【 ခရီးသွားဆောင်းပါး 】 ချီဖွေငယ် (သို့မဟုတ်) ဆိတ်ငြိမ်သောအရပ်မှ အလင်းအိမ်

【 ခရီးသွားဆောင်းပါး 】 ချီဖွေငယ် (သို့မဟုတ်) ဆိတ်ငြိမ်သောအရပ်မှ အလင်းအိမ်

ချီဖွေမြို့ကို မရည်ရွယ်ဘဲ အလည်အပတ်ရောက်လာသူ ကျွန်တော်ကို တိမ်စိုင်တိမ်မည်း တွေ ညို့ညို့ မှိုင်း မှိုင်းနဲ့ သည်းသည်းမည်းမည်းရွာချနေတဲ့ မိုးနဲ့အတူ ပျက်ဆီးနေတဲ့ ကြိုးတံတား က တိတ်ဆိတ်စွာကြိုဆို နေပါတယ်။

ချီဖွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက လူသူအရောက်အပေါက်နည်းတဲ့ အေးချမ်းတဲ့ မြိုကလေး တစ်မြို့ပါ။ ဒါပေ မယ့် မတည်ငြိမ်တဲ့ ဒေသလုံခြုံရေးကြောင့် အေးချမ်းဆိတ်ငြိမ်တဲ့ ချီဖွေဟာ မြန်မာနိုင်ငံသား တွေအတွက် တော့ သူစိမ်းသွင်သွင်ပါဘဲ။ တောတောင်ဓလေ့နဲ့ သဘာဝကို ချစ်ခင်သူ လူသားတွေအတွက် ချီဖွေဟာ အရိုင်းဆန်တဲ့ ဒေသတစ်ခုပါ။
ချီဖွေ မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ပါဝင်တဲ့ မြို့တစ်ခုဖြစ်ပြီး တရုတ်-မြန်မာနိုင်ငံ နယ်စပ်မြို့ ဖြစ် တဲ့ ပန်ဝါမြို့ကနေ မိုင် ၄၀ အကွာမှာရှိသလို မြစ်ကြီးနားနဲ့လည်း ၈၈ မိုင်ဝေးပါတယ်။ မေခမြစ်ရဲ့ အရှေ့ ဖက်ကမ်းပေါ် မေးတင် တည်ရှိပြီး မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်း၊ တရားရုံး၊ဥပဒေရုံး မြန်မာ့စီးပွားရေးဘဏ်၊ စာတိုက် အစရှိတဲ့ ဌာနဆိုင်ရာ အဆောက်အဦးစုံလင်စွာနဲ့ တွေ့မြင်ရပါတယ်။ မြို့တစ်မြို့မှာ ရှိသင့်တဲ့ ဌာနဆိုင် ရာ အဆောက်အအုံတွေရှိပေမယ့် မေခမြစ်ရဲ့ တစ်ဖက်ကမ်းမှာတော့ KIA တပ်စခန်းတွေတည်ရှိနေတာ က ဒီမြို့ရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာပါ။

ထူးခြားတာက ချီဖွေမှာ နာမည်ကျော် ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံရှိ နေတာပါ။ အဲ့ဒီစက်ရုံ ဟာ မြို့ရဲ့ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီး တည်ရှိပါတယ်။ ဧရာဝတီ မြစ်ညှာ၊ မြစ်ဝှမ်း တစ် လျှောက်မှာ ရေအရင်းအမြစ်တွေကနေလျှပ်စစ်ဓါတ်အားထုတ်ယူသုံးစွဲဖို့နဲ့ ကချင်ပြည်နယ် မြောက်ပိုင်း ဒေသ တွေကိုလျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်ချက်နဲ့ ၂၀၀၈ ခုနှစ်ဧပြီလမှာ စတင်တည် ဆောက်ခဲ့တာဖြစ်ပြီး  ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ စတင်လည်ပတ်ခဲ့ပါတယ်။ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံဟာ မေခမြစ်ထဲ စီးဆင်းနေတဲ့ ချီဖွေချောင်းကို တာတမံပြုလုပ်ပြီး ၇ မိုင်ခန့် ရှည်လျှားတဲ့ ဥမင်လှိုဏ်ခေါင်းကနေ စက်ရုံအထိ ရေသွယ်တန်းကာ လျှပ်စစ်ထုတ်လုပ်နေတာပါ။ ဒီစက်ရုံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နဲ့ တရုတ်နိုင်ငံ ၊ယူနန် ပြည်နယ် SPIC ကုမ္ပဏီတို့ ပူးပေါင်း ဆောင် ရွက်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း ၁၁ ဦး၊ ဒေသခံ မြန်မာဝန်ထမ်း ၄၀ ဦး နဲ့ တရုတ်နိုင်ငံသား ၁၈ ဦးတို့ ရှိပါတယ်။ရန်ကုန်ကနေလာသူကျွန်တော်အတွက် ဒီမှာ ရန်ကုန်သူတစ်ယောက်ကို တွေ့မိရတာ အထူး အဆန်းပါ ဘဲ။ ဘာကြောင့်ဆို ဒီစက်ရုံမှာ  ရန်ကုန်၊ သင်္ဃန်းကျွန်း မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မိုးမိုးအေး ကိုတွေ့ရလို့ပါ။ ဒီမှာ ဒေါ်မိုးမိုးအေးက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဘက်ကနေ အင်ဂျင်နီယာမှူးကြီးအဖြစ် တာဝန်ယူထား တဲ့သူပါ။

