးဆိုက္လိုက္ လည္ပတ္ေနေပးရတဲ့ နာမည္ႀကီးေလဆိပ္ေတြလဲ ပိတ္ထားၾကရလို႔ တိတ္ဆိတ္ေျခာက္ကပ္ေနတဲ့ ေနရာေတြအျဖစ္ ေျပာင္းလဲသြားပါတယ္။ေခတ္မီတိုးတက္တဲ့ ႏိုင္ငံေတြမွာ လူေတြအိမ္မွာပဲေနၿပီး ကြန္ပ်ဴတာေတြနဲ႔ အလုပ္လုပ္ၾကရတဲ့ပုံစံကို ေျပာင္းလုပ္လိုက္ၾကရပါတယ္။ေက်ာင္းေတြ တကၠသိုလ္ေတြပိတ္၊ ေဈးေတြအကန႔္အသတ္နဲ႔ဖြင့္ရၿပီး၊ ပင္လယ္ကမ္းေျခ အပန္းေျဖစခန္းေတြ၊ စာၾကည့္တိုက္နဲ႔ ျပတိုက္၊ ႐ုပ္ရွင္႐ုံလို လူအမ်ားစုေဝးရာ ေနရာမွန္သမွ်ပိတ္ထားရေတာ့ အရွိန္ျပင္းျပင္းလည္ပတ္ေနတဲ့ ကမာၻႀကီးဟာ ႐ုတ္တရက္ေလျဖတ္ခံလိုက္ရသူလို ပုံခနဲလဲက်သြားသလိုပါပဲ။

ဩဘာနမိတ္ထြန္းတဲ့ ဇမၺဴဒီပါလက်္ာေတာင္ကြၽန္းေပၚမွာ တည္ရွိတဲ့ ခ်ာယာဏသီ ျမန္မာျပည္ႀကီးကား ကံထူးေလစြ။ ၂၀၁၉ ဒီဇင္ဘာကစၿပီး စိနတိုင္း ဝူဟန္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ စျဖစ္ခဲ့တာဆိုေတာ့၊ ေ႐ႊျမန္မာျပည္ႀကီးေတာ့ နယ္နမိတ္ခ်င္းထိစပ္ေနတဲ့ စိနတိုင္းကတဆင့္ ေရာဂါကူးဖို႔က်ိန္းေသတယ္လို႔ တြက္ဆခဲ့ၾကတာပါ။ဒါေပမဲ့ ဗိုင္းရပ္စ္ေလး ကမာၻပတ္ၿပီးေရာဂါျဖန႔္တာ အရွိန္စရလာတဲ့ ဇန္နဝါရီ၊ အဲဒီေနာက္ ေဖေဖာ္ဝါရီ၊ မတ္လဆန္းထိ ခ်ာယာဏသီ ျမန္မာျပည္ကို ေရာဂါမကူးေသးပါဘူး။အဲ မတ္ ၁၂ ရက္ေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) က ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာလိုက္ပါတယ္။
ေရာဂါနာမည္ကိုလဲ ကိုဗစ္ - ၁၉ လို႔ ကင္ပြန္းတပ္ေပးလိုက္ပါတယ္။ဒီေတာ့မွ ေ႐ႊျမန္မာတို႔ ျပဴးျပာကုန္တာပါ။

အိမ္နီးခ်င္း တ႐ုတ္၊ ထိုင္း၊ အိႏၵိယ အပါအဝင္ သူမ်ားႏိုင္ငံေတြမွာ ကိုဗစ္ေရာဂါကူးစက္ခံရလို႔ အသြားအလာကန႔္သတ္ပိတ္ပင္ထားၾကခ်ိန္မွာ၊ အသြားမပ်က္၊ အလာမပ်က္ သြားလာေနတဲ့ ေ႐ႊျမန္မာတို႔လိုက္နာဖို႔ လူ ၅ ေယာက္ထက္ပိုၿပီး စုေဝးခြင့္မရွိ။မလိုအပ္ဘဲ အျပင္မထြက္ဘဲ၊ အိမ္မွာေနၾကပါ စတဲ့ စတဲ့ ၫႊန္ၾကားခ်က္ေတြ တစ္ခုၿပီးတစ္ခု အစိုးရက ထုတ္ျပန္ပါေတာ့တယ္။အဲ မတ္ ၂၂ ရက္ေန႔ညမွာေတာ့ ကိုဗစ္ေရာဂါ ကူးစက္ခံထားရသူ ေ႐ႊျမန္မာ ၂ ေယာက္ကို ခ်ာယာဏသီမွာ စေတြ႕ၿပီလို႔ က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။

