【 ဆောင်းပါး 】“အစားတစ်လုတ်”

【 ဆောင်းပါး 】“အစားတစ်လုတ်”

“အမေကလည်း ဒါလေးများ စိုးရိမ်စရာကျနေတာပဲ။နေရာတကာ လိုက်ပူနေလို့ကတော့ ဟိုဘက်ဒီဘက်တောင် လှုပ်လို့ရမှာမဟုတ်ဘူး”

“မတည့်တာ မစားနဲ့လို့ပြောတာကို ဒါလေးများတဲ့။ငါက မဟုတ်တာကို ကြံဖန်ပြီး ပြောနေတာမို့လို့လား။စားလည်းသတိပေး၊ သွားလည်းသတိပေး၊ အိပ်လည်းသတိပေး၊ ရေချိုးလည်းသတိပေး၊ ဒီကြားထဲကတောင် နင်တို့ပဲ ဟိုဟာဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့။မိဘက ကိုယ့်သားသမီးအကြောင်း သိနေလို့ ပြောနေတာ။ဖြစ်မှာစိုးလို့ ကြိုတင်ပြောရင် ဘယ်တော့မှ နားမထောင်ဘူး။ရန်စွယ်ငေါငေါနဲ့ အမြဲပြန်ပက်တယ်။တစ်ခုခုဖြစ်လာရင် ခံနိုင်ရည်ရှိတာလဲ မဟုတ်ဘူး။မျက်နှာက ဆီးရွက်လောက်ပဲရှိတော့တယ်။အဖေကယ်ပါဦး၊ အမေကယ်ပါဦးနဲ့”

“သမီးဖြစ်တာက နည်းနည်း၊ အမေပြောတာ များများ”

“အေး - အဲဒီလောက်ပြောနေတဲ့ကြားထဲက မိဘစကားကို နားမထောင်ဘူး မဟုတ်လား”

“တော်ပါတော့ အမေရယ် စားလဲမစားတော့ပါဘူး။ရောဂါဖြစ်တာထက် အမေပြောတာက ပိုပြီးအခံရခက်တယ်”

“ညည်းဘာသာညည်း ကြိုက်သလို အပြစ်တင်။အရေးကြီးတာက ညည်းမစားဖြစ်ဖို့ပဲ။တစ်နေ့ ညည်းတို့ အိမ်ထောင်ရက်သားကျပြီး သားသမီးမွေးလာတော့မှ မိဘက သားသမီးကို တားမြစ်ပြောဆိုနေတာ မုန်းလို့လား၊ ချစ်လို့လားဆိုတာ သိလာလိမ့်မယ်”

“ကဲပါ။သမီးမစားတော့ပါဘူး။အမေ့ကိုလည်း ဘာမှပြန်မပြောတော့ပါဘူး။အမေ စေတနာနဲ့ပြောတာ သမီးသိပါတယ်။တစ်ခါတလေလေး ကိုယ့်သမီးကို ချော့ချော့မော့မော့လေး ပြောကြည့်ပါလား။ကြားဖူးတယ်ရှိအောင်။အင်း - မမတို့ပဲ အေးတယ်။စားချင်တာစား၊ သွားချင်တာသွား၊ ဘယ်လောက်လွတ်လပ်လဲ”

“သူ့လို လွတ်လပ်ချင်ရင် သူ့လို ယောင်္ကျားယူလိုက်လေ။အဲဒီဟာမလည်း ကြည့်ပါလား။ယောင်္ကျားက သဘောကောင်းတိုင်း စားချင်သလိုစား၊ ဝတ်ချင်သလိုဝတ်၊ နေချင်သလိုနေ၊ တစ်ခုခုဖြစ်လာကြည့်။ဒီမိဘဆီပဲ ရောက်လာတာပဲ”

စာရေးသူ၏ ညီမဖြစ်သူနှင့် သူ့သမီး အငယ်မတို့ စကားအချေအတင် ပြောနှေခြင်းဖြစ်သည်။စာရေးသူရောက်သွားတော့မှ စကားရပ်သွားသည်။မေးကြည့်တော့ သမီးဖြစ်သူက ကောက်ညင်းပေါင်း ဝယ်လာပြီးစားသည်။တစ်လုတ် နှစ်လုတ်သာ စားရုံရှိသေးသည်။အမေဖြစ်သူ ရောက်လာပြီး ကောက်ညင်းပေါင်းပန်းကန်ကို သိမ်းသည်။
ဗိုက်မကြာခဏအောင့်တတ်သော သမီးကိုဆူသည်။သမီးဖြစ်သူက မကျေမနပ်နှင့် ပြန်ပြောနေခြင်း ဖြစ်သည်။သမီးက လက်ရှိစားချင်သည့် ဆန္ဒကို ဦးစားပေး၍ပြောသည်။အမေက ဖြစ်လာမည့် အန္တရာယ်ကို ကြိုတွေးကာပြောသည်။သည်တွင် ပဋိပက္ခဖြစ်တော့သည်။

အမေဖြစ်သူပြောလည်း ပြောစရာပါ။သမီးဖြစ်သူက မကြာခဏဗိုက်အောင့်တတ်သည်။ချုပ်သည့်အစာနှင့် လုံးဝမတည့်။ဝေဒနာဖြစ်လာပြန်တော့ မျက်ရည်ကျသည်။သမီးဝေဒနာခံစားနေရတော့ အမေ့မှာ မနေနိုင်။

လွန်ခဲ့သည့် တစ်ပတ်ခန့်က သူတို့အိမ်မှာ မုန့်ဟင်းခါးချက်စားသည်။သမီးဖြစ်သူက မုန့်ဟင်းခါး သုံးပန်းကန်မောက်မောက် စားသည်။စားပန်းကန်တိုင်းမှာ ငရုတ်သီးမှုန့် နန်းချင်းနှင့်။တစ်ညလုံး ဗိုက်နာနေတော့သည်။သည်တုန်းကတော့ ဗိုက်နာပျောက်သွားလျှင် ငရုတ်သီး လုံးဝမစားတော့ပါ။မတည့်တာ အကုန်ရှောင်ပါတော့မည်ဟု ပြောသည်။ကောင်းသွားပြန်တော့ နည်းနည်းလေးထည့်စားတာပါဟု ဆင်ခြေပေးကာ ပြန်စားပြန်သည်။

