【 ဆောင်းပါး 】 စိတ်ဝင်စားဖွယ်ရာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် ခရီးသွားလာရေး

【 ဆောင်းပါး 】 စိတ်ဝင်စားဖွယ်ရာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်နှင့် ခရီးသွားလာရေး

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဟူသည် အဆိုပါနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနေသကဲ့သို့ ထိုသို့သော ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ပိုင်ဆိုင်ထားမှုက နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကိုမြင့်တက်စေခြင်းလည်း မည်ပါသည်။မကြာသေးမီကမူ တရုတ်နိုင်ငံတွင် ၎င်းတို့၏အဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ်နှင့်ပတ်သက်သည့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာနေ့တစ်နေ့ကို အွန်လိုင်းမှနေ၍ ကျင်းပသွားခဲ့သည်ကို တွေ့ကြရပါသည်။ယင်းသည် ဇွန်လ ၁၃ ရက်နေ့တွင် ကျရောက်သော တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်နေ့ပင် ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်နေ့ကို ၂၀၀၆ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါသည်။ယခုနှစ်အတွက် ဇွန်လ ၁၃ ရက်နေ့က ကျင်းပရာတွင် နိုင်ငံတစ်လွှားရှိ လူပေါင်း ၄၀၀၀ နီးပါးခန့်က အွန်လိုင်းမှနေ၍ ကျင်းပခဲ့ကြောင်း နိုင်ငံ၏ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနဝန်ကြီးက ပြောကြားခဲ့ပါသည်။အလားတူပင် လူကြိုက်များရေပန်းစားနေသည့် အွန်လိုင်းပလက်ဖောင်း (၈) နေရာမှနေ၍ “ယဉ်ကျေးမှုအမွေအနှစ်ပွဲတော် အထိမ်းအမှတ်အဖြစ် မှတ်တမ်းတင်ရုပ်ရှင် ၁၆၀၀ ကျော်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ရုပ်ပုံကားချပ်များကို ပြသခဲ့ကြပါသည်။”

ယဉ်ကျေးမှုအမွေအနှစ် အွန်လိုင်းပွဲတော်၏ အထူးခြားဆုံးအဖြစ် Alibaba, JD.com စသည်တို့ အပါအဝင် ၁၉-commerce အွန်လိုင်းအရောင်းဆိုင်များကလည်း ဈေးရောင်းပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်ကို တွေ့ကြရပါသည်။

နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ် ဒစ်ဂျစ်တယ်ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသော အွန်လိုင်းအရောင်းဆိုင်တို့က လက်ရာမြောက် ရိုးရာလက်မှုပစ္စည်းများ၊ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တို့ကလည်း ဒေသခံအစိုးရများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ပြသလာသည်ကို တွေ့ကြရပါသည်။

ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်တွင် ဒစ်ဂျစ်တယ်ရုပ်ရှင်များကို ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြသသွားခဲ့ရာ တရုတ်နိုင်ငံ ယဉ်ကျေးမှုအနုပညာကဇာတ်အဖွဲ့အစည်းက ပူးပေါင်းပါဝင်တင်ဆက်ခဲ့ခြင်းဖြစ်သည်။နိုင်ငံ၏ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်နေ့ကို ကျင်းပရသည့်ရည်ရွယ်ချက်မှာ နိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အပေါ် အများပြည်သူတို့က အလေးထားလာစေရန်နှင့် တန်ဖိုးထားလာစေရန်ဖြစ်သည်။

ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားသောအားဖြင့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှ ယဉ်ကျေးမှုအမွေအနှစ်များကို တရုတ်အစိုးရက လွန်ခဲ့သည့် ၁၃ နှစ်ကျော်ခန့်ကတည်းက ယွမ်ငွေ သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၄၃.၅ သန်း) အကုန်အကျခံ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။
အလားတူပင် ဒေသဆိုင်ရာ ပြည်သူ့အနုပညာပြခန်းကိုလည်း ယွမ်ငွေ ၁၉၅ သန်း အကုန်အကျခံတည်ဆောက်ခဲ့သကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်မပျက်ရှိစေရန်အတွက်လည်း ယွမ်သန်း ၈၀ ကျော် အကုန်အကျခံ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်ကိုလည်း တွေ့ကြရပါသည်။