ဒီစက်ရုံကနေ လက်ရှိအချိန်မှာ စက်ရုံမှ ၃၅ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးနေပြီး မြစ်ကြီးနား၊မိုးကောင်း၊ မိုးညှင်း၊ဝိုင်းမော် ၊နဘား၊ ဖားကန့်အထိ ဓာတ်အားများ ဖြန့်ဖြူးပေးလျှက်ရှိပါတယ်။နွေရာသီကာလကလည်း စက်ရုံကို ရပ်နားရခြင်းမရှိဘဲ ၂၂ MW အထိ ထုတ်လုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စက်ရုံကြောင့် ပတ်ဝန်းကျင်ညစ် ညမ်းမှုရှိ/မရှိကို မြန်မာအစိုးရဘက်ကနေ အမြဲမပြတ် စစ်ဆေးနေပြီး ၆ လတစ်ကြိမ် ရေအရည်အသွေးတိုင်း တာခြင်းနဲ့ အလုပ်သမားကိစ္စရပ်တွေကို လာစစ်ဆေးလေ့ရှိတယ်လို့ ဆိုပါတယ်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက လာလာပြီး တော့ ၆ လ တစ်ကြိမ် လာပြီး စစ်ဆေးတယ်။ အလုပ်သမားဝန်ကြီးဌာနကလူတွေလည်းပါတယ်” ဆိုပါတယ်။ဒီမှာက အလုပ်သမားတွေကို ရပိုင်ခွင့်အပြည့် အဝပေးထားတဲ့အတွက် အစိုးရဘက်မှ ကန့်ကွက်ခြင်း၊ သတိပေးခြင်းများ မရှိသလို စက်ရုံကနေ အသံလုံခြုံမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်အောင် စနစ်တကျလုပ်ဆောင်ထားလို့ ဒေသခံတွေနဲ့လည်း ပဋိပက္ခမရှိခဲ့ဘူး လို့ဆိုပါတယ်။

စိတ်ဝင်စားစရာက ရေကာတာတွေထုံးစံအတိုင်း သတ်မှတ်ရေထက် ပိုလျှံလာရင် သဲနူန်းတွေကို စွန့်ပစ် ရတာရှိပြီး စွန့်ထုတ်တိုင်း ဒေသခံတွေအန္တရာယ်ကင်းရှင်းဖို့ သတိပေးချက် ထုတ်ပြန်လေ့ ရှိတယ် ဆိုပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ မှ ၇ ကြိမ်သာ စွန့်ထုတ်ခဲ့တယ် ဆိုပါတယ်။စက်ရုံထဲ ဆက်ဆံရေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။စက်ရုံမှာ မြန်မာဘက်က ဝန်ထမ်းတွေ အများစုဆိုပေမယ့် ပညာရှင်တွေက တရုတ်ဘက်ကဖြစ်တဲ့ အတွက် စက်ရုံတွင်းဆက်ဆံရေးက ဘယ်လိုရှိမလဲ ဆိုတာ သိချင်စရာပါ။ မြန်မာဝန်ထမ်း ၅၁ဦးထဲက တစ်ဦးဖြစ်တဲ့ လျှပ်ဓာတ်အားထုတ်လုပ်ရေး ဌာန တာဝန်ခံ မလတောင်းဆိုင်နန်းကတော့ အလုပ်စတင်ဝင်စဉ်က ဘာသာစကားအခက်အခဲရှိပေမယ့် စက်ရုံထဲ ဘာသာ စကားသင်တန်းတွေ ပေးတဲ့ အတွက် ဒီခက်အခဲက ခဏတာနဲ့ ပြေလည်သွားခဲ့တယ်လို့ ဆိုပါတယ်။ “တရုတ်တွေကလည်း မြန်မာစကားကို အရမ်းအလေးထားတယ်အရမ်းသင်ချင်တယ်။သူတို့လည်း အလုပ်မအားတဲ့ကြားက ညနေပိုင်း ၄ နာရီကနေ ၅ နာရီ မြန်မာစာသင်တယ်။မြန်မာဝန်ထမ်းတွေက တရုတ်စ ာသင်ရတယ်” လို့ဆိုပါတယ်။သူမအတွက် စက်ရုံမှာ လျှပ်စစ်ထုတ်လုပ်ရေးနဲ့ပတ်သတ်တဲ့ ပညာရပ်တွေကို ဆည်းပူးခွင့်ရသလို နည်းပညာလွှဲပြောင်းမှုအစီအစဉ်အရ တရုတ်နိုင်ငံကိုလည်း လေ့လာရေးခရီးစဉ်တွေ သွားခဲ့ရတယ်လို့ ဆိုပါတယ်။

