【ဆောင်းပါး】အတုယူဖွယ်ရာ ငါးမွေးမြူရေး

【ဆောင်းပါး】အတုယူဖွယ်ရာ ငါးမွေးမြူရေး

မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံသည် ရေမြေသယံဇာတကို ပိုင်ဆိုင်ထားသလို ကမ္ဘာ့အကြီးဆုံး မွေးမြူရေးငါး ထုတ်လုပ်သည့်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သလို ငါးမွေးမြူရေးစနစ်များလည်း အများအပြားရှိသည်။

ရိုးရာငါးမွေးမြူမှုပုံစံမျိုးဖြင့် လုပ်ဆောင်ခြင်းများရှိသလို အဆင့်မြင့်သော ခေတ်မီနည်းစနစ်များဖြင့် မွေးမြူမှုများလည်း ရှိသည်။ ငါးကန်များကို အများအားဖြင့် ရေအရင်းအမြစ်များနှင့် လက်လှမ်းမီသည့် နေရာများ၌ ဆောက်လုပ်ကြပြီး ငါးကြင်းနှင့် အခြားသော ရေချိုငါးမျိုးစိတ် အများအပြားကို မွေးမြူကြခြင်းဖြစ်သည်။

ထို့အပြင် လှောင်အိမ်စနစ်ဖြင့်လည်း မွေးမြူထားမှုများရှိသည်။ လှောင်အိမ်စနစ်ဖြင့် မွေးမြူမှုတွင် မြစ် များ၊ ကန်များ၊ သို့မဟုတ် ရေလှောင်ကန်များကဲ့သို့သော ရေများကို သိုလှောင်ထားသည့် နေရာများတွင် လှောင် အိမ်များဖြင့် မွေးမြူ ခြင်းများရှိသလို ပိုက်ကွန်များဖြင့် ပြင်ဆင်၍ မွေးမြူခြင်းများလည်းရှိသည်။ ထိုမွေးမြူသည့် နည်းစနစ်ဖြင့် တီလားပီးယား၊ ငါးကြင်းနှင့် ငါးခူကဲ့သို့သော ငါးမျိုးစိတ်များကို မွေးမြူခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ရေမြေသယံဇာတပိုင်ဆိုင်ထားသလို ပင်လယ်ငါးဖမ်းဆီးထုတ်လုပ်မှုအပြင် ရေချို ငါးမွေးမြူရေး ကိုလည်း လုပ်ဆောင်လျက်ရှိသည်။ သို့ရာတွင် ရာသီဥတုပူပြင်းမှုကြောင့် ကန်ရေ၏ အရည်အသွေး ကျဆင်းကာ ကြုံလာသည့် အခြေအနေကို ထိန်းသိမ်းနိုင်မှု အားနည်းလာပြီး ငါးသေဆုံးမှုကြုံသည့် ဖြစ်ရပ်များ လည်း အများအပြားရှိလာခဲ့သည်။ မိုးတွင်းကာလ အတွင်းတွင်လည်း ကန်များအတွင်း ရေလျှံကာ ရေလွှမ်းမှုများ ကြောင့် ဆုံးရှုံးခြင်းများလည်း ကြုံရပြန်သည်။ ဆုံးရှုံးမှုများ လျော့နည်းသက်သာစေမည့် နည်းလမ်းများကို ကြံဆ ကာ လုပ်ကိုင်နေသော်လည်း အမြတ်ကျန်သည့် ကာလက နည်းခဲ့သလို ဆုံးရှုံးရသည့် ဖြစ်ရပ်များ စွာကလည်း သင်ခန်းစာယူရမည့် အခြေအနေပင်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ငါးမွေးမြူရေး လုပ်ငန်းသည် အောင်မြင်မှုရနေသည်မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းပေ သည်။ ကန်အတွင်း ရေကိုလည်း စနစ်တကျလည်ပတ်ခြင်းများဖြင့် ဂေဟစနစ်ကောင်းကို ဖန်တီးသလို အမှိုက် သရိုက်များကိုလည်း ဖယ်ရှားခြင်းမျိုး လုပ်ဆောင်ကြသည်။ ပြန်လည် လည်ပတ်သည်ပုံစံမျိုး မွေးမြူရေးစနစ် (RAS) ဖြင့်လည်း ဆယ်လ်မွန်နှင့် ထရတ်ကဲ့သို့သော တန်ဖိုးကြီးမြင့်သည့် ငါးမျိုးစိတ်များကို မွေးမြူလုပ်ဆောင် ထားလေ့ရှိကြသည်။

