【 ဆောင်းပါး 】 ဒီမိုကရေစီနှင့် ထိုက်တန်တဲ့လူမျိုး၊ ရှက်တတ်တဲ့လူမျိုးရဲ့ တာဝန်

【 ဆောင်းပါး 】 ဒီမိုကရေစီနှင့် ထိုက်တန်တဲ့လူမျိုး၊ ရှက်တတ်တဲ့လူမျိုးရဲ့ တာဝန်

ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ပြည်သူရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။ပြည်သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားရင် အရာရာကို ပြည်သူက ဆုံးဖြတ်ဦးဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေ အရည်အသွေးနိမ့်နေရင်တော့ ပြည်သူရဲ့ ဦးဆောင်နိုင်မှု အားနည်းမှာပါ။ဒီမိုကရေစီနိုင်ငံတွေမှာ တိုင်းသူပြည်သားတွေကို ငယ်စဉ်ကလေးဘဝကစပြီး ပြည်သူပြည်သားကောင်းတစ်ယောက် ဖြစ်လာဖို့ လေ့ကျင့်ပျိုးထောင်ပေးတဲ့ လုပ်ငန်းကို မဖြစ်မနေလုပ်ကြပါတယ်။ ပြည်သူပြည်သားကောင်းတစ်ယောက် ဖြစ်လာစေဖို့ လေ့ကျင့်ပျိုးထောင်ပေးတဲ့နေရာက ကျောင်းပါ။
မူကြိုတန်းကနေ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူလေးတွေကို ကောင်းမွန်တဲ့ အလေ့အထတွေကို သင်ကြားပေးပါတယ်။

ဒီလိုလေ့ကျင့်ပျိုးထောင်ပေးလိုက်တဲ့အတွက် အမှိုက်တွေ့ကရာ မပစ်တဲ့လူမျိုး၊ အရာရာကို တန်းစီစောင့်ဆိုင်းတဲ့လူမျိုး၊ တိုးဝှေ့ဖြတ်ကျော် လုယက်မယူတဲ့လူမျိုး၊ မိမိကြောင့် သူတပါးကို အနှောင့်အယှက် မဖြစ်စေဖို့ သတိအသိရှိတဲ့လူမျိုး၊ တာဝန်နှင့် ရပိုင်ခွင့်ကို သိနားလည်သည့်လူမျိုး၊ ချမှတ်ထားတဲ့ စည်းကမ်းကအစ ဥပဒေအဆုံး လေးစားလိုက်နာတဲ့လူမျိုး၊ မကောင်းမှုကို ပြုရန်ရှက်ခြင်းကြောက်ခြင်းရှိသော လူမျိုးဖြစ်လာစေပါတယ်။ဒီအချက်တွေဟာ ပြည်သူပြည်သားကောင်းတစ်ယောက်မှာ ရှိရမယ့် အရည်အသွေးတွေထဲက တချို့မျှသာဖြစ်ပါတယ်။ဒီအချက်တွေနဲ့ ဒီကနေ့ မြန်မာတွေကို ချိန်ထိုးကြည့်ရင် မြန်မာအများစုမှာ ဒီအရည်အသွေးတွေ မရှိဘူးဆိုတာ အားလုံးသိကြပါတယ်။မြန်မာပြည် တနံတလျား ဘယ်နေရာပဲသွားသွား တူညီမှုများစွာကို တွေ့နိုင်ပါတယ်။

မြန်မာအများစုဟာ တွေ့ကရာနေရာ အမှိုက်ပစ်ကြတယ်။ကွမ်းတံတွေး ထွေးကြတယ်။ရထား၊ ကား၊ သင်္ဘောတွေပေါ် တက်တဲ့အခါ ဆင်းတဲ့အခါ တန်းစီလေ့မရှိဘဲ တိုးဝှေ့ဆင်းကြ တက်ကြတယ်။ရန်ကုန် အပါအဝင် မြို့တိုင်းရွာတိုင်းမှာ အမှိုက်ပုံတွေ စည်းကမ်းမဲ့ပစ်ထားတဲ့ အမှိုက်တွေကို တွေ့နိုင်ပါတယ်။အင်အယ်လ်ဒီအစိုးရ တက်လာတော့ လူထုကို အမှိုက်စည်းကမ်းမဲ့ မပစ်စေဖို့၊ ကွမ်းတံတွေးတွေ တွေ့ရာမထွေးဖို့၊ ကြိုးစားပေမဲ့ ထိထိရောက်ရောက် မကိုင်တွယ် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။တာဝန်ထက် ရပိုင်ခွင့်၊ ခံစားခွင့်တွေရဖို့ အားသန်နေတဲ့ လူထုနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်နဲ့ အမူအကျင့်တွေကိုလည်း ထိထိရောက်ရောက် မပြုပြင်ပေးနိုင်ခဲ့ပါဘူး။

မြန်မာတွေ ဒီလိုနေထိုင် ပြုမူခဲ့ကြတာ ကြာမြင့်ခဲ့ပြီဖြစ်လို့ မြန်မာအချင်းချင်း အသားကျနေကြပေမဲ့၊ ၁၀ နှစ်အရွယ် ဂျပန်လူငယ်လေးတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ဂျပန်သံရုံးဘေးနားမှာ ဖွင့်ထားတဲ့ ဂျပန်ကျောင်းက ၄ တန်းမှာ တက်ရောက်ပညာသင်နေတဲ့ ၁၀ နှစ်အရွယ် ဂျပန်ကျောင်းသားလေးတွေက ရန်ကုန်မြို့မှာ သူတို့ပြုပြင်ချင်တဲ့ အချက်တွေကို ၁၈.၇.၂၀၁၉ ရက်နေ့က  မြို့တော်ခန်းမမှာ မြို့တော်ဝန် အပါအဝင် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။ဂျပန်ကျောင်းသားလေးတွေ တင်ပြတဲ့ အချက်တွေက ရန်ကုန်မှာ စည်းကမ်းမဲ့ ပစ်ထားတဲ့ အမှိုက်ကိစ္စ၊ လမ်းမတွေပေါ်မှာ ဓာတ်တိုင်တွေရှိနေတာရဲ့ အန္တရာယ်တွေကို ထောက်ပြကြပါတယ်။

