【 ဆောင်းပါး 】 တေးသံချိုချိုတက္ကသိုလ်၊ ၂၀၂၀ ရာပြည့်အကြို ပြသနေသည့် စာရေးသူ၏ စေတနာ

【 ဆောင်းပါး 】 တေးသံချိုချိုတက္ကသိုလ်၊ ၂၀၂၀ ရာပြည့်အကြို ပြသနေသည့် စာရေးသူ၏ စေတနာ

မခင်နု (ဒဿန) ရေးသားပြုစုသည့် တေးသံချိုချိုတက္ကသိုလ်၊ ၂၀၂၀ ရာပြည့်အကြို စာအုပ်ကို စိတ်ကူးချိုချို စာအုပ်တိုက်က ၂၀၁၉ ဒီဇင်ဘာ ၈ ရက်နေ့တွင် ထုတ်ဝေပါသည်။စာအုပ်တွင် အခန်း ၈ ခန်း ပါဝင်ပါသည်။ယင်းတို့မှာ မြန်မာ့သမိုင်းထဲကဂီတ၊ တက္ကသိုလ်နှစ် ၁၀ဝ ကြေးမုံမြင်ကွင်းစုံ၊ အနုပညာဒဿန၊ တက္ကသိုလ်ဖွဲ့ သီချင်းများကို အနုပညာဒဿနရှုထောင့်မှ လေ့လာဆန်းစစ်ခြင်း၊ အထွေထွေနိဂုံး၊ ကျမ်းကိုးစာရင်း၊ တေးဂီတဆိုင်ရာ ကာတွန်းများနှင့် တက္ကသိုလ်ဖွဲ့တေးသီချင်းများ ဖြစ်ကြပါသည်။

၂၀ဝ၃ ခုနှစ် ရန်ကုန်တက္ကသိုလ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် စာရေးသူ မခင်နု (ဒဿန) ၏ ကဗျာကို အဖွင့်ကဗျာအဖြစ် ဖော်ပြထားပြီး နိဒါန်း၌ စာရေးသူက အဘယ်ရည်ရွယ်ချက်ကြောင့် ဤစာအုပ်ကိုပြုစုခဲ့ကြောင်း အကျယ်တဝင့် ရှင်းလင်းဖော်ပြထားပါသည်။

အခန်း (၁) မြန်မာသမိုင်းထဲကဂီတတွင် ပျူခေတ်၊ ပုဂံခေတ်၊ မြင်စိုင်း၊ ပင်းယ၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်နှင့် ပါတော်မူပြီးစခေတ်တွင်တို့ တီးခတ်သီဆိုခဲ့သည့် ဂီတနှင့် သီချင်းများအကြောင်းကို ရေးသားဖော်ပြထားပါသည်။

အခန်း (၂) တက္ကသိုလ်နှစ် ၁၀ဝ ကြေးမုံမြင်ကွင်းစုံ ခေါင်းစဉ်အောက်တွင် ရန်ကုန်တက္ကသိုလ် ငွေရတု၊ ရွှေရတု၊ စိန်ရတုနှင့် ရာပြည့်ကာလများတွင် တွေ့ရှိရသည့် တေးသီချင်းများကို ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းကြောင်းနှင့်တကွ ပြည့်စုံစွာဖော်ပြထားပါသည်။ရန်ကုန်တက္ကသိုလ် ငွေရတုကာလ (၁၉၂၀- ၁၉၄၅) ကို ဖော်ပြရာတွင်၊ ကိုလိုနီခေတ်နှောင်း၊ ငွေရတုကာလ စစ်တေးသံများ၊ ငွေရတုကာလ ချစ်တေးသံများ၊ ရုပ်ရှင်နှင့် ကပွဲတေးသံများ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ နဂါးနီ၊ အာဏာရှင်၊ တို့ဗမာနှင့် ပါတော်မူ စသည့် ခေါင်းစဉ်ခွဲငယ်များဖြင့် ရေးသားဖော်ပြထားပါသည်။

ကိုလိုနီခေတ်နှောင်းကာလ မြန်မာ့နိုင်ငံရေး အခြေအနေကို အကျဉ်းချုံးရေးသားပြပြီးနောက်၊ ၁၉၂၀ ကျောင်းသားသပိတ်တွင် ကျဆုံးခဲ့ရသည့် ဗိုလ်အောင်ကျော် ကို ဂုဏ်ပြုရေးသားသည့် သီချင်းများပေါ်ထွက်ခဲ့ပုံကို ရေးသားထားပါသည်။ထို့နောက် တက္ကသိုလ် ငွေရတုကာလအတွင်း (၁၉၂၀-၁၉၄၅) ပေါ်ပေါက်ခဲ့သည့် တေးသီချင်းများ ပေါ်ပေါက်သီဆိုခဲ့ကြသည့် အကြောင်းရင်းခံများအား ဖော်ပြပေးထားပါသည်။ဥပမာ - ရန်ကုန်မြို့ကြီးကို မြန်မာနှင့် ဂျပန်တပ်များ ပြန်လည်သိမ်းပိုက်စဉ်၊ ဘီအိုင်အေရဲဘော်များကို တက္ကသိုလ်ကျောင်းသားကျောင်းသူများ အပါအဝင် လူထုက ဆရာရွှေတိုင်ညွှန့် ရေးသားသည့် ဖလ်နေဝင်းသီချင်းကို သီဆို၍ ကြိုဆိုခဲ့ကြပုံများနှင့် ဘီအိုင်အေ၊ ဘီဒီအေခေတ်တွင် ပေါ်ပေါက်ခဲ့သည့် သီချင်းများအကြောင်း ဖော်ပြထားပါသည်။ဗိုလ်ချုပ်အောင်ဆန်းသည် တေးဂီတ၏ အစွမ်းထက်မြက်ပုံကို သိရှိနားလည်သူဖြစ်ရာ ပြည်သူကို သီချင်းဖြင့်စည်းရုံးရန် ဆရာရွှေတိုင်ညွှန့်အား သီချင်းရေးဖွဲ့ စေခဲ့ပါသည်။ဆရာရွှေတိုင်ညွှန့် က ပြည်သူ့တပ်မတော်သီချင်းကို ၁၉၄၄ အောက်တိုဘာ ၂၃ ရက်နေ့တွင် ရေးသားပေးခဲ့ပြီး နောင်တွင် သီချင်းနာမည်ကို တပ်မတော်အင်အားဟု ပြောင်းလဲခဲ့ပုံများနှင့်တကွ အဆိုပါသီချင်းသည် ဆရာရွှေတိုင်ညွှန့်၏ နောက်ဆုံးလက်ရာဖြစ်ကြောင်း စုံလင်စွာဖော်ပြထားပါသည်။

