【 ဆောင်းပါး 】 တစ်ဈေးပြီး တစ်ဈေး

【 ဆောင်းပါး 】 တစ်ဈေးပြီး တစ်ဈေး

မန္တလေး၊ ရတနာပုံဈေး မီးလောင်ကျွမ်းပြီး တစ်လစွန်းရုံရှိသေး နောက်ထပ်တစ်ဈေး ရန်ကုန်မြို့လယ်ခေါင် သံဈေးတွင် မီးထပ်လောင်ပြန်သည်။

ရတနာပုံဈေးမီးက ၁၁ နာရီကြာ ခက်ခက်ခဲခဲငြှိမ်းသတ်ခဲ့ရသည်။ဈေးအတွင်း လူအယောက် ၃၀ ခန့် ပိတ်မိနေသည်ကို အားထည့်ကယ်ဆယ်ခဲ့ရသည်။လူအသေအပျောက်မရှိ၊ သို့သော် ပျက်စီးဆုံးရှုံးမှုမှာ ကျပ်သိန်းပေါင်းတစ်သောင်းကျော်။

ပထမအကြိမ်အဖြစ် ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ ၂၅ ရက်တုန်းကလည်း ရတနာပုံဈေး မီးလောင်ခဲ့သေးသည်။ထိုအချိန်က ဆိုင်ခန်းပေါင်း ၁၅၀၀ ကျော် မီးသင့်ခဲ့ပြီး ကျပ်သိန်းပေါင်း ၂၆,၀၀၀ ဆုံးရှုံးခဲ့သည်။ဆိုတော့ ဈေးများမီးလောင်ပြီဟေ့ဆိုလျှင် ပျက်စီးဆုံးရှုံးမှုသည် မနည်းမနော။ရတနာပုံဈေးနှင့် ကံကြမ္မာတူ ရန်ကုန်မြို့၊ မင်္ဂလာဈေးကို ကြည့်ဦးမလား။၂၀၁၀ ပြည့်နှစ်တုန်းက ပထမဆုံးအကြိမ်လောင်ကျွမ်းခဲ့သည်။၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံလောင်ကျွမ်းခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းသုံးသောင်းခြောက်ထောင်ရှိခဲ့သည်။

ယခုလမ်းမတော်သံဈေးကရော ဆုံးရှုံးမှုမည်မျှရှိသလဲမသိသေး။မင်္ဂလာဈေးနှင့် ရတနာပုံဈေးတို့လောက် ဆုံးရှုံးမှုမများနိုင်သော်လည်း သူလည်း သူ့အထွာနှင့်သူမနည်း။သံဈေးမီးလောင်မှု၏ ထူးခြားချက်မှာ မီးသတ်တပ်ဖွဲ့ဝင်များအနေနှင့် မီးငြှိမ်းသတ်နိုင်ရေးနှင့် သံဈေးအပေါ်ထပ် တိုက်ခန်းများပေါ်မှ လူများအား ကယ်ထုတ်နိုင်ရေးဆိုသည့် အလုပ်နှစ်ခုကို တစ်ပြိုင်နက်ပြုလုပ်ရခြင်းဖြစ်သည်။

ကြားသိရသလောက် ဈေးများမီးလောင်ပြီဆို ငြှိမ်းရခက်သလို မီးလောင်ချိန်လည်း ကြာလေ့ရှိသည်။မီးငြှိမ်းရခက်ရခြင်းမှာ ဈေးထဲသို့အလွယ်တကူဝင်ထွက်နိုင်သည့် အပေါက်များနည်းခြင်းကြောင့်ဟု သိရသည်။အပေါက်နည်းခြင်း၏ နောက်ထပ်ဆိုးကျိုးတစ်ခုမှာ မီးလောင်သည့်နေရာတွင်ပင် မီးခိုးများ အဆမတန်သိပ်သည်းနေခြင်းဖြစ်သည်။

ထို့ကြောင့် မီးသတ်သမားများ မီးဝင်ငြှိမ်းသတ်ခြင်းမပြုမီ ပထမဆောင်ရွက်ရသည့်ကိစ္စမှာ မီးခိုးများအပြင်သို့ထွက်အောင် အပေါက်လျှောက်ဖေါက်နေရခြင်းဖြစ်သည်။မီးခိုးများ အတန်အသင့်လျော့ပါးပြီဆိုမှ အသက်စွန့်၍ အထဲဝင်ငြှိမ်းသတ်။

