【 အလှအပနှင့် ကျန်းမာရေး 】 ကိုရိုနာဗိုင်းရပ်စ် ကြောက်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်

【  အလှအပနှင့် ကျန်းမာရေး  】 ကိုရိုနာဗိုင်းရပ်စ် ကြောက်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်

အခုတလော ကမ္ဘာအနှံ့အဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြဿ လနာဟာပိုပြီးကျယ်ပြန့်လာပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်ထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ် ကူးစက်သူ ၈၉၃ ဦးထိ အတည်ပြု တွေ့ရှိထားပြီး ဒီထက် အများ ကြီး ပိုနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။ သေဆုံးသူ အရေအတွက်ကတော့ ၉ ဦး ရှိလာပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ရွှေမြန်မာ တွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုကာကွယ်ရန် ခုခံအားစနစ်ကိုမြှင့်တင်ထားရပါမယ်။

လူတစ်ယောက်အနေနဲ့ ခုခံအားစနစ်ကောင်းမွန်အောင် ဘာတွေလုပ်ရမလဲ?

(၁) အာဟာရပြည့်ဝအောင်စားသုံးခြင်း
====================
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အုပ်စုကြီး (၇) ခုရှိပါတယ်။ ယင်းတို့မှာ
၁)ကာဗိုဟိုက်ဒြိတ်၊
၂)ပရိုတင်း၊
၃)အဆီဓာတ်၊
၄)ဗီတာမင်၊
၅)သတ္တုဓာတ်၊
၆)အမျှင်ဓာတ်နဲ့
၇)ရေဓာတ်တွေဖြစ်ပါတယ်။
သန့်ရှင်း၊ လတ်ဆတ် ပူပူနွေးနွေးအစားအစာတွေကိုအဓိကစားရပါမယ်။ခုခံအားကိုထိခိုက်ကျဆင်းစေမယ့် ဓာတုဆိုးဆေးပါတဲ့ အစားအစာတွေ၊ တူးအောင်ကင်ထားတဲ့အကင်တွေ၊ မီးဖုတ်တွေ၊ ဆီကြော်တွေ၊ မှိုတက်စာတွေကို ရှောင်ရပါမည်။ ယနေ့ခေတ် ဆေးပညာရဲ့အသစ်တွေ့ရှိချက်တစ်ခုမှာ ဘိုင်အိုတစ် (Probiotic) က လူတွေရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြု ကြောင်းတွေ့ရှိခဲ့ပါတယ်။ ပရိုဘိုင်အိုတစ်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးလေးတွေ ဖြစ်ပါတယ်။ အဓိကအနေနဲ့ အူနဲ့အစာလမ်းကြောင်းမှာနေပြီး အူနံရံတစ်လျှောက် ခုခံအားစနစ်တွေကိုလှုံ့ဆော်ပေးတာ၊ သွေးထဲမှာအင်တီဘော်ဒီတွေထွက်လာအောင် လှုံ့ဆော်ပေးတာ ပြုလုပ်ပြီး ခုခံအားစနစ်တွေ နိုးကြားလာစေကာ ဝင်လာတဲ့ရောဂါပိုးကို ဝိုင်းဝန်းတိုက်ခိုက် နှိမ်နင်းလိုက်ခြင်း ဖြစ်ပါတယ်။ ပရိုဘိုင်အိုတစ်ကြွယ်ဝတဲ့အစားအစာတွေကတော့ ဒိန်ချဉ်၊နို့နှင့်နို့ထွက်ပစ္စည်းတွေဖြစ်ပါတယ်။