တက္ကသိုလ် ငွေရတုကာလအတွင်း ပေါ်ပေါက်ခဲ့သည့် အချစ်သီချင်းများအဖြစ် သက်ဝေ၊ ချစ်ဒုက္ခ၊ မိုးဒေဝါ သီချင်းများကို ရေးဖွဲ့သူ၊ သီဆိုသူများနှင့်တကွ ဖော်ပြထားပါသည်။တေးသီချင်းတပုဒ်၏ ဩဇာသက်ရောက်မှု ကြီးမားပုံကို ချစ်ဒုက္ခသီချင်း သီဆိုခဲ့သည့် ရန်ကုန်တက္ကသိုလ် သမိုင်းဌာနပါမောက္ခ ဦဘညွန့်အား ချစ်ဒုက္ခဦးဘညွန့် ဟုသာ လူအများက ခေါ်ဝေါ်ကြပုံကို ပမာပြလျက် ဖော်ပြပေးထားပါသည်။ထိုခေတ်က တက္ကသိုလ်ကျောင်းသားများသည် ပညာတော်ရုံသာမက၊ ရုပ်ရှင်ရိုက်ကူးရေးဘက်တွင်လည်း ထူးချွန်ခဲ့ကြကြောင်း ကာတွန်းဦးဟိန်စွန်း နှင့် စာရေးဆရာသိန်းဖေမြင့် တို့ကို ဥပမာပြရေးသားထားပါသည်။ဦးဟိန်စွန်း ပုဂံကျောင်းဆောင်သားဘဝက ရိုက်ကူးခဲ့သည့် ဦးကလိန်ကာတွန်းရုပ်ရှင်နှင့်အတူ "လာမယ် လာမယ် မကြည်ရဲတဲ့၊ တကယ်စောင့်တဲ့အချိန်၊ မလွယ်ပေါက်နဲ့ အိမ် . . ." သီချင်း ခေတ်စားကျော်ကြားခဲ့ပုံများကို ဖတ်ရှုနိုင်ကြပါသည်။

ငွေရတုကာလတွင် ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍသည် အရေးပါလှပြီး၊ တက္ကသိုလ်ကျောင်းသားများ ပါဝင်ပတ်သက်နေသည့် နဂါးနီစာအုပ်အသင်း ပေါ်ပေါက်လာပုံနှင့် နဂါးနီသီချင်းအကြောင်းကိုလည်း ဖော်ပြပေးထားပါသည်။တက္ကသိုလ် ရွှေရတုကာလ (၁၉၄၆-၁၉၇၀) ကို နိုင်ငံတော်သီချင်းဖြင့် စတင်ရေးသားထားပါသည်။
လွတ်လပ်ရေးအကြိုကာလတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးနု တို့က သီချင်းကော်မတီဖွဲ့၍ နိုင်ငံတော်သီချင်းကို ရေးသားစေခဲ့ပါသည်။ဒေါ်စောမြအေးကြည်၊ ဦးမောင်ကလေး (လမ်းမတော်) နှင့် တက္ကသိုလ်စိုး တို့က အဖွဲ့သုံးဖွဲ့ ဖွဲ့ပြီး သီချင်း ၃ ပုဒ် ရေးပေးသော်လည်း၊ တိုင်းပြုပြည်ပြုလွှတ်တော်က မကြိုက်ပေ။သို့ဖြင့် ဝိုင်အမ်ဘီအေ ဆရာတင် ရေးသည့် တို့ဗမာသီချင်းမှ အမျိုးသားရေးမို့ ကြိုးပမ်းကြပါ စာသားနေရာမှစပြီး သံစဉ်ကိုယူလျက် သီချင်းစာသားပြောင်းထည့်လျက် ယခု မြန်မာတပြည်လုံး သီဆိုနေကြသည့် နိုင်ငံတော်သီချင်း ပေါ်ပေါက်လာပုံကိုပါ ဖော်ပြေပေးထားပါသည်။