ဒါကလည်း သူမတစ်ယောက်တည်းမဟုတ်ပါ။စာရေးသူတို့ အပါအဝင် လူတော်တော်များများ ဖြစ်တတ်သည့် သဘာဝပါ။အစားတစ်လုတ်ကြောင့် ဝေဒနာခံစားရသည်။ဝေဒနာပျောက်တော့ ပြန်စားသည်။စားတော့ ဝေဒနာပြန်ဖြစ်သည်။

စာရေးသူ၏ဖခင် အမြဲပြောတတ်သည့် စကားတစ်ခွန်းကို ပြန်သတိရမိသည်။“နာမ် မလိမ္မာလျှင် ခန္ဓာကိုယ် ဒုက္ခ ရောက်ရသည်” တဲ့။

တကယ်တော့ ထမင်းတစ်လုတ်ကြောင့်၊ ရသတဏှာကြောင့် ဝေဒနာခံစားရခြင်း ဖြစ်ပါသည်။တစ်ခါတလေ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရသည်။အခန့်မသင့်လျှင် အသက်ကိုပါ ပေးဆပ်ရတတ်ပါသည်။

ဝေဿန္တရာဇာတ်တော်ထဲမှ ဇူဇကာပုဏ္ဏား အဖြစ်ကိုကြည့်ပါ။ဇူဇကာပုဏ္ဏားသည် မယားဖြစ်သူ၏ ဆန္ဒအရ ဝေဿန္တရာမင်းကြီး၏ သားတော်နှင့် သမီးတော်ကို ကျွန်အဖြစ် ခိုင်းစေရန်အတွက် သွားရောက်အလှူခံသည်။တကယ်တော့ ဝေဿန္တရာမင်းကြီးက ဆင်ဖြူတော်ပစ္စယကို လှူလိုက်ခြင်းနှင့် ပတ်သက်၍ ပြည်နှင်ဒဏ် အပေးခံရသောကြောင့် ဝင်္ကဘာတောင်မှာ လာရောက်နေရခြင်းဖြစ်သည်။ဒါနပါရမီ ဖြည့်ဆည်းလိုသည့် ဘုရားအလောင်းတော် ဝေဿန္တရာက သားတော်နှင့် သမီးတော်ကို ဇူဇကာပုဏ္ဏားအား ပေးလှူလိုက်သည်။ဇူဇကာပုဏ္ဏားက ကလေးနှစ်ယောက်ကို သူ့တိုင်းပြည်သို့ ခေါ်ဆောင်လာသည်။သူ့တိုင်းပြည်သို့ မရောက်မီ ဝေဿန္တရာ၏ ဖခမည်းတော် သိဉ္စည်းမင်းကြီး၏ စေတုတ္တရာပြည်သို့ ရောက်သည်။တစ်ဆင့်စကားနှင့် သိဉ္စည်းမင်းကြီး သိသွားသည်။မြေးတော်နှစ်ယောက်အတွက် ဇူဇကာပုဏ္ဏားကို ထိုက်တန်သော ပစ္စည်းဥစ္စာများပေး၍ ရွေးယူသည်။ဇူဇကာကို ကျေးဇူးတင်လွန်း၍ ကောင်းစွာဧည့်ခံပြီး ထမင်းကျွေးသည်။ဘုရင်ကျွေးသော ထမင်းဝိုင်းဖြစ်၍ အရသာထူးကဲကောင်းမွန်သော ဟင်းလျာများနှင့် ဖွယ်ဖွယ်ရာရာရှိလှသည်။ဇူဇကာတစ်ယောက် စားကောင်းကောင်းနှင့် အလွန်အကျွံစားမိရာက စားပိုးနင့်၍ သေပွဲဝင်ခဲ့ရလေသည်။ပစ္စည်းဥစ္စာများလည်း မသယ်ယူနိုင်တော့။ မယားကိုပင် မြင်ခွင့်မရရှာတော့။အစားတစ်လုတ်ကြောင့် အသက်ပေးသွားရတာပါ။

အစားတစ်လုတ်ကြောင့် လူတော်တော်များများ ဝေဒနာခံစားကြရပါသည်။တချို့ကတော့ ဝေဒနာခံစားရသည့် အဆင့်ကိုကျော်၍ သေရွာစံစားကြရပါသည်။အသေအချာ စမ်းစစ်ကြည့်လျှင် အစားတစ်လုတ်ကြောင့် ဝေဒနာခံစားရတာရော၊ သေရွာစံစားရတာရော ပြဿနာအကြီးကြီး မဟုတ်သေးပါ။ကိုယ့်အပြစ်နှင့် ကိုယ်ခံရတာပါ။ကိုယ်က အရသာကို သွားတွယ်မိလို့၊ အာသာမပြေနိုင်အောင် ခံစားခဲ့မိလို့ ကိုယ့်အသက်ပေးရတာပါ။ကိုယ့်မသိမှုက ကိုယ့်ကိုပြန်သတ်သည့်အဖြစ်။စားတာက ကိုယ်။ခံရတာလည်း ကိုယ်။ကိုယ့်ထမင်းတစ်လုတ်အတွက် ကိုယ့်ခန္ဓာ၊ ကိုယ့်အသက်ကို ရင်းနှီးမြှုတ်နှံလိုက်ရတာပါ။သဘာဝကျပါသည်။ကိုယ့်ကြောင့် မိသားစုလည်း စိတ်ဆင်းရဲရမှာပါ။သို့သော်လည်း မိသားစုမှာ ကိုယ့်လိုရောဂါ မဖြစ်ပါ။အသက်မပျောက်ပါ။ပိုဆိုးတာမျိုးက ကိုယ်စားပြီး ကိုယ်မခံရဘဲ မဆိုင်သူတွေ ခံရတာပါ။