(၂) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
===============
အနည်းဆုံးတစ်နေ့ ၃၀ မိနစ်လောက်သွေးပူလေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ပေးရပါမယ်။
အကောင်းဆုံးကတော့ မနက်ခင်းနေထွက်စနေရောင်ခြည်အောက်မှာလမ်းလျှောက်ရင် နေရောင်ခြည်ရဲ့အာနိသင်ပါ တစ်ခါတည်း ရပြီးဖြစ်လို့ပိုကောင်းပါတယ်။နေရောင်ခြည်ဟာဗီတာမင် ဒီ (Vitamin D)ရစေပြီးသူ့ကြောင့် ခန္ဓာကိုယ် ခုခံအားစနစ် ကိုပိုမို တိုးတက် ကောင်းမွန်စေပါတယ်။

(၃) လေကောင်းလေသန့်ရှူခြင်း
============
ညစ်ညမ်းတဲ့လေဟာခုခံအားစနစ်ကိုထိခိုက်စေပါတယ်။ ဥပမာမော်တော်ကားမီးခိုးတွေ၊ မီးစက်ကထွက်တဲ့မီးခိုးတွေ၊ ဆေးလိပ်မီးခိုး၊ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ စက်ရုံတွေကထွက်တဲ့မီးခိုးတွေအားလုံးဟာပါဝင်တဲ့အဆိပ်အတောက်တွေကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုကျဆင်းစေပါတယ်။
"ဆေးလိပ်ပုံမှန်သောက်တဲ့သူတွေဟာ
ခုခံအားစနစ်မကောင်းတော့ မကြာခဏဆိုသလိုရောဂါပိုးတွေ ဝင်ရောက်တတ်ပါတယ်။"

(၄) လုံလောက်စွာအိပ်စက်အနားယူခြင်း
================
အိပ်စက်အနားယူတဲ့အချိန်မှာ ခန္ဓာကိုယ်မှာပျက်စီးသွားတဲ့တစ်သျှူးတွေကိုပြု ုပြင်တဲ့အလုပ် (Repair process) ကိုလုပ်ပါတယ်။ ဒါကြောင့် တနေကုန်အလုပ်ထဲပင်ပန်းထားသမျှ အိပ်စက်အနားယူမှ နောက်တနေ့ အားအင် အပြည့်ဖြင့် လုပ်ငန်းခွင် ဝင်နိုင်မှာ ဖြစ်ပါ တယ်။အိပ်စက်ချိန်ကိုအနည်းဆုံး ၆ နာရီကနေ ၈ နာရီလောက်အထိထားဖို့ လိုပါတယ်။လုံလောက်တဲ့ အိပ်စက်အနားယူခြင်းပြုပါမှ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်မှာဖြစ်ပါတယ်။

(၅) ခုခံအားစနစ်ကိုကျဆင်းစေမည့် အနေအထိုင်အပြုအမူများကို ရှောင်ရှားခြင်း
===================================
ဥပမာ အရက်အလွန်အကျွံသောက်တာ၊ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိတ်ပူပင်သောကတွေများနေတာ၊ အစရှိတဲ့ကိစ္စတွေကခုခံအားစနစ် ကိုကျဆင်းစေလို့ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

မှန်ကန်တဲ့နည်းလမ်းများဖြင့် မိမိခန္ဓာကိုယ်ခုခံအားစနစ် ကိုမြှင့်တင်ပါ။ * မှားယွင်းသောနည်းလမ်းများကိုရှောင်ရှားပါ။ ဥပမာ အရက်သောက်ခြင်း

ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီ၀က ဆေး(၁)

(  Zawgyi  )

အခုတေလာ ကမာၻအႏွံ႔အဝန္းမွာ ျဖစ္ေပၚေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈျပႆ လနာဟာပိုၿပီးက်ယ္ျပန႔္လာပါတယ္။
ေဖေဖာ္ဝါရီ ၂၅ ရက္ထိ စာရင္းေတြအရ ေတာင္ကိုရီးယားမွာ ဗိုင္းရပ္စ္ ကူးစက္သူ ၈၉၃ ဦးထိ အတည္ျပဳ ေတြ႕ရွိထားၿပီး ဒီထက္ အမ်ား ႀကီး ပိုႏိုင္ေသးတယ္လို႔ ခန႔္မွန္းထားပါတယ္။ ေသဆုံးသူ အေရအတြက္ကေတာ့ ၉ ဦး ရွိလာပါတယ္။ ဒါေၾကာင့္ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာ ေတြ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကိုကာကြယ္ရန္ ခုခံအားစနစ္ကိုျမႇင့္တင္ထားရပါမယ္။

လူတစ္ေယာက္အေနနဲ႔ ခုခံအားစနစ္ေကာင္းမြန္ေအာင္ ဘာေတြလုပ္ရမလဲ?

