【 အလှအပနှင့် ကျန်းမာရေး 】လေပြွန်အဖုံးရောင်ရမ်းခြင်း (Epiglottitis) အကြောင်းသိကောင်းစရာ

【   အလှအပနှင့် ကျန်းမာရေး 】လေပြွန်အဖုံးရောင်ရမ်းခြင်း (Epiglottitis) အကြောင်းသိကောင်းစရာ

​Epiglottis ဆိုတာ လည်ချောင်းအတွင်းရှိ သစ်ရွက်ပုံသဏ္ဌန် အစိတ်အပိုင်းလေးဖြစ်ပြီး larynx လို့ခေါ်တဲ့ လေပြွန်အဝမှာရှိပြီး  လေပြွန်နဲ့ အဆုတ်အတွင်းသို့ အစာများ ဝင်ရောက်ခြင်းမရှိအောင် တာဝန်ယူပေးတယ်။ အသက်ရှုတဲ့အခါ လေပြွန်ထဲ လေဝင်လို့ရအောင် epiglottis လို့ခေါ်တဲ့ ဒီအစိတ်အပိုင်းလေးက ပွင့်နေမှာဖြစ်ပြီး အစာမြိုချတဲ့အခါမှာတော့ လေပြွန်အဝကို ပိတ်ထားခြင်းဖြင့် လေပြွန်ထဲ အစာတွေမဝင်အောင် တနည်းအားဖြင့် အစာမသည်းအောင် ကာကွယ်ပေးပါတယ်။ ဒီအစိတ်အပိုင်းလေး ရောင်ရမ်းခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အသက်ရှုလမ်းကြောင်းပိတ်ဆို့ပြီး အသက်သေဆုံးသည့် အန္တရာယ်ရှိတာကြောင့် medical emergency အရေးပေါ်အခြေအနေလို့တောင် သတ်မှတ်ကြတယ်။
 
လေပြွန်အဖုံးရောင်ရမ်းခြင်း (Epiglottitis) ဖြစ်စေသော အကြောင်းရင်းများ
 
(၁) ဘက်တီးရီးယားပိုးကြောင့်ဖြစ်ခြင်း
ယခင်က Haemophilus Influenzae type B ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော လေပြွန်အဖုံးရောင်ရမ်းခြင်းက ကလေးတွေဟာ အဖြစ်များဆုံးဖြစ်သော်လည်း နောက်ပိုင်းတွင် Hib vaccine ကို ကလေးတွေမှာ ထိုးပေးခြင်းဖြင့် ဖြစ်ပွားမှုနှုန်းလျော့ကျလာပီဖြစ်သည်။ ယခုနောက်ပိုင်း Epiglottitis အဖြစ်များသော ဘက်တီးရီးယားပိုးများမှာ-
(1)Streptococcus pneumoniae, (2)Streptococcus pyogenes, 
(3)Staphylococcus aureus တို့ ဖြစ်ကြသည်။
 
(၂)အခြားအကြောင်းရင်းများမှာ -
-ပူလွန်းသောအရည်များ
သောက်ခြင်း၊ မျိုချမိခြင်း၊ လည်ပင်းကို ထိခိုက်မိခြင်း၊ စသည်တို့ကြောင့်လည်း ဖြစ်နိုင်သည်။ Crack Cocaine ကဲ့သို့ ဆေးများသုံးစဲခင်းကလည်း လေပြွန်အဖုံးရောင်ခြင်း လက္ခဏာများနဲ့ လာနိုင်ပါတယ်။
 
ဖြစ်နိုင်ချေများသူများ
-အမျိုးသမီးတွေနဲ့စာရင် အမျိုးသားတွေမှာ ပိုအဖြစ်များခြင်း
-ခုခံအားကျဆင်းနေသူများ 
-Hib ကာကွယ်ဆေးမထိုးထားသူများ
 
ရောဂါလက္ခဏာများ
- ဖျားခြင်း
- လည်ချောင်းအလွန်နာခြင်း
- မြိုရခက်ခြင်း
- သွားရည်များကျခြင်း
- အသက်ရှုစဉ် တရွှီရွှီမြည်ခြင်း
- အသက်ရှုရခက်ခဲခြင်း
- အသံဝင်ခြင်း စသည့် လက္ခဏာများကို တွေ့ရမှာပါ။ 
 