ေ႐ႊျမန္မာေတြ တုန္လႈပ္သြားၾကသလို အစိုးရကလဲ စည္းကမ္းေတြ ပိုတင္းက်ပ္လိုက္ပါတယ္။တစ္သက္နဲ႔တစ္ကိုယ္ ဒီႏွစ္သၾကၤန္မွာ ေရကစားမ႑ပ္ေတြေဆာက္ခြင့္ ပိတ္လိုက္ပါတယ္။ဒါ့အျပင္ ဘယ္သူမွ လမ္းေပၚထြက္ေရမပက္ဖို႔ထိ အစိုးရကတားျမစ္ပါတယ္။ခ်ာယာဏသီ ေ႐ႊျမန္မာျပည္ဆိုတာ ယူနိခ္ (Unique)  လို႔ ဆိုရမယ့္ ကမာၻေပၚမွာ ဘယ္ႏိုင္ငံနဲ႔မွမတူ တမူထူးတဲ့ႏိုင္ငံမဟုတ္လား။ျမန္မာႏိုင္ငံရဲ႕ အပူျပင္းဆုံးရာသီအစ မတ္လကစၿပီး တျဖည္းျဖည္းအပူရွိန္ျမင့္လာတာ ဧၿပီဆို အေတာ္ကိုပူလာပါၿပီ။ဒါေပမဲ့ ေ႐ႊျမန္မာတို႔က မတ္လနဲ႔ ဧၿပီလအတြင္းမွာ ရဟန္းခံရွင္ျပဳ အလႉလုပ္ေလ့ရွိလို႔ ေနကပူနားကပူရတဲ့ကာလပါ။ရဟန္းခံရွင္ျပဳ အလႉမ႑ပ္ေတြက က်ယ္က်ယ္ေလာင္ေလာင္ဖြင့္တဲ့ စပီကာသံ ေဆာင္းေဘာက္စ္သံေတြရဲ႕ဒဏ္ဟာ သၾကၤန္နဲ႔ဆက္သြားပါေလေရာ။သၾကၤန္နားနီးလာေလေလ ျမန္မာတစ္ျပည္လုံး တလႈပ္လႈပ္တ႐ြ႐ြျဖစ္ေလပါပဲ။
႐ုံးရက္ရွည္ပိတ္လို႔ နယ္ျပန္မယ့္သူေတြ၊ နယ္က ရန္ကုန္ျပန္လာမယ့္သူေတြနဲ႔ အေဝးေျပးကားဂိတ္၊ ေလယာဥ္ကြင္း၊ သေဘၤာဆိပ္၊ ဘူတာ႐ုံ ဘယ္ေနရာၾကည့္ၾကည့္ ခရီးသြားသူေတြ ပ်ားပန္းခတ္တဲ့ရာသီပါ။ျမန္မာသကၠရာဇ္ ၁၃၈၁ ကေန ၁၃၈၂ ကူးေျပာင္းအံ့ဆဲဆဲ တေပါင္းလ (မတ္) ကစၿပီး တန္ခူးထိ (ဧၿပီ) စပီကာသံ၊ ေဆာင္းေဘာက္စ္သံ၊ ကားသံ၊ လူသံ တိတ္သြားလို႔ နားအေတာ္ေအးသြားရတာ အမွန္ပါ။