လမ်းမပေါ်မှာ ဓာတ်တိုင်တွေ ရှိနေတဲ့အတွက် ယာဉ်သွားလာမှုကို အနှောင့်အယှက်ဖြစ်စေပြီး လမ်းသွားလမ်းလာတွေကို အန္တရာယ်ရှိစေနိုင်ကြောင်း၊ အမှိုက်တွေကို စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့အတွက် ရေမြောင်းတွေ ပိတ်ဆို့ပြီး အမြင်မတင့်တယ်ကြောင်း၊ ဓာတ်တိုင်တွေနဲ့ သစ်ပင်သစ်ကိုင်းတွေ မလွတ်ကင်းတာကြောင့် လျှပ်စစ်အန္တရာယ်ရှိနိုင်ကြောင်း ထောက်ပြကြပါသတဲ့။၁၀ နှစ်အရွယ် ဂျပန်ကလေးတွေ ထောက်ပြတာခံရတဲ့အတွက် မျက်နှာပူမိတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောပါတယ်။

တကယ်တော့ ဂျပန်ကလေးငယ်လေးတွေဆီက ဒီလိုထောက်ပြမှု ခံရတာဟာ မြို့တော်ဝန်သာမက မြန်မာတမျိုးသားလုံး ရှက်စရာပါ။ဂျပန်မှာ အလုပ်သွားလုပ်နေတဲ့ မြန်မာတွေ အများကြီးရှိနေပါပြီ။ဂျပန်တွေ ဘယ်လိုစည်းကမ်းရှိပြီး သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေထိုင်ကြကြောင်း ဂျပန်မှာ အလုပ်သွားလုပ်တဲ့ ကျောင်းသွားတက်တဲ့ မြန်မာတွေ သိကြပါတယ်။စင်္ကာပူ၊ တရုတ် စတဲ့ နိုင်ငံတွေ ရောက်ဖူးသူတွေလဲ မြန်မာတွေလို စည်းကမ်းမဲ့ အမှိုက်မပစ်ကြတာ၊ တံတွေးမထွေးကြတာ သန့်ရှင်းသပ်ရပ်မှုကို အလေးထားတာတွေကို သိကြပါတယ်။

ဂျပန်ကလေးတွေက ကလေးပီပီ ဟန်မဆောင်တတ်ဘဲ မြန်မာတွေ စည်းကမ်းမဲ့ အမှိုက်ပစ်နေတာ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို မပြုပြင်ဘဲ နေနေတာကို ဗြောင်ဖွင့်ဟဆွေးနွေးကြတာပါ။မြန်မာနိုင်ငံထဲ ဥဒဟိုဝင်ထွက်နေကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကိုရောက်လာတဲ့ နိုင်ငံခြားသားတွေ အမြင်မှာလဲ ဒီလိုပဲအံ့သြအထင်သေးကြမှာပါ။ဂျပန်တွေဟာ ၁၉၄၀ ဝန်းကျင်ကတည်းက မြို့ပေါ်မှာမဆိုထားနဲ့ ကျေးလက်တောရွာတွေမှာပါ တန်းစီတဲ့အလေ့ကို ကျင့်သုံးနေပြီဆိုတာ အိုရှင်းရုပ်ရှင်ကားမှာ တွေ့နိုင်ပါတယ်။ကလေးတွေ မျက်လုံးထဲမှာတောင် မြန်မာရဲ့ စည်းကမ်းမဲ့မှုနဲ့ ဖြစ်သလိုနေနေကြမှုဟာ အတော်အရုပ်ဆိုးနေတယ်ဆိုတာ လေးတန်းကျောင်းသား ၁၀ နှစ်ဝန်းကျင်အရွယ် ဂျပန်လေးတွေက ပြသလိုက်ပါတယ်။

