【 အလှအပနှင့် ကျန်းမာရေး 】အသည်းခြောက်ခြင်း အကြောင်း တစေ့တစောင်း

【  အလှအပနှင့် ကျန်းမာရေး  】အသည်းခြောက်ခြင်း အကြောင်း တစေ့တစောင်း

အသည်းခြောက်တာကို ဆေးပညာ အခေါ်အဝေါ်အရ Cirrhosis of liver လို့ခေါ်ပါတယ်။ အသည်းခြောက်တာက ရုတ်ချည်းဖြစ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်း နှစ်နဲ့ချီ ဖြစ်တာပါ။ အသည်းပုံမှန်ဆဲလ်တွေ နေရာမှာ fibrous tissues လို့ခေါ်တဲ့ အမျှင်တွေ အစားထိုးလာကာ နောက်ဆုံးမှာ အသည်းရဲ့ မူလဖွဲ့စည်းပုံ ပျောက်သွားပြီး nodules လို့ခေါ်တဲ့ အလုံးတွေ ဖြစ်လာတာကို ခေါ်တာပါ။ ဒီအမျှင်တွေက အသည်းဆဲလ်တွေကြားက သွေးစီးဆင်းမှုကိုပါ ပိတ်ဆို့စေလို့ အသည်းဆီလာတဲ့ သွေးပြန်ကြောအဖွဲ့အစည်းမှာ သွေးပေါင်တက်ခြင်း (Portal Hypertension) ဆိုတဲ့ အခြေအနေကိုလည်း ဖြစ်စေပါတယ်။ ဒါကတော့ အသည်းခြောက်တဲ့အခါ တွေ့ရတဲ့ ဖြစ်စဥ်အကျဥ်းပါ။

ဘယ်အကြောင်းတွေက အသည်းခြောက်ခြင်းကို ဖြစ်စေသလဲ?
အဓိက အကြောင်းရင်းသုံးခုကတော့-
(၁)အရက်သောက်ခြင်း
(၂)အသည်းရောင် အသားဝါ ဘီပိုး စီပိုးကြောင့် နာတာရှည် အသည်းရောင်ခြင်း
(၃)အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း (NAFLD) တို့ဖြစ်ပါတယ်။
အခြားအကြောင်းရင်းတွေဖြစ်တဲ့
-ခုခံအားစနစ်မှားယွင်းခြင်းကြောင့် ဖြစ်ခြင်း (Primary biliary cirrhosis, primary sclerosing cholangitis, autoimmune hepatitis)
-မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ရောဂါအချို့ (Haemochromatosis, Wilson's disease)
-အသည်းသွေးပြန်ကြောပိတ်တဲ့ ရောဂါ (Budd Chiari syndrome) နဲ့
-အချို့သော ဆေးတွေ ဖြစ်တဲ့ amiodarone, methotrexate စတာတွေကလည်း အသည်းခြောက်စေပါတယ်။

အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေက-
(၁)အသည်းကြီးခြင်း (အရက်ကြောင့် ဖြစ်တဲ့ အသည်းခြောက်ခြင်း နဲ့ မျိုးရိုးဗီဇအရ သံဓါတ်တွေပုံရာဖြစ်တဲ့ အသည်းခြောက်ခြင်း (Haemochromatosis) တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အခြားအကြောင်းရင်းတွေကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်းတွေမှာတော့ ပုံမှန်ထက် အသည်းအရွယ်အစား သေးသွားမှာပါ)
(၂)အသားဝါခြင်း၊ မျက်လုံးဝါခြင်း
(၃)ဝမ်းဗိုက်ရေဖျင်းဖြစ်ခြင်း
(၄)ရင်ဘတ်တဝိုက်နှင့် ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ အနီစက်များထွက်ခြင်း (Spider telengiectasia)
(၅)အသည်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ portal hypertension လက္ခဏာတွေဖြစ်တဲ့
-ဘေလုံးကြီးခြင်း (Splenomegaly),
-ရေဖျင်းဖြစ်ခြင်း (Ascities),
-ဗိုက်မျက်နှာပြင်မှာ ချက် (umbilicus) ကနေ ဖြာထွက်နေတဲ့ သွေးကြောများ မြင်ရခြင်း (Caput medusae)
-အစာရေပြွန်နှင့် အစာအိမ်သွေးကြောထုံးတဲ့နေရာက သွေးထွက်ခြင်း (variceal bleeding) ကြောင့် သွေးအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း (Haematamesis and melaena) နဲ့ တွေ့ရခြင်း
(၆)အီစထရိုဂျင်ကို အသည်းက မဖျက်နိုင်ခြင်းကြောင့် အီစထရိုဂျင်များတဲ့ လက္ခဏာများ ဖြစ်တဲ့ hair loss(ဂျိုင်းမွှေးမရှိခြင်း)၊ လိင်စိတ် လျော့နည်းခြင်း၊ အမျိုးသားတွေမှာ ရင်သားကြီးခြင်း
(၇)အသည်းက သွေးခဲ factor တွေ ကောင်းကောင်းမထုတ်နိုင်တာကြောင့် သွေးထွက်လွယ်ခြင်း
(၈)ညမအိပ်ခြင်း၊ စကားပြောမမှန်ခြင်း၊ သတိလစ်ခြင်း (အသည်းက မစွန့်ထုတ်နိုင်တဲ့ ammonia အညစ်အကြေးတွေ ဦးနှောက်ဆီရောက်ခြင်း hepatic encephalopathy)
(၈)နုံးခြင်း၊ အားနည်းခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အသည်းနေရာ ညာဘက်နံရိုးအောက် မအီမသာဖြစ်ခြင်း ဒီလို လက္ခဏာတွေနဲ့လည်း တွေ့ရတတ်တယ်။

အသည်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက် complications တွေကတော့-
(၁)အသည်းပျက်စီးခြင်း (Liver failure)
(၂)Portal Hypertension
(၃)အသည်းကင်ဆာဖြစ်နိုင်ခြင်း

ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုမလဲ?
အသည်းလုပ်ငန်းဆောင်တာ စစ်ဆေးခြင်း (LFT)၊ နှင့် အခြားလိုအပ်တဲ့ သွေးစစ်ဆေးမှုတွေ ဆရာဝန်ညွှန်ကြားမှုအတိုင်း ပြုလုပ်ဖို့လိုမှာပါ။ အသည်းခြောက်ခြင်း အကြောင်းရင်းကို မသိသေးရင်တော့ ဘာအကြောင်းကြောင့် အသည်းခြောက်ရသလဲဆိုတာ ရှာဖို့လိုမှာပါ။ အာထရာဆောင်းရိုက်ခြင်း၊ ရေဖျင်းကို ဖောက်ထုတ်စစ်ဆေးခြင်း၊ အသည်းကင်ဆာပြောင်း မပြောင်း Alpha fetoprotein (AFP) သွေးစစ်ခြင်း၊စတာတွေ လုပ်ဖို့ လိုမှာပါ။

ကုသခြင်း
 အသည်းခြောက်ခြင်းဖြစ်​ပြီးတဲ့ အသည်းဟာ သာမန်ပြန်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကုသခြင်း (အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ကုသခြင်း၊ အရက်ဖြတ်ခြင်း) နှင့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ကုဖို့အရေးကြီးပါတယ်။ အသည်းခြောက်တာ စသိတာနဲ့ အစာအိမ်မှန်ပြောင်းကြည့်စစ်ဆေးပြီး အစာအိမ်သွေးကြောထုံးတာ ပေါက်တာရှိ မရှိ စစ်ဆေးပြီး လိုအပ်ရင် သွေးကြောချည်ခြင်း ဆေးဖြန်းခြင်း တွေ လုပ်ဖို့လိုမှာပါ။ သက်ဆိုင်ရာ အသည်းဆရာဝန်နဲ့ မှန်မှန်ပြသပြီး ကုသမှုမှန်မှန်ခံယူဖို့လိုပါတယ်။ နောက်ဆုံး လိုအပ်ရင်တော့ အသည်းအစားထိုးကုသမှုအထိ လိုမှာပါ။