၁၉၇၁-၁၉၉၅ စိန်ရတုကာလတွင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲအတည်ပြုရေး အချိန်ဖြစ်နေ၍ မဲရုံသို့ မဲရုံသို့ သီချင်းသံ ပေါ်ပေါက်လာကြောင်း ရေးသားထားပါသည်။ထို့နောက် တဆက်တည်း ဦးသန့် အရေးအခင်း၊ ထိုမှတဆင့် အလုပ်သမားအရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းများ တစ်ခုပြီး တစ်ခု ပေါ်လာကာ၊ ၈၈ အရေး အခင်းကြီးကို တက္ကသိုလ်ကျောင်းသားကျောင်းသူများက စခဲ့ကြပုံ။၈၈ အရေးအခင်းကို အာဏာပိုင်များက ရက်ရက်စက်စက်ဖြိုခွင်းခဲ့၍ နိုင်မြန်မာက Dust in the wind သီချင်းအလိုက်ကိုယူလျက် ရေးသားသည့် ကမ္ဘာမကျေဘူးသီချင်း ပေါ်ပေါက်ပုံကိုလည်း ဖော်ပြထားပါသည်။

စာရေးသူသည် တက္ကသိုလ် ရွှေရတုကာလတုန်းက တပည့်ဖြစ်သူ ဦးမြင့်ဆွေ နှင့် အတူပူးတွဲပြု၍ "တက္ကသိုလ်ဖွဲ့ သီချင်းများ (၁၉၂၀-၁၉၉၅) အား အနုပညာဒဿနရှုထောင့်မှ လေ့လာဆန်းစစ်ခြင်း" အမည်ရှိ စာတမ်းကို ရေးသားဖတ်ကြားခဲ့ပါသည်။ထိုစာတမ်းကို ဖြည့်စွက်လျက် တေးသံချိုချိုတက္ကသိုလ်၊  ရာပြည့်အကြိုကို ရေးသားခြင်းဖြစ်ရာ၊ သီချင်းများအား ဒဿနရှုထောင့်မှ အကဲဖြတ်ဆန်းစစ်သည့် အခန်းကို ဆက်လက်ရေးသားထားကြောင်း တွေ့ရှိရပါသည်။

အနုပညာကို ဒဿနိကဗေဒ ဘာသာရပ်ရှုထောင့်မှ လေ့လာတင်ပြရာတွင် ရသပညာ (သို့မဟုတ်) အနုပညာဒဿနနှင့် အနုပညာဒဿနဝါဒများကို အများနားလည်စေရန် ဦးစွာရှင်းပြထားပါသည်။ထို့နောက် တက္ကသိုလ် ငွေရတုကာလအတွင်း ပေါ်ထွက်ခဲ့သည့် သီချင်းများကို နိုင်ငံရေးနောက်ခံ၊ ပညာရေးနောက်ခံ၊ အမျိုးဂုဏ် ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုနောက်ခံ၊ တက္ကသိုလ်နောက်ခံ စသည့် နောက်ခံအကြောင်းတရားများကြောင့် ပေါ်ပေါက်လာပုံအကြောင်း ခွဲခြမ်းစိတ်ဖြာပြထားပါသည်။ထို့ပြင် သီချင်းများတွင် တွေ့ရှိရသည့် ဝေါဟာရအသုံးအနှုန်း၊ သံစဉ်ဖွဲ့ စည်းပုံ၊ သင်္ကေတနှင့် နမိတ်ပုံ အသုံးပြုမှုများကို ဆက်လက်ရေးသားထားပါသည်။အဆိုပါသီချင်းများကို ခံစားချက်ဝါဒ ရှုထောင့်နှင့် သရုပ်မှန်ဝါဒ ရှုထောင့်များအရ ဆက်လက်ဆန်းစစ်ပြထားပါသည်။အလားတူပင် ရွှေရတုကာလ၊ စိန်ရတုကာလအတွင်း အကြုံးဝင်သည့် တေးသီချင်းများကို ဒဿနပညာ ရှုထောင့်အရ လေ့လာတင်ပြထားပါသည်။

နိဂုံးပိုင်းတွင် မြန်မာ့ယဉ်ကျေးမှု သမိုင်းကြောင်းသည် ရှည်လျားသည်နှင့်အမျှ ထုထည်ကြီးမားကြောင်း၊ ယဉ်ကျေးမှုအနုပညာ၌ အကြုံးဝင်သည့် တေးသီချင်းတို့တွင် ခေတ်ကိုရောင်ပြန်ဟပ်မှု မလွဲမသွေတွေ့ရမည်ဖြစ်ကြောင်း နောက်ခံသမိုင်းကြောင်းအရ ပေါ်ပေါက်ခဲ့သည့် သီချင်းများကို ဥပမာပြ၍ ရေးသားထားပါသည်။

ထို့နောက် ကျမ်းကိုးစာရင်းများကို ဖော်ပြထားပြီး ကာတွန်းဆရာများက ခေတ်အလိုက်ရေးဆွဲခဲ့သည့် တေးဂီတဆိုင်ရာ ကာတွန်းများကို ဆက်လက်ဖော်ပြပေးထားပါသည်။ကာတွန်းကဏ္ဍအပြီးတွင် ခေတ်အလိုက်ပေါ် ပေါက်ခဲ့သည့် သီချင်းများစာရင်းနှင့် စာသားများကို ဖော်ပြပေးထားပါသည်။စာအုပ်အဆုံးတွင် စာရေးသူရေးဖွဲ့သည့် "ရာပြည့်ဆီ သွားကြမည်" ကဗျာကို ဖော်ပြထားရာ အဖွင့်ကဗျာနှင့်စလျက် အဆုံးကဗျာဖြင့် ပိတ်ပေးထားပါသည်။

