ရှီပြောသည့် ခေတ်သစ်၏ 'ခေတ်မီသောစီးပွားရေး'

【 နိုင်ငံတကာဆောင်းပါး 】ရှီပြောသည့် ခေတ်သစ်၏ 'ခေတ်မီသောစီးပွားရေး'

CPC ၏ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ရှီကျင့်ဖျင်ဟာ ခေတ်သစ်အတွက် “ခေတ်မီ စီးပွားရေး” ရည်မှန်းချက်များကို ပြောကြားခဲ့ပါတယ်။ပေကျင်းမြို့က Great Hall of People တွင် ကျင်းပခဲ့သော ၁၉ ကြိမ်မြောက် CPC အမျိုးသားညီလာခံတွင် တက်ရောက်သူ ၂၂၀၀ ခန့်ရှိသော ကိုယ်စားလှယ်များရှေ့မှာ ရှီကျင့်ဖျင်က အဖွင့်အမှာစကား ပြောကြား ရာတွင် “အသစ်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်နေသော ခေတ်မီစီးပွားရေးကို အကောင်အထည်ဖော်ရေး” အတွက် မိန့်ခွန်းပြော ဆော်ဩခဲ့ပါတယ်။
 
“ရာစုနှစ်ရည်မှန်းချက် ၂ ခု” အကောင်အထည်ဖော်ရေးတွင် ဒါဟာ အခြေခံအချက်များဖြစ်ပါတယ်။ ပထမရည်မှန်းချက်ကတော့ ၂၀၂၀ တွင် ဂျီဒီပီကို ၂၀၁၀ တုန်းကထက် ၂ ဆ ပိုတိုးစေရေးဖြစ်ပါတယ်။ ထို့မှသာ အသင့်သင့် ကြွယ်ဝချမ်းသာသော လူမှုအတိုင်းအဝိုင်းကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဒုတိယရည်မှန်းချက်ကတော့ တရုတ်နိုင်ငံကို “ကြွယ်ဝချမ်းသာသော၊ ခိုင်မာသော ၊ ဒီမိုကရက်တစ်” နိုင်ငံအဖြစ်သို့ ၂၀၄၉ ခုနှစ် အမီပြောင်းလဲရေးဖြစ်ပါတယ်။
 
ဒီရည်မှန်းချက်နှစ်ခုဟာ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံအိပ်မက်မှာ အရေးကြီးဆုံးအရာများဖြစ်ပါတယ်။ သို့သော်လည်း ရှီကျင့်ဖျင်၏ “ခေတ်မီသောစီးပွားရေး” ဆိုတာ ဘာကို အတိအကျဆိုလိုတာလဲ? ပြီးတော့ တရုတ် နိုင်ငံအတွက် ဘာကိုဆိုလိုတာလဲ?
 
စျေးကွက်
 
၃ နာရီကျော် ကြာခဲ့သော သူ့ရဲ့ မိန့်ခွန်းတွင် ရှီကျင့်ဖျင်ဟာ “စျေးကွက်” ဆိုတဲ့ စကားလုံးကို ၂၁ ကြိမ် အသုံးပြုခဲ့ပါတယ်။ ရှီက “တရုတ်နိုင်ငံဟာ စျေးကွက်ကို အရင်းအမြစ် ခွဲဝေမှုတွင် အရေးကြီးသော အပိုင်းတွင် ပါဝင်စေရန် ပြောကြားခဲ့ပါတယ်။ ထိုထဲတွင် စျေးနှုန်း သတ်မှတ်ခြင်းနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့လည်း ပါဝင်ပါတယ်။ ပေါင်းစည်းထားသော စျေးကွက်နှင့် မျှတသော ပြိုင်ဆိုင်မှုကို တားဆီးသော အတားအဆီးများကို အစိုးရက ဖယ်ရှားမည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းများနှင့် စျေးကွက်မျိုးစုံ၏ အရေးပါမှုများကို အားပေးမည်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
မကြာခင်မှာပဲ အစိုးရဟာ အရင်းအမြစ်မျှဝေမှုတွင် အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်လာတော့မည်ဖြစ်ပါတယ်။
 
ပြုပြင်ပြောင်းလဲခြင်း
 
စျေးကွက်၏ အခန်းကဏ္ဍကို အခိုင်အမာပြောကြားပြီးနောက် ရှီကျင့်ဖျင်ဟာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုလည်း ကတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စျေးကွက်အခြေခံသော နိုင်ငံခြားငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဘဏ္ဍာရေးစနစ်တွင်လည်း ပြုပြင်မှုပြုလုပ်မည်ဖြစ်ကြောင်း ဆိုပါတယ်။ ထို့အပြင် ပုဂ္ဂလိက လုပ်ငန်းများနှင့်ဘဏ်အဖွဲ့အစည်းများကိုလည်း ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
အစိုးရပိုင်သော စီးပွားရေးလုပ်ငန်းများ နှစ်ရှည်ရင်ဆိုင်ခဲ့ကြသော ပြဿနာများကိုလည် ဖြေရှင်းမည်ဖြစ်ပြီး နောက်ထပ်ပြုပြင်မှုများ လိုအပ်နေသေးကြောင်း ပြောကြားခဲ့ပါတယ်။
 
