【 အလှအပနှင့်ကျန််းမာရေး 】အပူဒဏ် အန္တရာယ် နှင့် သက်သာစေရန် နည်းလမ်းများ

【  အလှအပနှင့်ကျန််းမာရေး 】အပူဒဏ် အန္တရာယ် နှင့် သက်သာစေရန် နည်းလမ်းများ

ယခုကာလသည် အလွန်ပူပြင်းသော နွေကာလဖြစ်သည်။ မတ်လ ဧပြီလ မေလများသည် မြန်မာနိုင်ငံ၏ အပူချိန် အမြင့်ဆုံးကာလများဖြစ်သည်။ ရန်ကုန်၏ အပူချိန်သည် နေ့လည်ဘက် တွင် ၄၃ ဒီဂရီ စင်တီဂရိတ်လောက်ထိ အလွန်မြင့်မားနေသည်။ နောက်ရက်ပိုင်းအတွင်း ၄၅ ကနေ ၄၆ ဒီဂရီစင်တီဂရိတိလောက်ထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းကြတယ်။ ယခင်က  အပူချိန် တက်နှုန်းတွေကို လေ့လာကြည့်ရင် ယခင်က ၁ဒီဂရီ စင်တီဂရိတ် တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ ယခု ၃ နှစ်တာကာလ အတွင်းမှာတင် ၂ ဒီဂရီ စင်တီဂရိတ် လောက်ထိ မြင့်တက်လာပါတယ်။ ဒီလို အပူချိန်မြင့်တက်လာခြင်းက လူတွေရဲ့ ကျန်းမာရေး အထူးသဖြင့် အသက်အရွယ်ကြီး သူတွေဟာ အပူဒဏ်ကို မခံနိုင်တာကြောင့် ထိုသူတွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒီအပတ်မှာတော့ အပူဒဏ်ကြောင့် ဘယ်လို ကျန်းမာရေး ဆိုးကျိုးတွေ ရှိနိုင်လဲ၊ ဘယ်လိုကုသရမလဲ ဆိုတာ ပြောပြပေးမှာပါ။

ပူပြင်းလွန်းတဲ့ ရာသီဥတုက ချွေးထွက်လွန်ခြင်းကို ဖြစ်စေပါသည်။ ချွေးထွက်လွန်ခြင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေနဲ့ဓာတ်ဆားတွေလျှင်မြန်စွာဆုံးရှုံးစေတာကြောင့် ဒီလို အချက်တွေ ဖြစ်စေပါတယ်-

(၁)ခန္ဓာကိုယ်ဖောယောင်ခြင်း (Heat Edema)
(၂)မိတ်ဖု၊ ယားနာများထွက်ခြင်း (Heat Rashes)
(၃)ကြွက်တတ်ခြင်း (Heat Cramps)
(၄)အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုလွန်ကဲခြင်း (Heat Exhaustion)
(၅)သတိလစ်မေ့မျောပြီး အပူရှပ်ခြင်း (Heat Stroke) တို့ဖြစ်စေပါတယ်။

ဒီလက္ခဏာတွေ ရှိရင် ဘယ်လို ပြုစုကုသမလဲ?
(၁)ခန္ဓာကိုယ်ဖောယောင်ခြင်း (Heat Edema)
သွေးလှည့်ပတ်မှုအားနည်းလာတဲ့ လူကြီးပိုင်းအရွယ်တွေမှာ ပိုတွေ့ရတတ်ပြီး ခြေထောက်ပိုင်းကို မြှင့်ပေးထားတာ၊ ခြေလက်အကွေးအဆန့် မကြာခဏလုပ်ပေးတာ၊ လမ်းလျှောက်ပေးတာ မျိုးတွေ လုပ်ပေးရပါမယ်။

(၂)မိတ်ဖု၊ ယားနာများထွက်ခြင်း (Heat Rashes)
အရေပြားကို အေးမြစေတဲ့ ရေအေးပတ်တိုက်ခြင်း၊ ရှားစောင်းလက်ပတ်ဂျယ်၊ သနပ်ခါး၊ Calamine ဆေးရည်လူးပေးခြင်း ဖြင့် သက်သာစေနိုင်ပါတယ်။ ဓာတုပစ္စည်းများပါတဲ့ ခရင်မ်များက ချွေးပေါက်ပိတ်ပြီး အဖုတွေ ပိုဆိုးစေတတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။

