【 အလှအပနှင့် ကျန်းမာရေး 】 နားစည်ပေါက်ခြင်းအန္တရာယ်အကြောင်း သိကောင်းစရာ

【 အလှအပနှင့် ကျန်းမာရေး 】 နားစည်ပေါက်ခြင်းအန္တရာယ်အကြောင်း သိကောင်းစရာ

နားစည်ဆိုတာ အသံဝင်လာရင် လက်ခံပြီးတော့ တုန်ခါပေးတဲ့ အလွှာပါးလေး ဖြစ်ပါတယ်။နားစည်က အလုပ် ၂ မျိုး လုပ်ပေးနေပါတယ်။
    (၁) Hearing (အသံကြားခြင်း)
    (၂) Protection (အလည်နားပိုင်းကို အကာကွယ်ပေးခြင်း) တို့ပဲ ဖြစ်ပါတယ်။

နားစည် ဘာလို့ပေါက်ရသလဲ
    - Middle ear infection (Otitis media) နားအလည်ပိုင်း ပိုးဝင်ခြင်း
    - နားစည်ရဲ့ အတွင်းပိုင်းနဲ့ အပြင် လေဖိအား သိပ်ခြားနားခြင်း (Barotrauma)
    - Loud noise ကျယ်လွန်းတဲ့အသံ
    - နားထဲကို အပြင်ပစ္စည်း တစ်ခုခုဝင်ခြင်း
    - နားကြပ်တံ၊ လက်သည်းနဲ့ နားစည်ကိုခိုက်မိခြင်း
    - နားကို လက်နဲ့ပြင်းပြင်းရိုက်မိခြင်း
    - သိပ်အေးလွန်းတဲ့ ရာသီဥတုကြောင့်တို့ ဖြစ်ပါတယ်။

နားစည်ပေါက်နေရင်
    - နားကိုက်ခြင်း
    - နားစည်ထဲမှ အရည်၊ ပြည်၊ သွေးများ ထွက်လာခြင်း
    - နားအူခြင်း
    - နားထဲမှ တစီစီအသံများကြားရခြင်း
    - ခေါင်းမူးခြင်း
    - မူးပျို့အန်ခြင်းတွေ ခံစားရနိုင်ပါတယ်။

နားစည်ပေါက်တယ်ဆိုရင် အရမ်းကြီးထိတ်လန့်ဖို့မလိုပါဘူး။
အထက်ဖော်ပြပါ လက္ခဏာတွေခံစားရရင် ကျွမ်းကျင်ရာဆရာဝန်နှင့်
    • နားအတွင်း နားစစ်ဆေးကိရိယာဖြင့် စစ်ဆေးခြင်း
    • သွေးဖောက်စစ်ခြင်း
    • နားအကြားအာရုံခံနှုန်းကို စစ်ဆေးခြင်းတို့ ပြုလုပ်ပါ။

ကုသခြင်း
    • သောက်ဆေးများဖြင့်ပေး၍ ကုသခြင်း။ (ပဋီဇီဝဆေးများ)
    • နားစည်ကို ပြန်လည်ဖာထေးခြင်း။ (နားစည်ထိခိုက်မိသော အခြေအနေပေါ် မူတည်၍)

နောက်ဆက်တွဲခံစားရမှာတွေကတော့ -
    1. Hearing loss နားမကြားခြင်း
    2. Middle ear infection (Otitis media) နားအလည်ပိုင်း ရောင်ရမ်းခြင်း။

အရေးကြီးတာ နောက်ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
    • ပြင်းထန်သော အသံကျယ်များ နားထောင်ခြင်းမှ ရှောင်ကြဉ်ပါ။
    • နားအတွင်း ပိုးဝင်ခြင်းကို စောလျင်စွာကုသပါ။
    • လေယာဉ်စီးလျှင် နားအဖုံး (ear plug) ဝတ်ဆင်ပါ။
    • နားအတွင်းသို့ ပြင်ပမှအရာဝတ္ထုများထည့်ခြင်းကို ရှောင်ကျဉ်ပါ။
    • နားကို ကလော်ခြင်း၊ နားကျပ်ခြင်းများကို မပြုလုပ်ရပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။
( Zawgyi )
နားစည္ဆိုတာ အသံဝင္လာရင္ လက္ခံၿပီးေတာ့ တုန္ခါေပးတဲ့ အလႊာပါးေလး ျဖစ္ပါတယ္။နားစည္က အလုပ္ ၂ မ်ိဳး လုပ္ေပးေနပါတယ္။
    (၁) Hearing (အသံၾကားျခင္း)
    (၂) Protection (အလည္နားပိုင္းကို အကာကြယ္ေပးျခင္း) တို႔ပဲ ျဖစ္ပါတယ္။

