【 အလှအပနှင့် ကျန်းမာရေး 】တုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) အကြောင်းတစေ့ တစောင်း

【  အလှအပနှင့် ကျန်းမာရေး  】တုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) အကြောင်းတစေ့ တစောင်း

မိုးဦးကာလရောက်လာတော့မှာမို့ မကြာခင် တုပ်ကွေးရာသီ ရောက်လာတော့မှာပါ။ ဒီရာသီမှာ တုပ်ကွေးမဖြစ်ဖူးတဲ့သူ ရယ်လို့ ရှိမှာမဟုတ်ပါဘူး။ ပုံမှန်အားဖြင့် ဗိုင်းရပ်စ်ကြောင့် ဖြစ်တာမို့ နှာစေး ချောင်းဆိုး ဖျားနာ တပတ်လောက်နေရင် ကောင်းသွားတတ်ပေမယ့် ကိုယ်ခံအားနည်း နေခြင်းကြောင့် ဖြစ်စေ ပြောင်းလဲလာတဲ့ ဗိုင်းရပ်စ် strain ပြင်းထန်လို့ဖြစ်စေ တချို့သူတွေမှာ နမိုးနီးယား အဆုတ်ရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း ဒီလို ပြင်းထန်တဲ့ နောက်ဆက်တွဲ လက္ခဏာ တွေရှိနိုင်တာမို့ ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးပါ။ ယခုအချိန်သည် COVID 19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်လည်း ဖြစ်သောကြောင့် ထိုရောဂါ လက္ခဏာများမှာလည်း ရာသီတုပ်ကွေး လက္ခဏာများနှင့် ခပ်ဆင်ဆင်ဖြစ်နေသည်။ ဒါကြောင့် ဒီနှစ်ဟာ တုပ်ကွေး ကာကွယ်ဆေးထိုးထားသင့်တဲ့နှစ်လို့တောင် ပြောရမလိုပါပဲ။

တုပ်ကွေးကာကွယ်ဆေး flu vaccine ဆိုတာ ဘာလဲ?

Influenza virus ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်ဖို့ ထိုးရတဲ့ဆေးပါ။ ဗိုင်းရပ်စ်က တနှစ် နဲ့ တနှစ် ဖြစ်နိုင်တဲ့ strain မတူတာကြောင့် ကာကွယ်ဆေးကလည်း နှစ်စဉ် အသစ်ထွက်နေရတာပါ။ ဥပမာ - ယခုနှစ်အတွက်ဆို ၂၀၁၉ ကထွက်ထားတဲ့ ကာကွယ်ဆေး ထိုးလို့မရပါဘူး။ ကာကွယ် ဆေးမှာ ကမ္ဘာ့တောင်ခြမ်း (Southern hemisphere) အတွက် ကာကွယ်ဆေးနှင့် ကမ္ဘာ့မြောက် ခြမ်း (Northern hemisphere) အတွက် ထုတ်တဲ့ ကာကွယ်ဆေး ဆို ရှိတဲ့အနက် မြန်မာနိုင်ငံ ကတော့ မေလ ကနေ အောက်တိုဘာလအတွင်း တုပ်ကွေးအဖြစ်များတာမို့ Southern hemisphere တောင်ခြမ်းအတွက် ထုတ်တဲ့ ကာကွယ်ဆေးကိုသာ ထိုးသင့်တာပါ။

တုပ်ကွေးကာကွယ်ဆေးက virus အရှင်က ထုတ်ထားတဲ့ live vaccine မဟုတ်ဘဲ virus ရဲ့ အစိတ်အပိုင်းတချို့ကနေထုတ်ထားတဲ့ inactivated attenuated vaccine အမျိုးအစား ဖြစ်ပါတယ်။  ဗိုင်းရပ်စ် strain သုံးမျိုးကို ကာကွယ်နိုင်တဲ့ trivalent vaccine နဲ့ လေးမျိုးကို ကာကွယ်နိုင်တဲ့ tetravalent vaccine ဆိုပီး နှစ်မျိုးရှိပါတယ်။ ယခုနှစ် ၂၀၂၀ အတွက် ဆေးကတော့ Influenza type A( H1N1, H3N2) နဲ့ type B ထဲက strain နှစ်မျိုး စုစုပေါင်း လေးမျိုးကို ကာကွယ်နိုင်တဲ့ tetra or quadrivalent အမျိုးအစားပါ။

ဘယ်လိုလူတွေမှာ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်လဲ?

