Eyebrow Tattoo (မျက်ခုံးတက်တူး)အကြောင်းသိကောင်းစရာ

အလှပြင်တိုင်း မျက်ခုံးမွှေးဆွဲနေရလို့ 
စိတ်ညစ်နေပါသလား? 
မျက်ခုံးမွှေးပါးလွန်းလို့  မျက်ခုံးမွှေးဆွဲခြင်း
  နှင့်အချိန်ကုန်နေပါသလား ?
ယနေ့ခေတ်တိုးတက်လာတဲ့နည်းပညာများနဲ့အချိန်ကုန်သက်သာစေပြီးညီညာလှပတဲ့မျက်ခုံးတွေပိုင်ဆိုင်နိုင်ပါပြီ။
အဲ့ဒါကတော့မျက်ခုံးတက်တူးထိုးခြင်းဖြစ်ပါတယ်။
 မျက်ခုံးမွှေးပါးတဲ့သူ ၊ မျက်ခုံးမွှေးမရှိတဲ့သူတွေအတွက် မျက်ခုံးနေရာမှာ သဘာဝကျကျ ပြုလုပ်ပုံဖော်ပေးတာပါ ။
မျက်ခုံးမွှေးမရှိမှ Eyebrow Tattooing ပြုလုပ်ရတာမဟုတ်ပဲ မျက်ခုံးပုံစံမကျတဲ့သူတွေ မျက်ခုံးမွှေးပေါက်တာ အထူအပါးမညီသူတွေလည်း
ပြုလုပ်လို့ရပါတယ်။
 
မျက်ခုံးတက်တူးမထိုးခင် ဘာတွေသိထားသင့်လဲ။
-ဘာဆေးနဲ့ထိုးမှာလဲ။
-ဘယ်သူထိုးမှာလဲ။
-ဘေးထွက်ဆိုးကျိုးရှိလား။
-ဘယ်လောက်ထိခံလဲ။
-တခါသုံးအပ်နဲ့လား၊သန့်ရှင်းမှုရှိရဲ့လား။
-ဆောင်ရန်/ရှောင်ရန်တွေရှိလား
-ဘယ်လိုမျက်ခုံးပုံစံမျိုးထိုးလို့ရလဲ။
 
မထိုးခင် ထုံဆေးကို မိနစ် ၂၀ ဝန်းကျင်လောက်ထားပြီးမှ ထိုးပေးတာမို့လို့ မနာပါဘူး ။ တကယ်လို့ မတူညီတဲ့ အရေပြား အထူအပါး
အမျိုးအစားချင်းအလိုက် ကိုယ်က အရမ်းနာလွယ်တဲ့ အရေပြားပါးပါးအမျိုးအစား ဖြစ်ခဲ့ရင်တောင် ထိုးနေရင်းနဲ့ ထုံဆေးထပ်ပေးတာဖြစ်လို့
နာမှာကြောက်တဲ့သူတွေ မစိုးရိမ်ရဘူး။
 
မျက်ခုံး အမိုက်စားလေးတွေလန်းနိုင်မယ့် Eyebrow Tattoo Look များကတော့… 
 
၁။ 6D Microblading or Feathering (မျက်ခုံးအမျှင် တစ်ချောင်းစီကို သိသိသာသာ ပေါ်လွင်စေတဲ့ ပုံစံလေးပါ။ မျက်ခုံးထူထူလေးကို
ခပ်မိုက်မိုက်ပုံလေးလိုချင်တဲ့ သူတွေအဆင်ပြေပါတယ်)
၂။6D Mix Shading (6D + Korean Spray Dot ပေါင်းထိုးတဲ့နည်းလေးပါ။ မျက်ခုံးမွေးကွက်ပြီး မညီမညာပေါက်နေ သူများအတွက် သင့်တော်ပါတယ်) 
၃။ Korean Spray Dot (Eyebrow Powder နဲ့ချယ်ထားသလို ဖုံဖုံလေးနဲ့လှတဲ့ ပုံစံမျိုးပါ။ ကိုရီးယားမင်းသမီးတွေလို သဘာဝကျပြီးလှပတဲ့
မျက်ခုံးကိုလိုချင်သူများအတွက် သင့်တော်ပါတယ်)
 