(၃)ကြွက်တတ်ခြင်း (Heat Cramps)
ကြွက်သားများကိုညင်သာစွာနှိပ်နယ်ပေးခြင်း၊ ရေဓါတ်ပြန်လည် ဖြည့်တင်းပေးမယ့် ရေ၊ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည် စတာတွေကိုသောက်ပေးရပါမယ်။

(၄, ၅)အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုလွန်ကဲခြင်း (Heat Exhaustion) နှင့် သတိလစ် မေ့မျော ပြီး အပူရှပ်ခြင်း (Heat Stroke)

ချွေးထွက်လွန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ဝမ်းလျှောခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်မေ့မျောခြင်း  စတာတွေဖြစ်လာရင်တော့ အေးမြ သောနေရာ လေအေးပေးစက်ရှိတဲ့နေရာ ရွှေ့ခြင်း ထူထဲသော အဝတ်အစားများ ချွတ်ပေးခြင်း၊  ရေ (သို့) ဓာတ်ဆားရည် (ORS) များ တိုက်ခြင်း၊ လူနာရဲ့နဖူး၊ လည်ပင်းနဲ့ ချိုင်းကြား၊ ပေါင်ခြံများ တွင် ရေအေးပတ်တိုက်ပေးခြင်း စတဲ့ ရှေးဦးပြုစုနည်းတွေ ပြုလုပ်ပြီး နီးစပ်ရာ ဆေးရုံ ဆေးပေး ခန်းသို့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။

ဇီဝက ( ဆေး -၁ )

(   Zawgyi  )

 
ယခုကာလသည္ အလြန္ပူျပင္းေသာ ေႏြကာလျဖစ္သည္။ မတ္လ ဧၿပီလ ေမလမ်ားသည္ ျမန္မာႏိုင္ငံ၏ အပူခ်ိန္ အျမင့္ဆုံးကာလမ်ားျဖစ္သည္။ ရန္ကုန္၏ အပူခ်ိန္သည္ ေန႔လည္ဘက္ တြင္ ၄၃ ဒီဂရီ စင္တီဂရိတ္ေလာက္ထိ အလြန္ျမင့္မားေနသည္။ ေနာက္ရက္ပိုင္းအတြင္း ၄၅ ကေန ၄၆ ဒီဂရီစင္တီဂရိတိေလာက္ထိ ျမင့္တက္ႏိုင္ေၾကာင္း ခန္႔မွန္းၾကတယ္။ ယခင္က  အပူခ်ိန္ တက္ႏႈန္းေတြကို ေလ့လာၾကည့္ရင္ ယခင္က ၁ဒီဂရီ စင္တီဂရိတ္ တက္ဖို႔ ၁၀ ႏွစ္ ၾကာပါတယ္။ ယခု ၃ ႏွစ္တာကာလ အတြင္းမွာတင္ ၂ ဒီဂရီ စင္တီဂရိတ္ ေလာက္ထိ ျမင့္တက္လာပါတယ္။ ဒီလို အပူခ်ိန္ျမင့္တက္လာျခင္းက လူေတြရဲ႕ က်န္းမာေရး အထူးသျဖင့္ အသက္အ႐ြယ္ႀကီး သူေတြဟာ အပူဒဏ္ကို မခံႏိုင္တာေၾကာင့္ ထိုသူေတြမွာ အသက္အႏၲရာယ္ ထိခိုက္ႏိုင္သည္အထိ ျဖစ္ႏိုင္ပါတယ္။ ဒီအပတ္မွာေတာ့ အပူဒဏ္ေၾကာင့္ ဘယ္လို က်န္းမာေရး ဆိုးက်ိဳးေတြ ရွိႏိုင္လဲ၊ ဘယ္လိုကုသရမလဲ ဆိုတာ ေျပာျပေပးမွာပါ။

ပူျပင္းလြန္းတဲ့ ရာသီဥတုက ေခြၽးထြက္လြန္ျခင္းကို ျဖစ္ေစပါသည္။ ေခြၽးထြက္လြန္ျခင္းက ခႏၶာကိုယ္တြင္းမွာရွိတဲ့ ေရနဲ႔ဓာတ္ဆားေတြလွ်င္ျမန္စြာဆုံးရႈံးေစတာေၾကာင့္ ဒီလို အခ်က္ေတြ ျဖစ္ေစပါတယ္-