ထို့အပြင် ငါးပုစွန်တို့ကို ပေါင်း၍ ပေါင်းစည်းမွေးမြူရေးစနစ် Multi-trophic (IMTA) ဖြင့်လည်း မွေးမြူ ထားခြင်းများ ရှိသည်။ ထိုစနစ်တွင် တူညီသော ငါးမျိုးစိတ်များနှင့် အခြားသက်ရှိမျိုးစုံကို ပေါင်းထည့်၍ မွေးမြူ လုပ်ဆောင်ကြသည့် အခြေအနေမျိုး ဖြစ်သည်။ ထိုစနစ်မှာ စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်နှင့် ငါးမွေးမြူရေး လုပ်ငန်း၏ ရေရှည်တည်တံ့မှုကို တိုးတက်စေရန် ကူညီပေးနိုင်သော စနစ်မျိုးလည်းဖြစ်ခဲ့သည်။ IMTA စနစ်များ ဖြင့် မွေးမြူခြင်းကို ပင်လယ်စာ၊ ပင်လယ်ဘေ့နှင့် ပုစွန် ကဲ့သို့သော မျိုးစိတ်များ မွေးမြူရာ၌ အသုံးပြုလေ့ ရှိကြသည်။

စိုက်ပျိုးရေးနှင့်တွဲဖက်၍လည်း စပါးစိုက်ခင်းများတွင် ငါးများထည့်၍ စပါး-ငါး မွေးမြူမှုဖြင့် လုပ် ဆောင် ခြင်းများရှိသည်။ ထိုမွေးမြူရေး စနစ်တွင် ငါးကြင်း၊ တီလားပီးယား ကဲ့သို့သော ငါးမျိုးစိတ်များကို မွေးမြူလေ့ရှိပြီး ငါးများမှ စွန့်ပစ်လိုက်သည့် အညစ်အကြေးများက စပါးပင်များအတွက် မြေဩဇာကောင်းမျိုး ဖြစ်စေကာ စပါးအ ထွက်နှုန်းတိုးရေးကို အထောက်အကူ ပြုစေသည့်အပြင် ငါးရော စပါးပါ ရရှိသည့်အတွက် ကျေးလက်နေထိုင် သူများအတွက် အခြေအနေကောင်းများကို ခံစားရရှိစေသည့် မွေးမြူရေးစနစ်မျိုးလည်း ဖြစ်သည်။

ထိုစနစ်ဖြင့် ကျေးလက်နေဒေသခံတောင်သူများအတွက် ဆင်းရဲမှုလျှော့ချရေးကို အောင်မြင်အောင် လုပ် ဆောင်ပေးနိုင် ခြင်းများလည်း ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ငါးမွေးမြူထုတ်လုပ်မှုသည် ကမ္ဘာ့တစ်ဝန်းလုံး ထုတ် လုပ်မှုစုစုပေါင်း ၆၀ ရာခိုင်နှုန်းကျော် ရှိနေပြီး နှစ်စဉ်တိုးတက်လာခဲ့သလို ပြီးခဲ့သော ၂၀၁၉ ခုနှစ်က စုစုပေါင်း ထုတ်လုပ်မှုမှာ ၆၂ ဒသမ ၂ သန်း ထုတ်လုပ်ခဲ့သလို ယခင် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာသည့် အခြေအနေမျိုးဖြစ်သည်။ ဆက်လက်၍လည်း နှစ်စဉ်တိုးတက်မှုများရှိလာသည့် မွေးမြူရေးစနစ် မျိုးလည်းဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ငါးပုစွန်များအပါအဝင် ရေထွက်ကုန်ပစ္စည်းများကို မွေးမြူထုတ်လုပ်၍ ပြည်ပ စျေးကွက်များကို တင်ပို့ခြင်းများဖြင့် နိုင်ငံခြားဝင်ငွေများရှာဖွေပေးရာ လုပ်ငန်းရပ်အဖြစ်ရှိနေသည်။ မြန်မာနိုင်ငံ၏ ငါးပုစွန်မွေးမြူရေး လုပ်ငန်းများတွင် မိရိုးဖလာ သမားရိုးကျ နည်းစနစ်ဖြင့်သာ မွေးမြူထုတ်လုပ်လျက်ရှိကြပြီး ခေတ်မီသိပ္ပံနည်းကျ မွေးမြူရေး စနစ်များသို့ ပြုပြင်ပြောင်းလဲရန် အားနည်းချက်များစွာလည်း ရှိနေသည်။

