【 ဆောင်းပါး 】 "ကိုဗစ်-၁၉ ထိုးစစ်ရဲ့ ပြဿနာများ"

【 ဆောင်းပါး 】 "ကိုဗစ်-၁၉ ထိုးစစ်ရဲ့ ပြဿနာများ"

၂၀၁၉ တရုတ်ပြည်၊ ဝူဟန်မြို့ကနေ စဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကူးစက်မြန်ရောဂါက အခုဆိုရင် ကမ္ဘာ့ကပ်ကြီးဖြစ်နေပါပြီ။ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံကြီးကနေ ကမ္ဘာ့နိုင်ငံအများအပြားကို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြီး ပြန့်ပွားသွားခဲ့ပါတယ်။ဒီ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြီးရဲ့ တိုက်ခိုက်မှုကြောင့် လူသားတွေသေကြေနေကြတာ အခုအချိန်မှာ အမြင့်ဆုံးအချိန်ဖြစ်နေပါသေးတယ်။တရုတ်နိုင်ငံကနေ စတင်ခဲ့တယ်ဆိုပေမယ့် တရုတ်ပြည်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၈၂၅၇၄) ရှိခဲ့ပြီး သေဆုံးသူပေါင်း (၃၃၃၃) ရှိခဲ့ပါတယ်။တရုတ်ပြည်ဟာ ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်ဖို့ အစိုးရရဲ့စီမံခန့်ခွဲမှု နောက်ကျသွားတဲ့ အတွက် ပိုပြီးကြီးထွားသွားခဲ့ပါတယ်။အခုဆိုရင်တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကို ထိန်းချုပ်နိုင်လိုက်ပါပြီ။

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကို ထိန်းချုပ်နိုင်လိုက်တယ်လို့ ကြေညာပေမယ့်၊ ကမ္ဘာ့နိုင်ငံတွေကို ကိုဗစ်-၁၉ ကူးစက်မြန်နှုန်း မြင့်မားလာတာကြောင့် ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကနေ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ် အတည်ပြုကြေညာခဲ့ရပါတယ်။အခု ဧပြီလဆန်း အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၁၂၄၅၃၂) ဦး၊ သေဆုံးသူပေါင်း (၁၅၃၆၂)။စပိန်နိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၁၂၆၁၆၈)၊ သေဆုံးသူပေါင်း (၁၁၉၄၇)၊ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၃၁၂၂၄၅)၊ သေဆုံးသူပေါင်း (၈၅၀၃)၊ ပြင်သစ်နိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၉၀၈၅၃)၊ သေဆုံးသူပေါင်း (၇၅၇၄)။ဂျာမဏီနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၉၆၀၉၂)၊ သေဆုံးသူပေါင်း (၁၄၄၄)။အီရန်နိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ (၅၅၇၄၃)၊သေဆုံးသူပေါင်း (၃၄၅၂) နဲ့ ကမ္ဘာ့နိုင်ငံတွေမှာ အများဆုံးဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအနေနဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ စုစုပေါင်း (၁၂၀၄၇၈၂) ဦးနဲ့ သေဆုံးသူပေါင်း (၆၄၈၄၃၉) ရှိသွားပါပြီ။

အမေရိကန်နိုင်ငံ သမ္မတက လာမယ့် ဧပြီလသီတင်းပတ်အတွင်းမှာ အခက်ခဲဆုံးဖြစ်လာနိုင်ပြီး လူသေဆုံးမှုအများအပြား ဖြစ်လာမယ်လို့ ပြောပါတယ်။အခုဆို ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါကြီးကို ခက်ခက်ခဲခဲထိန်းချုပ်နေရပါတယ်။ကမ္ဘာပေါ်မှာရှိနေတဲ့ မြို့ပြကြီးတွေအလိုက်ရော၊ တစ်နိုင်ငံလုံးအနေနဲ့ရော လော့ဒေါင်းတွေလုပ်နေရပါပြီ။ကမ္ဘာ့နိုင်ငံကြီးတွေရော နိုင်ငံငယ်တွေရဲ့ မြို့တွေမှာ လူတွေမသွားလာရဲတော့တဲ့အထိ ဖြစ်နေပါတယ်။ပြောမယ်ဆိုရင်က ကမ္ဘာကြီးရဲ့ ငြိမ်သက်တိတ်ဆိတ်မှုကြီးကို ခြောက်ခြားစွာကြုံတွေ့နေရတဲ့ ကာလဆိုးကြီးတစ်ခုဖြစ်ပါတယ်။ဖကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရဲ့ ထိုးစစ်ကြီးကို လူသားတွေခွဲခွာနေပြီး စိတ်အသိဉာဏ်တရားနဲ့ ခုခံစစ်ကို ပြန်ဆင်နွှဲနေကြရပါပြီ။

