【 အလှအပနှင့် ကျန်းမာရေး 】 အိပ်ရေးပျက်ခြင်းနှင့် အလှအပရေးရာ

【  အလှအပနှင့် ကျန်းမာရေး  】 အိပ်ရေးပျက်ခြင်းနှင့် အလှအပရေးရာ

အိပ်ရေးပျက်တယ်ဆိုတာ လူတိုင်းနီးပါး ကြုံတွေ့ရလေ့ရှိတဲ့ အရာတခုပါ။ ကျောင်းသားတွေ စာမေးပွဲနီးလို့ ညဉ့်နက်စာကျက်လို့ အိပ်ရေးပျက်တာ အလုပ်အတွက် ပြင်ဆင်လို့ အိပ်ရာဝင် နောက်ကျတာ ညဘက်ပါတီပွဲအပြန် အိပ်တာနောက်ကျတာ ဘာကြောင့်ပဲ အိပ်ရေးပျက်ပျက် အိပ်ရေးမဝခြင်းက သင့်အသားအရေကို ဒီနည်းတွေနဲ့ ထိခိုက်စေပါတယ်။

(၁)အသားအရေ ခြောက်သွေ့ ခြင်း
ရက်ရှည်အိပ်ရေးပျက်လာရင်တော့ သင့်အသားအရေရဲ့ စိုထိုင်းဆ ပမာဏနည်းလာပြီး pH level ကျလာတဲ့အတွက် အသားအရေ ခြောက်သွေ့တာ မချောမွေ့တာ  ရဲလာတာတွေ ဖြစ်လာနိုင် ပါတယ်။ ရေဓါတ်ဖြည့်တင်းပေးတဲ့ day cream တွေက သင့်အသားအရေ ရေဓါတ်ကို ပြန်လည်ဖြည့် တင်းပေးနိုင်ပါတယ်။

(၂)မျက်ကွင်းညို ခြင်း
အိပ်ရေးပျက်တဲ့ညတွေများလာရင်တော့ ပန်ဒါမျက်ဝန်းလေးလို သင့်မျက်ကွင်းလေးတွေ ညိုလာမှာပါ။ ဘာကြောင့်ဆို အိပ်ရေးပျက်ရင် သင့်မျက်လုံးအောက်က အရေပြားက သွေးကြော လေးတွေ ကျယ်လာလို့ မျက်ကွင်းညိုရတာပါ။

(၃)မျက်အိတ်တွဲကျခြင်း
အိပ်ရေးပျက်ခြင်းက မျက်ကွင်းညိုတာဖြစ်စေတဲ့အပြင် မျက်လုံးအောက်က မျက်ရည်အိတ်တွဲ ကျတာလည်း ဖြစ်နိုင်ပါတယ်။

(၄)ဆံပင်ကျွတ်ခြင်း
အိပ်ရေးပျက်တာလည်း ခန္ဓာကိုယ်အတွက် stress တခုပါပဲ။ ဒီ stress ကို တုံ့ပြန်တဲ့အနေနဲ့ cortisol ဟော်မုန်းတွေ ပိုထုတ်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာများရင် ဆံပင်တွေ သာမန် ထက် ပိုကျွတ်တာဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာကို telogen effluvium လို့ခေါ်ပါတယ်။

(၅)အရေပြားမှာ ဝက်ခြံထွက်ခြင်း
အိပ်ရေးပျက်တဲ့ ညတွေများလာရင် သာမန်ထက် မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်လာတတ် ပါတယ်။

(၆)အရေးအကြောင်းတွေများလာခြင်း
လုံလောက်တဲ့ အိပ်စက်ချိန်မရခြင်းက အရေပြားရဲ့ elasticity ကိုထိန်းပေးတဲ့ collagen တွေ နည်းစေတာကြောင့် အရေးအကြောင်းတွေ ပိုဖြစ်ပီး အိုမင်းရင့်ရော်စေပါတယ်။

(၇)ကိုယ်အလေးချိန်တိုးလာခြင်း
တနေ့အိပ်ချိန်ခြောက်နာရီထက် လျော့နည်းပြီးအိပ်ရင် ခန္ဓာကိုယ်မှာ Grelin ဆိုတဲ့ ဟော်မုန်း ထွက်လာပါတယ်။ အဲ့ဒီ Grelin ဆိုတဲ့ဟော်မုန်းဟာ ခန္ဓာကိုယ်မှာ ဆာလောင် မွတ်သိပ်မှု ဖြစ်အောင် လုပ်ပေးတယ်။ ဒါကြောင့် အိပ်ရေးပျက်ပြီး နောက်တရက်မှာ သာမန်ထက် ပိုစား ဖြစ်ကြတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့ညတွေများလာရင် ပိုဝလာတတ်ပါတယ်။

ဒါကြောင့် သင့်အသားအရေလှပပြီး အိုမင်းရင့်ရော်တာတွေမဖြစ်ဖို့ တနေ့ကို အိပ်ချိန် ၆နာရီကနေ ၈နာရီအတွင်း ရှိသင့်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး -၁ )

(  Zawgyi  )

