【 ဆောင်းပါး 】 ငယ်ငယ်က မလည်မဝယ်

【 ဆောင်းပါး 】 ငယ်ငယ်က မလည်မဝယ်

ဖေ့စ်ဘွတ်ခ်ကြီး၏ ကောင်းမှုကြောင့် နှစ်အတော်ကြာ ဖြတ်ခနဲတစ်ချက်တောင် မဆုံဖြစ်ခဲ့သော အစ်ကိုတစ်ယောက်နှင့် ပြန်အဆက်အသွယ်ရခဲ့သည်။ကျနော့ဖေ့စ်ဘွတ်ခ်အကောင့်နာမည်က ကျနော့ကဗျာကလောင်နာမည်မို့ ရှေးသရောအခါက မိတ်ဆွေအပေါင်းအသင်းများက မသိ။တစ်ဆင့်စကားကြောင့် သာ လွှမ်းရုံဆိုသော အကောင့်ပိုင်ရှင်သည် ကျနော်ဖြစ်ကြောင်းသိရှိပြီး သူကလှမ်းအက်ခြင်းဖြစ်သည်။

 
သူ့အကောင့်နာမည်က Ye Thwin ။သူ့ဓာတ်ပုံက မျက်နှာကြီးပြည့်ဖောင်းလာတာကလွဲ အရင်ပုံစံမပျက်။ Ye Thwin ဆိုသည့် အမည်မှာ ကျနော့်နားထဲ စိမ်းလွန်းလှသော်လည်း ဓာတ်ပုံအရ ကျနော့်စိတ်ထဲရှိနေသူတစ်ဦးမှန်း ချက်ချင်းသိလိုက်သည်။
 
ကျနော်သိခဲ့တာက Ye Thwin လည်း မဟုတ်။နာမည်ကျော် ဘိုင်အို ကျူရှင်ဆရာ ဒေါက်တာရဲသွင်လည်း မဟုတ်၊ ကိုရဲလေး။သူက ကျနော့အစ်ကိုဝမ်းကွဲ၏ သူငယ်ချင်း။ကျနော်တို့ တောင်ဥက္ကလာ၊ကျနော်တို့ မြင်သာ၊ ကျနော်တို့ ဇင်ယော်လမ်းထိပ်တည့်တည့်။သံသုမာလမ်းမကြီး၏ ဟိုဘက် ၁၀ ရပ်ကွက်အပိုင်တွင် နေထိုင်ခဲ့သူ။အစ်ကိုသူငယ်ချင်းမို့ ဝါစဉ်အရ ကျနော်လေးစားရသည်။
 
ပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံမှသည် ဖိနှိပ်မှုပြင်းသည့် ဒီဘက်ခြမ်းအထိ အာဏာရှင်များကို ခပ်တင်းတင်းပြန်ကြည့်ရဲခဲ့သူ။ထိုသို့ နိုင်ငံရေးဓာတ်ခံချင်းလည်းတူသဖြင့် မတွေ့တာကြာသည့်တိုင် ကျနော့စိတ်ထဲ ထင်းနေဆဲဖြစ်ဟန်တူသည်။
 
သူနှင့် ကျနော် တူညီမှုက နောက်ထပ်လည်းရှိသေးသည်။ညီအစ်မနှစ်ယောက်ကို ကြွေတာချင်းလည်းတူ၊ အသည်းကွဲတာချင်းလည်းတူ၊ ငိုဖို့ရာ ဝန်မလေးတာချင်းလည်းတူကြသူ။
 
တစ်ခါက သူ့မှာလည်း သူ့စော်နှင့်ပတ်သက်ပြီးအသည်းတွေဟက်တက်ကွဲ၊ ကျနော့်မှာလည်း သူ့စော်ညီမ၏ မျက်စောင်းတစ်ချက်ကြောင့် မွမွကိုကြေလို့။ည ၉ နာရီကျော်၊ ကျေးတမာလမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင် အပြန်အလှန်ဖွင့်ဟ၊အပြန်အလှန်ဖေးမ။
 
‘ကိုယ့်မှာကွာ၊ အိမ်မှာကလည်း ကိုယ်ကအကြီးဆိုတော့ အပြင်ကပြန်လာပြီး အသည်းကွဲလို့ငိုချင်တာ တောင် အငယ်တွေမမြင်အောင် ခြင်ထောင်မြန်မြန်ထောင်၊ ခြင်ထောင်မြန်မြန်ချပြီးမှ ခြင်ထောင်ထဲ အသံမထွက်ဘဲ ငိုရတယ်’ တဲ့။
 
လွန်ခဲ့သော အနှစ် ၃၀ ၀န်းကျင်က စကား အခုထိကျနော်မမေ့သေးပုံအရ ကျနော့်စိတ်ထဲ နင့်ခဲ့ပုံထင်ရ။ကိုယ်ကိုယ်တိုင်ကလည်း ခြင်ထောင်ထဲကြိတ်ကျခဲ့ရသော မျက်ရည်ဖြင့် ညတို့သည် အပူရောင်တောက်ခဲ့တာကြောင့်လည်းဖြစ်နိုင်သည်။
 