ထိုသို့ ခေတ်မီသိပ္ပံနည်းကျ စနစ်သို့ ဘက်စုံပြုပြင်ပြောင်းလဲနိုင်ရန်မှာ အရည်အသွေးကောင်းသည့် ငါး၊ ပုစွန်သားပေါက်များကို ထုတ်လုပ်ပေးမည့် သားဖောက် လုပ်ငန်းများ၊ အဆင့်မြင့် မွေးမြူရေးနည်းစနစ်များ၊ ခေတ် မီအစာထုတ်လုပ်သည့် လုပ်ငန်းများ၊ တန်ဖိုးမြင့် ထုတ်ကုန် ပြုပြင်ထုတ်လုပ်မှုများ၊ ပြည်ပဈေးကွက်များ အသီးသီး သို့ တိုးမြှင့်တင်ပို့နိုင်ရေးဆိုင်ရာ စျေးကွက်ချဲ့ထွင်မှု အစီအစဉ်များနှင့် သုနေသန၊ ဖွံ့ဖြိုးရေးလုပ်ငန်းများလည်းဟန် ချက်ညီညီ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရန် လိုအပ်သော်လည်း အခြေအနေအရပ်ရပ်၌ အားနည်း ချက်များစွာကို ကြုံကြကာ တိုးတက်မှု အရှိန်အဟုန်နှေးကွေးသော အခြေအနေမျိုးကို ဖြစ်ကြရသည်။

မြန်မာနိုင်ငံသားများသည် တိုင်းရင်းငါးမျိုးများကို ရှေးနှစ်ပေါင်းများစွာကပင် နှစ်ချိုက်စွာ စားသုံးလာခဲ့ရာ နှစ်ပေါင်း(၂၀)ခန့် အတွင်း သဘာဝ အင်းအိုင်ငါးများရှားပါးလာပြီး စျေးကွက်အတွင်း၌လည်း ဈေးနှုန်းများ ကြီးမြင့် လာသည့် အခြေအနေမျိုး ကြုံရသည့်အတွက် မွေးမြူရေးငါးများကိုသာ ဝယ်ယူစားသုံးရင်း မွေးမြူရေးငါးများ သည်လည်း အဓိကအားထား၍ စားသုံးရသည့် ငါးရိက္ခာ ဖြစ်လာခဲ့ပါသည်။ အထူးသဖြင့် ငါးမြစ်ချင်း ကဲ့သို့သော ငါးအမျိုးအစားသည် ပြည်တွင်းစားသုံးမှုတွင် အဓိကကျသည့် ငါးအမျိုးအစားလည်း ဖြစ်လာခဲ့သည်။

ထိုငါးအမျိုးအစားကို ပြည်တွင်း၌ စားသုံးသလို ပြည်ပစျေးကွက်အတွင်းလည်း တင်ပို့ခြင်းများရှိပြီး ငါး တစ်မည်စီအလိုက် ပြည်ပတင်ပို့သည့် ငါး(၁၀)မျိုးအနက်တွင် အဓိကအားဖြင့် ပမာဏအများဆုံး တင်ပို့နိုင် သည့် ငါးအမျိုးအစားလည်း ဖြစ်လာကာ ကမ္ဘာပေါ်တွင် ငါးမြစ်ချင်းများမွေးမြူသည့် နိုင်ငံများအနက် ဒုတိယအများဆုံး မွေးမြူသည့် နိုင်ငံဖြစ်လာခဲ့သည်။ ထို့အပြင် ပြည်ပစျေးကွက်သို့လည်း ငါးမြစ်ချင်းများ အများဆုံးတင်ပို့ရာ နိုင်ငံဖြစ်နေခဲ့သည်။