သို့သော်၊ ဈေးများ၏ ထုံးစံအတိုင်း ဆိုင်အသီးသီးတွင် ကုန်ပစ္စည်းများရှိနေသဖြင့် လောင်စရာကုန်ကြမ်းများကို စိတ်ကြိုက်ရနေသလိုမို့ အချိန်တိုအတွင်းငြှိမ်းနိုင်ရန်မှာ မည်သို့မျှမလွယ်။ယခုသံဈေးဆိုလျှင် အပေါ်ထပ်လူနေတိုက်ခန်းများကို အောက်မှမီးမြှိုက်နေသကဲ့သို့ပင်၊ ထို့ပြင် အလုံးလိုက်ဆောင့်တက်လာသော မီးခိုးငွေ့များအန္တရာယ်ကလည်း ကြောက်မက်ဖွယ်။တချို့က အိပ်လို့ကောင်းဆဲ မနက် ၆ နာရီကျော်မို့ မီးလောင်လို့လောင်နေမှန်းတောင်မသိ။ယင်းသို့သောအနေအထားတွင် မီးသတ်သမားများသည် လူအသေအပျောက်မရှိ၊ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရမှုမရှိ၊ အကောင်းဆုံးကယ်တင်နိုင်ခဲ့သလို မီးကိုလည်း အချိန်သိပ်မကြာဘဲ ငြှိမ်းသတ်နိုင်ခဲ့သည်။

တစ်ချိန်က  ပြည်သူအထင်မကြီးသော မီးသတ်ဘဝမှသည် ပြည်သူတို့၏ လက်ခုပ်သံညီညာစွာဖြင့် မီးသတ်ဆို ပြည်သူတို့ အားကိုးတကြီးရှိသောဘဝသို့ သိသာထင်ရှားစွာပြောင်းလဲခဲ့ပြီဖြစ်သည်။သို့သော် မည်သည့်မီးသတ်သမားမဆို မီးမငြှိမ်းသတ်ချင်ကြသလို ပြည်သူတို့သည်လည်း မီးဆိုလျှင် အသံပင်မကြားချင်ကြပေ။

ယခုနှစ်ပိုင်းအတွင်း မီးလောင်မှုဖြစ်ပွားသည့်အရေအတွက် အတန်အသင့်ကျဆင်းခဲ့သည်ဟု ထင်မိသော်လည်း သိသိသာသာ ထိုးကျသွားခြင်းတော့မဟုတ်ပေ။အထူးသဖြင့် ဈေးများမီးလောင်ကျွမ်းခြင်းသည် မစဲ။ယခုနှစ်စမှာပင် ရတနာပုံဈေးနှင့် သံဈေး။

ဈေးများသည် ထုံးစံအတိုင်း နေရာကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်သည်။အရောင်းအဝယ်ကောင်းမွန်ပါစေကြောင်း ဆီမီးပူဇော်မှုနှင့် အမွှေးတိုင်ထွန်းသူတို့ရှိသည်။ပြီးတော့ နာမည်ကျော် ဝါယာရှော့ခ်။ကုန်ကျစရိတ် သက်သာအောင်ဟုဆိုကာ မချွေတာသင့်သည့်နေရာတွင် ချွေတာကာ ဈေးပေါသောလျှပ်စစ်ပစ္စည်းများ အသုံးပြုသည်။ထုံးစံအတိုင်း ငွေကုန်မည်စိုးသဖြင့် ပြုပြင်ထိန်းသိမ်းရေး ပြုလုပ်ရမည့်အချိန်တွင်မလုပ်။ပစ္စည်းကဟောင်းလာပြီး အသုံးပြုမှုကဆက်တိုက်ဖြစ်လာသည့် ကံဆိုးသောတစ်နေ့ရောက်တော့ နာမည်ကျော် ဝါယာရှော့ခ်ကြီးက စတင်သည်။

လူအများစုဝေးရာအရပ်တွင် ဝါယောရှော့ခ်မှမဟုတ်။ပေါ့ဆမှုတစ်ခုခုကြောင့်လည်း မီးလောင်နိုင်သည်။မီးလောင်ပြီဆိုလျှင် ကုန်ပစ္စည်းလောင်စာများကလည်းအပြည့်မို့ တစ်ဈေးလုံးကို ဝါးမြိုနိုင်သည်။ထို့ကြောင့် မီးစတင်လောင်သည်နှင့် လူအများချက်ချင်းသိအောင်နှင့် ချက်ချင်းငြှိမ်းသတ်ရန် နည်းပညာ၏ အခန်းကဏ္ဍကို မဖြစ်မနေထည့်သွင်းစဉ်းစားလာရသည်။

မီးခိုးငွေ့ကို ထောက်လှမ်းနိုင်သည့် အာရုံခံကိရိယာ၊ ပုံမှန်ထက်ပိုပူလာမှုကို အလိုအလျောက်သိသော အာရုံခံကိရိယာ။ထိုအာရုံခံကိရိယာများက ချက်ချင်းသိသည်။သိသည်နှင့်တစ်ပြိုင်နက် ဈေးလုံးအနှံ့ တပ်ဆင်ထားသော ဘဲလ်သံများ အလိုအလျောက်ထမြည်ခြင်းကြောင့် မီးလောင်နေကြောင်း တစ်ယောက်မဟုတ် တစ်ယောက်သိရှိမည်။