ကလေးငယ်တွေမှာဖြစ်ရင်တော့ -
အပေါ်ကပြောတဲ့ လက္ခဏာတွေအပြင်
-ရုတ်တရက် ဂနာမငြိမ်ဖြစ်ခြင်း
-အသက်ရှုကြပ်ခြင်း
- ပြာနှမ်းခြင်း
-အ ရှေ့သို့ ကုန်းနေခြင်းနှင့် ထိုင်နေစဉ်တွင် ရောဂါလက္ခဏာများ သက်သာခြင်း တွေနဲ့ တွေ့ရမှာပါ။
(ကလေးငယ်တွေမှာ Stridor လို့ခေါ်တဲ့ တရွှီရွှီမြည်ခြင်းဟာ အရေးပေါ်အခြေအနေတစ်ခုပါ)
 
နောက်ဆက်တွဲဆိုးကျိုးများ
-အသက်ရှုလမ်းကြောင်းပိတ်၍ သေဆုံးနိုင်ခြင်း
-လေပြွန်အဖုံးပြည်တည်ခြင်း
-လည်ပင်းပြန်ရည်ကြောအကျတိများရောင်ရမ်းခြင်း
-ဦးနှောက်အမြှေးရောင်ခြင်း
-နမိုးနီးယားဖြစ်ခြင်း
- သွေးဆိပ်တက်ခြင်း 
 
ရောဂါ စမ်းသပ်စစ်ဆေးခြင်း
လေပြွန်အဖုံးရောင်ခြင်းဟာ အသက်ရှုလမ်းကြောင်း (airway) ပိတ်ခြင်းအန္တရာယ်ရှိလို့ အရေးပေါ်အခြေအနေတစ်ခုပါ။ အပေါ်မှာပြောတဲ့ တရွှီရွှီမြည်ခြင်း အသက်ရှုကြပ်ခြင်း လက္ခဏာတွေရှိတာနဲ့ ချက်ချင်း နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့သွားရောက်သင့်ပါတယ်။  Pulse oximeter နဲ့ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်း၊ ဓါတ်မှန်ရိုက်ခြင်း (Latetal neck Xray) ရိုက်ကြည့်ရင်တော့ လေပြွန်အဖုံးလေးရောင်ရမ်းနေတာကို thumbprint sign အနေနဲ့ တွေ့ရမှာပါ။ Laryngoscopy လို့ခေါ်တဲ့ လည်ချောင်းတွင်းကြည့်မှန်ပြောင်းနဲ့ ကြည့်ခြင်းက airway spasm ရပြီး အသက်ရှုလမ်းကြောင်းပိုပိတ်နိုင်လို့ ယခုနောက်ပိုင်း သတိထားပြုလုပ်သင့်ပါတယ်။ သွေးပိုးမွေးခြင်း၊ လည်ချောင်းအတွင်းမှ ပိုးမွေးခြင်း စတာတွေလည်း စစ်ဆေးနိုင်ပါတယ်။
 
ကုသခြင်း
အသက်ရှုရခက်တဲ့ လက္ခဏာတွေရှိရင်တော့ အမြန်ဆုံး လေပြွန်ပိတ်မသွားစေရန် tracheostomy or cricoidotomy အပေါက်ဖောက်ကာ လေပြွန်အတွင်းသို့ ပိုက်ထည့်ဖို့လိုပါတယ်။ 
အသက်ရှုရခက်တဲ့ လက္ခဏာတွေမရှိသေးဘဲ stable ဖြစ်တဲ့ လူနာတွေမှာတော့ အောက်ဆီဂျင်ပေးခြင်း၊ အကြောထဲ ပိုးသတ်ဆေးများ သွင်းခြင်း များပြုလုပ်ရမှာဖြစ်ပြီး လိုအပ်ရင် အထူးကြပ်မတ်ကုသဆောင် (ICU) မှာထားပြီး စောင့်ကြည့်ဖို့လိုအပ်ပါတယ်။
 
ကာကွယ်ခြင်း
- Hib ကာကွယ်ဆေးကို ကလေးငယ်များအား အသက် ၂လ၊ ၄လ၊ ၆လ နှင့် ၁နှစ်တို့တွင် ထိုးနှံပေးခြင်းဖြင့် H.influenzae type B ကြောင့်ဖြစ်သော လေပြွန်အဖုံးရောင်ရမ်းခြင်းကို ကာကွယ်နိုင်ပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။ ။
 
ဇီဝက ( ဆေး -၁ )
 
(  Zawgyi  )
 