 “မြစ်ကြီးနားနည်းပညာတက္ကသိုလ်က နေ EP နဲ့ ကျောင်းပြီးတယ်။အလုပ်စဝင်ကာစက စာတွေ့ဘဲရှိ တယ်။ အလုပ်ထဲဝင်တော့ ဘာမှမသိဘူး။စက်ရုံရောက်တော့ စက်တစ်ခုခြင်းစီရဲ့လုပ်ဆောင်ပုံ။ ဓာတ်အား ထုတ်လုပ်ပုံ ပညာရပ်တွေကို သင်ပေးတယ်။ဒီကလူကြီးတွေက အမြဲတမ်းပြောတယ် ။ဒီအတိုင်းဘဲမနေနဲ့ ပိုကောင်းတဲ့ နည်းပညာတွေကို သင်ယူပါ။ပြီးလို့ရှိရင် အတုယူပါပေါ့။ပြီးလို့ရှိရင် ကိုယ်နိုင်ငံအတွက် ပြန်လုပ်ပါ”လို့ သူမက ဆိုပါတယ်။သူမအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အတတ်ပညာတွေကို ဒီမှာ အလုပ်လုပ်ရင်း လေ့လာ သင်ကြားခွင့်ရတဲ့အတွက် မြန်မာနိုင်ငံအတွင်းအခြားရေအားလျှပ်စစ်စီမံကိန်းတွေမှာ တာဝန် ယူထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီလို့ မလတောင်းဆိုင်နန်းက ဆိုပါတယ်။
ဒီစက်ရုံမှာ မလတောင်းဆိုင်နန်းလိုဘဲ ဒေသခံထဲက လာလုပ်နေတဲ့ မခေါင်လန်နင်ဆားရ် ဟာ ရဝမ် လူမျိုးဖြစ်ပြီး ချီဖွေငယ်စက်ရုံမှာ လာရောက်လုပ်ကိုင်နေတာ ၄ နှစ်ရှိပါပြီ။ ချီဖွေငယ်စက်ရုံမှ တာဝန်ရှိသူတွေက ပူတာအိုနည်း ပညာ တက္ကသိုလ် သို့သွားရောက်ပြီး အလုပ်အကိုင်လုပ်လိုသူများ လာရောက်လျှောက် ထားနိုင်တယ်လို့ အသိပေးပြောခဲ့တဲ့အတွက် လာရောက်လျှောက်ထားပြီး ဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။ စက်ရုံမှာလုပ်ကိုင်ရင်း လုပ်ဖော်ကိုင်ဖက် မြန်မာနိုင်ငံသား ဝန်ထမ်း တစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး သမီးလေး တစ်ယောက်တောင်ရနေပါပြီ။"ကိုယ်ဝန်ဆောင်ထားတုန်းက ည ဂျူတီ တွေမဆင်းရတော့ဘူး။နေ့ခင်းဘက်အချိန်တွေဘဲ ပေါ့ပေါ့ပါးပါး အလုပ်တွေလုပ်ရတယ်။လူကြီးတွေကရမ်းစောင့်ရှောက်တယ်။ မွေးဖွားခွင့်ယူပြီး မြစ်ကြီးနားမှာ မီးဖွာခဲ့တယ်" လို့ မခေါင်လန်နင်ဆားရ်က ဆိုပါတယ်။

သူတို့လိုဘဲ စက်ရုံမှာ ဆုံစည်းပြီး လက်ထပ်ကြတဲ့ မြန်မာဝန်ထမ်းမိသားစု  ၃ စုရှိပြီး စက်ရုံဝင်းထဲမှာဘဲ နေထိုင်လျှက်ရှိတယ်လို့ဆိုပါတယ်။သူတို့တွေအားလုံး ချီဖွေငယ်စက်ရုံကို မိသားစုနေအိမ်လို သဘောထားကြ တာကို မြင်တွေ့ရပါတယ်။ဒီချီဖွေငယ်စက်ရုံဟာ ၃၃ဧက ခန့်ကျယ်ဝန်းပြီး စက်ရုံအတွင်း လူနေအဆောင် ကို စက်ရုံနဲ့ သီးသန့်ခွဲ ထား ပါတယ်။ ဝန်ထမ်းတွေနေထိုင်ဖို့ တစ်ဦးလျှင် တိုက်ခန်းတစ်ခန်းနှုန်းနဲ့ အခန်းတွေကို ပေးအပ်ထားပြီး အခန်းအတွင်း အဲကွန်း၊ရေခဲသေတ္တာ၊ တီဗီ၊အဝတ် လျှော်စက် အစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို စုံလင်စွာဖြည့်ဆည်းပေးထားတာကိုတွေ့မြင်ရပါတယ်။လူနေအဆောင်ဝင်းအတွင်းမှာလည်း  ပိုက်ကျော်ခြင်းကွင်း၊ ကြက်တောင်ရိုက်ကွင်းတွေကိုတွေ့မြင်ရပြီး ကိုယ်ကာယလေ့ ကျင့်ခန်းရုံ၊ စားပွဲတင် တင်းနစ် ကစားကွင်း၊ ဘိလိယက် ခုံတွေကို နဲ့ ရပ်ကွက်ထဲ ရောက်နေသလို စုံလင်ပါတယ်။

