【 အလှအပနှင့် ကျန်းမာရေး 】စိတ်ကျခြင်း (Depression)

【  အလှအပနှင့် ကျန်းမာရေး  】စိတ်ကျခြင်း (Depression)

လူမှန်သမျှ စိတ်ဆိုတာ တက်လိုက်၊ ကျလိုက်ဖြစ်ကြတာ ပုံမှန်ပါ။  ဒါပေမဲ့ Depression စိတ်ကျတယ် ဆိုတာ ဝမ်းနည်းပူဆွေးတာထက် အများကြီး ပိုလွန်ပါတယ်။ စိတ်ကျသူတွေဟာ ဝမ်းနည်းအားငယ်နေတဲ့လက္ခဏာ အပြင်  တချို့ ယောက်ျားတွေမှာဖြစ်ရင် စိတ်တို၊ ဒေါသကြီး၊ ဂနာမငြိမ် ၊အရက် အလွန်အကျွံ သောက်လာမယ်။တချို့ဆို အိပ်မပျော်၊ ဒါမှမဟုတ် အမြဲတမ်း အိပ်ချင်နေ၊ အာရုံမစိုက်နိုင်၊  အားအင်ကုန်ခမ်းနေမယ်၊ ဘာလုပ်လုပ် နှေးကွေးနေမယ်၊ လေးလံ ထိုင်းမှိုင်းနေမယ်။  တယောက်နဲ့ တယောက် မတူဘူး။ ယောက်ျား-မိန်းမ မတူသလို၊ ကလေး-လူကြီးလဲ မတူကြဘူး။

ဘာကြောင့် စိတ်ကျရောဂါဝင်ရတာလဲ
၁)တယောက်ထဲ အထီးကျန်ဖြစ်နေခြင်း
၂)လူမှုအသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှု မရခြင်း
၃)လောကဓံတရားကို အနုတ်သဘောခံစားရခြင်း
၄)မိဘ၊ ဆွေမျိုး၊ မောင်နှမတွေထဲမှာ စိတ်ကျဝေဒနာရောဂါရှိခြင်း
၅)အိမ်ထောင်ရေး သာယာမှုမရှိခြင်း
၆)ငွေကြေး အလွန်ခက်ခဲခြင်း
၇) ငယ်စဉ် ကလေးဘဝမှာ စိတ်ဒဏ်ရာရခဲ့ဖူးခြင်း
၈)အရက်၊ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခြင်း
၉)ကျန်းမာရေးမကောင်းခြင်း(ဥပမာ နာတာရှည်ရောဂါ၊ ကင်ဆာဝေဒနာ ခံစားနေရခြင်း)

အမျိုးအစား (၃) မျိုး ရှိတယ်။
1. Major depression
2. Dysthymia
3. Bipolar disorder (Manic depression)

ကုသနည်း ၃ မျိုးရှိတယ်။
(၁) Psychotherapy စိတ်ကို စိတ်နဲ့ကုတာ အကောင်းဆုံးဖြစ်တယ်။
(၂) Medication ဆေးနဲ့ ကုသခြင်း
(၃) Electroconvulsive therapy လျှပ်စစ်နဲ့ကုခြင်း တို့ဖြစ်ပါတယ်။

Psychotherapies စိတ်ကိုစိတ်နဲ့ကုသခြင်းကအကောင်းဆုံးပါပဲ။ Talking therapies နဲ့ Cognitive behavioral therapies စတဲ့နည်းအမျိုးမျိုး ရှိတယ်။Cognitive behavioral therapy (CBT) နည်းဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် အသုံးများတယ်။
 အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုရော သူများကိုပါ စိတ်က အပြစ်မတင်မိအောင် ကြိုးစားပါ။

Antidepressants စိတ်ကျရောဂါဆေးတွေကတော့ -

၁)Monoamine oxidase inhibitors (eg Phenelzine (Nardil) နဲ့ Tranylcypromine (Parnate))အရင်ဆုံးပေါ်တဲ့ ဆေးဖြစ်တယ်။  ဘေးထွက်ဆိုးကျိုးတွေကတော့ နေ့ခင်းအိပ်ချင်နေခြင်း၊သွေးဖိအားကျခြင်း၊ ဝမ်းပျက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ လိင်စိတ်နည်းခြင်း၊ထုံကျင်ခြင်းတို့ဖြစ်ပါတယ်။

