【 အလှအပနှင့် ကျန်းမာရေး 】ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre eclampsia)

【  အလှအပနှင့် ကျန်းမာရေး  】ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre eclampsia)

ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ တကမ္ဘာလုံးမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ၂ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း မှာတွေ့ရပါတယ်။ မိခင်နှင့်ကလေး ရောဂါဖြစ်ပွားမှု နဲ့ သေဆုံးမှုအများဆုံးဖြစ်စေတဲ့ အကြောင်းရင်း တွေထဲက တစ်ခုဖြစ်လို့ အရေးကြီးပါတယ် ။ သားဦးမိခင်တွေမှာ ပိုတွေ့ရတတ်ပီး ပထမကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ် တက်တဲ့ လက္ခဏာတွေဖြစ်ဖူးရင် နောက်ကိုယ်ဝန်တွေမှာလည်း ဖြစ်ဖို့ အလားအလာ များပါ တယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ ဘာလဲ?

ကိုယ်ဝန်ဆောင်ကာလ အပတ်၂၀ နောက်ပိုင်းမှာ ရုတ်တရက် သွေးပေါင်တက်လာခြင်း၊ ဆီးထဲမှာ အသား ဓါတ်ပါခြင်း (ဆီးအနည်ပါခြင်း) ရှိရင်တော့ ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre eclampsia) လို့ သတ်မှတ်ပါတယ်။ အချို့သူတွေမှာ ကလေးမွေးဖွားပြီးခါစ အချိန်မှာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေက ကိုယ်ဝန်ဆိပ်တက်ဖို့ အလားအလာပိုများလဲ?

-ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေ
-ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်ခြင်း
 ဖြစ်ဖူးတဲ့ မိခင်တွေနဲ့ မိသားစုဆွေမျိုး ထဲမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်ဖူးသူတွေ
- သွေးတိုးရောဂါ အခံရှိသူတွေ
-အသက်ငယ်လွန်းခြင်း သို့မဟုတ် အသက် ၄၀ ကျော်မှ ကိုယ်ဝန်ဆောင်ခြင်း
- လူမျိုး (ဥပမာ - လူမည်း မိခင်တွေ)
-အဝလွန်ခြင်း
- အမြွှာကိုယ်ဝန်ဆောင် မိခင်များ
- နှစ်နှစ်အတွင်း သို့မဟုတ် ဆယ်နှစ်ကျော်ကြာမှ နောက်ထပ် ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေ
-ဆီးချိုရောဂါ ကျောက်ကပ်ရောဂါ နဲ့ အရေပြားလေးဘက်နာလို Autoimmune ရောဂါအခံရှိသူတွေ
-ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ဆောင်သူတွေ
-အချင်း (Placenta) တွယ်တဲ့ နေရာမမှန်ခြင်း

ကိုယ်ဝန်ဆိပ်တက်ရင် ဘယ်လို လက္ခဏာတွေနဲ့ တွေ့ရမလဲ?

အရင်ဆုံးသတိထားမိမှာကတော့ ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ခြင်းဖြစ်ပါတယ်။ အရင်က သွေးတိုး မရှိတဲ့သူမှာ ကိုယ်ဝန်ဆောင်ကာလ အပတ်၂၀ နောက်ပိုင်းမှာ သွေးပေါင်ချိန် ၁၄၀/၉၀ နှင့် အထက် နှစ်ကြိမ် (အနည်းဆုံး ၄နာရီကနေ ၆နာရီခြား တိုင်းတာဖြစ်ရမယ်) ဖြစ်နေရင်တော့  ကိုယ်ဝန်ဆိပ်တက်ခြင်း လက္ခဏာပါ။ အခြားလက္ခဏာတွေ ကတော့

-ဆီးထဲမှာ အသားဓါတ်ပါခြင်း ( ၂၄နာရီခံထားတဲ့ ဆီးထဲမှာ အသားဓါတ် 0.3 gram ထက်ပိုများခြင်း)
-ခေါင်းကိုက်ခြင်း
-မျက်လုံး အမြင် ဝေဝါးခြင်း
-ဗိုက်အောင့်ခြင်း
-ပျို့အန်ခြင်း
-ဆီးသွားနည်းခြင်း
-ခန္ဓာကိုယ် ဖောရောင်ခြင်း စတာတွေ ဖြစ်တယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်း ပြင်းထန်ရင်တော့-
-အသည်းထိခိုက်ခြင်း (အသည်း အင်ဇိုင်းတွေ များခြင်း)
- ကျောက်ကပ်ပျက်စီးခြင်း (ဆီးနည်းခြင်း ကျောက်ကပ်ဆိပ် Creatinine များခြင်း)
- သွေးမွှားဥ ပမာဏနည်းခြင်း
-ရုတ်တရက် အမောဖောက်လာခြင်း
-တက်ခြင်း သတိလစ်ခြင်း
-မိခင်နှင့် ကလေး အသက်ဆုံးရှုံးသည် အထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုကုသမလဲ?