အသည်းခြောက်ပြီးရင် ပျမ်းမျှ ငါးနှစ် အသက်ရှင်နှုန်းဟာ ၅၀ရါခိုင်နှုန်း ဝန်းကျင်ပဲရှိပါတယ်။ အသည်းခြောက်တဲ့သူတွေအတွက် အဆင့်သတ်မှတ်ခြင်းအတွက် Child Paugh Grading နဲ့သတ်မှတ်ပါတယ်။ သွေးထဲက အဝါဓါတ် ပမာဏ၊ အသားဓါတ် ပမာဏ၊ သွေးခဲစေတဲ့ သတ္တိ၊ ရေဖျင်းရှိမရှိ၊ သတိကောင်း မကောင်း ဒါတွေပေါ် တွက်ချက်ပြီး ရမှတ်အလိုက် Grade A,B, C စသဖြင့် သတ်မှတ်ပြီး Grading မြင့်လေ ဆိုးလေ သတ်မှတ်ပါတယ်။ အကောင်းဆုံးကတော့ အသည်းခြောက်ခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ်ခြင်းဖြင့် အသည်းခြောက်ခြင်းကိူ ကြိုတင်ကာကွယ်ခြင်းပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး-၁ )

 

(  Zawgyi  )

 

 အသည္းေျခာက္တာကို ေဆးပညာ အေခၚအေဝၚအရ Cirrhosis of liver လို႔ေခၚပါတယ္။ အသည္းေျခာက္တာက ႐ုတ္ခ်ည္းျဖစ္တာမ်ိဳးမဟုတ္ဘဲ တျဖည္းျဖည္းခ်င္း ႏွစ္နဲ႔ခ်ီ ျဖစ္တာပါ။ အသည္းပုံမွန္ဆဲလ္ေတြ ေနရာမွာ fibrous tissues လို႔ေခၚတဲ့ အမွ်င္ေတြ အစားထိုးလာကာ ေနာက္ဆုံးမွာ အသည္းရဲ႕ မူလဖြဲ႕စည္းပုံ ေပ်ာက္သြားၿပီး nodules လို႔ေခၚတဲ့ အလုံးေတြ ျဖစ္လာတာကို ေခၚတာပါ။ ဒီအမွ်င္ေတြက အသည္းဆဲလ္ေတြၾကားက ေသြးစီးဆင္းမႈကိုပါ ပိတ္ဆို႔ေစလို႔ အသည္းဆီလာတဲ့ ေသြးျပန္ေၾကာအဖြဲ႕အစည္းမွာ ေသြးေပါင္တက္ျခင္း (Portal Hypertension) ဆိုတဲ့ အေျခအေနကိုလည္း ျဖစ္ေစပါတယ္။ ဒါကေတာ့ အသည္းေျခာက္တဲ့အခါ ေတြ႕ရတဲ့ ျဖစ္စဥ္အက်ဥ္းပါ။

ဘယ္အေၾကာင္းေတြက အသည္းေျခာက္ျခင္းကို ျဖစ္ေစသလဲ?
အဓိက အေၾကာင္းရင္းသုံးခုကေတာ့-
(၁)အရက္ေသာက္ျခင္း
(၂)အသည္းေရာင္ အသားဝါ ဘီပိုး စီပိုးေၾကာင့္ နာတာရွည္ အသည္းေရာင္ျခင္း
(၃)အရက္ေၾကာင့္ မဟုတ္ေသာ အသည္းအဆီဖုံးျခင္း (NAFLD) တို႔ျဖစ္ပါတယ္။
အျခားအေၾကာင္းရင္းေတြျဖစ္တဲ့
-ခုခံအားစနစ္မွားယြင္းျခင္းေၾကာင့္ ျဖစ္ျခင္း (Primary biliary cirrhosis, primary sclerosing cholangitis, autoimmune hepatitis)
-မ်ိဳး႐ိုးဗီဇေၾကာင့္ ျဖစ္တဲ့ ေရာဂါအခ်ိဳ႕ (Haemochromatosis, Wilson's disease)
-အသည္းေသြးျပန္ေၾကာပိတ္တဲ့ ေရာဂါ (Budd Chiari syndrome) နဲ႔
-အခ်ိဳ႕ေသာ ေဆးေတြ ျဖစ္တဲ့ amiodarone, methotrexate စတာေတြကလည္း အသည္းေျခာက္ေစပါတယ္။