၂)Selective serotonin reuptake inhibitors (SSRIs) (eg Fluoxetine နဲ့ Sertraline) အသုံးများဆုံးဆေး ဖြစ်တယ်။  ဘေးထွက်ဆိုးကျိုးတွေက ပျို့ခြင်း၊အာခေါင်ခြောက်ခြင်း၊ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်၊ စိတ်တို၊ ဒေါသထွက်ခြင်း၊ လိင်စိတ်နည်းခြင်း တို့ဖြစ်ပါတယ်။

၃) Tricyclic antidepressants (TCAs) (Eg-  Amitriptyline (Elavil), Imipramine (Tofranil)) ဘေးထွက်ဆိုးကျိုးတွေကတော့
သွေးဖိအားကျခြင်း၊ ဝမ်းပျက်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ လိင်စိတ်နည်းခြင်း၊တို့ဖြစ်ပါတယ်။
Antidepressants ဆေးတွေကို သက်သာလာရင် ဖြေးဖြေးချင်း လျှော့ပေးရတယ်။ ရုတ်တရက် မရပ်ရဘူး

Electroconvulsive therapy (ECT) လျှပ်စစ်နဲ့ကုသခြင်းကို ဆေးမတိုးသူတွေ၊ ဆိုးဆိုးဝါးဝါးဖြစ်သူတွေ၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ အလားအလာ များနေသူတွေအတွက် လုပ်ပါတယ်။

စိတ်ဓါတ်ကျနေတာကို မကုသရင်ဘာဖြစ်မလဲ?
1.Panic attacks စိတ်မထိန်းနိုင်ဖြစ်ခြင်း 2.Anxiety disorder စိုးရိမ်စိတ်လွန်ကဲခြင်း 3.Bipolar situation စိတ်နှစ်ခွဖြစ်ခြင်း တို့ဖြစ်ပေါ်လာနိုင်တယ်။
 

 စိတ်ကျရောဂါလက္ခဏာများကို သတိမပြုမိဘဲ ကုသမှုမခံယူပါက မိမိကိုယ်ကို အန္တရာယ်ပြု
ုခြင်း သတ်သေခြင်း စသည်တို့အထိ အန္တရာယ်ရှိလာနိုင်သည်။ထို့ကြောင့် မိမိကိုယ်တိုင်သာမက မိသားစု မိတ်ဆွေ ပတ်ဝန်းကျင် တွင်လည်း စိတ်ကျရောဂါလက္ခဏာများကို စောစီးစွာသတိပြုမိရန်လိုအပ်သည်။
ဘယ်လို သက်သာအောင်လုပ်မလဲ ?
ဥပမာ -
• ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
•အိပ်ချိန်ရောက်ရင် အိပ်စက်ပါ
• အစာအာဟာရပြည့်ဝမျှတအောင်စားသုံးပါ။
• စိတ်ဖိစီးမှုများကို တတ်နိုင်သလောက်လျှော့ချပါ
• ကိုယ့်ကိုယ်ကိုရော သူများကိုပါ စိတ်က အပြစ်မတင်မိအောင် ကြိုးစားပါ။
• အဆိုးမြင်၊ မကောင်းမြင်တာတွေပြု ပြင်ပါ၊
• စိတ်ငြိမ်အောင် တရားထိုင်ပါ
• တတ်ကျွမ်းတဲ့ဆရာဝန်နဲ့စနစ်တကျကုသမှုခံယူပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။

 (  Zawgyi  )