ဖြစ်နိုင်ရင် အသက် ၆လမှ စလို့ လူတိုင်း ထိုးရင်ကောင်းပေမယ့် ခုအောက်မှာ ဖော်ပြထားတဲ့ သူတွေ ကတော့ high risk persons တွေဖြစ်လို့ ကာကွယ်ဆေးထိုးသင့်ပါတယ်။
-အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ
-အသက် ၅ နှစ်အောက်ကလေးများ
-ကိုယ်ဝန်ဆောင်မိခင်များ
-ပန်းနာရင်ကြပ်၊ ဆီးချို နှင့် နာတာရှည် ခုခံမှု အားနည်းသော ရောဂါသည်များ
-ကျန်းမာရေးဝန်ထမ်းများ

ဘယ်အချိန်မှာ ထိုးသင့်လဲ?

တုပ်ကွေးကာကွယ်ဆေး အာနိသင် ပြဖို့ ၂ပတ်ခန့်ကြာနိုင်တာကြောင့် တုပ်ကွေးရာသီမတိုင်ခင် အနည်းဆုံး နှစ်ပတ်အလို ကြိုထိုးထားသင့်ပါတယ်။

ဘယ်လို ထိုးသင့်လဲ?

-ကာကွယ်ဆေးက လက်မောင်း သို့မဟုတ် ပေါင်မှ ကြွက်သားထဲ ထိုးရသည်
-မထိုးခင် သိမ်းဆည်းထားသော ရေခဲပုံး သို့ ရေခဲသေတ္တာမှ ထုတ်ယူပြီး ခဏအကြာမှ ထိုးသင့်သည်
-Syringe တစ်ခုစီတွင် ကာကွယ်ဆေး 0.5ml ပါဝင်တာဖြစ်ပြီး မထိုးခင် ဆေး syringe ကို လှုပ်ခါပေးပါ
-ကာကွယ်ဆေးမထိုးခင် ဆေးရည် ကြည်သလား စစ်ဆေးသင့်ပါသည်၊ အမှုန်အမွှားပါနေရင် ဆေးရည် နောက်ကျိနေရင် အာနိသင် ပျက်ပြယ်နေနိုင်သည်

ဘေးထွက်ဆိုးကျိုးများ
ထိုးသည့် နေရာတွင် နာခြင်း၊ အဖျားငွေ့ငွေ့ရှိခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတဲ့ မပြင်းထန်တဲ့ လက္ခဏာလေးတွေတော့ အချို့သူတွေမှာ ဖြစ်တတ်ပါတယ်။

သတိပြုရန် မှာ-

ကာကွယ်ဆေးအာနိသင်ထိရောက်ဖို့ -
(၁ )ဒီနှစ်အတွက် ထုတ်ထားတဲ့ ဆေးဖြစ်ဖို့ လိုပါတယ်
(၂)ကာကွယ်ဆေးကို သိမ်းဆည်းရာမှာလည်း cold chain system လို့ခေါ်တဲ့ သင့်တော်တဲ့ အအေးဓါတ် ၂ဒီဂရီ စင်တီဂရိတ် မှ ၈ ဒီဂရီ စင်တီဂရိတ် အတွင်း သိမ်းဆည်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နားလည် တတ်ကျွမ်းတဲ့ ဆရာဝန် သို့မဟုတ် ကျန်းမာရေး ဌာနမှာပဲ ထိုးသင့်ပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးမှာ ကြက်ဥပရိုတိန်းဓါတ်ပါဝင်တာကြောင့် အချို့သော ကြက်ဥနဲ့ ဓါတ်မတည့်တဲ့သူတွေမှာ သတိထားသင့်ပါတယ်။ သို့သော် ဓါတ်မတည့်မှုမှာ အလွန်ရှားပါတယ်။
(ကင်ဆာ ရောဂါရှိသူများမှာလည်း ကိုယ်ခံအားနည်းနေနိုင်တာကြောင့် ထိုးသင့်ပါတယ်။ သို့သော် ကင်ဆာဆေး သွင်းခြင်းနှင့် ဓါတ်ရောင်ခြည် ကုသမှု ပြီးမှသာ ထိုးသင့်ပါတယ်)