ကိုယ့်ထမင်းတစ်လုတ်အတွက် သူများပစ္စည်းခိုးတာ၊ လိမ်ယူတာ၊ လုယူတာမျိုး ဖြစ်ပါသည်။ကိုယ်စားသော ထမင်းတစ်လုတ်သည် သူတစ်ပါး၏ ဥစ္စာပစ္စည်းများ ဖြစ်နေလေပြီ။ဓားပြလို၊ သူပုန်လို အလုပ်မျိုးနှင့် ထမင်းတစ်လုတ် ဖန်တီးသူတွေကျတော့ အခြားသူတို့၏ အသက်တွေပါလာပြီ။

ပေါရိသာဒလိုမျိုးပေါ့။လူသားစားသည့် ပေါရိသာဒ။လူသားစားသည် ဆိုသော်လည်း ဘီလူးတစ်ကောင်တော့ မဟုတ်ပါ။လူသားစစ်စစ် ဖြစ်ပါသည်။လူသားတောင်မှ သာမန်လူ မဟုတ်ဘဲ တိုင်းပြည်အုပ်ချုပ်ရသည့် ဘုရင်တစ်ပါးပါ။သူ့အကျင့်က ပွဲတော်တည်လျှင် အမဲသားဟင်းပါမှ။ ဘာဟင်းချက်ချက်၊ ဘယ်လောက်များများချက်ချက် အမဲသားဟင်းတစ်ခွက်တော့ ပါရသည်။ထို့ကြောင့်လည်း စားတော်ကဲ ရသက က အမဲဟင်းလျာကိုတော့ အထူးဂရုစိုက် စီမံရသည်။တစ်နေ့တော့ ဈေးမှကြိုတင်ဝယ်ထားသည့် အမဲသားကို ခွေးတစ်ကောင် ချီသွားသောကြောင့် ဘုရင့်အတွက် အမဲသားဟင်း မစီစဉ်နိုင်ဘဲ ရသက အခက်တွေ့ရသည်။ဥပုသ်နေ့ဖြစ်၍ အမဲမသတ်ရသည့်အတွက် ဈေးမှ အမဲသားထပ်ဝယ်ရန် မဖြစ်နိုင်တော့။အမဲသားဟင်း မပါလျှင်လည်း သူအသတ်ခံရဖို့ သေချာသည်။နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး သုသာန်သို့သွားသည်။လတ်တလောသေထားသော ယောင်္ကျားတစ်ယောက်၏ ပေါင်သားကို လှီးယူလာ၍ ဆေးကြောခုတ်ထစ် ချက်ပြုတ်ကာ အမဲသားဟင်းလျာအဖြစ် ကမန်းကတန်း ဖန်တီးခဲ့သည်။

ဘုရင် စားတော်ခေါ်နေစဉ်မှာ ရသကတစ်ယောက် စိတ်လှုပ်ရှားနေလေသည်။သူ့ပေါ့လျော့မှုကို ဘုရင်သိသွားလျှင် သူလိမ်ညာလှည့်စားပြီး ကျွေးမွေးသည့် အမဲသားအတု (လူသား) ဟင်းလျာမှန်း သိသွားလျှင် သူသေဖို့မှလွဲ၍ အခြားမရှိနိုင်တော့။သူမျှော်လင့်ထားသည့်အတိုင်းပါပဲ။ဘုရင်က အမဲသားဟင်းလျာနှင့် ပတ်သက်ပြီး မေးလာသည်။
ပထမတော့ ကွေ့ပတ်ပြီး ပြောနေသေးသည်။သို့သော်လည်း မရပါ။လူသားဟင်းက တကယ့်အမဲသားဟင်းနှင့် အရသာချင်းက သိသိသာသာ ကွာခြားနေသည်ပဲ။နောက်ဆုံးတွင် ဘုရင်က အမှန်အတိုင်းမပြောလျှင် သတ်မည်ဆိုတော့မှ အမှန်အတိုင်း ဝန်ခံလိုက်ရသည်။သူ့စိတ်ထဲမှာ သူ့အတွက် သေမိန့်ကျပြီပေါ့။သို့သော် သူထင်သလိုဖြစ်မလာခဲ့။
ရသက ကံကောင်းသွားသည်။သူ့ကို ဘုရင်ကမသတ်။လူသား၏ ထူးခြားသည့် အရသာကို ခံစားမိသွားသည့် ဘုရင်ကြီးက နောက်နေ့တွေမှာလည်း ခါတိုင်းလို အမဲသားဟင်း မချက်ဘဲ လူသားဟင်းချက်၍ ဆက်သစေရန် အမိန့်ချသည်။ပေါရိသာဒမင်းကြီး လူသားဟင်း မပါလျှင် ထမင်းတစ်လုတ်ကိုဖြောင့်အောင် မစားနိုင်တော့လေပြီ။စားတော်ကဲ ရသက ကံမကောင်းတော့။တဖြည်းဖြည်း အခက်တွေ့လာသည်။လူက နေ့တိုင်းသေတာမှ မဟုတ်ဘဲ။သည်တော့ ဘုရင်ကို ရှင်းပြသည်။ပေါရိသာဒ ကလည်း လုံးဝနောက်မဆုတ်။ထောင်ထဲမှ အပြစ်ကြီး အကျဉ်းသားများကို သေဒဏ်ပေးကာ သူစားနိုင်ဖို့စီစဉ်သည်။နောက်ပိုင်းတွင် အပြစ်ကြီးသမား မရှိတော့သည့်အခါ အပြစ်သေးသမားတွေကို သေဒဏ်ပေးပြန်သည်။အပြစ်သေးသမားတွေ မရှိပြန်သောအခါ တစ်မျိုးဖန်တီးသည်။ငွေထုပ်ကို လမ်းမှာချထားသည်။တစ်ယောက်ယောက်ကလာ၍ ကောက်ယူမိလျှင် ထိုသူကိုဖမ်း၍ သေဒဏ်ပေးသည်။တိုင်းသူပြည်သားအားလုံး ပြစ်မှုမကျူးလွန်ရဲကြတော့။သေဒဏ်ကို ကြောက်နေကြပြီ။အပ်ကလေးတစ်ချောင်း၊ ထဘီလေးတစ်ထည်ပင် မခိုးရဲကြတော့။တိုင်းသူပြည်သားတွေ ပြစ်မှုမကျူးလွန်သောအခါ ထောင်ထဲတွင် အပြစ်သားမရှိတော့။