အဆောင်ရဲ့ ကားလမ်းတစ်ဖက်ခြမ်းမှာတော့ နယ်တွေရဲ့ထုံးစံအတိုင်း ဟင်းသီးဟင်းရွက် သီးနှံ တွေကို စိုက်ပျိုးထားသလို ထွက်ရှိလာတဲ့ လတ်ဆတ်တဲ့ သီးနှံတွေက ဝန်ထမ်းတွေနဲ့ အနီးနားက ဒေသခံတွေ အတွက် တော့ မကုန်နိုင်တဲ့ ရိက္ခာဆောင်ပါဘဲ။လူနေအဆောင်နဲ့စက်ရုံကို ခြံစည်းရိုးခြားထားပြီး ခြံစည်းရိုးတလျှောက်မှာ ဆောင်ရန်၊ရှောင်ရန် သတိပေးဆိုင်းဘုတ်တွေနဲ့ ။ စက်ရုံအဝင်အဝအနီးမှ လှမ်းကြည့်လိုက်ရင် တောင်စောင်းအနီး မြူခိုးငွေ့ တွေ ကြားထဲမှာ မြစ်ကြီးနား၊ မိုးညှင်း၊မိုးကောင်း နဲ့ အနီးအနားကျေးရွာတွေကို ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ ဓာတ် အားလိုင်းတိုင်တွေကို တွေ့မြင်ရသလို မေခမြစ်ရဲ့တစ်ဖက်ကမ်းမှာ ရှိတဲ့ KIA တပ်စခန်းတွေကိုလည်း ထင်ရှားစွာတွေ့မြင်ရပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ မှာ KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွ့ဲ တွေနဲ့ မြန်မာ့တပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စက်ရုံမှ ဝန်ထမ်းများ တိမ်းရှောင်ထွက်ပြေးခဲ့ရပါတယ်။

 ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း မသမာသူတွေက စက်ရုံအတွင်း ဝင်ရောက်ကာ စက်ရုံ အတွင်းမှာ ရှိတဲ့ ပစ္စည်းတွေကို ယူဆောင်သွားကြတဲ့ အတွက် ပြန်လည်ပြုပြင်ခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာ ပြန်လည် လည်ပတ် နိုင် ခဲ့ပါတယ်။ပြန်လည်မောင်းနှင်လည်ပတ်စဉ်ကတည်းက လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ခုတည်းအတွက် အန္တရာယ်ကင်း စွာဓာတ်အား ထုတ်လုပ်ပေးလျှက်ရှိပါတယ်။အေးချမ်းငြိမ်သက်တဲ့ ချီဖွေမြို့ဟာ မြေမြုပ်မိုင်းတစ်လုံးလို တည်ငြိမ်အေးချမ်းနေဟန်ရှိပြီး အချိန်အခါမရွေးတိုက်ပွဲတွေ ဖြစ်ပွားလာနိုင်ပေမယ့် ချီဖွေငယ်စက်ရုံနဲ့ ဝန်ထမ်းတွေကတော့ မြန်မာနိုင်ငံအတွက် လျှပ်စစ်မီးရရှိအောင် ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။

မင်းထွန်း(အုတ်ကျင်း)

(  Zawgyi  )

 ခ်ီေဖြၿမိဳ႕ကို မရည္႐ြယ္ဘဲ အလည္အပတ္ေရာက္လာသူ ကြၽန္ေတာ္ကို တိမ္စိုင္တိမ္မည္း ေတြ ညိဳ႕ညိဳ႕ မႈိင္း မႈိင္းနဲ႔ သည္းသည္းမည္းမည္း႐ြာခ်ေနတဲ့ မိုးနဲ႔အတူ ပ်က္ဆီးေနတဲ့ ႀကိဳးတံတား က တိတ္ဆိတ္စြာႀကိဳဆို ေနပါတယ္။