တေးသံချိုချို . . . သည် တက္ကသိုလ်နောက်ခံ တေးသီချင်းများကို လေ့လာတင်ပြသည့် စာတမ်း (စာအုပ်) ဟု ဆိုစေကာမူ၊ စာရေးသူ၏ ရန်ကုန်တက္ကသိုလ်အပေါ် တန်ဖိုးထားသည့်စိတ်ဓာတ်၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသည့် စိတ်အခံဖြင့် ရေးသားထားသည့် စာအုပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။လက်ရှိကာလတွင် ကမ္ဘာ့တက္ကသိုလ်များ အလယ်တွင် အဆင့်များစွာနိမ့်ကျနေဆဲ တက္ကသိုလ်တစ်ခုအဖြစ် သတ်မှတ်ခံနေရသည့် ရန်ကုန်တက္ကသိုလ်သည် တချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းအသက်စွန့်ကြမည့် နိုင်ငံခေါင်းဆောင်များအား မွေးဖွားပေးရာနေရာ၊ မြန်မာတို့ ဇာတိသွေးဇာတိမာန် တက်လာစေရန် လှုံဆော်မျိုးစေ့ချပေးသည့်နေရာ၊ ခေတ်အဆက်ဆက်၏ သမိုင်းပုံရိပ်များ ထင်ဟပ်နေသည့် နေရာအဖြစ် သုတေသနရှုထောင့်၊ ဒဿနဗေဒရှုထောင်နှင့် သမိုင်းရှုထောင့်တို့မှ သုံးသပ်ပြထားပါသည်။

ဤစာအုပ်တွင် သီချင်းများကိုဖော်ပြရာ၌ ရေးစပ်သူ၊ ရေးစပ်သည့်ခုနှစ်၊ ရေးဖွဲ့ရသည့် နောက်ခံသမိုင်းကြောင်းနှင့် သီဆိုသူအမည်များကို ပြည့်စုံစွာဖော်ပြပေးထားသဖြင့် တေးဂီတဆိုင်ရာ သုတေသနပြုမည့်သူများအတွက် အလွန်အားထားရမည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ဂီတနှင့် သီချင်းကို ကိုင်တွယ်ရေးသား စုဆောင်းရသည်မှာ တက္ကသိုလ်နောက်ခံ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး ရေးရသည်ထက် များစွာပိုမိုတာဝန်ကြီးလေးပါသည်။စာရေးသူ မခင်နု (ဒဿန) သည် တိုင်းပြည်နှင့် လူမျိုးအပေါ်  ချစ်သည့် စိတ်စေတနာ၊ အမိရန်ကုန်တက္ကသိုလ်ကို ချစ်ခင်တန်ဖိုးထားသည့်စိတ်၊ တက္ကသိုလ်ဝန်းကျင်တွင် တွေ့ဆုံခဲ့ရသည့် ဆရာ၊ ဆရာမ တပည့် လုပ်ဖော်ကိုင်ဖက်များအား ချစ်ခင်တွယ်တာစိတ်၊ အမိရန်ကုန်တက္ကသိုလ်ကြီးအား တချိန်တုန်းကကဲ့သို့ ကမ္ဘာ့အလယ်တွင် ပွဲလယ်တင့်သည့် ပညာဌာနကြီးအဖြစ် ပြန်လည်တိုးတက်စေလိုသော စိတ်စေတနာများစွာဖြင့် ရေးသားထားကြောင်း တွေ့မြင်ခံစားရစေသည့် သုတေသနတစ်ပိုင်း ပါဝင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း၊ ညွှန်းဆိုလိုက်ရပါသည်။                                                                                                                                

ခင်နှင်းဦး
ဒီဇင်ဘာ - ၁၁

( Zawgyi )

မခင္ႏု (ဒႆန) ေရးသားျပဳစုသည့္ ေတးသံခ်ိဳခ်ိဳတကၠသိုလ္၊ ၂၀၂၀ ရာျပည့္အႀကိဳ စာအုပ္ကို စိတ္ကူးခ်ိဳခ်ိဳ စာအုပ္တိုက္က ၂၀၁၉ ဒီဇင္ဘာ ၈ ရက္ေန႔တြင္ ထုတ္ေဝပါသည္။စာအုပ္တြင္ အခန္း ၈ ခန္း ပါဝင္ပါသည္။ယင္းတို႔မွာ ျမန္မာ့သမိုင္းထဲကဂီတ၊ တကၠသိုလ္ႏွစ္ ၁၀ဝ ေၾကးမုံျမင္ကြင္းစုံ၊ အႏုပညာဒႆန၊ တကၠသိုလ္ဖြဲ႕ သီခ်င္းမ်ားကို အႏုပညာဒႆနရႈေထာင့္မွ ေလ့လာဆန္းစစ္ျခင္း၊ အေထြေထြနိဂုံး၊ က်မ္းကိုးစာရင္း၊ ေတးဂီတဆိုင္ရာ ကာတြန္းမ်ားႏွင့္ တကၠသိုလ္ဖြဲ႕ေတးသီခ်င္းမ်ား ျဖစ္ၾကပါသည္။