လူသားမစားရလျှင် မနေနိုင်သော ပေါရိသာဒတစ်ယောက် အရသာတပ်မက်မှု (ရသတဏှာ) ကို မစွန့်၊ ထမင်းတစ်လုတ်ကို မစွန့်ဘဲ ထီးနန်းကိုစွန့်ကာ ရသကကို ခေါ်၍ တောသို့ဝင်သည်။တောလမ်းမှစောင့်၍ လာသမျှလူကို အလွတ်မပေးဘဲ သတ်စားသည်။လူသွားလူလာမရှိ၍ လူသားငတ်တော့မလို ဖြစ်လာသော တစ်နေ့မှာ ပေါရိသာဒသည် သူ၏စားတော်ကဲ ရသက ကိုပင် သတ်၍စားတော့သည်။လူသားစစ်စစ်က အသားစားဘီလူးနှယ် ဖြစ်ခဲ့ရသည်။ပေါရိသာဒ၏ ထမင်းတစ်လုတ်က လူပေါင်းများစွာကို ဆင်းရဲခြင်းတွေ ပေးခဲ့သည်။သူ့ထမင်းတစ်လုတ်ထဲမှာ လူပေါင်းများစွာ၏ အသက်တွေ၊ ဘဝတွေ၊ ကြောက်လန့်ခြင်းတွေ၊ ကြေကွဲခြင်းတွေ၊ သောကတွေ၊ ဒေါသတွေ အများကြီးပါသည်။

ငယ်စဉ်ကတည်းက ကြားဖူးနေခဲ့သည့် စကားတစ်ခွန်းက ‘ထမင်းတစ်လုတ် တုတ်တစ်ချက်’ ကလေးတစ်ယောက်ကို ထမင်းကျွေးသည်ဆိုပါစို့။ထမင်းတစ်လုတ်ကျွေးပြီးတိုင်း ထိုကလေးကို တုတ်နှင့်တစ်ချက်ရိုက်သည်။ထိုကလေးခမျာ တုတ်တစ်ချက် အရိုက်ခံရပြီးမှ ထမင်းတစ်လုတ် စားရရှာသည်။ပေါရိသာဒလို အလွန်အကျွံသမားတွေကျတော့ သူတို့က အားပါးတရ မတရားစားပြီး မဆီမဆိုင် အခြားလူတွေကို ရိုက်တာ။စားလည်းစား၊ ရိုက်လည်းရိုက်ကြသည်။

လူအမျိုးမျိုးရှိတော့ ထမင်းလုတ်အမျိုးမျိုးရှိမှာပါ။ပထမဆုံး ကိုယ်စားမည့် ထမင်းတစ်လုတ်သည် ကိုယ်နှင့် တည့်၏ မတည့်၏ ဆင်ခြင်သင့်သည်။အကယ်၍ ကိုယ်နှင့်တည့်နေသည့်တိုင် အလွန်အကျွံမဖြစ်အောင် ဆင်ခြင်စားသင့်သည်။အရေးအကြီးဆုံးကတော့ ကိုယ့်ထမင်းတစ်လုတ်အတွက် အခြားသူများ အန္တရာယ်မဖြစ်ရန် သတိထားဆင်ခြင်ရပါမည်။ကိုယ့်ထမင်းတစ်လုတ်ထဲမှာ ကိုယ်နှင့်မသက်ဆိုင်သူ များစွာတို့၏ ဘဝတွေ၊ အလှတွေ၊ အသက်တွေ၊ အရှက်တွေ မပါဝင်ဖို့ သတိထားသင့်ပါသည်။

အသိဉာဏ်ရှိသော လူသားတစ်ယောက်အနေနှင့် ကိုယ်စားသည့် ထမင်းလုတ်သည် အပြစ်မကင်းသင့်ပါလား။အပြစ်ကင်းသော ထမင်းလုတ် မဖြစ်သင့်ပါလား။

ရိုက်မောင်း
မေ - ၃၀

( Zawgyi )

“အေမကလည္း ဒါေလးမ်ား စိုးရိမ္စရာက်ေနတာပဲ။ေနရာတကာ လိုက္ပူေနလို႔ကေတာ့ ဟိုဘက္ဒီဘက္ေတာင္ လႈပ္လို႔ရမွာမဟုတ္ဘူး”

“မတည့္တာ မစားနဲ႔လို႔ေျပာတာကို ဒါေလးမ်ားတဲ့။ငါက မဟုတ္တာကို ႀကံဖန္ၿပီး ေျပာေနတာမို႔လို႔လား။စားလည္းသတိေပး၊ သြားလည္းသတိေပး၊ အိပ္လည္းသတိေပး၊ ေရခ်ိဳးလည္းသတိေပး၊ ဒီၾကားထဲကေတာင္ နင္တို႔ပဲ ဟိုဟာျဖစ္လိုက္ ဒီဟာျဖစ္လိုက္နဲ႔။မိဘက ကိုယ့္သားသမီးအေၾကာင္း သိေနလို႔ ေျပာေနတာ။ျဖစ္မွာစိုးလို႔ ႀကိဳတင္ေျပာရင္ ဘယ္ေတာ့မွ နားမေထာင္ဘူး။ရန္စြယ္ေငါေငါနဲ႔ အၿမဲျပန္ပက္တယ္။တစ္ခုခုျဖစ္လာရင္ ခံႏိုင္ရည္ရွိတာလဲ မဟုတ္ဘူး။မ်က္ႏွာက ဆီး႐ြက္ေလာက္ပဲရွိေတာ့တယ္။အေဖကယ္ပါဦး၊ အေမကယ္ပါဦးနဲ႔”