အထူးသဖြင့် တိဗက်ဒေသရှိ ရိုးရာလက်မှုပညာ မပျောက်ပျက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ရိုးရာလက်မှုပညာအလုပ်ရုံများကို ထူထောင်ပေးခြင်း၊ ဒေသခံများအား ရိုးရာလက်မှုပညာ အမွေအနှစ်ဆက်ခံရရှိရေး လျာပေးခြင်းနှင့် သင်တန်းပေးခြင်းလုပ်ငန်းများကို ဗဟိုအစိုးရက အားတက်သရော စီမံဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ကြရပါသည်။တရုတ်အစိုးရနှင့် ဒေသခံအုပ်ချုပ်ရေး တာဝန်ရှိသူများကလည်း တရုတ်ယဥ်ကျေးမှုနှင့် သဘာဝအမွေအနှစ်ထိန်းသိမ်းရေးကို အစဉ်တစိုက်ဂရုပြု ပုံဖော်လုပ်ဆောင်နေသည်။တရုတ်သမ္မတ ရှီကျင်ဖိန်သည်လည်း ၎င်း၏ ပြည်တွင်းလေ့လာရေးခရီးစဉ်အသီးသီးတွင် ဒေသခံများ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး စီမံကိန်းများကို ချီးကျူးခဲ့သည်။  

လက်ရှိတွင် တရုတ်နိုင်ငံတစ်ဝန်း ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်ကို ထူထောင်ခဲ့ပြီး အဆိုပါကွန်ရက်တွင် အဖွဲ့အစည်းပေါင်း ၃၀၀၀ နီးပါးနှင့် အမှုထမ်းပေါင်း ၂၀၀၀၀ နီးပါးခန့်တို့က တစ်တပ်တအားပါဝင်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်မှ အဖွဲ့အစည်းတို့က ကမကထပြုတင်ဆက်သော ရိုးရာယဉ်ကျေးမှု သရုပ်ဖော်ပြကွက်များမှာ ဒေသတွင်းသို့လာရောက်သည့် ခရီးသွားများစွာကို အထူးဆွဲဆောင်လျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ်ကမူ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အကျိုးရှိရှိအသုံးချရေးအတွက် အမျိုးသားအဆောက်အုံ ၂၆ ခု တည်ဆောက်ရန်အတွက် အစိုးရက ယွမ်ငွေ ၂၀၁ သန်း မတည်ရန် လျာထားခဲ့သည်။ဆိုရလျှင် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုဥယျာဉ်ကြီးထဲတွင် အရောင်အသွေးစုံသော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ဖူးပွင့်လာစေမည်ဟုလည်း ဆိုသည်။

တရုတ်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များထဲတွင် ရှေးဟောင်းဒေသ လက်မှုအနုပညာ၊ အဆောက်အအုံ၊ ဘုရားကျောင်းကန်များသာမက ရိုးရာယဉ်ကျေးမှု အနုပညာတစ်ရပ်ဖြစ်သည့် စာပေ၊ ဂီတ၊ ပန်းချီ စသည်တို့ကဲ့သို့သော ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း တရုတ်နိုင်ငံမှ မပျက်မကွက် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်နေသည်ကိုလည်း တွေ့ကြရသည်။တေးဂီတ အနုပညာပစ္စည်းများဖြစ်သည့် ကြေးကြိုး သားရေလက်ခုပ်ကဲ့သို့သော တူရိယာပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရှေးဟောင်းတူရိယာပစ္စည်းများအား ရိုးရာမပျက် တီးမှုတ်ဖျော်ဖြေ တင်ဆက်မှုများဖြင့် ဒေသတွင်းသို့လာရောက်သော ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်ရန်လည်း အားထုတ်လျက်ရှိသည်ကို တွေ့ကြရပါသည်။

တရုတ်နိုင်ငံအမျိုးသားစာကြည့်တိုက်ကလည်း ရိုးရာယဉ်ကျေးမှုအမွေအနှစ် အွန်လိုင်းပွဲတော်တွင် ပါဝင်ဆင်နွှဲမှုအဖြစ် Tencent ၊ IQiyi ၊ Youku နှင့် Bilibili စသည့် ဒစ်ဂျစ်တယ်မီဒီယာ ဌာနပေါင်းစုံတို့မှနေ၍ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ကိုယ်စားပြုသည့် မှတ်တမ်းရုပ်ရှင်ပေါင်း ၂၀ ကို ရွေးချယ်ပြသခဲ့သည်ကိုလည်း တွေ့ကြရပါသည်။ထိုသို့ပြသရသည့် ရည်ရွယ်ချက်မှာ ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပတ်သက်၍ အများပြည်သူတို့အနေနှင့် နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