ဂျပန်ကျောင်းသားလေးတွေ ၁၀ နှစ်လောက်နဲ့ ဒီလိုဘာကြောင့်မြင်တတ်ပါသလဲ။ဂျပန်ရဲ့ ပညာရေးစနစ်ကြောင့်ပါ။ဂျပန်ကျောင်းတွေမှာ မူကြိုတန်းကစပြီး ကိုယ့်အမှိုက်ကိုယ် စနစ်တကျပစ်တတ်စေဖို့ လေ့ကျင့်ပေးပါတယ်။ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စုပေါင်းသန့်ရှင်းရေးလုပ်ပြီး မိမိအတန်းထဲ အတန်းပြင်၊ မိမိအတန်းဝန်းကျင်ကို တာဝန်ယူကြရပါတယ်။ဒါကြောင့် ရန်ကုန်မြို့ပေါ်မှာ ဖွင့်ထားတဲ့ ဂျပန်ကျောင်းတွေကို သွားလေ့လာကြည့်ပါ။ဘာအမှိုက်တစမှ မတွေ့ရဘဲ၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းစင်ကြယ်နေတာကို တွေ့ကြရပါမယ်။မူကြိုအရွယ်ကစပြီး လေ့ကျင့်ပေးလိုက်တဲ့ ဒီလိုအလေ့အကျင့်ကောင်းတွေကြောင့် ဂျပန်တွေဟာ အချိန်တိကျ လေးစားတဲ့လူမျိုး၊ စည်းကမ်းရှိတဲ့လူမျိုးအဖြစ် ကမ္ဘာမှာ နာမည်ကျော်ကြပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီပါတီ မဲနိုင်တော့ အင်အယ်လ်ဒီ စလုပ်တဲ့ လူထုလှုပ်ရှားမှုက အမှိုက်ကောက်တာပါ။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်အမှိုက်ကောက်ပြခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည် စတင်အမှိုက်ကောက်ပြတဲ့ လူထုလှုပ်ရှားမှုဟာ အရှိန်အဟုန်နဲ့ ဆက်မလုပ်နိုင်ဘဲ အခါအားလျော်စွာ ဟိုအဖွဲ့က ထွက်အမှိုက်ကောက်ပြလိုက်၊ ဒီအဖွဲ့က ထွက်အမှိုက်ကောက်ပြလိုက်၊ ပိုနေမြဲကျားနေမြဲ တွေ့ရာနေရာ အမှိုက်ပစ်လိုက်ကြ နေနေကြတာအခုတော့ ၁၀ နှစ်အရွယ် ဂျပန်ကလေးတွေ ထောက်ပြတာကို ခံရတဲ့ လူကြီးရင့်မာကြီးတွေ ဖြစ်ကြရပါပြီ။

ဓာတ်ကြိုးတွေ ဓာတ်တိုင်တွေကို ဂျပန်ကလေးတွေက ပြုပြင်ချင်ကြောင်း ဆွေးနွေးကြပေမဲ့၊ မကြာခဏ ဓာတ်လိုက်သေရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တာကို ခများလေးတွေ သိကြပုံမရပါဘူး။တနေရာရာမှာ ပြည်သူတစ်ယောက် ဓာတ်လိုက်သေရင် လျှပ်စစ်က စည်ပင်ကိုလွှဲချ၊ စည်ပင်က လျှပ်စစ်ကိုလွှဲချ လုပ်တာကလွဲလို့ ထိရောက်တဲ့ပြုပြင်မှု ဘယ်လိုလုပ်ပေးမယ်လို့ တာဝန်ရှိတဲ့ဌာနက ပြောကြားတာကို မြန်မာလူထု မရရှိခဲ့ကြပါဘူး။လွန်ခဲ့တဲ့နှစ်တွေက ရန်ကင်းမှာ တင်းနစ်ကစားရင်း လျှပ်စစ်ဓာတ်စီးဝင်နေတဲ့ ကစားကွင်း သံပန်းကွက်ကို လက်နဲ့ထိမိလို့ ဆေးကျောင်းသားတစ်ဦး သေဆုံးခဲ့ပါတယ်။တင်းနစ်ကစားကွင်းဖွင့် တရုတ်စားသောက်ဆိုင်ကို အရေးယူသလား။သက်ဆိုင်ရာ လျှပ်စစ်ရုံးက တာဝန်ရှိသူတွေကို အရေးယူသလား လူထုမသိခဲ့ရပါ။

အဲဒီနှစ်ထဲမှာပဲ တောင်ဥက္ကလာပဘက်မှာ မိုးရွာလို့ ရေတင်နေတဲ့လမ်းပေါ် ပြတ်ကျနေတဲ့ ဓာတ်ကြိုးကြောင့် စက်ဘီးစီးလာတဲ့ ကျောင်းသားလေးတစ်ယောက် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ဒီလိုဓာတ်လိုက်သေဆုံးမှုတွေ ဖြစ်လာရင် လူထုဆီက ဝေဖန်ပြစ်တင်သံတွေ ထွက်လာလိုက်၊ တာဝန်ရှိတဲ့ ဌာနက အရေးယူဆောင်ရွက်နေပါပြီ ပြောလိုက်နဲ့ နှစ်ပါးသွားလာတာ၊ အကျင့်တွေ ခေါက်ရိုးကျိုးနေကြပါပြီ။ဒီခေါက်ရိုးကျိုးနေတဲ့ မြန်မာလူထုရဲ့ အမူအကျင့်တွေ ဌာနဆိုင်ရာတွေရဲ့ လုပ်နည်းလုပ်ဟန်တွေကို အစိုးရအနေနဲ့ စီမံကိန်းချ မပြုပြင်မဆောင်ရွက်သမျှ ကာလပတ်လုံး၊ အမှိုက်ကြား အန္တရာယ်ကြားမှာ ရှက်ရကောင်းမှန်းမသိ၊ ကြောက်ရကောင်းမှန်း မသိနေနေကြတဲ့လူမျိုး ဖြစ်နေအုံးမှာပါပဲ။