တကယ်ဆို ကိုရဲလေး က အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်၊ စကားအပြောအဆို သိမ်သိမ်မွေ့မွေ့၊ ပြီး တော့ ကျနော်တို့ခေတ် လူအထင်ကြီးအခံရဆုံးသော ဆေးတက္ကသိုလ်ကျောင်းသား။ငွေမရှိတာကလွဲ မိန်းမတွေကြိုက်လောက်သည့် အရည်အချင်းတို့သည် အပြည့်။သို့သော်၊ သူသည်လည်း စော်တွေဘာတွေ သိပ်ကြည်ဟန်မရှိ။ဘာ့ကြောင့် စော်မကြည်ရတာလဲဆိုတော့ ကျနော်တို့ခေတ် စော်ကြည်ရန် မဖြစ်မနေလိုအပ်သော အရှက်နည်းသူမဟုတ်ခြင်းကြောင့်ဟု ကျနော်ထင်သည်။စော်ကြည်တာနဲ့အရှက်နည်းတာ ဘာဆိုင်လို့တုန်းဟုမေးပါက သိပ်ကိုဆိုင်သည်ဟု ဖြေရပေမည်။
 
ကျနော်တို့ လူငယ်ဘ၀ ရည်းစားတစ်ယောက်ရဖို့ဆိုသည်မှာ အင်မတန်ခဲရာခဲဆစ်။တစ်ကျောင်း တည်း အတူတက်သူဖြစ်တောင် သူ့စာသင်ခန်းရှေ့ ဖြတ်လျှောက်ကြည့်။ကျောင်းအဆင်း လူတိုးဝှေ့နေချိန် သူ့လွယ်အိတ်ထဲ စာခိုးထည့်။ကောင်မလေးအားလုံးလိုလိုက လူသိမခံဝံ့သဖြင့် အတတ်နိုင်ဆုံး လူမသိအောင် ကျောင်းပြင်ပတွင် ကြံစည်ရသည်။နံပါတ်တစ်၊ ကိုယ်ကြိုက်နေသည့် ကောင်မလေးက ကိုယ်ကြိုက်နေကြောင်းသိရှိဖို့ရာပင်မလွယ်။ကောင်မလေးနှင့် မျက်လုံးချင်းဆုံဖို့အရေး ကောင်မလေးအိမ်ရှေ့ လမ်းဖြတ်လျှောက်ရသည်။ဒါကို ကျနော်တို့ခေတ်အသုံးက ‘လျှောက်သံပြန်ပေး ခြေအေးဝမ်းရောင် ခွေးဟောင်ပြန်ပြေး’ ဟု မညှာမတာ ဟားတိုက်သည်။
 
ကောင်မလေးအိမ်က ကိုယ်နှင့်တစ်လမ်းတည်းဆိုတောင် မကြာခဏဖြတ်လျှောက်နေလို့မရ။သူ့မိဘ အစ်ကို၊ မောင် မသိအောင် လျှောက်တတ်ဖြတ်တတ် ပါးနပ်ရသည်။ကိုယ့်ကောင်မလေးအိမ်က တခြားလမ်း၊ တခြားရပ်ကွက်တွင်ဆိုပါက တော်တော့်ကိုမလွယ်။သူများရပ်ကွက်၊ သူများလမ်းထဲ မကြာခဏမြင်ပါများလာလျှင် ထိုလမ်းထဲက လူငယ်များ၏ ထိုးကြိတ်ခြင်းကို ခံရနိုင်သည်။ထို့ကြောင့် နယ်ခံများနှင့် ရင်းနှီးအောင်ပေါင်းရ သင်းရ။တစ်ယောက်တည်းမသွားရဲသဖြင့် သူငယ်ချင်းတစ်ယောက်ယောက် လက်ဖက်ရည်ဒကာခံကာ အဖော်ခေါ်ရ။သို့သော်၊ သူတို့အိမ်ရှေ့ဖြတ်လျှောက်တိုင်းလည်း ကောင်မလေးကို တွေ့ရတာမဟုတ်။
 
ထို့ကြောင့် ကိုယ့်ကောင်မလေးနှင့် မျက်လုံးချင်းဆုံရန် သေချာသည့်နည်းလမ်းမှာ သူပုံမှန်အပြင်ထွက်သည့် အချိန်ဇယားကို သိရှိဖို့လိုသည်။မနက်ခင်းဆို ကောင်မလေးဈေးသွားလေ့ရှိသလား။သူဘယ်ကျူရှင်၊ ဘယ်အချိန်တက်ပြီး ဘယ်လမ်းကသွားကာ ဘယ်ကားစီးသလဲ။
 
ကောင်မလေး သူငယ်ချင်း (သို့မဟုတ်) အိမ်နီးချင်း တစ်ယောက်ယောက်က သိရှိကူညီလျှင်တော့ အို ကေ။ထိုသို့မဟုတ်ပါက ကောင်မလေးအိမ်နှင့် အနီးဆုံးလက်ဖက်ရည်ဆိုင်တွင် တမေ့တမောသာထိုင်စောင့်ပြီး ဘယ်အချိန်အပြင်ထွက်လာမယ်မှန်းမသိသော ကောင်မလေးကို ထိုင်မျှော်တော့။တစ်ရက်တည်းမဟုတ်၊ ကံမကောင်းလျှင် အခါခါ။
 