၂၀ဝ၃ ခုႏွစ္ ရန္ကုန္တကၠသိုလ္မဂၢဇင္းတြင္ ေဖာ္ျပခဲ့သည့္ စာေရးသူ မခင္ႏု (ဒႆန) ၏ ကဗ်ာကို အဖြင့္ကဗ်ာအျဖစ္ ေဖာ္ျပထားၿပီး နိဒါန္း၌ စာေရးသူက အဘယ္ရည္႐ြယ္ခ်က္ေၾကာင့္ ဤစာအုပ္ကိုျပဳစုခဲ့ေၾကာင္း အက်ယ္တဝင့္ ရွင္းလင္းေဖာ္ျပထားပါသည္။

အခန္း (၁) ျမန္မာသမိုင္းထဲကဂီတတြင္ ပ်ဴေခတ္၊ ပုဂံေခတ္၊ ျမင္စိုင္း၊ ပင္းယ၊ အင္းဝေခတ္၊ ေညာင္ရမ္းေခတ္၊ ကုန္းေဘာင္ေခတ္ႏွင့္ ပါေတာ္မူၿပီးစေခတ္တြင္တို႔ တီးခတ္သီဆိုခဲ့သည့္ ဂီတႏွင့္ သီခ်င္းမ်ားအေၾကာင္းကို ေရးသားေဖာ္ျပထားပါသည္။

အခန္း (၂) တကၠသိုလ္ႏွစ္ ၁၀ဝ ေၾကးမုံျမင္ကြင္းစုံ ေခါင္းစဥ္ေအာက္တြင္ ရန္ကုန္တကၠသိုလ္ ေငြရတု၊ ေ႐ႊရတု၊ စိန္ရတုႏွင့္ ရာျပည့္ကာလမ်ားတြင္ ေတြ႕ရွိရသည့္ ေတးသီခ်င္းမ်ားကို ေပၚေပါက္လာပုံ ေနာက္ခံသမိုင္းေၾကာင္းႏွင့္တကြ ျပည့္စုံစြာေဖာ္ျပထားပါသည္။ရန္ကုန္တကၠသိုလ္ ေငြရတုကာလ (၁၉၂၀- ၁၉၄၅) ကို ေဖာ္ျပရာတြင္၊ ကိုလိုနီေခတ္ေႏွာင္း၊ ေငြရတုကာလ စစ္ေတးသံမ်ား၊ ေငြရတုကာလ ခ်စ္ေတးသံမ်ား၊ ႐ုပ္ရွင္ႏွင့္ ကပြဲေတးသံမ်ား၊ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢ၊ နဂါးနီ၊ အာဏာရွင္၊ တို႔ဗမာႏွင့္ ပါေတာ္မူ စသည့္ ေခါင္းစဥ္ခြဲငယ္မ်ားျဖင့္ ေရးသားေဖာ္ျပထားပါသည္။

ကိုလိုနီေခတ္ေႏွာင္းကာလ ျမန္မာ့ႏိုင္ငံေရး အေျခအေနကို အက်ဥ္းခ်ဳံးေရးသားျပၿပီးေနာက္၊ ၁၉၂၀ ေက်ာင္းသားသပိတ္တြင္ က်ဆုံးခဲ့ရသည့္ ဗိုလ္ေအာင္ေက်ာ္ ကို ဂုဏ္ျပဳေရးသားသည့္ သီခ်င္းမ်ားေပၚထြက္ခဲ့ပုံကို ေရးသားထားပါသည္။ထို႔ေနာက္ တကၠသိုလ္ ေငြရတုကာလအတြင္း (၁၉၂၀-၁၉၄၅) ေပၚေပါက္ခဲ့သည့္ ေတးသီခ်င္းမ်ား ေပၚေပါက္သီဆိုခဲ့ၾကသည့္ အေၾကာင္းရင္းခံမ်ားအား ေဖာ္ျပေပးထားပါသည္။ဥပမာ - ရန္ကုန္ၿမိဳ႕ႀကီးကို ျမန္မာႏွင့္ ဂ်ပန္တပ္မ်ား ျပန္လည္သိမ္းပိုက္စဥ္၊ ဘီအိုင္ေအရဲေဘာ္မ်ားကို တကၠသိုလ္ေက်ာင္းသားေက်ာင္းသူမ်ား အပါအဝင္ လူထုက ဆရာေ႐ႊတိုင္ၫႊန႔္ ေရးသားသည့္ ဖလ္ေနဝင္းသီခ်င္းကို သီဆို၍ ႀကိဳဆိုခဲ့ၾကပုံမ်ားႏွင့္ ဘီအိုင္ေအ၊ ဘီဒီေအေခတ္တြင္ ေပၚေပါက္ခဲ့သည့္ သီခ်င္းမ်ားအေၾကာင္း ေဖာ္ျပထားပါသည္။ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ေတးဂီတ၏ အစြမ္းထက္ျမက္ပုံကို သိရွိနားလည္သူျဖစ္ရာ ျပည္သူကို သီခ်င္းျဖင့္စည္း႐ုံးရန္ ဆရာေ႐ႊတိုင္ၫႊန႔္အား သီခ်င္းေရးဖြဲ႕ ေစခဲ့ပါသည္။ဆရာေ႐ႊတိုင္ၫႊန႔္ က ျပည္သူ႔တပ္မေတာ္သီခ်င္းကို ၁၉၄၄ ေအာက္တိုဘာ ၂၃ ရက္ေန႔တြင္ ေရးသားေပးခဲ့ၿပီး ေနာင္တြင္ သီခ်င္းနာမည္ကို တပ္မေတာ္အင္အားဟု ေျပာင္းလဲခဲ့ပုံမ်ားႏွင့္တကြ အဆိုပါသီခ်င္းသည္ ဆရာေ႐ႊတိုင္ၫႊန႔္၏ ေနာက္ဆုံးလက္ရာျဖစ္ေၾကာင္း စုံလင္စြာေဖာ္ျပထားပါသည္။

