【 အလှအပနှင့်ကျန်းမာရေး 】အူမကြီးအသားပို (colonic polyps)အ‌ကြောင်းတစေ့တစောင်းပေး

【  အလှအပနှင့်ကျန်းမာရေး  】အူမကြီးအသားပို (colonic polyps)အ‌ကြောင်းတစေ့တစောင်းပေး

အူမကြီးအသားပို (colonic polyps) များသည် အူမကြီးအတွင်းသို့ ကြီးထွားလာသော အသားပိုများဖြစ်သည်။ အသက်အရွယ်ကြီးသူများတွင် အတွေ့များပြီး အသက်ငယ်ငယ်နှင့် ဖြစ်ရင်တော့ မျိုးရိုးဗီဇအရ ဖြစ်ပွားခြင်းဖြစ်ပြီး အခြားကင်ဆာများနှင့်လည်း တွဲတတ်သည်။

ဘာကြောင့် အူမကြီးအသားပိုများသည် အရေးပါသလဲ?
အူမကြီးကင်ဆာ ဖြစ်ပွားမှုတွင် မျိုးရိုးဗီဇနှင့် မသက်ဆိုင်ဘဲ ဖြစ်ပွားမှုနှုန်းမှာ ၈၅ရာခိုင်နှုန်းရှိပါသည်။ အများစုမှာ အူမကြီးအသားပိုမှ ကင်ဆာပြောင်းခြင်းဖြစ်သည်။ အူမကြီးအသားပိုများသည် များသောအားဖြင့် ဘာလက္ခဏာမှပြလေ့မရှိဘဲ အူမကြီးမှန်ပြောင်းကြည့်ရင်း အမှတ်မထင်တွေ့တတ်ပါသည်။ တခါတရံ ဝမ်းထဲသွေးပါခြင်း၊ သွေးအားနည်းခြင်း၊ ဝမ်းထဲအချွဲပါခြင်း လက္ခဏာများနဲ့ လာတတ်ပါတယ်။

အူမကြီး အသားပို ပိုမိုဖြစ်ပွားစေသော အကြောင်းရင်းများ
-မျိုးရိုးထဲတွင် အူမကြီးအသားပို ရာဇဝင်ရှိသူများ
-နာတာရှည် အူမကြီးရောင်ရမ်းခြင်း (Inflammatory bowel diseases)

အမျိုးအစားများ
အူမကြီး အသားပိုများကို အမျိုးအစားခွဲရာတွင်-
(၁) ပုံစံအရ Sessile နှင့် Pedunculated ဟူ၍ နှစ်မျိုးခွဲနိုင်သည်။
-Sessile polyps များသည် အူနံရံတွင် ထိုးထွက်မနေဘဲ ကပ်လျက်တည်ရှိသော အသားပိုများဖြစ်သည်။
-Pedunculated Polyps များသည် အူနံရံအတွင်းမှ lumen သို့ အညှာဖြင့် ထိုးထွက်နေသော အသားပိုအမျိုးအစားဖြစ်သည်။

(၂)နောက်တနည်းအားဖြင့် ၄ မျိုးခွဲနိုင်သည်-
-Hyperplastic polyps ( အပေါများဆုံးတွေ့ရသည့် အမျိုးအစားဖြစ်ပြီး အူမကြီးအောက်ပိုင်းနှင့် အစာဟောင်းအိမ်တွင် အတွေ့များသည်၊ အများအားဖြင့် ကင်ဆာမပြောင်းတတ်ပါ)
-Adenoma polyps ( ထိုအသားပိုများသည် နောင် ၁၀နှစ် အနှစ် ၂၀တွင် ကင်ဆာပြောင်းနိုင်ချေရှိပါသည်၊ Histologically အရ tubular, villous နှင့် tubulovillous ဟူ၍ ခွဲခြား နိုင်သည်)
-Inflammatory polyps (အူရောင်ရမ်းသော ရောဂါများဖြစ်သည့် Chron's disease, Ulcerative colitis ရှိသူများတွင် တွေ့ရတတ်သည်)
-Neoplastic polyps (ကင်ဆာအဖြစ် ပြောင်းလဲနှင့်ပြီးသော အသားပိုများဖြစ်သည်)