“သမီးျဖစ္တာက နည္းနည္း၊ အေမေျပာတာ မ်ားမ်ား”

“ေအး - အဲဒီေလာက္ေျပာေနတဲ့ၾကားထဲက မိဘစကားကို နားမေထာင္ဘူး မဟုတ္လား”

“ေတာ္ပါေတာ့ အေမရယ္ စားလဲမစားေတာ့ပါဘူး။ေရာဂါျဖစ္တာထက္ အေမေျပာတာက ပိုၿပီးအခံရခက္တယ္”

“ညည္းဘာသာညည္း ႀကိဳက္သလို အျပစ္တင္။အေရးႀကီးတာက ညည္းမစားျဖစ္ဖို႔ပဲ။တစ္ေန႔ ညည္းတို႔ အိမ္ေထာင္ရက္သားက်ၿပီး သားသမီးေမြးလာေတာ့မွ မိဘက သားသမီးကို တားျမစ္ေျပာဆိုေနတာ မုန္းလို႔လား၊ ခ်စ္လို႔လားဆိုတာ သိလာလိမ့္မယ္”

“ကဲပါ။သမီးမစားေတာ့ပါဘူး။အေမ့ကိုလည္း ဘာမွျပန္မေျပာေတာ့ပါဘူး။အေမ ေစတနာနဲ႔ေျပာတာ သမီးသိပါတယ္။တစ္ခါတေလေလး ကိုယ့္သမီးကို ေခ်ာ့ေခ်ာ့ေမာ့ေမာ့ေလး ေျပာၾကည့္ပါလား။ၾကားဖူးတယ္ရွိေအာင္။အင္း - မမတို႔ပဲ ေအးတယ္။စားခ်င္တာစား၊ သြားခ်င္တာသြား၊ ဘယ္ေလာက္လြတ္လပ္လဲ”

“သူ႔လို လြတ္လပ္ခ်င္ရင္ သူ႔လို ေယာက်ၤားယူလိုက္ေလ။အဲဒီဟာမလည္း ၾကည့္ပါလား။ေယာက်ၤားက သေဘာေကာင္းတိုင္း စားခ်င္သလိုစား၊ ဝတ္ခ်င္သလိုဝတ္၊ ေနခ်င္သလိုေန၊ တစ္ခုခုျဖစ္လာၾကည့္။ဒီမိဘဆီပဲ ေရာက္လာတာပဲ”

စာေရးသူ၏ ညီမျဖစ္သူႏွင့္ သူ႔သမီး အငယ္မတို႔ စကားအေခ်အတင္ ေျပာေႏွျခင္းျဖစ္သည္။စာေရးသူေရာက္သြားေတာ့မွ စကားရပ္သြားသည္။ေမးၾကည့္ေတာ့ သမီးျဖစ္သူက ေကာက္ညင္းေပါင္း ဝယ္လာၿပီးစားသည္။တစ္လုတ္ ႏွစ္လုတ္သာ စား႐ုံရွိေသးသည္။အေမျဖစ္သူ ေရာက္လာၿပီး ေကာက္ညင္းေပါင္းပန္းကန္ကို သိမ္းသည္။
ဗိုက္မၾကာခဏေအာင့္တတ္ေသာ သမီးကိုဆူသည္။သမီးျဖစ္သူက မေက်မနပ္ႏွင့္ ျပန္ေျပာေနျခင္း ျဖစ္သည္။သမီးက လက္ရွိစားခ်င္သည့္ ဆႏၵကို ဦးစားေပး၍ေျပာသည္။အေမက ျဖစ္လာမည့္ အႏၲရာယ္ကို ႀကိဳေတြးကာေျပာသည္။သည္တြင္ ပဋိပကၡျဖစ္ေတာ့သည္။

အေမျဖစ္သူေျပာလည္း ေျပာစရာပါ။သမီးျဖစ္သူက မၾကာခဏဗိုက္ေအာင့္တတ္သည္။ခ်ဳပ္သည့္အစာႏွင့္ လုံးဝမတည့္။ေဝဒနာျဖစ္လာျပန္ေတာ့ မ်က္ရည္က်သည္။သမီးေဝဒနာခံစားေနရေတာ့ အေမ့မွာ မေနႏိုင္။

လြန္ခဲ့သည့္ တစ္ပတ္ခန႔္က သူတို႔အိမ္မွာ မုန႔္ဟင္းခါးခ်က္စားသည္။သမီးျဖစ္သူက မုန႔္ဟင္းခါး သုံးပန္းကန္ေမာက္ေမာက္ စားသည္။စားပန္းကန္တိုင္းမွာ င႐ုတ္သီးမႈန႔္ နန္းခ်င္းႏွင့္။တစ္ညလုံး ဗိုက္နာေနေတာ့သည္။သည္တုန္းကေတာ့ ဗိုက္နာေပ်ာက္သြားလွ်င္ င႐ုတ္သီး လုံးဝမစားေတာ့ပါ။မတည့္တာ အကုန္ေရွာင္ပါေတာ့မည္ဟု ေျပာသည္။ေကာင္းသြားျပန္ေတာ့ နည္းနည္းေလးထည့္စားတာပါဟု ဆင္ေျခေပးကာ ျပန္စားျပန္သည္။