အသည္းေျခာက္ျခင္းရဲ႕ လကၡဏာေတြက-
(၁)အသည္းႀကီးျခင္း (အရက္ေၾကာင့္ ျဖစ္တဲ့ အသည္းေျခာက္ျခင္း နဲ႔ မ်ိဳး႐ိုးဗီဇအရ သံဓါတ္ေတြပုံရာျဖစ္တဲ့ အသည္းေျခာက္ျခင္း (Haemochromatosis) ေတြမွာ ပိုေတြ႕ရတတ္ပါတယ္။ အျခားအေၾကာင္းရင္းေတြေၾကာင့္ျဖစ္တဲ့ အသည္းေျခာက္ျခင္းေတြမွာေတာ့ ပုံမွန္ထက္ အသည္းအ႐ြယ္အစား ေသးသြားမွာပါ)
(၂)အသားဝါျခင္း၊ မ်က္လုံးဝါျခင္း
(၃)ဝမ္းဗိုက္ေရဖ်င္းျဖစ္ျခင္း
(၄)ရင္ဘတ္တဝိုက္ႏွင့္ ကိုယ္ခႏၶာအေပၚပိုင္းမွာ အနီစက္မ်ားထြက္ျခင္း (Spider telengiectasia)
(၅)အသည္းေျခာက္ျခင္းရဲ႕ ေနာက္ဆက္တြဲျဖစ္တဲ့ portal hypertension လကၡဏာေတြျဖစ္တဲ့
-ေဘလုံးႀကီးျခင္း (Splenomegaly),
-ေရဖ်င္းျဖစ္ျခင္း (Ascities),
-ဗိုက္မ်က္ႏွာျပင္မွာ ခ်က္ (umbilicus) ကေန ျဖာထြက္ေနတဲ့ ေသြးေၾကာမ်ား ျမင္ရျခင္း (Caput medusae)
-အစာေရႁပြန္ႏွင့္ အစာအိမ္ေသြးေၾကာထုံးတဲ့ေနရာက ေသြးထြက္ျခင္း (variceal bleeding) ေၾကာင့္ ေသြးအန္ျခင္း၊ ဝမ္းမည္းမည္းသြားျခင္း (Haematamesis and melaena) နဲ႔ ေတြ႕ရျခင္း
(၆)အီစထ႐ိုဂ်င္ကို အသည္းက မဖ်က္ႏိုင္ျခင္းေၾကာင့္ အီစထ႐ိုဂ်င္မ်ားတဲ့ လကၡဏာမ်ား ျဖစ္တဲ့ hair loss(ဂ်ိဳင္းေမႊးမရွိျခင္း)၊ လိင္စိတ္ ေလ်ာ့နည္းျခင္း၊ အမ်ိဳးသားေတြမွာ ရင္သားႀကီးျခင္း
(၇)အသည္းက ေသြးခဲ factor ေတြ ေကာင္းေကာင္းမထုတ္ႏိုင္တာေၾကာင့္ ေသြးထြက္လြယ္ျခင္း
(၈)ညမအိပ္ျခင္း၊ စကားေျပာမမွန္ျခင္း၊ သတိလစ္ျခင္း (အသည္းက မစြန႔္ထုတ္ႏိုင္တဲ့ ammonia အညစ္အေၾကးေတြ ဦးေႏွာက္ဆီေရာက္ျခင္း hepatic encephalopathy)
(၈)ႏုံးျခင္း၊ အားနည္းျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ အသည္းေနရာ ညာဘက္နံ႐ိုးေအာက္ မအီမသာျဖစ္ျခင္း ဒီလို လကၡဏာေတြနဲ႔လည္း ေတြ႕ရတတ္တယ္။