ကောင်မလေး၏ အချိန်စာရင်းကို သိရပြီဆိုလျှင်တော့ ကောင်မလေးနောက် မလှမ်းမကမ်းကနေ လိုက်ရသည်။သူကားစီးလျှင် ကိုယ်လိုက်စီး၊ သူဆင်းလျှင် ကိုယ်ဆင်း။လူရှင်းသည့်နေရာမျိုးရောက်လျှင် စကားလိုက်ပြော၊ စာပေး။ကောင်မလေးက မကြည်ဖြူသဖြင့် ဟိုဘက်ကားလမ်းကူး၊ ဒီဘက်ကားလမ်းကူး လုပ်နေလျှင် လူရှေ့သူရှေ့ အရှက်မရှိစွာဖြင့် လိုက်တန်းပြေးတန်းပမာ။ကောင်မလေးက ငေါက်လျှင်လည်း မျက်နှာငယ်လေးဖြင့်ခံပေါ့။
 
ချုပ်ပြီဆိုရသော် ကျနော်တို့လူငယ်ဘ၀ ရည်စားတစ်ယောက်ရဖို့ဆိုသည်မှာ အောင်သွယ်ကောင်း သဖြင့် တိုးတိုးတိတ်တိတ်ကံကောင်းသူ အနည်းငယ်ကလွဲ၍ တော်တော့်ကိုအရှက်နည်းနိုင်မှ ဖြစ်သည်။
 
ထို့ပြင် ချက်ချင်းအဖြေပေးလျှင် မိန်းမတန်ဖိုးကျသည်ဟု ကျနော်တို့ခေတ် မိန်းမတို့၏ယူဆချက်အရ အခါခါအရှက်နည်းပြီး စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနိုင်ရန်လည်း လိုသေးသည်။ရည်းစားဖြစ်ပြီဆိုတော့လည်း ချစ်သူ၏ လက်ကလေးတစ်ဖက် ကိုင်ရဖို့အရေးပင် ချက်ချင်းမလွယ်။ရုပ်ရှင်ရုံထဲရောက်ဖို့ရာ ဖျောင်းဖျောင်းဖျဖျ အခါခါ။ပန်းခြံထဲအရောက်ခေါ်ဖို့ဆိုတာလည်း ညှိရနှိုင်းရ ဆွေးနွေးရ။
 
သူတို့၏အပျိုရည်ကို အိမ်ထောင်မကျမချင်းအသက်နှင့်လဲကာကွယ်ရန် အစဉ်အလာ လူမှုစံတစ်ရပ်က အခိုင်အမာပြဋ္ဌာန်းခဲ့လေတော့ လက်မထပ်ဘဲအတူနေကြသူ အင်မတန်ပါးရှားလှသည်။အကြောင်းအမျိုးမျိုးကြောင့် ရည်းစားဘဝဖြင့်အတူနေခဲ့မိသော် နေခဲ့မိသူနှင့်သာ အိမ်ထောင်ပြုနိုင်ရန် ကြိုးစားကြသည်။
 
ကျနော်တို့ လူ့အဖွဲ့အစည်းက ကျနော်တို့၏ လိင်မှုဗေဒကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ခဲ့လေတော့ အမျိုးသားများသည်ပင် ပုံမှန်အပြာကားကြည့်ခွင့်ရဖို့မလွယ်။လိင်ပညာပေးအစီအစဉ်လည်း လုံးဝမရှိသဖြင့် အပျိုစင်မိန်းမသားတို့၏ လိင်မှုအသိမှာ သုညအဆင့်သာဖြစ်သည်။
 
ယောကျာ်းသားများအတွက် လိင်ဖျော်ဖြေစရာ ပြည့်တန်ဆာမရှိမဟုတ်ရှိသည်။သို့သော်၊ ပြည့်တန် ဆာများသည် ရန်ကုန်မြို့ရှိ လူစည်ကားရာ ကားမှတ်တိုင်များအနီးသို့ ရောက်ရှိလာသည်အထိမပေါ။အလွယ်တကူခေါ်မရ။ပြည့်တန်ဆာအိမ်များသို့သွားကာ ယင်းအိမ်မှာပင် ခဏတဖြုတ်ခေါ်အိပ်ချင်အိပ်။ညလုံးပေါက်ခေါ်ချင်ခေါ်။
 
