【 ဆောင်းပါး 】 ညနေခင်း ဘေဂျင်းဖက်ရှင်

【 ဆောင်းပါး 】 ညနေခင်း ဘေဂျင်းဖက်ရှင်

ဟိုး…အရင်တုန်းကတော့ ဘေဂျင်းသည်လည်း ခပ်မွဲမွဲမို့ လမ်းဘေးခွေးလေခွေးလွင့် ရှိမှာသေချာသည်။ကျနော်ရောက်ရှိနေထိုင်သည့် ၂၀၁၃ ခုနှစ်တွင်တော့ ဘေဂျင်းသည် အခြေကြီးနေပြီဖြစ်သလို လမ်းဘေးခွေးများကိုလည်း လုံးဝမတွေ့ရတော့ပါ။လမ်းဘေးခွေးဆိုတာက မြို့ပြ၏ထည်ဝါမှုကို အကျည်းတန်စေတာမို့ တစ်ချိန်ချိန်တုန်းက အပြတ်ရှင်းခဲ့ပုံရသည်။

သို့သော်၊ ဘေဂျင်းတွင် အိမ်မွေးခွေး အင်မတန်ပေါသည်။ဘယ်လောက်ထိအောင်ပေါသလဲဆို ခွေးမွေးခြင်းသည် မြို့ပြဖက်ရှင်တစ်ခုပမာ ဖြစ်နေခြင်းကြောင့်ပင်။အအေးမပိုသော ညနေခင်းမျိုးကိုကြည့်လိုက်၊ သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားများကစလို့ ချောချောလှလှအပျိုမလေးများထိ ခွေးပု၊ ခွေးရှည်၊ အရုပ်ကလေးနှင့်တူသည့် ခွေးများအထိ၊ အမျိုးအစားစုံလင်လှသော ခွေးများကိုဆွဲကာ ခွေးကျောင်းထွက်လေ့ရှိသည်။ခွေးကျောင်းထွက်ခြင်းသည် သူတို့၏စတိုင်။ခွေးကျောင်းထွက်နိုင်မှ လူ့ဘဝအဓိပ္ပါယ် ပိုပြည့်စုံသွားသည့်နှယ်။

အိမ်တိုင်းစေ့ ခွေးမွေးသည်ဟုမဆိုလို။သို့သော်၊ ခွေးမွေးသည့်အိမ်က တော်တော်များတာတော့ သေချာသည်။သူတို့ခွေးမွေးခြင်းမှာ သူတို့အိမ်ဝင်းခြံဝင်းကို စောင့်ရှောက်ရန်မဟုတ်။ဘေဂျင်းတွင် မြေပိုင်ခြံပိုင်မရှိဘဲ တိုက်ခန်းများသာရှိသဖြင့် စောင့်ရှောက်စရာခြံဝင်းလည်းမရှိပေ။ထို့ကြောင့် သူတို့မွေးသော ခွေးများမှာ အယ်ဇေးရှင်းကဲ့သို့သော လူစိမ်းမြင်လျှင် ကိုက်မည်တကဲကဲလုပ်နေသည့် ခွေးမျိုးမဟုတ်။သူတို့ဆီ၏ ထောင့်ပေါင်းအစုံအလင်တွင် စီစီတီဗီကင်မရာများရှိပြီး မြို့ပြလုံခြုံရေးစနစ်လည်း အားကောင်းတာမို့ မိမိအိမ်လုံခြုံရေးအတွက် ခွေးမွေးရန်မလို။သူတို့မွေးတာက အလှမွေး အချစ်တော် ခွေးမွေးကြခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ညနေခင်း ဒီလောက်လမ်းသလားနေသော ခွေးများရှိသည့်တိုင် ခွေးကိုက်ခံရ၍ ပြဿနာတက်ခြင်းမျိုး တစ်ခါမျှမတွေ့မိ။တချို့ခွေးဆိုလျှင် အကောင်ခပ်ကြီးကြီး၊ လျှာတွဲလောင်းချလျက် အနားမကပ်ဝံ့စရာ။သူတို့ခွေးများ၏ မျိုးရိုးဗီဇကို မကိုက်တတ်အောင်ပြုပြင်ထားသကဲ့သို့ပင်။
အကောင်ကြီးကြီးခွေးများ၏ ကြောက်မက်ဖွယ်ဟောင်သံပင်မကြားရ။