 လူမွန္သမွ် စိတ္ဆိုတာ တက္လိုက္၊ က်လိုက္ျဖစ္ၾကတာ ပုံမွန္ပါ။  ဒါေပမဲ့ Depression စိတ္က်တယ္ ဆိုတာ ဝမ္းနည္းပူေဆြးတာထက္ အမ်ားႀကီး ပိုလြန္ပါတယ္။ စိတ္က်သူေတြဟာ ဝမ္းနည္းအားငယ္ေနတဲ့လကၡဏာ အျပင္  တခ်ိဳ႕ ေယာက္်ားေတြမွာျဖစ္ရင္ စိတ္တို၊ ေဒါသႀကီး၊ ဂနာမၿငိမ္ ၊အရက္ အလြန္အကြၽံ ေသာက္လာမယ္။တခ်ိဳ႕ဆို အိပ္မေပ်ာ္၊ ဒါမွမဟုတ္ အၿမဲတမ္း အိပ္ခ်င္ေန၊ အာ႐ုံမစိုက္ႏိုင္၊  အားအင္ကုန္ခမ္းေနမယ္၊ ဘာလုပ္လုပ္ ေႏွးေကြးေနမယ္၊ ေလးလံ ထိုင္းမႈိင္းေနမယ္။  တေယာက္နဲ႔ တေယာက္ မတူဘူး။ ေယာက္်ား-မိန္းမ မတူသလို၊ ကေလး-လူႀကီးလဲ မတူၾကဘူး။

ဘာေၾကာင့္ စိတ္က်ေရာဂါဝင္ရတာလဲ
၁)တေယာက္ထဲ အထီးက်န္ျဖစ္ေနျခင္း
၂)လူမႈအသိုင္းအဝိုင္းရဲ႕ ကူညီေထာက္ပံ့မႈ မရျခင္း
၃)ေလာကဓံတရားကို အႏုတ္သေဘာခံစားရျခင္း
၄)မိဘ၊ ေဆြမ်ိဳး၊ ေမာင္ႏွမေတြထဲမွာ စိတ္က်ေဝဒနာေရာဂါရွိျခင္း
၅)အိမ္ေထာင္ေရး သာယာမႈမရွိျခင္း
၆)ေငြေၾကး အလြန္ခက္ခဲျခင္း
၇) ငယ္စဥ္ ကေလးဘဝမွာ စိတ္ဒဏ္ရာရခဲ့ဖူးျခင္း
၈)အရက္၊ မူးယစ္ေဆး အလြန္အကြၽံ သုံးစြဲျခင္း
၉)က်န္းမာေရးမေကာင္းျခင္း(ဥပမာ နာတာရွည္ေရာဂါ၊ ကင္ဆာေဝဒနာ ခံစားေနရျခင္း)

အမ်ိဳးအစား (၃) မ်ိဳး ရွိတယ္။
1. Major depression
2. Dysthymia
3. Bipolar disorder (Manic depression)

ကုသနည္း ၃ မ်ိဳးရွိတယ္။
(၁) Psychotherapy စိတ္ကို စိတ္နဲ႔ကုတာ အေကာင္းဆုံးျဖစ္တယ္။
(၂) Medication ေဆးနဲ႔ ကုသျခင္း
(၃) Electroconvulsive therapy လွ်ပ္စစ္နဲ႔ကုျခင္း တို႔ျဖစ္ပါတယ္။

Psychotherapies စိတ္ကိုစိတ္နဲ႔ကုသျခင္းကအေကာင္းဆုံးပါပဲ။ Talking therapies နဲ႔ Cognitive behavioral therapies စတဲ့နည္းအမ်ိဳးမ်ိဳး ရွိတယ္။Cognitive behavioral therapy (CBT) နည္းဟာ ကေလးေတြနဲ႔ လူငယ္ေတြအတြက္ အသုံးမ်ားတယ္။
 အေရးအႀကီးဆုံးက ကိုယ့္ကိုယ္ကိုေရာ သူမ်ားကိုပါ စိတ္က အျပစ္မတင္မိေအာင္ ႀကိဳးစားပါ။

Antidepressants စိတ္က်ေရာဂါေဆးေတြကေတာ့ -

၁)Monoamine oxidase inhibitors (eg Phenelzine (Nardil) နဲ႔ Tranylcypromine (Parnate))အရင္ဆုံးေပၚတဲ့ ေဆးျဖစ္တယ္။  ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ ေန႔ခင္းအိပ္ခ်င္ေနျခင္း၊ေသြးဖိအားက်ျခင္း၊ ဝမ္းပ်က္ျခင္း၊ အာေခါင္ေျခာက္ျခင္း၊ ဂနာမၿငိမ္ျဖစ္ျခင္း၊ ကိုယ္အေလးခ်ိန္တက္လာျခင္း၊ လိင္စိတ္နည္းျခင္း၊ထုံက်င္ျခင္းတို႔ျဖစ္ပါတယ္။