လူကူးတံတားတွေကို အစိုးရက ငွေကုန်ကြေးကျခံ ဆောက်တယ်။လူများစုက ခုံးကျော်တံတားကို မသုံးဘဲ ကားလမ်းမပေါ်ကပဲ လမ်းကူးကြတာကို တွေ့မြင်ရတာ နေ့စဉ်ပါပဲ။ဂျာမနီကို ရောက်ခဲ့တဲ့ မိတ်ဆွေတစ်ယောက်က ပြောပြဖူးပါတယ်။သူ ဂျာမနီမှာနေတုန်း ဂျာမန်မိတ်ဆွေတွေနဲ့ လမ်းထွက်ပြီဆိုရင် သူတို့ဆီက အတုယူစရာ တစ်ခုမဟုတ် တစ်ခုရပါတယ်တဲ့။ဂျာမန်တွေဟာ ကားလမ်းပေါ်မှာ ကားတစ်စီးမှ မောင်းမနေတဲ့ အချိန်မျိုးမှာတောင် လူကူးမျဉ်းကြားပေါ်ကလွဲလို့ ဘယ်နေရာကမှ လမ်းကိုဖြတ်ကူးလေ့မရှိတာ တွေ့ရပါသတဲ့။ဂျာမန်တွေကို လေ့လာလိုက်တော့ မူကြိုတန်းကစပြီး အသက် ၁၂ နှစ် ထိုဂျာမန်ကလေးတွေကို လိုက်နာရမယ့် လမ်းစည်းကမ်း ကျောင်းစည်းကမ်း အမှိုက်ကိစ္စ၊ ပြည်သူပြည်သားတစ်ယောက်ရဲ့တာဝန် စတာတွေအားလုံးကို ကျောင်းတွေက သင်ကြားပေးတာ တွေ့ရတယ်တဲ့။

ဟိုအဖွဲ့ သည်အဖွဲ့တွေက ဟန်ရေးပြ အမှိုက်ကောက်တာပဲဖြစ်ဖြစ် စေတနာအရ အမှိုက်ကောက်တာပဲဖြစ်ဖြစ် ကောက်တုန်းခဏ အမှိုက်ကင်းစင်သွားပေမဲ့ နောက်ပိုင်းမှာတော့ စည်းကမ်းမဲ့ပစ်ထားတဲ့ အမှိုက်တွေ ပြန်မင်းမူကြကြောင်း မြန်မာအားလုံး အသိပါပဲ။၁၀ နှစ်အရွယ် နိုင်ငံခြားသားကလေးငယ်တွေ အထင်သေးတာခံရတဲ့ လူမျိုးအဖြစ်က လွတ်မြောက်ချင်ရင် ရှက်တတ်ရင် မြန်မာတွေရဲ့ အကျင့်ဆိုးတွေကို ရေတိုရေရှည် နည်းလမ်းနှစ်သွယ်နဲ့ ပြုပြင်ကြဖို့လိုပါပြီ။ရေတိုနည်းက အမှိုက်ကောက်ပြတာ၊ စည်းကမ်းမဲ့ အမှိုက်မပစ်ဖို့ ပညာပေးတာ၊ ပညာပေးကာလ ကျော်လွန်ရင် ထိထိရောက်ရောက် ဒဏ်ငွေရိုက် အရေးယူတာတွေ လုပ်ဖို့ပါ။ရေရှည်ကတော့ မူကြိုတန်းကစပြီး ၁၀ တန်းအောင်တဲ့ထိ ပြည်သူ့နီတိကို ထိထိရောက်ရောက် ပြန်သင်ပေးဖို့နဲ့ နိုင်ငံတကာနည်းတူ ပြည်သူပြည်သားကောင်းတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်သင်ကြားပေးဖို့ပါ။

ဒါမှသာ တာဝန်သိတဲ့ စည်းကမ်းရှိတဲ့ မြန်မာတွေ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ မြန်မာတွေ ပေါ်ထွက်လာစေမှာ ဖြစ်ပါတယ်။ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ ပြည်သူတွေ များပြားမှသာ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မြဲပါလိမ့်မယ်။ဒီမိုကရေစီအစ စာသင်ခန်းက၊ စည်းကမ်းအစ စာသင်ခန်းက၊ တာဝန်သိမှုအစ စာသင်ခန်းက ဖြစ်တာကြောင့် ပညာရေးနဲ့ ဆရာ၊ ဆရာမများရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်အတွက် ဒီမိုကရေစီစနစ်အတွက် အလွန်အရေးကြီးကြောင်း ဂျပန်ကျောင်းသားလေးတွေက သင်ပြခဲ့ပါပြီ။ရှက်စရာလူမျိုးအဖြစ်က ရုန်းထွက်ဖို့ မြန်မာတိုင်းရဲ့ တာဝန်ပါ။

ခင်နှင်းဦး
ဇူလိုင် - ၂၇

( Zawgyi )

ဒီမိုကေရစီစနစ္ က်င့္သုံးတဲ့ ႏိုင္ငံေတြမွာ ျပည္သူရဲ႕ အခန္းက႑က အေရးပါလွပါတယ္။ျပည္သူေတြရဲ႕ ကိုယ္ရည္ကိုယ္ေသြးျမင့္မားရင္ အရာရာကို ျပည္သူက ဆုံးျဖတ္ဦးေဆာင္သြားမွာျဖစ္ၿပီး ျပည္သူေတြ အရည္အေသြးနိမ့္ေနရင္ေတာ့ ျပည္သူရဲ႕ ဦးေဆာင္ႏိုင္မႈ အားနည္းမွာပါ။ဒီမိုကေရစီႏိုင္ငံေတြမွာ တိုင္းသူျပည္သားေတြကို ငယ္စဥ္ကေလးဘဝကစၿပီး ျပည္သူျပည္သားေကာင္းတစ္ေယာက္ ျဖစ္လာဖို႔ ေလ့က်င့္ပ်ိဳးေထာင္ေပးတဲ့ လုပ္ငန္းကို မျဖစ္မေနလုပ္ၾကပါတယ္။ ျပည္သူျပည္သားေကာင္းတစ္ေယာက္ ျဖစ္လာေစဖို႔ ေလ့က်င့္ပ်ိဳးေထာင္ေပးတဲ့ေနရာက ေက်ာင္းပါ။
မူႀကိဳတန္းကေန အထက္တန္းထိ ေက်ာင္းသား၊ ေက်ာင္းသူေလးေတြကို ေကာင္းမြန္တဲ့ အေလ့အထေတြကို သင္ၾကားေပးပါတယ္။