(၁) အာဟာရျပည့္ဝေအာင္စားသုံးျခင္း
====================
ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္အုပ္စုႀကီး (၇) ခုရွိပါတယ္။ ယင္းတို႔မွာ
၁)ကာဗိုဟိုက္ၿဒိတ္၊
၂)ပ႐ိုတင္း၊
၃)အဆီဓာတ္၊
၄)ဗီတာမင္၊
၅)သတၱဳဓာတ္၊
၆)အမွ်င္ဓာတ္နဲ႔
၇)ေရဓာတ္ေတြျဖစ္ပါတယ္။
သန႔္ရွင္း၊ လတ္ဆတ္ ပူပူေႏြးေႏြးအစားအစာေတြကိုအဓိကစားရပါမယ္။ခုခံအားကိုထိခိုက္က်ဆင္းေစမယ့္ ဓာတုဆိုးေဆးပါတဲ့ အစားအစာေတြ၊ တူးေအာင္ကင္ထားတဲ့အကင္ေတြ၊ မီးဖုတ္ေတြ၊ ဆီေၾကာ္ေတြ၊ မႈိတက္စာေတြကို ေရွာင္ရပါမည္။ ယေန႔ေခတ္ ေဆးပညာရဲ႕အသစ္ေတြ႕ရွိခ်က္တစ္ခုမွာ ဘိုင္အိုတစ္ (Probiotic) က လူေတြရဲ႕က်န္းမာေရးကိုမ်ားစြာအေထာက္အကူျပဳ ေၾကာင္းေတြ႕ရွိခဲ့ပါတယ္။ ပ႐ိုဘိုင္အိုတစ္ဆိုတာ ခႏၶာကိုယ္ထဲမွာရွိတဲ့ အက်ိဳးျပဳအဏုဇီဝပိုးေလးေတြ ျဖစ္ပါတယ္။ အဓိကအေနနဲ႔ အူနဲ႔အစာလမ္းေၾကာင္းမွာေနၿပီး အူနံရံတစ္ေလွ်ာက္ ခုခံအားစနစ္ေတြကိုလႈံ႕ေဆာ္ေပးတာ၊ ေသြးထဲမွာအင္တီေဘာ္ဒီေတြထြက္လာေအာင္ လႈံ႕ေဆာ္ေပးတာ ျပဳလုပ္ၿပီး ခုခံအားစနစ္ေတြ ႏိုးၾကားလာေစကာ ဝင္လာတဲ့ေရာဂါပိုးကို ဝိုင္းဝန္းတိုက္ခိုက္ ႏွိမ္နင္းလိုက္ျခင္း ျဖစ္ပါတယ္။ ပ႐ိုဘိုင္အိုတစ္ႂကြယ္ဝတဲ့အစားအစာေတြကေတာ့ ဒိန္ခ်ဥ္၊ႏို႔ႏွင့္ႏို႔ထြက္ပစၥည္းေတြျဖစ္ပါတယ္။