တကၠသိုလ္ ေငြရတုကာလအတြင္း ေပၚေပါက္ခဲ့သည့္ အခ်စ္သီခ်င္းမ်ားအျဖစ္ သက္ေဝ၊ ခ်စ္ဒုကၡ၊ မိုးေဒဝါ သီခ်င္းမ်ားကို ေရးဖြဲ႕သူ၊ သီဆိုသူမ်ားႏွင့္တကြ ေဖာ္ျပထားပါသည္။ေတးသီခ်င္းတပုဒ္၏ ဩဇာသက္ေရာက္မႈ ႀကီးမားပုံကို ခ်စ္ဒုကၡသီခ်င္း သီဆိုခဲ့သည့္ ရန္ကုန္တကၠသိုလ္ သမိုင္းဌာနပါေမာကၡ ဦဘၫြန႔္အား ခ်စ္ဒုကၡဦးဘၫြန႔္ ဟုသာ လူအမ်ားက ေခၚေဝၚၾကပုံကို ပမာျပလ်က္ ေဖာ္ျပေပးထားပါသည္။ထိုေခတ္က တကၠသိုလ္ေက်ာင္းသားမ်ားသည္ ပညာေတာ္႐ုံသာမက၊ ႐ုပ္ရွင္႐ိုက္ကူးေရးဘက္တြင္လည္း ထူးခြၽန္ခဲ့ၾကေၾကာင္း ကာတြန္းဦးဟိန္စြန္း ႏွင့္ စာေရးဆရာသိန္းေဖျမင့္ တို႔ကို ဥပမာျပေရးသားထားပါသည္။ဦးဟိန္စြန္း ပုဂံေက်ာင္းေဆာင္သားဘဝက ႐ိုက္ကူးခဲ့သည့္ ဦးကလိန္ကာတြန္း႐ုပ္ရွင္ႏွင့္အတူ "လာမယ္ လာမယ္ မၾကည္ရဲတဲ့၊ တကယ္ေစာင့္တဲ့အခ်ိန္၊ မလြယ္ေပါက္နဲ႔ အိမ္ . . ." သီခ်င္း ေခတ္စားေက်ာ္ၾကားခဲ့ပုံမ်ားကို ဖတ္ရႈႏိုင္ၾကပါသည္။

ေငြရတုကာလတြင္ ေက်ာင္းသားသမဂၢ၏ အခန္းက႑သည္ အေရးပါလွၿပီး၊ တကၠသိုလ္ေက်ာင္းသားမ်ား ပါဝင္ပတ္သက္ေနသည့္ နဂါးနီစာအုပ္အသင္း ေပၚေပါက္လာပုံႏွင့္ နဂါးနီသီခ်င္းအေၾကာင္းကိုလည္း ေဖာ္ျပေပးထားပါသည္။တကၠသိုလ္ ေ႐ႊရတုကာလ (၁၉၄၆-၁၉၇၀) ကို ႏိုင္ငံေတာ္သီခ်င္းျဖင့္ စတင္ေရးသားထားပါသည္။
လြတ္လပ္ေရးအႀကိဳကာလတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ဦးႏု တို႔က သီခ်င္းေကာ္မတီဖြဲ႕၍ ႏိုင္ငံေတာ္သီခ်င္းကို ေရးသားေစခဲ့ပါသည္။ေဒၚေစာျမေအးၾကည္၊ ဦးေမာင္ကေလး (လမ္းမေတာ္) ႏွင့္ တကၠသိုလ္စိုး တို႔က အဖြဲ႕သုံးဖြဲ႕ ဖြဲ႕ၿပီး သီခ်င္း ၃ ပုဒ္ ေရးေပးေသာ္လည္း၊ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္က မႀကိဳက္ေပ။သို႔ျဖင့္ ဝိုင္အမ္ဘီေအ ဆရာတင္ ေရးသည့္ တို႔ဗမာသီခ်င္းမွ အမ်ိဳးသားေရးမို႔ ႀကိဳးပမ္းၾကပါ စာသားေနရာမွစၿပီး သံစဥ္ကိုယူလ်က္ သီခ်င္းစာသားေျပာင္းထည့္လ်က္ ယခု ျမန္မာတျပည္လုံး သီဆိုေနၾကသည့္ ႏိုင္ငံေတာ္သီခ်င္း ေပၚေပါက္လာပုံကိုပါ ေဖာ္ေျပေပးထားပါသည္။

