Intense Pulsed Light (IPL) လို့ခေါ်တဲ့အလင်းကုထုံးအကြောင်းသိကောင်းစရာ

ဆံသားရဲ့အခြေမှာ hair follicle ခေါ်တဲ့ ဆံသားအမြစ်ရှိတယ်။ သာမန်လူတယောက်ဟာ ဆံပင်ပေါက်ပြီဆိုတာနဲ့ ဆံသားအခြေထဲကို
melanin ဓာတ်က ရောက်နှင့်ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဆံပင်တွေက မဲနက်နေတာဖြစ်ပါတယ်။ 
 
IPL ဆိုတာဘာလဲ?
 Intense Pulsed Light (IPL) လို့ခေါ်တဲ့အလင်းကုထုံးဖြစ်ပါတယ်။ သူကထွက်လာတဲ့အလင်းရောင်ကို ဆံသားအခြေထဲက
melanin ဓာတ်က စုပ်ယူကာ အဲ့ဒီအလင်းရောင်ကနေအပူကိုပြောင်းလဲပြီး ဆံသားရဲ့အခြေမှာ hair follicle ခေါ်တဲ့ ဆံသားအမြစ်ကို
ဖျက်ဆီးလိုက်ခြင်းဖြစ်ပါတယ်။ IPL တစ်ခါပစ်ရင် မိနစ် ၃၀ခန့်ကြာပါတယ်။
 
IPL ကိုဘယ်မှာသုံးလဲ ?
IPL ကို ခန္ဓာကိုယ်မှာရှိတဲ့မလိုချင်သောအမွှေးအမျှင်များကိုဖယ်ရှားတဲ့နေရာမှာသုံးတဲ့အပြင် မျက်နှာအရေးအကြောင်းများ၊အမဲစက်များ၊
ဝက်ခြံများကုသရာမှာလဲသုံးလို့ရပါသေးတယ်။ စတာတွေကိုပျောက်ကင်းအောင်ကုသခြင်းဖြစ်ပါတယ်။ ကုထုံးတခုခြင်းစီအတွက် မတူညီသော
filter နှင့် wavelength များကို သက်ဆိုင်ရာဆရာဝန်မှ ရွေးခြယ်ကုသမှုပေးပါတယ်။
 
 
IPL မပစ်ခင်ဘာတွေသိထားရမလဲ?
-ဘယ်သူပစ်မှာမှာလဲ။ကျွမ်းကျင်မှုရှိရဲ့လား?
-ဘေးထွက်ဆိုးကျိုးရှိလား။
-ဘယ်လောက်ထိခံလဲ။
-ဆောင်ရန်/ရှောင်ရန်တွေရှိလား
-IPL ကုထုံးခံယူမဲ့သူမှ မပစ်ခင် ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဖို့လိုပါတယ် (ဥပမာ သွေးကြဲဆေး Aspirin သောက်တဲ့လူနာဆိုရင်ပေါ့)
 
IPL ပစ်ပြီးရင်ဘာတွေရှောင်ရှားသင့်လဲ?
-IPL ပစ်ပြီးသွားရင်နောက်တစ်ရက်လောက်ကနေပူထဲမသွားရပါဘူး။ ကိုယ်အနေနဲ့မသွားမဖြစ်သွားရမယ်ဆိုရင်လဲ နေလောင်ဒဏ်ခံနိုင်ဖို့
sunscreenကို အနည်းဆုံး၂နာရီခြားတစ်ခါမကြာမကြာလိမ်းပေးသင့်ပါတယ်။နေလောင်ဒဏ်ကိုကာကွယ်ပေးမယ့်မျက်မှန် ဦးထုတ်စတာလေးတွေ
နဲ့ကာကွယ်ပြီးမှသာလျှင်ထွက်သင့်ပါတယ်။Treatment လုပ်ပြီးရင်တော့
ရေကူးကန်တွေမှာရေကူးခြင်းရှောင်ကျဉ်သင့်ပါတယ်။ ၄၈နာရီ ရှောင်သင့်ပါတယ်။
 
Side Effectရှိမရှိ?
-Side Effect အနေနဲ့Treatmentပြီးရင် 
လေဆာပစ်ထားတဲ့အရေပြားက နည်းနည်းနီရဲနေပြီးစပ်ဖျင်းဖျင်းဖြစ်နေတတ်ပါတယ်။ လူတိုင်းတော့မဟုတ်ဘူး။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ဆေး (၁)