၂)Selective serotonin reuptake inhibitors (SSRIs) (eg Fluoxetine နဲ႔ Sertraline) အသုံးမ်ားဆုံးေဆး ျဖစ္တယ္။  ေဘးထြက္ဆိုးက်ိဳးေတြက ပ်ိဳ႕ျခင္း၊အာေခါင္ေျခာက္ျခင္း၊ေခါင္းကိုက္ျခင္း၊ ဂနာမၿငိမ္၊ စိတ္တို၊ ေဒါသထြက္ျခင္း၊ လိင္စိတ္နည္းျခင္း တို႔ျဖစ္ပါတယ္။

၃) Tricyclic antidepressants (TCAs) (Eg-  Amitriptyline (Elavil), Imipramine (Tofranil)) ေဘးထြက္ဆိုးက်ိဳးေတြကေတာ့
ေသြးဖိအားက်ျခင္း၊ ဝမ္းပ်က္ျခင္း၊ အာေခါင္ေျခာက္ျခင္း၊ ဂနာမၿငိမ္ျဖစ္ျခင္း၊ ကိုယ္အေလးခ်ိန္တက္လာျခင္း၊ လိင္စိတ္နည္းျခင္း၊တို႔ျဖစ္ပါတယ္။
Antidepressants ေဆးေတြကို သက္သာလာရင္ ေျဖးေျဖးခ်င္း ေလွ်ာ့ေပးရတယ္။ ႐ုတ္တရက္ မရပ္ရဘူး

Electroconvulsive therapy (ECT) လွ်ပ္စစ္နဲ႔ကုသျခင္းကို ေဆးမတိုးသူေတြ၊ ဆိုးဆိုးဝါးဝါးျဖစ္သူေတြ၊ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ အလားအလာ မ်ားေနသူေတြအတြက္ လုပ္ပါတယ္။

စိတ္ဓါတ္က်ေနတာကို မကုသရင္ဘာျဖစ္မလဲ?
1.Panic attacks စိတ္မထိန္းႏိုင္ျဖစ္ျခင္း 2.Anxiety disorder စိုးရိမ္စိတ္လြန္ကဲျခင္း 3.Bipolar situation စိတ္ႏွစ္ခြျဖစ္ျခင္း တို႔ျဖစ္ေပၚလာႏိုင္တယ္။
 

 စိတ္က်ေရာဂါလကၡဏာမ်ားကို သတိမျပဳမိဘဲ ကုသမႈမခံယူပါက မိမိကိုယ္ကို အႏၲရာယ္ျပဳ
ုျခင္း သတ္ေသျခင္း စသည္တို႔အထိ အႏၲရာယ္ရွိလာႏိုင္သည္။ထို႔ေၾကာင့္ မိမိကိုယ္တိုင္သာမက မိသားစု မိတ္ေဆြ ပတ္ဝန္းက်င္ တြင္လည္း စိတ္က်ေရာဂါလကၡဏာမ်ားကို ေစာစီးစြာသတိျပဳမိရန္လိုအပ္သည္။
ဘယ္လို သက္သာေအာင္လုပ္မလဲ ?
ဥပမာ -
• ပုံမွန္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ
•အိပ္ခ်ိန္ေရာက္ရင္ အိပ္စက္ပါ
• အစာအာဟာရျပည့္ဝမွ်တေအာင္စားသုံးပါ။
• စိတ္ဖိစီးမႈမ်ားကို တတ္ႏိုင္သေလာက္ေလွ်ာ့ခ်ပါ
• ကိုယ့္ကိုယ္ကိုေရာ သူမ်ားကိုပါ စိတ္က အျပစ္မတင္မိေအာင္ ႀကိဳးစားပါ။
• အဆိုးျမင္၊ မေကာင္းျမင္တာေတြျပဳ ျပင္ပါ၊
• စိတ္ၿငိမ္ေအာင္ တရားထိုင္ပါ
• တတ္ကြၽမ္းတဲ့ဆရာဝန္နဲ႔စနစ္တက်ကုသမႈခံယူပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။