ကျနော်တို့ တောင်ဥက္ကလာသားများ သွားကြသည့်နေရာမှာ သင်္ဃန်းကျွန်း၊ ဘဝမြင့်ရပ်ကွက်။ထို ရပ်ကွက်ထဲတွင် ပြည့်တန်ဆာအိမ်များသည်။ဘယ်အိမ်က ပြည့်တန်ဆာအိမ်လည်း သိစရာမလို။ဘဝမြင့်ရပ်ကွက်ထိပ် ဆိုက်ကားဂိတ်တွင် ‘အစ်ကိုရေ၊ အသစ်ကလေးတွေရှိတယ်။ကြည့်မလား’ ဟု ဆွယ်တရားဟောနေသူများကအသင့်။သူတို့ကို ဖာဆွယ်ဟုခေါ်သည်။ပြည့်တန်ဆာခေါင်း (ဖာခေါင်း) အိမ်သို့ရောက်လျှင် ‘သမီးတို့ရေ၊ ဧည့်သည်လာတယ်’ ဟု ဆိုလိုက်သည်နှင့် ပြည်တန်ဆာများထွက်လာကာ တန်းစီရပ်ပြ။ကိုယ်ကြိုက်သည့် ကောင်မလေးကို လက်ညှိုးထိုး။ဈေးနှုန်းညှိ၊ ငွေချေ။လမ်းတွင်ဖြတ်လုမခံရလေအောင် ဘေးကင်းသည့်နေရာအထိ ဖာဆွယ်က လိုက်ပို့။
 
တည်းခိုခန်းတိုင်းလိုလို ပြည့်တန်ဆာလက်မခံသလို များသောအားဖြင့် သူငယ်ချင်း ၃-၄ ယောက်စုပြီး ခေါ်အိပ်ကြသောကြောင့် အိမ်လွတ်တစ်နေရာသို့ ခေါ်သွားကြသည်။ညမမှောင်သေးလျှင် (သို့မဟုတ်) ပတ်ဝန်းကျင်၌ လူမရှင်းသေးလျှင် ခဏစောင့်။မနက် ၄ နာရီကျော်ဆို အနီးဆုံးကားဂိတ်သို့ ကောင်မလေးကို တစ်ယောက်ယောက်လိုက်ပို့။
 
HIV ပိုးက ကျယ်ကျယ်ပြန့်ပြန်မဟုတ်သေးသလို လိင်ပညာပေးလည်းမရှိသဖြင့် ကွန်ဒုံပါလျှင်အရသာပေါ့သည်ဟုဆိုကာ ကွန်ဒုံမသုံးသူကလည်းများသည်။ကာလသားရောဂါပိုးကူးစက်ခံရတာ လည်းများသည်။ပင်နီဆလင်ငါးသိန်းအားဆိုတာလည်း လူငယ်ထုကြား နာမည်ကြီးသည်။သို့သော်၊ ပိုက်ဆံလည်းရှိဦးမှ၊ စိတ်တူကိုယ်တူ သူငယ်ချင်း ၃ ယောက်လောက်လည်းရှိဦးမှ၊ လွတ်လပ်စွာပျော်ပါးနိုင်သည့် အိမ်အလွတ်တစ်လုံးလည်းရှိဦးမှဆိုတော့ ကျနော်တို့လူငယ်ဘဝသည် ပြည့်တန်ဆာနှင့် မကြာခဏ ပျော်ပါးနိုင်ရန် မည်သို့်မျှမလွယ်။
 
လူပျိုပေါက်အရွယ် ကျနော့်တူတော်မောင်က ‘အဘတို့ခေတ်က ရည်းစားထားဖို့တောင် မလွယ်ပါ လား။’ ဟု ကောက်ချက်ချသည်။တကယ့်ကိုမလွယ်၊ ဘာမှမလွယ်ခဲ့သော ဖြတ်သန်းမှုတစ်ခု။ကောင်းတာလည်းသိပ်မရှိ၊ မကောင်းတာလည်းသိပ်မရှိသော နေ့စွဲများတွင် လူလုပ်ရတာ လွယ်ရောလွယ်ခဲ့ရဲ့လားဟု ကျနော်ပြန်တွေးနေမိသည်။
 
လင်းဆက်ငြိမ်းချမ်း
ဇန်နဝါရီ - ၃၀
 
( Zawgyi )
 
ေဖ့စ္ဘြတ္ခ္ႀကီး၏ ေကာင္းမႈေၾကာင့္ ႏွစ္အေတာ္ၾကာ ျဖတ္ခနဲတစ္ခ်က္ေတာင္ မဆုံျဖစ္ခဲ့ေသာ အစ္ကိုတစ္ေယာက္ႏွင့္ ျပန္အဆက္အသြယ္ရခဲ့သည္။က်ေနာ့ေဖ့စ္ဘြတ္ခ္အေကာင့္နာမည္က က်ေနာ့ကဗ်ာကေလာင္နာမည္မို႔ ေရွးသေရာအခါက မိတ္ေဆြအေပါင္းအသင္းမ်ားက မသိ။တစ္ဆင့္စကားေၾကာင့္ သာ လႊမ္း႐ုံဆိုေသာ အေကာင့္ပိုင္ရွင္သည္ က်ေနာ္ျဖစ္ေၾကာင္းသိရွိၿပီး သူကလွမ္းအက္ျခင္းျဖစ္သည္။
 