ခ်ီေဖြဟာ ျမန္မာႏိုင္ငံေျမာက္ပိုင္းက လူသူအေရာက္အေပါက္နည္းတဲ့ ေအးခ်မ္းတဲ့ ၿမိဳကေလး တစ္ၿမိဳ႕ပါ။ ဒါေပ မယ့္ မတည္ၿငိမ္တဲ့ ေဒသလုံၿခဳံေရးေၾကာင့္ ေအးခ်မ္းဆိတ္ၿငိမ္တဲ့ ခ်ီေဖြဟာ ျမန္မာႏိုင္ငံသား ေတြအတြက္ ေတာ့ သူစိမ္းသြင္သြင္ပါဘဲ။ ေတာေတာင္ဓေလ့နဲ႔ သဘာဝကို ခ်စ္ခင္သူ လူသားေတြအတြက္ ခ်ီေဖြဟာ အ႐ိုင္းဆန္တဲ့ ေဒသတစ္ခုပါ။
ခ်ီေဖြ ၿမိဳ႕ဟာ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္အတြင္း ပါဝင္တဲ့ ၿမိဳ႕တစ္ခုျဖစ္ၿပီး တ႐ုတ္-ျမန္မာႏိုင္ငံ နယ္စပ္ၿမိဳ႕ ျဖစ္ တဲ့ ပန္ဝါၿမိဳ႕ကေန မိုင္ ၄၀ အကြာမွာရွိသလို ျမစ္ႀကီးနားနဲ႔လည္း ၈၈ မိုင္ေဝးပါတယ္။ ေမချမစ္ရဲ႕ အေရွ႕ ဖက္ကမ္းေပၚ ေမးတင္ တည္ရွိၿပီး ၿမိဳ႕နယ္ေထြအုပ္႐ုံး၊ ရဲစခန္း၊ တရား႐ုံး၊ဥပေဒ႐ုံး ျမန္မာ့စီးပြားေရးဘဏ္၊ စာတိုက္ အစရွိတဲ့ ဌာနဆိုင္ရာ အေဆာက္အဦးစုံလင္စြာနဲ႔ ေတြ႕ျမင္ရပါတယ္။ ၿမိဳ႕တစ္ၿမိဳ႕မွာ ရွိသင့္တဲ့ ဌာနဆိုင္ ရာ အေဆာက္အအုံေတြရွိေပမယ့္ ေမချမစ္ရဲ႕ တစ္ဖက္ကမ္းမွာေတာ့ KIA တပ္စခန္းေတြတည္ရွိေနတာ က ဒီၿမိဳ႕ရဲ႕ ထူးျခားတဲ့ စ႐ိုက္လကၡဏာပါ။

ထူးျခားတာက ခ်ီေဖြမွာ နာမည္ေက်ာ္ ခ်ီေဖြငယ္ ေရအားလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရးစက္႐ုံရွိ ေနတာပါ။ အဲ့ဒီစက္႐ုံ ဟာ ၿမိဳ႕ရဲ႕ အေနာက္ေတာင္ဘက္ ၆ မိုင္ခန႔္အကြာ နန္းဦးေက်း႐ြာအနီး တည္ရွိပါတယ္။ ဧရာဝတီ ျမစ္ညႇာ၊ ျမစ္ဝွမ္း တစ္ ေလွ်ာက္မွာ ေရအရင္းအျမစ္ေတြကေနလွ်ပ္စစ္ဓါတ္အားထုတ္ယူသုံးစြဲဖို႔နဲ႔ ကခ်င္ျပည္နယ္ ေျမာက္ပိုင္း ေဒသ ေတြကိုလွ်ပ္စစ္ဓါတ္အားျဖန႔္ျဖဴးေပးႏိုင္ေရးရည္႐ြယ္ခ်က္နဲ႔ ၂၀၀၈ ခုႏွစ္ဧၿပီလမွာ စတင္တည္ ေဆာက္ခဲ့တာျဖစ္ၿပီး  ၂၀၁၁ ခုႏွစ္ စက္တင္ဘာလမွာ စတင္လည္ပတ္ခဲ့ပါတယ္။ခ်ီေဖြငယ္ ေရအားလွ်ပ္စစ္စက္႐ုံဟာ ေမချမစ္ထဲ စီးဆင္းေနတဲ့ ခ်ီေဖြေခ်ာင္းကို တာတမံျပဳလုပ္ၿပီး ၇ မိုင္ခန႔္ ရွည္လွ်ားတဲ့ ဥမင္လႈိဏ္ေခါင္းကေန စက္႐ုံအထိ ေရသြယ္တန္းကာ လွ်ပ္စစ္ထုတ္လုပ္ေနတာပါ။ ဒီစက္႐ုံကို လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန နဲ႔ တ႐ုတ္ႏိုင္ငံ ၊ယူနန္ ျပည္နယ္ SPIC ကုမၸဏီတို႔ ပူးေပါင္း ေဆာင္ ႐ြက္တဲ့ လုပ္ငန္းတစ္ခုျဖစ္ၿပီး လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ ဝန္ထမ္း ၁၁ ဦး၊ ေဒသခံ ျမန္မာဝန္ထမ္း ၄၀ ဦး နဲ႔ တ႐ုတ္ႏိုင္ငံသား ၁၈ ဦးတို႔ ရွိပါတယ္။ရန္ကုန္ကေနလာသူကြၽန္ေတာ္အတြက္ ဒီမွာ ရန္ကုန္သူတစ္ေယာက္ကို ေတြ႕မိရတာ အထူး အဆန္းပါ ဘဲ။ ဘာေၾကာင့္ဆို ဒီစက္႐ုံမွာ  ရန္ကုန္၊ သဃၤန္းကြၽန္း ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ေဒၚမိုးမိုးေအး ကိုေတြ႕ရလို႔ပါ။ ဒီမွာ ေဒၚမိုးမိုးေအးက လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနဘက္ကေန အင္ဂ်င္နီယာမႉးႀကီးအျဖစ္ တာဝန္ယူထား တဲ့သူပါ။

