Wuhen Virus (သို့မဟုတ်) 2019 nCoV အကြောင်းသိကောင်းစရာ

Wuhen Virus (သို့မဟုတ်) 2019 nCoV အကြောင်းသိကောင်းစရာ
 
 
ဗိုင်းရပ်စ်က ဘယ်ကစဖြစ်သလဲ?
 
တရုတ်နိုင်ငံ အရှေ့ဘက် ဟူဘေး (Hubei) ပြည်နယ် ဝူဟန်မြို့ (Wuhan) ဟွာ့နန် ပင်လယ်စာစျေး (Huanan Seafood Market) မှ ပျံ့ပွားလာခြင်းဖြစ်ပါတယ်။ Novel Corona Virus လို့ခေါ်ပြီး Group IV အုပ်စုဝင် (+) ssRNA မျိူ းနွယ်ဝင်ဖြစ်ပါတယ်။
2019-nCoV လို့လဲခေါ်ပါသေးတယ်။
လတ်တလော သိရှိရတဲ့ သတင်းတွေအရ ထိုစျေးမှရောင်းချတဲ့ "မြွေ" နှင့် "လင်းနို့" သားများကိုစားမိတဲ့ လူတွေကနေ စတာလို့သိရပါတယ်။
 
ဘယ်လိုကူးဆက်နိုင်ပါသလဲ?
 
ရောဂါပိုးရှိတဲ့ အသားများကို စားမိရာမှ ကူးဆက်ခြင်း နှင့် လူလူချင်း ဆိုရင်တော့ အသက်ရှူလမ်းကြောင်းမှတဆင့် (သို့) ခန္တာကိုယ်မှ ထွက်သည့် အရည်၊ ချွေး၊သလိပ်၊ချွဲ များမှတဆင့် ကူးဆက်နိုင်ပါတယ်။
 
ဘယ်လိုလူတွေကူးဆက် လွယ်နိုင်ပါသလဲ?
 
-ကလေးငယ်များ
-သက်ကြီးရွယ်အိုများ
-နာတာရှည်ရောဂါသည်များ
-ကိုယ်ခံအားနည်းတဲ့သူများ တို့ဖြစ်ပါတယ်။
 
 
ရောဂါလက္ခဏာတွေက ဘာပါလဲ?
 
-အဖျားကြီးခြင်း၊အချိန်ကြာ ဖျားခြင်း
-နှာစေးခြင်း
-ချောင်းဆိုးခြင်း
-ချမ်းတုန်ခြင်း
-ခေါင်းကိုက်ခြင်း
-အသက်ရှုကြပ်ခြင်း၊ ခက်ခြင်း
-လည်ချောင်းနာခြင်း
-အလွန်မောပန်းခြင်း
-ကိုယ်ခံအားကျဆင်းလားခြင်း တို့အပြင်
်အဆုတ်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ယောင်ရောဂါ(ဆားစ်ရောဂါ) များဖြစ်စေပြီး
 အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။
 
် ကုသရန်ဆေး မရှိသေးပါ။ 
-အနာကျက်ဆေး
-အဖျားပျောက်ဆေး 
-Antiviral Drugs များ အသုံးပြုနေပါတယ်။
 
ဘယ်လိုကာကွယ်ရမလဲ?
 
-လက်ကို ဆပ်ပြာဖြင့် စင်ကြယ်သန့်စင်စွာ
 ဆေးပေးပါ။
-ဖျားနာနေသောလူနာများနှင့် ဝေးဝေးနေပါ။
-လူထူထပ်သော နေရာများကို ရှောင်ကြဉ်ပါ။
-အပြင်သွားတိုင်း လုံခြုံစိတ်ချရသည့် နှာခေါင်းကာ (Mask) များတပ်ဆင်ထားပါ။
-ချောင်းဆိုး၊နှာစေးလျှင် လက်ကိုင်ပဝါ နှင့်အုပ်ဆိုးပါ။
-ရေများများသောက်ပါ။ 
-အိပ်ရေးဝအောင်အိပ်ပါ။
 
 
မိမိကိုယ် ကို သံသယရှိရင်ဘာလုပ်သင့်ပါသလဲ?
 
-ဆေးရုံးကြီးများသို့ သွားရောက်ကုသမှုခံယူပါ။
-ကိုယ့်ကိုယ်ကို သံသယရှိတယ်ထင်ရင် ဖျားပြီဆိုတာ နှင့် အိမ်မှာနေပါ။
-လူထူထပ်သည့် နေရာလုံးဝမသွားပါနှင့်။
-ချောင်းဆိုး နှာစေးသည့်အခါ လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှုးသန့်သန့်ဖြင့် အသုံးပြုပါ။
-တခြားလူများ မကူးဆက်မိအောင် သတိထားနေပါ။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီ၀က ဆေး(၁)