သူ႕အေကာင့္နာမည္က Ye Thwin ။သူ႕ဓာတ္ပုံက မ်က္ႏွာႀကီးျပည့္ေဖာင္းလာတာကလြဲ အရင္ပုံစံမပ်က္။ Ye Thwin ဆိုသည့္ အမည္မွာ က်ေနာ့္နားထဲ စိမ္းလြန္းလွေသာ္လည္း ဓာတ္ပုံအရ က်ေနာ့္စိတ္ထဲရွိေနသူတစ္ဦးမွန္း ခ်က္ခ်င္းသိလိုက္သည္။
 
က်ေနာ္သိခဲ့တာက Ye Thwin လည္း မဟုတ္။နာမည္ေက်ာ္ ဘိုင္အို က်ဴရွင္ဆရာ ေဒါက္တာရဲသြင္လည္း မဟုတ္၊ ကိုရဲေလး။သူက က်ေနာ့အစ္ကိုဝမ္းကြဲ၏ သူငယ္ခ်င္း။က်ေနာ္တို႔ ေတာင္ဥကၠလာ၊က်ေနာ္တို႔ ျမင္သာ၊ က်ေနာ္တို႔ ဇင္ေယာ္လမ္းထိပ္တည့္တည့္။သံသုမာလမ္းမႀကီး၏ ဟိုဘက္ ၁၀ ရပ္ကြက္အပိုင္တြင္ ေနထိုင္ခဲ့သူ။အစ္ကိုသူငယ္ခ်င္းမို႔ ဝါစဥ္အရ က်ေနာ္ေလးစားရသည္။
 
ၿပီးေတာ့ ရွစ္ေလးလုံးအေရးေတာ္ပုံမွသည္ ဖိႏွိပ္မႈျပင္းသည့္ ဒီဘက္ျခမ္းအထိ အာဏာရွင္မ်ားကို ခပ္တင္းတင္းျပန္ၾကည့္ရဲခဲ့သူ။ထိုသို႔ နိုင္ငံေရးဓာတ္ခံခ်င္းလည္းတူသျဖင့္ မေတြ႕တာၾကာသည့္တိုင္ က်ေနာ့စိတ္ထဲ ထင္းေနဆဲျဖစ္ဟန္တူသည္။
 
သူႏွင့္ က်ေနာ္ တူညီမႈက ေနာက္ထပ္လည္းရွိေသးသည္။ညီအစ္မႏွစ္ေယာက္ကို ေႂကြတာခ်င္းလည္းတူ၊ အသည္းကြဲတာခ်င္းလည္းတူ၊ ငိုဖို႔ရာ ဝန္မေလးတာခ်င္းလည္းတူၾကသူ။
 
တစ္ခါက သူ႕မွာလည္း သူ႕ေစာ္ႏွင့္ပတ္သက္ၿပီးအသည္းေတြဟက္တက္ကြဲ၊ က်ေနာ့္မွာလည္း သူ႕ေစာ္ညီမ၏ မ်က္ေစာင္းတစ္ခ်က္ေၾကာင့္ မြမြကိုေၾကလို႔။ည ၉ နာရီေက်ာ္၊ ေက်းတမာလမ္းထိပ္က လက္ဖက္ရည္ဆိုင္တြင္ အျပန္အလွန္ဖြင့္ဟ၊အျပန္အလွန္ေဖးမ။
 
‘ကိုယ့္မွာကြာ၊ အိမ္မွာကလည္း ကိုယ္ကအႀကီးဆိုေတာ့ အျပင္ကျပန္လာၿပီး အသည္းကြဲလို႔ငိုခ်င္တာ ေတာင္ အငယ္ေတြမျမင္ေအာင္ ျခင္ေထာင္ျမန္ျမန္ေထာင္၊ ျခင္ေထာင္ျမန္ျမန္ခ်ၿပီးမွ ျခင္ေထာင္ထဲ အသံမထြက္ဘဲ ငိုရတယ္’ တဲ့။
 
လြန္ခဲ့ေသာ အႏွစ္ ၃၀ ၀န္းက်င္က စကား အခုထိက်ေနာ္မေမ့ေသးပုံအရ က်ေနာ့္စိတ္ထဲ နင့္ခဲ့ပုံထင္ရ။ကိုယ္ကိုယ္တိုင္ကလည္း ျခင္ေထာင္ထဲႀကိတ္က်ခဲ့ရေသာ မ်က္ရည္ျဖင့္ ညတို႔သည္ အပူေရာင္ေတာက္ခဲ့တာေၾကာင့္လည္းျဖစ္နိုင္သည္။
 