ဒီစက္႐ုံကေန လက္ရွိအခ်ိန္မွာ စက္႐ုံမွ ၃၅ မဂၢါဝပ္အထိ ထုတ္လုပ္ေပးေနၿပီး ျမစ္ႀကီးနား၊မိုးေကာင္း၊ မိုးညႇင္း၊ဝိုင္းေမာ္ ၊နဘား၊ ဖားကန႔္အထိ ဓာတ္အားမ်ား ျဖန႔္ျဖဴးေပးလွ်က္ရွိပါတယ္။ေႏြရာသီကာလကလည္း စက္႐ုံကို ရပ္နားရျခင္းမရွိဘဲ ၂၂ MW အထိ ထုတ္လုပ္ႏိုင္ခဲ့တယ္လို႔ဆိုပါတယ္။စက္႐ုံေၾကာင့္ ပတ္ဝန္းက်င္ညစ္ ညမ္းမႈရွိ/မရွိကို ျမန္မာအစိုးရဘက္ကေန အၿမဲမျပတ္ စစ္ေဆးေနၿပီး ၆ လတစ္ႀကိမ္ ေရအရည္အေသြးတိုင္း တာျခင္းနဲ႔ အလုပ္သမားကိစၥရပ္ေတြကို လာစစ္ေဆးေလ့ရွိတယ္လို႔ ဆိုပါတယ္။ “သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနက လာလာၿပီး ေတာ့ ၆ လ တစ္ႀကိမ္ လာၿပီး စစ္ေဆးတယ္။ အလုပ္သမားဝန္ႀကီးဌာနကလူေတြလည္းပါတယ္” ဆိုပါတယ္။ဒီမွာက အလုပ္သမားေတြကို ရပိုင္ခြင့္အျပည့္ အဝေပးထားတဲ့အတြက္ အစိုးရဘက္မွ ကန႔္ကြက္ျခင္း၊ သတိေပးျခင္းမ်ား မရွိသလို စက္႐ုံကေန အသံလုံၿခဳံမႈ၊ ပတ္ဝန္းက်င္ညစ္ညမ္းမႈမျဖစ္ေပၚေအာင္ စနစ္တက်လုပ္ေဆာင္ထားလို႔ ေဒသခံေတြနဲ႔လည္း ပဋိပကၡမရွိခဲ့ဘူး လို႔ဆိုပါတယ္။

စိတ္ဝင္စားစရာက ေရကာတာေတြထုံးစံအတိုင္း သတ္မွတ္ေရထက္ ပိုလွ်ံလာရင္ သဲႏူန္းေတြကို စြန႔္ပစ္ ရတာရွိၿပီး စြန႔္ထုတ္တိုင္း ေဒသခံေတြအႏၲရာယ္ကင္းရွင္းဖို႔ သတိေပးခ်က္ ထုတ္ျပန္ေလ့ ရွိတယ္ ဆိုပါတယ္။ ၂၀၁၈ ခုႏွစ္ တစ္ႏွစ္လုံးမွာ မွ ၇ ႀကိမ္သာ စြန႔္ထုတ္ခဲ့တယ္ ဆိုပါတယ္။စက္႐ုံထဲ ဆက္ဆံေရးကလည္း စိတ္ဝင္စားဖို႔ေကာင္းပါတယ္။စက္႐ုံမွာ ျမန္မာဘက္က ဝန္ထမ္းေတြ အမ်ားစုဆိုေပမယ့္ ပညာရွင္ေတြက တ႐ုတ္ဘက္ကျဖစ္တဲ့ အတြက္ စက္႐ုံတြင္းဆက္ဆံေရးက ဘယ္လိုရွိမလဲ ဆိုတာ သိခ်င္စရာပါ။ ျမန္မာဝန္ထမ္း ၅၁ဦးထဲက တစ္ဦးျဖစ္တဲ့ လွ်ပ္ဓာတ္အားထုတ္လုပ္ေရး ဌာန တာဝန္ခံ မလေတာင္းဆိုင္နန္းကေတာ့ အလုပ္စတင္ဝင္စဥ္က ဘာသာစကားအခက္အခဲရွိေပမယ့္ စက္႐ုံထဲ ဘာသာ စကားသင္တန္းေတြ ေပးတဲ့ အတြက္ ဒီခက္အခဲက ခဏတာနဲ႔ ေျပလည္သြားခဲ့တယ္လို႔ ဆိုပါတယ္။ “တ႐ုတ္ေတြကလည္း ျမန္မာစကားကို အရမ္းအေလးထားတယ္အရမ္းသင္ခ်င္တယ္။သူတို႔လည္း အလုပ္မအားတဲ့ၾကားက ညေနပိုင္း ၄ နာရီကေန ၅ နာရီ ျမန္မာစာသင္တယ္။ျမန္မာဝန္ထမ္းေတြက တ႐ုတ္စ ာသင္ရတယ္” လို႔ဆိုပါတယ္။သူမအတြက္ စက္႐ုံမွာ လွ်ပ္စစ္ထုတ္လုပ္ေရးနဲ႔ပတ္သတ္တဲ့ ပညာရပ္ေတြကို ဆည္းပူးခြင့္ရသလို နည္းပညာလႊဲေျပာင္းမႈအစီအစဥ္အရ တ႐ုတ္ႏိုင္ငံကိုလည္း ေလ့လာေရးခရီးစဥ္ေတြ သြားခဲ့ရတယ္လို႔ ဆိုပါတယ္။