နားစည္ ဘာလို႔ေပါက္ရသလဲ
    - Middle ear infection (Otitis media) နားအလည္ပိုင္း ပိုးဝင္ျခင္း
    - နားစည္ရဲ႕ အတြင္းပိုင္းနဲ႔ အျပင္ ေလဖိအား သိပ္ျခားနားျခင္း (Barotrauma)
    - Loud noise က်ယ္လြန္းတဲ့အသံ
    - နားထဲကို အျပင္ပစၥည္း တစ္ခုခုဝင္ျခင္း
    - နားၾကပ္တံ၊ လက္သည္းနဲ႔ နားစည္ကိုခိုက္မိျခင္း
    - နားကို လက္နဲ႔ျပင္းျပင္း႐ိုက္မိျခင္း
    - သိပ္ေအးလြန္းတဲ့ ရာသီဥတုေၾကာင့္တို႔ ျဖစ္ပါတယ္။

နားစည္ေပါက္ေနရင္
    - နားကိုက္ျခင္း
    - နားစည္ထဲမွ အရည္၊ ျပည္၊ ေသြးမ်ား ထြက္လာျခင္း
    - နားအူျခင္း
    - နားထဲမွ တစီစီအသံမ်ားၾကားရျခင္း
    - ေခါင္းမူးျခင္း
    - မူးပ်ိဳ႕အန္ျခင္းေတြ ခံစားရႏိုင္ပါတယ္။

နားစည္ေပါက္တယ္ဆိုရင္ အရမ္းႀကီးထိတ္လန႔္ဖို႔မလိုပါဘူး။
အထက္ေဖာ္ျပပါ လကၡဏာေတြခံစားရရင္ ကြၽမ္းက်င္ရာဆရာဝန္ႏွင့္
    • နားအတြင္း နားစစ္ေဆးကိရိယာျဖင့္ စစ္ေဆးျခင္း
    • ေသြးေဖာက္စစ္ျခင္း
    • နားအၾကားအာ႐ုံခံႏႈန္းကို စစ္ေဆးျခင္းတို႔ ျပဳလုပ္ပါ။

ကုသျခင္း
    • ေသာက္ေဆးမ်ားျဖင့္ေပး၍ ကုသျခင္း။ (ပဋီဇီဝေဆးမ်ား)
    • နားစည္ကို ျပန္လည္ဖာေထးျခင္း။ (နားစည္ထိခိုက္မိေသာ အေျခအေနေပၚ မူတည္၍)

ေနာက္ဆက္တြဲခံစားရမွာေတြကေတာ့ -
    1. Hearing loss နားမၾကားျခင္း
    2. Middle ear infection (Otitis media) နားအလည္ပိုင္း ေရာင္ရမ္းျခင္း။

အေရးႀကီးတာ ေနာက္ထပ္မျဖစ္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ
    • ျပင္းထန္ေသာ အသံက်ယ္မ်ား နားေထာင္ျခင္းမွ ေရွာင္ၾကဥ္ပါ။
    • နားအတြင္း ပိုးဝင္ျခင္းကို ေစာလ်င္စြာကုသပါ။
    • ေလယာဥ္စီးလွ်င္ နားအဖုံး (ear plug) ဝတ္ဆင္ပါ။
    • နားအတြင္းသို႔ ျပင္ပမွအရာဝတၳဳမ်ားထည့္ျခင္းကို ေရွာင္က်ဥ္ပါ။
    • နားကို ကေလာ္ျခင္း၊ နားက်ပ္ျခင္းမ်ားကို မျပဳလုပ္ရပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။