မီးလောင်မှန်းသိသော်လည်း ဈေး၏မည်သည့်နေရာတွင်လောင်သလဲ ရှာရဦးမည်။မီးကိုငြှိမ်းဖို့ ရေသယ်ရဦးမည်။မီးသတ်ဆေးဗူး လိုက်ရှာရဦးမည်။မီးသတ်စရာ ကိရိယာတန်ဆာပလာရပြီထားဦး၊ သာမန်ပြည်သူတို့သည် မီးသတ်သမားမဟုတ်သဖြင့် ကျွမ်းကျင်စွာမီးငြှိမ်းသတ်နိုင်ရန် မလွယ်သလို အန္တရာယ်လည်းကျရောက်လာနိုင်သည်။

ထို့ကြောင့် လူအစား နည်းပညာက ထပ်ဝင်ပါပေးပြန်သည်။အာရုံခံကိရိယာများနှင့် ချိတ်ဆက်ကာ တပ်ဆင်ထားသောရေပန်း (သို့မဟုတ်) မီးငြှိမ်းသတ် ပေါင်ဒါဖြန်းကိရိယာများသည် အာရုံခံကိရိယာက အချက်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ရေပန်းမှရေများထွက်ကျလာကာ မီးငြှိမ်းသတ်စေခြင်းဖြစ်သည်။

ယင်းသို့သော နည်းပညာမျိုးကို အလွယ်တကူလက်လှမ်းမီနေပါလျက် ဘာကြောင့်မတပ်ဆင်ကြသနည်း။ကုန်ကျစရိတ်များမည်စိုး၍ဟုဆိုကာ မချွေတာသင့်သည့်နေရာတွင် ချွေတာကြခြင်းဖြစ်သည်။ချွေတာခြင်းတွင် နှစ်မျိုးရှိကြောင်းလည်း ထပ်တွေ့ရသည်။ပထမတစ်မျိုးမှာ လုံးဝအပြတ် မီးဘေးကြိုတင်ကာကွယ်ရေးစနစ် မတပ်ဆင်ခြင်းဖြစ်သည်။ဒုတိယတစ်မျိုးမှာမူ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်ကို လူမြင်ကောင်းရုံ တပ်ဆင်ပြထားခြင်းဖြစ်သည်။

ဥပမာ - ရန်ကုန်မြို့၊ မင်္ဂလာဈေး။ဒုတိယအကြိမ်မီးလောင်ခဲ့စဉ်က အလိုအလျောက်ရေဖြန်းစနစ်များ တပ်ဆင်ထားပါလျက် ဘာ့ကြောင့်မီးလောင်ကျွမ်းရသလဲဟု မေးခွန်းထုတ်ကြသည်။သေချာစစ်ဆေးကြည့်သည့်အခါကျမှ တပ်ဆင်ထားသည့် ရေဖြန်းစနစ်မှာ အမှန်တကယ်ရေမဖြန်းနိုင်ကြောင်း တွေ့တော့သည်။ပြောရလျှင် လူမြင်ကောင်းရုံ အတုတပ်ဆင်ထားခြင်း။ဘာကြောင့် ရေမဖြန်းနိုင်တာကြီးကို အတည်ပေါက်တပ်ဆင်ထားရသလဲဟု အတွေးဆန့်ကြည့်တော့ ကျနော်တို့ဆောက်လုပ်ထားသော ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးစနစ်များပါ တပ်ဆင်ထားပါသည်ဟု ကြော်ငြာကောင်းအောင်များလားဟု ထင်ရသည်။

ဇန်နဝါရီလအတွင်းက မီးလောင်ခဲ့သည့် ရတနာပုံဈေး၏ ရာဇဝင်ကို ပြန်လှန်ကြည့်သည့်အခါတွင်လည်း ၂၀၀၈ခုနှစ်၊ ပထမအကြိမ်မီးလောင်ပြီးနောက် ပြန်လည်တည်ဆောက်သည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးခိုးအနံ့ခံစနစ်၊ အလိုအလျောက် အချက်ပြစနစ်၊ မီးသတ်ရေငုတ်များ၊ ရေဂါလံပေါင်းတစ်သိန်းကျော်ဆံ့သော ရေလှောင်ကန်များပါရှိကြောင်း  မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။ဒုတိယအကြိမ်မီးလောင်ပြီးနောက် မန္တလေးတိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး က မီးငြှိမ်းသတ်ရေးစနစ် အနည်းငယ်သာရှိသည်ဟုပြောကြားကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် 7Day News သတင်းစာ၌ ဖော်ပြထားသည်။ဆိုတော့ ရတနာပုံဈေးသည် မီးငြှိမ်းသတ်ရေးစနစ်ကို အမှန်အကန်တပ်ဆင်ထားသော်လည်း လူမြင်ကောင်းရုံ ကြော်ငြာကောင်းရုံ အနည်းငယ်မျှသာ တပ်ဆင်ပြထားသည့်သဘောဖြစ်သည်။ယခုသံဈေးဆိုလျှင် မီးဘေးကြိုတင်ကာကွယ်ရေးစနစ် လုံးဝမပါ။