ဒီလိုေလ့က်င့္ပ်ိဳးေထာင္ေပးလိုက္တဲ့အတြက္ အမႈိက္ေတြ႕ကရာ မပစ္တဲ့လူမ်ိဳး၊ အရာရာကို တန္းစီေစာင့္ဆိုင္းတဲ့လူမ်ိဳး၊ တိုးေဝွ႔ျဖတ္ေက်ာ္ လုယက္မယူတဲ့လူမ်ိဳး၊ မိမိေၾကာင့္ သူတပါးကို အေႏွာင့္အယွက္ မျဖစ္ေစဖို႔ သတိအသိရွိတဲ့လူမ်ိဳး၊ တာဝန္ႏွင့္ ရပိုင္ခြင့္ကို သိနားလည္သည့္လူမ်ိဳး၊ ခ်မွတ္ထားတဲ့ စည္းကမ္းကအစ ဥပေဒအဆုံး ေလးစားလိုက္နာတဲ့လူမ်ိဳး၊ မေကာင္းမႈကို ျပဳရန္ရွက္ျခင္းေၾကာက္ျခင္းရွိေသာ လူမ်ိဳးျဖစ္လာေစပါတယ္။ဒီအခ်က္ေတြဟာ ျပည္သူျပည္သားေကာင္းတစ္ေယာက္မွာ ရွိရမယ့္ အရည္အေသြးေတြထဲက တခ်ိဳ႕မွ်သာျဖစ္ပါတယ္။ဒီအခ်က္ေတြနဲ႔ ဒီကေန႔ ျမန္မာေတြကို ခ်ိန္ထိုးၾကည့္ရင္ ျမန္မာအမ်ားစုမွာ ဒီအရည္အေသြးေတြ မရွိဘူးဆိုတာ အားလုံးသိၾကပါတယ္။ျမန္မာျပည္ တနံတလ်ား ဘယ္ေနရာပဲသြားသြား တူညီမႈမ်ားစြာကို ေတြ႕ႏိုင္ပါတယ္။

ျမန္မာအမ်ားစုဟာ ေတြ႕ကရာေနရာ အမႈိက္ပစ္ၾကတယ္။ကြမ္းတံေတြး ေထြးၾကတယ္။ရထား၊ ကား၊ သေဘၤာေတြေပၚ တက္တဲ့အခါ ဆင္းတဲ့အခါ တန္းစီေလ့မရွိဘဲ တိုးေဝွ႔ဆင္းၾက တက္ၾကတယ္။ရန္ကုန္ အပါအဝင္ ၿမိဳ႕တိုင္း႐ြာတိုင္းမွာ အမႈိက္ပုံေတြ စည္းကမ္းမဲ့ပစ္ထားတဲ့ အမႈိက္ေတြကို ေတြ႕ႏိုင္ပါတယ္။အင္အယ္လ္ဒီအစိုးရ တက္လာေတာ့ လူထုကို အမႈိက္စည္းကမ္းမဲ့ မပစ္ေစဖို႔၊ ကြမ္းတံေတြးေတြ ေတြ႕ရာမေထြးဖို႔၊ ႀကိဳးစားေပမဲ့ ထိထိေရာက္ေရာက္ မကိုင္တြယ္ မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။တာဝန္ထက္ ရပိုင္ခြင့္၊ ခံစားခြင့္ေတြရဖို႔ အားသန္ေနတဲ့ လူထုနဲ႔ ဝန္ထမ္းေတြရဲ႕ စိတ္ဓာတ္နဲ႔ အမူအက်င့္ေတြကိုလည္း ထိထိေရာက္ေရာက္ မျပဳျပင္ေပးႏိုင္ခဲ့ပါဘူး။

ျမန္မာေတြ ဒီလိုေနထိုင္ ျပဳမူခဲ့ၾကတာ ၾကာျမင့္ခဲ့ၿပီျဖစ္လို႔ ျမန္မာအခ်င္းခ်င္း အသားက်ေနၾကေပမဲ့၊ ၁၀ ႏွစ္အ႐ြယ္ ဂ်ပန္လူငယ္ေလးေတြအတြက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ဂ်ပန္သံ႐ုံးေဘးနားမွာ ဖြင့္ထားတဲ့ ဂ်ပန္ေက်ာင္းက ၄ တန္းမွာ တက္ေရာက္ပညာသင္ေနတဲ့ ၁၀ ႏွစ္အ႐ြယ္ ဂ်ပန္ေက်ာင္းသားေလးေတြက ရန္ကုန္ၿမိဳ႕မွာ သူတို႔ျပဳျပင္ခ်င္တဲ့ အခ်က္ေတြကို ၁၈.၇.၂၀၁၉ ရက္ေန႔က  ၿမိဳ႕ေတာ္ခန္းမမွာ ၿမိဳ႕ေတာ္ဝန္ အပါအဝင္ စည္ပင္သာယာေရးေကာ္မတီက တာဝန္ရွိသူေတြကို ေဆြးေႏြးတင္ျပခဲ့ၾကပါတယ္။ဂ်ပန္ေက်ာင္းသားေလးေတြ တင္ျပတဲ့ အခ်က္ေတြက ရန္ကုန္မွာ စည္းကမ္းမဲ့ ပစ္ထားတဲ့ အမႈိက္ကိစၥ၊ လမ္းမေတြေပၚမွာ ဓာတ္တိုင္ေတြရွိေနတာရဲ႕ အႏၲရာယ္ေတြကို ေထာက္ျပၾကပါတယ္။