သို့သော်၊ ခွေးမွေးလျှင် ခွေးလိုင်စင်လုပ်ရသည်။သတ်မှတ်ထားသည့် ကာကွယ်ဆေးများထိုးရသည်။ကိုယ်မွေးထားသောခွေးကြောင့် ပတ်ဝန်းကျင်အနှောက်အယှက်မဖြစ်အောင် ထိန်းသိမ်းရသည်။ခွေးအီးပါတာကအစ၊ လမ်းမဘေးပလက်ဖောင်းပေါ် ကြုံသလိုလျှောက်ပါလို့မရ။ကိုယ့်ခွေး ပလက်ဖောင်းပေါ် အီးပါချသဖြင့် အီးပြန်ကျုံးနေသူများကို မြင်ဖူးသော်လည်း အီးမကျုံးလျှင် မည်သူက မည်သို့အရေးယူသလဲဆိုတာတော့ မသိ။

ထိုသို့ခွေးတစ်ကောင်မွေးရသည်မှာ မလွယ်သလို ကုန်ကျစရိတ်သည်လည်းမသေး။သူတို့က ခွေးတစ်ကောင်ကို သူတို့သားသမီးလိုချစ်ပြီး မွေးခြင်းကြောင့် ခွေးစရိတ်ကုန်ကျငွေကိုလည်းမနှမြော။သူတို့ခွေးများကလည်း အလိုလိုက်ခံရလျှင်ခံရသလို ဟိုဒါမစားချင်၊ ဒါမစားချင်ဖြင့် ကြီးကျယ်သည်။သခင်များကလည်း သူတို့ခွေးအကောင်းကြိုက်သည်ကို စိတ်ညစ်ရမည့်အစား လူရှေ့သူရှေ့ကြွားစရာအဖြစ်၊ ကျွေးလည်းကျွေး၊ ကြွားလည်းကြွား။ကျနော့်လုပ်ဖော်ကိုင်ဘက် တရုတ်အမျိုးသမီးတစ်ဦးဆိုလျှင် တစ်လတာ သူ့ကုန်ကျစရိတ်ထက် သူ့ခွေးကုန်ကျစရိတ်က ပိုများကြောင်းပြောပြသည့် သူ့လေသံက ပျော်ရွှင်စွာ၊ ဂုဏ်ယူစွာ။

‘ကျမခွေးက အရမ်းအကောင်းကြိုက်တယ်။ကောင်းတာမကျွေးရင်မစားဘူး၊ အငတ်ခံတယ်။ကျမကိုလည်းအရမ်းချစ်တယ်။’ ဟု သူမကပြောသည်။

တစ်ခါက သူ့ခွေး နည်းနည်းမြင့်သောတစ်နေရာမှ ပြုတ်ကျသဖြင့် ခြေထောက်နာသွားခဲ့ရာ သူမခမျာ မျက်ရည်တပေါက်ပေါက်ကျလျက် ချက်ချင်းတက္ကစီငှား၊ ချက်ချင်း ခွေးဆေးရုံပြေးသည်။သေချာသောကုသမှုမျိုးဖြစ်ရန် အရိုး ထိ၊ မထိ ခွေးခြေထောက်ကို အန်ထရာဆောင်းရိုက်သည်။
တကယ့်တကယ်က ဘာမှမဖြစ်၊ ဆေးလေးဘာလေး နည်းနည်းလိမ်းပေးလိုက်ရုံဖြင့် အိုကေ။ဘာမှမဖြစ်ကြောင်း အသေအချာသိရှိရန် ကုန်ကျစရိတ်မှာ ယွမ် ၆၀၀ မက မြန်မာငွေနှင့်တွက်ကြည့်လျှင် ကျပ်တစ်သိန်းခွဲဝန်းကျင်။သိပ်ထောလွန်းလို့ ထိုသို့အကုန်အကျခံတာတော့ မဟုတ်။

ထို့ပြင် နှစ်ပတ်တစ်ခါ သူ့ခွေးအမွှေးများကို ဆိုင်တွင်သန့်ရှင်းရေးလုပ်ပေးသည်။ခွေးအမွှေးမနံအောင်၊ သန်းတွေဘာတွေမရှိအောင် ပြုလုပ်ပေးခြင်း။လူဆိုပါက ရေချိုးခေါင်းလျှော် လုပ်သည့်သဘော။ထိုသို့သန့်ရှင်းရေးလုပ်ပေးသည့် ဆိုင်များကလည်း သူ့ထက်ငါအပြိုင် ခွေးမနာအောင်၊ ခွေးအမွှေးမကျွတ်အောင် စီးပွားဖြစ်ဝန်ဆောင်မှုကောင်းကြကြောင်း သိရသည်။