ထို့ပြင် မီးလောင်ခဲ့လျှင် ငြှိမ်းသတ်ရလွယ်ကူစေရေး၊ အရေးပေါ်ထွက်ပေါက် စသဖြင့် အဆောက်အဦးကြီးများ တည်ဆောက်ရာတွင် မဖြစ်မနေထည့်သွင်းတည်ဆောက်ရမှုမှာ ၂၀၁၀ ပြည့်နှစ် ဒီဘက်တွင် ရှိလာပြီဟုသိရသည်။ဘယ်လောက်ထိရှိလာပြီလဲ၊ လုံးဝမဖြစ်မနေ တည်ဆောက်ရသလားဆိုတာတော့မသိ။

၂၀၁၀ ပြည့်နှစ် ဟိုဘက်ပိုင်း အဆောက်အဦးကြီးများကိုတော့ မပြိုလျှင်ပြီးရော ကြိုက်သလိုဆောက်ခွင့်ရသည့် သဘောမျိုးကိုလည်း တွေ့ရသည်။အထက်ပါ မီးငြှိမ်းသတ်ရလွယ်ကူရေးဆိုင်ရာ ထည့်သွင်းစဉ်းစားတည်ဆောက်ထားခြင်းမျိုး မရှိဖို့များမည်ထင်၏။အဆောက်အဦးဆိုတာက ပြန်ပြင်ဆောက်ရသည်မှာမလွယ်။သို့သော် မီးလောင်နိုင်ချေရှိပြီး မီးလောင်လျှင် ဆုံးရှုံးမှုပိုကြီးသော ဈေးကဲ့သို့သော အဆောက်အဦးမျိုးတွင် မီးခိုးနှင့် အပူအာရုံခံကိရိယာ၊ ရေဖြန်းစနစ် စသည်တို့ တပ်မည်ဆိုတပ်ဆင်နိုင်သည့် မီးဘေးကြိုတင်ကာကွယ်ရေးစနစ်များကိုမူ မတပ်မနေရ တပ်ဆင်ခိုင်းရပေမည်။

သို့မှသာလျှင် သံဈေးပြီး နောက်တစ်ဈေး ဘယ်ဈေးထပ်လာမလဲဟူ၍ တထိတ်ထိတ်ပူနေရခြင်းဘဝမှ အတန်အသင့်စိတ်အေးရပါမည်။

လင်းဆက်ငြိမ်းချမ်း
မတ် - ၅
( Zawgyi )
မႏၲေလး၊ ရတနာပုံေဈး မီးေလာင္ကြၽမ္းၿပီး တစ္လစြန္း႐ုံရွိေသး ေနာက္ထပ္တစ္ေဈး ရန္ကုန္ၿမိဳ႕လယ္ေခါင္ သံေဈးတြင္ မီးထပ္ေလာင္ျပန္သည္။

ရတနာပုံေဈးမီးက ၁၁ နာရီၾကာ ခက္ခက္ခဲခဲျငႇိမ္းသတ္ခဲ့ရသည္။ေဈးအတြင္း လူအေယာက္ ၃၀ ခန႔္ ပိတ္မိေနသည္ကို အားထည့္ကယ္ဆယ္ခဲ့ရသည္။လူအေသအေပ်ာက္မရွိ၊ သို႔ေသာ္ ပ်က္စီးဆုံးရႈံးမႈမွာ က်ပ္သိန္းေပါင္းတစ္ေသာင္းေက်ာ္။