အစိုးရဟာ ဘတ်ဂျက် ခိုင်မာခြင်း၊ တိုးတက်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကို အားပေးလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် အစိုးရပိုင် ပစ္စည်းများ ဆုံးရှုံးမှုကို ထိရောက်စွာ ကာကွယ်ခြင်း၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း ၊ ပိုင်ဆိုင်မှုများသော စီးပွားရေးနှင့် နိုင်ငံတကာတွင် ယှဉ်ပြိုင်မှုအားကောင်းသော ကမ္ဘာ့အဆင့် မီ လုပ်ငန်းများဖြစ်လာရန် အားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
ဘဏ္ဍာရေးစနစ်ဆိုင်ရာ အန္တရာယ်များကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်ရန်အတွက် ငွေကြေးစနစ်ကို ပြုပြင်ပြောင်းလဲခြင်းနှင့် တိုးတက်မှုတို့အတွက် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
 
တံခါးဖွင့်မူဝါဒ
 
ရှီကျင့်ဖျင်၏ ပြောကြားချက်အရ တရုတ်နိုင်ငံဟာ နိုင်ငံအတွက် ဆက်လက်ပြီး တံခါးဖွင့်မူဝါဒကို ကျင့်သုံးနေမည်ဖြစ်ကြောင်း နှင့် အထူးသဖြင့် အနာက်နိုင်ငံများ မှီခိုမှု နည်းပါးစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။
 
“တရုတ်နိုင်ငံဟာ နိုင်ငံတကာကို သူ့ရဲ့ တံခါးကို ပိတ်သွားမည်မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ပိုပြီး တံခါးဖွင့်မူဝါဒကို ကျင့်သုံးလာရန်သာရှိတယ်။ တံခါးဖွင့်မူဝါဒဟာ တိုးတက်မှုကို ယူဆောင်လာတယ်။ ခွဲခွဲခြား ခြားနေခြင်းဟာ အခြားတစ်ယောက်ကို ချန်ထားစေပါတယ်” ဟု သူက ပြောခဲ့ပါတယ်။
 
သူဟာ “တံခါးဖွင့်မူဝါဒ” ဆိုတဲ့ စကားလုံးကို ၃၃ ကြိမ်တိုင်တိုင် ပြောကြားခဲ့ပါတယ်။ Chongyang Institute for Financial Studies တွင် တာဝန်ထမ်းဆောင်နေသော လျူဇီချင်းက တရုတ်၏ တံခါးဖွင့်မူဝါဒဟာ တရုတ်နိုင်ငံ၏ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်းက စီးပွားရေး တိုးတက်မှုတွင် အလွန်အရေးပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံအတွင်းသို့ စီးဝင်စေခဲ့ပြီး စျေးကွက်ယန္တယားအကြောင်းကို သင်ယူစေကာ တရုတ်နိုင်ငံကလည်း နိုင်ငံတကာတွင်ရှိသော စီးပွားရေးလုပ်ငန်းများနဲ့ စီးပွားရေး အတူတူ လုပ်စေနိုင်ခဲ့ကြောင်း ဆိုပါတယ်။
 
အမေရိကန်နိုင်ငံဟာ သူ့ရဲ့ တံခါးကို ပိတ်နေပြီး နိုင်ငံတကာက လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကနေ ခွဲထွက်နေပါတယ်။ တရုတ်ဟာ သူ့ရဲ့စျေးကွက်များ တံခါးများကို ဖွင့်ထားပြီး အမေရိကန်၏ “အမေရိကန်ဦးစားပေး” မူဝါဒကို တုံ့ပြန်ရန် နိုင်ငံတကာစီးပွားရေးကို လက်ခံနေကြောင်း ဆိုပါတယ်။
 
ရှီကျင့်ဖျင်ကလည်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုနှင့် စျေးကွက်တွင် အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံသူများအတွက် ဆက်ပြီး တံခါးဖွင့်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တရားဝင်အခွင့် အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
Naing
 
(CMG သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် What does Xi mean by 'modernized economy' in the new era? သတင်းဆောင်းပါးကို ဘာသာပြန်ဖော်ပြပါသည်)