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 မိုးဦးကာလေရာက္လာေတာ့မွာမို႔ မၾကာခင္ တုပ္ေကြးရာသီ ေရာက္လာေတာ့မွာပါ။ ဒီရာသီမွာ တုပ္ေကြးမျဖစ္ဖူးတဲ့သူ ရယ္လို႔ ရွိမွာမဟုတ္ပါဘူး။ ပုံမွန္အားျဖင့္ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တာမို႔ ႏွာေစး ေခ်ာင္းဆိုး ဖ်ားနာ တပတ္ေလာက္ေနရင္ ေကာင္းသြားတတ္ေပမယ့္ ကိုယ္ခံအားနည္း ေနျခင္းေၾကာင့္ ျဖစ္ေစ ေျပာင္းလဲလာတဲ့ ဗိုင္းရပ္စ္ strain ျပင္းထန္လို႔ျဖစ္ေစ တခ်ိဳ႕သူေတြမွာ နမိုးနီးယား အဆုတ္ေရာင္ျခင္း၊ ဦးေႏွာက္ေရာင္ျခင္း ဒီလို ျပင္းထန္တဲ့ ေနာက္ဆက္တြဲ လကၡဏာ ေတြရွိႏိုင္တာမို႔ ႀကိဳတင္ကာကြယ္ျခင္းဟာ အေကာင္းဆုံးပါ။ ယခုအခ်ိန္သည္ COVID 19 ကမာၻ႔ကပ္ေရာဂါ ျဖစ္ပြားေနခ်ိန္လည္း ျဖစ္ေသာေၾကာင့္ ထိုေရာဂါ လကၡဏာမ်ားမွာလည္း ရာသီတုပ္ေကြး လကၡဏာမ်ားႏွင့္ ခပ္ဆင္ဆင္ျဖစ္ေနသည္။ ဒါေၾကာင့္ ဒီႏွစ္ဟာ တုပ္ေကြး ကာကြယ္ေဆးထိုးထားသင့္တဲ့ႏွစ္လို႔ေတာင္ ေျပာရမလိုပါပဲ။

တုပ္ေကြးကာကြယ္ေဆး flu vaccine ဆိုတာ ဘာလဲ?

Influenza virus ေၾကာင့္ျဖစ္တဲ့ ရာသီတုပ္ေကြးေၾကာင့္ျဖစ္တဲ့ ေရာဂါလကၡဏာေတြနဲ႔ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ကာကြယ္ဖို႔ ထိုးရတဲ့ေဆးပါ။ ဗိုင္းရပ္စ္က တႏွစ္ နဲ႔ တႏွစ္ ျဖစ္ႏိုင္တဲ့ strain မတူတာေၾကာင့္ ကာကြယ္ေဆးကလည္း ႏွစ္စဥ္ အသစ္ထြက္ေနရတာပါ။ ဥပမာ - ယခုႏွစ္အတြက္ဆို ၂၀၁၉ ကထြက္ထားတဲ့ ကာကြယ္ေဆး ထိုးလို႔မရပါဘူး။ ကာကြယ္ ေဆးမွာ ကမာၻ႔ေတာင္ျခမ္း (Southern hemisphere) အတြက္ ကာကြယ္ေဆးႏွင့္ ကမာၻ႔ေျမာက္ ျခမ္း (Northern hemisphere) အတြက္ ထုတ္တဲ့ ကာကြယ္ေဆး ဆို ရွိတဲ့အနက္ ျမန္မာႏိုင္ငံ ကေတာ့ ေမလ ကေန ေအာက္တိုဘာလအတြင္း တုပ္ေကြးအျဖစ္မ်ားတာမို႔ Southern hemisphere ေတာင္ျခမ္းအတြက္ ထုတ္တဲ့ ကာကြယ္ေဆးကိုသာ ထိုးသင့္တာပါ။

တုပ္ေကြးကာကြယ္ေဆးက virus အရွင္က ထုတ္ထားတဲ့ live vaccine မဟုတ္ဘဲ virus ရဲ႕ အစိတ္အပိုင္းတခ်ိဳ႕ကေနထုတ္ထားတဲ့ inactivated attenuated vaccine အမ်ိဳးအစား ျဖစ္ပါတယ္။  ဗိုင္းရပ္စ္ strain သုံးမ်ိဳးကို ကာကြယ္ႏိုင္တဲ့ trivalent vaccine နဲ႔ ေလးမ်ိဳးကို ကာကြယ္ႏိုင္တဲ့ tetravalent vaccine ဆိုပီး ႏွစ္မ်ိဳးရွိပါတယ္။ ယခုႏွစ္ ၂၀၂၀ အတြက္ ေဆးကေတာ့ Influenza type A( H1N1, H3N2) နဲ႔ type B ထဲက strain ႏွစ္မ်ိဳး စုစုေပါင္း ေလးမ်ိဳးကို ကာကြယ္ႏိုင္တဲ့ tetra or quadrivalent အမ်ိဳးအစားပါ။

ဘယ္လိုလူေတြမွာ တုပ္ေကြးကာကြယ္ေဆး ထိုးသင့္လဲ?