ကိုဗစ္ေက်းဇူးေၾကာင့္ စပီကာသံ၊ ေဆာင္းေဘာက္စ္သံေတြ တိတ္ဆိတ္သြားတာကို ပိစိေကြး အတိုင္းထက္အလြန္ သေဘာက်ေနပါတယ္။ဒါေပမဲ့ နားေအးပါးေအးေနရတာကို သေဘာက်ေၾကာင္း ထုတ္မျပရဲပါဘူး။အမ်ားနည္းတူ မသြားရ၊ မလာရ၊ အိမ္ထဲေျခခ်ဳပ္မိေနတာကို မႀကိဳက္ေပမဲ့ ကိုဗစ္ကို ကိုယ္ကဖိတ္ေခၚတာမွမဟုတ္တာ။ကိုယ္ဖန္တီးတာမွမဟုတ္တာ။ဒီေတာ့ ေပၚလီယာနာထုံး ႏွလုံးမူၿပီး၊ ကိုဗစ္ေၾကာင့္ နားေအးရတာကို ဝမ္းသာေနရသေပါ့။ကိုဗစ္ေရာဂါကူးစက္ခံရသူ သုံးရာေက်ာ္လာေပမဲ့ ျပည္တြင္းကူးစက္မႈ ရပ္သြားပါၿပီ။ျပည္ပကျပန္လာၾကသူတခ်ိဳ႕မွာ ေရာဂါေတြ႕ရေပမဲ့ တစ္ႀကိမ္ေတြ႕ ၁၂ ေယာက္ဟာ အမ်ားဆုံးဆိုေတာ့ တစ္ေန႔ တစ္ေန႔ ေသာင္းခ်ီ၊ သိန္းခ်ီ ကူးေနတဲ့ႏိုင္ငံေတြနဲ႔စာရင္ ေ႐ႊျမန္မာတို႔ အသက္ရႉေခ်ာင္ေနပါေသးတယ္။

ျမန္မာအစိုးရႀကီးခမ်ာ သူတို႔တိုင္းသူျပည္သားတို႔ စိတ္က်ဥ္းက်ပ္ရွာၾကမယ္ဆိုၿပီး ၅ ေယာက္ပဲ စုခြင့္ေပးရာက၊ ၁၅ စုခြင့္၊ ေနာက္ထပ္ လူ ၃၀ စုခြင့္ထိ ေျဖေလွ်ာ့ေပးရွာပါတယ္။အိမ္ထဲမွာ မြမ္းက်ပ္ခဲ့ရတဲ့ ေ႐ႊျမန္မာတို႔ လတ္လ်ားလတ္လ်ား ျပန္ထြက္လာၾကသေပါ့။တကယ္ေတာ့ ဘယ္အစိုးရျဖစ္ျဖစ္ အလိမ္ခံရတယ္ဆိုတာ အစိုးရကသာ မသိရွိမယ္။လူထုကသိပါ့။
ပိစိေကြးတို႔ရပ္ကြက္ထဲမွာ လက္ဖက္ရည္ဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြကို ဘယ္လိုစည္းကမ္းနဲ႔ညီမွ ဖြင့္ရမယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက အမိန႔္ထုတ္တာေလာက္ေတာ့ ရယ္တာေပါ့ ရယ္တာေပါ့လို႔ ရယ္သြမ္းေသြးႏိုင္သူေတြ တပုံတပင္ပါပဲ။ငဗစ္စလာၿပီ ဆိုခ်ိန္ကေန အခုေထာင္ခ်ီကူးၿပီဆိုတဲ့အခ်ိန္ထိ ဘယ္ေသာအခါမွမပိတ္တာက အရက္ပုန္းဆိုင္ေတြပါ။ရပ္ကြက္ထဲက အရက္ပုန္းဆိုင္ေတြမွာ မနက္ကစ ေန႔လယ္မက်န္၊ ညအခ်ိန္အဆုံး သူ႔ဇာတ္နဲ႔သူ႔အရပ္ စားေသာက္ခြင့္ရေနၾကေတာ့ ကံထူးသူေမာင္ရွင္ေတြဟာ မအိုေဆးမွီဝဲသူ လုလင္ႀကီးငယ္မ်ားနဲ႔ ဆိုင္ရွင္ေတြပါ။