လမ္းမေပၚမွာ ဓာတ္တိုင္ေတြ ရွိေနတဲ့အတြက္ ယာဥ္သြားလာမႈကို အေႏွာင့္အယွက္ျဖစ္ေစၿပီး လမ္းသြားလမ္းလာေတြကို အႏၲရာယ္ရွိေစႏိုင္ေၾကာင္း၊ အမႈိက္ေတြကို စည္းကမ္းမဲ့စြန႔္ပစ္ထားတဲ့အတြက္ ေရေျမာင္းေတြ ပိတ္ဆို႔ၿပီး အျမင္မတင့္တယ္ေၾကာင္း၊ ဓာတ္တိုင္ေတြနဲ႔ သစ္ပင္သစ္ကိုင္းေတြ မလြတ္ကင္းတာေၾကာင့္ လွ်ပ္စစ္အႏၲရာယ္ရွိႏိုင္ေၾကာင္း ေထာက္ျပၾကပါသတဲ့။၁၀ ႏွစ္အ႐ြယ္ ဂ်ပန္ကေလးေတြ ေထာက္ျပတာခံရတဲ့အတြက္ မ်က္ႏွာပူမိတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး က ေျပာပါတယ္။

တကယ္ေတာ့ ဂ်ပန္ကေလးငယ္ေလးေတြဆီက ဒီလိုေထာက္ျပမႈ ခံရတာဟာ ၿမိဳ႕ေတာ္ဝန္သာမက ျမန္မာတမ်ိဳးသားလုံး ရွက္စရာပါ။ဂ်ပန္မွာ အလုပ္သြားလုပ္ေနတဲ့ ျမန္မာေတြ အမ်ားႀကီးရွိေနပါၿပီ။ဂ်ပန္ေတြ ဘယ္လိုစည္းကမ္းရွိၿပီး သန႔္သန႔္ရွင္းရွင္း သပ္သပ္ရပ္ရပ္ ေနထိုင္ၾကေၾကာင္း ဂ်ပန္မွာ အလုပ္သြားလုပ္တဲ့ ေက်ာင္းသြားတက္တဲ့ ျမန္မာေတြ သိၾကပါတယ္။စကၤာပူ၊ တ႐ုတ္ စတဲ့ ႏိုင္ငံေတြ ေရာက္ဖူးသူေတြလဲ ျမန္မာေတြလို စည္းကမ္းမဲ့ အမႈိက္မပစ္ၾကတာ၊ တံေတြးမေထြးၾကတာ သန႔္ရွင္းသပ္ရပ္မႈကို အေလးထားတာေတြကို သိၾကပါတယ္။

ဂ်ပန္ကေလးေတြက ကေလးပီပီ ဟန္မေဆာင္တတ္ဘဲ ျမန္မာေတြ စည္းကမ္းမဲ့ အမႈိက္ပစ္ေနတာ၊ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အရာေတြကို မျပဳျပင္ဘဲ ေနေနတာကို ေျဗာင္ဖြင့္ဟေဆြးေႏြးၾကတာပါ။ျမန္မာႏိုင္ငံထဲ ဥဒဟိုဝင္ထြက္ေနၾကတဲ့ ကမာၻလွည့္ခရီးသည္ေတြနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာျပည္ကိုေရာက္လာတဲ့ ႏိုင္ငံျခားသားေတြ အျမင္မွာလဲ ဒီလိုပဲအံ့ၾသအထင္ေသးၾကမွာပါ။ဂ်ပန္ေတြဟာ ၁၉၄၀ ဝန္းက်င္ကတည္းက ၿမိဳ႕ေပၚမွာမဆိုထားနဲ႔ ေက်းလက္ေတာ႐ြာေတြမွာပါ တန္းစီတဲ့အေလ့ကို က်င့္သုံးေနၿပီဆိုတာ အိုရွင္း႐ုပ္ရွင္ကားမွာ ေတြ႕ႏိုင္ပါတယ္။ကေလးေတြ မ်က္လုံးထဲမွာေတာင္ ျမန္မာရဲ႕ စည္းကမ္းမဲ့မႈနဲ႔ ျဖစ္သလိုေနေနၾကမႈဟာ အေတာ္အ႐ုပ္ဆိုးေနတယ္ဆိုတာ ေလးတန္းေက်ာင္းသား ၁၀ ႏွစ္ဝန္းက်င္အ႐ြယ္ ဂ်ပန္ေလးေတြက ျပသလိုက္ပါတယ္။