(၁)ခႏၶာကိုယ္ေဖာေယာင္ျခင္း (Heat Edema)
(၂)မိတ္ဖု၊ ယားနာမ်ားထြက္ျခင္း (Heat Rashes)
(၃)ႂကြက္တတ္ျခင္း (Heat Cramps)
(၄)အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈလြန္ကဲျခင္း (Heat Exhaustion)
(၅)သတိလစ္ေမ့ေမ်ာၿပီး အပူရွပ္ျခင္း (Heat Stroke) တို႔ျဖစ္ေစပါတယ္။

ဒီလကၡဏာေတြ ရွိရင္ ဘယ္လို ျပဳစုကုသမလဲ?
(၁)ခႏၶာကိုယ္ေဖာေယာင္ျခင္း (Heat Edema)
ေသြးလွည့္ပတ္မႈအားနည္းလာတဲ့ လူႀကီးပိုင္းအ႐ြယ္ေတြမွာ ပိုေတြ႕ရတတ္ၿပီး ေျခေထာက္ပိုင္းကို ျမႇင့္ေပးထားတာ၊ ေျခလက္အေကြးအဆန႔္ မၾကာခဏလုပ္ေပးတာ၊ လမ္းေလွ်ာက္ေပးတာ မ်ိဳးေတြ လုပ္ေပးရပါမယ္။

(၂)မိတ္ဖု၊ ယားနာမ်ားထြက္ျခင္း (Heat Rashes)
အေရျပားကို ေအးျမေစတဲ့ ေရေအးပတ္တိုက္ျခင္း၊ ရွားေစာင္းလက္ပတ္ဂ်ယ္၊ သနပ္ခါး၊ Calamine ေဆးရည္လူးေပးျခင္း ျဖင့္ သက္သာေစႏိုင္ပါတယ္။ ဓာတုပစၥည္းမ်ားပါတဲ့ ခရင္မ္မ်ားက ေခြၽးေပါက္ပိတ္ၿပီး အဖုေတြ ပိုဆိုးေစတတ္လို႔ ေရွာင္ၾကဥ္သင့္ပါတယ္။

(၃)ႂကြက္တတ္ျခင္း (Heat Cramps)
ႂကြက္သားမ်ားကိုညင္သာစြာႏွိပ္နယ္ေပးျခင္း၊ ေရဓါတ္ျပန္လည္ ျဖည့္တင္းေပးမယ့္ ေရ၊ သစ္သီးေဖ်ာ္ရည္၊ ဓာတ္ဆားရည္ စတာေတြကိုေသာက္ေပးရပါမယ္။

(၄, ၅)အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈလြန္ကဲျခင္း (Heat Exhaustion) ႏွင့္ သတိလစ္ ေမ့ေမ်ာ ၿပီး အပူရွပ္ျခင္း (Heat Stroke)

ေခြၽးထြက္လြန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ႂကြက္တက္ျခင္း၊ ပ်ိဳ႕အန္ဝမ္းေလွ်ာျခင္း၊ ဆီးအေရာင္ ရင့္ျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ သတိလစ္ေမ့ေမ်ာျခင္း  စတာေတြျဖစ္လာရင္ေတာ့ ေအးျမ ေသာေနရာ ေလေအးေပးစက္ရွိတဲ့ေနရာ ေ႐ႊ႕ျခင္း ထူထဲေသာ အဝတ္အစားမ်ား ခြၽတ္ေပးျခင္း၊  ေရ (သို႔) ဓာတ္ဆားရည္ (ORS) မ်ား တိုက္ျခင္း၊ လူနာရဲ႕နဖူး၊ လည္ပင္းနဲ႔ ခ်ိဳင္းၾကား၊ ေပါင္ၿခံမ်ား တြင္ ေရေအးပတ္တိုက္ေပးျခင္း စတဲ့ ေရွးဦးျပဳစုနည္းေတြ ျပဳလုပ္ၿပီး နီးစပ္ရာ ေဆး႐ုံ ေဆးေပး ခန္းသို႔ အျမန္ဆုံးျပသဖို႔ လိုအပ္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။

ဇီဝက ( ေဆး -၁ )