ခ်ာယာဏသီ ျမန္မာျပည္ရဲ႕ အဓိပတိႀကီးက တစ္ခုေသာ ဗီဒီယိုကြန္ဖရင့္ဆင္းမွာ "ကြၽႏ္ုပ္တို႔၏ ခ်ာယာဏသီ ျမန္မာျပည္သည္ ပထမကိုဗစ္လႈိင္းကို ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီ" လို႔ ဟစ္ေႂကြးလိုက္ပါတယ္။ဒါေပမဲ့ အဓိပတိႀကီးခမ်ာ သူ႔ႏိုင္ငံသူႏိုင္ငံသားတို႔ရဲ႕အထာကို ကြၽမ္းသူျဖစ္ေလေတာ့၊ ကိုဗစ္ပထမလႈိင္းကို ေက်ာ္ႏိုင္ခဲ့ၿပီျဖစ္ေပမဲ့ ကိုဗစ္ရွိေနေသးတယ္ေနာ္။လူထုေပါ့လာၾကတယ္။မေပါ့ၾကပါနဲ႔။ထုတ္ျပန္ထားတဲ့ စည္းကမ္းေတြကို လူတိုင္းလိုက္နာၾကပါလို႔ သူ႔စကားကို အနားသတ္ရွာပါတယ္။

ျပည္တြင္း ကိုဗစ္ေရာဂါကူးစက္မႈ တစ္လေက်ာ္႐ုံေက်ာ္လာခ်ိန္ (၁၆.၈.၂၀၂၀) ရက္ေန႔မွာေတာ့ ျပည္တြင္းေရာဂါကူးစက္ခံထားရသူ ၂ ေယာက္ကို၊ ရခိုင္ျပည္နယ္မွာ ေတြ႕လိုက္ရပါၿပီ။အဲဒီေန႔ကစၿပီး ဒီကေန႔ (၁၀.၉.၂၀၂၀) မနက္ ၈ နာရီထိ ၂ ပတ္ေက်ာ္အတြင္း ကူးစက္ခံရသူမ်ားအပါအဝင္ ၂၀၀၉ ဦးထိ ရွိလာၿပီး ေသဆုံးသူ ၁၂ ဦးရွိလာပါၿပီ။ ၁၆ ရက္အတြင္း ေန႔တိုင္းေရာဂါကူးစက္ခံရသူေတြရွိေၾကာင္း ေတြ႕လာရၿပီး ကူးစက္ခံရသူအေရအတြက္ ရာခ်ီရွိလာတာကို အေျဖရွာမယ္ဆိုရင္ ေ႐ႊျမန္မာတို႔ရဲ႕ တက္ေထာင္တတ္တဲ့ဉာဥ္ေၾကာင့္ ျဖစ္ရတာပါ။