မိခင်အတွက်ကတော့ ဗိုက်ထဲက သန္ဓေသား ဖြစ်နိုင်သမျှ စောမွေးလိုက်ခြင်းက ကိုယ်ဝန်ဆိပ်တက်ခြင်း အတွက် ကုသမှုပါ။ သို့သော် သန္ဓေသားလေး ကောင်းစွာ အသက်ရှင်ဖို့အတွက် ကိုယ်ဝန် ၃၇ပတ် အထိ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေရဲ့ ကုသမှုနဲ့ မိခင်ကို ဂရုတစိုက် စောင့်ကြည့်ဖို့လိုမှာပါ။ ကိုယ်ဝန်ဆိပ် တက် ခြင်း ဆိုးရွားရင်တော့ ကလေးအဆုတ်ကောင်းကောင်းအလုပ်လုပ်နိုင်အောင် လိုအပ်တဲ့ ဆေးထိုးပြီး ဒီထက်စောပြီး မွေးသင့်ရင် မွေးဖို့လိုမှာပါ။

ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ မိခင်ရော ကလေးရော အသက်အန္တရာယ်ရှိတဲ့အတွက် ကိုယ်ဝန်စရှိစဉ် ကာလ တည်းက ကျန်းမာရေးဌာနမှာ သေချာဂရုတစိုက် ဗိုက်အပ်ဖို့လိုသလို ကိုယ်ဝန်ဆောင်ကာလတလျှောက် မှန်မှန် ပြသ (AN care) ယူသင့်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 ကိုယ္ဝန္ဆိပ္တက္ျခင္းဟာ တကမာၻလုံးမွာရွိတဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ ၂ရာခိုင္ႏႈန္းကေန ၈ ရာခိုင္ႏႈန္း မွာေတြ႕ရပါတယ္။ မိခင္ႏွင့္ကေလး ေရာဂါျဖစ္ပြားမႈ နဲ႔ ေသဆုံးမႈအမ်ားဆုံးျဖစ္ေစတဲ့ အေၾကာင္းရင္း ေတြထဲက တစ္ခုျဖစ္လို႔ အေရးႀကီးပါတယ္ ။ သားဦးမိခင္ေတြမွာ ပိုေတြ႕ရတတ္ပီး ပထမကိုယ္ဝန္မွာ ကိုယ္ဝန္ဆိပ္ တက္တဲ့ လကၡဏာေတြျဖစ္ဖူးရင္ ေနာက္ကိုယ္ဝန္ေတြမွာလည္း ျဖစ္ဖို႔ အလားအလာ မ်ားပါ တယ္။

ကိုယ္ဝန္ဆိပ္တက္ျခင္းဆိုတာ ဘာလဲ?

ကိုယ္ဝန္ေဆာင္ကာလ အပတ္၂၀ ေနာက္ပိုင္းမွာ ႐ုတ္တရက္ ေသြးေပါင္တက္လာျခင္း၊ ဆီးထဲမွာ အသား ဓါတ္ပါျခင္း (ဆီးအနည္ပါျခင္း) ရွိရင္ေတာ့ ကိုယ္ဝန္ဆိပ္တက္ျခင္း (Pre eclampsia) လို႔ သတ္မွတ္ပါတယ္။ အခ်ိဳ႕သူေတြမွာ ကေလးေမြးဖြားၿပီးခါစ အခ်ိန္မွာလည္း ျဖစ္ႏိုင္ပါတယ္။

ဘယ္လိုလူေတြက ကိုယ္ဝန္ဆိပ္တက္ဖို႔ အလားအလာပိုမ်ားလဲ?

-ပထမဆုံး ကိုယ္ဝန္ေဆာင္တဲ့ မိခင္ေတြ
-ကိုယ္ဝန္ေဆာင္စဥ္ ကိုယ္ဝန္ဆိပ္တက္ျခင္း
 ျဖစ္ဖူးတဲ့ မိခင္ေတြနဲ႔ မိသားစုေဆြမ်ိဳး ထဲမွာ ကိုယ္ဝန္ဆိပ္တက္ျခင္း ျဖစ္ဖူးသူေတြ
- ေသြးတိုးေရာဂါ အခံရွိသူေတြ
-အသက္ငယ္လြန္းျခင္း သို႔မဟုတ္ အသက္ ၄၀ ေက်ာ္မွ ကိုယ္ဝန္ေဆာင္ျခင္း
- လူမ်ိဳး (ဥပမာ - လူမည္း မိခင္ေတြ)
-အဝလြန္ျခင္း
- အႁမႊာကိုယ္ဝန္ေဆာင္ မိခင္မ်ား
- ႏွစ္ႏွစ္အတြင္း သို႔မဟုတ္ ဆယ္ႏွစ္ေက်ာ္ၾကာမွ ေနာက္ထပ္ ကိုယ္ဝန္ေဆာင္တဲ့ မိခင္ေတြ
-ဆီးခ်ိဳေရာဂါ ေက်ာက္ကပ္ေရာဂါ နဲ႔ အေရျပားေလးဘက္နာလို Autoimmune ေရာဂါအခံရွိသူေတြ
-ဖန္ႁပြန္သေႏၶသား ကိုယ္ဝန္ေဆာင္သူေတြ
-အခ်င္း (Placenta) တြယ္တဲ့ ေနရာမမွန္ျခင္း

ကိုယ္ဝန္ဆိပ္တက္ရင္ ဘယ္လို လကၡဏာေတြနဲ႔ ေတြ႕ရမလဲ?