‘ခွေးတွေက အဲဒါမျိုးသန့်ရှင်းရေးလုပ်တာ ဘယ်လုပ်ချင်မလဲ။ကျမခွေးဆိုလည်း ချော့မော့ရတယ်။ဆိုင်သွားပြီးအပြန်ဆို သူကြိုက်တဲ့ ဒိန်ချဉ်ဝယ်ကျွေးရတယ်။အဲဒါနဲ့ နောက်ပိုင်းကျတော့ သန့်ရှင်းရေးလုပ်ပြီးရင် ဒိန်ချဉ်စားရမှန်းသိတော့ သန့်ရှင်းရေးသွားလုပ်တော့မယ်ဆို ပျော်နေရော။’ ဟု သူမခွေးဋီကာ ပျော်ရွှင်စွာဖွင့်ပြသည်။

သူတို့ဘာ့ကြောင့် ဒီလောက်ခွေးချစ်ရသနည်း။ဘေဂျင်းသို့ အလည်အပတ်ခဏရောက်ဖူးသော မီဒီယာသမားတစ်ဦးက ညနေခင်းခွေးကျောင်းထွက်ခြင်း ဖက်ရှင်များကိုငေးကာ ‘တရုတ်တွေ ခွေးတော်တော်ချစ်တယ်။’ ဟု ပြောဖူးသည်။

တကယ်တော့ သူထင်သလို တရုတ်လူမျိုးမို့မဟုတ်။တရုတ်လူမျိုး၏ စရိုက်လက္ခဏာမဟုတ်။အထီးကျန်ခြင်းနှင့် သက်သောင့်သက်သာနေနိုင်လာခြင်းတို့က ခွေးမွေးရန် ခွေးချစ်ရန် အဓိကလှုံ့ဆော်ခြင်းဖြစ်သည်။သားသမီးတစ်ယောက်တည်းသာ ယူခွင့်ရှိသော တရုတ်အစိုးရ၏ ပြဌာန်းချက်သည် စတင်ပြဌာန်းခါစအချိန်တွင် မသိသာသေးသော်လည်း မျိုးဆက်နှစ်ဆက်မက ကြာလာပြီးနောက်ပိုင်းတွင် မိသားစုသိုက်သိုက်ဝန်းဝန်းနေလေ့ရှိသော အရှေ့တိုင်းဗေဒအပေါ် အကြီးအကျယ်ရိုက်ခတ်လာခဲ့သည်။

မိသားစုတစ်စုလျှင် ၃ ယောက်။မိသားစု ၃ ယောက်သည်ပင်လျှင် သိုက်သိုက်ဝန်းဝန်းရှိသည်ဟုမခေါ်နိုင်။သားသမီးက တစ်အိုးတစ်အိမ်ထူထောင်သွားတော့ တိုးတိုးဖော်ဆိုလို့ ဒီလင်ဒီမယားနှစ်ဦးတည်းသာ ကျန်ရစ်။ကံဆိုးလို့ တစ်ဦးဦးက တိမ်းပါးသွားသည်ရှိသော် တစ်ကိုယ်တော်။

အထက်ကပြောခဲ့သော ကျနော့်မိတ်ဆွေ တရုတ်မလေးဆိုလျှင် သူ့ယောကျာ်းက နိုင်ငံခြားတွင် ပါရဂူဘွဲ့ယူရန် ပညာတော်သင်သွားနေသည်။သူ့မိဘများအိမ်က သူ့ရုံးနှင့်သိပ်ဝေးသဖြင့် သွားနေရန်အဆင်မပြေ။သူ့မိဘများကလည်း သူ့အလုပ်နှင့်သူမို့ တစ်ပတ်တစ်ကြိမ်သာ သမီးဆီ တစ်ညအိပ်လောက်လာနေနိုင်သည်။ထို့ကြောင့် သူ့ခွေးသည်သာ သူ့ကမ္ဘာ၊ သူ့အထီးကျန်မှုကို လျော့ပါးရာမို့ သူ့ခွေးသည် သူ့သားသမီးပမာ။