ဂ်ပန္ေက်ာင္းသားေလးေတြ ၁၀ ႏွစ္ေလာက္နဲ႔ ဒီလိုဘာေၾကာင့္ျမင္တတ္ပါသလဲ။ဂ်ပန္ရဲ႕ ပညာေရးစနစ္ေၾကာင့္ပါ။ဂ်ပန္ေက်ာင္းေတြမွာ မူႀကိဳတန္းကစၿပီး ကိုယ့္အမႈိက္ကိုယ္ စနစ္တက်ပစ္တတ္ေစဖို႔ ေလ့က်င့္ေပးပါတယ္။ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ စုေပါင္းသန႔္ရွင္းေရးလုပ္ၿပီး မိမိအတန္းထဲ အတန္းျပင္၊ မိမိအတန္းဝန္းက်င္ကို တာဝန္ယူၾကရပါတယ္။ဒါေၾကာင့္ ရန္ကုန္ၿမိဳ႕ေပၚမွာ ဖြင့္ထားတဲ့ ဂ်ပန္ေက်ာင္းေတြကို သြားေလ့လာၾကည့္ပါ။ဘာအမႈိက္တစမွ မေတြ႕ရဘဲ၊ ေက်ာင္းတြင္း ေက်ာင္းျပင္ သန႔္ရွင္းစင္ၾကယ္ေနတာကို ေတြ႕ၾကရပါမယ္။မူႀကိဳအ႐ြယ္ကစၿပီး ေလ့က်င့္ေပးလိုက္တဲ့ ဒီလိုအေလ့အက်င့္ေကာင္းေတြေၾကာင့္ ဂ်ပန္ေတြဟာ အခ်ိန္တိက် ေလးစားတဲ့လူမ်ိဳး၊ စည္းကမ္းရွိတဲ့လူမ်ိဳးအျဖစ္ ကမာၻမွာ နာမည္ေက်ာ္ၾကပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အင္အယ္လ္ဒီပါတီ မဲႏိုင္ေတာ့ အင္အယ္လ္ဒီ စလုပ္တဲ့ လူထုလႈပ္ရွားမႈက အမႈိက္ေကာက္တာပါ။ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ထြက္အမႈိက္ေကာက္ျပခဲ့ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ စတင္အမႈိက္ေကာက္ျပတဲ့ လူထုလႈပ္ရွားမႈဟာ အရွိန္အဟုန္နဲ႔ ဆက္မလုပ္ႏိုင္ဘဲ အခါအားေလ်ာ္စြာ ဟိုအဖြဲ႕က ထြက္အမႈိက္ေကာက္ျပလိုက္၊ ဒီအဖြဲ႕က ထြက္အမႈိက္ေကာက္ျပလိုက္၊ ပိုေနၿမဲက်ားေနၿမဲ ေတြ႕ရာေနရာ အမႈိက္ပစ္လိုက္ၾက ေနေနၾကတာအခုေတာ့ ၁၀ ႏွစ္အ႐ြယ္ ဂ်ပန္ကေလးေတြ ေထာက္ျပတာကို ခံရတဲ့ လူႀကီးရင့္မာႀကီးေတြ ျဖစ္ၾကရပါၿပီ။

ဓာတ္ႀကိဳးေတြ ဓာတ္တိုင္ေတြကို ဂ်ပန္ကေလးေတြက ျပဳျပင္ခ်င္ေၾကာင္း ေဆြးေႏြးၾကေပမဲ့၊ မၾကာခဏ ဓာတ္လိုက္ေသရတဲ့ ျဖစ္ရပ္ေတြ ရွိခဲ့တာကို ခမ်ားေလးေတြ သိၾကပုံမရပါဘူး။တေနရာရာမွာ ျပည္သူတစ္ေယာက္ ဓာတ္လိုက္ေသရင္ လွ်ပ္စစ္က စည္ပင္ကိုလႊဲခ်၊ စည္ပင္က လွ်ပ္စစ္ကိုလႊဲခ် လုပ္တာကလြဲလို႔ ထိေရာက္တဲ့ျပဳျပင္မႈ ဘယ္လိုလုပ္ေပးမယ္လို႔ တာဝန္ရွိတဲ့ဌာနက ေျပာၾကားတာကို ျမန္မာလူထု မရရွိခဲ့ၾကပါဘူး။လြန္ခဲ့တဲ့ႏွစ္ေတြက ရန္ကင္းမွာ တင္းနစ္ကစားရင္း လွ်ပ္စစ္ဓာတ္စီးဝင္ေနတဲ့ ကစားကြင္း သံပန္းကြက္ကို လက္နဲ႔ထိမိလို႔ ေဆးေက်ာင္းသားတစ္ဦး ေသဆုံးခဲ့ပါတယ္။တင္းနစ္ကစားကြင္းဖြင့္ တ႐ုတ္စားေသာက္ဆိုင္ကို အေရးယူသလား။သက္ဆိုင္ရာ လွ်ပ္စစ္႐ုံးက တာဝန္ရွိသူေတြကို အေရးယူသလား လူထုမသိခဲ့ရပါ။

အဲဒီႏွစ္ထဲမွာပဲ ေတာင္ဥကၠလာပဘက္မွာ မိုး႐ြာလို႔ ေရတင္ေနတဲ့လမ္းေပၚ ျပတ္က်ေနတဲ့ ဓာတ္ႀကိဳးေၾကာင့္ စက္ဘီးစီးလာတဲ့ ေက်ာင္းသားေလးတစ္ေယာက္ ဓာတ္လိုက္ေသဆုံးခဲ့ပါတယ္။ဒီလိုဓာတ္လိုက္ေသဆုံးမႈေတြ ျဖစ္လာရင္ လူထုဆီက ေဝဖန္ျပစ္တင္သံေတြ ထြက္လာလိုက္၊ တာဝန္ရွိတဲ့ ဌာနက အေရးယူေဆာင္႐ြက္ေနပါၿပီ ေျပာလိုက္နဲ႔ ႏွစ္ပါးသြားလာတာ၊ အက်င့္ေတြ ေခါက္႐ိုးက်ိဳးေနၾကပါၿပီ။ဒီေခါက္႐ိုးက်ိဳးေနတဲ့ ျမန္မာလူထုရဲ႕ အမူအက်င့္ေတြ ဌာနဆိုင္ရာေတြရဲ႕ လုပ္နည္းလုပ္ဟန္ေတြကို အစိုးရအေနနဲ႔ စီမံကိန္းခ် မျပဳျပင္မေဆာင္႐ြက္သမွ် ကာလပတ္လုံး၊ အမႈိက္ၾကား အႏၲရာယ္ၾကားမွာ ရွက္ရေကာင္းမွန္းမသိ၊ ေၾကာက္ရေကာင္းမွန္း မသိေနေနၾကတဲ့လူမ်ိဳး ျဖစ္ေနအုံးမွာပါပဲ။