ျဖစ္ႏိုင္ရင္ အသက္ ၆လမွ စလို႔ လူတိုင္း ထိုးရင္ေကာင္းေပမယ့္ ခုေအာက္မွာ ေဖာ္ျပထားတဲ့ သူေတြ ကေတာ့ high risk persons ေတြျဖစ္လို႔ ကာကြယ္ေဆးထိုးသင့္ပါတယ္။
-အသက္ ၆၅ ႏွစ္ႏွင့္အထက္ လူႀကီးမ်ား
-အသက္ ၅ ႏွစ္ေအာက္ကေလးမ်ား
-ကိုယ္ဝန္ေဆာင္မိခင္မ်ား
-ပန္းနာရင္ၾကပ္၊ ဆီးခ်ိဳ ႏွင့္ နာတာရွည္ ခုခံမႈ အားနည္းေသာ ေရာဂါသည္မ်ား
-က်န္းမာေရးဝန္ထမ္းမ်ား

ဘယ္အခ်ိန္မွာ ထိုးသင့္လဲ?

တုပ္ေကြးကာကြယ္ေဆး အာနိသင္ ျပဖို႔ ၂ပတ္ခန႔္ၾကာႏိုင္တာေၾကာင့္ တုပ္ေကြးရာသီမတိုင္ခင္ အနည္းဆုံး ႏွစ္ပတ္အလို ႀကိဳထိုးထားသင့္ပါတယ္။

ဘယ္လို ထိုးသင့္လဲ?

-ကာကြယ္ေဆးက လက္ေမာင္း သို႔မဟုတ္ ေပါင္မွ ႂကြက္သားထဲ ထိုးရသည္
-မထိုးခင္ သိမ္းဆည္းထားေသာ ေရခဲပုံး သို႔ ေရခဲေသတၱာမွ ထုတ္ယူၿပီး ခဏအၾကာမွ ထိုးသင့္သည္
-Syringe တစ္ခုစီတြင္ ကာကြယ္ေဆး 0.5ml ပါဝင္တာျဖစ္ၿပီး မထိုးခင္ ေဆး syringe ကို လႈပ္ခါေပးပါ
-ကာကြယ္ေဆးမထိုးခင္ ေဆးရည္ ၾကည္သလား စစ္ေဆးသင့္ပါသည္၊ အမႈန္အမႊားပါေနရင္ ေဆးရည္ ေနာက္က်ိေနရင္ အာနိသင္ ပ်က္ျပယ္ေနႏိုင္သည္

ေဘးထြက္ဆိုးက်ိဳးမ်ား
ထိုးသည့္ ေနရာတြင္ နာျခင္း၊ အဖ်ားေငြ႕ေငြ႕ရွိျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း စတဲ့ မျပင္းထန္တဲ့ လကၡဏာေလးေတြေတာ့ အခ်ိဳ႕သူေတြမွာ ျဖစ္တတ္ပါတယ္။

သတိျပဳရန္ မွာ-

ကာကြယ္ေဆးအာနိသင္ထိေရာက္ဖို႔ -
(၁ )ဒီႏွစ္အတြက္ ထုတ္ထားတဲ့ ေဆးျဖစ္ဖို႔ လိုပါတယ္
(၂)ကာကြယ္ေဆးကို သိမ္းဆည္းရာမွာလည္း cold chain system လို႔ေခၚတဲ့ သင့္ေတာ္တဲ့ အေအးဓါတ္ ၂ဒီဂရီ စင္တီဂရိတ္ မွ ၈ ဒီဂရီ စင္တီဂရိတ္ အတြင္း သိမ္းဆည္းရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ နားလည္ တတ္ကြၽမ္းတဲ့ ဆရာဝန္ သို႔မဟုတ္ က်န္းမာေရး ဌာနမွာပဲ ထိုးသင့္ပါတယ္။
ဒါ့အျပင္ ကာကြယ္ေဆးမွာ ၾကက္ဥပ႐ိုတိန္းဓါတ္ပါဝင္တာေၾကာင့္ အခ်ိဳ႕ေသာ ၾကက္ဥနဲ႔ ဓါတ္မတည့္တဲ့သူေတြမွာ သတိထားသင့္ပါတယ္။ သို႔ေသာ္ ဓါတ္မတည့္မႈမွာ အလြန္ရွားပါတယ္။
(ကင္ဆာ ေရာဂါရွိသူမ်ားမွာလည္း ကိုယ္ခံအားနည္းေနႏိုင္တာေၾကာင့္ ထိုးသင့္ပါတယ္။ သို႔ေသာ္ ကင္ဆာေဆး သြင္းျခင္းႏွင့္ ဓါတ္ေရာင္ျခည္ ကုသမႈ ၿပီးမွသာ ထိုးသင့္ပါတယ္)

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး-၁ )