ပထမအႀကိမ္အျဖစ္ ၂၀၀၈ ခုႏွစ္ ေဖေဖၚဝါရီ ၂၅ ရက္တုန္းကလည္း ရတနာပုံေဈး မီးေလာင္ခဲ့ေသးသည္။ထိုအခ်ိန္က ဆိုင္ခန္းေပါင္း ၁၅၀၀ ေက်ာ္ မီးသင့္ခဲ့ၿပီး က်ပ္သိန္းေပါင္း ၂၆,၀၀၀ ဆုံးရႈံးခဲ့သည္။ဆိုေတာ့ ေဈးမ်ားမီးေလာင္ၿပီေဟ့ဆိုလွ်င္ ပ်က္စီးဆုံးရႈံးမႈသည္ မနည္းမေနာ။ရတနာပုံေဈးႏွင့္ ကံၾကမၼာတူ ရန္ကုန္ၿမိဳ႕၊ မဂၤလာေဈးကို ၾကည့္ဦးမလား။၂၀၁၀ ျပည့္ႏွစ္တုန္းက ပထမဆုံးအႀကိမ္ေလာင္ကြၽမ္းခဲ့သည္။၂၀၁၆ခုႏွစ္၊ ဇန္နဝါရီ ၉ ရက္တြင္ ဒုတိယအႀကိမ္အျဖစ္ ထပ္မံေလာင္ကြၽမ္းခဲ့ရာ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး က်ပ္သိန္းသုံးေသာင္းေျခာက္ေထာင္ရွိခဲ့သည္။

ယခုလမ္းမေတာ္သံေဈးကေရာ ဆုံးရႈံးမႈမည္မွ်ရွိသလဲမသိေသး။မဂၤလာေဈးႏွင့္ ရတနာပုံေဈးတို႔ေလာက္ ဆုံးရႈံးမႈမမ်ားႏိုင္ေသာ္လည္း သူလည္း သူ႔အထြာႏွင့္သူမနည္း။သံေဈးမီးေလာင္မႈ၏ ထူးျခားခ်က္မွာ မီးသတ္တပ္ဖြဲ႕ဝင္မ်ားအေနႏွင့္ မီးျငႇိမ္းသတ္ႏိုင္ေရးႏွင့္ သံေဈးအေပၚထပ္ တိုက္ခန္းမ်ားေပၚမွ လူမ်ားအား ကယ္ထုတ္ႏိုင္ေရးဆိုသည့္ အလုပ္ႏွစ္ခုကို တစ္ၿပိဳင္နက္ျပဳလုပ္ရျခင္းျဖစ္သည္။

ၾကားသိရသေလာက္ ေဈးမ်ားမီးေလာင္ၿပီဆို ျငႇိမ္းရခက္သလို မီးေလာင္ခ်ိန္လည္း ၾကာေလ့ရွိသည္။မီးျငႇိမ္းရခက္ရျခင္းမွာ ေဈးထဲသို႔အလြယ္တကူဝင္ထြက္ႏိုင္သည့္ အေပါက္မ်ားနည္းျခင္းေၾကာင့္ဟု သိရသည္။အေပါက္နည္းျခင္း၏ ေနာက္ထပ္ဆိုးက်ိဳးတစ္ခုမွာ မီးေလာင္သည့္ေနရာတြင္ပင္ မီးခိုးမ်ား အဆမတန္သိပ္သည္းေနျခင္းျဖစ္သည္။

ထို႔ေၾကာင့္ မီးသတ္သမားမ်ား မီးဝင္ျငႇိမ္းသတ္ျခင္းမျပဳမီ ပထမေဆာင္႐ြက္ရသည့္ကိစၥမွာ မီးခိုးမ်ားအျပင္သို႔ထြက္ေအာင္ အေပါက္ေလွ်ာက္ေဖါက္ေနရျခင္းျဖစ္သည္။မီးခိုးမ်ား အတန္အသင့္ေလ်ာ့ပါးၿပီဆိုမွ အသက္စြန႔္၍ အထဲဝင္ျငႇိမ္းသတ္။

သို႔ေသာ္၊ ေဈးမ်ား၏ ထုံးစံအတိုင္း ဆိုင္အသီးသီးတြင္ ကုန္ပစၥည္းမ်ားရွိေနသျဖင့္ ေလာင္စရာကုန္ၾကမ္းမ်ားကို စိတ္ႀကိဳက္ရေနသလိုမို႔ အခ်ိန္တိုအတြင္းျငႇိမ္းႏိုင္ရန္မွာ မည္သို႔မွ်မလြယ္။ယခုသံေဈးဆိုလွ်င္ အေပၚထပ္လူေနတိုက္ခန္းမ်ားကို ေအာက္မွမီးျမႇိဳက္ေနသကဲ့သို႔ပင္၊ ထို႔ျပင္ အလုံးလိုက္ေဆာင့္တက္လာေသာ မီးခိုးေငြ႕မ်ားအႏၲရာယ္ကလည္း ေၾကာက္မက္ဖြယ္။တခ်ိဳ႕က အိပ္လို႔ေကာင္းဆဲ မနက္ ၆ နာရီေက်ာ္မို႔ မီးေလာင္လို႔ေလာင္ေနမွန္းေတာင္မသိ။ယင္းသို႔ေသာအေနအထားတြင္ မီးသတ္သမားမ်ားသည္ လူအေသအေပ်ာက္မရွိ၊ ႀကီးႀကီးမားမားထိခိုက္ဒဏ္ရာရမႈမရွိ၊ အေကာင္းဆုံးကယ္တင္ႏိုင္ခဲ့သလို မီးကိုလည္း အခ်ိန္သိပ္မၾကာဘဲ ျငႇိမ္းသတ္ႏိုင္ခဲ့သည္။