ကမာၻေပၚက ယူနိခ္ ခ်ာယာဏသီ ေ႐ႊျမန္မာျပည္က ေ႐ႊျမန္မာေတြမွာ ဘယ္ႏိုင္ငံသူႏိုင္ငံသားေတြမွာမွ မေတြ႕ႏိုင္တဲ့ ယူနိခ္ေတြအမ်ားႀကီးပါပဲ။ေတြ႕ရာေနရာ အမႈိက္ပစ္တာ၊ ကြမ္းတံေတြးေထြးတာဆိုတဲ့ အေသးအဖြဲစည္းကမ္းကအစ၊ တန္းစီ ဘတ္စ္ကားေပၚ၊ ရထားေပၚ၊ သေဘၤာေပၚ တန္းစီမတက္၊ မဆင္းဘဲ၊ တိုးေဝွ႔ဆင္းတက္ရတာကို ဝါသနာထုံလွသူေတြပါ။
ဒီလိုေသးဖြဲတဲ့ စည္းကမ္းေတြကိုေတာင္ မလိုက္နာတဲ့ ေ႐ႊျမန္မာတို႔ဟာ အသက္ေဘးအႏၲရာယ္ရွိခါမွရွိေရာ ရင္းရဲၾကတဲ့သတၱိဆိုတာ နည္းတာမွတ္လို႔။သတၱိဆိုေပမဲ့ မိုက္သတၱိ၊ မ်က္ကန္းသတၱိသာျဖစ္ပါတယ္။စစ္ေတြက ရန္ကုန္ကို ေလယာဥ္နဲ႔ျပန္လာသူေတြအားလုံး မိမိအသိနဲ႔ မိမိသက္ဆိုင္ရာေဆးကုသေရးအဖြဲ႕ေတြနဲ႔ ဆက္သြယ္ၾကဖို႔ အစိုးရနဲ႔ တာဝန္ရွိသူေတြက ဘယ္လိုပဲေဆာ္ဩပါေစ၊ မဆက္သြယ္သူ ၂၀၀၀ ေက်ာ္ ရွိေနပါသတဲ့။ႏိုင္ငံေတာ္၏ အဓိပတိက ဒီလိုေျခရာေဖ်ာက္ေနသူေတြရဲ႕ အမည္စာရင္းနဲ႔ လိပ္စာေတြကို ေၾကညာမယ္။လာေရာက္မဆက္သြယ္ ေဆးစစ္မခံယူသူေတြကို ဥပေဒအရ အေရးယူေတာ့မယ္လို႔ (၇.၉.၂၀၂၀) မွာ ေျပာဆိုသြားရတဲ့ထိ အသိနည္းပါးတဲ့ ေ႐ႊျမန္မာေတြရွိေနပါတယ္။

ျပည္တြင္းကူးစက္မႈရပ္ဆိုင္းေနတဲ့ တစ္လေက်ာ္အတြင္း တိတ္တိတ္ခိုးဖြင့္တဲ့ ေကတီဗြီေတြ၊ အႏွိပ္ခန္းေတြနဲ႔ တည္းခိုခန္းအငယ္ေလးေတြဟာ သက္ဆိုင္ရာနယ္ထိန္း မသိမရွိပါဘူး။ဒါေပမဲ့ ဒီေနရာဌာနေတြကို မသိက်ိဳးကြၽန္ျပဳၿပီးမေနဘဲ ဖမ္းပါ၊ ထိထိေရာက္ေရာက္ အေရးယူပါလို႔ ႏိုင္ငံေတာ္၏ အဓိပတိက လူသိရွင္ၾကားထုတ္ေျပာၿပီး ေနာက္ေန႔ကစလို႔ ဖမ္းဆီးခံရတဲ့ အႏွိပ္ခန္းေတြ၊ ေကတီဗြီေတြ၊ အဲဒီေနရာဌာနေတြမွာ အလုပ္လုပ္ကိုင္ေနၾကရတဲ့ မိန္းကေလးေတြပုံေတြကို ေန႔စဥ္ သတင္းမီဒီယာမွာေတြ႕လာရပါၿပီ။

အသိပညာနည္းပါးတဲ့ လူတခ်ိဳ႕၊ တာဝန္ကိုလ်စ္လ်ဴရႈၿပီး ျဖစ္ခ်င္ရာျဖစ္ ညဘက္စုေဝးေပ်ာ္ပါးရတဲ့ ေနရာေတြကို မသိက်ိဳးကြၽန္ျပဳထားတဲ့ အမႈထမ္း အရာထမ္းေတြေၾကာင့္ ကိုဗစ္ဒုတိယလႈိင္းဟာ ျမန္မာႏိုင္ငံကို စိန္ေခၚေနပါၿပီ။ေ႐ြျမန္မာတို႔ဟာ ကိုဗစ္ေရာဂါ ပထမလႈိင္းဝင္လာတုန္းက ကာကြယ္တားဆီးထိန္းခ်ဳပ္ေရးကို ထိထိေရာက္ေရာက္လုပ္ႏိုင္ခဲ့ေပမဲ့၊ ေ႐ႊျမန္မာတို႔ရဲ႕ထုံးစံ ေရာဂါအၿပီးမထြက္ခြာခင္၊ သတိနဲ႔ဆက္မေနသူ မ်ားျပားလာၿပီး တက္ေထာင္တဲ့ဆိုးက်ိဳးကို လူထုတစ္ရပ္လုံး ခံစားၾကရပါၿပီ။ကိုဗစ္ေရာဂါ စတင္ျဖစ္ပြားတာ ေ႐ႊျမန္မာတို႔ထက္ေစာၿပီး ကူးစက္မႈလည္း ျမန္မာထက္ပိုမ်ားျပားခဲ့တဲ့ ထိုင္းႏိုင္ငံမွာ အခုဆိုရင္ ျပည္တြင္းေရာဂါကူးစက္မႈမရွိတာ ၃ လေက်ာ္သြားပါၿပီ။