Intense Pulsed Light (IPL) လို႔ေခၚတဲ့အလင္းကုထံုးအေၾကာင္းသိေကာင္းစရာ 
 
ဆံသားရဲ႕အေျခမွာ hair follicle ေခၚတဲ့ ဆံသားအျမစ္ရွိတယ္။ သာမန္လူတေယာက္ဟာ ဆံပင္ေပါက္ၿပီဆိုတာနဲ႔ ဆံသားအေျခထဲကို
melanin ဓာတ္က ေရာက္ႏွင့္ၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ ဆံပင္ေတြက မဲနက္ေနတာျဖစ္ပါတယ္။ 
 
IPL ဆိုတာဘာလဲ?
 Intense Pulsed Light (IPL) လို႔ေခၚတဲ့အလင္းကုထံုးျဖစ္ပါတယ္။ သူကထြက္လာတဲ့အလင္းေရာင္ကို ဆံသားအေျခထဲက
melanin ဓာတ္က စုပ္ယူကာ အဲ့ဒီအလင္းေရာင္ကေနအပူကိုေျပာင္းလဲၿပီး ဆံသားရဲ႕အေျခမွာ hair follicle ေခၚတဲ့ ဆံသားအျမစ္ကို
ဖ်က္ဆီးလိုက္ျခင္းျဖစ္ပါတယ္။ IPL တစ္ခါပစ္ရင္ မိနစ္ ၃၀ခန့္ျကာပါတယ္။
 
IPL ကိုဘယ္မွာသံုးလဲ ?
IPL ကို ခႏၶာကိုယ္မွာ႐ွိတဲ့မလိုခ်င္္ေသာအေမႊးအမွ်င္မ်ားကိုဖယ္႐ွားတဲ့ေနရာမွာသံုးတဲ့အျပင္ မ်က္ႏွာအေရးအေၾကာင္းမ်ား၊အမဲစက္မ်ား၊
ဝက္ျခံမ်ားကုသရာမွာလဲသံုးလို႔ရပါေသးတယ္။ စတာေတြကိုေပ်ာက္ကင္းေအာင္ကုသျခင္းျဖစ္ပါတယ္။ ကုထံုးတခုျခင္းစီအတြက္ မတူညီေသာ
filter ႏွင့္ wavelength မ်ားကို သက္ဆိုင္ရာဆရာဝန္မွ ေရြးျခယ္ကုသမႈေပးပါတယ္။
 
 
IPL မပစ္ခင္ဘာေတြသိထားရမလဲ?
-ဘယ္သူပစ္မွာမွာလဲ။ကြၽမ္းက်င္မႈ႐ွိရဲ႕လား?
-ေဘးထြက္ဆိုးက်ိဳး႐ွိလား။
-ဘယ္ေလာက္ထိခံလဲ။
-ေဆာင္ရန္/ေ႐ွာင္ရန္ေတြ႐ွိလား
-IPL ကုထံုးခံယူမဲ့သူမွ မပစ္ခင္ ဆရာဝန္နဲ႔ ႀကိဳတင္တိုင္ပင္ဖို႔လိုပါတယ္ (ဥပမာ ေသြးၾကဲေဆး Aspirin ေသာက္တဲ့လူနာဆိုရင္ေပါ့)
 
IPL ပစ္ၿပီးရင္ဘာေတြေရွာင္ရွားသင့္လဲ?
-IPL ပစ္ၿပီးသြားရင္ေနာက္တစ္ရက္ေလာက္ကေနပူထဲမသြားရပါဘူး။ ကိုယ္အေနနဲ႔မသြားမျဖစ္သြားရမယ္ဆိုရင္လဲ ေနေလာင္ဒဏ္ခံႏိုင္ဖို႔
sunscreenကို အနည္းဆံုး၂နာရီျခားတစ္ခါမၾကာမၾကာလိမ္းေပးသင့္ပါတယ္။ေနေလာင္ဒဏ္ကိုကာကြယ္ေပးမယ့္မ်က္မွန္ ဦးထုတ္စတာေလးေတြနဲ
႔ကာကြယ္ၿပီးမွသာလွ်င္ထြက္သင့္ပါတယ္။Treatment လုပ္ၿပီးရင္ေတာ့
ေရကူးကန္ေတြမွာေရကူးျခင္းေရွာင္က်ဥ္သင့္ပါတယ္။ ၄၈နာရီ ေ႐ွာင္သင့္ပါတယ္။
 
Side Effectရွိမရွိ?
-Side Effect အေနနဲ႔Treatmentၿပီးရင္ 
ေလဆာပစ္ထားတဲ့အေရျပားက နည္းနည္းနီရဲေနၿပီးစပ္ဖ်င္းဖ်င္းျဖစ္ေနတတ္ပါတယ္။ လူတိုင္းေတာ့မဟုတ္ဘူး။
 
က်န္းမာေပ်ာ္ရႊင္ၾကပါေစ။
 
 
ဇီ၀က ေဆး (၁)