ခွေးကို လူတစ်ယောက်ပမာ ဆက်ဆံသည်။လူတစ်ယောက်ပမာ စကားပြောသည်။ခွေးနှင့်  စကားပြောရသည်မှာ လူတစ်ယောက်လို မကြည်လျှင်မကြည်သလို ခွန်းတုံ့ပြန်ခြင်းမျိုးမရှိသဖြင့် စိတ်ချမ်းသာရသည်။ခွေး၏ဉာဏ်ရည်ကလည်းမဆိုး၊ သခင်ကလည်း ကြင်ကြင်နာနာ စကားတွေမကြာခဏပြောသဖြင့် သူ့သခင်စကား အတန်အသင့်နားလည်လာသည်။ထို့ကြောင့် သခင်ကပိုချစ်ကြပြန်သည်။

ပြောရလျှင် ဘေဂျင်းတွင်တွေ့ရသော ခွေးများသည် ခွေးဖြစ်တာတောင် ကံကောင်းသည်ဆိုသော ခွေးများဖြစ်သည်။

လင်းဆက်ငြိမ်းချမ်း
မတ် - ၁၈
( Zawgyi )
ဟိုး…အရင္တုန္းကေတာ့ ေဘဂ်င္းသည္လည္း ခပ္မြဲမြဲမို႔ လမ္းေဘးေခြးေလေခြးလြင့္ ရွိမွာေသခ်ာသည္။က်ေနာ္ေရာက္ရွိေနထိုင္သည့္ ၂၀၁၃ ခုႏွစ္တြင္ေတာ့ ေဘဂ်င္းသည္ အေျခႀကီးေနၿပီျဖစ္သလို လမ္းေဘးေခြးမ်ားကိုလည္း လုံးဝမေတြ႕ရေတာ့ပါ။လမ္းေဘးေခြးဆိုတာက ၿမိဳ႕ျပ၏ထည္ဝါမႈကို အက်ည္းတန္ေစတာမို႔ တစ္ခ်ိန္ခ်ိန္တုန္းက အျပတ္ရွင္းခဲ့ပုံရသည္။

သို႔ေသာ္၊ ေဘဂ်င္းတြင္ အိမ္ေမြးေခြး အင္မတန္ေပါသည္။ဘယ္ေလာက္ထိေအာင္ေပါသလဲဆို ေခြးေမြးျခင္းသည္ ၿမိဳ႕ျပဖက္ရွင္တစ္ခုပမာ ျဖစ္ေနျခင္းေၾကာင့္ပင္။အေအးမပိုေသာ ညေနခင္းမ်ိဳးကိုၾကည့္လိုက္၊ သက္ႀကီး႐ြယ္အို ဘိုးဘိုးဘြားဘြားမ်ားကစလို႔ ေခ်ာေခ်ာလွလွအပ်ိဳမေလးမ်ားထိ ေခြးပု၊ ေခြးရွည္၊ အ႐ုပ္ကေလးႏွင့္တူသည့္ ေခြးမ်ားအထိ၊ အမ်ိဳးအစားစုံလင္လွေသာ ေခြးမ်ားကိုဆြဲကာ ေခြးေက်ာင္းထြက္ေလ့ရွိသည္။ေခြးေက်ာင္းထြက္ျခင္းသည္ သူတို႔၏စတိုင္။ေခြးေက်ာင္းထြက္ႏိုင္မွ လူ႔ဘဝအဓိပၸါယ္ ပိုျပည့္စုံသြားသည့္ႏွယ္။