တကယ္ဆို ကိုရဲေလး က အရပ္ျမင့္ျမင့္၊ ႐ုပ္ေျဖာင့္ေျဖာင့္၊ စကားအေျပာအဆို သိမ္သိမ္ေမြ႕ေမြ႕၊ ၿပီး ေတာ့ က်ေနာ္တို႔ေခတ္ လူအထင္ႀကီးအခံရဆုံးေသာ ေဆးတကၠသိုလ္ေက်ာင္းသား။ေငြမရွိတာကလြဲ မိန္းမေတြႀကိဳက္ေလာက္သည့္ အရည္အခ်င္းတို႔သည္ အျပည့္။သို႔ေသာ္၊ သူသည္လည္း ေစာ္ေတြဘာေတြ သိပ္ၾကည္ဟန္မရွိ။ဘာ့ေၾကာင့္ ေစာ္မၾကည္ရတာလဲဆိုေတာ့ က်ေနာ္တို႔ေခတ္ ေစာ္ၾကည္ရန္ မျဖစ္မေနလိုအပ္ေသာ အရွက္နည္းသူမဟုတ္ျခင္းေၾကာင့္ဟု က်ေနာ္ထင္သည္။ေစာ္ၾကည္တာနဲ႕အရွက္နည္းတာ ဘာဆိုင္လို႔တုန္းဟုေမးပါက သိပ္ကိုဆိုင္သည္ဟု ေျဖရေပမည္။
 
က်ေနာ္တို႔ လူငယ္ဘ၀ ရည္းစားတစ္ေယာက္ရဖို႔ဆိုသည္မွာ အင္မတန္ခဲရာခဲဆစ္။တစ္ေက်ာင္း တည္း အတူတက္သူျဖစ္ေတာင္ သူ႕စာသင္ခန္းေရွ႕ ျဖတ္ေလွ်ာက္ၾကည့္။ေက်ာင္းအဆင္း လူတိုးေဝွ႕ေနခ်ိန္ သူ႕လြယ္အိတ္ထဲ စာခိုးထည့္။ေကာင္မေလးအားလုံးလိုလိုက လူသိမခံဝံ့သျဖင့္ အတတ္နိုင္ဆုံး လူမသိေအာင္ ေက်ာင္းျပင္ပတြင္ ႀကံစည္ရသည္။နံပါတ္တစ္၊ ကိုယ္ႀကိဳက္ေနသည့္ ေကာင္မေလးက ကိုယ္ႀကိဳက္ေနေၾကာင္းသိရွိဖို႔ရာပင္မလြယ္။ေကာင္မေလးႏွင့္ မ်က္လုံးခ်င္းဆုံဖို႔အေရး ေကာင္မေလးအိမ္ေရွ႕ လမ္းျဖတ္ေလွ်ာက္ရသည္။ဒါကို က်ေနာ္တို႔ေခတ္အသုံးက ‘ေလွ်ာက္သံျပန္ေပး ေျခေအးဝမ္းေရာင္ ေခြးေဟာင္ျပန္ေျပး’ ဟု မညွာမတာ ဟားတိုက္သည္။
 
ေကာင္မေလးအိမ္က ကိုယ္ႏွင့္တစ္လမ္းတည္းဆိုေတာင္ မၾကာခဏျဖတ္ေလွ်ာက္ေနလို႔မရ။သူ႕မိဘ အစ္ကို၊ ေမာင္ မသိေအာင္ ေလွ်ာက္တတ္ျဖတ္တတ္ ပါးနပ္ရသည္။ကိုယ့္ေကာင္မေလးအိမ္က တျခားလမ္း၊ တျခားရပ္ကြက္တြင္ဆိုပါက ေတာ္ေတာ့္ကိုမလြယ္။သူမ်ားရပ္ကြက္၊ သူမ်ားလမ္းထဲ မၾကာခဏျမင္ပါမ်ားလာလွ်င္ ထိုလမ္းထဲက လူငယ္မ်ား၏ ထိုးႀကိတ္ျခင္းကို ခံရနိုင္သည္။ထို႔ေၾကာင့္ နယ္ခံမ်ားႏွင့္ ရင္းႏွီးေအာင္ေပါင္းရ သင္းရ။တစ္ေယာက္တည္းမသြားရဲသျဖင့္ သူငယ္ခ်င္းတစ္ေယာက္ေယာက္ လက္ဖက္ရည္ဒကာခံကာ အေဖာ္ေခၚရ။သို႔ေသာ္၊ သူတို႔အိမ္ေရွ႕ျဖတ္ေလွ်ာက္တိုင္းလည္း ေကာင္မေလးကို ေတြ႕ရတာမဟုတ္။
 
ထို႔ေၾကာင့္ ကိုယ့္ေကာင္မေလးႏွင့္ မ်က္လုံးခ်င္းဆုံရန္ ေသခ်ာသည့္နည္းလမ္းမွာ သူပုံမွန္အျပင္ထြက္သည့္ အခ်ိန္ဇယားကို သိရွိဖို႔လိုသည္။မနက္ခင္းဆို ေကာင္မေလးေဈးသြားေလ့ရွိသလား။သူဘယ္က်ဴရွင္၊ ဘယ္အခ်ိန္တက္ၿပီး ဘယ္လမ္းကသြားကာ ဘယ္ကားစီးသလဲ။
 