တစ္ခ်ိန္က  ျပည္သူအထင္မႀကီးေသာ မီးသတ္ဘဝမွသည္ ျပည္သူတို႔၏ လက္ခုပ္သံညီညာစြာျဖင့္ မီးသတ္ဆို ျပည္သူတို႔ အားကိုးတႀကီးရွိေသာဘဝသို႔ သိသာထင္ရွားစြာေျပာင္းလဲခဲ့ၿပီျဖစ္သည္။သို႔ေသာ္ မည္သည့္မီးသတ္သမားမဆို မီးမျငႇိမ္းသတ္ခ်င္ၾကသလို ျပည္သူတို႔သည္လည္း မီးဆိုလွ်င္ အသံပင္မၾကားခ်င္ၾကေပ။

ယခုႏွစ္ပိုင္းအတြင္း မီးေလာင္မႈျဖစ္ပြားသည့္အေရအတြက္ အတန္အသင့္က်ဆင္းခဲ့သည္ဟု ထင္မိေသာ္လည္း သိသိသာသာ ထိုးက်သြားျခင္းေတာ့မဟုတ္ေပ။အထူးသျဖင့္ ေဈးမ်ားမီးေလာင္ကြၽမ္းျခင္းသည္ မစဲ။ယခုႏွစ္စမွာပင္ ရတနာပုံေဈးႏွင့္ သံေဈး။

ေဈးမ်ားသည္ ထုံးစံအတိုင္း ေနရာက်ဥ္းက်ဥ္းက်ပ္က်ပ္ျဖစ္သည္။အေရာင္းအဝယ္ေကာင္းမြန္ပါေစေၾကာင္း ဆီမီးပူေဇာ္မႈႏွင့္ အေမႊးတိုင္ထြန္းသူတို႔ရွိသည္။ၿပီးေတာ့ နာမည္ေက်ာ္ ဝါယာေရွာ့ခ္။ကုန္က်စရိတ္ သက္သာေအာင္ဟုဆိုကာ မေခြၽတာသင့္သည့္ေနရာတြင္ ေခြၽတာကာ ေဈးေပါေသာလွ်ပ္စစ္ပစၥည္းမ်ား အသုံးျပဳသည္။ထုံးစံအတိုင္း ေငြကုန္မည္စိုးသျဖင့္ ျပဳျပင္ထိန္းသိမ္းေရး ျပဳလုပ္ရမည့္အခ်ိန္တြင္မလုပ္။ပစၥည္းကေဟာင္းလာၿပီး အသုံးျပဳမႈကဆက္တိုက္ျဖစ္လာသည့္ ကံဆိုးေသာတစ္ေန႔ေရာက္ေတာ့ နာမည္ေက်ာ္ ဝါယာေရွာ့ခ္ႀကီးက စတင္သည္။

လူအမ်ားစုေဝးရာအရပ္တြင္ ဝါေယာေရွာ့ခ္မွမဟုတ္။ေပါ့ဆမႈတစ္ခုခုေၾကာင့္လည္း မီးေလာင္ႏိုင္သည္။မီးေလာင္ၿပီဆိုလွ်င္ ကုန္ပစၥည္းေလာင္စာမ်ားကလည္းအျပည့္မို႔ တစ္ေဈးလုံးကို ဝါးၿမိဳႏိုင္သည္။ထို႔ေၾကာင့္ မီးစတင္ေလာင္သည္ႏွင့္ လူအမ်ားခ်က္ခ်င္းသိေအာင္ႏွင့္ ခ်က္ခ်င္းျငႇိမ္းသတ္ရန္ နည္းပညာ၏ အခန္းက႑ကို မျဖစ္မေနထည့္သြင္းစဥ္းစားလာရသည္။

မီးခိုးေငြ႕ကို ေထာက္လွမ္းႏိုင္သည့္ အာ႐ုံခံကိရိယာ၊ ပုံမွန္ထက္ပိုပူလာမႈကို အလိုအေလ်ာက္သိေသာ အာ႐ုံခံကိရိယာ။ထိုအာ႐ုံခံကိရိယာမ်ားက ခ်က္ခ်င္းသိသည္။သိသည္ႏွင့္တစ္ၿပိဳင္နက္ ေဈးလုံးအႏွံ႔ တပ္ဆင္ထားေသာ ဘဲလ္သံမ်ား အလိုအေလ်ာက္ထျမည္ျခင္းေၾကာင့္ မီးေလာင္ေနေၾကာင္း တစ္ေယာက္မဟုတ္ တစ္ေယာက္သိရွိမည္။