အိမ္တိုင္းေစ့ ေခြးေမြးသည္ဟုမဆိုလို။သို႔ေသာ္၊ ေခြးေမြးသည့္အိမ္က ေတာ္ေတာ္မ်ားတာေတာ့ ေသခ်ာသည္။သူတို႔ေခြးေမြးျခင္းမွာ သူတို႔အိမ္ဝင္းၿခံဝင္းကို ေစာင့္ေရွာက္ရန္မဟုတ္။ေဘဂ်င္းတြင္ ေျမပိုင္ၿခံပိုင္မရွိဘဲ တိုက္ခန္းမ်ားသာရွိသျဖင့္ ေစာင့္ေရွာက္စရာၿခံဝင္းလည္းမရွိေပ။ထို႔ေၾကာင့္ သူတို႔ေမြးေသာ ေခြးမ်ားမွာ အယ္ေဇးရွင္းကဲ့သို႔ေသာ လူစိမ္းျမင္လွ်င္ ကိုက္မည္တကဲကဲလုပ္ေနသည့္ ေခြးမ်ိဳးမဟုတ္။သူတို႔ဆီ၏ ေထာင့္ေပါင္းအစုံအလင္တြင္ စီစီတီဗီကင္မရာမ်ားရွိၿပီး ၿမိဳ႕ျပလုံၿခဳံေရးစနစ္လည္း အားေကာင္းတာမို႔ မိမိအိမ္လုံၿခဳံေရးအတြက္ ေခြးေမြးရန္မလို။သူတို႔ေမြးတာက အလွေမြး အခ်စ္ေတာ္ ေခြးေမြးၾကျခင္းျဖစ္သည္။

ထို႔ေၾကာင့္ပင္ ညေနခင္း ဒီေလာက္လမ္းသလားေနေသာ ေခြးမ်ားရွိသည့္တိုင္ ေခြးကိုက္ခံရ၍ ျပႆနာတက္ျခင္းမ်ိဳး တစ္ခါမွ်မေတြ႕မိ။တခ်ိဳ႕ေခြးဆိုလွ်င္ အေကာင္ခပ္ႀကီးႀကီး၊ လွ်ာတြဲေလာင္းခ်လ်က္ အနားမကပ္ဝံ့စရာ။သူတို႔ေခြးမ်ား၏ မ်ိဳး႐ိုးဗီဇကို မကိုက္တတ္ေအာင္ျပဳျပင္ထားသကဲ့သို႔ပင္။
အေကာင္ႀကီးႀကီးေခြးမ်ား၏ ေၾကာက္မက္ဖြယ္ေဟာင္သံပင္မၾကားရ။

သို႔ေသာ္၊ ေခြးေမြးလွ်င္ ေခြးလိုင္စင္လုပ္ရသည္။သတ္မွတ္ထားသည့္ ကာကြယ္ေဆးမ်ားထိုးရသည္။ကိုယ္ေမြးထားေသာေခြးေၾကာင့္ ပတ္ဝန္းက်င္အေႏွာက္အယွက္မျဖစ္ေအာင္ ထိန္းသိမ္းရသည္။ေခြးအီးပါတာကအစ၊ လမ္းမေဘးပလက္ေဖာင္းေပၚ ႀကဳံသလိုေလွ်ာက္ပါလို႔မရ။ကိုယ့္ေခြး ပလက္ေဖာင္းေပၚ အီးပါခ်သျဖင့္ အီးျပန္က်ဳံးေနသူမ်ားကို ျမင္ဖူးေသာ္လည္း အီးမက်ဳံးလွ်င္ မည္သူက မည္သို႔အေရးယူသလဲဆိုတာေတာ့ မသိ။

ထိုသို႔ေခြးတစ္ေကာင္ေမြးရသည္မွာ မလြယ္သလို ကုန္က်စရိတ္သည္လည္းမေသး။သူတို႔က ေခြးတစ္ေကာင္ကို သူတို႔သားသမီးလိုခ်စ္ၿပီး ေမြးျခင္းေၾကာင့္ ေခြးစရိတ္ကုန္က်ေငြကိုလည္းမႏွေျမာ။သူတို႔ေခြးမ်ားကလည္း အလိုလိုက္ခံရလွ်င္ခံရသလို ဟိုဒါမစားခ်င္၊ ဒါမစားခ်င္ျဖင့္ ႀကီးက်ယ္သည္။သခင္မ်ားကလည္း သူတို႔ေခြးအေကာင္းႀကိဳက္သည္ကို စိတ္ညစ္ရမည့္အစား လူေရွ႕သူေရွ႕ႂကြားစရာအျဖစ္၊ ေကြၽးလည္းေကြၽး၊ ႂကြားလည္းႂကြား။က်ေနာ့္လုပ္ေဖာ္ကိုင္ဘက္ တ႐ုတ္အမ်ိဳးသမီးတစ္ဦးဆိုလွ်င္ တစ္လတာ သူ႔ကုန္က်စရိတ္ထက္ သူ႔ေခြးကုန္က်စရိတ္က ပိုမ်ားေၾကာင္းေျပာျပသည့္ သူ႔ေလသံက ေပ်ာ္႐ႊင္စြာ၊ ဂုဏ္ယူစြာ။