အရင္ဆုံးသတိထားမိမွာကေတာ့ ကိုယ္ဝန္ေဆာင္စဥ္ ေသြးေပါင္တက္ျခင္းျဖစ္ပါတယ္။ အရင္က ေသြးတိုး မရွိတဲ့သူမွာ ကိုယ္ဝန္ေဆာင္ကာလ အပတ္၂၀ ေနာက္ပိုင္းမွာ ေသြးေပါင္ခ်ိန္ ၁၄၀/၉၀ ႏွင့္ အထက္ ႏွစ္ႀကိမ္ (အနည္းဆုံး ၄နာရီကေန ၆နာရီျခား တိုင္းတာျဖစ္ရမယ္) ျဖစ္ေနရင္ေတာ့  ကိုယ္ဝန္ဆိပ္တက္ျခင္း လကၡဏာပါ။ အျခားလကၡဏာေတြ ကေတာ့

-ဆီးထဲမွာ အသားဓါတ္ပါျခင္း ( ၂၄နာရီခံထားတဲ့ ဆီးထဲမွာ အသားဓါတ္ 0.3 gram ထက္ပိုမ်ားျခင္း)
-ေခါင္းကိုက္ျခင္း
-မ်က္လုံး အျမင္ ေဝဝါးျခင္း
-ဗိုက္ေအာင့္ျခင္း
-ပ်ိဳ႕အန္ျခင္း
-ဆီးသြားနည္းျခင္း
-ခႏၶာကိုယ္ ေဖာေရာင္ျခင္း စတာေတြ ျဖစ္တယ္။

ကိုယ္ဝန္ဆိပ္တက္ျခင္း ျပင္းထန္ရင္ေတာ့-
-အသည္းထိခိုက္ျခင္း (အသည္း အင္ဇိုင္းေတြ မ်ားျခင္း)
- ေက်ာက္ကပ္ပ်က္စီးျခင္း (ဆီးနည္းျခင္း ေက်ာက္ကပ္ဆိပ္ Creatinine မ်ားျခင္း)
- ေသြးမႊားဥ ပမာဏနည္းျခင္း
-႐ုတ္တရက္ အေမာေဖာက္လာျခင္း
-တက္ျခင္း သတိလစ္ျခင္း
-မိခင္ႏွင့္ ကေလး အသက္ဆုံးရႈံးသည္ အထိ ျဖစ္ႏိုင္ပါတယ္။

ဘယ္လိုကုသမလဲ?

မိခင္အတြက္ကေတာ့ ဗိုက္ထဲက သေႏၶသား ျဖစ္ႏိုင္သမွ် ေစာေမြးလိုက္ျခင္းက ကိုယ္ဝန္ဆိပ္တက္ျခင္း အတြက္ ကုသမႈပါ။ သို႔ေသာ္ သေႏၶသားေလး ေကာင္းစြာ အသက္ရွင္ဖို႔အတြက္ ကိုယ္ဝန္ ၃၇ပတ္ အထိ သက္ဆိုင္ရာ ဆရာဝန္ႀကီးေတြရဲ႕ ကုသမႈနဲ႔ မိခင္ကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ဖို႔လိုမွာပါ။ ကိုယ္ဝန္ဆိပ္ တက္ ျခင္း ဆိုး႐ြားရင္ေတာ့ ကေလးအဆုတ္ေကာင္းေကာင္းအလုပ္လုပ္ႏိုင္ေအာင္ လိုအပ္တဲ့ ေဆးထိုးၿပီး ဒီထက္ေစာၿပီး ေမြးသင့္ရင္ ေမြးဖို႔လိုမွာပါ။

ကိုယ္ဝန္ဆိပ္တက္ျခင္းဟာ မိခင္ေရာ ကေလးေရာ အသက္အႏၲရာယ္ရွိတဲ့အတြက္ ကိုယ္ဝန္စရွိစဥ္ ကာလ တည္းက က်န္းမာေရးဌာနမွာ ေသခ်ာဂ႐ုတစိုက္ ဗိုက္အပ္ဖို႔လိုသလို ကိုယ္ဝန္ေဆာင္ကာလတေလွ်ာက္ မွန္မွန္ ျပသ (AN care) ယူသင့္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး-၁ )