​Epiglottis ဆိုတာ လည္ေခ်ာင္းအတြင္းရွိ သစ္႐ြက္ပုံသဏၭန္ အစိတ္အပိုင္းေလးျဖစ္ၿပီး larynx လို႔ေခၚတဲ့ ေလႁပြန္အဝမွာရွိၿပီး  ေလႁပြန္နဲ႔ အဆုတ္အတြင္းသို႔ အစာမ်ား ဝင္ေရာက္ျခင္းမရွိေအာင္ တာဝန္ယူေပးတယ္။ အသက္ရႈတဲ့အခါ ေလႁပြန္ထဲ ေလဝင္လို႔ရေအာင္ epiglottis လို႔ေခၚတဲ့ ဒီအစိတ္အပိုင္းေလးက ပြင့္ေနမွာျဖစ္ၿပီး အစာၿမိဳခ်တဲ့အခါမွာေတာ့ ေလႁပြန္အဝကို ပိတ္ထားျခင္းျဖင့္ ေလႁပြန္ထဲ အစာေတြမဝင္ေအာင္ တနည္းအားျဖင့္ အစာမသည္းေအာင္ ကာကြယ္ေပးပါတယ္။ ဒီအစိတ္အပိုင္းေလး ေရာင္ရမ္းျခင္းဟာ အသက္အ႐ြယ္မေ႐ြးျဖစ္ႏိုင္ၿပီး အသက္ရႈလမ္းေၾကာင္းပိတ္ဆို႔ၿပီး အသက္ေသဆုံးသည့္ အႏၲရာယ္ရွိတာေၾကာင့္ medical emergency အေရးေပၚအေျခအေနလို႔ေတာင္ သတ္မွတ္ၾကတယ္။
 
ေလႁပြန္အဖုံးေရာင္ရမ္းျခင္း (Epiglottitis) ျဖစ္ေစေသာ အေၾကာင္းရင္းမ်ား
 
(၁) ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္ျခင္း
ယခင္က Haemophilus Influenzae type B ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္ေသာ ေလႁပြန္အဖုံးေရာင္ရမ္းျခင္းက ကေလးေတြဟာ အျဖစ္မ်ားဆုံးျဖစ္ေသာ္လည္း ေနာက္ပိုင္းတြင္ Hib vaccine ကို ကေလးေတြမွာ ထိုးေပးျခင္းျဖင့္ ျဖစ္ပြားမႈႏႈန္းေလ်ာ့က်လာပီျဖစ္သည္။ ယခုေနာက္ပိုင္း Epiglottitis အျဖစ္မ်ားေသာ ဘက္တီးရီးယားပိုးမ်ားမွာ-
(1)Streptococcus pneumoniae, (2)Streptococcus pyogenes, 
(3)Staphylococcus aureus တို႔ ျဖစ္ၾကသည္။
 
(၂)အျခားအေၾကာင္းရင္းမ်ားမွာ -
-ပူလြန္းေသာအရည္မ်ား
ေသာက္ျခင္း၊ မ်ိဳခ်မိျခင္း၊ လည္ပင္းကို ထိခိုက္မိျခင္း၊ စသည္တို႔ေၾကာင့္လည္း ျဖစ္ႏိုင္သည္။ Crack Cocaine ကဲ့သို႔ ေဆးမ်ားသုံးစဲခင္းကလည္း ေလႁပြန္အဖုံးေရာင္ျခင္း လကၡဏာမ်ားနဲ႔ လာႏိုင္ပါတယ္။
 
ျဖစ္ႏိုင္ေခ်မ်ားသူမ်ား
-အမ်ိဳးသမီးေတြနဲ႔စာရင္ အမ်ိဳးသားေတြမွာ ပိုအျဖစ္မ်ားျခင္း
-ခုခံအားက်ဆင္းေနသူမ်ား 
-Hib ကာကြယ္ေဆးမထိုးထားသူမ်ား
 
ေရာဂါလကၡဏာမ်ား
- ဖ်ားျခင္း
- လည္ေခ်ာင္းအလြန္နာျခင္း
- ၿမိဳရခက္ျခင္း
- သြားရည္မ်ားက်ျခင္း
- အသက္ရႈစဥ္ တ႐ႊီ႐ႊီျမည္ျခင္း
- အသက္ရႈရခက္ခဲျခင္း
- အသံဝင္ျခင္း စသည့္ လကၡဏာမ်ားကို ေတြ႕ရမွာပါ။ 
 