‘က်မေခြးက အရမ္းအေကာင္းႀကိဳက္တယ္။ေကာင္းတာမေကြၽးရင္မစားဘူး၊ အငတ္ခံတယ္။က်မကိုလည္းအရမ္းခ်စ္တယ္။’ ဟု သူမကေျပာသည္။

တစ္ခါက သူ႔ေခြး နည္းနည္းျမင့္ေသာတစ္ေနရာမွ ျပဳတ္က်သျဖင့္ ေျခေထာက္နာသြားခဲ့ရာ သူမခမ်ာ မ်က္ရည္တေပါက္ေပါက္က်လ်က္ ခ်က္ခ်င္းတကၠစီငွား၊ ခ်က္ခ်င္း ေခြးေဆး႐ုံေျပးသည္။ေသခ်ာေသာကုသမႈမ်ိဳးျဖစ္ရန္ အ႐ိုး ထိ၊ မထိ ေခြးေျခေထာက္ကို အန္ထရာေဆာင္း႐ိုက္သည္။
တကယ့္တကယ္က ဘာမွမျဖစ္၊ ေဆးေလးဘာေလး နည္းနည္းလိမ္းေပးလိုက္႐ုံျဖင့္ အိုေက။ဘာမွမျဖစ္ေၾကာင္း အေသအခ်ာသိရွိရန္ ကုန္က်စရိတ္မွာ ယြမ္ ၆၀၀ မက ျမန္မာေငြႏွင့္တြက္ၾကည့္လွ်င္ က်ပ္တစ္သိန္းခြဲဝန္းက်င္။သိပ္ေထာလြန္းလို႔ ထိုသို႔အကုန္အက်ခံတာေတာ့ မဟုတ္။

ထို႔ျပင္ ႏွစ္ပတ္တစ္ခါ သူ႔ေခြးအေမႊးမ်ားကို ဆိုင္တြင္သန႔္ရွင္းေရးလုပ္ေပးသည္။ေခြးအေမႊးမနံေအာင္၊ သန္းေတြဘာေတြမရွိေအာင္ ျပဳလုပ္ေပးျခင္း။လူဆိုပါက ေရခ်ိဳးေခါင္းေလွ်ာ္ လုပ္သည့္သေဘာ။ထိုသို႔သန႔္ရွင္းေရးလုပ္ေပးသည့္ ဆိုင္မ်ားကလည္း သူ႔ထက္ငါအၿပိဳင္ ေခြးမနာေအာင္၊ ေခြးအေမႊးမကြၽတ္ေအာင္ စီးပြားျဖစ္ဝန္ေဆာင္မႈေကာင္းၾကေၾကာင္း သိရသည္။

‘ေခြးေတြက အဲဒါမ်ိဳးသန႔္ရွင္းေရးလုပ္တာ ဘယ္လုပ္ခ်င္မလဲ။က်မေခြးဆိုလည္း ေခ်ာ့ေမာ့ရတယ္။ဆိုင္သြားၿပီးအျပန္ဆို သူႀကိဳက္တဲ့ ဒိန္ခ်ဥ္ဝယ္ေကြၽးရတယ္။အဲဒါနဲ႔ ေနာက္ပိုင္းက်ေတာ့ သန႔္ရွင္းေရးလုပ္ၿပီးရင္ ဒိန္ခ်ဥ္စားရမွန္းသိေတာ့ သန႔္ရွင္းေရးသြားလုပ္ေတာ့မယ္ဆို ေပ်ာ္ေနေရာ။’ ဟု သူမေခြးဋီကာ ေပ်ာ္႐ႊင္စြာဖြင့္ျပသည္။

သူတို႔ဘာ့ေၾကာင့္ ဒီေလာက္ေခြးခ်စ္ရသနည္း။ေဘဂ်င္းသို႔ အလည္အပတ္ခဏေရာက္ဖူးေသာ မီဒီယာသမားတစ္ဦးက ညေနခင္းေခြးေက်ာင္းထြက္ျခင္း ဖက္ရွင္မ်ားကိုေငးကာ ‘တ႐ုတ္ေတြ ေခြးေတာ္ေတာ္ခ်စ္တယ္။’ ဟု ေျပာဖူးသည္။