ဒီနေရာမှာ တိုင်းပြည်အသီးသီးကအစိုးရခေါင်းဆောင်တွေရဲ့ စီမံခန့်ခွဲမှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ တစ်ရပ်ကို ကြိုတင်တွေးခေါ်နိုင်မှု အရည်အချင်းတွေပေါ်မှာ ကွဲပြားမှုတွေက စကားပြောနေပါပြီ။ဖြစ်ပေါ်လာနိုင်တဲ့ညသဘာဝအန္တရာယ်ကြီးကို ပေါ့ပေါ့ဆဆနဲ့ အလေးမထားမှုကြောင့် နိုင်ငံကြီးတချို့က မသေသင့်ပဲ သေဆုံးသွားရတဲ့ လူသားတွေနဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးကို မထိန်းချုပ်နိုင်တဲ့ အခြေအနေဆိုးကြီးကိုကြည့်ရင် သိနိုင်ပါတယ်။ဒီဖြစ်ရပ်ဆိုးကြီးရဲ နောက်ဆက်တွဲဆုံးရှုံးမှုတွေက ပိုဆိုးနေပါလိမ့်မယ်။အခုအချိန်အခြေအနေမှာ ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ တစ်သန်းခြောက်သိန်းကျော်လောက် ရှိနေပြီး၊ သေဆုံးသူပေါင်း တစ်သိန်းကျော်ရှိနေပါပြီ။ပြောမယ် ဆိုရင် ကမ္ဘာ့လူဦးရေထက်ဝက်ကျော်ဟာ ကန့်သတ်ချုပ်ချယ်မှုအောက်ကို ရောက်နေပါတယ်။ဒီအခြေအနေရဲ့ နောက်ဆက်တွဲအကျိုးဆက်ဟာ ကမ္ဘာကြီးရဲ့ ပြန်လည်ရှင်သန်မှုကို ရပ်တန့်လိုက်သလိုဖြစ်သွားမှာပါ။ကမ္ဘာ့စီးပွားရေးအခြေအနေဆိုးကြီးကို ကြုံတွေ့ရမှာဖြစ်ပါတယ်။အာရှစီးပွားရေးဘဏ် (ADB) က ဧပြီလဆန်းပိုင်းမှာ ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ၄ ဒဿမ ၁ ထရီလျံအထိ ဆုံးရှုံးစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ဒါပေမယ့် ကမ္ဘာ့ကပ်ကြီးဖြစ်တဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ထိုးစစ်ကြီးကို ဘယ်အချိန်မှာရပ်တန့်သွားအောင် ဆောင်ရွက်နိုင်မလဲဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ကြီး (WHO) က မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ် အတည်ပြုကြေညာလိုက်တဲ့အချိန်ာမြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်ခံရသူ မတွေ့သေးဘူးလို့ ဆိုပါတယ်။မတ်လ ၁၃ ရက်နေ့ကျမှမြန်မာနိုင်ငံမှာ ၂၀၁၉ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။မတ်လ ၃၀ ရက်နေ့မှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်တုန့်ပြန်ရေးကော်မတီကို နိုင်ငံတော်ဒုသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စစ်ဘက်အများစု ပါဝင်ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသူကို မတ်လ ၂၃ဘရက်မှာညစတင်တွေ့ရှိခဲ့ပါတယ်။အဲဒီလိုစတင်တွေ့ရှိတဲ့အချိန်မှာ ရန်ကုန်မြို့နဲ့ မြို့ကြီးတွေမှာ စားသောက်ကုန်တွေ ပြေးလွှားဝယ်ကြတာ ညည့်နက်သန်းခေါင်အထိပါပဲ။ကျန်းမာရေးဝန်ကြီးဌာနက လူစုလူဝေးမလုပ်ရဘူးလို့ ထုတ်ပြန်ခဲ့ပေမယ့် ဈေးဝယ်စင်တာတွေ၊ စီးတီးမတ်တွေမှာ လူစုလူဝေးနဲ့ တိုးကြိတ် ဝယ်နေကြတာက ကိုဗစ်-၁၉ ကူးစက်မှုအတွက် အင်မတန်စိုးရိမ်စရာပါပဲ။ပိုပြီးစိုးရိမ်စရာက ထိုင်းနိုင်ငံကနေ ပြည်တော်ပြန်တွေ ပြန်ဝင်လာတဲ့ လူစုလူဝေးတွေထဲမှာ ပါလာမယ့် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်မှုပါ။ထိုင်းနိုင်ငံမှာလည်း မြန်မာနိုင်ငံထက်စောပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ၊ သေဆုံးသွားသူတွေရှိနေတယ်။ကမ္ဘာ့နိုင်ငံအချို့မှာ နိုင်ငံအလိုက် လော့ဒေါင်းတွေ လုပ်ထားကြတယ်။အဲဒီလို ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါဆိုးဒဏ် ခံနေရတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရကွဲလွဲမှုတွေကို ငြင်းခုန်နေခဲ့ကြတယ်။

ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကာကွယ်နိုင်ဖို့ သုံးလလောက် ကြိုတင်ပြင်ဆင်ချိန်ရခဲ့ပါတယ်။အဲဒီလိုကြိုတင်ကာကွယ်ဖို့ စီမံချက်တွေချပြီး မြန်မာပြည်သူတွေအတွက် အဓိကလုပ်ဆောင်ခဲ့ရမှာပါ။အခု ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါကူးစက်သူတွေ အယောက် ၂၀ ကျော် ရှိသွားခဲ့ပါပြီ။တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာမယ့် ပြည်တော်ပြန်တွေ မြန်မာနိုင်ငံထဲ ပြန်ဝင်လာကတည်းက ကွာရန်တင်းလုပ်ဖို့ လိုအပ်ပေမယ့်၊ ဒီလုပ်ဆောင်မှုကိုပြန်ကြည့်ရင် နောက်ကျသွားပါပြီ။မြန်မာပြည်ထဲကို ပြောင်းရွှေ့လုပ်သားတွေ နယ်အနှံ့အပြားကို ပြန်ရောက်နေကြပါပြီ။ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို တွေ့ရှိပြီးနောက်ကြောင်း ကွင်းဆက်လိုက်နေရတာတွေတောင် လစ်ဟာချက်တွေရှိနေပါပြီ။ပြည်တော်ပြန် ပြောင်းရွှေ့လုပ်သား သောင်းနဲ့ချီပြီးရှိနေကြတဲ့အထဲမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါထိတွေ့သူ ဘယ်နှစ်ယောက်ပါမယ်ဆိုတာ မသိနိုင်ပါဘူး။

အခုလိုအခြေအနေမျိုး ဖြစ်လာတဲ့အချိန်မှာညကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ မူဝါဒအတည်ပြုထုတ်ပြန်တာလည်းမရှိပဲ ဒေသန္တရအလိုက် အုပ်ချုပ်ရေး၊ကျန်းမာရေးနဲ့ လူမှုအဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ကွာရန်တင်းလုပ်ဆောင်နေကြရပါတယ်။ဒီလိုအရေးပေါ် ကိုဗစ်-၁၉ ကာကွယ်ရေးအရ ၁၄ ရက် စောင့်ကြည့်ရေးခြေချုပ် (Quarantine) ထားရာမှာ တိုင်းနဲ့ ပြည်နယ်တွေ မတူကွဲပြားနေတာတွေကို တွေ့ရပါတယ်။မြန်မာပြည်အခြေအနေအရ မြို့နယ်နဲ့ တိုင်းပြည်နယ်တွေအလိုက် Lockdown မလုပ်နိုင်သေးပါဘူး။လိုအပ်မှသာ Community Quarantine ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဘအမျိုးသားအဆင့်ဗဟိုကော်မတီအနေနဲ့ ပြောထားပါတယ်။ဒီနေရာမှာ အဓိကပြဿနာဖြစ်နေတာက ကျေးလက်တောရွာတွေကို ပြည်တွင်းကပြန်လာတဲ့သူတွေကို ၁၄ ရက်ကြာ Quarantine လုပ်ထားတာတွေပါပဲ။ဒီလို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးမူဝါဒတစ်ခုနဲ့ ဆောင်ရွက်ရမှာပါ။နောက် အစိုးရအာဏာ မသက်ရောက်နိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုရဒေသတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် သူ့ဒေသမူဝါဒနဲ့ လုပ်ဆောင်နေတာတွေကို တွေ့နေရပါတယ်။ဒါကလည်း ကမ္ဘာ့ကပ်ကြီးဖြစ်လာတဲ့အချိန်မှာ ဗဟိုအစိုးရကနေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့မူဝါဒ မထိရောက်နိုင်တာတွေ့ရပါတယ်။

ပြောမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုအခြေအနေဟာ စဖြစ်ခါစလို့ ပြောလို့ရပါသေးတယ်။အီတလီနိုင်ငံလို ပေါ့ဆနေပြီး မထိန်းသိမ်းနိုင်လောက်အောင် ဖြစ်ပေါ်လာခဲ့ရင် ပိုဆိုးရွားသွားမှာကို တွေးမိပါတယ်။အခုအချိန်မှာ ပြည်သူတွေရဲ့ သတိ၊ အသိဉာဏ်တွေကို အားထားပြီး ကာကွယ်နေရပါသေးတယ်။သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်ကူညီမှုတွေကြောင့်လည်း ပါနေပါတယ်။ကျန်းမာရေးဌာန ဆရာဝန်တွေ၊ သူနာပြုတွေ၊ လိုအပ်တဲ့ ကုသရေး ကာကွယ်ရေးတွေ မပြည့်စုံတာကိုတော့ ပြည်သူတွေသိနေကြပါတယ်။ဒါပေမယ့် ကိုယ်ဖျောက် ကိုဗစ်-၁၉ ဟာ ဘယ်နေရာမှာရှိနေလဲဆိုတာကို မသိနိုင်တော့ ဘယ်အချိန်မှာ ထပေါ်လာပြီး ကြီးထွားလာမှာကိုတွေးပြီး ကြောက်လန့်နေကြရတယ်။အရေးကြီးတာက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုက ပြည်သူတွေကို သတင်းမှန်တွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာပေးဖို့ လိုအပ်ပါတယ်။ကိုဗစ်-၁၉ ကူးစက်ခံ လူနာတစ်ဦး သေသွားခဲ့သလို၊ သံသယလူနာတွေရဲ့ သေဆုံးမှုတွေဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို လျော့ပါးစေပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ဒေသအလိုက် လူစုလူဝေးပွဲတွေ မလုပ်ဖို့ တားမြစ်လိုက်တဲ့အပြင် ဆေးဝါးနဲ့ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်တွေသာ ဖွင့်ခွင့်ပေးထားတာ တွေ့နေရပါပြီ။မတူညီမှုတွေကတော့ စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်တဲ့အခြေအနေတွေ ဖြစ်ပါတယ်။တစ်နေ့လုပ်မှ စားသောက်နေရတဲ့ ပြည်သူတွေအတွက်လည်း ကိုဗစ်-၁၉ ဟာ အဓိကထိုးစစ်ဆင်တိုက်ခိုက်လိုက်တဲ့ ကပ်ဆိုးကြီးဖြစ်နေပါတယ်။ဒီ ကိုဗစ်-၁၉ ကပ်ဆိုးကြီးကို ရင်ဆိုင်တွေ့နေရတဲ့ကာလမှာတောင် ပြဿနာတွေ အဆင်မပြေစွာ ရင်ဆိုင်ဖြတ်ကျော်နေရပါတယ်။နောက်ကြုံတွေ့လာမယ့်ပြဿနာတွေက ပိုကြီးမားလာမှာပါ။ဒီ ကိုဗစ်-၁၉ ကပ်ဆိုးကြီးကို ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ အပျက်အစီးနည်းပါးစွာနဲ့ ဖြတ်ကျော်ပြီးတဲ့အချိန် ပြည်သူတွေ အငတ်ဘေးနဲ့ လုယက်မှုဘေးတွေကို ထပ်ရင်ဆိုင်ရဦးမှာပါ။

မြတ်လှိုင်း
ဧပြီ - ၁၁

( Zawgyi )

၂၀၁၉ တ႐ုတ္ျပည္၊ ဝူဟန္ၿမိဳ႕ကေန စျဖစ္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ (ကိုဗစ္-၁၉) ကူးစက္ျမန္ေရာဂါက အခုဆိုရင္ ကမာၻ႔ကပ္ႀကီးျဖစ္ေနပါၿပီ။ကြၽန္ေတာ္တို႔ရဲ႕ အိမ္နီးခ်င္းႏိုင္ငံႀကီးကေန ကမာၻ႔ႏိုင္ငံအမ်ားအျပားကို ကိုဗစ္-၁၉ ကူးစက္ျမန္ေရာဂါႀကီး ျပန႔္ပြားသြားခဲ့ပါတယ္။ဒီ ကိုဗစ္-၁၉ ကူးစက္ျမန္ေရာဂါႀကီးရဲ႕ တိုက္ခိုက္မႈေၾကာင့္ လူသားေတြေသေၾကေနၾကတာ အခုအခ်ိန္မွာ အျမင့္ဆုံးအခ်ိန္ျဖစ္ေနပါေသးတယ္။တ႐ုတ္ႏိုင္ငံကေန စတင္ခဲ့တယ္ဆိုေပမယ့္ တ႐ုတ္ျပည္မွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၈၂၅၇၄) ရွိခဲ့ၿပီး ေသဆုံးသူေပါင္း (၃၃၃၃) ရွိခဲ့ပါတယ္။တ႐ုတ္ျပည္ဟာ ကိုဗစ္-၁၉ ေရာဂါကို ထိန္းခ်ဳပ္ဖို႔ အစိုးရရဲ႕စီမံခန႔္ခြဲမႈ ေနာက္က်သြားတဲ့ အတြက္ ပိုၿပီးႀကီးထြားသြားခဲ့ပါတယ္။အခုဆိုရင္တ႐ုတ္ႏိုင္ငံဟာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္လိုက္ပါၿပီ။