လူကူးတံတားေတြကို အစိုးရက ေငြကုန္ေၾကးက်ခံ ေဆာက္တယ္။လူမ်ားစုက ခုံးေက်ာ္တံတားကို မသုံးဘဲ ကားလမ္းမေပၚကပဲ လမ္းကူးၾကတာကို ေတြ႕ျမင္ရတာ ေန႔စဥ္ပါပဲ။ဂ်ာမနီကို ေရာက္ခဲ့တဲ့ မိတ္ေဆြတစ္ေယာက္က ေျပာျပဖူးပါတယ္။သူ ဂ်ာမနီမွာေနတုန္း ဂ်ာမန္မိတ္ေဆြေတြနဲ႔ လမ္းထြက္ၿပီဆိုရင္ သူတို႔ဆီက အတုယူစရာ တစ္ခုမဟုတ္ တစ္ခုရပါတယ္တဲ့။ဂ်ာမန္ေတြဟာ ကားလမ္းေပၚမွာ ကားတစ္စီးမွ ေမာင္းမေနတဲ့ အခ်ိန္မ်ိဳးမွာေတာင္ လူကူးမ်ဥ္းၾကားေပၚကလြဲလို႔ ဘယ္ေနရာကမွ လမ္းကိုျဖတ္ကူးေလ့မရွိတာ ေတြ႕ရပါသတဲ့။ဂ်ာမန္ေတြကို ေလ့လာလိုက္ေတာ့ မူႀကိဳတန္းကစၿပီး အသက္ ၁၂ ႏွစ္ ထိုဂ်ာမန္ကေလးေတြကို လိုက္နာရမယ့္ လမ္းစည္းကမ္း ေက်ာင္းစည္းကမ္း အမႈိက္ကိစၥ၊ ျပည္သူျပည္သားတစ္ေယာက္ရဲ႕တာဝန္ စတာေတြအားလုံးကို ေက်ာင္းေတြက သင္ၾကားေပးတာ ေတြ႕ရတယ္တဲ့။

ဟိုအဖြဲ႕ သည္အဖြဲ႕ေတြက ဟန္ေရးျပ အမႈိက္ေကာက္တာပဲျဖစ္ျဖစ္ ေစတနာအရ အမႈိက္ေကာက္တာပဲျဖစ္ျဖစ္ ေကာက္တုန္းခဏ အမႈိက္ကင္းစင္သြားေပမဲ့ ေနာက္ပိုင္းမွာေတာ့ စည္းကမ္းမဲ့ပစ္ထားတဲ့ အမႈိက္ေတြ ျပန္မင္းမူၾကေၾကာင္း ျမန္မာအားလုံး အသိပါပဲ။၁၀ ႏွစ္အ႐ြယ္ ႏိုင္ငံျခားသားကေလးငယ္ေတြ အထင္ေသးတာခံရတဲ့ လူမ်ိဳးအျဖစ္က လြတ္ေျမာက္ခ်င္ရင္ ရွက္တတ္ရင္ ျမန္မာေတြရဲ႕ အက်င့္ဆိုးေတြကို ေရတိုေရရွည္ နည္းလမ္းႏွစ္သြယ္နဲ႔ ျပဳျပင္ၾကဖို႔လိုပါၿပီ။ေရတိုနည္းက အမႈိက္ေကာက္ျပတာ၊ စည္းကမ္းမဲ့ အမႈိက္မပစ္ဖို႔ ပညာေပးတာ၊ ပညာေပးကာလ ေက်ာ္လြန္ရင္ ထိထိေရာက္ေရာက္ ဒဏ္ေငြ႐ိုက္ အေရးယူတာေတြ လုပ္ဖို႔ပါ။ေရရွည္ကေတာ့ မူႀကိဳတန္းကစၿပီး ၁၀ တန္းေအာင္တဲ့ထိ ျပည္သူ႔နီတိကို ထိထိေရာက္ေရာက္ ျပန္သင္ေပးဖို႔နဲ႔ ႏိုင္ငံတကာနည္းတူ ျပည္သူျပည္သားေကာင္းတစ္ေယာက္ျဖစ္ဖို႔ ေလ့က်င့္သင္ၾကားေပးဖို႔ပါ။

ဒါမွသာ တာဝန္သိတဲ့ စည္းကမ္းရွိတဲ့ ျမန္မာေတြ ကိုယ္ရည္ကိုယ္ေသြးျမင့္မားတဲ့ ျမန္မာေတြ ေပၚထြက္လာေစမွာ ျဖစ္ပါတယ္။ကိုယ္ရည္ကိုယ္ေသြး ျမင့္မားတဲ့ ျပည္သူေတြ မ်ားျပားမွသာ ဒီမိုကေရစီစနစ္ ရွင္သန္ခိုင္ၿမဲပါလိမ့္မယ္။ဒီမိုကေရစီအစ စာသင္ခန္းက၊ စည္းကမ္းအစ စာသင္ခန္းက၊ တာဝန္သိမႈအစ စာသင္ခန္းက ျဖစ္တာေၾကာင့္ ပညာေရးနဲ႔ ဆရာ၊ ဆရာမမ်ားရဲ႕ အခန္းက႑ဟာ တိုင္းျပည္အတြက္ ဒီမိုကေရစီစနစ္အတြက္ အလြန္အေရးႀကီးေၾကာင္း ဂ်ပန္ေက်ာင္းသားေလးေတြက သင္ျပခဲ့ပါၿပီ။ရွက္စရာလူမ်ိဳးအျဖစ္က ႐ုန္းထြက္ဖို႔ ျမန္မာတိုင္းရဲ႕ တာဝန္ပါ။

ခင္ႏွင္းဦး
ဇူလိုင္ - ၂၇