မည်သို့ဆိုစေ တရုတ်နိုင်ငံအနေနှင့် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် အသိအမှတ်ပြုခံရသည့် ယဉ်ကျေးမှုအမွေအနှစ် နေရာပေါင်း ၅၅ နေရာရှိနေသည်မှာလည်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အစီအစဉ်တွင် ဂုဏ်ယူဝင့်ကြွားစွာရှိနေပြီဟု ဆိုရမည်ဖြစ်သည်။ဆိုရလျှင် အဖိုးအနဂ္ဃထိုက်တန်သော အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးအပေါ် အများပြည်သူတို့ သတိပြုအလေးထားလာစေရန်မှာ ယဉ်ကျေးမှုအမွေအနှစ်ကို တန်ဖိုးထားသော နိုင်ငံတိုင်းက ဝမ်းမြောက်ဂုဏ်ယူစွာ ဆောင်ရွက်ရမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

အလားတူပင် လွန်ခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သော ပုဂံဒေသကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခဲ့ပါသည်။ပုဂံဒေသအပြင် မြန်မာနိုင်ငံသည် ရှေးဟောင်းအမွေအနှစ်များ ဖြစ်ထွန်းဖြစ်တည်ခဲ့ရာ နေရာဒေသတစ်ခုအဖြစ်ရှိနေပြီး ထိုသို့သော ရှေးဟောင်းအမွေအနှစ်များက ကမ္ဘာလှည့်ခရီးသွားများကို များစွာဆွဲဆောင်လျက်ရှိသည့် နေရာဒေသများလည်းဖြစ်သည်။

နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်နေရာများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ မပျောက်မပျက်ရှိရေးနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံ၏အစိုးရတွင်သာမက နိုင်ငံသားတိုင်းကပါ အလေးထားပါဝင်ဆောင်ရွက်သင့်လှသည်ဟု ထင်ပါသည်။ထိုသို့မဟုတ်ဘဲ ရှေးဟောင်းအမွေအနှစ်နေရာများအား ပျက်စီးစေသည့် လုပ်ဆောင်မှုများ၊ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများအား ဖျက်လိုဖျက်ဆီး လုပ်ဆောင်မှုများသည် မိမိတို့နိုင်ငံ၏ ရိုးရာအမွေအနှစ်ကို တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဟူသော အသိတရားခေါင်းပါးမှု ဖြစ်သည်ဟုလည်း ဆိုချင်ပါသည်။

မကြာသေးမီက တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်နေ့ အထိမ်းအမှတ်အခမ်းအနားကိုကြည့်၍ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အမျိုးဂုဏ်ဇာတိဂုဏ်ကို မြှင့်တင်ရာရောက်သကဲ့သို့ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို အလေးထားတန်ဖိုးထားရာလည်း ရောက်ပါသည်။အလားတူပင် မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းက အမျိုးသားအကျိုးစီးပွားကိုသာမက အဘက်ဘက်တွင် အကျိုးသက်ရောက်မှုရှိစေမည်ဟု ယုံကြည်ရင်း တင်ပြလိုက်ရပါသည်။

နေစိုးဦး
Ref : China-stages-diverse-events-to-mark-Cultural-and-Natural-Heritage-Day (CGTN)
ဇွန် - ၂၅

( Zawgyi )

ႏိုင္ငံတစ္ႏိုင္ငံ၏ ယဥ္ေက်းမႈအေမြအႏွစ္ဟူသည္ အဆိုပါႏိုင္ငံ၏ ႐ိုးရာယဥ္ေက်းမႈအဆင့္အတန္းကို ေဖာ္ျပေနသကဲ့သို႔ ထိုသို႔ေသာ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ကို ပိုင္ဆိုင္ထားမႈက ႏိုင္ငံႏွင့္ လူမ်ိဳး၏ ဂုဏ္ကိုျမင့္တက္ေစျခင္းလည္း မည္ပါသည္။မၾကာေသးမီကမူ တ႐ုတ္ႏိုင္ငံတြင္ ၎တို႔၏အဖိုးမျဖတ္ႏိုင္ေသာ ယဥ္ေက်းမႈအေမြအႏွစ္ႏွင့္ပတ္သက္သည့္ ဂုဏ္ယူဝမ္းေျမာက္ဖြယ္ရာေန႔တစ္ေန႔ကို အြန္လိုင္းမွေန၍ က်င္းပသြားခဲ့သည္ကို ေတြ႕ၾကရပါသည္။ယင္းသည္ ဇြန္လ ၁၃ ရက္ေန႔တြင္ က်ေရာက္ေသာ တ႐ုတ္ႏိုင္ငံ ယဥ္ေက်းမႈႏွင့္ သဘာဝအေမြအႏွစ္ေန႔ပင္ ျဖစ္ပါသည္။     