 “ျမစ္ႀကီးနားနည္းပညာတကၠသိုလ္က ေန EP နဲ႔ ေက်ာင္းၿပီးတယ္။အလုပ္စဝင္ကာစက စာေတြ႕ဘဲရွိ တယ္။ အလုပ္ထဲဝင္ေတာ့ ဘာမွမသိဘူး။စက္႐ုံေရာက္ေတာ့ စက္တစ္ခုျခင္းစီရဲ႕လုပ္ေဆာင္ပုံ။ ဓာတ္အား ထုတ္လုပ္ပုံ ပညာရပ္ေတြကို သင္ေပးတယ္။ဒီကလူႀကီးေတြက အၿမဲတမ္းေျပာတယ္ ။ဒီအတိုင္းဘဲမေနနဲ႔ ပိုေကာင္းတဲ့ နည္းပညာေတြကို သင္ယူပါ။ၿပီးလို႔ရွိရင္ အတုယူပါေပါ့။ၿပီးလို႔ရွိရင္ ကိုယ္ႏိုင္ငံအတြက္ ျပန္လုပ္ပါ”လို႔ သူမက ဆိုပါတယ္။သူမအတြက္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး အတတ္ပညာေတြကို ဒီမွာ အလုပ္လုပ္ရင္း ေလ့လာ သင္ၾကားခြင့္ရတဲ့အတြက္ ျမန္မာႏိုင္ငံအတြင္းအျခားေရအားလွ်ပ္စစ္စီမံကိန္းေတြမွာ တာဝန္ ယူထမ္းေဆာင္ဖို႔ အသင့္ျဖစ္ေနၿပီလို႔ မလေတာင္းဆိုင္နန္းက ဆိုပါတယ္။
ဒီစက္႐ုံမွာ မလေတာင္းဆိုင္နန္းလိုဘဲ ေဒသခံထဲက လာလုပ္ေနတဲ့ မေခါင္လန္နင္ဆားရ္ ဟာ ရဝမ္ လူမ်ိဳးျဖစ္ၿပီး ခ်ီေဖြငယ္စက္႐ုံမွာ လာေရာက္လုပ္ကိုင္ေနတာ ၄ ႏွစ္ရွိပါၿပီ။ ခ်ီေဖြငယ္စက္႐ုံမွ တာဝန္ရွိသူေတြက ပူတာအိုနည္း ပညာ တကၠသိုလ္ သို႔သြားေရာက္ၿပီး အလုပ္အကိုင္လုပ္လိုသူမ်ား လာေရာက္ေလွ်ာက္ ထားႏိုင္တယ္လို႔ အသိေပးေျပာခဲ့တဲ့အတြက္ လာေရာက္ေလွ်ာက္ထားၿပီး ဝင္ေရာက္လုပ္ကိုင္ခဲ့တာပါ။ စက္႐ုံမွာလုပ္ကိုင္ရင္း လုပ္ေဖာ္ကိုင္ဖက္ ျမန္မာႏိုင္ငံသား ဝန္ထမ္း တစ္ဦးနဲ႔ လက္ထပ္ခဲ့ၿပီး သမီးေလး တစ္ေယာက္ေတာင္ရေနပါၿပီ။"ကိုယ္ဝန္ေဆာင္ထားတုန္းက ည ဂ်ဴတီ ေတြမဆင္းရေတာ့ဘူး။ေန႔ခင္းဘက္အခ်ိန္ေတြဘဲ ေပါ့ေပါ့ပါးပါး အလုပ္ေတြလုပ္ရတယ္။လူႀကီးေတြကရမ္းေစာင့္ေရွာက္တယ္။ ေမြးဖြားခြင့္ယူၿပီး ျမစ္ႀကီးနားမွာ မီးဖြာခဲ့တယ္" လို႔ မေခါင္လန္နင္ဆားရ္က ဆိုပါတယ္။

