【 အလှအပနှင့် ကျန်းမာရေး 】မျက်စိအာဟာရအကြောင်းသိကောင်းစရာ

【  အလှအပနှင့် ကျန်းမာရေး  】မျက်စိအာဟာရအကြောင်းသိကောင်းစရာ

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့မျက်စိ အစဉ်ကျန်းမာနေအောင် ဘယ်လိုမျိုးအာဟာရတွေ မှီဝဲသင့်လဲ ပြောပြပေးမှာဖြစ်ပါတယ်။ မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မျက်စိကျန်းမာရေးဟာ အလွန်အရေးကြီးလှပါတယ်။ အစားအစာ ကို သင့်တင့်မျှတအောင်စားမယ်ဆိုရင်....အထူးသဖြင့် လိုအပ်တဲ့အာဟာရဓာတ်ကတော့ Carotenoid လို့ခေါ်တဲ့ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ရှိတဲ့ အသီးအရွက်တွေမှာ အဓိက ပါဝင်တဲ့ ဓာတ်တမျိုးဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ Carotenoid အမျိုးပေါင်း ၆၀ဝ ကျော် ရှိပြီးအဲ့ဒီထဲမှာမှ လူတစ်ယောက် ကျန်းမာနေဖို့ မဖြစ်မနေစားသင့်တဲ့ Carotenoid တွေက ၆ မျိုးပဲ ရှိပါတယ်။ အဲဒါတွေကတော့ (၁) Beta-carotene
(၂) Alpha-carotene
(၃) Lycopene
(၄) Lutein
(၅) Zeaxanthin
(၆) Asthaxanthin တွေပဲ ဖြစ်ပါတယ်။

အဲဒီ Carotenoid တွေကို လူတွေက စားကြတဲ့အတွက် မျက်စိမှာ အမြင်အာရုံ ပိုမိုကောင်းမွန် စေပါတယ်။ Carotenoid တွေစားရင် ဘယ်လိုအကျိုး ကျေးဇူးတွေရှိပါသလဲ? အဓိက အကျိုးကျေးဇူး (၃) ခု ရှိပါတယ်။ (၁) UV Protection - နေရောင်ခြည်ရဲ့ဒဏ်ကနေ ကာကွယ် ပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့မျက်စိထဲကို နေရောင်ခြည်နဲ့အတူ ခရမ်းလွန် ရောင်ခြည် တွေက ပထမ Lens လို့ခေါ်တဲ့ မှန်ဘီလူးခုံးကိုဖြတ်ပြီး မျက်စိအတွင်းမှာရှိတဲ့ Retina လို့ခေါ်တဲ့ အမြင်အာရုံခံအလွှာကို ရောက်ပါတယ်။ အဲဒီကိုရောက်မှ အမြင်အာရုံကိုရတာ ဖြစ်ပါတယ်။

ဒီတော့ကြာရင် နေရောင်မှာပါတဲ့ UV ကြောင့် Lens တွေဟာလည်း တဖြည်းဖြည်းပျက်စီးလာပြီး တိမ်စွဲလာပါတယ်။ အတွင်းမှာရှိတဲ့ Macula ဟာလည်း ပျက်စီးလာပါတယ်။ အဲ့ဒါတွေကို ကာကွယ်ဖို့အတွက်..... ဥပမာ သင်္ဘောသီး(သို့)မုန်လာဥနီကိုစားရင် Carotenoid တွေက Retina နဲ့ Macular မှာဆိုရင် Lutein (လူတင်း) ရှိနေပြီး Fovea မှာ Zeaxanthin (ဇီဇန်သင်း) ရှိပါတယ်။

သူတို့တွေ လုံလုံလောက်လောက်ရှိနေရင် UV ရဲ့ဒဏ်ကနေ ကာကွယ်ပေးထားလို့ Cataract လို့ခေါ်တဲ့ မျက်စိတိမ်စွဲတာတို့၊ AMD (Age-related Macular Degeneration) မျက်စိကွယ် ခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ (၂) Antioxidant action –ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free radical တွေဟာ မျက်စိကိုအမြဲဖျက်ဆီးနေပါတယ်။ အဲ့ဒါတွေကို ဖျက်ဆီးနိုင်ဖို့ Carotenoid တွေလိုပါတယ်။ (၃) မျက်စိအမြင်အာရုံရဖို့ ဗီတာမင် အေ လိုပါတယ်။ လိုအပ်တဲ့ဗီတာမင် အေ ကို Carotenoid တွေကသာ ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင် ‘A’ တည်ဆောက်ရာမှာ အဓိက ကုန်ကြမ်းတွေ ဖြစ်ပါတယ်။

 ဒါကြောင့်မျက်စိအမြင်အာရုံကို ကောင်းစေဖို့ဗီတာမင် အေ ရရှိဖို့ Beta-carotene ကြွယ်ဝသော အစားအစာတွေဖြစ်တဲ့ အဝါရောင်အသီးတွေ ဥပမာ သင်္ဘောသီး၊ ရွှေဖရုံသီး၊ မုန်လာဥနီ စတာ တွေ စားသုံးသင့်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက   ဆေး(၁)

( Zawgyi )

 ပထမဆုံးအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕မ်က္စိ အစဥ္က်န္းမာေနေအာင္ ဘယ္လိုမ်ိဳးအာဟာရေတြ မွီဝဲသင့္လဲ ေျပာျပေပးမွာျဖစ္ပါတယ္။ မ်က္စိဆိုတာ ခႏၶာကိုယ္ရဲ႕အေရးႀကီးဆုံး အစိတ္အပိုင္း တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္မ်က္စိက်န္းမာေရးဟာ အလြန္အေရးႀကီးလွပါတယ္။ အစားအစာ ကို သင့္တင့္မွ်တေအာင္စားမယ္ဆိုရင္....အထူးသျဖင့္ လိုအပ္တဲ့အာဟာရဓာတ္ကေတာ့ Carotenoid လို႔ေခၚတဲ့ အဝါေရာင္၊ လိေမၼာ္ေရာင္၊ အနီေရာင္ရွိတဲ့ အသီးအ႐ြက္ေတြမွာ အဓိက ပါဝင္တဲ့ ဓာတ္တမ်ိဳးျဖစ္ပါတယ္။

ကမာၻေပၚမွာ Carotenoid အမ်ိဳးေပါင္း ၆၀ဝ ေက်ာ္ ရွိၿပီးအဲ့ဒီထဲမွာမွ လူတစ္ေယာက္ က်န္းမာေနဖို႔ မျဖစ္မေနစားသင့္တဲ့ Carotenoid ေတြက ၆ မ်ိဳးပဲ ရွိပါတယ္။ အဲဒါေတြကေတာ့ (၁) Beta-carotene
(၂) Alpha-carotene
(၃) Lycopene
(၄) Lutein
(၅) Zeaxanthin
(၆) Asthaxanthin ေတြပဲ ျဖစ္ပါတယ္။

အဲဒီ Carotenoid ေတြကို လူေတြက စားၾကတဲ့အတြက္ မ်က္စိမွာ အျမင္အာ႐ုံ ပိုမိုေကာင္းမြန္ ေစပါတယ္။ Carotenoid ေတြစားရင္ ဘယ္လိုအက်ိဳး ေက်းဇူးေတြရွိပါသလဲ? အဓိက အက်ိဳးေက်းဇူး (၃) ခု ရွိပါတယ္။ (၁) UV Protection - ေနေရာင္ျခည္ရဲ႕ဒဏ္ကေန ကာကြယ္ ေပးျခင္း ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕မ်က္စိထဲကို ေနေရာင္ျခည္နဲ႔အတူ ခရမ္းလြန္ ေရာင္ျခည္ ေတြက ပထမ Lens လို႔ေခၚတဲ့ မွန္ဘီလူးခုံးကိုျဖတ္ၿပီး မ်က္စိအတြင္းမွာရွိတဲ့ Retina လို႔ေခၚတဲ့ အျမင္အာ႐ုံခံအလႊာကို ေရာက္ပါတယ္။ အဲဒီကိုေရာက္မွ အျမင္အာ႐ုံကိုရတာ ျဖစ္ပါတယ္။

ဒီေတာ့ၾကာရင္ ေနေရာင္မွာပါတဲ့ UV ေၾကာင့္ Lens ေတြဟာလည္း တျဖည္းျဖည္းပ်က္စီးလာၿပီး တိမ္စြဲလာပါတယ္။ အတြင္းမွာရွိတဲ့ Macula ဟာလည္း ပ်က္စီးလာပါတယ္။ အဲ့ဒါေတြကို ကာကြယ္ဖို႔အတြက္..... ဥပမာ သေဘၤာသီး(သို႔)မုန္လာဥနီကိုစားရင္ Carotenoid ေတြက Retina နဲ႔ Macular မွာဆိုရင္ Lutein (လူတင္း) ရွိေနၿပီး Fovea မွာ Zeaxanthin (ဇီဇန္သင္း) ရွိပါတယ္။

သူတို႔ေတြ လုံလုံေလာက္ေလာက္ရွိေနရင္ UV ရဲ႕ဒဏ္ကေန ကာကြယ္ေပးထားလို႔ Cataract လို႔ေခၚတဲ့ မ်က္စိတိမ္စြဲတာတို႔၊ AMD (Age-related Macular Degeneration) မ်က္စိကြယ္ ျခင္း မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ (၂) Antioxidant action –ခႏၶာကိုယ္ထဲမွာရွိတဲ့ Free radical ေတြဟာ မ်က္စိကိုအၿမဲဖ်က္ဆီးေနပါတယ္။ အဲ့ဒါေတြကို ဖ်က္ဆီးႏိုင္ဖို႔ Carotenoid ေတြလိုပါတယ္။ (၃) မ်က္စိအျမင္အာ႐ုံရဖို႔ ဗီတာမင္ ေအ လိုပါတယ္။ လိုအပ္တဲ့ဗီတာမင္ ေအ ကို Carotenoid ေတြကသာ ေပးစြမ္းႏိုင္ပါတယ္။ ဗီတာမင္ ‘A’ တည္ေဆာက္ရာမွာ အဓိက ကုန္ၾကမ္းေတြ ျဖစ္ပါတယ္။

 ဒါေၾကာင့္မ်က္စိအျမင္အာ႐ုံကို ေကာင္းေစဖို႔ဗီတာမင္ ေအ ရရွိဖို႔ Beta-carotene ႂကြယ္ဝေသာ အစားအစာေတြျဖစ္တဲ့ အဝါေရာင္အသီးေတြ ဥပမာ သေဘၤာသီး၊ ေ႐ႊဖ႐ုံသီး၊ မုန္လာဥနီ စတာ ေတြ စားသုံးသင့္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက   ေဆး(၁)