တ႐ုတ္ႏိုင္ငံက ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္လိုက္တယ္လို႔ ေၾကညာေပမယ့္၊ ကမာၻ႔ႏိုင္ငံေတြကို ကိုဗစ္-၁၉ ကူးစက္ျမန္ႏႈန္း ျမင့္မားလာတာေၾကာင့္ ကုလသမဂၢ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) ကေန ကမာၻ႔ကပ္ေရာဂါႀကီးအျဖစ္ အတည္ျပဳေၾကညာခဲ့ရပါတယ္။အခု ဧၿပီလဆန္း အီတလီႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၁၂၄၅၃၂) ဦး၊ ေသဆုံးသူေပါင္း (၁၅၃၆၂)။စပိန္ႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၁၂၆၁၆၈)၊ ေသဆုံးသူေပါင္း (၁၁၉၄၇)၊ အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၃၁၂၂၄၅)၊ ေသဆုံးသူေပါင္း (၈၅၀၃)၊ ျပင္သစ္ႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၉၀၈၅၃)၊ ေသဆုံးသူေပါင္း (၇၅၇၄)။ဂ်ာမဏီႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၉၆၀၉၂)၊ ေသဆုံးသူေပါင္း (၁၄၄၄)။အီရန္ႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ (၅၅၇၄၃)၊ေသဆုံးသူေပါင္း (၃၄၅၂) နဲ႔ ကမာၻ႔ႏိုင္ငံေတြမွာ အမ်ားဆုံးျဖစ္ပါတယ္။တစ္ကမာၻလုံးအေနနဲ႔ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း (၁၂၀၄၇၈၂) ဦးနဲ႔ ေသဆုံးသူေပါင္း (၆၄၈၄၃၉) ရွိသြားပါၿပီ။

အေမရိကန္ႏိုင္ငံ သမၼတက လာမယ့္ ဧၿပီလသီတင္းပတ္အတြင္းမွာ အခက္ခဲဆုံးျဖစ္လာႏိုင္ၿပီး လူေသဆုံးမႈအမ်ားအျပား ျဖစ္လာမယ္လို႔ ေျပာပါတယ္။အခုဆို ကမာၻ႔ႏိုင္ငံေတြမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ျမန္ေရာဂါႀကီးကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ေနရပါတယ္။ကမာၻေပၚမွာရွိေနတဲ့ ၿမိဳ႕ျပႀကီးေတြအလိုက္ေရာ၊ တစ္ႏိုင္ငံလုံးအေနနဲ႔ေရာ ေလာ့ေဒါင္းေတြလုပ္ေနရပါၿပီ။ကမာၻ႔ႏိုင္ငံႀကီးေတြေရာ ႏိုင္ငံငယ္ေတြရဲ႕ ၿမိဳ႕ေတြမွာ လူေတြမသြားလာရဲေတာ့တဲ့အထိ ျဖစ္ေနပါတယ္။ေျပာမယ္ဆိုရင္က ကမာၻႀကီးရဲ႕ ၿငိမ္သက္တိတ္ဆိတ္မႈႀကီးကို ေျခာက္ျခားစြာႀကဳံေတြ႕ေနရတဲ့ ကာလဆိုးႀကီးတစ္ခုျဖစ္ပါတယ္။ဖကိုဗစ္-၁၉ ဗိုင္းရပ္စ္ပိုးရဲ႕ ထိုးစစ္ႀကီးကို လူသားေတြခြဲခြာေနၿပီး စိတ္အသိဉာဏ္တရားနဲ႔ ခုခံစစ္ကို ျပန္ဆင္ႏႊဲေနၾကရပါၿပီ။