ထိုသို့ဖြစ်ခြင်းမှာလည်း စျေးကွက် အခြေအနေပေါ်မူတည်၍ မွေးမြူထုတ်လုပ်ကြခြင်းကြောင့် ဖြစ်လာခဲ့ သည်။ ငါးမြစ်ချင်းနှင့် အတူ ငါးတန်ကိုလည်း အများအပြားမွေးမြူကြပြီး ပြည်တွင်း၌စားသုံးကြသလို ငါးခြောက် လုပ်ငန်းများအတွက် ကုန်ကြမ်း အဖြစ်လည်း အသုံးပြုလျက်ရှိကြသည်။ အခြားသော မွေးမြူရေးငါးမျိုးစိတ်များကို ပြည်တွင်း၌သာ စားသုံးကြပြီး အနည်းငယ် လောက်သော ပမာဏမျိုးဖြင့် ပြည်ပသို့ တင်ပို့နေသည့် ငါးအမျိုး အစားအချို့လည်း ရှိသလို မွေးမြူရေးငါးများကို ပြည်ပတင်ပို့ ရောင်းချမှုမှ နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ခန့် ရရှိနေသည့် အခြေအနေမျိုးဖြစ်သည်။

ပြည်တွင်းတွင် စီးပွားဖြစ်မွေးမြူထုတ်လုပ်နေသည့် ငါးအမျိုးအစားများမှာ ရေချိုငါးများဖြစ်ကြသော ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးတန်၊ ရေချိုငါးမုတ်၊ ရွှေဝါငါးကြင်း၊ တီလားပီယား၊ ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်း၊ ခေါင်းကြီး ငါးကြင်း၊ ငါးပြေမ၊ ကကတစ်၊ ငါးရံ့၊ ငါးခူ အစရှိသည့် ငါးများဖြစ်ကြသည်။ ပင်လယ် ငါးဖမ်းလုပ်ငန်းမှလည်း ရရှိလာသည့် ငါးများကို ပြည်ပစျေးကွက်သို့ တင်ပို့ခြင်းများလည်းရှိလာရာ ငါးမွေးမြူရေး ကဏ္ဍမှ စားနပ်ရိက္ခာဖူလုံမှုအပြင် နိုင်ငံခြားဝင်ငွေ ရရှိသည့် အခြေအနေအထိ ဖြစ်လာသည်။

ယခင် ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်က ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၄၆၈ ဒသမ ၁၆ သန်း ရရှိ ခဲ့ပြီး ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်အတွင်း (မတ်လအထိ) စာရင်းများတွင် အမေရိကန်ဒေါ် လာ ၇၆၅ ဒသမ ၉၄၅ သန်းကို ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းမှ ၄၀၇ ဒသမ ၅၅၉ သန်းနှင့် နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းမှ ၃၅၈ ဒသမ ၃၈၆ သန်း အဖြစ် ရရှိထားကြောင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။

ထို့ကြောင့် ငါးမွေးမြူရေးလုပ်ငန်းမှာ အောက်ခြေဒေသခံများအထိ အကျိုးရှိစေသည့် လုပ်ငန်းမျိုးလည်း ဖြစ် သလို ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ထိရောက်သည့် အခြေခံကျသော လုပ်ငန်းမျိုးဖြစ်သော်လည်း အခြေအနေကောင်းကို ဆုပ်ကိုင်နိုင်ရန် အရေးကြီးလှသည်။ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာ့ငါး မွေးမြူ ထုတ်လုပ်မှုမှာ နည်းပါးနေသော်လည်း ဖြေးဖြေးချင်းတိုးတက်မှုရှိနေသည်။ သို့ရာတွင် အခြေအနေအချို့ကြောင့် မွေးမြူသူများမှာ ဆုံးရှုံးနိုင်မည့် အလားအလာ များက စိန်ခေါ်၍နေသည်။ ဆုံးရှုံးနိုင်မည့်အရေးကို စိုးရိမ်စိတ်ဖြင့် မွေးမြူလုပ်ဆောင်နေကြရသည်။

ထိုအခြေအနေများကို ကျော်လွှားနိုင်ရေးသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ဆွေးမျိုးပေါက်ဖော် ဆက် ဆံရေးရှိသည့် တရုတ်နိုင်ငံ၏ ငါးမွေးမြူရေးစနစ်များကို လေ့လာကာ ပြည်တွင်းနှင့်လိုက်လျောညီထွေဖြစ်စေမည့် စနစ်မျိုးကို ပြင်ဆင်နိုင်ရန် အရေးကြီးပေသည်။ ကမ္ဘာတွင် မွေးမြူရေးငါးအများဆုံးထုတ်လုပ်နေကြသည့် နိုင်ငံ ကြီးတစ်နိုင်ငံ၏ အနီးတွင်ရှိသော်လည်း အတွေ့အကြုံ အခွင့်အရေးကောင်းကို အမိအရဆုပ်ကိုင်နိုင်ရန် အရေးကြီး နေ သည်ကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်