ေကာင္မေလး သူငယ္ခ်င္း (သို႔မဟုတ္) အိမ္နီးခ်င္း တစ္ေယာက္ေယာက္က သိရွိကူညီလွ်င္ေတာ့ အို ေက။ထိုသို႔မဟုတ္ပါက ေကာင္မေလးအိမ္ႏွင့္ အနီးဆုံးလက္ဖက္ရည္ဆိုင္တြင္ တေမ့တေမာသာထိုင္ေစာင့္ၿပီး ဘယ္အခ်ိန္အျပင္ထြက္လာမယ္မွန္းမသိေသာ ေကာင္မေလးကို ထိုင္ေမွ်ာ္ေတာ့။တစ္ရက္တည္းမဟုတ္၊ ကံမေကာင္းလွ်င္ အခါခါ။
 
ေကာင္မေလး၏ အခ်ိန္စာရင္းကို သိရၿပီဆိုလွ်င္ေတာ့ ေကာင္မေလးေနာက္ မလွမ္းမကမ္းကေန လိုက္ရသည္။သူကားစီးလွ်င္ ကိုယ္လိုက္စီး၊ သူဆင္းလွ်င္ ကိုယ္ဆင္း။လူရွင္းသည့္ေနရာမ်ိဳးေရာက္လွ်င္ စကားလိုက္ေျပာ၊ စာေပး။ေကာင္မေလးက မၾကည္ျဖဴသျဖင့္ ဟိုဘက္ကားလမ္းကူး၊ ဒီဘက္ကားလမ္းကူး လုပ္ေနလွ်င္ လူေရွ႕သူေရွ႕ အရွက္မရွိစြာျဖင့္ လိုက္တန္းေျပးတန္းပမာ။ေကာင္မေလးက ေငါက္လွ်င္လည္း မ်က္ႏွာငယ္ေလးျဖင့္ခံေပါ့။
 
ခ်ဳပ္ၿပီဆိုရေသာ္ က်ေနာ္တို႔လူငယ္ဘ၀ ရည္စားတစ္ေယာက္ရဖို႔ဆိုသည္မွာ ေအာင္သြယ္ေကာင္း သျဖင့္ တိုးတိုးတိတ္တိတ္ကံေကာင္းသူ အနည္းငယ္ကလြဲ၍ ေတာ္ေတာ့္ကိုအရွက္နည္းနိုင္မွ ျဖစ္သည္။
 
ထို႔ျပင္ ခ်က္ခ်င္းအေျဖေပးလွ်င္ မိန္းမတန္ဖိုးက်သည္ဟု က်ေနာ္တို႔ေခတ္ မိန္းမတို႔၏ယူဆခ်က္အရ အခါခါအရွက္နည္းၿပီး စိတ္ရွည္ရွည္ျဖင့္ ေစာင့္ဆိုင္းနိုင္ရန္လည္း လိုေသးသည္။ရည္းစားျဖစ္ၿပီဆိုေတာ့လည္း ခ်စ္သူ၏ လက္ကေလးတစ္ဖက္ ကိုင္ရဖို႔အေရးပင္ ခ်က္ခ်င္းမလြယ္။႐ုပ္ရွင္႐ုံထဲေရာက္ဖို႔ရာ ေဖ်ာင္းေဖ်ာင္းဖ်ဖ် အခါခါ။ပန္းၿခံထဲအေရာက္ေခၚဖို႔ဆိုတာလည္း ညွိရႏွိုင္းရ ေဆြးေႏြးရ။
 
သူတို႔၏အပ်ိဳရည္ကို အိမ္ေထာင္မက်မခ်င္းအသက္ႏွင့္လဲကာကြယ္ရန္ အစဥ္အလာ လူမႈစံတစ္ရပ္က အခိုင္အမာျပ႒ာန္းခဲ့ေလေတာ့ လက္မထပ္ဘဲအတူေနၾကသူ အင္မတန္ပါးရွားလွသည္။အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရည္းစားဘဝျဖင့္အတူေနခဲ့မိေသာ္ ေနခဲ့မိသူႏွင့္သာ အိမ္ေထာင္ျပဳနိုင္ရန္ ႀကိဳးစားၾကသည္။
 
က်ေနာ္တို႔ လူ႕အဖြဲ႕အစည္းက က်ေနာ္တို႔၏ လိင္မႈေဗဒကို တင္းတင္းက်ပ္က်ပ္ကိုင္တြယ္ခဲ့ေလေတာ့ အမ်ိဳးသားမ်ားသည္ပင္ ပုံမွန္အျပာကားၾကည့္ခြင့္ရဖို႔မလြယ္။လိင္ပညာေပးအစီအစဥ္လည္း လုံးဝမရွိသျဖင့္ အပ်ိဳစင္မိန္းမသားတို႔၏ လိင္မႈအသိမွာ သုညအဆင့္သာျဖစ္သည္။
 
ေယာက်ာ္းသားမ်ားအတြက္ လိင္ေဖ်ာ္ေျဖစရာ ျပည့္တန္ဆာမရွိမဟုတ္ရွိသည္။သို႔ေသာ္၊ ျပည့္တန္ ဆာမ်ားသည္ ရန္ကုန္ၿမိဳ႕ရွိ လူစည္ကားရာ ကားမွတ္တိုင္မ်ားအနီးသို႔ ေရာက္ရွိလာသည္အထိမေပါ။အလြယ္တကူေခၚမရ။ျပည့္တန္ဆာအိမ္မ်ားသို႔သြားကာ ယင္းအိမ္မွာပင္ ခဏတျဖဳတ္ေခၚအိပ္ခ်င္အိပ္။ညလုံးေပါက္ေခၚခ်င္ေခၚ။
 