ဒါကလည္း သူမတစ္ေယာက္တည္းမဟုတ္ပါ။စာေရးသူတို႔ အပါအဝင္ လူေတာ္ေတာ္မ်ားမ်ား ျဖစ္တတ္သည့္ သဘာဝပါ။အစားတစ္လုတ္ေၾကာင့္ ေဝဒနာခံစားရသည္။ေဝဒနာေပ်ာက္ေတာ့ ျပန္စားသည္။စားေတာ့ ေဝဒနာျပန္ျဖစ္သည္။

စာေရးသူ၏ဖခင္ အၿမဲေျပာတတ္သည့္ စကားတစ္ခြန္းကို ျပန္သတိရမိသည္။“နာမ္ မလိမၼာလွ်င္ ခႏၶာကိုယ္ ဒုကၡ ေရာက္ရသည္” တဲ့။

တကယ္ေတာ့ ထမင္းတစ္လုတ္ေၾကာင့္၊ ရသတဏွာေၾကာင့္ ေဝဒနာခံစားရျခင္း ျဖစ္ပါသည္။တစ္ခါတေလ ေဝဒနာကို ျပင္းျပင္းထန္ထန္ ခံစားရသည္။အခန႔္မသင့္လွ်င္ အသက္ကိုပါ ေပးဆပ္ရတတ္ပါသည္။

ေဝႆႏၲရာဇာတ္ေတာ္ထဲမွ ဇူဇကာပုဏၰား အျဖစ္ကိုၾကည့္ပါ။ဇူဇကာပုဏၰားသည္ မယားျဖစ္သူ၏ ဆႏၵအရ ေဝႆႏၲရာမင္းႀကီး၏ သားေတာ္ႏွင့္ သမီးေတာ္ကို ကြၽန္အျဖစ္ ခိုင္းေစရန္အတြက္ သြားေရာက္အလႉခံသည္။တကယ္ေတာ့ ေဝႆႏၲရာမင္းႀကီးက ဆင္ျဖဴေတာ္ပစၥယကို လႉလိုက္ျခင္းႏွင့္ ပတ္သက္၍ ျပည္ႏွင္ဒဏ္ အေပးခံရေသာေၾကာင့္ ဝကၤဘာေတာင္မွာ လာေရာက္ေနရျခင္းျဖစ္သည္။ဒါနပါရမီ ျဖည့္ဆည္းလိုသည့္ ဘုရားအေလာင္းေတာ္ ေဝႆႏၲရာက သားေတာ္ႏွင့္ သမီးေတာ္ကို ဇူဇကာပုဏၰားအား ေပးလႉလိုက္သည္။ဇူဇကာပုဏၰားက ကေလးႏွစ္ေယာက္ကို သူ႔တိုင္းျပည္သို႔ ေခၚေဆာင္လာသည္။သူ႔တိုင္းျပည္သို႔ မေရာက္မီ ေဝႆႏၲရာ၏ ဖခမည္းေတာ္ သိၪၥည္းမင္းႀကီး၏ ေစတုတၱရာျပည္သို႔ ေရာက္သည္။တစ္ဆင့္စကားႏွင့္ သိၪၥည္းမင္းႀကီး သိသြားသည္။ေျမးေတာ္ႏွစ္ေယာက္အတြက္ ဇူဇကာပုဏၰားကို ထိုက္တန္ေသာ ပစၥည္းဥစၥာမ်ားေပး၍ ေ႐ြးယူသည္။ဇူဇကာကို ေက်းဇူးတင္လြန္း၍ ေကာင္းစြာဧည့္ခံၿပီး ထမင္းေကြၽးသည္။ဘုရင္ေကြၽးေသာ ထမင္းဝိုင္းျဖစ္၍ အရသာထူးကဲေကာင္းမြန္ေသာ ဟင္းလ်ာမ်ားႏွင့္ ဖြယ္ဖြယ္ရာရာရွိလွသည္။ဇူဇကာတစ္ေယာက္ စားေကာင္းေကာင္းႏွင့္ အလြန္အကြၽံစားမိရာက စားပိုးနင့္၍ ေသပြဲဝင္ခဲ့ရေလသည္။ပစၥည္းဥစၥာမ်ားလည္း မသယ္ယူႏိုင္ေတာ့။ မယားကိုပင္ ျမင္ခြင့္မရရွာေတာ့။အစားတစ္လုတ္ေၾကာင့္ အသက္ေပးသြားရတာပါ။

အစားတစ္လုတ္ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား ေဝဒနာခံစားၾကရပါသည္။တခ်ိဳ႕ကေတာ့ ေဝဒနာခံစားရသည့္ အဆင့္ကိုေက်ာ္၍ ေသ႐ြာစံစားၾကရပါသည္။အေသအခ်ာ စမ္းစစ္ၾကည့္လွ်င္ အစားတစ္လုတ္ေၾကာင့္ ေဝဒနာခံစားရတာေရာ၊ ေသ႐ြာစံစားရတာေရာ ျပႆနာအႀကီးႀကီး မဟုတ္ေသးပါ။ကိုယ့္အျပစ္ႏွင့္ ကိုယ္ခံရတာပါ။ကိုယ္က အရသာကို သြားတြယ္မိလို႔၊ အာသာမေျပႏိုင္ေအာင္ ခံစားခဲ့မိလို႔ ကိုယ့္အသက္ေပးရတာပါ။ကိုယ့္မသိမႈက ကိုယ့္ကိုျပန္သတ္သည့္အျဖစ္။စားတာက ကိုယ္။ခံရတာလည္း ကိုယ္။ကိုယ့္ထမင္းတစ္လုတ္အတြက္ ကိုယ့္ခႏၶာ၊ ကိုယ့္အသက္ကို ရင္းႏွီးျမႇဳတ္ႏွံလိုက္ရတာပါ။သဘာဝက်ပါသည္။ကိုယ့္ေၾကာင့္ မိသားစုလည္း စိတ္ဆင္းရဲရမွာပါ။သို႔ေသာ္လည္း မိသားစုမွာ ကိုယ့္လိုေရာဂါ မျဖစ္ပါ။အသက္မေပ်ာက္ပါ။ပိုဆိုးတာမ်ိဳးက ကိုယ္စားၿပီး ကိုယ္မခံရဘဲ မဆိုင္သူေတြ ခံရတာပါ။