မီးေလာင္မွန္းသိေသာ္လည္း ေဈး၏မည္သည့္ေနရာတြင္ေလာင္သလဲ ရွာရဦးမည္။မီးကိုျငႇိမ္းဖို႔ ေရသယ္ရဦးမည္။မီးသတ္ေဆးဗူး လိုက္ရွာရဦးမည္။မီးသတ္စရာ ကိရိယာတန္ဆာပလာရၿပီထားဦး၊ သာမန္ျပည္သူတို႔သည္ မီးသတ္သမားမဟုတ္သျဖင့္ ကြၽမ္းက်င္စြာမီးျငႇိမ္းသတ္ႏိုင္ရန္ မလြယ္သလို အႏၲရာယ္လည္းက်ေရာက္လာႏိုင္သည္။

ထို႔ေၾကာင့္ လူအစား နည္းပညာက ထပ္ဝင္ပါေပးျပန္သည္။အာ႐ုံခံကိရိယာမ်ားႏွင့္ ခ်ိတ္ဆက္ကာ တပ္ဆင္ထားေသာေရပန္း (သို႔မဟုတ္) မီးျငႇိမ္းသတ္ ေပါင္ဒါျဖန္းကိရိယာမ်ားသည္ အာ႐ုံခံကိရိယာက အခ်က္ေပးလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေရပန္းမွေရမ်ားထြက္က်လာကာ မီးျငႇိမ္းသတ္ေစျခင္းျဖစ္သည္။

ယင္းသို႔ေသာ နည္းပညာမ်ိဳးကို အလြယ္တကူလက္လွမ္းမီေနပါလ်က္ ဘာေၾကာင့္မတပ္ဆင္ၾကသနည္း။ကုန္က်စရိတ္မ်ားမည္စိုး၍ဟုဆိုကာ မေခြၽတာသင့္သည့္ေနရာတြင္ ေခြၽတာၾကျခင္းျဖစ္သည္။ေခြၽတာျခင္းတြင္ ႏွစ္မ်ိဳးရွိေၾကာင္းလည္း ထပ္ေတြ႕ရသည္။ပထမတစ္မ်ိဳးမွာ လုံးဝအျပတ္ မီးေဘးႀကိဳတင္ကာကြယ္ေရးစနစ္ မတပ္ဆင္ျခင္းျဖစ္သည္။ဒုတိယတစ္မ်ိဳးမွာမူ မီးေဘးႀကိဳတင္ကာကြယ္ေရးစနစ္ကို လူျမင္ေကာင္း႐ုံ တပ္ဆင္ျပထားျခင္းျဖစ္သည္။

ဥပမာ - ရန္ကုန္ၿမိဳ႕၊ မဂၤလာေဈး။ဒုတိယအႀကိမ္မီးေလာင္ခဲ့စဥ္က အလိုအေလ်ာက္ေရျဖန္းစနစ္မ်ား တပ္ဆင္ထားပါလ်က္ ဘာ့ေၾကာင့္မီးေလာင္ကြၽမ္းရသလဲဟု ေမးခြန္းထုတ္ၾကသည္။ေသခ်ာစစ္ေဆးၾကည့္သည့္အခါက်မွ တပ္ဆင္ထားသည့္ ေရျဖန္းစနစ္မွာ အမွန္တကယ္ေရမျဖန္းႏိုင္ေၾကာင္း ေတြ႕ေတာ့သည္။ေျပာရလွ်င္ လူျမင္ေကာင္း႐ုံ အတုတပ္ဆင္ထားျခင္း။ဘာေၾကာင့္ ေရမျဖန္းႏိုင္တာႀကီးကို အတည္ေပါက္တပ္ဆင္ထားရသလဲဟု အေတြးဆန႔္ၾကည့္ေတာ့ က်ေနာ္တို႔ေဆာက္လုပ္ထားေသာ ေဈးႀကီးတြင္ မီးေဘးႀကိဳတင္ကာကြယ္ေရးစနစ္မ်ားပါ တပ္ဆင္ထားပါသည္ဟု ေၾကာ္ျငာေကာင္းေအာင္မ်ားလားဟု ထင္ရသည္။