တကယ္ေတာ့ သူထင္သလို တ႐ုတ္လူမ်ိဳးမို႔မဟုတ္။တ႐ုတ္လူမ်ိဳး၏ စ႐ိုက္လကၡဏာမဟုတ္။အထီးက်န္ျခင္းႏွင့္ သက္ေသာင့္သက္သာေနႏိုင္လာျခင္းတို႔က ေခြးေမြးရန္ ေခြးခ်စ္ရန္ အဓိကလႈံ႕ေဆာ္ျခင္းျဖစ္သည္။သားသမီးတစ္ေယာက္တည္းသာ ယူခြင့္ရွိေသာ တ႐ုတ္အစိုးရ၏ ျပဌာန္းခ်က္သည္ စတင္ျပဌာန္းခါစအခ်ိန္တြင္ မသိသာေသးေသာ္လည္း မ်ိဳးဆက္ႏွစ္ဆက္မက ၾကာလာၿပီးေနာက္ပိုင္းတြင္ မိသားစုသိုက္သိုက္ဝန္းဝန္းေနေလ့ရွိေသာ အေရွ႕တိုင္းေဗဒအေပၚ အႀကီးအက်ယ္႐ိုက္ခတ္လာခဲ့သည္။

မိသားစုတစ္စုလွ်င္ ၃ ေယာက္။မိသားစု ၃ ေယာက္သည္ပင္လွ်င္ သိုက္သိုက္ဝန္းဝန္းရွိသည္ဟုမေခၚႏိုင္။သားသမီးက တစ္အိုးတစ္အိမ္ထူေထာင္သြားေတာ့ တိုးတိုးေဖာ္ဆိုလို႔ ဒီလင္ဒီမယားႏွစ္ဦးတည္းသာ က်န္ရစ္။ကံဆိုးလို႔ တစ္ဦးဦးက တိမ္းပါးသြားသည္ရွိေသာ္ တစ္ကိုယ္ေတာ္။

အထက္ကေျပာခဲ့ေသာ က်ေနာ့္မိတ္ေဆြ တ႐ုတ္မေလးဆိုလွ်င္ သူ႔ေယာက်ာ္းက ႏိုင္ငံျခားတြင္ ပါရဂူဘြဲ႕ယူရန္ ပညာေတာ္သင္သြားေနသည္။သူ႔မိဘမ်ားအိမ္က သူ႔႐ုံးႏွင့္သိပ္ေဝးသျဖင့္ သြားေနရန္အဆင္မေျပ။သူ႔မိဘမ်ားကလည္း သူ႔အလုပ္ႏွင့္သူမို႔ တစ္ပတ္တစ္ႀကိမ္သာ သမီးဆီ တစ္ညအိပ္ေလာက္လာေနႏိုင္သည္။ထို႔ေၾကာင့္ သူ႔ေခြးသည္သာ သူ႔ကမာၻ၊ သူ႔အထီးက်န္မႈကို ေလ်ာ့ပါးရာမို႔ သူ႔ေခြးသည္ သူ႔သားသမီးပမာ။

ေခြးကို လူတစ္ေယာက္ပမာ ဆက္ဆံသည္။လူတစ္ေယာက္ပမာ စကားေျပာသည္။ေခြးႏွင့္  စကားေျပာရသည္မွာ လူတစ္ေယာက္လို မၾကည္လွ်င္မၾကည္သလို ခြန္းတုံ႔ျပန္ျခင္းမ်ိဳးမရွိသျဖင့္ စိတ္ခ်မ္းသာရသည္။ေခြး၏ဉာဏ္ရည္ကလည္းမဆိုး၊ သခင္ကလည္း ၾကင္ၾကင္နာနာ စကားေတြမၾကာခဏေျပာသျဖင့္ သူ႔သခင္စကား အတန္အသင့္နားလည္လာသည္။ထို႔ေၾကာင့္ သခင္ကပိုခ်စ္ၾကျပန္သည္။

ေျပာရလွ်င္ ေဘဂ်င္းတြင္ေတြ႕ရေသာ ေခြးမ်ားသည္ ေခြးျဖစ္တာေတာင္ ကံေကာင္းသည္ဆိုေသာ ေခြးမ်ားျဖစ္သည္။

လင္းဆက္ၿငိမ္းခ်မ္း
မတ္ - ၁၈