ကိုယ့္ထမင္းတစ္လုတ္အတြက္ သူမ်ားပစၥည္းခိုးတာ၊ လိမ္ယူတာ၊ လုယူတာမ်ိဳး ျဖစ္ပါသည္။ကိုယ္စားေသာ ထမင္းတစ္လုတ္သည္ သူတစ္ပါး၏ ဥစၥာပစၥည္းမ်ား ျဖစ္ေနေလၿပီ။ဓားျပလို၊ သူပုန္လို အလုပ္မ်ိဳးႏွင့္ ထမင္းတစ္လုတ္ ဖန္တီးသူေတြက်ေတာ့ အျခားသူတို႔၏ အသက္ေတြပါလာၿပီ။

ေပါရိသာဒလိုမ်ိဳးေပါ့။လူသားစားသည့္ ေပါရိသာဒ။လူသားစားသည္ ဆိုေသာ္လည္း ဘီလူးတစ္ေကာင္ေတာ့ မဟုတ္ပါ။လူသားစစ္စစ္ ျဖစ္ပါသည္။လူသားေတာင္မွ သာမန္လူ မဟုတ္ဘဲ တိုင္းျပည္အုပ္ခ်ဳပ္ရသည့္ ဘုရင္တစ္ပါးပါ။သူ႔အက်င့္က ပြဲေတာ္တည္လွ်င္ အမဲသားဟင္းပါမွ။ ဘာဟင္းခ်က္ခ်က္၊ ဘယ္ေလာက္မ်ားမ်ားခ်က္ခ်က္ အမဲသားဟင္းတစ္ခြက္ေတာ့ ပါရသည္။ထို႔ေၾကာင့္လည္း စားေတာ္ကဲ ရသက က အမဲဟင္းလ်ာကိုေတာ့ အထူးဂ႐ုစိုက္ စီမံရသည္။တစ္ေန႔ေတာ့ ေဈးမွႀကိဳတင္ဝယ္ထားသည့္ အမဲသားကို ေခြးတစ္ေကာင္ ခ်ီသြားေသာေၾကာင့္ ဘုရင့္အတြက္ အမဲသားဟင္း မစီစဥ္ႏိုင္ဘဲ ရသက အခက္ေတြ႕ရသည္။ဥပုသ္ေန႔ျဖစ္၍ အမဲမသတ္ရသည့္အတြက္ ေဈးမွ အမဲသားထပ္ဝယ္ရန္ မျဖစ္ႏိုင္ေတာ့။အမဲသားဟင္း မပါလွ်င္လည္း သူအသတ္ခံရဖို႔ ေသခ်ာသည္။ေနာက္ဆုံးေတာ့ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး သုသာန္သို႔သြားသည္။လတ္တေလာေသထားေသာ ေယာက်ၤားတစ္ေယာက္၏ ေပါင္သားကို လွီးယူလာ၍ ေဆးေၾကာခုတ္ထစ္ ခ်က္ျပဳတ္ကာ အမဲသားဟင္းလ်ာအျဖစ္ ကမန္းကတန္း ဖန္တီးခဲ့သည္။

ဘုရင္ စားေတာ္ေခၚေနစဥ္မွာ ရသကတစ္ေယာက္ စိတ္လႈပ္ရွားေနေလသည္။သူ႔ေပါ့ေလ်ာ့မႈကို ဘုရင္သိသြားလွ်င္ သူလိမ္ညာလွည့္စားၿပီး ေကြၽးေမြးသည့္ အမဲသားအတု (လူသား) ဟင္းလ်ာမွန္း သိသြားလွ်င္ သူေသဖို႔မွလြဲ၍ အျခားမရွိႏိုင္ေတာ့။သူေမွ်ာ္လင့္ထားသည့္အတိုင္းပါပဲ။ဘုရင္က အမဲသားဟင္းလ်ာႏွင့္ ပတ္သက္ၿပီး ေမးလာသည္။
ပထမေတာ့ ေကြ႕ပတ္ၿပီး ေျပာေနေသးသည္။သို႔ေသာ္လည္း မရပါ။လူသားဟင္းက တကယ့္အမဲသားဟင္းႏွင့္ အရသာခ်င္းက သိသိသာသာ ကြာျခားေနသည္ပဲ။ေနာက္ဆုံးတြင္ ဘုရင္က အမွန္အတိုင္းမေျပာလွ်င္ သတ္မည္ဆိုေတာ့မွ အမွန္အတိုင္း ဝန္ခံလိုက္ရသည္။သူ႔စိတ္ထဲမွာ သူ႔အတြက္ ေသမိန႔္က်ၿပီေပါ့။သို႔ေသာ္ သူထင္သလိုျဖစ္မလာခဲ့။
ရသက ကံေကာင္းသြားသည္။သူ႔ကို ဘုရင္ကမသတ္။လူသား၏ ထူးျခားသည့္ အရသာကို ခံစားမိသြားသည့္ ဘုရင္ႀကီးက ေနာက္ေန႔ေတြမွာလည္း ခါတိုင္းလို အမဲသားဟင္း မခ်က္ဘဲ လူသားဟင္းခ်က္၍ ဆက္သေစရန္ အမိန႔္ခ်သည္။ေပါရိသာဒမင္းႀကီး လူသားဟင္း မပါလွ်င္ ထမင္းတစ္လုတ္ကိုေျဖာင့္ေအာင္ မစားႏိုင္ေတာ့ေလၿပီ။စားေတာ္ကဲ ရသက ကံမေကာင္းေတာ့။တျဖည္းျဖည္း အခက္ေတြ႕လာသည္။လူက ေန႔တိုင္းေသတာမွ မဟုတ္ဘဲ။သည္ေတာ့ ဘုရင္ကို ရွင္းျပသည္။ေပါရိသာဒ ကလည္း လုံးဝေနာက္မဆုတ္။ေထာင္ထဲမွ အျပစ္ႀကီး အက်ဥ္းသားမ်ားကို ေသဒဏ္ေပးကာ သူစားႏိုင္ဖို႔စီစဥ္သည္။ေနာက္ပိုင္းတြင္ အျပစ္ႀကီးသမား မရွိေတာ့သည့္အခါ အျပစ္ေသးသမားေတြကို ေသဒဏ္ေပးျပန္သည္။အျပစ္ေသးသမားေတြ မရွိျပန္ေသာအခါ တစ္မ်ိဳးဖန္တီးသည္။ေငြထုပ္ကို လမ္းမွာခ်ထားသည္။တစ္ေယာက္ေယာက္ကလာ၍ ေကာက္ယူမိလွ်င္ ထိုသူကိုဖမ္း၍ ေသဒဏ္ေပးသည္။တိုင္းသူျပည္သားအားလုံး ျပစ္မႈမက်ဴးလြန္ရဲၾကေတာ့။ေသဒဏ္ကို ေၾကာက္ေနၾကၿပီ။အပ္ကေလးတစ္ေခ်ာင္း၊ ထဘီေလးတစ္ထည္ပင္ မခိုးရဲၾကေတာ့။တိုင္းသူျပည္သားေတြ ျပစ္မႈမက်ဴးလြန္ေသာအခါ ေထာင္ထဲတြင္ အျပစ္သားမရွိေတာ့။