၁၉၇၁-၁၉၉၅ စိန္ရတုကာလတြင္ ၁၉၇၄ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေရးဆြဲအတည္ျပဳေရး အခ်ိန္ျဖစ္ေန၍ မဲ႐ုံသို႔ မဲ႐ုံသို႔ သီခ်င္းသံ ေပၚေပါက္လာေၾကာင္း ေရးသားထားပါသည္။ထို႔ေနာက္ တဆက္တည္း ဦးသန႔္ အေရးအခင္း၊ ထိုမွတဆင့္ အလုပ္သမားအေရးအခင္း၊ မႈိင္းရာျပည့္ အေရးအခင္းမ်ား တစ္ခုၿပီး တစ္ခု ေပၚလာကာ၊ ၈၈ အေရး အခင္းႀကီးကို တကၠသိုလ္ေက်ာင္းသားေက်ာင္းသူမ်ားက စခဲ့ၾကပုံ။၈၈ အေရးအခင္းကို အာဏာပိုင္မ်ားက ရက္ရက္စက္စက္ၿဖိဳခြင္းခဲ့၍ ႏိုင္ျမန္မာက Dust in the wind သီခ်င္းအလိုက္ကိုယူလ်က္ ေရးသားသည့္ ကမာၻမေက်ဘူးသီခ်င္း ေပၚေပါက္ပုံကိုလည္း ေဖာ္ျပထားပါသည္။

စာေရးသူသည္ တကၠသိုလ္ ေ႐ႊရတုကာလတုန္းက တပည့္ျဖစ္သူ ဦးျမင့္ေဆြ ႏွင့္ အတူပူးတြဲျပဳ၍ "တကၠသိုလ္ဖြဲ႕ သီခ်င္းမ်ား (၁၉၂၀-၁၉၉၅) အား အႏုပညာဒႆနရႈေထာင့္မွ ေလ့လာဆန္းစစ္ျခင္း" အမည္ရွိ စာတမ္းကို ေရးသားဖတ္ၾကားခဲ့ပါသည္။ထိုစာတမ္းကို ျဖည့္စြက္လ်က္ ေတးသံခ်ိဳခ်ိဳတကၠသိုလ္၊  ရာျပည့္အႀကိဳကို ေရးသားျခင္းျဖစ္ရာ၊ သီခ်င္းမ်ားအား ဒႆနရႈေထာင့္မွ အကဲျဖတ္ဆန္းစစ္သည့္ အခန္းကို ဆက္လက္ေရးသားထားေၾကာင္း ေတြ႕ရွိရပါသည္။

အႏုပညာကို ဒႆနိကေဗဒ ဘာသာရပ္ရႈေထာင့္မွ ေလ့လာတင္ျပရာတြင္ ရသပညာ (သို႔မဟုတ္) အႏုပညာဒႆနႏွင့္ အႏုပညာဒႆနဝါဒမ်ားကို အမ်ားနားလည္ေစရန္ ဦးစြာရွင္းျပထားပါသည္။ထို႔ေနာက္ တကၠသိုလ္ ေငြရတုကာလအတြင္း ေပၚထြက္ခဲ့သည့္ သီခ်င္းမ်ားကို ႏိုင္ငံေရးေနာက္ခံ၊ ပညာေရးေနာက္ခံ၊ အမ်ိဳးဂုဏ္ ဇာတိဂုဏ္ႏွင့္ ယဥ္ေက်းမႈေနာက္ခံ၊ တကၠသိုလ္ေနာက္ခံ စသည့္ ေနာက္ခံအေၾကာင္းတရားမ်ားေၾကာင့္ ေပၚေပါက္လာပုံအေၾကာင္း ခြဲျခမ္းစိတ္ျဖာျပထားပါသည္။ထို႔ျပင္ သီခ်င္းမ်ားတြင္ ေတြ႕ရွိရသည့္ ေဝါဟာရအသုံးအႏႈန္း၊ သံစဥ္ဖြဲ႕ စည္းပုံ၊ သေကၤတႏွင့္ နမိတ္ပုံ အသုံးျပဳမႈမ်ားကို ဆက္လက္ေရးသားထားပါသည္။အဆိုပါသီခ်င္းမ်ားကို ခံစားခ်က္ဝါဒ ရႈေထာင့္ႏွင့္ သ႐ုပ္မွန္ဝါဒ ရႈေထာင့္မ်ားအရ ဆက္လက္ဆန္းစစ္ျပထားပါသည္။အလားတူပင္ ေ႐ႊရတုကာလ၊ စိန္ရတုကာလအတြင္း အႀကဳံးဝင္သည့္ ေတးသီခ်င္းမ်ားကို ဒႆနပညာ ရႈေထာင့္အရ ေလ့လာတင္ျပထားပါသည္။

နိဂုံးပိုင္းတြင္ ျမန္မာ့ယဥ္ေက်းမႈ သမိုင္းေၾကာင္းသည္ ရွည္လ်ားသည္ႏွင့္အမွ် ထုထည္ႀကီးမားေၾကာင္း၊ ယဥ္ေက်းမႈအႏုပညာ၌ အႀကဳံးဝင္သည့္ ေတးသီခ်င္းတို႔တြင္ ေခတ္ကိုေရာင္ျပန္ဟပ္မႈ မလြဲမေသြေတြ႕ရမည္ျဖစ္ေၾကာင္း ေနာက္ခံသမိုင္းေၾကာင္းအရ ေပၚေပါက္ခဲ့သည့္ သီခ်င္းမ်ားကို ဥပမာျပ၍ ေရးသားထားပါသည္။