မျက်ခုံး Tattoo ထိုးပြီးတဲ့သူတိုင်းဘယ်လိုခံစားရလဲ
 
  ထိုးပြီးပြီးချင်း အစပိုင်းမှာတော့ နည်းနည်းထင်းနေသလိုဖြစ်နေပင်မဲ့ ဆေးထည့်ထည့်ပေးရင်း အနာဖေးကွာသွားတဲ့အခါ
မျက်ခုံးလေးတွေအရောင်တက်လာပြီးတဖြည်းဖြည်းလှပလာပါလိမ့်မယ်။
 
ထိုးပြီးဘယ်လောက်ခံလဲ။
သုံးတဲ့ဆေးအမျိုးအစားပေါ်မူတည်ပြီးကွဲပါတယ်။အနည်းဆုံး (၁) နှစ်ကနေ အများဆုံး (၃) နှစ်အထိ ခံပါတယ်။
 
 !!!အန္တရာယ်ကင်းကင်းနဲ့ လှပနိုင်အောင် ၁ခါသုံး ပစ္စည်းများသာ အသုံးပြု ပါ။  
 
လှပသေသပ်တဲ့ မျက်ခုံးလှလှလေးတွေကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးအိပ်မက်လေးတွေ အမှန်တကယ်ရရှိပိုင်ဆိုင်နိုင်ပါစေ။
 
ကျန်းမာလှပကြပါစေ။
ဇီ၀က ေဆး(၁)
 
Eyebrow Tattoo (မ်က္ခံုးတက္တူး)အေၾကာင္းသိေကာင္းစရာ 
 
အလွျပင္တိုင္း မ်က္ခံုးေမႊးဆြဲေနရလို႔ 
စိတ္ညစ္ေနပါသလား? 
မ်က္ခံုးေမႊးပါးလြန္းလို႔  မ်က္ခံုးေမႊးဆြဲျခင္း
  ႏွင့္အခ်ိန္ကုန္ေနပါသလား ?
ယေန႔ေခတ္တိုးတက္လာတဲ့နည္းပညာမ်ားနဲ့အခ်ိန္ကုန္သက္သာေစၿပီးညီညာလွပတဲ့မ်က္ခံုးေတြပိုင္ဆိုင္ႏိုင္ပါၿပီ။
အဲ့ဒါကေတာ့မ်က္ခံုးတက္တူးထိုးျခင္းျဖစ္ပါတယ္။
 မ်က္ခံုးေမႊးပါးတဲ့သူ ၊ မ်က္ခံုးေမႊးမရွိတဲ့သူေတြအတြက္ မ်က္ခံုးေနရာမွာ သဘာဝက်က် ျပဳလုပ္ပံုေဖာ္ေပးတာပါ ။
မ်က္ခံုးေမႊးမရွိမွ Eyebrow Tattooing ျပဳလုပ္ရတာမဟုတ္ပဲ မ်က္ခံုးပံုစံမက်တဲ့သူေတြ မ်က္ခံုးေမႊးေပါက္တာ အထူအပါးမညီသူေတြလည္း ျပဳလုပ္လို့ရပါတယ္။
 
မ်က္ခံုးတက္တူးမထိုးခင္ ဘာေတြသိထားသင့္လဲ။
-ဘာေဆးနဲ႔ထိုးမွာလဲ။
-ဘယ္သူထိုးမွာလဲ။
-ေဘးထြက္ဆိုးက်ိဳး႐ွိလား။
-ဘယ္ေလာက္ထိခံလဲ။
-တခါသံုးအပ္နဲ႔လား၊သန္႔႐ွင္းမႈ႐ွိရဲ႕လား။
-ေဆာင္ရန္/ေ႐ွာင္ရန္ေတြ႐ွိလား
-ဘယ္လိုမ်က္ခံုးပံုစံမ်ိဳးထိုးလို႔ရလဲ။
 