က်ေနာ္တို႔ ေတာင္ဥကၠလာသားမ်ား သြားၾကသည့္ေနရာမွာ သဃၤန္းကြၽန္း၊ ဘဝျမင့္ရပ္ကြက္။ထို ရပ္ကြက္ထဲတြင္ ျပည့္တန္ဆာအိမ္မ်ားသည္။ဘယ္အိမ္က ျပည့္တန္ဆာအိမ္လည္း သိစရာမလို။ဘဝျမင့္ရပ္ကြက္ထိပ္ ဆိုက္ကားဂိတ္တြင္ ‘အစ္ကိုေရ၊ အသစ္ကေလးေတြရွိတယ္။ၾကည့္မလား’ ဟု ဆြယ္တရားေဟာေနသူမ်ားကအသင့္။သူတို႔ကို ဖာဆြယ္ဟုေခၚသည္။ျပည့္တန္ဆာေခါင္း (ဖာေခါင္း) အိမ္သို႔ေရာက္လွ်င္ ‘သမီးတို႔ေရ၊ ဧည့္သည္လာတယ္’ ဟု ဆိုလိုက္သည္ႏွင့္ ျပည္တန္ဆာမ်ားထြက္လာကာ တန္းစီရပ္ျပ။ကိုယ္ႀကိဳက္သည့္ ေကာင္မေလးကို လက္ညွိုးထိုး။ေဈးႏႈန္းညွိ၊ ေငြေခ်။လမ္းတြင္ျဖတ္လုမခံရေလေအာင္ ေဘးကင္းသည့္ေနရာအထိ ဖာဆြယ္က လိုက္ပို႔။
 
တည္းခိုခန္းတိုင္းလိုလို ျပည့္တန္ဆာလက္မခံသလို မ်ားေသာအားျဖင့္ သူငယ္ခ်င္း ၃-၄ ေယာက္စုၿပီး ေခၚအိပ္ၾကေသာေၾကာင့္ အိမ္လြတ္တစ္ေနရာသို႔ ေခၚသြားၾကသည္။ညမေမွာင္ေသးလွ်င္ (သို႔မဟုတ္) ပတ္ဝန္းက်င္၌ လူမရွင္းေသးလွ်င္ ခဏေစာင့္။မနက္ ၄ နာရီေက်ာ္ဆို အနီးဆုံးကားဂိတ္သို႔ ေကာင္မေလးကို တစ္ေယာက္ေယာက္လိုက္ပို႔။
 
HIV ပိုးက က်ယ္က်ယ္ျပန႔္ျပန္မဟုတ္ေသးသလို လိင္ပညာေပးလည္းမရွိသျဖင့္ ကြန္ဒုံပါလွ်င္အရသာေပါ့သည္ဟုဆိုကာ ကြန္ဒုံမသုံးသူကလည္းမ်ားသည္။ကာလသားေရာဂါပိုးကူးစက္ခံရတာ လည္းမ်ားသည္။ပင္နီဆလင္ငါးသိန္းအားဆိုတာလည္း လူငယ္ထုၾကား နာမည္ႀကီးသည္။သို႔ေသာ္၊ ပိုက္ဆံလည္းရွိဦးမွ၊ စိတ္တူကိုယ္တူ သူငယ္ခ်င္း ၃ ေယာက္ေလာက္လည္းရွိဦးမွ၊ လြတ္လပ္စြာေပ်ာ္ပါးနိုင္သည့္ အိမ္အလြတ္တစ္လုံးလည္းရွိဦးမွဆိုေတာ့ က်ေနာ္တို႔လူငယ္ဘဝသည္ ျပည့္တန္ဆာႏွင့္ မၾကာခဏ ေပ်ာ္ပါးနိုင္ရန္ မည္သို႔္မွ်မလြယ္။
 
လူပ်ိဳေပါက္အ႐ြယ္ က်ေနာ့္တူေတာ္ေမာင္က ‘အဘတို႔ေခတ္က ရည္းစားထားဖို႔ေတာင္ မလြယ္ပါ လား။’ ဟု ေကာက္ခ်က္ခ်သည္။တကယ့္ကိုမလြယ္၊ ဘာမွမလြယ္ခဲ့ေသာ ျဖတ္သန္းမႈတစ္ခု။ေကာင္းတာလည္းသိပ္မရွိ၊ မေကာင္းတာလည္းသိပ္မရွိေသာ ေန႕စြဲမ်ားတြင္ လူလုပ္ရတာ လြယ္ေရာလြယ္ခဲ့ရဲ႕လားဟု က်ေနာ္ျပန္ေတြးေနမိသည္။
 
လင္းဆက္ၿငိမ္းခ်မ္း
ဇန္နဝါရီ - ၃၀