(၂) ပုံမွန္ေလ့က်င့္ခန္းျပဳလုပ္ျခင္း
===============
အနည္းဆုံးတစ္ေန႔ ၃၀ မိနစ္ေလာက္ေသြးပူေလ့က်င့္ခန္းတစ္ခုခု ျပဳလုပ္ေပးရပါမယ္။
အေကာင္းဆုံးကေတာ့ မနက္ခင္းေနထြက္စေနေရာင္ျခည္ေအာက္မွာလမ္းေလွ်ာက္ရင္ ေနေရာင္ျခည္ရဲ႕အာနိသင္ပါ တစ္ခါတည္း ရၿပီးျဖစ္လို႔ပိုေကာင္းပါတယ္။ေနေရာင္ျခည္ဟာဗီတာမင္ ဒီ (Vitamin D)ရေစၿပီးသူ႔ေၾကာင့္ ခႏၶာကိုယ္ ခုခံအားစနစ္ ကိုပိုမို တိုးတက္ ေကာင္းမြန္ေစပါတယ္။

(၃) ေလေကာင္းေလသန႔္ရႉျခင္း
============
ညစ္ညမ္းတဲ့ေလဟာခုခံအားစနစ္ကိုထိခိုက္ေစပါတယ္။ ဥပမာေမာ္ေတာ္ကားမီးခိုးေတြ၊ မီးစက္ကထြက္တဲ့မီးခိုးေတြ၊ ေဆးလိပ္မီးခိုး၊ ျခင္ေဆးေခြ၊ အေမႊးတိုင္၊ စက္႐ုံေတြကထြက္တဲ့မီးခိုးေတြအားလုံးဟာပါဝင္တဲ့အဆိပ္အေတာက္ေတြေၾကာင့္ ခႏၶာကိုယ္ခုခံအားစနစ္ကိုက်ဆင္းေစပါတယ္။
"ေဆးလိပ္ပုံမွန္ေသာက္တဲ့သူေတြဟာ
ခုခံအားစနစ္မေကာင္းေတာ့ မၾကာခဏဆိုသလိုေရာဂါပိုးေတြ ဝင္ေရာက္တတ္ပါတယ္။"

(၄) လုံေလာက္စြာအိပ္စက္အနားယူျခင္း
================
အိပ္စက္အနားယူတဲ့အခ်ိန္မွာ ခႏၶာကိုယ္မွာပ်က္စီးသြားတဲ့တစ္သွ်ဴးေတြကိုျပဳ ုျပင္တဲ့အလုပ္ (Repair process) ကိုလုပ္ပါတယ္။ ဒါေၾကာင့္ တေနကုန္အလုပ္ထဲပင္ပန္းထားသမွ် အိပ္စက္အနားယူမွ ေနာက္တေန႔ အားအင္ အျပည့္ျဖင့္ လုပ္ငန္းခြင္ ဝင္ႏိုင္မွာ ျဖစ္ပါ တယ္။အိပ္စက္ခ်ိန္ကိုအနည္းဆုံး ၆ နာရီကေန ၈ နာရီေလာက္အထိထားဖို႔ လိုပါတယ္။လုံေလာက္တဲ့ အိပ္စက္အနားယူျခင္းျပဳပါမွ ခႏၶာကိုယ္ခုခံအားစနစ္ ေကာင္းမြန္မွာျဖစ္ပါတယ္။

(၅) ခုခံအားစနစ္ကိုက်ဆင္းေစမည့္ အေနအထိုင္အျပဳအမူမ်ားကို ေရွာင္ရွားျခင္း
===================================
ဥပမာ အရက္အလြန္အကြၽံေသာက္တာ၊ ကြမ္းစားတာ၊ ေဆးလိပ္ေသာက္တာ၊ မူးယစ္ေဆးဝါးသုံးစြဲတာ၊ စိတ္ပူပင္ေသာကေတြမ်ားေနတာ၊ အစရွိတဲ့ကိစၥေတြကခုခံအားစနစ္ ကိုက်ဆင္းေစလို႔ ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။

မွန္ကန္တဲ့နည္းလမ္းမ်ားျဖင့္ မိမိခႏၶာကိုယ္ခုခံအားစနစ္ ကိုျမႇင့္တင္ပါ။ * မွားယြင္းေသာနည္းလမ္းမ်ားကိုေရွာင္ရွားပါ။ ဥပမာ အရက္ေသာက္ျခင္း

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီ၀က ေဆး(၁)