အူမကြီးအသားပိုများကို ဘယ်လိုစစ်ဆေးသိနိုင်ပါသလဲ?
ဒီနည်းတွေနဲ့ သိနိုင်ပါတယ်-
-ဝမ်းထဲ သွေးပါ၊ မပါစစ်ဆေးခြင်း (Faecal immunochemical test)
-အူမကြီးလမ်းကြောင်းအောက်ပိုင်း မှန်ပြောင်းကြည့်ခြင်း (Sigmoidoscopy)
-အူမကြီးလမ်းကြောင်း တလျှောက်လုံးမှန်ပြောင်းကြည့်ခြင်း (Colonoscopy)
-ကွန်ပျူတာ ဓါတ်မှန် (CT scan) ပြုလုပ်ခြင်း

ဘယ်လို အချက်တွေရှိရင် ကင်ဆာပိုပြောင်းနိုင်လို့ သတိပြုရမလဲ?
-အသားပို အရွယ်အစားကြီးခြင်း (၂စင်တီမီတာထက်ပိုခြင်း)
-အသားပို အများအပြားရှိခြင်း (multiple polyps)
-Histologically အရ villous architecture ရှိခြင်း၊ high grade dysplasia ဖြစ်ခြင်း

ကုသခြင်း
-အူမကြီးအသားပိုများအတွက် ကုသခြင်းမှာ အသားပိုအမျိုးအစားကိုလိုက်၍ ဖယ်ရှားခြင်းဖြစိပါသည်။ ထိုသို့ ဖယ်ရှားခြင်းဖြင့် အူမကြီးကင်ဆာဖြစ်ပွားမှုကို ၆၅ ရာခိုင်နှုန်းခန့် လျော့ချနိုင်ပါသည်။
-မှန်ပြောင်းကြည့်စဉ် အူမကြီးအသားပို Adenoma အမျိုးအစားတွေ့ပါက ဖယ်ရှားသင့်ပါသည်။
-Hyperplastic polyp ဖြစ်သော်လည်း အရွယ်အစားကြီးလျှင် အူမကြီးညာဘက်ခြမ်းတွင်ရှိလျှင် အန္တရာယ်ရှိသော အသားပိုအမျိုးအစား SSAP ဟုသတ်မှတ်ပြီး ဖြတ်တောက်ကုသရန်လိုသည်။
-အသားပိုကို အသားစ biopsy ပို့ပြီး ကင်ဆာပြောင်းသော လက္ခဏာရှိမရှိ အမျိုးအစားစစ်ဆေးရန်လိုသည်။
-ကင်ဆာလက္ခဏာရှိသော အသားပိုများအား မှန်ပြောင်းဖြင့် ဖြတ်ထုတ်ရုံမဟုတ်ဘဲ ခွဲစိတ်ကုသရန်လိုပါသည်။

*အူမကြီးအသားပိုများကို ဖြတ်တောက်ဖယ်ရှားပြီးသော်လည်း ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရက်ချိန်းပုံမှန်ပြသရန်နှင့် လိုအပ်ရင် အူမကြီးမှန်ပြောင်းပြန်ကြည့်ရန် လိုပါသည်။*

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး -၁ )

(  Zawgyi  )