ဒီေနရာမွာ တိုင္းျပည္အသီးသီးကအစိုးရေခါင္းေဆာင္ေတြရဲ႕ စီမံခန႔္ခြဲမႈနဲ႔ ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေန တစ္ရပ္ကို ႀကိဳတင္ေတြးေခၚႏိုင္မႈ အရည္အခ်င္းေတြေပၚမွာ ကြဲျပားမႈေတြက စကားေျပာေနပါၿပီ။ျဖစ္ေပၚလာႏိုင္တဲ့ညသဘာဝအႏၲရာယ္ႀကီးကို ေပါ့ေပါ့ဆဆနဲ႔ အေလးမထားမႈေၾကာင့္ ႏိုင္ငံႀကီးတခ်ိဳ႕က မေသသင့္ပဲ ေသဆုံးသြားရတဲ့ လူသားေတြနဲ႔ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ပိုးကို မထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနဆိုးႀကီးကိုၾကည့္ရင္ သိႏိုင္ပါတယ္။ဒီျဖစ္ရပ္ဆိုးႀကီးရဲ ေနာက္ဆက္တြဲဆုံးရႈံးမႈေတြက ပိုဆိုးေနပါလိမ့္မယ္။အခုအခ်ိန္အေျခအေနမွာ ကမာၻတစ္ဝွမ္း ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ တစ္သန္းေျခာက္သိန္းေက်ာ္ေလာက္ ရွိေနၿပီး၊ ေသဆုံးသူေပါင္း တစ္သိန္းေက်ာ္ရွိေနပါၿပီ။ေျပာမယ္ ဆိုရင္ ကမာၻ႔လူဦးေရထက္ဝက္ေက်ာ္ဟာ ကန႔္သတ္ခ်ဳပ္ခ်ယ္မႈေအာက္ကို ေရာက္ေနပါတယ္။ဒီအေျခအေနရဲ႕ ေနာက္ဆက္တြဲအက်ိဳးဆက္ဟာ ကမာၻႀကီးရဲ႕ ျပန္လည္ရွင္သန္မႈကို ရပ္တန႔္လိုက္သလိုျဖစ္သြားမွာပါ။ကမာၻ႔စီးပြားေရးအေျခအေနဆိုးႀကီးကို ႀကဳံေတြ႕ရမွာျဖစ္ပါတယ္။အာရွစီးပြားေရးဘဏ္ (ADB) က ဧၿပီလဆန္းပိုင္းမွာ ကမာၻ႔စီးပြားေရးကို ေဒၚလာ ၄ ဒႆမ ၁ ထရီလ်ံအထိ ဆုံးရႈံးေစႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ဒါေပမယ့္ ကမာၻ႔ကပ္ႀကီးျဖစ္တဲ့ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ထိုးစစ္ႀကီးကို ဘယ္အခ်ိန္မွာရပ္တန႔္သြားေအာင္ ေဆာင္႐ြက္ႏိုင္မလဲဆိုတာကိုေတာ့ မသိႏိုင္ေသးပါဘူး။

ကမာၻ႔ကုလသမဂၢ က်န္းမာေရးအဖြဲ႕ႀကီး (WHO) က မတ္လ ၁၁ ရက္ေန႔မွာ ကမာၻ႔ကပ္ေရာဂါႀကီးအျဖစ္ အတည္ျပဳေၾကညာလိုက္တဲ့အခ်ိန္ာျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္ခံရသူ မေတြ႕ေသးဘူးလို႔ ဆိုပါတယ္။မတ္လ ၁၃ ရက္ေန႔က်မွျမန္မာႏိုင္ငံမွာ ၂၀၁၉ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ပါဝင္ၿပီး ဖြဲ႕စည္းခဲ့ပါတယ္။မတ္လ ၃၀ ရက္ေန႔မွာ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္တုန႔္ျပန္ေရးေကာ္မတီကို ႏိုင္ငံေတာ္ဒုသမၼတ ဦးျမင့္ေဆြ ဥကၠ႒အျဖစ္ တာဝန္ယူၿပီး စစ္ဘက္အမ်ားစု ပါဝင္ဖြဲ႕စည္းခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ပထမဦးဆုံး ကိုဗစ္-၁၉ ကူးစက္ခံရသူကို မတ္လ ၂၃ဘရက္မွာညစတင္ေတြ႕ရွိခဲ့ပါတယ္။အဲဒီလိုစတင္ေတြ႕ရွိတဲ့အခ်ိန္မွာ ရန္ကုန္ၿမိဳ႕နဲ႔ ၿမိဳ႕ႀကီးေတြမွာ စားေသာက္ကုန္ေတြ ေျပးလႊားဝယ္ၾကတာ ညည့္နက္သန္းေခါင္အထိပါပဲ။က်န္းမာေရးဝန္ႀကီးဌာနက လူစုလူေဝးမလုပ္ရဘူးလို႔ ထုတ္ျပန္ခဲ့ေပမယ့္ ေဈးဝယ္စင္တာေတြ၊ စီးတီးမတ္ေတြမွာ လူစုလူေဝးနဲ႔ တိုးႀကိတ္ ဝယ္ေနၾကတာက ကိုဗစ္-၁၉ ကူးစက္မႈအတြက္ အင္မတန္စိုးရိမ္စရာပါပဲ။ပိုၿပီးစိုးရိမ္စရာက ထိုင္းႏိုင္ငံကေန ျပည္ေတာ္ျပန္ေတြ ျပန္ဝင္လာတဲ့ လူစုလူေဝးေတြထဲမွာ ပါလာမယ့္ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္မႈပါ။ထိုင္းႏိုင္ငံမွာလည္း ျမန္မာႏိုင္ငံထက္ေစာၿပီး ကိုဗစ္-၁၉ ကူးစက္ခံရသူေတြ၊ ေသဆုံးသြားသူေတြရွိေနတယ္။ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာ ႏိုင္ငံအလိုက္ ေလာ့ေဒါင္းေတြ လုပ္ထားၾကတယ္။အဲဒီလို ကမာၻ႔ႏိုင္ငံေတြမွာ ကိုဗစ္-၁၉ ေရာဂါဆိုးဒဏ္ ခံေနရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔ ႏိုင္ငံေရးအရကြဲလြဲမႈေတြကို ျငင္းခုန္ေနခဲ့ၾကတယ္။