တ႐ုတ္ႏိုင္ငံ၏ ယဥ္ေက်းမႈအေမြအႏွစ္ေန႔ကို ၂၀၀၆ ခုႏွစ္က ပထမဦးဆုံးအႀကိမ္အျဖစ္ က်င္းပခဲ့ပါသည္။ယခုႏွစ္အတြက္ ဇြန္လ ၁၃ ရက္ေန႔က က်င္းပရာတြင္ ႏိုင္ငံတစ္လႊားရွိ လူေပါင္း ၄၀၀၀ နီးပါးခန႔္က အြန္လိုင္းမွေန၍ က်င္းပခဲ့ေၾကာင္း ႏိုင္ငံ၏ယဥ္ေက်းမႈႏွင့္ ခရီးသြားလုပ္ငန္းဌာနဝန္ႀကီးက ေျပာၾကားခဲ့ပါသည္။အလားတူပင္ လူႀကိဳက္မ်ားေရပန္းစားေနသည့္ အြန္လိုင္းပလက္ေဖာင္း (၈) ေနရာမွေန၍ “ယဥ္ေက်းမႈအေမြအႏွစ္ပြဲေတာ္ အထိမ္းအမွတ္အျဖစ္ မွတ္တမ္းတင္႐ုပ္ရွင္ ၁၆၀၀ ေက်ာ္ႏွင့္ ယဥ္ေက်းမႈအေမြအႏွစ္ဆိုင္ရာ ႐ုပ္ပုံကားခ်ပ္မ်ားကို ျပသခဲ့ၾကပါသည္။”

ယဥ္ေက်းမႈအေမြအႏွစ္ အြန္လိုင္းပြဲေတာ္၏ အထူးျခားဆုံးအျဖစ္ Alibaba, JD.com စသည္တို႔ အပါအဝင္ ၁၉-commerce အြန္လိုင္းအေရာင္းဆိုင္မ်ားကလည္း ေဈးေရာင္းပြဲေတာ္ႀကီးတြင္ ပါဝင္ဆင္ႏႊဲခဲ့ၾကသည္ကို ေတြ႕ၾကရပါသည္။

ႏိုင္ငံ၏ ယဥ္ေက်းမႈအေမြအႏွစ္ ဒစ္ဂ်စ္တယ္ပြဲေတာ္တြင္ ပါဝင္ဆင္ႏႊဲၾကေသာ အြန္လိုင္းအေရာင္းဆိုင္တို႔က လက္ရာေျမာက္ ႐ိုးရာလက္မႈပစၥည္းမ်ား၊ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္တို႔ကလည္း ေဒသခံအစိုးရမ်ား၊ ယဥ္ေက်းမႈအဖြဲ႕အစည္းမ်ားႏွင့္အတူ ပူးေပါင္းပါဝင္ျပသလာသည္ကို ေတြ႕ၾကရပါသည္။

ယဥ္ေက်းမႈအေမြအႏွစ္ပြဲေတာ္တြင္ ဒစ္ဂ်စ္တယ္႐ုပ္ရွင္မ်ားကို ဇြန္လ ၈ ရက္ေန႔မွ ၁၄ ရက္ေန႔အထိ ျပသသြားခဲ့ရာ တ႐ုတ္ႏိုင္ငံ ယဥ္ေက်းမႈအႏုပညာကဇာတ္အဖြဲ႕အစည္းက ပူးေပါင္းပါဝင္တင္ဆက္ခဲ့ျခင္းျဖစ္သည္။ႏိုင္ငံ၏ ယဥ္ေက်းမႈႏွင့္ သဘာဝအေမြအႏွစ္ေန႔ကို က်င္းပရသည့္ရည္႐ြယ္ခ်က္မွာ ႏိုင္ငံ၏ အမ်ိဳးသားယဥ္ေက်းမႈအေမြအႏွစ္အေပၚ အမ်ားျပည္သူတို႔က အေလးထားလာေစရန္ႏွင့္ တန္ဖိုးထားလာေစရန္ျဖစ္သည္။

႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ကို တန္ဖိုးထားေသာအားျဖင့္ တိဗက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသမွ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို တ႐ုတ္အစိုးရက လြန္ခဲ့သည့္ ၁၃ ႏွစ္ေက်ာ္ခန႔္ကတည္းက ယြမ္ေငြ သန္း ၃၀၀ (အေမရိကန္ေဒၚလာ ၄၃.၅ သန္း) အကုန္အက်ခံ ထိန္းသိမ္းေစာင့္ေရွာက္ခဲ့ပါသည္။
အလားတူပင္ ေဒသဆိုင္ရာ ျပည္သူ႔အႏုပညာျပခန္းကိုလည္း ယြမ္ေငြ ၁၉၅ သန္း အကုန္အက်ခံတည္ေဆာက္ခဲ့သကဲ့သို႔ ယဥ္ေက်းမႈအေမြအႏွစ္မ်ား မေပ်ာက္မပ်က္ရွိေစရန္အတြက္လည္း ယြမ္သန္း ၈၀ ေက်ာ္ အကုန္အက်ခံ ထိန္းသိမ္းေစာင့္ေရွာက္ခဲ့သည္ကိုလည္း ေတြ႕ၾကရပါသည္။

အထူးသျဖင့္ တိဗက္ေဒသရွိ ႐ိုးရာလက္မႈပညာ မေပ်ာက္ပ်က္ေရးႏွင့္ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရးအတြက္ ႐ိုးရာလက္မႈပညာအလုပ္႐ုံမ်ားကို ထူေထာင္ေပးျခင္း၊ ေဒသခံမ်ားအား ႐ိုးရာလက္မႈပညာ အေမြအႏွစ္ဆက္ခံရရွိေရး လ်ာေပးျခင္းႏွင့္ သင္တန္းေပးျခင္းလုပ္ငန္းမ်ားကို ဗဟိုအစိုးရက အားတက္သေရာ စီမံေဆာင္႐ြက္ခဲ့သည္ကိုလည္း ေတြ႕ၾကရပါသည္။တ႐ုတ္အစိုးရႏွင့္ ေဒသခံအုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားကလည္း တ႐ုတ္ယဥ္ေက်းမႈႏွင့္ သဘာဝအေမြအႏွစ္ထိန္းသိမ္းေရးကို အစဥ္တစိုက္ဂ႐ုျပဳ ပုံေဖာ္လုပ္ေဆာင္ေနသည္။တ႐ုတ္သမၼတ ရွီက်င္ဖိန္သည္လည္း ၎၏ ျပည္တြင္းေလ့လာေရးခရီးစဥ္အသီးသီးတြင္ ေဒသခံမ်ား အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတဲ့ ယဥ္ေက်းမႈႏွင့္ သဘာဝအေမြအႏွစ္ ကာကြယ္ထိန္းသိမ္းေရး စီမံကိန္းမ်ားကို ခ်ီးက်ဴးခဲ့သည္။  

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံတစ္ဝန္း ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းကာကြယ္ေရးကြန္ရက္ကို ထူေထာင္ခဲ့ၿပီး အဆိုပါကြန္ရက္တြင္ အဖြဲ႕အစည္းေပါင္း ၃၀၀၀ နီးပါးႏွင့္ အမႈထမ္းေပါင္း ၂၀၀၀၀ နီးပါးခန႔္တို႔က တစ္တပ္တအားပါဝင္ေဆာင္႐ြက္လ်က္ရွိသည္ဟု ဆိုသည္။
ယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းကာကြယ္ေရးကြန္ရက္မွ အဖြဲ႕အစည္းတို႔က ကမကထျပဳတင္ဆက္ေသာ ႐ိုးရာယဥ္ေက်းမႈ သ႐ုပ္ေဖာ္ျပကြက္မ်ားမွာ ေဒသတြင္းသို႔လာေရာက္သည့္ ခရီးသြားမ်ားစြာကို အထူးဆြဲေဆာင္လ်က္ရွိသည္ဟု ဆိုသည္။