 အူမႀကီးအသားပို (colonic polyps) မ်ားသည္ အူမႀကီးအတြင္းသို႔ ႀကီးထြားလာေသာ အသားပိုမ်ားျဖစ္သည္။ အသက္အ႐ြယ္ႀကီးသူမ်ားတြင္ အေတြ႕မ်ားၿပီး အသက္ငယ္ငယ္ႏွင့္ ျဖစ္ရင္ေတာ့ မ်ိဳး႐ိုးဗီဇအရ ျဖစ္ပြားျခင္းျဖစ္ၿပီး အျခားကင္ဆာမ်ားႏွင့္လည္း တြဲတတ္သည္။

ဘာေၾကာင့္ အူမႀကီးအသားပိုမ်ားသည္ အေရးပါသလဲ?
အူမႀကီးကင္ဆာ ျဖစ္ပြားမႈတြင္ မ်ိဳး႐ိုးဗီဇႏွင့္ မသက္ဆိုင္ဘဲ ျဖစ္ပြားမႈႏႈန္းမွာ ၈၅ရာခိုင္ႏႈန္းရွိပါသည္။ အမ်ားစုမွာ အူမႀကီးအသားပိုမွ ကင္ဆာေျပာင္းျခင္းျဖစ္သည္။ အူမႀကီးအသားပိုမ်ားသည္ မ်ားေသာအားျဖင့္ ဘာလကၡဏာမွျပေလ့မရွိဘဲ အူမႀကီးမွန္ေျပာင္းၾကည့္ရင္း အမွတ္မထင္ေတြ႕တတ္ပါသည္။ တခါတရံ ဝမ္းထဲေသြးပါျခင္း၊ ေသြးအားနည္းျခင္း၊ ဝမ္းထဲအခြၽဲပါျခင္း လကၡဏာမ်ားနဲ႔ လာတတ္ပါတယ္။

အူမႀကီး အသားပို ပိုမိုျဖစ္ပြားေစေသာ အေၾကာင္းရင္းမ်ား
-မ်ိဳး႐ိုးထဲတြင္ အူမႀကီးအသားပို ရာဇဝင္ရွိသူမ်ား
-နာတာရွည္ အူမႀကီးေရာင္ရမ္းျခင္း (Inflammatory bowel diseases)

အမ်ိဳးအစားမ်ား
အူမႀကီး အသားပိုမ်ားကို အမ်ိဳးအစားခြဲရာတြင္-
(၁) ပုံစံအရ Sessile ႏွင့္ Pedunculated ဟူ၍ ႏွစ္မ်ိဳးခြဲႏိုင္သည္။
-Sessile polyps မ်ားသည္ အူနံရံတြင္ ထိုးထြက္မေနဘဲ ကပ္လ်က္တည္ရွိေသာ အသားပိုမ်ားျဖစ္သည္။
-Pedunculated Polyps မ်ားသည္ အူနံရံအတြင္းမွ lumen သို႔ အညႇာျဖင့္ ထိုးထြက္ေနေသာ အသားပိုအမ်ိဳးအစားျဖစ္သည္။

(၂)ေနာက္တနည္းအားျဖင့္ ၄ မ်ိဳးခြဲႏိုင္သည္-
-Hyperplastic polyps ( အေပါမ်ားဆုံးေတြ႕ရသည့္ အမ်ိဳးအစားျဖစ္ၿပီး အူမႀကီးေအာက္ပိုင္းႏွင့္ အစာေဟာင္းအိမ္တြင္ အေတြ႕မ်ားသည္၊ အမ်ားအားျဖင့္ ကင္ဆာမေျပာင္းတတ္ပါ)
-Adenoma polyps ( ထိုအသားပိုမ်ားသည္ ေနာင္ ၁၀ႏွစ္ အႏွစ္ ၂၀တြင္ ကင္ဆာေျပာင္းႏိုင္ေခ်ရွိပါသည္၊ Histologically အရ tubular, villous ႏွင့္ tubulovillous ဟူ၍ ခြဲျခား ႏိုင္သည္)
-Inflammatory polyps (အူေရာင္ရမ္းေသာ ေရာဂါမ်ားျဖစ္သည့္ Chron's disease, Ulcerative colitis ရွိသူမ်ားတြင္ ေတြ႕ရတတ္သည္)
-Neoplastic polyps (ကင္ဆာအျဖစ္ ေျပာင္းလဲႏွင့္ၿပီးေသာ အသားပိုမ်ားျဖစ္သည္)