မထိုးခင္ ထံုေဆးကို မိနစ္ ၂၀ ၀န္းက်င္ေလာက္ထားၿပီးမွ ထိုးေပးတာမို႔လို႔ မနာပါဘူး ။ တကယ္လို႔ မတူညီတဲ့ အေရျပား အထူအပါး
အမ်ိဳးအစားခ်င္းအလိုက္ ကိုယ္က အရမ္းနာလြယ္တဲ့ အေရျပားပါးပါးအမ်ိဳးအစား ျဖစ္ခဲ့ရင္ေတာင္ ထိုးေနရင္းနဲ႕ ထံုေဆးထပ္ေပးတာျဖစ္လို႔႔ နာမွာေၾကာက္တဲ့သူေတြ မစိုးရိမ္ရဘူး။
 
မ်က္ခံုး အမိုက္စားေလးေတြလန္းႏိုင္မယ့္ Eyebrow Tattoo Look မ်ားကေတာ့… 
 
၁။ 6D Microblading or Feathering (မ်က္ခံုးအမွ်င္ တစ္ေခ်ာင္းစီကို သိသိသာသာ ေပၚလြင္ေစတဲ့ ပံုစံေလးပါ။ မ်က္ခံုးထူထူေလးကို ခပ္မိုက္မိုက္ပံုေလးလိုခ်င္တဲ့
သူေတြအဆင္ေျပပါတယ္)
၂။6D Mix Shading (6D + Korean Spray Dot ေပါင္းထိုးတဲ့နည္းေလးပါ။ မ်က္ခံုးေမြးကြက္ျပီး မညီမညာေပါက္ေန သူမ်ားအတြက္ သင့္ေတာ္ပါတယ္) 
၃။ Korean Spray Dot (Eyebrow Powder နဲ႔ခ်ယ္ထားသလို ဖုံဖံုေလးနဲ႔လွတဲ့ ပံုစံမ်ိဳးပါ။ ကိုရီးယားမင္းသမီးေတြလို သဘာ၀က်ျပီးလွပတဲ့ မ်က္ခံုးကိုလိုခ်င္သူမ်ားအတြက္
သင့္ေတာ္ပါတယ္)
 
မ်က္ခံုး Tattoo ထိုးၿပီးတဲ့သူတိုင္းဘယ္လိုခံစားရလဲ
 
  ထိုးၿပီးၿပီးခ်င္း အစပိုင္းမွာေတာ့ နည္းနည္းထင္းေနသလိုျဖစ္ေနပင္မဲ့ ေဆးထည့္ထည့္ေပးရင္း အနာေဖးကြာသြားတဲ့အခါ မ်က္ခံုးေလးေတြအေရာင္တက္လာၿပီ
းတျဖည္းျဖည္းလွပလာပါလိမ့္မယ္။
 
ထိုးၿပီးဘယ္ေလာက္ခံလဲ။
သံုးတဲ့ေဆးအမ်ိဳးအစားေပၚမူတည္ၿပီးကြဲပါတယ္။အနည္းဆံုး (၁) ႏွစ္ကေန အမ်ားဆံုး (၃) ႏွစ္အထိ ခံပါတယ္။
 
 !!!အႏၲရာယ္ကင္းကင္းနဲ႔ လွပႏိုင္ေအာင္ ၁ခါသံုး ပစၥည္းမ်ားသာ အသံုးျပဳ ပါ။  
 
လွပေသသပ္တဲ့ မ်က္ခံုးလွလွေလးေတြကို ပုိင္ဆိုင္ခ်င္တဲ့ စိတ္ကူးအိပ္မက္ေလးေတြ အမွန္တကယ္ရ႐ွိပိုင္ဆိုင္ႏိုင္ပါေစ။
 
က်န္းမာလွပၾကပါေစ။

ဇီ၀က ေဆး(၁)