လြန္ခဲ့သည့္ႏွစ္ကမူ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ အက်ိဳးရွိရွိအသုံးခ်ေရးအတြက္ အမ်ိဳးသားအေဆာက္အုံ ၂၆ ခု တည္ေဆာက္ရန္အတြက္ အစိုးရက ယြမ္ေငြ ၂၀၁ သန္း မတည္ရန္ လ်ာထားခဲ့သည္။ဆိုရလွ်င္ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းဟာ တ႐ုတ္လူမ်ိဳးတို႔၏ ယဥ္ေက်းမႈဥယ်ာဥ္ႀကီးထဲတြင္ အေရာင္အေသြးစုံေသာ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ဖူးပြင့္လာေစမည္ဟုလည္း ဆိုသည္။

တ႐ုတ္႐ိုးရာ ယဥ္ေက်းမႈအေမြအႏွစ္မ်ားထဲတြင္ ေရွးေဟာင္းေဒသ လက္မႈအႏုပညာ၊ အေဆာက္အအုံ၊ ဘုရားေက်ာင္းကန္မ်ားသာမက ႐ိုးရာယဥ္ေက်းမႈ အႏုပညာတစ္ရပ္ျဖစ္သည့္ စာေပ၊ ဂီတ၊ ပန္းခ်ီ စသည္တို႔ကဲ့သို႔ေသာ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကိုလည္း တ႐ုတ္ႏိုင္ငံမွ မပ်က္မကြက္ တန္ဖိုးထားထိန္းသိမ္းေစာင့္ေရွာက္ေနသည္ကိုလည္း ေတြ႕ၾကရသည္။ေတးဂီတ အႏုပညာပစၥည္းမ်ားျဖစ္သည့္ ေၾကးႀကိဳး သားေရလက္ခုပ္ကဲ့သို႔ေသာ တူရိယာပစၥည္းမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္း၊ ေရွးေဟာင္းတူရိယာပစၥည္းမ်ားအား ႐ိုးရာမပ်က္ တီးမႈတ္ေဖ်ာ္ေျဖ တင္ဆက္မႈမ်ားျဖင့္ ေဒသတြင္းသို႔လာေရာက္ေသာ ကမာၻလွည့္ခရီးသြားမ်ားအား ဆြဲေဆာင္ႏိုင္ရန္လည္း အားထုတ္လ်က္ရွိသည္ကို ေတြ႕ၾကရပါသည္။

တ႐ုတ္ႏိုင္ငံအမ်ိဳးသားစာၾကည့္တိုက္ကလည္း ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ အြန္လိုင္းပြဲေတာ္တြင္ ပါဝင္ဆင္ႏႊဲမႈအျဖစ္ Tencent ၊ IQiyi ၊ Youku ႏွင့္ Bilibili စသည့္ ဒစ္ဂ်စ္တယ္မီဒီယာ ဌာနေပါင္းစုံတို႔မွေန၍ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ကို ကိုယ္စားျပဳသည့္ မွတ္တမ္း႐ုပ္ရွင္ေပါင္း ၂၀ ကို ေ႐ြးခ်ယ္ျပသခဲ့သည္ကိုလည္း ေတြ႕ၾကရပါသည္။ထိုသို႔ျပသရသည့္ ရည္႐ြယ္ခ်က္မွာ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ပတ္သက္၍ အမ်ားျပည္သူတို႔အေနႏွင့္ နက္နက္ရႈိင္းရႈိင္း နားလည္သေဘာေပါက္လာေစရန္ ရည္႐ြယ္ျခင္းလည္းျဖစ္သည္ဟု ဆိုသည္။

မည္သို႔ဆိုေစ တ႐ုတ္ႏိုင္ငံအေနႏွင့္ UNESCO ၏ ကမာၻ႔အေမြအႏွစ္ စာရင္းတြင္ အသိအမွတ္ျပဳခံရသည့္ ယဥ္ေက်းမႈအေမြအႏွစ္ ေနရာေပါင္း ၅၅ ေနရာရွိေနသည္မွာလည္း ကမာၻ႔ယဥ္ေက်းမႈအေမြအႏွစ္ အစီအစဥ္တြင္ ဂုဏ္ယူဝင့္ႂကြားစြာရွိေနၿပီဟု ဆိုရမည္ျဖစ္သည္။ဆိုရလွ်င္ အဖိုးအနဂၣထိုက္တန္ေသာ အေမြအႏွစ္မ်ား ကာကြယ္ေစာင့္ေရွာက္ေရးအေပၚ အမ်ားျပည္သူတို႔ သတိျပဳအေလးထားလာေစရန္မွာ ယဥ္ေက်းမႈအေမြအႏွစ္ကို တန္ဖိုးထားေသာ ႏိုင္ငံတိုင္းက ဝမ္းေျမာက္ဂုဏ္ယူစြာ ေဆာင္႐ြက္ရမည္မွာ မလြဲဧကန္ပင္ျဖစ္ပါသည္။