အူမႀကီးအသားပိုမ်ားကို ဘယ္လိုစစ္ေဆးသိႏိုင္ပါသလဲ?
ဒီနည္းေတြနဲ႔ သိႏိုင္ပါတယ္-
-ဝမ္းထဲ ေသြးပါ၊ မပါစစ္ေဆးျခင္း (Faecal immunochemical test)
-အူမႀကီးလမ္းေၾကာင္းေအာက္ပိုင္း မွန္ေျပာင္းၾကည့္ျခင္း (Sigmoidoscopy)
-အူမႀကီးလမ္းေၾကာင္း တေလွ်ာက္လုံးမွန္ေျပာင္းၾကည့္ျခင္း (Colonoscopy)
-ကြန္ပ်ဴတာ ဓါတ္မွန္ (CT scan) ျပဳလုပ္ျခင္း

ဘယ္လို အခ်က္ေတြရွိရင္ ကင္ဆာပိုေျပာင္းႏိုင္လို႔ သတိျပဳရမလဲ?
-အသားပို အ႐ြယ္အစားႀကီးျခင္း (၂စင္တီမီတာထက္ပိုျခင္း)
-အသားပို အမ်ားအျပားရွိျခင္း (multiple polyps)
-Histologically အရ villous architecture ရွိျခင္း၊ high grade dysplasia ျဖစ္ျခင္း

ကုသျခင္း
-အူမႀကီးအသားပိုမ်ားအတြက္ ကုသျခင္းမွာ အသားပိုအမ်ိဳးအစားကိုလိုက္၍ ဖယ္ရွားျခင္းျဖစိပါသည္။ ထိုသို႔ ဖယ္ရွားျခင္းျဖင့္ အူမႀကီးကင္ဆာျဖစ္ပြားမႈကို ၆၅ ရာခိုင္ႏႈန္းခန႔္ ေလ်ာ့ခ်ႏိုင္ပါသည္။
-မွန္ေျပာင္းၾကည့္စဥ္ အူမႀကီးအသားပို Adenoma အမ်ိဳးအစားေတြ႕ပါက ဖယ္ရွားသင့္ပါသည္။
-Hyperplastic polyp ျဖစ္ေသာ္လည္း အ႐ြယ္အစားႀကီးလွ်င္ အူမႀကီးညာဘက္ျခမ္းတြင္ရွိလွ်င္ အႏၲရာယ္ရွိေသာ အသားပိုအမ်ိဳးအစား SSAP ဟုသတ္မွတ္ၿပီး ျဖတ္ေတာက္ကုသရန္လိုသည္။
-အသားပိုကို အသားစ biopsy ပို႔ၿပီး ကင္ဆာေျပာင္းေသာ လကၡဏာရွိမရွိ အမ်ိဳးအစားစစ္ေဆးရန္လိုသည္။
-ကင္ဆာလကၡဏာရွိေသာ အသားပိုမ်ားအား မွန္ေျပာင္းျဖင့္ ျဖတ္ထုတ္႐ုံမဟုတ္ဘဲ ခြဲစိတ္ကုသရန္လိုပါသည္။

*အူမႀကီးအသားပိုမ်ားကို ျဖတ္ေတာက္ဖယ္ရွားၿပီးေသာ္လည္း ဆရာဝန္ၫႊန္ၾကားသည့္အတိုင္း ရက္ခ်ိန္းပုံမွန္ျပသရန္ႏွင့္ လိုအပ္ရင္ အူမႀကီးမွန္ေျပာင္းျပန္ၾကည့္ရန္ လိုပါသည္။*

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး -၁ )