ဇန္နဝါရီလအတြင္းက မီးေလာင္ခဲ့သည့္ ရတနာပုံေဈး၏ ရာဇဝင္ကို ျပန္လွန္ၾကည့္သည့္အခါတြင္လည္း ၂၀၀၈ခုႏွစ္၊ ပထမအႀကိမ္မီးေလာင္ၿပီးေနာက္ ျပန္လည္တည္ေဆာက္သည့္ကုမၸဏီမွ တာဝန္ရွိသူတစ္ဦးက  မီးေဘးႀကိဳတင္ကာကြယ္ေရးအတြက္ မီးခိုးအနံ႔ခံစနစ္၊ အလိုအေလ်ာက္ အခ်က္ျပစနစ္၊ မီးသတ္ေရငုတ္မ်ား၊ ေရဂါလံေပါင္းတစ္သိန္းေက်ာ္ဆံ့ေသာ ေရေလွာင္ကန္မ်ားပါရွိေၾကာင္း  မီဒီယာမ်ားသို႔ ေျပာၾကားခဲ့ဖူးသည္။ဒုတိယအႀကိမ္မီးေလာင္ၿပီးေနာက္ မႏၲေလးတိုင္းမီးသတ္ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသန္းေဇာ္ဦး က မီးျငႇိမ္းသတ္ေရးစနစ္ အနည္းငယ္သာရွိသည္ဟုေျပာၾကားေၾကာင္း ဇန္နဝါရီ ၂၃ ရက္ေန႔ထုတ္ 7Day News သတင္းစာ၌ ေဖာ္ျပထားသည္။ဆိုေတာ့ ရတနာပုံေဈးသည္ မီးျငႇိမ္းသတ္ေရးစနစ္ကို အမွန္အကန္တပ္ဆင္ထားေသာ္လည္း လူျမင္ေကာင္း႐ုံ ေၾကာ္ျငာေကာင္း႐ုံ အနည္းငယ္မွ်သာ တပ္ဆင္ျပထားသည့္သေဘာျဖစ္သည္။ယခုသံေဈးဆိုလွ်င္ မီးေဘးႀကိဳတင္ကာကြယ္ေရးစနစ္ လုံးဝမပါ။

ထို႔ျပင္ မီးေလာင္ခဲ့လွ်င္ ျငႇိမ္းသတ္ရလြယ္ကူေစေရး၊ အေရးေပၚထြက္ေပါက္ စသျဖင့္ အေဆာက္အဦးႀကီးမ်ား တည္ေဆာက္ရာတြင္ မျဖစ္မေနထည့္သြင္းတည္ေဆာက္ရမႈမွာ ၂၀၁၀ ျပည့္ႏွစ္ ဒီဘက္တြင္ ရွိလာၿပီဟုသိရသည္။ဘယ္ေလာက္ထိရွိလာၿပီလဲ၊ လုံးဝမျဖစ္မေန တည္ေဆာက္ရသလားဆိုတာေတာ့မသိ။

၂၀၁၀ ျပည့္ႏွစ္ ဟိုဘက္ပိုင္း အေဆာက္အဦးႀကီးမ်ားကိုေတာ့ မၿပိဳလွ်င္ၿပီးေရာ ႀကိဳက္သလိုေဆာက္ခြင့္ရသည့္ သေဘာမ်ိဳးကိုလည္း ေတြ႕ရသည္။အထက္ပါ မီးျငႇိမ္းသတ္ရလြယ္ကူေရးဆိုင္ရာ ထည့္သြင္းစဥ္းစားတည္ေဆာက္ထားျခင္းမ်ိဳး မရွိဖို႔မ်ားမည္ထင္၏။အေဆာက္အဦးဆိုတာက ျပန္ျပင္ေဆာက္ရသည္မွာမလြယ္။သို႔ေသာ္ မီးေလာင္ႏိုင္ေခ်ရွိၿပီး မီးေလာင္လွ်င္ ဆုံးရႈံးမႈပိုႀကီးေသာ ေဈးကဲ့သို႔ေသာ အေဆာက္အဦးမ်ိဳးတြင္ မီးခိုးႏွင့္ အပူအာ႐ုံခံကိရိယာ၊ ေရျဖန္းစနစ္ စသည္တို႔ တပ္မည္ဆိုတပ္ဆင္ႏိုင္သည့္ မီးေဘးႀကိဳတင္ကာကြယ္ေရးစနစ္မ်ားကိုမူ မတပ္မေနရ တပ္ဆင္ခိုင္းရေပမည္။

သို႔မွသာလွ်င္ သံေဈးၿပီး ေနာက္တစ္ေဈး ဘယ္ေဈးထပ္လာမလဲဟူ၍ တထိတ္ထိတ္ပူေနရျခင္းဘဝမွ အတန္အသင့္စိတ္ေအးရပါမည္။

လင္းဆက္ၿငိမ္းခ်မ္း
မတ္ - ၅