အသည္းေျခာက္ျခင္းရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ complications ေတြကေတာ့-
(၁)အသည္းပ်က္စီးျခင္း (Liver failure)
(၂)Portal Hypertension
(၃)အသည္းကင္ဆာျဖစ္ႏိုင္ျခင္း

ဘယ္လိုစမ္းသပ္စစ္ေဆးမႈေတြ လုပ္ဖို႔လိုမလဲ?
အသည္းလုပ္ငန္းေဆာင္တာ စစ္ေဆးျခင္း (LFT)၊ ႏွင့္ အျခားလိုအပ္တဲ့ ေသြးစစ္ေဆးမႈေတြ ဆရာဝန္ၫႊန္ၾကားမႈအတိုင္း ျပဳလုပ္ဖို႔လိုမွာပါ။ အသည္းေျခာက္ျခင္း အေၾကာင္းရင္းကို မသိေသးရင္ေတာ့ ဘာအေၾကာင္းေၾကာင့္ အသည္းေျခာက္ရသလဲဆိုတာ ရွာဖို႔လိုမွာပါ။ အာထရာေဆာင္း႐ိုက္ျခင္း၊ ေရဖ်င္းကို ေဖာက္ထုတ္စစ္ေဆးျခင္း၊ အသည္းကင္ဆာေျပာင္း မေျပာင္း Alpha fetoprotein (AFP) ေသြးစစ္ျခင္း၊စတာေတြ လုပ္ဖို႔ လိုမွာပါ။

ကုသျခင္း
 အသည္းေျခာက္ျခင္းျဖစ္​ၿပီးတဲ့ အသည္းဟာ သာမန္ျပန္မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကို ကုသျခင္း (အသည္းေရာင္အသားဝါ ဘီပိုး၊ စီပိုး ကုသျခင္း၊ အရက္ျဖတ္ျခင္း) ႏွင့္ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို ကုဖို႔အေရးႀကီးပါတယ္။ အသည္းေျခာက္တာ စသိတာနဲ႔ အစာအိမ္မွန္ေျပာင္းၾကည့္စစ္ေဆးၿပီး အစာအိမ္ေသြးေၾကာထုံးတာ ေပါက္တာရွိ မရွိ စစ္ေဆးၿပီး လိုအပ္ရင္ ေသြးေၾကာခ်ည္ျခင္း ေဆးျဖန္းျခင္း ေတြ လုပ္ဖို႔လိုမွာပါ။ သက္ဆိုင္ရာ အသည္းဆရာဝန္နဲ႔ မွန္မွန္ျပသၿပီး ကုသမႈမွန္မွန္ခံယူဖို႔လိုပါတယ္။ ေနာက္ဆုံး လိုအပ္ရင္ေတာ့ အသည္းအစားထိုးကုသမႈအထိ လိုမွာပါ။

အသည္းေျခာက္ၿပီးရင္ ပ်မ္းမွ် ငါးႏွစ္ အသက္ရွင္ႏႈန္းဟာ ၅၀ရါခိုင္ႏႈန္း ဝန္းက်င္ပဲရွိပါတယ္။ အသည္းေျခာက္တဲ့သူေတြအတြက္ အဆင့္သတ္မွတ္ျခင္းအတြက္ Child Paugh Grading နဲ႔သတ္မွတ္ပါတယ္။ ေသြးထဲက အဝါဓါတ္ ပမာဏ၊ အသားဓါတ္ ပမာဏ၊ ေသြးခဲေစတဲ့ သတၱိ၊ ေရဖ်င္းရွိမရွိ၊ သတိေကာင္း မေကာင္း ဒါေတြေပၚ တြက္ခ်က္ၿပီး ရမွတ္အလိုက္ Grade A,B, C စသျဖင့္ သတ္မွတ္ၿပီး Grading ျမင့္ေလ ဆိုးေလ သတ္မွတ္ပါတယ္။ အေကာင္းဆုံးကေတာ့ အသည္းေျခာက္ျခင္းျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကို ကာကြယ္ျခင္းျဖင့္ အသည္းေျခာက္ျခင္းကိူ ႀကိဳတင္ကာကြယ္ျခင္းပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး-၁ )