 အိပ္ေရးပ်က္တယ္ဆိုတာ လူတိုင္းနီးပါး ႀကဳံေတြ႕ရေလ့ရွိတဲ့ အရာတခုပါ။ ေက်ာင္းသားေတြ စာေမးပြဲနီးလို႔ ညဥ့္နက္စာက်က္လို႔ အိပ္ေရးပ်က္တာ အလုပ္အတြက္ ျပင္ဆင္လို႔ အိပ္ရာဝင္ ေနာက္က်တာ ညဘက္ပါတီပြဲအျပန္ အိပ္တာေနာက္က်တာ ဘာေၾကာင့္ပဲ အိပ္ေရးပ်က္ပ်က္ အိပ္ေရးမဝျခင္းက သင့္အသားအေရကို ဒီနည္းေတြနဲ႔ ထိခိုက္ေစပါတယ္။

(၁)အသားအေရ ေျခာက္ေသြ႕ ျခင္း
ရက္ရွည္အိပ္ေရးပ်က္လာရင္ေတာ့ သင့္အသားအေရရဲ႕ စိုထိုင္းဆ ပမာဏနည္းလာၿပီး pH level က်လာတဲ့အတြက္ အသားအေရ ေျခာက္ေသြ႕တာ မေခ်ာေမြ႕တာ  ရဲလာတာေတြ ျဖစ္လာႏိုင္ ပါတယ္။ ေရဓါတ္ျဖည့္တင္းေပးတဲ့ day cream ေတြက သင့္အသားအေရ ေရဓါတ္ကို ျပန္လည္ျဖည့္ တင္းေပးႏိုင္ပါတယ္။

(၂)မ်က္ကြင္းညိဳ ျခင္း
အိပ္ေရးပ်က္တဲ့ညေတြမ်ားလာရင္ေတာ့ ပန္ဒါမ်က္ဝန္းေလးလို သင့္မ်က္ကြင္းေလးေတြ ညိဳလာမွာပါ။ ဘာေၾကာင့္ဆို အိပ္ေရးပ်က္ရင္ သင့္မ်က္လုံးေအာက္က အေရျပားက ေသြးေၾကာ ေလးေတြ က်ယ္လာလို႔ မ်က္ကြင္းညိဳရတာပါ။

(၃)မ်က္အိတ္တြဲက်ျခင္း
အိပ္ေရးပ်က္ျခင္းက မ်က္ကြင္းညိဳတာျဖစ္ေစတဲ့အျပင္ မ်က္လုံးေအာက္က မ်က္ရည္အိတ္တြဲ က်တာလည္း ျဖစ္ႏိုင္ပါတယ္။

(၄)ဆံပင္ကြၽတ္ျခင္း
အိပ္ေရးပ်က္တာလည္း ခႏၶာကိုယ္အတြက္ stress တခုပါပဲ။ ဒီ stress ကို တုံ႔ျပန္တဲ့အေနနဲ႔ cortisol ေဟာ္မုန္းေတြ ပိုထုတ္ပါတယ္။ ဒါေၾကာင့္ အိပ္ေရးပ်က္တာမ်ားရင္ ဆံပင္ေတြ သာမန္ ထက္ ပိုကြၽတ္တာျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္တာကို telogen effluvium လို႔ေခၚပါတယ္။

(၅)အေရျပားမွာ ဝက္ၿခံထြက္ျခင္း
အိပ္ေရးပ်က္တဲ့ ညေတြမ်ားလာရင္ သာမန္ထက္ မ်က္ႏွာမွာ ဝက္ၿခံေတြ ပိုထြက္လာတတ္ ပါတယ္။

(၆)အေရးအေၾကာင္းေတြမ်ားလာျခင္း
လုံေလာက္တဲ့ အိပ္စက္ခ်ိန္မရျခင္းက အေရျပားရဲ႕ elasticity ကိုထိန္းေပးတဲ့ collagen ေတြ နည္းေစတာေၾကာင့္ အေရးအေၾကာင္းေတြ ပိုျဖစ္ပီး အိုမင္းရင့္ေရာ္ေစပါတယ္။

(၇)ကိုယ္အေလးခ်ိန္တိုးလာျခင္း
တေန႔အိပ္ခ်ိန္ေျခာက္နာရီထက္ ေလ်ာ့နည္းၿပီးအိပ္ရင္ ခႏၶာကိုယ္မွာ Grelin ဆိုတဲ့ ေဟာ္မုန္း ထြက္လာပါတယ္။ အဲ့ဒီ Grelin ဆိုတဲ့ေဟာ္မုန္းဟာ ခႏၶာကိုယ္မွာ ဆာေလာင္ မြတ္သိပ္မႈ ျဖစ္ေအာင္ လုပ္ေပးတယ္။ ဒါေၾကာင့္ အိပ္ေရးပ်က္ၿပီး ေနာက္တရက္မွာ သာမန္ထက္ ပိုစား ျဖစ္ၾကတယ္။ ဒါေၾကာင့္ အိပ္ေရးပ်က္တဲ့ညေတြမ်ားလာရင္ ပိုဝလာတတ္ပါတယ္။

ဒါေၾကာင့္ သင့္အသားအေရလွပၿပီး အိုမင္းရင့္ေရာ္တာေတြမျဖစ္ဖို႔ တေန႔ကို အိပ္ခ်ိန္ ၆နာရီကေန ၈နာရီအတြင္း ရွိသင့္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး -၁ )