ကေလးငယ္ေတြမွာျဖစ္ရင္ေတာ့ -
အေပၚကေျပာတဲ့ လကၡဏာေတြအျပင္
-႐ုတ္တရက္ ဂနာမၿငိမ္ျဖစ္ျခင္း
-အသက္ရႈၾကပ္ျခင္း
- ျပာႏွမ္းျခင္း
-အ ေရွ႕သို႔ ကုန္းေနျခင္းႏွင့္ ထိုင္ေနစဥ္တြင္ ေရာဂါလကၡဏာမ်ား သက္သာျခင္း ေတြနဲ႔ ေတြ႕ရမွာပါ။
(ကေလးငယ္ေတြမွာ Stridor လို႔ေခၚတဲ့ တ႐ႊီ႐ႊီျမည္ျခင္းဟာ အေရးေပၚအေျခအေနတစ္ခုပါ)
 
ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
-အသက္ရႈလမ္းေၾကာင္းပိတ္၍ ေသဆုံးႏိုင္ျခင္း
-ေလႁပြန္အဖုံးျပည္တည္ျခင္း
-လည္ပင္းျပန္ရည္ေၾကာအက်တိမ်ားေရာင္ရမ္းျခင္း
-ဦးေႏွာက္အေျမႇးေရာင္ျခင္း
-နမိုးနီးယားျဖစ္ျခင္း
- ေသြးဆိပ္တက္ျခင္း 
 
ေရာဂါ စမ္းသပ္စစ္ေဆးျခင္း
ေလႁပြန္အဖုံးေရာင္ျခင္းဟာ အသက္ရႈလမ္းေၾကာင္း (airway) ပိတ္ျခင္းအႏၲရာယ္ရွိလို႔ အေရးေပၚအေျခအေနတစ္ခုပါ။ အေပၚမွာေျပာတဲ့ တ႐ႊီ႐ႊီျမည္ျခင္း အသက္ရႈၾကပ္ျခင္း လကၡဏာေတြရွိတာနဲ႔ ခ်က္ခ်င္း နီးစပ္ရာ ေဆး႐ုံ ေဆးခန္းသို႔သြားေရာက္သင့္ပါတယ္။  Pulse oximeter နဲ႔ ေသြးတြင္းေအာက္ဆီဂ်င္တိုင္းတာျခင္း၊ ဓါတ္မွန္႐ိုက္ျခင္း (Latetal neck Xray) ႐ိုက္ၾကည့္ရင္ေတာ့ ေလႁပြန္အဖုံးေလးေရာင္ရမ္းေနတာကို thumbprint sign အေနနဲ႔ ေတြ႕ရမွာပါ။ Laryngoscopy လို႔ေခၚတဲ့ လည္ေခ်ာင္းတြင္းၾကည့္မွန္ေျပာင္းနဲ႔ ၾကည့္ျခင္းက airway spasm ရၿပီး အသက္ရႈလမ္းေၾကာင္းပိုပိတ္ႏိုင္လို႔ ယခုေနာက္ပိုင္း သတိထားျပဳလုပ္သင့္ပါတယ္။ ေသြးပိုးေမြးျခင္း၊ လည္ေခ်ာင္းအတြင္းမွ ပိုးေမြးျခင္း စတာေတြလည္း စစ္ေဆးႏိုင္ပါတယ္။
 
ကုသျခင္း
အသက္ရႈရခက္တဲ့ လကၡဏာေတြရွိရင္ေတာ့ အျမန္ဆုံး ေလႁပြန္ပိတ္မသြားေစရန္ tracheostomy or cricoidotomy အေပါက္ေဖာက္ကာ ေလႁပြန္အတြင္းသို႔ ပိုက္ထည့္ဖို႔လိုပါတယ္။ 
အသက္ရႈရခက္တဲ့ လကၡဏာေတြမရွိေသးဘဲ stable ျဖစ္တဲ့ လူနာေတြမွာေတာ့ ေအာက္ဆီဂ်င္ေပးျခင္း၊ အေၾကာထဲ ပိုးသတ္ေဆးမ်ား သြင္းျခင္း မ်ားျပဳလုပ္ရမွာျဖစ္ၿပီး လိုအပ္ရင္ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာထားၿပီး ေစာင့္ၾကည့္ဖို႔လိုအပ္ပါတယ္။
 
ကာကြယ္ျခင္း
- Hib ကာကြယ္ေဆးကို ကေလးငယ္မ်ားအား အသက္ ၂လ၊ ၄လ၊ ၆လ ႏွင့္ ၁ႏွစ္တို႔တြင္ ထိုးႏွံေပးျခင္းျဖင့္ H.influenzae type B ေၾကာင့္ျဖစ္ေသာ ေလႁပြန္အဖုံးေရာင္ရမ္းျခင္းကို ကာကြယ္ႏိုင္ပါတယ္။
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
 
ဇီဝက ( ေဆး -၁ )