သူတို႔လိုဘဲ စက္႐ုံမွာ ဆုံစည္းၿပီး လက္ထပ္ၾကတဲ့ ျမန္မာဝန္ထမ္းမိသားစု  ၃ စုရွိၿပီး စက္႐ုံဝင္းထဲမွာဘဲ ေနထိုင္လွ်က္ရွိတယ္လို႔ဆိုပါတယ္။သူတို႔ေတြအားလုံး ခ်ီေဖြငယ္စက္႐ုံကို မိသားစုေနအိမ္လို သေဘာထားၾက တာကို ျမင္ေတြ႕ရပါတယ္။ဒီခ်ီေဖြငယ္စက္႐ုံဟာ ၃၃ဧက ခန႔္က်ယ္ဝန္းၿပီး စက္႐ုံအတြင္း လူေနအေဆာင္ ကို စက္႐ုံနဲ႔ သီးသန႔္ခြဲ ထား ပါတယ္။ ဝန္ထမ္းေတြေနထိုင္ဖို႔ တစ္ဦးလွ်င္ တိုက္ခန္းတစ္ခန္းႏႈန္းနဲ႔ အခန္းေတြကို ေပးအပ္ထားၿပီး အခန္းအတြင္း အဲကြန္း၊ေရခဲေသတၱာ၊ တီဗီ၊အဝတ္ ေလွ်ာ္စက္ အစရွိတဲ့ အသုံးအေဆာင္ပစၥည္းေတြကို စုံလင္စြာျဖည့္ဆည္းေပးထားတာကိုေတြ႕ျမင္ရပါတယ္။လူေနအေဆာင္ဝင္းအတြင္းမွာလည္း  ပိုက္ေက်ာ္ျခင္းကြင္း၊ ၾကက္ေတာင္႐ိုက္ကြင္းေတြကိုေတြ႕ျမင္ရၿပီး ကိုယ္ကာယေလ့ က်င့္ခန္း႐ုံ၊ စားပြဲတင္ တင္းနစ္ ကစားကြင္း၊ ဘိလိယက္ ခုံေတြကို နဲ႔ ရပ္ကြက္ထဲ ေရာက္ေနသလို စုံလင္ပါတယ္။

အေဆာင္ရဲ႕ ကားလမ္းတစ္ဖက္ျခမ္းမွာေတာ့ နယ္ေတြရဲ႕ထုံးစံအတိုင္း ဟင္းသီးဟင္း႐ြက္ သီးႏွံ ေတြကို စိုက္ပ်ိဳးထားသလို ထြက္ရွိလာတဲ့ လတ္ဆတ္တဲ့ သီးႏွံေတြက ဝန္ထမ္းေတြနဲ႔ အနီးနားက ေဒသခံေတြ အတြက္ ေတာ့ မကုန္ႏိုင္တဲ့ ရိကၡာေဆာင္ပါဘဲ။လူေနအေဆာင္နဲ႔စက္႐ုံကို ၿခံစည္း႐ိုးျခားထားၿပီး ၿခံစည္း႐ိုးတေလွ်ာက္မွာ ေဆာင္ရန္၊ေရွာင္ရန္ သတိေပးဆိုင္းဘုတ္ေတြနဲ႔ ။ စက္႐ုံအဝင္အဝအနီးမွ လွမ္းၾကည့္လိုက္ရင္ ေတာင္ေစာင္းအနီး ျမဴခိုးေငြ႕ ေတြ ၾကားထဲမွာ ျမစ္ႀကီးနား၊ မိုးညႇင္း၊မိုးေကာင္း နဲ႔ အနီးအနားေက်း႐ြာေတြကို ဓာတ္အားျဖန႔္ျဖဴးေပးေနတဲ့ ဓာတ္ အားလိုင္းတိုင္ေတြကို ေတြ႕ျမင္ရသလို ေမချမစ္ရဲ႕တစ္ဖက္ကမ္းမွာ ရွိတဲ့ KIA တပ္စခန္းေတြကိုလည္း ထင္ရွားစြာေတြ႕ျမင္ရပါတယ္။ ၂၀၁၂ ခုႏွစ္ ဧၿပီလ မွာ KIA တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြ႕ဲ ေတြနဲ႔ ျမန္မာ့တပ္မေတာ္တို႔ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့တဲ့အတြက္ စက္႐ုံမွ ဝန္ထမ္းမ်ား တိမ္းေရွာင္ထြက္ေျပးခဲ့ရပါတယ္။

 ၂၀၁၂ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲအတြင္း မသမာသူေတြက စက္႐ုံအတြင္း ဝင္ေရာက္ကာ စက္႐ုံ အတြင္းမွာ ရွိတဲ့ ပစၥည္းေတြကို ယူေဆာင္သြားၾကတဲ့ အတြက္ ျပန္လည္ျပဳျပင္ခဲ့ရၿပီး ၂၀၁၃ ခုႏွစ္မွာ ျပန္လည္ လည္ပတ္ ႏိုင္ ခဲ့ပါတယ္။ျပန္လည္ေမာင္းႏွင္လည္ပတ္စဥ္ကတည္းက လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံတစ္ခုတည္းအတြက္ အႏၲရာယ္ကင္း စြာဓာတ္အား ထုတ္လုပ္ေပးလွ်က္ရွိပါတယ္။ေအးခ်မ္းၿငိမ္သက္တဲ့ ခ်ီေဖြၿမိဳ႕ဟာ ေျမျမဳပ္မိုင္းတစ္လုံးလို တည္ၿငိမ္ေအးခ်မ္းေနဟန္ရွိၿပီး အခ်ိန္အခါမေ႐ြးတိုက္ပြဲေတြ ျဖစ္ပြားလာႏိုင္ေပမယ့္ ခ်ီေဖြငယ္စက္႐ုံနဲ႔ ဝန္ထမ္းေတြကေတာ့ ျမန္မာႏိုင္ငံအတြက္ လွ်ပ္စစ္မီးရရွိေအာင္ ဆက္လက္လုပ္ေဆာင္လွ်က္ရွိပါတယ္။

မင္းထြန္း(အုတ္က်င္း)