ေ႐ႊျမန္မာတို႔ရဲ႕ အက်င့္ကေတာ့ ၁၉၄၆-၄၇ ဝန္းက်င္တုန္းက ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာခဲ့သလိုပါပဲ။ပန္းတိုင္မေရာက္ခင္ တက္ေထာင္တတ္ပါတယ္။ဗိုလ္ခ်ဳပ္က ျပန္ေျပာျပခဲ့ဖူးပါတယ္။လြတ္လပ္ေရးႀကိဳးပမ္းေနတုန္း သူပုသိမ္ဘက္ေရာက္ေတာ့ ေလွၿပိဳင္ပြဲတစ္ခုကိုေတြ႕ရတယ္။ေရွ႕ဆုံးေရာက္ေနတဲ့ေလွက သူႏိုင္ၿပီဆိုၿပီး ေလွာ္ေနတဲ့အရွိန္ကို ေလွ်ာ့ခ်လိုက္တယ္။
ပထမေနရာေရာက္ေနတဲ့ေလွကို ေနာက္ကလိုက္လာတဲ့ေလွတစင္းက ေက်ာ္တက္ၿပီး ပန္းဝင္သြားတယ္။ဗိုလ္ခ်ဳပ္က ျမန္မာေတြေသာက္က်င့္က ပန္းတိုင္မေရာက္ခင္ တက္ေထာင္တတ္တယ္လို႔ သတိေပးခဲ့ပါတယ္။

အခုလဲ ကိုဗစ္ေရာဂါ ပထမလႈိင္းကို ေက်ာ္ႏိုင္ၿပီဆိုတာနဲ႔ ေ႐ႊျမန္မာတခ်ိဳ႕ စည္းကမ္းမလိုက္နာၾကေတာ့ပါဘူး။လူထုဘက္က အားနည္းခ်က္ရွိသလို တာဝန္ရွိသူေတြဘက္က အားနည္းခ်က္ရွိေၾကာင္း ေန႔စဥ္ဖမ္းမိေနတဲ့ ေကတီဗြီေတြ၊ အႏွိပ္ခန္းေတြက သက္ေသျပေနပါတယ္။ေ႐ႊျမန္မာေတြ ပန္းတိုင္မေရာက္ခင္ တက္ေထာင္တတ္တဲ့အက်င့္ကို အခ်ိန္မီမျပင္ဘူးဆိုရင္ ကိုဗစ္ဒုတိယလႈိင္းကို ေက်ာ္ျဖတ္ႏိုင္ဖို႔မလြယ္ပါဘူး။ဒုတိယကိုဗစ္လႈိင္းကို မျဖတ္ေက်ာ္ႏိုင္ခဲ့ရင္ ေ႐ႊျမန္မာတို႔ ဘက္စုံဆုံးရႈံးမႈကို ရင္ဆိုင္ၾကရမွာျဖစ္တဲ့အတြက္ အသိနည္းတဲ့ လူထုနဲ႔ အရာထမ္းအမႈထမ္းေတြကို ေဖာ္ထုတ္ခ်ိန္တန္ပါၿပီ။

ခင္ႏွင္းဦး
စက္တင္ဘာ - ၁၀