ထို႔ေနာက္ က်မ္းကိုးစာရင္းမ်ားကို ေဖာ္ျပထားၿပီး ကာတြန္းဆရာမ်ားက ေခတ္အလိုက္ေရးဆြဲခဲ့သည့္ ေတးဂီတဆိုင္ရာ ကာတြန္းမ်ားကို ဆက္လက္ေဖာ္ျပေပးထားပါသည္။ကာတြန္းက႑အၿပီးတြင္ ေခတ္အလိုက္ေပၚ ေပါက္ခဲ့သည့္ သီခ်င္းမ်ားစာရင္းႏွင့္ စာသားမ်ားကို ေဖာ္ျပေပးထားပါသည္။စာအုပ္အဆုံးတြင္ စာေရးသူေရးဖြဲ႕သည့္ "ရာျပည့္ဆီ သြားၾကမည္" ကဗ်ာကို ေဖာ္ျပထားရာ အဖြင့္ကဗ်ာႏွင့္စလ်က္ အဆုံးကဗ်ာျဖင့္ ပိတ္ေပးထားပါသည္။

ေတးသံခ်ိဳခ်ိဳ . . . သည္ တကၠသိုလ္ေနာက္ခံ ေတးသီခ်င္းမ်ားကို ေလ့လာတင္ျပသည့္ စာတမ္း (စာအုပ္) ဟု ဆိုေစကာမူ၊ စာေရးသူ၏ ရန္ကုန္တကၠသိုလ္အေပၚ တန္ဖိုးထားသည့္စိတ္ဓာတ္၊ တိုင္းျပည္ႏွင့္ လူမ်ိဳးကို ခ်စ္ျမတ္ႏိုးသည့္ စိတ္အခံျဖင့္ ေရးသားထားသည့္ စာအုပ္ျဖစ္ေၾကာင္း ေတြ႕ရွိရပါသည္။လက္ရွိကာလတြင္ ကမာၻ႔တကၠသိုလ္မ်ား အလယ္တြင္ အဆင့္မ်ားစြာနိမ့္က်ေနဆဲ တကၠသိုလ္တစ္ခုအျဖစ္ သတ္မွတ္ခံေနရသည့္ ရန္ကုန္တကၠသိုလ္သည္ တခ်ိန္က ျမန္မာႏိုင္ငံ လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းအသက္စြန႔္ၾကမည့္ ႏိုင္ငံေခါင္းေဆာင္မ်ားအား ေမြးဖြားေပးရာေနရာ၊ ျမန္မာတို႔ ဇာတိေသြးဇာတိမာန္ တက္လာေစရန္ လႈံေဆာ္မ်ိဳးေစ့ခ်ေပးသည့္ေနရာ၊ ေခတ္အဆက္ဆက္၏ သမိုင္းပုံရိပ္မ်ား ထင္ဟပ္ေနသည့္ ေနရာအျဖစ္ သုေတသနရႈေထာင့္၊ ဒႆနေဗဒရႈေထာင္ႏွင့္ သမိုင္းရႈေထာင့္တို႔မွ သုံးသပ္ျပထားပါသည္။

ဤစာအုပ္တြင္ သီခ်င္းမ်ားကိုေဖာ္ျပရာ၌ ေရးစပ္သူ၊ ေရးစပ္သည့္ခုႏွစ္၊ ေရးဖြဲ႕ရသည့္ ေနာက္ခံသမိုင္းေၾကာင္းႏွင့္ သီဆိုသူအမည္မ်ားကို ျပည့္စုံစြာေဖာ္ျပေပးထားသျဖင့္ ေတးဂီတဆိုင္ရာ သုေတသနျပဳမည့္သူမ်ားအတြက္ အလြန္အားထားရမည့္ စာအုပ္တစ္အုပ္ျဖစ္ပါသည္။ဂီတႏွင့္ သီခ်င္းကို ကိုင္တြယ္ေရးသား စုေဆာင္းရသည္မွာ တကၠသိုလ္ေနာက္ခံ ၀တၳဳ၊ ကဗ်ာ၊ ေဆာင္းပါး၊ အက္ေဆး ေရးရသည္ထက္ မ်ားစြာပိုမိုတာဝန္ႀကီးေလးပါသည္။စာေရးသူ မခင္ႏု (ဒႆန) သည္ တိုင္းျပည္ႏွင့္ လူမ်ိဳးအေပၚ  ခ်စ္သည့္ စိတ္ေစတနာ၊ အမိရန္ကုန္တကၠသိုလ္ကို ခ်စ္ခင္တန္ဖိုးထားသည့္စိတ္၊ တကၠသိုလ္ဝန္းက်င္တြင္ ေတြ႕ဆုံခဲ့ရသည့္ ဆရာ၊ ဆရာမ တပည့္ လုပ္ေဖာ္ကိုင္ဖက္မ်ားအား ခ်စ္ခင္တြယ္တာစိတ္၊ အမိရန္ကုန္တကၠသိုလ္ႀကီးအား တခ်ိန္တုန္းကကဲ့သို႔ ကမာၻ႔အလယ္တြင္ ပြဲလယ္တင့္သည့္ ပညာဌာနႀကီးအျဖစ္ ျပန္လည္တိုးတက္ေစလိုေသာ စိတ္ေစတနာမ်ားစြာျဖင့္ ေရးသားထားေၾကာင္း ေတြ႕ျမင္ခံစားရေစသည့္ သုေတသနတစ္ပိုင္း ပါဝင္သည့္ စာအုပ္ေကာင္းတစ္အုပ္ျဖစ္ေၾကာင္း၊ ၫႊန္းဆိုလိုက္ရပါသည္။                                                                                                                                

ခင္ႏွင္းဦး
ဒီဇင္ဘာ - ၁၁