လူသားမစားရလွ်င္ မေနႏိုင္ေသာ ေပါရိသာဒတစ္ေယာက္ အရသာတပ္မက္မႈ (ရသတဏွာ) ကို မစြန႔္၊ ထမင္းတစ္လုတ္ကို မစြန႔္ဘဲ ထီးနန္းကိုစြန႔္ကာ ရသကကို ေခၚ၍ ေတာသို႔ဝင္သည္။ေတာလမ္းမွေစာင့္၍ လာသမွ်လူကို အလြတ္မေပးဘဲ သတ္စားသည္။လူသြားလူလာမရွိ၍ လူသားငတ္ေတာ့မလို ျဖစ္လာေသာ တစ္ေန႔မွာ ေပါရိသာဒသည္ သူ၏စားေတာ္ကဲ ရသက ကိုပင္ သတ္၍စားေတာ့သည္။လူသားစစ္စစ္က အသားစားဘီလူးႏွယ္ ျဖစ္ခဲ့ရသည္။ေပါရိသာဒ၏ ထမင္းတစ္လုတ္က လူေပါင္းမ်ားစြာကို ဆင္းရဲျခင္းေတြ ေပးခဲ့သည္။သူ႔ထမင္းတစ္လုတ္ထဲမွာ လူေပါင္းမ်ားစြာ၏ အသက္ေတြ၊ ဘဝေတြ၊ ေၾကာက္လန႔္ျခင္းေတြ၊ ေၾကကြဲျခင္းေတြ၊ ေသာကေတြ၊ ေဒါသေတြ အမ်ားႀကီးပါသည္။

ငယ္စဥ္ကတည္းက ၾကားဖူးေနခဲ့သည့္ စကားတစ္ခြန္းက ‘ထမင္းတစ္လုတ္ တုတ္တစ္ခ်က္’ ကေလးတစ္ေယာက္ကို ထမင္းေကြၽးသည္ဆိုပါစို႔။ထမင္းတစ္လုတ္ေကြၽးၿပီးတိုင္း ထိုကေလးကို တုတ္ႏွင့္တစ္ခ်က္႐ိုက္သည္။ထိုကေလးခမ်ာ တုတ္တစ္ခ်က္ အ႐ိုက္ခံရၿပီးမွ ထမင္းတစ္လုတ္ စားရရွာသည္။ေပါရိသာဒလို အလြန္အကြၽံသမားေတြက်ေတာ့ သူတို႔က အားပါးတရ မတရားစားၿပီး မဆီမဆိုင္ အျခားလူေတြကို ႐ိုက္တာ။စားလည္းစား၊ ႐ိုက္လည္း႐ိုက္ၾကသည္။

လူအမ်ိဳးမ်ိဳးရွိေတာ့ ထမင္းလုတ္အမ်ိဳးမ်ိဳးရွိမွာပါ။ပထမဆုံး ကိုယ္စားမည့္ ထမင္းတစ္လုတ္သည္ ကိုယ္ႏွင့္ တည့္၏ မတည့္၏ ဆင္ျခင္သင့္သည္။အကယ္၍ ကိုယ္ႏွင့္တည့္ေနသည့္တိုင္ အလြန္အကြၽံမျဖစ္ေအာင္ ဆင္ျခင္စားသင့္သည္။အေရးအႀကီးဆုံးကေတာ့ ကိုယ့္ထမင္းတစ္လုတ္အတြက္ အျခားသူမ်ား အႏၲရာယ္မျဖစ္ရန္ သတိထားဆင္ျခင္ရပါမည္။ကိုယ့္ထမင္းတစ္လုတ္ထဲမွာ ကိုယ္ႏွင့္မသက္ဆိုင္သူ မ်ားစြာတို႔၏ ဘဝေတြ၊ အလွေတြ၊ အသက္ေတြ၊ အရွက္ေတြ မပါဝင္ဖို႔ သတိထားသင့္ပါသည္။

အသိဉာဏ္ရွိေသာ လူသားတစ္ေယာက္အေနႏွင့္ ကိုယ္စားသည့္ ထမင္းလုတ္သည္ အျပစ္မကင္းသင့္ပါလား။အျပစ္ကင္းေသာ ထမင္းလုတ္ မျဖစ္သင့္ပါလား။

႐ိုက္ေမာင္း
ေမ - ၃၀