အလားတူပင္ လြန္ခဲ့သည့္ႏွစ္က ျမန္မာႏိုင္ငံ၏ ေရွးေဟာင္းအေမြအႏွစ္ျဖစ္ေသာ ပုဂံေဒသကို ယူနက္စကို ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္ေနရာအျဖစ္ အသိအမွတ္ျပဳခဲ့ပါသည္။ပုဂံေဒသအျပင္ ျမန္မာႏိုင္ငံသည္ ေရွးေဟာင္းအေမြအႏွစ္မ်ား ျဖစ္ထြန္းျဖစ္တည္ခဲ့ရာ ေနရာေဒသတစ္ခုအျဖစ္ရွိေနၿပီး ထိုသို႔ေသာ ေရွးေဟာင္းအေမြအႏွစ္မ်ားက ကမာၻလွည့္ခရီးသြားမ်ားကို မ်ားစြာဆြဲေဆာင္လ်က္ရွိသည့္ ေနရာေဒသမ်ားလည္းျဖစ္သည္။

ႏိုင္ငံ၏ ေရွးေဟာင္းအေမြအႏွစ္ေနရာမ်ား၊ ႐ိုးရာယဥ္ေက်းမႈ အေမြအႏွစ္ပစၥည္းမ်ား မေပ်ာက္မပ်က္ရွိေရးႏွင့္ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ရန္မွာ ႏိုင္ငံ၏အစိုးရတြင္သာမက ႏိုင္ငံသားတိုင္းကပါ အေလးထားပါဝင္ေဆာင္႐ြက္သင့္လွသည္ဟု ထင္ပါသည္။ထိုသို႔မဟုတ္ဘဲ ေရွးေဟာင္းအေမြအႏွစ္ေနရာမ်ားအား ပ်က္စီးေစသည့္ လုပ္ေဆာင္မႈမ်ား၊ ေရွးေဟာင္းအေမြအႏွစ္ပစၥည္းမ်ားအား ဖ်က္လိုဖ်က္ဆီး လုပ္ေဆာင္မႈမ်ားသည္ မိမိတို႔ႏိုင္ငံ၏ ႐ိုးရာအေမြအႏွစ္ကို တန္ဖိုးထားထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ရမည္ဟူေသာ အသိတရားေခါင္းပါးမႈ ျဖစ္သည္ဟုလည္း ဆိုခ်င္ပါသည္။

မၾကာေသးမီက တ႐ုတ္ႏိုင္ငံတြင္ က်င္းပခဲ့ေသာ ယဥ္ေက်းမႈႏွင့္ သဘာဝအေမြအႏွစ္ေန႔ အထိမ္းအမွတ္အခမ္းအနားကိုၾကည့္၍ ႏိုင္ငံတစ္ႏိုင္ငံ၏ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္တစ္ရပ္ကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္းသည္ အမ်ိဳးဂုဏ္ဇာတိဂုဏ္ကို ျမႇင့္တင္ရာေရာက္သကဲ့သို႔ အမ်ိဳးသားယဥ္ေက်းမႈအေမြအႏွစ္ကို အေလးထားတန္ဖိုးထားရာလည္း ေရာက္ပါသည္။အလားတူပင္ မိမိတို႔၏ ႐ိုးရာယဥ္ေက်းမႈအေမြအႏွစ္ကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္းက အမ်ိဳးသားအက်ိဳးစီးပြားကိုသာမက အဘက္ဘက္တြင္ အက်ိဳးသက္ေရာက္မႈရွိေစမည္ဟု ယုံၾကည္ရင္း တင္ျပလိုက္ရပါသည္။

ေနစိုးဦး
Ref : China-stages-diverse-events-to-mark-Cultural-and-Natural-Heritage-Day (CGTN)
ဇြန္ - ၂၅