ေျပာမယ္ဆိုရင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကာကြယ္ႏိုင္ဖို႔ သုံးလေလာက္ ႀကိဳတင္ျပင္ဆင္ခ်ိန္ရခဲ့ပါတယ္။အဲဒီလိုႀကိဳတင္ကာကြယ္ဖို႔ စီမံခ်က္ေတြခ်ၿပီး ျမန္မာျပည္သူေတြအတြက္ အဓိကလုပ္ေဆာင္ခဲ့ရမွာပါ။အခု ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ေရာဂါကူးစက္သူေတြ အေယာက္ ၂၀ ေက်ာ္ ရွိသြားခဲ့ပါၿပီ။တ႐ုတ္ႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံေတြကေန ျမန္မာႏိုင္ငံကို ျပန္ဝင္လာမယ့္ ျပည္ေတာ္ျပန္ေတြ ျမန္မာႏိုင္ငံထဲ ျပန္ဝင္လာကတည္းက ကြာရန္တင္းလုပ္ဖို႔ လိုအပ္ေပမယ့္၊ ဒီလုပ္ေဆာင္မႈကိုျပန္ၾကည့္ရင္ ေနာက္က်သြားပါၿပီ။ျမန္မာျပည္ထဲကို ေျပာင္းေ႐ႊ႕လုပ္သားေတြ နယ္အႏွံ႔အျပားကို ျပန္ေရာက္ေနၾကပါၿပီ။ကိုဗစ္-၁၉ ကူးစက္ခံရသူေတြကို ေတြ႕ရွိၿပီးေနာက္ေၾကာင္း ကြင္းဆက္လိုက္ေနရတာေတြေတာင္ လစ္ဟာခ်က္ေတြရွိေနပါၿပီ။ျပည္ေတာ္ျပန္ ေျပာင္းေ႐ႊ႕လုပ္သား ေသာင္းနဲ႔ခ်ီၿပီးရွိေနၾကတဲ့အထဲမွာ ကိုဗစ္-၁၉ ကူးစက္ေရာဂါထိေတြ႕သူ ဘယ္ႏွစ္ေယာက္ပါမယ္ဆိုတာ မသိႏိုင္ပါဘူး။

အခုလိုအေျခအေနမ်ိဳး ျဖစ္လာတဲ့အခ်ိန္မွာညကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီရဲ႕ မူဝါဒအတည္ျပဳထုတ္ျပန္တာလည္းမရွိပဲ ေဒသႏၲရအလိုက္ အုပ္ခ်ဳပ္ေရး၊က်န္းမာေရးနဲ႔ လူမႈအဖြဲ႕အစည္းေတြ ညႇိႏႈိင္းၿပီး ကြာရန္တင္းလုပ္ေဆာင္ေနၾကရပါတယ္။ဒီလိုအေရးေပၚ ကိုဗစ္-၁၉ ကာကြယ္ေရးအရ ၁၄ ရက္ ေစာင့္ၾကည့္ေရးေျခခ်ဳပ္ (Quarantine) ထားရာမွာ တိုင္းနဲ႔ ျပည္နယ္ေတြ မတူကြဲျပားေနတာေတြကို ေတြ႕ရပါတယ္။ျမန္မာျပည္အေျခအေနအရ ၿမိဳ႕နယ္နဲ႔ တိုင္းျပည္နယ္ေတြအလိုက္ Lockdown မလုပ္ႏိုင္ေသးပါဘူး။လိုအပ္မွသာ Community Quarantine ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးဘအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီအေနနဲ႔ ေျပာထားပါတယ္။ဒီေနရာမွာ အဓိကျပႆနာျဖစ္ေနတာက ေက်းလက္ေတာ႐ြာေတြကို ျပည္တြင္းကျပန္လာတဲ့သူေတြကို ၁၄ ရက္ၾကာ Quarantine လုပ္ထားတာေတြပါပဲ။ဒီလို ကိုဗစ္-၁၉ ကာကြယ္ေရးအတြက္ တစ္ႏိုင္ငံလုံးမူဝါဒတစ္ခုနဲ႔ ေဆာင္႐ြက္ရမွာပါ။ေနာက္ အစိုးရအာဏာ မသက္ေရာက္ႏိုင္တဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္မႈရေဒသေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ေဒသေတြမွာ ကိုဗစ္-၁၉ ကာကြယ္ေရးအတြက္ သူ႔ေဒသမူဝါဒနဲ႔ လုပ္ေဆာင္ေနတာေတြကို ေတြ႕ေနရပါတယ္။ဒါကလည္း ကမာၻ႔ကပ္ႀကီးျဖစ္လာတဲ့အခ်ိန္မွာ ဗဟိုအစိုးရကေန ဦးေဆာင္ဖြဲ႕စည္းထားတဲ့ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီရဲ႕မူဝါဒ မထိေရာက္ႏိုင္တာေတြ႕ရပါတယ္။

ေျပာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအတြက္ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္မႈအေျခအေနဟာ စျဖစ္ခါစလို႔ ေျပာလို႔ရပါေသးတယ္။အီတလီႏိုင္ငံလို ေပါ့ဆေနၿပီး မထိန္းသိမ္းႏိုင္ေလာက္ေအာင္ ျဖစ္ေပၚလာခဲ့ရင္ ပိုဆိုး႐ြားသြားမွာကို ေတြးမိပါတယ္။အခုအခ်ိန္မွာ ျပည္သူေတြရဲ႕ သတိ၊ အသိဉာဏ္ေတြကို အားထားၿပီး ကာကြယ္ေနရပါေသးတယ္။သက္ဆိုင္ရာ လူမႈအဖြဲ႕အစည္းေတြရဲ႕ ပါဝင္ကူညီမႈေတြေၾကာင့္လည္း ပါေနပါတယ္။က်န္းမာေရးဌာန ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ လိုအပ္တဲ့ ကုသေရး ကာကြယ္ေရးေတြ မျပည့္စုံတာကိုေတာ့ ျပည္သူေတြသိေနၾကပါတယ္။ဒါေပမယ့္ ကိုယ္ေဖ်ာက္ ကိုဗစ္-၁၉ ဟာ ဘယ္ေနရာမွာရွိေနလဲဆိုတာကို မသိႏိုင္ေတာ့ ဘယ္အခ်ိန္မွာ ထေပၚလာၿပီး ႀကီးထြားလာမွာကိုေတြးၿပီး ေၾကာက္လန႔္ေနၾကရတယ္။အေရးႀကီးတာက ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုက ျပည္သူေတြကို သတင္းမွန္ေတြ အခ်ိန္နဲ႔တေျပးညီ ထုတ္ျပန္ေၾကညာေပးဖို႔ လိုအပ္ပါတယ္။ကိုဗစ္-၁၉ ကူးစက္ခံ လူနာတစ္ဦး ေသသြားခဲ့သလို၊ သံသယလူနာေတြရဲ႕ ေသဆုံးမႈေတြဟာ ျပည္သူေတြရဲ႕ ယုံၾကည္မႈကို ေလ်ာ့ပါးေစပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံအတြက္ ကိုဗစ္-၁၉ ကူးစက္မႈကို ကာကြယ္ႏိုင္ဖို႔ ေဒသအလိုက္ လူစုလူေဝးပြဲေတြ မလုပ္ဖို႔ တားျမစ္လိုက္တဲ့အျပင္ ေဆးဝါးနဲ႔ စားေသာက္ကုန္ပစၥည္း အေရာင္းဆိုင္ေတြသာ ဖြင့္ခြင့္ေပးထားတာ ေတြ႕ေနရပါၿပီ။မတူညီမႈေတြကေတာ့ စက္႐ုံအလုပ္႐ုံေတြ ပိတ္လိုက္တဲ့အေျခအေနေတြ ျဖစ္ပါတယ္။တစ္ေန႔လုပ္မွ စားေသာက္ေနရတဲ့ ျပည္သူေတြအတြက္လည္း ကိုဗစ္-၁၉ ဟာ အဓိကထိုးစစ္ဆင္တိုက္ခိုက္လိုက္တဲ့ ကပ္ဆိုးႀကီးျဖစ္ေနပါတယ္။ဒီ ကိုဗစ္-၁၉ ကပ္ဆိုးႀကီးကို ရင္ဆိုင္ေတြ႕ေနရတဲ့ကာလမွာေတာင္ ျပႆနာေတြ အဆင္မေျပစြာ ရင္ဆိုင္ျဖတ္ေက်ာ္ေနရပါတယ္။ေနာက္ႀကဳံေတြ႕လာမယ့္ျပႆနာေတြက ပိုႀကီးမားလာမွာပါ။ဒီ ကိုဗစ္-၁၉ ကပ္ဆိုးႀကီးကို ျပည္သူေတြရဲ႕ စုေပါင္းအားနဲ႔ အပ်က္အစီးနည္းပါးစြာနဲ႔ ျဖတ္ေက်ာ္ၿပီးတဲ့အခ်ိန္ ျပည္သူေတြ အငတ္ေဘးနဲ႔ လုယက္မႈေဘးေတြကို ထပ္ရင္ဆိုင္ရဦးမွာပါ။

ျမတ္လႈိင္း
ဧၿပီ - ၁၁